Shwe Eain San Real Estate

Shwe Eain San Real Estate အိမ်ခြံမြေရောင်းဝယ်ငှား အထူးဝန်ဆောင်မှု
📱09 893 525 400

24/07/2026
   1Bedroom   လမ်းမတော်မြို့နယ် Magical World  #ကွန်ဒို အိပ်ခန်း (၁)ခန်း  #အဌား✅✅️️ ️️405 _sqft   ️️️️️️🔶️    1 Bedroom🔶...
21/07/2026

1Bedroom
လမ်းမတော်မြို့နယ်

Magical World #ကွန်ဒို အိပ်ခန်း (၁)ခန်း #အဌား

✅✅️️ ️️405 _sqft

️️️️️️🔶️ 1 Bedroom

🔶️️️ Fully Furnished

️️🔶️ 24hours Backup Generator

🔶️️️️️ 24hours Security

🔶️️️️️️️️️ Swimming pool

ကားပါကင် ပါ

-------------------------------------------------------
#အဌားစျေး - 15 သိန်း
-------------------------------------------------------
ဆက်သွယ်ရန်

09 780002960
09 893525400 (viber)

Luxury Condo Vibes အပြည့်နဲ့ View အမိုက်စား ရမယ့် အခန်းမှ လိုချင်တယ်ဆိုတဲ့ သူတွေအတွက်...✨မြို့ထဲနီးနီး လမ်းမတော်မြို့နယ်...
21/07/2026

Luxury Condo Vibes အပြည့်နဲ့ View အမိုက်စား ရမယ့် အခန်းမှ လိုချင်တယ်ဆိုတဲ့ သူတွေအတွက်...✨

မြို့ထဲနီးနီး လမ်းမတော်မြို့နယ်ရဲ့ အချက်အချာကျတဲ့ နေရာမှာ Magical World Condo အခန်းကောင်းလေး အရောင်းရှိပါတယ်နော်။

ပိုင်ဆိုင်ရရုံနဲ့တင် စိတ်ချမ်းသာမှုနဲ့ High-Class လူနေမှုဘဝကို အပြည့်အဝ ပေးစွမ်းနိုင်မယ့် အခန်းလေးပါ ✨

🏢 အခန်းအသေးစိတ် -

“အကျယ်အဝန်း - 391.8”
အခန်းဖွဲ့စည်းပုံ - 1 Bedroom (ပရိဘောဂ အပြည့်အစုံပါပြီးသားမို့ သေတ္တာဆွဲရုံ ပါးပါးလေး တက်နေနိုင်ပါပြီ)

🏊‍♂️ Condo Facilities -

24-Hour Backup Generator (မီးပျက်မှာ လုံးဝ စိုးရိမ်စရာမလို)

24-Hour Security & CCTV

Swimming Pool & Modern Amenities

💰 အရောင်းဈေးနှုန်း - ၃,၂၀၀ သိန်း (ညှိနှိုင်း)
(ဒီလို နေရာကောင်း၊ အဆင့်မြင့် ကွန်ဒိုမှာ ဒီဈေးနဲ့ရဖို့ဆိုတာ တကယ်တန်တဲ့ အခွင့်အရေးပါနော်)

📞 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက -
Phone: 09 78000 2960
Direct Message ကနေလည်း အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ရှင့်။

08/07/2026

ှါး #တလ၁၀သိန်း


✅A3 Building/ 11လွှာ
✅မာစတာအိပ်ခန်း 1ခန်း /စင်ဂယ်အိပ်ခန်း1ခန်း
✅ကျွန်းပါကေးခင်း Furniture အစုံပါ
✅Aircon 3လုံး/ကားပါကင်/ Security
✅24နာရီလျှပ်စစ်မီး အသုံးပြုနိုင်ပြီး

