Law with PHYO

Law with PHYO This page is dedicated to sharing valuable insights on legal matter, right and advice for everyone.

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအကြောင်း  အတိုချုပ် သိထားသင့်သမျှ သတိထားရမည့်အချက်များ🚨 ၂၀၂၆ ခုနှစ်၊ ဇူလိုင...
28/08/2026

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအကြောင်း အတိုချုပ် သိထားသင့်သမျှ သတိထားရမည့်အချက်များ🚨

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းလိုက်သည့် "အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ" အရ ဥပဒေကြောင်းဆိုင်ရာ အရေးယူမှုများ ပိုမို ပြင်းထန်လာသဖြင့် မိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများ ပြစ်မှုမကျူးလွန်မိစေရန် အောက်ပါ အချက်များကို သတိပြုစေလိုပါတယ်

မသိလို့ပဲဖြစ်ဖြစ်၊ လောဘတက်မိလို့ပဲဖြစ်ဖြစ် မဆင်မခြင်လုပ်မိရင် ထောင်ဒဏ် နှစ်ရှည် အထိ ကျခံရနိုင်တာမို့ ဒီအချက် ၄ ချက်ကို မဖြစ်မနေ သတိထားပါ။ 👇

⚠️ ၁။ "အကောင့် ငှားစားခြင်း" လုံးဝ (လုံးဝ) မလုပ်ပါနဲ့
​"ဘဏ်အကောင့်၊ KPay၊ Wave မသုံးရင် ခေတ္တ ငှားပေးပါ၊ အခကြေးငွေ ပေးမယ်" ဆိုတာတွေကို လုံးဝ မလုပ်ပါနဲ့။
👉 လိမ်လည်သူတွေက သင့်အကောင့်ထဲ ငွေလွှဲခိုင်းပြီး (Money Laundering)လုပ်တာ ဖြစ်တဲ့အတွက် အကောင့်ပိုင်ရှင်ပါ ကြံရာပါအဖြစ် ထောင်ဒဏ် ကျခံရမှာ ဖြစ်ပါတယ်။

​⚠️ ၂။ အွန်လိုင်း ငွေတိုး / Task လုပ် ငွေရှာ စတဲ့ လိမ်လည်မှုများ
​"ငွေ ၁ သိန်း ထည့်ရင် တစ်ပတ်ကို ၃ သောင်း အတိုးရမယ်" ဆိုတဲ့ Investment Scam တွေ၊ TikTok / Telegram မှာ Like ပေးရုံနဲ့ ပိုက်ဆံရမယ်ဆိုတဲ့ အလုပ်တွေကို လုံးဝ မယုံပါနဲ့။
👉 ဒါတွေဟာ လူအများရဲ့ ပိုက်ဆံကို လိမ်ယူနေတဲ့ အွန်လိုင်းဒုစရိုက် လုပ်ငန်းတွေ ဖြစ်ပါတယ်။

​⚠️ ၃။ "အလုပ်အကိုင် ပွဲစား" အဖြစ် မကူညီပါနဲ့
​"နယ်စပ်မှာ အလုပ်လုပ်ရမယ်၊ လစာ အများကြီးရမယ်" ဆိုပြီး လူစုပေးတာ၊ ပွဲစားလုပ်ပေးတာမျိုးတွေဟာ လူကုန်ကူးမှု / အွန်လိုင်းဒုစရိုက် အားပေးကူညီမှု နဲ့ ငြိစွန်းပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ရရှိပါလိမ့်မယ်။

​⚠️ ၄။ OTP နဲ့ ချက်ချင်း ငွေလွှဲခိုင်းတာတွေကို သတိထားပါ
​သင့်ဖုန်းဆီ ရောက်လာတဲ့ OTP Code တွေ၊ Password တွေကို ဘယ်သူ့ကိုမှ မပြောပါနဲ့။ မိမိ အကောင့် မသင်္ကာဖွယ် ငွေလွှဲမှုတွေ ပါဝင်နေရင် ဘဏ်/Pay အကောင့်တွေပါ ခေတ္တ အပိတ်ခံရနိုင်ပါတယ်။

​⚖️ ဒီဥပဒေရဲ့ ပြစ်ဒဏ်က ဘာတွေလဲ?

🛑 ၁။ KPay / Wave / ဘဏ်အကောင့် မငှားပါနဲ့
လိမ်လည်သူတွေဟာ သင့်အကောင့်ကို သုံးပြီး ငွေကြေး ခဝါချလေ့ရှိပါတယ်။ အကောင့်ငှားရုံနဲ့တင် "ကြံရာပါ/အကူအညီပေးသူ" အဖြစ် အနည်းဆုံး ထောင်ဒဏ် (၁) နှစ် ခံရနိုင်ပါတယ်။

🛑 ၂။ အွန်လိုင်း ငွေလိမ်လုပ်ငန်းများ
အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်း၊ စခန်း တည်ထောင်/လည်ပတ်ခြင်းနှင့် အဓမ္မ ခိုင်းစေ/ညှဉ်းပန်းမှုများ ပါဝင်ပါက ထောင်ဒဏ် နှစ်ရှည်မှ သေဒဏ်အထိ အပြင်းထန်ဆုံး အရေးယူတော့မှာ ဖြစ်ပါတယ်။

