ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း Real Estate Lawyer

ဆီ တစ်လီတာ မနေ့ကဈေးမနေ့က စုံရက်ဆိုတော့ အလုပ်ကိစ္စနဲ့ မထွက်ခင် ဆီဝင်ထည့်ဖို့ တန်းစီလိုက်တာ တစ်မနက်ကုန်ကော..ကွယ်..။
21/03/2026

ဆီ တစ်လီတာ မနေ့ကဈေး

မနေ့က စုံရက်ဆိုတော့ အလုပ်ကိစ္စနဲ့ မထွက်ခင် ဆီဝင်ထည့်ဖို့ တန်းစီလိုက်တာ တစ်မနက်ကုန်ကော..ကွယ်..။

ဘိုးဘပိုင်မြေ (အမည်မပြောင်းရသေးတဲ့မြေ) ဝယ်ယူမယ်ဆိုရင်တော့ =========================================ဆရာရေ အင်းစိန်မြို့နယ...
19/03/2026

ဘိုးဘပိုင်မြေ (အမည်မပြောင်းရသေးတဲ့မြေ) ဝယ်ယူမယ်ဆိုရင်တော့
=========================================

ဆရာရေ အင်းစိန်မြို့နယ်မှာ ဘိုးဘပိုင်မြေလို့ပြောတာပဲ၊ အဲ့ အိမ်ဝန်ခြံလေးဝယ် ယူဖို့ပါ၊ဝယ်ယူပြီတော့လည်းအမည်ပေါက်ပြောင်းလို့ရပါသလား။

ဘိုးဘပိုင်မြေဆိုရင်တော့ အမည်ပေါက်က ဘယ်သူလဲ၊ ဘာစာရွက်စာတမ်းတွေရှိလဲပေါ့မေးကြည့်ရာဝယ်... မှတ်ပုံမတင်ထားသည့် (အရပ်)အရောင်းအဝယ်စာချုပ် အဆက်အစပ်တွေပဲ ရှိပါတယ်ဆရာ။

အမည်ပေါက်ပြောင်းလို့ရလားဆိုသည့် မေးခွန်းနဲ့ပတ်သက်လို့
---------------------------------------------------------------------------------
အမည်ပေါက်ပြောင်းလို့တော့ရပါတယ်၊
လုပ်ငန်းစဥ်ကတော့ နည်းနည်းရှုပ်ပြီးအချိန်ပို၍ ပေးရပါမယ်။
အခွန်တွေဆောင်ရန်ငွေအ နည်းငယ်ကုန်ပါမည်။
ဘာမို့လဲဆိုတော့ မူလအမည်ပေါက်ကဘယ်သူလဲ၊ ဘယ်မှာနေတာလဲ၊ သက်ရှိထင်ရှား ရှိသေးလားဆိုပြီး စုံစမ်းရပါမည်။

- သက်ရှိထင်ရှားရှိရင် အမည်ပြောင်း လုပ်ဖို့အ တွက် ၎င်းကဌာနဆိုင်ရာတွင် လိုက်လံဆောင်ရွက်ပေးနိုင်မလား?
- သက်ရှိထင်းရှာမရှိရင် ၎င်း၏အမွေစား၊ အမွေခံများဖြစ်ကြသည့် သားသမီးများက လိုက်လံဆောင်ရွက်ပေးနိုင်မလား?
ညှိနှိုင်းဆောက်ရွက်ပြီးရင်မြေပုံရာဇဝင်ကူး၊အမည်ပေါက်ပြောင်းလို့ရပါမယ်။
- ဒုတိယနည်းလမ်းကတော့ တရားတစ်ထုံးစွဲဆိုပြီး တရားရုံးအမိန့်၊ ဒီဂရီနဲ့ ပြုလုပ်မလား?
စသည့် အထက်ပါအချက်အလက်တွေကိုအခြေခံပြီးအမည်ပေါက်ပြောင်းရမရလေ့လာစုံစမ်းလို့ရပါတယ်။
မြို့မြေထဲမှာလည်းပါတယ်၊လူနေထိုင်ခွင့်လည်းရှိတယ်၊ဆက်စပ်စာချုပ်လည်းအပြည့်အစုံရှိတယ်၊မူလအမည်ပေါက်တွေလည်းလိုက်ပါကူညီဆောင်ရွက်ပေးတယ် / တရားရုံးအနိုင်ဒီဂရီလည်းရှိတယ်ဆို အမည်ပေါက်ပြောင်းလို့ရပါတယ်။

