Golden Loin- ဥပဒေဝန်ဆောင်မှုလုပ်ငန်း

  • Home
  • Golden Loin- ဥပဒေဝန်ဆောင်မှုလုပ်ငန်း

Golden Loin- ဥပဒေဝန်ဆောင်မှုလုပ်ငန်း �ဥပဒေအကျိုးဆောင်ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုး�စာချုပ်စာတမ်း အမျိုးမျိုး�

03/08/2025

ကွာရှင်းခြင်း။ (Divorce)
******************************

မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအရ ထိမ်းမြားလက်ထပ်ခြင်းမှာ လင်နှင့်မယားတို့နှစ်ဦးသဘောတူ ပြုလုပ်သောကိစ္စဖြစ်၍ ကွာရှင်းရေးတွင်လည်း
နှစ်ဦးသဘောတူ အချိန်မရွေး ကွာရှင်းနိုင်သည်။

လင်မယားကွာရှင်းရေး၌ စာချုပ်စာတမ်းမလိုသော်လည်း စာချုပ်စာတမ်းပြုလုပ်ထားလျှင် နောက်အရှုပ်အထွေးဖြစ်ပေါ်က စာချုပ်စာတမ်းသည် အခိုင်အမာဆုံး သက်သေခံချက်ဖြစ်သည်။

မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအရ နှစ်ဦးသဘောတူ ကွာရှင်းလျှင် လင်ခန်းမယားခန်းပြတ်စဲသည်။
''မနှင်းငုံနှင့် မောင်အောင် (S.J.L.B73)''

လင်ခန်း မယားခန်းပျယ်ပြယ်ပြတ်စဲရန် အဓိကအကြောင်း (၃) မျိုးရှိသည်။ ၎င်းတို့မှာ -
(၁) နှစ်ဦးသဘောတူကွာရှင်းပြတ်စဲခြင်း။
(၂) လင်ဖြစ်သူရဟန်းဘောင်သို့ ကူးပြောင်းခြင်း။
(၃) အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်းများဖြစ်သည်။

လင်ဖြစ်သူ ရဟန်းဘောင်သို့ ကူးပြောင်းလျှင် လင်ခန်းမယားခန်း ပြတ်စဲသည်။
"မောင်ညွန့်တင်နှင့် မပု (B.L.R 1954 H.C 96)''

အိမ်ထောင်ရေး ပြစ်မှုများမှာ သာမန်အိမ်ထောင်ရေးပြစ်မှု နှင့် ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုဟူ၍ ခွဲခြားပြထားပါသည်။

သာမန်အိမ်ထောင်ရေးပြစ်မှုတွင် လီဆယ်မှု၊ လင်ယောက်ျားတစ်ပါးသူနှင့်ဖောက်ပြန်မှု၊ နောက်မယားယူမှု၊ စွန့်ပစ်မှု၊ ရက်စက်မှုဟူ၍ (၅) မျိုးဖော်ပြထားသည်ကိုတွေ့ရသည်။

လီဆယ်ခြင်းအကြောင်းပြ၍ လင်မယားကွာရှင်းရန် တရားစွဲဆိုသော်လည်း ထိုအချက်နှင့်ပတ်သက်၍ ကွာရှင်းခွင့်ရသည့် အမှုမတွေ့ရသေးကြောင်းဖော်ပြထားသည်။

စွန့်ပစ်မှုနှင့် ပတ်သက်၍ မနုကျယ်ဓမ္မသတ်အရ လင်ဖြစ်သူက မယားဖြစ်သူအား (၃)နှစ်၊ မယားဖြစ်သူက လင်ဖြစ်သူအား (၁)နှစ် စွန့်ပစ်၍
ထောက်ပံံ့ခြင်းမပြုလျှင် တရားရုံးတော်တွင် လင်မယားကွာလိုမှု လျောက်ထားပြီးကွာရှင်းနိုင်သည်။

ရက်စက်မှုတွင် သာမန်ရက်စက်မှုနှင့် ကြီးလေးသောရက်စက်မှုဟူ၍ (၂) မျိုးရှိကြောင်းတွေ့ရသည်။ ရက်စက်မှုဆိုရာတွင် ကိုယ်ကာယသာမက စိတ်ဆင်းရဲခြင်းဖြစ်အောင် ပြုလုပ်ခြင်းလည်းပါဝင်သည်။