ပြင်ဆင်ပြီးအသင့်ချက်ချင်းတက်
နေနိုင်ပါပြီရှင်။

➖➖➖➖➖➖➖➖➖➖➖➖➖
🔺အငှားဈေးနူန်း - တလ 10သိန်း
➖➖➖➖➖➖➖➖➖➖➖➖➖

ဆက်သွယ်ရန် ☎️
Shwe Eain San Real Estate Company

📲09 893 525 400 (viber )
📲09 780 002 960

14/06/2026

စာချုပ်ကြီးချုပ်မယ်ဆိုရင် ဒီနည်းလမ်းအတိုင်း သွားရပါမယ် … ကျွမ်းကျင်သော အိမ်ခြံမြေရှေ့နေနဲ့ မှသာ အဆင်ပြေနိုင်ပါသည်။

၁ ကျပ် - ၃၀၀၀ သိန်း (၃%) ၉၀ သိန်း
တံဆိပ်ခေါင်းခွန် (၄%) ၁၂၀ သိန်း၊ ပေါင်း ၂၁၀ သိန်း

၃၀၀၁ သိန်း - ၆၀၀၀ သိန်း (၅ %) ၁၅၀ သိန်းတံဆိပ်ခေါင်းခွန် (၄%) ၁၂၀ သိန်း၊ ပေါင်း ၂၇၀ သိန်း

၆၀၀၀ သိန်း - ၁၀၀၀၀ သိန်း (၁၀ %) ၄၀၀ သိန်း၊ တံဆိပ်ခေါင်းခွန် (၄%) ၁၆၀ သိန်း၊ ပေါင်း ၁၀၄၀
သိန်း

၁၀၀၀၁ သိန်း - ၃၀၀၀၀ သိန်း (၁၅ %) ၃၀၀၀ သိန်း၊ တံဆိပ်ခေါင်းခွန် (၄ %) ၈၀၀ သိန်း၊ ၄၈၄၀ သိန်း

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

အဆောက်အဦးပါရင်
➖➖➖➖➖➖➖➖

ပထမတန်းစားအာစီ 1 Sqft 40000 ကျပ်

ဒုတိယတန်းစားအာစီ 1 Sqft 25000 ကျပ်

Steel Structure ၃ ထပ်မှ ၇ ထပ်အထိ 40000

သစ်သားအုတ်ညှပ် 1 Sqft 20000 ကျပ်

သစ်သားအိမ် 1 Sqft 10000 ကျပ်

ပထမတန်းစား ၁၂ ထပ်အထက် 1 Sqft 60000
ပထမတန်းစား ၁၂ ထပ်အထိ 1 Sqft 50000
ပထမတန်းစား ၇ ထပ်အထိ 1 Sqft 45000

➖➖➖➖➖➖➖➖➖➖➖➖➖➖

အရောင်းသမားက ၁၀% ဆောင်ရမယ် စာချုပ်စာတမ်းရုံးမှာ ၁၀၀၀၀ နဲ့ ဝယ်အဝယ်စာချုပ်ပြီး ပြန်ရောင်းတော့ ၁၅၀၀၀… အမြတ်ငွေ ၅ ထောင်ပေါ် မူတည်ပြီး ၁၀ % ဆောင်ရပါမယ်

➖➖➖➖➖➖➖➖➖➖➖➖➖➖

အိမ် ခြံ မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်မယ်ဆို အောက်ပါအတိုင်း လုပ်ဆောင်ရပါမယ်

🔹 ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း
မူရင်းနှင့် မိတ္တူ တစ်စုံ

🔹 (၄)လအတွင်း ချုပ်ဆိုထားသော အရောင်း
အဝယ်စာချုပ် (မူရင်းနှင့် မိတ္တူ)

🔹 (၁) နှစ်အတွင်း ရေးဆွဲထားသော ရောင်း/
ဝယ်အတွက် မြေပုံမြေရာဇဝင် (၁၀၅/၁၀၆)
မူရင်း

🔹 အမည်ပေါက်မှ ရောင်းချခြင်း (သို့)
မှတ်ပုံတင် ဆက်စပ်စာချုပ်များ

🔹 ရှေ့ / ဘယ် / ညာ မြေကွက်ဓာတ်ပုံ (၁) စုံစီ

🔹 ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း
ဝန်ခံချက် (အရပ်အရောင်းအဝယ်စာချုပ်)