🗣️ဟုတ်ကဲ့ဆရာရယ် စိတ်ရှည်ရှည်နဲ့ရှင်းပြပေးလို့ ကျေးဇူပါ။

ဘိုးဘပိုင်မြေနဲ့ပတ်သတ်၍ အနည်းငယ်ဖော်ပြပေးပါရစေ။
------------------------------------------------------------------------------
၁၈၈၅ ခုနှစ်တွင် အထက်မြန်မာနိုင်ငံကို အဂ်လိပ်တို့ သိမ်းပိုက်ပြီးနောက် ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဥ်းဥပဒေအရ မြန်မာမင်းများလက်ထက်ကမင်းညီ၊မင်းသား၊ မှူးကြီးမတ်ကြီးများနှင့် မင်းမှုထမ်းများကို ပေး ကမ်းခဲ့သော မြေများအတွက် ပိုင်ဆိုင်မှုကို ဆက်လက်အသိအမှတ်ပြုသည့်အ ပြင်၊ အဘိုးအဘလက်ထက်ကပင် ဓါးမဦးချလုပ်ကိုင်ပြီး ပိုင်ဆိုင်မှုရှိခဲ့ကြသော မြေများကို ဘိုးဘပိုင်မြေ (Bobabaing Land) ဟုခေါ်ဆိုပြီး ဘိုးဘပိုင်မြေနှင့် လက်ဝယ်ထားရှိပိုင်ခွင့်ရှိသောမြေ (Land of Holder) ကို အသုံးပြုခွင့်ရသူတို့သည် မြေရှင်အခွင့်အရေး ရရှိကြပါသည်။ ဘိုးဘပိုင်မြေ၊ လက်ဝယ်ထားရှိပိုင်ခွင့်မြေ၊ မြေပိုင်မြေနှင့် အပိုင်ဂရန်မြေတို့ကို မြို့မြေ ပုံများပေါ်တွင်အပြာရင့်ရောင်ဖြင့်အနားသတ်ရေးဆွဲမှတ်သား သည်။

မြန်မာနိုင်ငံမြေစာရင်းလက်စွဲ၊ အပိုဒ် ၈၁၂။
(ဆရာဦးကျော်မြင့်စာအုပ်မှ ကောက်နုတ်ချက်)

‐----------------------------------------------------------------------------------------------------------

#ဘိုးဘပိုင်မြေအမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ
၁။ ဘိုးဘပိုင်မြေများကို အမည်ပြောင်းလျှောက်ထားလာပါက အောက်ဖော်ပြပါ အတိုင်း အမျိုးအစားများခွဲခြား၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်−
(၁)အမည်ပြောင်း၊(၂)ဦးပိုင်ခွဲအမည်ပြောင်း(ဦးပိုင်တစ်ခုကို ခွဲစိတ်၍ အမည်ပြောင်းလျှောက် ထားခြင်း)(၃)အမည်ဖြည့်စွက်ခြင်း(မူလအမည်ပေါ်က်အပြင် နောက်ထပ်တစ်ဦး၊ နှစ်ဦးအမည်ဖြင့် အမည်ထပ်မံဖြည့်စွက်လျှောက်ထားခြင်း)(၄)အမည်ပယ်ဖျက်ခြင်း(မူလနှစ်ဦး၊ သုံးဦးအမည်ပေါက်မှ တစ်ဦးဦးအား ပယ်ဖျက်ပေးရန် လျှောင်ထားခြင်း)။