စိတ်ဆင်းရဲခြင်းဖြစ်အောင် ရက်စက်မှုပြုလျှင် ကွာရှင်းခွင့်ရသည်။ '' မစ္စစ်ပရိုဘီမာရိုရ်နှင့် ဘီမာလင်ဒုရိုရ် (1953 B.L.R 526)''

လင်သည်မယားအား စိတ်နာအောင် လင်ငယ်နေသည်ဟု အမြဲစွပ်စွဲခြင်းသည် တရားဥပဒေအရ ရက်စက်မှုမြောက်သည်။ ''မောင်ဖိုးအောင်၊မညိမ်း''

လင်ဖြစ်သူထံမှ မယားဖြစ်သူကို ကာလသားရောဂါ ကူးစက်ခြင်းသည် တရားဥပဒေအရ ရက်စက်ခြင်းမည်သည်။ ''မစ္စတ္တာအာဂျူးဘတ်ဘွားနှင့် မစ္စစ်အာဂျူးဘတ်ဘွား (1948 B.L.R 132)''

ရက်စက်မှုဆိုသည်မှာ ကိုယ်ခန္ဓာကိုသော်လည်းကောင်း၊ ကျန်းမာရေးအသက်ကိုလည်းကောင်း၊ အန္တရာယ်ဖြစ်စေလိမ့်မည်ဟု စိုးရိမ်မကင်းသည့်ပြုမှုချက်ကို ဆိုလိုသည်။ ''မစ္စပါး(လ်)ကျော်နှင့် ဦးကျော် (၁၉၆၇၊ မတစ၊ ၂၄၉)

မယားဖြစ်သူအား လင်ငယ်နေသည်ဟု အစဥ်သဖြင့် မဟုတ်မမှန် စွပ်စွဲပြောဆိုခြင်းသည် ဥပဒေအရ ရက်စက်မှုဖြစ်သည်။ ''မောင်သိန်းရွှေနှင့် ဒေါ်တင်မြ (1978 B.L.R (C.C) 110)''

ကြီးလေးသောအိမ်ထောင်ရေးပြစ်မှုများတွင် မယားဖြစ်သူတစ်ပါးသူနှင့် ကျူးလွန်သောအမှုသည် ကြီးလေးသော ရက်စက်မှုသတ်မှတ်ပြီး လင်၌ကွာရှင်းခွင့်ရှိသည့်အပြင် မယား၏ပြစ်မှုထင်ရှားအောင်ပြုနိုင်လျှင် လင်မယားနှစ်ဦးအကျိုးနှင့် သက်ဆိုင်သည့်ပစ္စည်းမှ မိမိဝေစုဆုံးရှုံးခဲ့သည်။ ''မောင်ပြားကြီးနှင့် မောင်ဖိုးခ (9 B.L.T 74)''

မယားဖောက်ပြန်သည်ဆိုသောအမှုတွင် လင်၏စွဲ ဆိုချက်နှင့် မသင်္ကာဖွယ်ရာ စာရွက်စာတမ်းများတွေ့ရှိရုံမျှဖြင့် မလုံလောက်ပေ။ မယားတစ်ပါးသူနှင့် ကျူးလွန်ခဲ့ကြောင်း ထင်ရှားသည့် သက်သေခံချက်များလိုအပ်ပေသည်။ ''(ဒေါ်လှချစ်နှင့် ဦးစံ ၁၉၆၅ မတစ ၁၈၇)''

လင်ဖြစ်သူသည် မယားဖြစ်သူတစ်ပါးသူနှင့်ဖောက်ပြန်ကြောင်း သက်သေထင်ရှားပြနိုင်မှ လင်ဖြစ်သူသည် နှစ်ပါးစုံပစ္စည်းကိုသိမ်းယူခွင့်ရှိကြောင်း ဆုံးဖြတ်ထားသည်။ ''ဒေါ်သိန်းမြနှင့် ဒေါ်ကျင် (ခေါ်) အကျင် (1984 B.L.R (C.C) 288)''

ကြီးလေးသောရက်စက်မှုကို ကျူးလွန်လျှင် ပါရင်းပစ္စည်းအပါအဝင် လင်မယားနှစ်ဦးပိုင်ပစ္စည်းများမှ လင်ရသည့်ဝေစုအားလုံး ဆုံးရှုံးကြောင်း ဆုံးဖြတ်ထားသည်။


''ဒေါ်ပုနှင့် မောင်ထွန်းခ (1946 R.L.R 105)''

✳️နှစ်ဦးသဘောတူ လက်ထပ် / ကွာရှင်းရာမှာ ဘာတွေလိုအပ်လည်းလို့ အမေးများတဲ့သူတွေအတွက်✳️⏩️လိုအပ်တဲ့စာချုပ်ကိုတော့ ကျွန်မစီလာအပ်...
22/07/2025

✳️နှစ်ဦးသဘောတူ လက်ထပ် / ကွာရှင်းရာမှာ ဘာတွေလိုအပ်လည်းလို့ အမေးများတဲ့သူတွေအတွက်✳️
⏩️လိုအပ်တဲ့စာချုပ်ကိုတော့ ကျွန်မစီလာအပ်🥰

 #ကိုယ့်ဘာသာ ကြည့်ပြီး ဆုံးဖြတ်ပြီးမှ ဝယ်တာထက်ကြိုက်တယ်ဆိုတဲ့ အချိန်ကတည်းက ရှေ့နေခေါ်ပြီး စစ်ဆေးသင့်တာ စစ်ဆေးပြီးမှ လုပ်...
17/07/2025

#ကိုယ့်ဘာသာ ကြည့်ပြီး ဆုံးဖြတ်ပြီးမှ ဝယ်တာထက်
ကြိုက်တယ်ဆိုတဲ့ အချိန်ကတည်းက ရှေ့နေခေါ်ပြီး စစ်ဆေးသင့်တာ စစ်ဆေးပြီးမှ လုပ်သင့်တာက အကောင်းဆုံးပါပဲ့

◾️မြေကွက်ဝယ်ယူပြီးမှ အရှုပ်အရှင်း များ ဖြစ်မလာစေရန်

◾️သတိထားသင့်တဲ့ အချက် ( ၅ ) ချက်

◾️၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ

◾️ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့

◾️( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
◾️(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
◾️( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
◾️( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
◾️( င ) မြေငှားခ ကြွေးကျန် ရှိ၊ မရှိ
◾️( စ ) မြေပုံ/မြေရာဇဝင် နဲ့
◾️( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

◾️၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ

▪️ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊လယ်မြေလား၊ ယာမြေလား၊ မီးလောင်မြေချထားမိန့်နဲ့လား၊ ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။

◾️၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ

▪️မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။

◾️၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ

▪️စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင်
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

◾️ဘိုးဘွားပိုင်မြေဆိုရင် ◾️

◾️(က) ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
▪️(ခ) မြေပုံ/မြေရာဇဝင်
▪️(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
▪️(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
▪️(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
▪️(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

◾️ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်◾️

▪️(က) ပုံစံ-၇ မူရင်း
▪️(ခ) မြေပုံ၊ မြေရာဇဝင်
▪️(ဂ) ရပ်/ကျေးမှတ်တမ်း
▪️(ဃ) စာချုပ်အဆက်ဆက်
▪️(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
▪️(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။

◾️၅။ စာချုပ်ချုပ်ဆိုခြင်း◾️

▪️စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။▪️

◾️အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ
ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင်
ဆက်လက်
လုပ်ဆောင်နိုင်ပါပြီ

23/06/2025

မြေကွက်ဝယ်ယူပြီးမှ အရှုပ်အရှင်း များ ဖြစ်မလာစေရန်

သတိထားသင့်တဲ့ အချက် ( ၅ ) ချက်

၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ

ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့

( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေငှားခ ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ

ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊လယ်မြေလား၊ ယာမြေလား၊ မီးလောင်မြေချထားမိန့်နဲ့လား၊ ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။

၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ

မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။

၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ

စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင်
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘွားပိုင်မြေဆိုရင်

