A&D Myanmar Legal Services

A&D Myanmar Legal Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A&D Myanmar Legal Services, Lawyer & Law Firm, No. 130, Yuzana Hotel 4th Fl. , Room no./429, CoCoRo (STARTS) Services Offices, Shwe Gone Daing Road , Bahan Tsp, Yangon.

MERRY BE YOUR CHRISTMAS.PEACEFUL BE YOUR HOME.JOYFUL BE YOUR FAMILY.BLESSED BE EACH ONE.
25/12/2025

MERRY BE YOUR CHRISTMAS.
PEACEFUL BE YOUR HOME.
JOYFUL BE YOUR FAMILY.
BLESSED BE EACH ONE.

04/11/2025
တရားမမှုနဲ့ ပြစ်မှု၊ ဘယ်ဟာနဲ့ တရားစွဲမလဲ°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•မျက်မှောက်ခေတ် ငွေရေးကြေးရေး ကိစ္စ...
01/10/2025

တရားမမှုနဲ့ ပြစ်မှု၊ ဘယ်ဟာနဲ့ တရားစွဲမလဲ
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
မျက်မှောက်ခေတ် ငွေရေးကြေးရေး ကိစ္စများဖြင့် ပြသာနာ ဖြစ်ကြလျှင် ပြစ်မှုနဲ့ တရားစွဲရမည်လား၊ တရားမမှုနှင့် တရားစွဲရမည်လား တနည်းအားဖြင့် လိမ်လည်မှုနှင့် တရားစွဲရမည်လား၊ ပဋိညာဉ်ချိုးဖောက်မှုဖြင့် တရားစွဲရမည်လား စသဖြင့် စဉ်းစားရလေ့ရှိပါသည်။ ထို့ကြောင့် ထိုသို့ စဉ်းစားရ လွယ်ကူစေရန် အခြေခံကျသော ပြစ်မှုနှင့် တရားမ ခွဲခြားစွဲဆိုရမည့် နည်းလမ်းကို မျှဝေပေးမည် ဖြစ်ပါသည်။
သဘောတူညီချက်ဖြင့် ငွေကြေးကိစ္စများကို ဆောင်ရွက်ကြရာတွင် သဘောတူညီချက် အတိုင်း ဆောင်ရွက်ရန် ပျက်ကွက်မှုသည် ပဋိညာဉ် ချိုးဖောက်ခြင်းဖြစ်၍ တရားမကြောင်းအရသာ စွဲဆိုနိုင်မည် ဖြစ်သော်လည်း ထိုပျက်ကွက်မှုသည် လိမ်လည်မှုလော၊ ပဋိညာဉ်ချိုးဖောက်မှုလောဆိုသည့် စသည့် ဥပဒေပြသာနာများ ပေါ်ပေါက်လာပါသည်။
လိမ်လည်မှုနှင့် ပဋိညာဉ် ချိုးဖောက်မှုတို့တွင် ခြားနားချက်များ ရှိပါသည်။ ထိုခြားနားချက်သည် သွေးဆောင်လိမ်လည်သည်ဟု စွပ်စွဲသည့် အချိန်တွင် စွပ်စွဲခံရသူ၏ ကြံရွယ်ချက်သည် မည်သို့ရှိသည် ဆိုသည့် အချက်ပေါ်တွင် မူတည်လျက် ရှိပါသည်။ သို့သော် ထိုကြံရွယ်ချက်မှာ လူတစ်ဦး၏ စိတ်တွင် ဖြစ်ပေါ်နေသော အခြေအနေဖြစ်၍ သာမန်အားဖြင့် မြင်တွေ့ရန် လွယ်သောအရာတော့ မဟုတ်ချေ။
သို့သော် ဥပဒေတွင် စိတ်အခြေအနေကို ဖော်ပြသော အကြောင်းကို ပြဌာန်းထားပါသည်။ ထိုပြဌာန်းထားသော ဥပဒေကို အခြေခံ၍ စိတ်အခြေအနေကို သုံးသပ်ရာတွင် ပြုလုပ်မှုတခုကို မတိုင်မီကဖြစ်စေ၊ နောက်တွင်ဖြစ်စေ ပြုမူသည့်အပြုအမူ၊ အမူအရာတို့ကို အခြေခံရမည်ဖြစ်ပြီး ထိုလူ၏ စိတ်အခြေအနေကို သုံးသပ်ကြည့်လျှင် မရိုးမဖြောင့်သော သဘောရှိကြောင်း ပေါ်လွင်ပါက ထိုသူသည် လိမ်လည်မှုကို ပြုလုပ်သည်ဟု ယူဆရမည် ဖြစ်ပါသည်။
A&D Myanmar Legal Services