၂။ ဘိုးဘပိုင်မြေအမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာချုပ် စာတမ်းများနှင့် အထောက်အထားများ လိုအပ်ပါသည်-
(၁)လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူမှန်၊(၂)မြေပုံ၊ မြေရာဇဝင်မူရင်း၊(၃)အမွေဆက်ခံခြင်းဖြစ်ပါက အဆင့်ဆင့်အမွေဆက်ခံမှုစာချုပ်စာတမ်း မိတ္တူ၊(၄)အရောင်းအဝယ်ဖြစ်ပါက အဆင့်ဆင့်အရောင်းအဝယ်ပြုလုပ်သည့် မှတ်ပုံတင် စာချုပ်မိတ္တူမှန်၊(၅)အပေး၊ စွန့်လွှတ်၊ အမည်ပြောင်းဖြစ်ပါက မှတ်ပုံတင်ပေးကမ်း စွန့်လွှတ် စာချုပ်မိတ္တူမှန်၊(၆)တရားရုံးဒဂရီ(သို့မဟုတ်) တရားမပုံစံ(၁၀၆) (တရားရုံးမှအမည်ပြောင်း ပေးရန်အကြောင်းကြားစာ)(၇)အမည်ပေါက်သေဆုံးပါက သေစာရင်းမိတ္တူမှန်၊(၈)အိမ်ထောင်စုဇယား မိတ္တူမှန်၊(၉)အဆောက်အဦဓါတ်ပုံ၊(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်။
၃။ အထက်ဖော်ပြပါအထောက်အထားများဖြင့် အမှုတွဲတည်ဆောက်ပြီး သ တင်းစာ ကြော်ငြာ၍ ကန့်ကွက်မှုမရှိ၊ အရှုပ်အရှင်းမရှိပါက (၁)လအတွင်း အမည်ပေါက် ဆောင်ရွက် ပေးနိုင်ပါသည်။

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09986252417

စာချုပ်ချုပ်မည်ဆိုလျှင် စာမျက်နှာတိုင်း လက်မှတ်မထိုးခဲ့သည့် ကိစ္စ===========================================အရောင်းအဝယ်စ...
17/03/2026

စာချုပ်ချုပ်မည်ဆိုလျှင် စာမျက်နှာတိုင်း လက်မှတ်မထိုးခဲ့သည့် ကိစ္စ
===========================================

အရောင်းအဝယ်စာချုပ် ပေါင်နှံခြင်းစာချုပ် ငွေချေးကတိစာချုပ် ငှားရမ်းခြင်းစာချုပ် စသည်ဖြင့် မည်သည့် သဘောတူစာချုပ် ချုပ်ချုပ် စာချုပ်၏ စာမျက် နှာတိုင်းတွင် နှစ်ဦးနှစ်ဘက် လက်မှတ်များ ရေးထိုးထား ကြရန် လိုအပ်မည်ဟု ထင်ပါသည်။

ရေစစ္စရီမှတ်ပုံတင်ရုံးတွင် ပြုလုပ်ချုပ်ဆိုသော စာချုပ်များတွင် အငြင်းပွားပြ ဿနာမရှိလှသော်လည်း အရပ် ဘက်ချုပ်ဆိုသော သဘောတူ ကတိစာချုပ်များတွင်မှု အငြင်းပွားပြဿနာများ မကြာခဏ ပေါ်ပေါက်လေ့ ပေါ်ပေါက်ထရှိပါ သည်။

စာချုပ်၏ စာမျက်နှာတိုင်းတွင် လက်မှတ်ရေးထိုးထားခြင်းမရှိသဖြင့် ပေါ်ပေါက်လာသော အငြင်းပွားပြဿနာ မျိုးမှာ ထိုသို့ ဖြစ်ပါသည်။

