22/03/2025
ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှု
ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှုတွင် သီးခြားသက်သာခွင့်အက်ဥပဒေ ( Specific Relief Act) နှင့် သက်ဆိုင်ပါသည်။
သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၁၂ အရ စွဲဆိုရပါမည်။
ပုဒ္မ ၂၃ တွင် မည်သူတို့က တရားလိုအဖြစ်ပါဝင်ရမည်ကို ရေးသားထားပါသည်။
ပုဒ္မ ၂၇ တွင်မည်သူတု့ိက တရားပြိုင်ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။
ပုဒ္မ ၂၃ နှင့် ပုဒ် ၂၇ တို့တွင် May ဟုသုံးနှုန်းထားပါသည်။ May ဟု သုံးထားလို့ အဲဒီထဲမှာမပါသည့် သူတွေကိုလည်း တရားလို တရားပွိုငျဖွဈနိုငျပါသညျ
တရားလိုအဖြစ်ပါရမည်သူ တွေကို တရားမကျင်ထုံးဥပဒေအမိန့် ၁၊ နည်း ၁ တွင် ပြဋ္ဌာန်းထားပါသည်။
တရားပြိုင်အဖြစ ်ပါမည့်သူတွေကို အမိန့်၁၊ နည်း ၃ တွင် ပြဋ္ဌာန်းထားပါသည်။
ယင်းပုဒ်မ ၂၃ တွင်မပါဝင်သော်လည်း အမိန့် ၁၊ နည်း ၁ နှင့်အကျုံးဝင်ပါက တရားလို အဖြစ်ထည့်နိုင်ပါသည်။
ပုဒ္မ ၂၇ တွင် အကျုံးမဝင်စေကာမူ အမိန့် ၁၊ နည်း ၃အရ အကျုံးဝင်ပါက တရားပြိုင်ဖြစ်နိုင်ပါသည်။
သီးခြားသက်သာခွင့်အက် ဥပေဒပုဒ္မ ၁၂ အရ တရားစွဲရာတွင် တရားလိုအဖြစ်ပါရမည်လား၊ တရားပြိုင်အဖြစ်ပါရမည်လား ပုဒ္မ ၂၃ နှင့် ပုဒ္မ ၂၇ တို့အရ ထည့်နိုင်သလို အမိန် ၁ နည်း ၁ အရ တရားလိုအဖြစ်နှင့် နည်း ၃ တို့အရ တရားပြိုင်အဖြစ်ထည့်နိုင်ပါသည်။
သီးခြားသက်ခွင့်အက်ဥပဒေ ပုဒ္မ ၂၃ (က) ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှုတွင် ပဋိညာဉ်ချုပ်ဆိုမှုဝင်ပါမည်။ ပဋိညာဉ်တွင် ပါဝင်သည့်တရားလို သော်လည်းကောင်း တရားပြိုင်သော်လည်းကောင်းတစ်ဘက်ဘက်ကဖြစ်နိုင်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေမှာ ပင်ရင်းဥပဒေ (Substantive Law) ဖြစ်သည့်အပြင် သီးခြား သက်သာခွင့်ဆိုင်ရာကိစ္စရပ်များအတွက် ပြဋ္ဌာန်းထားသည့် အထူးဥေပဒ(Special Law) ဖြစ်၍ ကျင့်ထုံး ဆိုင်ရာ (Procedure Law) တရားမကျင့်ထုံးပဒေကို လွှမ်းမိုးသည်ဟု ဥပဒေယူဆချက်အရ သီးခြား သက်သာခွင့်အက်ဥပဒေ ပုဒ္မ ၂၃ နှင့် ပုဒ္မ ၂၇ တို့အရ တရားလို တရားပွိုငျအဖွဈ ထည့်သွင်းရမည့် သူမ်ားကို May နှင့်ဖော်ပြထားသည်ကို တရားမကျင့်ထုံး ဥပဒေအမိန့် ၁ နည်း ၃ နှင့်နည်း ၅ တို့အရ တည်၍ နိုင်သည်ဟု ယူဆချက်တို့မှာ အငြင်းပွားဖွယ်ရာရှိနိုင်ပါသည်။
သို့ဖြစ်ရကား အမှုသည်တို့ ပဋိညာဉ်ချုပ်ဆိုစဉ်ကတည်းက ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံ ထည့်သွင်းချုပ်ဆိုထားပါက တရားမကျင့်ထုံး ဥပဒေအမိန့် ၁၊ နည်း ၁ နှင့် နည်း ၃ တို့ကိုကိုးကား၍ တရားလို တရားပြိုင်အဖြစ်ထည့်သွင်းသည့် ကိစ္စမှာ ပေါ်ပေါက်လာနိုင်မည် မဟုတ်တော့ပါ။
လင်နှင့်မယားပိုင်ဆိုင်သော ပါရင်းပစ္စည်း အမွေရလက်ထက်ပွားပစ္စည်း စသည့်တို့တွင် ပါရင်း ပါလာသူနှင့် အေမြရ လက်ထက်ပွားပစ္စည်းပါလာသူ ပစ္စည်းရှင် လင်သို့မဟုတ် မယားက ၂/၃ ဆိုင်ပြီး ပစ္စည်းမပါသူ လင် သို့မဟုတ် မယားက ၁/၃ ကို အပြီးအပိုင်ရရှိသော အခွင့်အရေး (Vested right )ရရှိကြသဖြင့် လင် သို့မဟုတ် မယားအမည်ပေါက်သော မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ဖြစ်စေ လင် မယားနှစ်ဦးမည်ပေါက်သော ပစ္စည်းကိုဖြစ်စေ ပေါင်နံှ၍ ငွေချေးယူသည့်ကိစ္စတွင် အပေါင်ခံသူ လူ ပုဂ္ဂိုလ်သို့မဟုတ် ဘဏ်အနေဖြင့် လင်မယားနှစ်ဦး၏ အမည်ဖြင့် ငွေးချေးသည့် စာခြုပျကို ချုပ်ဆိုပါက တရားရုံး ဒီကရီအရ အပေါင်းပစ္စည်းကို ရောင်းချရာတွင် အရှုပ်အရှင်း အခက်အခဲ ကန့်ကွက်မှုပေါ် ပေါက်မည်မဟုတ်တော့ကြောင်း လေ့လာတင်ပြလိုက်ပါသည်။
[စာညွှန်း- ဦးဗကြိုင်(B.A;B.L)၊ လူတိုင်းအတွက် တရားမမှုများဆိုင်ရာ ဥပဒေရေးရာအဖြာဖြာ( ၂၀၀၉ ခုနှစ်၊ ပထမအကြိမ်)၊ စာ ၁၇၊ ၁၈] ။
CRDDVBlawlab
#ဥေပဒ_စာပေ_တရားရုံး_ဒီဂရီ
#ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေလိုမှု