AUNG ZABU HEIN Law Firm

AUNG ZABU HEIN Law Firm Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AUNG ZABU HEIN Law Firm, Legal Service, NO. 35, Pathein Nyunt 3rd Street, Mingalar Taung Nyunt Township, Yangon.

22/03/2025

ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှု

ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှုတွင် သီးခြားသက်သာခွင့်အက်ဥပဒေ ( Specific Relief Act) နှင့် သက်ဆိုင်ပါသည်။

သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၁၂ အရ စွဲဆိုရပါမည်။

ပုဒ္မ ၂၃ တွင် မည်သူတို့က တရားလိုအဖြစ်ပါဝင်ရမည်ကို ရေးသားထားပါသည်။

ပုဒ္မ ၂၇ တွင်မည်သူတု့ိက တရားပြိုင်ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။

ပုဒ္မ ၂၃ နှင့် ပုဒ် ၂၇ တို့တွင် May ဟုသုံးနှုန်းထားပါသည်။ May ဟု သုံးထားလို့ အဲဒီထဲမှာမပါသည့် သူတွေကိုလည်း တရားလို တရားပွိုငျဖွဈနိုငျပါသညျ

တရားလိုအဖြစ်ပါရမည်သူ တွေကို တရားမကျင်ထုံးဥပဒေအမိန့် ၁၊ နည်း ၁ တွင် ပြဋ္ဌာန်းထားပါသည်။

တရားပြိုင်အဖြစ ်ပါမည့်သူတွေကို အမိန့်၁၊ နည်း ၃ တွင် ပြဋ္ဌာန်းထားပါသည်။

ယင်းပုဒ်မ ၂၃ တွင်မပါဝင်သော်လည်း အမိန့် ၁၊ နည်း ၁ နှင့်အကျုံးဝင်ပါက တရားလို အဖြစ်ထည့်နိုင်ပါသည်။

ပုဒ္မ ၂၇ တွင် အကျုံးမဝင်စေကာမူ အမိန့် ၁၊ နည်း ၃အရ အကျုံးဝင်ပါက တရားပြိုင်ဖြစ်နိုင်ပါသည်။

သီးခြားသက်သာခွင့်အက် ဥပေဒပုဒ္မ ၁၂ အရ တရားစွဲရာတွင် တရားလိုအဖြစ်ပါရမည်လား၊ တရားပြိုင်အဖြစ်ပါရမည်လား ပုဒ္မ ၂၃ နှင့် ပုဒ္မ ၂၇ တို့အရ ထည့်နိုင်သလို အမိန် ၁ နည်း ၁ အရ တရားလိုအဖြစ်နှင့် နည်း ၃ တို့အရ တရားပြိုင်အဖြစ်ထည့်နိုင်ပါသည်။

သီးခြားသက်ခွင့်အက်ဥပဒေ ပုဒ္မ ၂၃ (က) ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှုတွင် ပဋိညာဉ်ချုပ်ဆိုမှုဝင်ပါမည်။ ပဋိညာဉ်တွင် ပါဝင်သည့်တရားလို သော်လည်းကောင်း တရားပြိုင်သော်လည်းကောင်းတစ်ဘက်ဘက်ကဖြစ်နိုင်ပါသည်။

သီးခြားသက်သာခွင့်အက်ဥပဒေမှာ ပင်ရင်းဥပဒေ (Substantive Law) ဖြစ်သည့်အပြင် သီးခြား သက်သာခွင့်ဆိုင်ရာကိစ္စရပ်များအတွက် ပြဋ္ဌာန်းထားသည့် အထူးဥေပဒ(Special Law) ဖြစ်၍ ကျင့်ထုံး ဆိုင်ရာ (Procedure Law) တရားမကျင့်ထုံးပဒေကို လွှမ်းမိုးသည်ဟု ဥပဒေယူဆချက်အရ သီးခြား သက်သာခွင့်အက်ဥပဒေ ပုဒ္မ ၂၃ နှင့် ပုဒ္မ ၂၇ တို့အရ တရားလို တရားပွိုငျအဖွဈ ထည့်သွင်းရမည့် သူမ်ားကို May နှင့်ဖော်ပြထားသည်ကို တရားမကျင့်ထုံး ဥပဒေအမိန့် ၁ နည်း ၃ နှင့်နည်း ၅ တို့အရ တည်၍ နိုင်သည်ဟု ယူဆချက်တို့မှာ အငြင်းပွားဖွယ်ရာရှိနိုင်ပါသည်။

