Lin Law Firm

Lin  Law Firm အမှုကိစ္စ၊အိမ်ခြံမြေကိစ္စ၊စာချုပ်စာတမ်းနှင့် ဥပဒေရေးရာကိစ္စများတိုင်ပင်ဆွေးနွေးနိုင်ပါသည်

13/06/2025

နိုင်ငံခြားသုံးငွေနှင့်ပတ်သက်၍ဗဟိုဘဏ်မှသတင်းထုတ်ပြန်ခြင်း
Post Date :
12-06-2025
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရေးနှင့်ဈေးကစားမှုများ မရှိစေရေးအတွက် သွင်းကုန်လုပ်ငန်းရှင်များလိုအပ်သော နိုင်ငံခြားငွေများကို Online Trading Platform မှတစ်ဆင့် ရောင်းချပေးခြင်း၊ နိုင်ငံခြားသို့ ဆေးကုသခြင်း၊ ပညာတော်သင် သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်များဖြင့် ထွက်ခွာသူများအတွက် အသေးသုံးနိုင်ငံခြားငွေများကို ပုဂ္ဂလိကဘဏ်များ၏ ငွေလွှဲကောင်တာများတွင် ရောင်းချပေး ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂။ USDT အပါအဝင် နိုင်ငံခြားငွေ ကမောက်ကမဖြစ်စေရန် ရည်ရွယ်၍ Online ပေါ်တွင် ဈေးကစားခြင်း၊ မမှန်ကန်သော သတင်းများ ဖြန့်ဝေခြင်းများ ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်များအား နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ ငွေရေး ကြေးရေး အဖွဲ့အစည်းများဥပဒေ၊ ဆက်သွယ်ရေးဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ် တရားရုံးများသို့ တရားစွဲဆို၍ အရေးယူ ပြစ်ဒဏ်ချမှတ်ထားသည့်ဖြစ်စဉ်များ ရှိပါသည်။
၃။ USDT နှင့် နိုင်ငံခြားငွေ ဈေးနှုန်းများ မတည်မငြိမ်ဖြစ်စေရန် page ၊ Facebook Group ၊ Viber Group နှင့် Application (ဥပမာ၊ Myanmar Market Price) များမှ လှုံ့ဆော်မှု ဆောင်ရွက်နေခြင်းများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စောင့်ကြည့်လျက်ရှိပြီး လှုံ့ဆော်မှုဆောင်ရွက်နေသော လူပုဂ္ဂိုလ်များနှင့် ဆက်စပ်နေသည့် လူပုဂ္ဂိုလ်များ၏ Pay Account နှင့် Banking Account များအား ပိတ်သိမ်းခြင်း၊ ဖုန်း SIM Card များအား ပိတ်သိမ်း ခြင်း၊ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
၄။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပေးထားသည့် တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြား ငွေကြေးများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက် ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(၁၂-၆-၂၀၂၅)

စက်မှုဇုန်နည်းဥပဒေ
10/06/2025

စက်မှုဇုန်နည်းဥပဒေ

စက်မှုဇုန်ဥပဒေ
10/06/2025

စက်မှုဇုန်ဥပဒေ

၂၀၂၅/၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အခွန်စည်းကြပ်ရန်နှုန်းထားများ(ဒုတိယပိုင်း)
07/06/2025

၂၀၂၅/၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အခွန်စည်းကြပ်ရန်နှုန်းထားများ(ဒုတိယပိုင်း)

၂၀၂၅/၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အခွန်စည်းကြပ်ရန်နှုန်းထားများ(ပထမပိုင်း)
07/06/2025

၂၀၂၅/၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အခွန်စည်းကြပ်ရန်နှုန်းထားများ(ပထမပိုင်း)

တရားစွဲ ရုံးခွန် ပြောင်းလဲသတ်မှတ်ခြင်း..
07/06/2025

တရားစွဲ ရုံးခွန် ပြောင်းလဲသတ်မှတ်ခြင်း..

မင်မင်တို့ Lin Lawfirm မှ တာဝန်ယူဆောင်ရွက်ပေးထားတဲ့ ကြေညာချက်လေးပါ..
04/06/2025

မင်မင်တို့ Lin Lawfirm မှ တာဝန်ယူဆောင်ရွက်ပေးထားတဲ့ ကြေညာချက်လေးပါ..

02/06/2025

Address

အမှတ်(၆၂/၂)၊သမာဓိ(၁)လမ်း၊(8ရပ်ကွက်)၊ မရမ်းကုန်းမြို့နယ်
Yangon

Website

Alerts

Be the first to know and let us send you an email when Lin Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share