🛑 ၃။ ပစ္စည်းဘဏ္ဍာများ သိမ်းဆည်းခြင်း
လိမ်လည်ရာမှ ရရှိလာသည့် ငွေကြေး၊ အိမ်၊ ကားနှင့် ဒစ်ဂျစ်တယ် ပစ္စည်း (Crypto) များကိုပါ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမှာ ဖြစ်ပါတယ်။

သက်သေခံပစ္စည်းနှင့် ရရှိထားသော ငွေကြေးများ သိမ်းဆည်းခံရခြင်း (ပုဒ်မ ၅၆)အရပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများ၊ သက်ဆိုင်သည့် ပစ္စည်းများ၊ လိမ်လည်ရရှိထားသော ငွေကြေး သို့မဟုတ် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခြင်းများကို ပြုလုပ်မည်ဖြစ်ပါတယ်။

⚖️အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ တိုက်ရိုက် တားမြစ်ထားတဲ့ အဓိက အချက်ကြီး (၃) ချက်ရှိပါတယ်

၁။အကောင့်နှင့် သတင်းအချက်အလက်ပိုင်းဆိုင်ရာ (Financial & Data Assets)
• ​Mobile Wallet
• ​SIM Card နှင့် OTP
• ​Mule Account (ငွေကြေးဖြတ်သန်းစီးဆင်းရာ အကောင့်)

၂။အွန်လိုင်း လိမ်လည်မှု လုပ်ငန်းများတွင် ပါဝင်မှု (Fraud & Scam Operations)

• အွန်လိုင်းငွေလိမ် စခန်းများ တည်ထောင်/လည်ပတ်ခြင်း
• ​အတုအယောင် Platform / App များ ပြုလုပ်/ရောင်းချခြင်း
• ​ငွေကြေး ခဝါချ​ခြင်း (Money Laundering)

၃။လူအင်အားနှင့် နည်းပညာ ထောက်ပံ့မှုဆိုင်ရာ (Support & Recruitment)

• ​လူသစ် စုဆောင်းပေးခြင်း (Recruitment / Human Trafficking​
• အင်တာနက်နှင့် နည်းပညာ ထောက်ပံ့ပေးခြင်း (ISP/IT Infrastructure)
• ​အွန်လိုင်းငွေလိမ်အဖွဲ့များ ဖမ်းဆီးစစ်ဆေးခံရမည်ကို ကြိုတင်သတင်းပေးခြင်း သို့မဟုတ် ကာကွယ်ပေးခြင်း။

📌 အဲ့ဒီအချက်ကြီး ၃ ခုထဲမှာမှ လူအများ အထူးသတိထားမိစေလို့တဲ့ အချက်များကို ထုတ်နုတ် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။"

🛡️ နိဂုံးချုပ်
အွန်လိုင်းလိမ်လည်မှုနဲ့ ငွေကြေးခဝါချမှုတွေမှာ တိုက်ရိုက် မလိမ်မိရင်တောင် အကောင့်ငှားပေးတာ၊ ကူညီပေးတာတွေဟာ ပြစ်မှုမြောက်နိုင်တာဖြစ်လို့ အားလုံးပဲ သတိနဲ့ယှဉ်ပြီး ဆင်ခြင်နိုင်ကြပါစေရှင်

​ #အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေ #ဥပဒေအသိပညာပေး

အိမ်ခြံမြေဝယ်ရင် "Judical Possession" ရှိသူဆီကပဲ ဝယ်ပါ! 🏠⚖️​အိမ်/ခြံတစ်ခြံမှာ လက်ရှိနေထိုင်နေတိုင်း တရားဝင် ရောင်းချပိုင...
30/07/2026

အိမ်ခြံမြေဝယ်ရင် "Judical Possession" ရှိသူဆီကပဲ ဝယ်ပါ! 🏠⚖️

​အိမ်/ခြံတစ်ခြံမှာ လက်ရှိနေထိုင်နေတိုင်း တရားဝင် ရောင်းချပိုင်ခွင့်ရှိသူ မဟုတ်ပါဘူး။

​ဥပဒေအရ ပိုင်ရှင်အဖြစ် တရားဝင် လက်ဝယ်ရှိသူ (Judical Possession) ထံမှ လွှဲပြောင်းဝယ်ယူမှသာ ဥပဒေနှင့်အညီ အထမြောက်မှာ ဖြစ်ပါတယ်။

​အိမ်ခြံမြေ အရောင်းအဝယ်နဲ့ စာချုပ်များ လုပ်တော့မယ်ဆိုရင် ​အိမ်ငှား၊ ကျူးကျော် (သို့မဟုတ်) ခွင့်ပြုချက်နဲ့ နေသူတွေဆီက စာချုပ်ချုပ်မိရင် ဒုက္ခရောက်နိုင်လို့ ဒီအချက်လေးကို မဖြစ်မနေ သတိပြုကြရပါမယ်။

​"အိမ်ခြံမြေ အရောင်းအဝယ်ဆိုတာ ပမာဏကြီးမားတဲ့ အရင်းအနှီးဖြစ်တာကြောင့် မဝယ်ခင်မှာ စာချုပ်စာတမ်းနဲ့ တရားဝင် ပိုင်ဆိုင်ခွင့်တွေကို သေချာစိစစ်ပြီးမှ ဝယ်ယူကြဖို့ အကြံပြုပါရစေရှင်" ⚖️✨

#ဥပဒေအသိပညာ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Law with PHYO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Law with PHYO:

Shortcuts

Share