ဥပမာ- အိမ်ခန်းငှားရမ်းခြင်း ကတိစာချုပ်တစ်ရပ် ပြုလုပ်ချုပ်ဆိုကြရာတွင် စာ ချုပ်နှစ်စုံ ရိုက်နှိပ်၍ တစ်ဖက် တစ်စုံစီ ရယူထားလေ့ရှိသည်ကို သိကြမည်ဖြစ် သည်။

အဆိုပါ ငှားရမ်းခြင်းစာချုပ်တွင် အိမ်ရှင် လိုက်နာရမည့် အချက်များ အိမ်ငှားလိုက်နာရမည့် အချက်များပါဝင် ကောင်း ပါဝင်နိုင်ပါသည်။ သဘောတူ ကတိပြုချက်များ စည်းကမ်းချက်များ ထည့်သွင်းရေးသား ချုပ်ဆိုထား သည် ဖြစ်သောကြောင့် စာချုပ်သည် စာမျက်နှာ တစ်မျက်နှာသာမက နှစ်မျက်နှာ သုံးမျက်နှာ အထိလည်း ရှိနိုင်ပါသည်။

စာချုပ်တွင် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးကြရာတွင် များသောအားဖြင့် စာချုပ်ချုပ်သူများ လက်မှတ်ရေး ထိုး တတ်ကြသည်မှာ စာချုပ်၏ နောက်ဆုံးစာမျက်နှာ စာချုပ်၏ နောက်ဆုံး စာပိုဒ်အောက်ရှိ( အိမ်ရှင်) (အိမ် ငှား) စသည် ဖြင့် ရည်ညွှန်းအမည်နေရာတွင်သာ ကာယကံရှင်များ လက်မှတ်ရေးထိုးလေ့ရှိပါသည်။

ပထမ စာမျက်နှာတွင်လည်းကောင်း ဒုတိယစာမျက်နှာတွင်လည်းကောင်း ကာ ယကံရှင်များ လက်မှတ်မပါရှိဘဲ လက်နှိပ်စက်ဖြင့် ရိုက်နှိပ်ထားသော (သို့) လက် ရေးဖြင့် ရေးသားထားသော စာသက်သက်အဖြစ်သာ ရှိနေပါသည်။

ဤတွင် အိမ်ရှင် သို့မဟုတ် အိမ်ငှား တစ်ဖက်ဖက်လိုက်နာရမည့် အချက်များ သည် စာမျက်နှာ တစ်တွင် လည်း ကောင်း ၊ နှစ်တွင်လည်းကောင်း ပါရှိကောင်း ပါရှိနေမည် ဖြစ်ပါသည်။ သို့မဟုတ် စာချုပ်၏ အရေးကြီးသော အပိုင်းများ အဓိကကျသော အချက်များ တစ်ဖက်ဖက်က ပျက်ကွက်ပါက အခြားတစ်ဖက်က ခံစားခွင့်ရှိသည့် အခွင့်အရေးများ စသည်တို့သည် စာမျက်နှာ တစ်တွင် လည်းကောင်း စာမျက်နှာ နှစ်တွင် လည်းကောင်းပါရှိ ကောင်း ပါရှိနေမည် ဖြစ်သည်။