What is intellectual property?°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•ဦးနှောက် အသိဉာဏ်များကိုသုံး၍ တီထွင်ဖန်တီးထုတ်လုပ်လိုက်...
24/08/2025

What is intellectual property?
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
ဦးနှောက် အသိဉာဏ်များကိုသုံး၍ တီထွင်ဖန်တီးထုတ်လုပ်လိုက်သော အရာမှန်သမျှကို ပိုင်ဆိုင်ခွင့်အား ဉာဏပစ္စည်း မူပိုင်ခွင့်ဟု ခေါ်ဆိုပါသည်။ ဉာဏပစ္စည်းမူပိုင်ခွင့်တွင် စက်မှုပိုင်း တီထွင်ဖန်တီး ထုတ်လုပ်ထားမှုများ၊ စာပေနှင့်အနုပညာရပ်များ၊ အထိမ်းအမှတ် သင်္ကေတများ၊ အမည်နာမများ၊ ကုန်သွယ်ရေးလုပ်ငန်း ရုပ်ပုံများ အားလုံးပါဝင်သည်။ ဉာဏပစ္စည်း မူပိုင်ခွင့်ကို အဓိက နှစ်မျိုး ခွဲခြားထားပါသည်။ ၎င်းတို့မှာ စက်မှုလုပ်ငန်းဆိုင်ရာ ပစ္စည်းများနှင့် စာပေနှင့်အနုပညာလက်ရာများတို့ ဖြစ်ကြပါသည်။ စက်မှုလုပ်ငန်းဆိုင်ရာပစ္စည်း ဆိုသည်မှာ စက်မှု တီထွင်ဆန်းသစ် ထုတ်လုပ်ထားမှုများ၊ ကုန်သွယ်မှု အမှတ်တံဆိပ်များ၊ စက်မှု ပုံစံဒီဇိုင်းများ၊ ပထဝီအညွှန်း ဖော်ပြထားခြင်းတို့ ပါဝင်ပါသည်။ စာပေနှင့်အနုပညာ လက်ရာများ ဆိုသည်မှာ အနုပညာလက်ရာများကို ဆိုလိုခြင်း ဖြစ်ပါသည်။
What is the intellectual property right?
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုသည်မှာ လူ့စိတ်ကူး ဦးနှောက်အတွေးအခေါ်မှ ဖန်တီးလာသော တီထွင်ဖန်တီးမှုများကို ဥပဒေအရ ကာကွယ်ပေးတဲ့ အခွင့်အရေးများ ဖြစ်ပါသည်။ မူပိုင်ခွင့်ရှိသူက သူ့ရဲ့ဖန်တီးမှုကို အသုံးပြုခွင့်၊ ရောင်းခွင့်၊ ငှားခွင့်၊ မိတ္တူပွားခွင့် စသည့် လုပ်ပိုင်ခွင့်များ ရှိပါသည်။ သို့ပေမဲ့ တီထွင်ဖန်တီးမှုများကို မှတ်ပုံတင်ထားရန်တော့ လိုအပ်ပါသည်။
ယခုအခါ မြန်မာနိုင်ငံတွင်လည်း IP ဥပဒေများသည် အာဏာသက်ဝင်နေပြီ ဖြစ်သည့်အတွက် စက်မှု တီထွင်ဆန်းသစ် ထုတ်လုပ်ထားမှုများကို တီထွင်မှု မူပိုင်ခွင့်ဥပဒေအရ လည်းကောင်း၊ ကုန်သွယ်မှု အမှတ်တံဆိပ်များကို ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေအရ လည်းကောင်း၊ စက်မှု ပုံစံဒီဇိုင်းများကို စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ လည်းကောင်း၊ စာပေနှင့်အနုပညာ လက်ရာများကို စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေအရ လည်းကောင်း၊ ပထဝီအညွှန်းများကို ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ လည်းကောင်း၊ မှတ်ပုံတင်နိုင်ပြီ ဖြစ်ပါသည်။
A&D Myanmar Legal Services