(က) ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်

(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။

၅။ စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

23/05/2025

#ကျွန်မတို့ Golden Loin- ဥပဒေဝန်ဆောင်မှု လုပ်ငန်း မှ

📒📗📘ဆောင်ရွက်ပေးလျက်ရှိသော ဝန်ဆောင်မှု လေးများနှင့်
🙏🏻🙏🏻🙏🏻မိတ်ဆက်ပေးပါ့ရစေနော် 🙏🏻🙏🏻🙏🏻

🩷လက်ထပ် / ကွာရှင်း /ကျမ်းကျိန် စဖြင့် ဝန်ဆောင်မှု အမျိုးမျိုး

🩷ညှိနှိုင်း ဆောင်ရွက်ပေးမှု အမျိုးမျိုး

🩷ဆွေးနွေးတိုင်ပင်ရန် တွေ့ဆုံခြင်း (Fee ရှိသည်
လူချင်းတွေ့ နှင့် online ဆွေးနွေရခြင်း မှန်သမျှ)

◾️ တိုက်၊ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်းများတွင်
ဥပဒေကိစ္စရပ်များ အကျိုးဆောင်ပေးခြင်း။

◾️ ဝယ်ယူသူများအတွက် ပိုင်ဆိုင်မှု မှန်ကန်ရန် လိုင်စင်ရ ကျွမ်းကျင်ရှေ့နေများဖြင့် စာရွက်စာတမ်းကြည့်ရှုစစ်ဆေးပေးခြင်း၊ စာချုပ် ချုပ်ပေးခြင်း။

◾️ အရောင်းအဝယ်စာချုပ်၊ မွေးစားစာချုပ်၊ အစုစပ်စာချုပ်၊ ပိုင်ဆိုင်ကြောင်းစာချုပ်၊ ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်၊ အမွေဆက်ခံခြင်းစာချုပ် အမျိုးမျိုး ချုပ်ဆိုပေးခြင်း။

◾️ အထူးကိုယ်စားလှယ်လွှဲစာ (SP)၊ အထွေထွေကိုယ်စားလှယ်လွှဲစာ (GP)၊ လက်ထပ်စာချုပ်၊ တရားရုံးကျမ်းကျိန်၊ စီးပွားရေးဆိုင်ရာ စာချုပ်အမျိုးမျိုး ချုပ်ဆိုပေးခြင်း။

◾️ အရပ်ကတိစာချုပ်ဖြင့် မှန်မှန်ကန်ကန် ဝယ်ယူခဲ့သော်လည်း အမည်ပေါက်အဆက်ပြတ်နေသည့် မြေကွက်ပိုင်ဆိုင်မှုများကို တရားဝင်အမည်ပြောင်း ဆောင်ရွက်ပေးခြင်း။

◾️ အိမ်ခြံမြေ ပိုင်ဆိုင်မှု မှန်မမှန် ဥပဒေနှင့်အညီ တိကျသေချာစွာ စစ်ဆေးပေးခြင်း။

◾️ ကန့်ကွက် မှု ရှိ/မရှိ အများသိစေရန် သတင်းစာကြော်ငြာ ထည့်ပေးခြင်း။

◾️ အကြောင်းကြားစာ နို့တစ် ပေးပို့ခြင်း။

◾️သေဆုံးပြီးသူ၏ ဘဏ်တွင် ကျန်ရစ်ခဲ့သော ငွေများကို ထုတ်ပေးခြင်း ဝန်ဆောင်မှု

တို့ကို

တိကျမှန်ကန်မြန်ဆန်စွာဖြင့် ဝန်ဆောင်မှုများ

ဆောင်ရွက်ပေးလျက်ရှိပါသည်ရှင် 🙏🙏🙏

စာချုပ်စာတမ်းဝန်ဆောင်မှု
ဥပဒေအကြံပေးဝန်ဆောင်မှု

🥰🥰🥰🥰🥰🥰🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰📒📒📒📒📒📒📒📗📗📗📗📗📗📗📗📗

Address


Telephone

+959261506220

Website

Alerts

Be the first to know and let us send you an email when Golden Loin- ဥပဒေဝန်ဆောင်မှုလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Law Practice?

Share