ထိုသို့ ပါရှိသည့် သဘောတူညီချက်များ စည်းကမ်းချက်များ လိုက်နာရမည် အချက်များ ခံစားခွင့်ရှိသည့် အချက် များကို တစ်ဖက်ဖက်က အလွယ်တကူ ပြင်ဆင်နိုင်မည့် အနေအထားဖြစ်သည်။ အချို့သော မသမာသူတို့သည် ပထမ စာမျက်နှာနှင့် ဒုတိယ စာမျက်နှာများကိုပင် မိမိစိတ်တိုင်းကျ လက်ရေးတူ အမျိုးတူလက်ရေး လက်နှိပ် စက်ဖြင့် ပြန်လည် ရေးသားရိုက်နှိပ်၍ တတိယစာမျက်နှာနှင့် အဆက်အစပ်ပြုကာ စာချုပ်၏ အတွင်းသရုပ်များ ကိုပင် ပြောင်းလဲသွားအောင် ပြုလုပ်တတ်ကြပါသည်။
ဤသို့ဖြင့် စာချုပ်မှန် ကိုင်ထားသူကိုပင် မတရား ပြင်ဆင်ရေးသားသူ ဟူ၍ “မသမာသူ သူခိုးက လူသူဟစ်” ဆိုသလို တစ်ဖန် ပြန်၍ စွပ်စွဲသည် အထိဖြစ်လာတတ်ပါသည်။

ဤအချက်ကို ကာကွယ်ရန်မှာ သဘောတူစာချုပ်၏ စာမျက်နှာတိုင်း၏ အောက်ချေနေရာတွင် လည်းကောင်း၊ နံဘေးနေရာ လွတ်တွင်လည်းကောင်း ကာယကံ ရှင် နှစ်ဦးနှစ်ဘက်စလုံး သက်သေများနှင့်အတူ လက်မှတ်ရေး ထိုး ထားကြရန်သာ ရှိပါသည်။

(စာညွှန်း- ဦးကျော်ဇေယျ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်နှင့်ရှောင်ရန်များ ၊ စာ- ၇ ) ။

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417

Dinner❤️ ချောင်းသာရောက်တိုင်း ကလေးကော လူကြီးကော  @422 Restaurant ဆိုင်ဝင်မှကို ကျေနပ်မိ
16/03/2026

Dinner❤️

ချောင်းသာရောက်တိုင်း ကလေးကော လူကြီးကော @422 Restaurant ဆိုင်
ဝင်မှကို ကျေနပ်မိ

ရုံးတွင်းမိန့်=======ဂရန်အမည်ပေါက်ပြောင်းရန်အတွက် အရောင်းမြေပုံ၊ ပိုင်ဆိုင်မြေပုံ စသည့်ရေးကူးကြရာတွင် အချို့ ဂရန်များသည်...
11/03/2026

ရုံးတွင်းမိန့်
=======

ဂရန်အမည်ပေါက်ပြောင်းရန်အတွက် အရောင်းမြေပုံ၊ ပိုင်ဆိုင်မြေပုံ စသည့်ရေးကူးကြရာတွင် အချို့ ဂရန်များသည် ရုံးတွင်းမိန့်များ ပါလာတတ်ကြပေသည်။

ရုံးတွင်းမိန့်ပါလာပါက မြေပုံရေးကူးရာတွင် အချိန်ပိုကြာပြီး ငွေပါပို၍ကုန်ပါ
လိမ့်မည်။

ရုံးတွင်းမိန့်ဆောင်ရွက်ရခြင်းဆိုတာ ဂရန်ထုတ်ပေးခဲ့စဥ်က---

- အမည်မှားယွင်းခဲ့ခြင်း (ဦးစန်း- ဦးဆန်း)
- မှတ်ပုံတင်အမှတ်လွဲမှားခြင်း/ ယခင် သုံးခေါက်ချိုးမှတ်ပုံတင်အမှတ်
- ရုံးတွင်းမှာ စာရင်းလွဲမှားစွာ မှားယွင်းမှတ်တမ်းတင်သွင်းထားခြင်း
- ဂရန်မှာအလားလားနှင့် မြေပြင်အလားလား မှားယွင်းနေခြင်း
- အစရှိသည့် အမှားလွဲမှားစွာ....