အမွေနဲ့ သားသမီးအမျိုးအစားများ°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•မြန်မာ့လူ့အသိုင်းအဝိုင်းမှာ သားသမီးဆိုတာ ကောင်းတဲ့ သားသ...
11/06/2025

အမွေနဲ့ သားသမီးအမျိုးအစားများ
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
မြန်မာ့လူ့အသိုင်းအဝိုင်းမှာ သားသမီးဆိုတာ ကောင်းတဲ့ သားသမီးနဲ့ ဆိုးတဲ့ သားသမီး ဆိုပြီး ၂ မျိုးသာ ခွဲခြားလေ့ ရှိတယ်။ ကောင်းတဲ့ သားသမီး ဆိုတာကတော့ မိဘနှစ်ပါးကို ရိုသေလေးစား၊ ကျေးဇူးပြန်ဆပ်ပြီး၊ မိဘတွေ အိုမင်းလာတဲ့အခါ ပြုစုစောင့်ရှောက်တတ်တဲ့ သားသမီးမျိုးကို သတ်မှတ်ကြတယ်။ ဆိုးတဲ့ သားသမီး ဆိုတာကတော့ မိဘကိုလည်း မရိုသေ၊ မစောင့်ရှောက်၊ ကျေးဇူးမသိတတ်တဲ့ သားသမီးမျိုးလို့ သတ်မှတ်ကြတယ်။
ဗုဒ္ဓဘာသာအရတော့
၁။ သာဝဇ္ဇုပုတ္တ – မိဘကို ရိုသေလေးစားပြီး ကျေးဇူးဆပ်တတ်သော သားသမီး
၂။ အသာဝဇ္ဇုပုတ္တ – မိဘကို မရိုသေ၊ ကျေးဇူးမသိတတ်သော သားသမီး
၃။ အဘိဘရဏီယပုတ္တ – မိဘ၏ကျေးဇူးကို ပြန်ဆပ်တတ်သော သားသမီး
၄။ ပဋိဘူပုတ္တ – မိဘကို ဆန့်ကျင်တတ်သော သားသမီး
၅။ အဿုတဗ္ဗန္တိကပုတ္တ – မိဘစကားကို နားမထောင်ဘဲ မိမိလိုရာသာလုပ်တတ်သော သားသမီးဟူ၍ ၅ မျိုး ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ ကိုးကားချက် - သိဂါလသုတ် (သိဂါလောဝါဒသုတ်)
ဒါပေမဲ့ မြန်မာ့ထုံးတမ်း ဥပဒေအရတော့
မိဘအမွေကို ဆက်ခံထိုက်သော သားသမီး ၆ မျိုးနဲ့ မိဘအမွေကို မဆက်ခံထိုက်သော သားသမီး ၆ မျိုး ဟူ၍ သားသမီး အမျိုးအစားပေါင်း ၁၂ မျိုးရှိပါတယ်။ သို့သော် ယခုအချိန်တွင် သြရသ၊ ကိတ္တိမ၊ အပတိဌ၊ ပုဗ္ဗက၊ သွာနုတ္တ၊ ကိဠိတ စသည့် ၆ မျိုးကိုသာ အတွေ့များမည်ဖြစ်ပြီး၊ ကျန် ၆မျိုးမှာ သိပ်မတွေ့ရတော့ပေ။ ထိုသားသမီးအမျိုးမျိုးထဲမှ သြရသ ဖြစ်ရန်လိုအပ်သောအချက်များကို ရှင်းပြချင်ပါတယ်။ သြရသဖြစ်ရန် လိုအပ်ချက်တွေကတော့
၁။ တရားဝင်သားသမီး ဖြစ်ရမယ်။
၂။ သားရင်းသမီးရင်း ဖြစ်ရမယ်။
၃။ သားဖြစ်လျှင် အဖ မကွယ်လွန်မီ၊ သမီးဖြစ်လျှင် အမိ မကွယ်လွန်မီ အသက် ၁၈ နှစ်ပြည့်ရမယ်။
၄။ ၁၈ နှစ်ပြည့်ချိန်၌ သားသမီးများတွင် အကြီးဆုံးဖြစ်ရမယ်။ သားဖြစ်လျှင် အဖ၊ သမီးဖြစ်လျှင် အမိ၏ တာဝန်ဝတ္တရားများကို ကူညီဆောင်ရွက်နိုင်စွမ်း ရှိရမယ်။ ဥပမာ - ရူးသွပ်သူများ မဖြစ်စေရ။
၅။ သားဖြစ်လျှင် အဖ၏ ပစ္စည်းဥစ္စာ ရှာဖွေရေး၊ သမီးဖြစ်လျှင် အမိ၏ အိမ်ထောင်ရေး ဝတ္တရားများကို ကူညီလုပ်ကိုင် ဆောင်ရွက်ရမယ်။
သြရသ၏ အခွင့်အရေးများကို ထပ်မံ ဖော်ပြပေးပါမယ်။
A&D Myanmar Legal Services