🔹 တင်ပြချက်အားလုံး မှန်ကန်ကြောင်း
ဝန်ခံချက်။

အထက်ပါ အချက်များဖြင့် ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြ လျှောက်ထားရမှာ ဖြစ်ပါတယ်။

“ငွေဖြူ” ရှိရင် အခွန် သက်သာပါမည်။ ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့မဟုတ်) အခွန်စည်းကြပ်ပြီးဖြစ်သော ငွေကို “ငွေဖြူ” ဟု ခေါ်ပါသည်။

ငွေဖြူနဲ့အခွန်ဆောင်ရင် အချိန်အနည်းငယ် ပိုကြာနိုင်ပါသည်။ ငွေဖြူမရှိရင် အထက်မှာ ဖော်ပြထားတဲ့ နည်းအတိုင်း ဆောင်ရပါမည်။

ဘဏ္ဍာနှစ်အတွင်း မြို့နယ်တစ်ခုတည်း နှစ်ကွက်စာကိုတစ်ချိန်တည်း ရာဖြတ်လျှင်သော်လည်းကောင်း … သန်းခေါင်စာရင်း တစ်ခုတည်းမှ နှစ်ကွက်စာအတွက် ရာဖြတ်လျှင်သော်လည်းကောင်း ရာဖြတ်တန်ဖိုဲး (၃၀%) ဖြင့် ဆောင်ရပါမည်။ နှစ်ကွက်ဆိုရင် နှစ်ခြားဆောင်မှ တစ်ကွက်နှုန်း ရာဖြတ်ပေးပါသည်။

ဝယ်ခွန်ဆောင်ပြီးလျှင် ကာလတန်ဖိုး စိစစ်ရေးအဖွဲ့ (ရာဖြတ်က) သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး တံဆိပ်ခေါင်းတွေ ကပ်ရပါတယ်တံဆိပ်ခေါင်း ဝယ်ရပါမည်

တရားဝင် အရောင်းအဝယ်စာချုပ်အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင် ရပါတယ်။

ရောင်းခွန်မဆောင်ရင် ဖြစ်နိုင်တဲ့ အကျိုးဆက်များကတော့

၁။ မဆောင်ထားတဲ့ အခွန်ပမာဏအပေါ်
နေ့ရက်အလိုက် ဒဏ်ကြေး / အတိုး
တိုးတက်လာပါမယ်။ တချို့ကိစ္စတွေမှာ
မူလအခွန်ထက်တောင် ပိုများ သွားနိုင်ပါတယ်

၂။ အခွန်ရှောင်လွှဲမှုဆိုပြီး အမှုဖွင့် / တရားစွဲ
ခံရနိုင်ပါတယ်… ပြင်းထန်လျှင် ထောင်ဒဏ်
အထိပါ ရနိုင်ပါတယ်

၃. ရောင်းခွန်မဆောင်ရင် စာချုပ်မှတ်ပုံတင် မရပါ
နောက်ထပ်ရောင်းချ၊ ပေါင်နှံ၊ ချေးငွေယူ ဘာမှ
မလုပ်နိုင်တော့ပါဘူး

၄။ ကြာရှည် အခွန်မဆောင်ထားရင် အိမ်ခြံမြေကို
သိမ်းယူနိုင်တဲ့ အခွင့်အရေး ရှိပါတယ်

၅။ နောက်မှ လာရှင်းရင် အခွန် + ဒဏ် + အတိုး
အားလုံးပေါင်းပြီး ငွေပိုကြီးသွားတတ်ပါတယ်

အကြံပြုချက်

ရောင်းပြီးသားဖြစ်နေရင်တောင်
မြို့နယ်အခွန်ရုံး / မြေစာရင်းရုံး သို့ အမြန်ဆုံးသွားပြီး အခြေအနေ မေးမြန်းကာ ညှိုနှိုင်း ရှင်းလင်း လုပ်လိုက်တာက အကောင်းဆုံးပါ။

မှတ်ပုံတင်ကြေး (0.5 %)
Crd မူရင်းရေးသားသူအားလေးစားစွာဖြင့်

14/06/2026

"စျေးတည့်ရုံနဲ့ ပွဲ မပြီးသေးပါဘူး
ညှိရပါသေးတယ်"

အိမ်ခြံမြေ အရောင်းအဝယ်တစ်ခုမှာ စျေးနှုန်းညှိနှိုင်းလို့ အဆင်ပြေသွားရုံနဲ့ ပွဲက ရာနှုန်းပြည့် ဖြစ်မြောက်သွားပြီလို့ ပြောလို့မရသေးပါဘူး။

တကယ်တမ်း ပွဲပျက်ရတဲ့ အကြောင်းရင်းတွေထဲမှာ စျေးနှုန်းကြောင့်တင်မဟုတ်ဘဲ "Payment (ငွေပေးချေမှုစနစ်)" ညှိမရလို့ ပျက်သွားတဲ့ပွဲတွေ မနည်းလှပါဘူး။ အဲ့ဒီအချိန်မှ ပျက်ရရင် ပိုအသဲကွဲရနိုင်ပါတယ်။

ဒါကြောင့်မို့လို့ အခုနောက်ပိုင်း ကျွန်တော့်ဆီ အရောင်းအပ်ပြီဆိုတာနဲ့ ဂရံမြေဆိုရင် ဂရံရဲ့ ငွေချေမှုသဘောတရား၊ ပါမစ်မြေဆိုရင်လည်း ပါမစ်ရဲ့ ငွေချေမှုသဘောတရားတွေကို အရောင်းရှင်ရော အဝယ်ရှင်ကိုပါ ကြိုတင်ပြီး သေချာရှင်းပြ၊ နားချထားရပါတယ်။

ဒီနေ့မှာတော့ Payment ကြောင့် ပွဲပျက်တတ်တဲ့ အခြေအနေတွေနဲ့ ကျွန်တော့်ရဲ့ လက်တွေ့ကိုယ်တွေ့ အတွေ့အကြုံတချို့ကို ဗဟုသုတအဖြစ် ချပြပေးချင်ပါတယ်။

ဝင်္ကပါလို Payment အဆင့်ဆင့်နဲ့ နှစ်ဖက်စိုးရိမ်စိတ်

ဂရံအမည်ပေါက်မြေကို အရောင်းအဝယ်လုပ်ကြတဲ့အခါ အကြမ်းဖျင်းအားဖြင့် ဒီလိုအဆင့်ဆင့် သွားကြပါတယ်။

ပထမအဆင့် - စျေးနှုန်းညှိနှိုင်းလို့ ပြတ်ပြီဆိုရင် မင်္ဂလာစရံ ချကြပါတယ်။

ဒုတိယအဆင့် - စာရွက်စာတမ်းတွေ စစ်ဆေးပြီး Error ကင်းရှင်းပြီဆိုရင် စရံကြီး (အနည်းဆုံး တန်ဖိုးရဲ့ ၁၀%) ကို ထပ်မံ ချလေ့ရှိပါတယ်။

တတိယအဆင့် (အရေးကြီးဆုံးအပိုင်း) - စရံကြီးချပြီးရင် အဝယ်ဖက်က သတင်းစာကြေညာထည့်၊ အရောင်းဖက်က အရောင်းမြေပုံထုတ်ရပါတယ်။ ဒီအဆင့်မှာ ကြာချိန်က အနည်းဆုံး ၂၁ ရက် (အမြန်ဆုံးဆိုရင် ၂ ပတ် / ၁၄ ရက်) ဝန်းကျင် ရှိတတ်ပါတယ်။

ဒီအရောင်းမြေပုံထွက်တဲ့ အဆင့်ပြီးတာနဲ့ အဝယ်ဖက်က တန်ဖိုးရဲ့ ၅၀% နဲ့ အထက်ကို ပေးချေပြီး မူရင်းစာရွက်စာတမ်းတွေကို လက်ဝယ်ယူလေ့ရှိပါတယ်။

သဘောကတော့ သိန်း ၁၀,၀၀၀ တန်တဲ့မြေဆိုရင် တန်ဖိုးရဲ့ ထက်ဝက်ကျော်ကို ငွေချေလိုက်ပြီဖြစ်တဲ့အတွက် ပစ္စည်းဟာ နှစ်ဦးညီတူမျှတူ ပိုင်ဆိုင်သွားတဲ့ သဘောဖြစ်သွားပါပြီ။ "မြေကို အရောင်းဖက်က ယူထားမလား၊ စာရွက်စာတမ်းကို အဝယ်ဖက်က ယူမလား" ဆိုတဲ့ သဘောတရား ဖြစ်လာပါပြီ။
ဒီနေရာမှာ စပြီး စကားပြောရပါပြီ။ ပြဿနာကလည်း ဒီမှာ စတာပါ။

#အရောင်းဖက်က_စိုးရိမ်စိတ် -
"ငါ့မြေတန်ဖိုးရဲ့ ထက်ဝက်ပဲ ရသေးတာ၊ မူရင်းစာရွက်စာတမ်းကြီး ပေးလိုက်ရမှာ စိတ်မချဘူး" လို့ တွေးပြီး စိုးရိမ်တတ်ကြပါတယ်။

#အဝယ်ဖက်က_စိုးရိမ်စိတ် -
"ငွေက ထက်ဝက်ကျော် ပေးပြီးပြီ၊ ခိုင်မာတဲ့ ပိုင်ဆိုင်မှု အထောက်အထား (စာရွက်စာတမ်း) တစ်ခုမှ လက်ထဲမရှိရင် ငါ့ပိုက်ဆံတွေ ဘယ်လိုလုပ်မလဲ" ဆိုပြီး ကိုယ်ချင်းစာကြည့်ရင် သူတို့လည်း စိုးရိမ်ကြတာပါပဲ။

အရောင်းရှင်များ သိထားသင့်တဲ့ အားသာချက်
တကယ်တော့
အရောင်းဖက်က "ဂရံအမည်ပေါက်" ဖြစ်နေရင် အားသာချက်ရှိပါတယ်။
မိမိအမည်ပေါက် စာရွက်စာတမ်းဖြစ်တဲ့အတွက် မှတ်ပုံတင်စာချုပ်ကြီး မချုပ်ရသေးခင်အထိ အဝယ်ဖက်က မူရင်းစာရွက်စာတမ်းကြီးကို
လက်ဝယ်ကိုင်ထားပိုင်စေဦးတော့...
တရားဥပဒေကြောင်းအရ ပိုင်ဆိုင်မှုက မိမိအပိုင်ပဲ ဖြစ်နေပါသေးတယ်။

တဖက်က ဂရံယူသွားပြီး ကျန်တဲ့ငွေ ထပ်မချေဘူးဆိုရင်တောင် မိမိရဲ့ ပိုင်ဆိုင်မှုအပေါ် သူ ဘာမှ ကျူးလွန်ခွင့် မရှိပါဘူး။
ဒါကို အရောင်းရှင်တွေ နားလည်ထားဖို့ လိုပါတယ်။

ဒီအဆင့်မှာ အရောင်းဖက်က မလိုက်လျောဘဲ တင်းခံနေရင် ပွဲပျက်တတ်လို့ လိုက်လျောပေးဖို့ လိုအပ်ပါတယ်။

နောက်ထပ်တဆင့်အနေနဲ့—
အရောင်းဖက်က ရောင်းခွန်ဆောင်ပြီးတဲ့ အချိန်မှာ ထပ်မံကျန်ရှိတဲ့ ငွေပမာဏကို အဝယ်ဖက်က တလုံးတခဲတည်းဖြစ်စေ အရစ်ခွဲ၍ဖြစ်စေ နှစ်ဖက်ညှိနှိုင်း ပေးချေလေ့ရှိပြီး
စာချုပ်ရုံးမှာ လက်မှတ်ထိုးရန်အတွက် အနည်းငယ် ချန်လှပ်လေ့ရှိပါတယ်။