သို့ဖြစ်ရကား အမှုသည်တို့ ပဋိညာဉ်ချုပ်ဆိုစဉ်ကတည်းက ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံ ထည့်သွင်းချုပ်ဆိုထားပါက တရားမကျင့်ထုံး ဥပဒေအမိန့် ၁၊ နည်း ၁ နှင့် နည်း ၃ တို့ကိုကိုးကား၍ တရားလို တရားပြိုင်အဖြစ်ထည့်သွင်းသည့် ကိစ္စမှာ ပေါ်ပေါက်လာနိုင်မည် မဟုတ်တော့ပါ။

လင်နှင့်မယားပိုင်ဆိုင်သော ပါရင်းပစ္စည်း အမွေရလက်ထက်ပွားပစ္စည်း စသည့်တို့တွင် ပါရင်း ပါလာသူနှင့် အေမြရ လက်ထက်ပွားပစ္စည်းပါလာသူ ပစ္စည်းရှင် လင်သို့မဟုတ် မယားက ၂/၃ ဆိုင်ပြီး ပစ္စည်းမပါသူ လင် သို့မဟုတ် မယားက ၁/၃ ကို အပြီးအပိုင်ရရှိသော အခွင့်အရေး (Vested right )ရရှိကြသဖြင့် လင် သို့မဟုတ် မယားအမည်ပေါက်သော မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ဖြစ်စေ လင် မယားနှစ်ဦးမည်ပေါက်သော ပစ္စည်းကိုဖြစ်စေ ပေါင်နံှ၍ ငွေချေးယူသည့်ကိစ္စတွင် အပေါင်ခံသူ လူ ပုဂ္ဂိုလ်သို့မဟုတ် ဘဏ်အနေဖြင့် လင်မယားနှစ်ဦး၏ အမည်ဖြင့် ငွေးချေးသည့် စာခြုပျကို ချုပ်ဆိုပါက တရားရုံး ဒီကရီအရ အပေါင်းပစ္စည်းကို ရောင်းချရာတွင် အရှုပ်အရှင်း အခက်အခဲ ကန့်ကွက်မှုပေါ် ပေါက်မည်မဟုတ်တော့ကြောင်း လေ့လာတင်ပြလိုက်ပါသည်။


[စာညွှန်း- ဦးဗကြိုင်(B.A;B.L)၊ လူတိုင်းအတွက် တရားမမှုများဆိုင်ရာ ဥပဒေရေးရာအဖြာဖြာ( ၂၀၀၉ ခုနှစ်၊ ပထမအကြိမ်)၊ စာ ၁၇၊ ၁၈] ။

CRDDVBlawlab
#ဥေပဒ_စာပေ_တရားရုံး_ဒီဂရီ
#ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေလိုမှု

04/03/2025

#ဆောက်လုပ်ခွင့်ပါမစ်ကျဖို့
အနည်းဆုံး ၆လ မွ ၁ နှစ် ဘာကြောင့် ကြာသလဲ ?
ဒီပို့စ် လေးမှာအသေးစိတ် လေ့လာကြည့်ပါရှင့်။

အခန်းပေး အခန်းယူ
ဆောက်လုပ်မယ်ဆိုရင် ....
မြေရှင် + ကန်ထရိုက် ချိတ်ဆက်ထားမှ
( ဆောက်လုပ်ခွင့်ပါမစ် ဆိုတာ ဖြစ်လာတာပါ )

(D .C - Mapမြေပုံကူး/မြေတိုင်း)

မိမိဆောက်လုပ်မည့် မြေ
အကျယ်အဝန်းအတွက်
ဘေးအိမ်တွေ လက်မှတ်ထိုး ။

D.C map အတွက် ခရိုင်အလိုက်
မြေယာ AE လက်မှတ် စုံမွ
ခန်းမ ( မြို့ တော် ခန်းမ )
D.C map အတွက် ငွေသွင်း ရပါတယ် ။

တနင်္လာ - ဗုဒ္ဓဟူး - သောကြာ
မနက် ၉း၀၀ ညေန ၂း၀၀
အထိပါဘဲ ငွေသွင်းပြီး ပြီဆို
၁ လအတွင်း မြေလာတိုင်းပါတယ်။

ပြီးမှ D.C map စာရွက်ထွက်ဖို့
၄၅ ရက်လောက် ကြာချိန်ရှိပါတယ်။

(Proposal Drawing)

မိမိ အဆောက်အဦး ပုံစံငယ်
တင်ရပါတယ် အဲ့ မွာ RSE Construction sign
လက်မှတ်နဲ့တွဲတင်ရတာပါ ။

YCDC ဆယ်ထပ်ရုံးမှာ ပုံစံစစ်မယ်
YCDC ခြောက်ထပ်ရုံး ကို ပို့မယ်
ပုံစံ စစ်မယ်
ပြင်လိုက်တင်လိုက်နဲ့ ၄၅ ရက်လောက်ကြာပါတယ်။