ကြိုက်တဲ့ရုံးမှာ ရှင်းမယ်°•°•°•°•°•°•°•°•°•°•°•°•°•°•အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုများကို ဖြေရှင်းရာတွင် မကျေနပ်သူသည်...
22/04/2025

ကြိုက်တဲ့ရုံးမှာ ရှင်းမယ်
°•°•°•°•°•°•°•°•°•°•°•°•°•°•
အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုများကို ဖြေရှင်းရာတွင် မကျေနပ်သူသည် ကိုယ်တိုင်ဖြစ်စေ၊ တရားဝင်လွှဲအပ်ထားသော ကိုယ်စားလှယ်ဖြင့်ဖြစ်စေ အလုပ်သမားရုံးရှိ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တွင် ဖြေရှင်းနိုင်သလို၊ သက်ဆိုင်ရာဦးစီးဌာနများ သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသော တရားရုံးများတွင်လည်း ဖြေရှင်းနိုင်ပါသည်။
A&D Myanmar Legal Services

ခွင့်ပြုချက်နဲ့ ထားသင့်တယ်°•°•°•°•°•°•°•°•°•°•°•°•°•°•°•အိမ်တွေ၊ မြေတွေ တန်ဖိုးကြီးမြင့်လာတဲ့အခါ ပိုင်ရှင်ဖြစ်သူတွေက ကို...
20/04/2025