နောက်ဆုံး မှတ်ပုံတင်ရုံးအဆင့်မှာ ငွေချန်ရခြင်းအကြောင်း—

ဒီအဆင့်တွေ ပြီးသွားရင်တော့ မှတ်ပုံတင်စာချုပ်ရုံးမှာ လက်မှတ်ရေးထိုးကြရမှာပါ။ စာချုပ်ရုံးမှာ လက်မှတ်ထိုးဖို့အတွက် (ဥပမာ- သိန်း ၁၀,၀၀၀ ဝန်းကျင် အရောင်းအဝယ်ဆိုရင်) သိန်း ၅၀၀ ခန့်ကို နှစ်ဖက်သဘောတူ ချန်ထားလေ့ရှိကြပါတယ်။

ဘာကြောင့် ချန်ရတာလဲဆိုရင်...
စာရွက်စာတမ်းတွေ ဘယ်လောက်ပဲ လက်ဝယ်ရထားပါစေဦးတော့၊ စာချုပ်ရုံးမှာ လက်မှတ်မထိုးရသေးရင် အဝယ်အတွက် ပိုင်ဆိုင်မှုက တရားမဝင်သေးပါဘူး။

ဒီအဆင့်ရောက်မှ အကြောင်းအမျိုးမျိုးကြောင့် အရောင်းဖက်က စိတ်အပြောင်းအလဲဖြစ်ပြီး လက်မှတ်မထိုးပေးတာမျိုး သာဓကတွေ အများကြီးရှိခဲ့ဖူးလို့...

အဝယ်ဖက်က ငွေပမာဏတစ်ခုနဲ့ ထိန်းချုပ်လိုတဲ့ သဘောကြောင့် ချန်လှပ်ထားရခြင်း ဖြစ်ပါတယ်။

ဒီအဆင့်ကိုလည်း အရောင်းဖက်က လက်မခံဘဲ "ငွေအပြတ်ရမှ လက်မှတ်ထိုးမယ်" လို့ တင်းခံရင်လည်း အရောင်းအဝယ်က ပျက်သွားနိုင်ပြန်ပါတယ်။

ဒါကြောင့်မို့လို့ အိမ်ခြံမြေ အရောင်းအဝယ် ပွဲတစ်ပွဲ အောင်မြင်ဖို့ဆိုတာ စျေးညှိရုံတင်မကဘဲ... အစကတည်းက Payment Plan (ငွေပေးချေမှု အဆင့်ဆင့်) ကို နှစ်ဦးနှစ်ဖက် နားလည်လက်ခံအောင် ညှိနှိုင်းပေးနိုင်ဖို့ကလည်း
အဓိက သော့ချက်ဖြစ်ကြောင်း
မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။

#ရေးသားသူအား Crd ပေးပါတယ်ခင်ဗျာ။

02/06/2026

#လိူင်_အေးရိပ်မွန်အိမ်ယာ
✅60-80 ထောင့်ကွက်
✅2RC အသစ်
✅Master 3 /Single 2
မြေညီထပ် မာစတာ1ခန်းပါသည်

ကားပါကင် ၇စီးဆံ့ပါသည်
💰သိန်း 6သောင်း (ညှိနိူင်း)ပါရှင့်

ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ အိမ်ခြံမြေ (အရောင်း/အဝယ်/အငှား) ရှာဖွေရန် လိုအပ်ချက်များရှိခဲ့ပါက အမြန်ဆုံး ဆက်သွယ်လိုက်ပါရှင်။

ဆက်သွယ်ရန် ☎️
Shwe Rain San Real Estate Company
Company Registration No.141578359
📲09 893 525 400 (viber)

#အိမ်ခြံမြေအရောင်းအဝယ်
#လုံးချင်းအိမ်လှလှလေး


Address

Yangon

Telephone

+95 9 780 002960

Website

Alerts

Be the first to know and let us send you an email when Shwe Eain San Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category