ပြီးရင်ပုံစံ စစ်ဆေးခအတွက်
မြို့တော် စည်ပင်ဘဏ်မှာ ငွေသွင်းရပါတယ်။

ပြီးရင် ငွေသွင်း ချလန် ကို
YCDC ဆယ်ထပ်ရုံး ကိုပြန်ပို့ရပါတယ် ။

(Soil Test မြေစမ်းခြင်း)

foundation အတွက်
မိမိဆောက်လုပ်မည့် မြေ
ပျော့ခြင်း မာခြင်းကို တိုင်းတာရတာပါ။

မြေစမ်း ပြီး Soil Test စာအုပ်
ထွက်ဖို့အတွက်လည်းကြာတဲ့အချိန် ရှိပါတယ်။

(RSE Structure Caculation/sign)

တွက်မယ် ချက်မယ်
လက်မှတ်ထိုးမယ်
နှစ်ပတ်လောက်တော့ကြာပါတယ်။

(RSE Construction sign)
လက်မှတ်ထိုးမယ် တုန်းထုမယ် ။

(Pile RSE Structure sign)
လက်မှတ်ထိုးမယ် တုန်းထုမယ် ။

(Pile foundation ဆို Company sign)
လက်မှတ်ထိုးမယ် တုန်းထုမယ် ။
RSE / Pile sign စုံဖို့ အနည်းဆုံး ၁ လ ပါ

(မီးသတ်ထောက်ခံချက်)

ကျနော်တို့ Proposal အောင်ထားတဲ့ ပုံစံကို
ကြည့်မယ် မီးသတ္က သက်မှတ်ချက်အတိုင်း
ပုံစံ ပြန်ဆွဲမယ် ။

ပြီးပြီ ဆိုရင် YCDC နဲ့ မဆိုင်ဘူး
မီးသတ် ကိစ္စ ဆိုတော့ ငွေကို တာမွေ
တရားရုံးနောက်က ဘဏ်မှာ
မီးသတ်အတွက် ငွေသွင်းရတယ် ။

အဲ့ချလန် ကိုတော့
ပုံစံကြီး ( ဆောက်လုပ်ခွင့် ပါမစ် ) မွာ
ပြန်တွဲပေးရတယ် ။

(ရေ မိလ္လာ ထောက်ခံချက်)

လည်း မီးသတ်နည်းအတူ သတ်မှတ်ပုံစံ ပြန်ဆွဲ ပြီး
ပုံစံကြီး ( ဆောက်လုပ်ခွင့် ပါမစ် ) မွာ
ပြန်တွဲပေးရတယ် ။
( မီးသတ် / ရေ မိလ္လာ ကအနည်းဆုံး
၂ လလောက်ကြာပါတယ် )။

(LC ကန်လိုင်စင်)

တော်များများကတော့ LC လိုင်စင်
ငှါးပြီး ဆောက်လုပ်ရေးလုပ်ကြပါတယ်
ကိုယ်အတွက်ထိုးတဲ့ LC လိုင်စင်
သက်တန်းရှိလား ဆိုတာ
အဓိကကျပါတယ်

ပုံစံကြီး ( ဆောက်လုပ်ခွင့် ပါမစ် ) မွာ
ပြန်တွဲပေးရတယ်

အပေါ်ကစာရွက်စာတန်းတွေ အားလုံး
စုံလင်မှ ပုံစံကြီးအတွက်
စပြီး စစ်ဆေးပါတယ်

( အဲ့မွာ မှားပြင်လိုထည့် နဲ့ အနည်းဆုံး
၃ ပတ် လောက်ကြာပါတယ် )

အာမခံစဘော်ငွေ ပုံစံစစ်ဆေးခ
ပုံစံကြီး အတွက် အားလုံးနီးပါး

ပြည့်စုံပြီဆိုရင်တော့ စာတိုက္ကေန
ငွေသွင်း အကြောင်းကြားစာ ပို့ပေးပါတယ်

အာမခံ ငွေ နဲ့ ပုံစံစစ်ဆေးခ အတွက်
ငွေ သွင်းပေးရပါတယ် ....

အထပ်မြင့်ဆောက်လုပ်မည့် Client တွေအတွက်
ဗဟုသုတရစေရန် ပြန်လည်ကူးယူဖော်ပြရင်း
knowledge sharing လုပ်ပေးလိုက်ပါတယ်ရှင့်။

Address

NO. 35, Pathein Nyunt 3rd Street, Mingalar Taung Nyunt Township
Yangon

Telephone

+959403159599

Website

Alerts

Be the first to know and let us send you an email when AUNG ZABU HEIN Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AUNG ZABU HEIN Law Firm:

Share

Category