ခွင့်ပြုချက်နဲ့ ထားသင့်တယ်
°•°•°•°•°•°•°•°•°•°•°•°•°•°•°•
အိမ်တွေ၊ မြေတွေ တန်ဖိုးကြီးမြင့်လာတဲ့အခါ ပိုင်ရှင်ဖြစ်သူတွေက ကိုယ်တိုင်လည်း မနေနိုင်၊ ဒီအတိုင်းထားရင်လည်း အိမ်က ပျက်စီးမှာ၊ မြေက သူများ ကျူးကျော်မှာ၊ အခြားသူကို ထားရင်လည်း ဖယ်မပေးမှာ ကြောက်ရ ဆိုပြီး ပစ္စည်းရှိ ဒုက္ခတွေ ကြုံတွေ့ကြရတယ်။ ဒီလိုမဖြစ်အောင် ကိုယ်ပိုင်တဲ့ အိမ်၊ မြေ ပေါ်မှာ အခြားသူကို အခမဲ့ခွင့်ပြုချက်နဲ့ ထားသင့်တယ်။ ဒါတောင် လျှပ်စစ်မီတာခတွေ၊ စည်သာသာယာအခွန်တွေ သူဆောင်ထားရလို့ မဆင်းတော့ပါဘူး၊ ဖယ်မပေးတော့ပါဘူး ဆိုပြီး ဖြစ်လာတဲ့အခါ၊ ဒီလိုမျိုး ပေးဆောင်ရုံနဲ့ ပေးဆောင်သူရဲ့ အပိုင်ဖြစ်သွားသလားဆိုရင်
အခွင့်အမိန့်အရ နေထိုင်သူသည် ခွင့်ပြုချက်အရ နေထိုင်စဉ် လျှပ်စစ်မီတာ အခွန်အခ၊ စည်ပင် သာယာ အခွန်အခများကို ပေးဆောင်ရုံမျှဖြင့် အခွင့်အမိန့်အရ နေထိုင်သည့် ဥပစာတွင် အကျိုးခံစားခွင့် ရရှိမည် မဟုတ်ပေ။ အကျိုးခံစားခွင့် မရှိပါက အခွင့်အမိန့်အရ နေထိုင်သူအဖြစ်မှ ပြောင်းလဲသွားရန် အကြောင်းမရှိချေ။
အခွင့်အမိန့်အရ နေထိုင်သူသည် ခွင့်ပြုချက်အရ နေထိုင်သည့် ပစ္စည်းတွင် အကျိုးသက်ဆိုင်ခွင့် မရှိသဖြင့် ခွင့်ပြုသူက ကြည်ဖြူသရွေ့သာ ထိုပစ္စည်းပေါ်၌ နေထိုင်ခွင့်ရှိသည်။ ခွင့်ပြုသူသည် ၎င်း၏ ခွင့်ပြုချက်ကို အချိန်မရွေး ရပ်စဲနိုင်သည်။ ယင်းသို့ ရပ်စဲလိုက်လျှင် အခွင့်အမိန့်အရ နေထိုင်သူသည် ခွင့်ပြုချက်အရ နေထိုင်သည့် ပစ္စည်းပေါ်မှ ထွက်ခွာပေးရမည်ဖြစ်သည်။
A&D Myanmar Legal Services

သုတ်ပိုးမတွေ့ရှိလျှင် တရားခံတွင် အပြစ်ရှိ/မရှိ°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•ပန်းကလေး ကြွေကျသွားတယ်၊ ကေ...
19/04/2025

သုတ်ပိုးမတွေ့ရှိလျှင် တရားခံတွင် အပြစ်ရှိ/မရှိ
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
ပန်းကလေး ကြွေကျသွားတယ်၊ ကော်ဖီဖန်ခွက်လေး ကွဲသွားတယ်၊ ဒါဆိုရင် ကောင်မလေးက မုဒိန်း အကျင့်ခံလိုက်ရပြီ ဆိုတာ သေချာပြီပေါ့။ တကယ့်အပြင်မှာ ရုပ်ရှင်ထဲကလောက် မရိုးရှင်း။ အမှုပေါ်ပေါက်လာရင် ပတ်သက်ဆက်နွယ်မှုတွေ၊ အချိန်အခါနဲ့ အခြေအနေ အကြောင်းတရားတွေ ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ မုဒိန်းမှု ကျူးလွန်ခြင်း ရှိမရှိ ဆုံးဖြတ်ရာမှာ မုဒိန်းမှုတွေမှာ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ သုတ်ပိုးကို ဓာတုဗေဒနည်းလမ်း အသုံးပြုပြီး စစ်ဆေးတာလည်း တစ်ခုအပါအဝင်ဖြစ်တယ်။ ဒါပေမဲ့
မုဒိမ်းမှုများတွင် သုတ်ပိုးမတွေ့ရကြောင်း ဓာတုဗေဒဝန်က ပြန်ကြားလာသော်လည်း သက်သေများ၏ ထွက်ဆိုချက်နှင့် သက်သေခံပစ္စည်း အထောက်အထားများက ထိုပြစ်မှုကို ကျူးလွန်နေကြောင်း ညွှန်ပြနေလျှင် သုတ်ပိုးမတွေ့ရကြောင်း ဓာတုဗေဒဝန်က ပြန်ကြားခဲ့သော်လည်း ယင်းပြန်ကြားချက်မှာ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်ကို လွှမ်းမိုးနိုင်မည် မဟုတ်ပေ။ ပါရဂူ၏ ထင်မြင်ချက်ကို အလေးပေး၍ စဉ်းစားရမည်မှာ မှန်သော်လည်း မျက်မြင်သက်သေတို့၏ အမှန်တကယ် မြင်တွေ့ခဲ့ရသော ဖြစ်ရပ်မှန်ကို လွှမ်းမိုးခြင်း မပြုနိုင်ပေ။ မျက်မြင်သက်သေများ၏ ထွက်ချက်မှာ စိတ်ချယုံကြည်ရပါက ပါရဂူ၏ ထင်မြင်ချက်အား ပယ်ရမည်သာဖြစ်သည်။
A&D Myanmar Legal Services

အားပေးဖော်တော့ မဖြစ်ဘူး°•°•°•°•°•°•°•°•°•°•°•°•°•°•မှုခင်းတွေမှာ များသောအားဖြင့် ဘေးက အဖော်ဖြစ်သူကို အားပေးကူညီသူအဖြစ် တ...
18/04/2025

အားပေးဖော်တော့ မဖြစ်ဘူး
°•°•°•°•°•°•°•°•°•°•°•°•°•°•
မှုခင်းတွေမှာ များသောအားဖြင့် ဘေးက အဖော်ဖြစ်သူကို အားပေးကူညီသူအဖြစ် တရားစွဲခံရတယ်။ လူသတ်မှု ဖြစ်ဖြစ်၊ ခိုးမှုဖြစ်ဖြစ် အဖော်ပါတဲ့သူပါ တရားစွဲဆိုခြင်း ခံရပါတယ်။ ကုန်ကုန်ပြောရရင် ဖဲဝိုင်းဖမ်းတဲ့အခါ ကိုယ်က ဝင်မရိုက်ပေမဲ့ အခင်းဖြစ်ပွားရာ နေရာမှာ ရှိလို့ကတော့ တရားစွဲ ခံရပြီသာမှတ်။ ဒါပေမဲ့ သူငယ်ချင်းတွေ အရက် အတူသောက်ပြီး သူငယ်ချင်းတစ်ယောက်က ကားမောင်းတယ်။ ယာဉ်တိုက်မှု ဖြစ်တယ်။ မူးနေတဲ့ ကိုယ်ကလည်း ကားပေါ်မှာ ပါတယ်။ ကိုယ့်အနေနဲ့ ယာဉ်တိုက်မှုမှာ ထိုပြစ်မှုကို ကျူးလွန်ရန် အားပေးကူညီသူအဖြစ် တရားစွဲခံရနိုင်လား။ ဥပဒေအရတော့
ကားမောင်းသမားတစ်ဦး မဆင်မချင်မောင်းနှင်မှုကြောင့် လူတစ်ဦး သေဆုံးသွားသည်ရှိသော် ထိုကားမောင်းသမားသည် ကားကို မဆင်မချင်မောင်းနှင်မှုအတွက် တရားစွဲဆို ခံရမည်ဖြစ်ပြီး ထိုက်သင့်သည့် အပြစ်ဒဏ်လည်း ခံရမည်ဖြစ်သည်။ သို့သော် ထိုယာဉ်တိုက်မှု ဖြစ်ပွားသော ကားပေါ်တွင် ပါလာသော ကားမောင်းသမား၏ မိတ်ဆွေသူငယ်ချင်းများသော်လည်းကောင်း၊ ခရီးသည်များအားလည်းကောင်း တရားစွဲဆို၍ မရပါ။
A&D Myanmar Legal Services

Address

No. 130, Yuzana Hotel 4th Fl. , Room No./429, CoCoRo (STARTS) Services Offices, Shwe Gone Daing Road , Bahan Tsp
Yangon

Alerts

Be the first to know and let us send you an email when A&D Myanmar Legal Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share