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417

CEIR ဆိုတဲ့ စနစ်အတွက် စစ်ဆေးဖို့လမ်းညွှန်။____________________________________လုပ်ရမယ့်အဆင့်တွေက1️⃣ ကိုယ့်ဖုန်းထဲကနေ * #...
06/03/2026

CEIR ဆိုတဲ့ စနစ်အတွက် စစ်ဆေးဖို့လမ်းညွှန်။
____________________________________
လုပ်ရမယ့်အဆင့်တွေက

1️⃣ ကိုယ့်ဖုန်းထဲကနေ * #06 # ကို နှိပ်လိုက်
မှာ IMEI Number & Bar Code ကျလာမယ်
အဲ့ဒါကို Screenshot ယူထားပါ။

2️⃣ ပြီးရင် www.ceir.gov.mm ထဲ ဝင်ပီး Check IMEI status ထဲဝင်ပီး ကိုယ့် IMEI number ကို စစ်ပါ။

3️⃣ ပအချက် ၃ ချက်မှာ အမှန်ခြစ်ဖြစ်နေရင် ရပါပြီ။

- IMEI status မှာ Correct လို့ ပေါ်ရမယ်
- Tax Payment Status မှာ Paid လို့ ပေါ်ရမယ်
- Device Blocking Status မှာ Allowed လို့ ပေါ်ရပါမယ်

CREDIT Gems & Jewelry

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

09 986 252 417

04/03/2026

ဂေါ်ဖာနဲ့ ဂျင်သမား တွေ့သောအခါဝယ်🥰

နေပြည်တော် မြေကွက်စျေး ကိုအကြမ်းဖျဥ်း လေ့လာချင်ရင် ဒက္ခိဏဘက်က လာမယ်ဆိုရင်ရန် - မန်း အမြန်လမ်း အဆင်းကနေအရှေ့လှည့်ပြီး W ပ...
04/03/2026

နေပြည်တော် မြေကွက်စျေး ကို
အကြမ်းဖျဥ်း လေ့လာချင်ရင်

ဒက္ခိဏဘက်က လာမယ်ဆိုရင်
ရန် - မန်း အမြန်လမ်း အဆင်းကနေ
အရှေ့လှည့်ပြီး W ပုံ စိတ်မျဥ်းဆွဲလိုက်

W ပုံစံရဲ့ ဘယ်ဘက် V တစ်ခြမ်းက
ဟိုတယ်ဇုံ ၁ နဲ့ Shopping စင်တာတွေ
လယ်ယာမြေတွေ နဲ့ ရွာမြေတွေ

ညာဘက် V တစ်ခြမ်းက
ဒက္ခိဏ မြေကွက်၊ စက်မှုဇုံ နဲ့လယ်ဝေးမြို့
၈၀ ပတ်လည်ကို သိန်း ၄၅၀၀ ဝန်းကျင်
စက်မှုဇုံက ၁ ဧက စျေးနှုန်း သတ်မှတ်တာ
ရှိတယ်။ (စည်ပင်မှာ)

ဇမ္ဗူသီရိရောက်ရင်
သပြေကုန်း မြင်းစီးကြေးရုပ်
ဦးခေါင်းကနေ နေထွက်ရာဘက်
´´ Y ´´ ပုံစံ စိတ်ကူးနဲ့ သတ်မှတ်လိုက်

Y ခွကြား V ပုံစံထဲက
သပြေကုန်း ရွှေကြာပင် ၆၀ ပတ်လည်
သိန်း ၄၅၀၀ အထက် ရှိတယ်။
ဧရာဝတီလမ်းဝန်းကျင် အထူးကွက်တွေက
၁၀၀၀၀ အထက်မှာ ရှိတယ်။
ထန်းတစ်ပင်နဲ့ ကျောက်မျက်ဇုံ
၁၀၀ ပတ်လည်တွေက စျေးနှုန်မြင့်တယ်။

Y ပုံစံ ညာဘက် ဘေးကပ်ရက်က
ဟိုတယ်ဇုံတွေ စျေးကြီးတယ်။

Y ပုံစံ ဘယ်ဘက်ဘေးက
ဝန်ကြီးဌာနတွေနဲ့ ဥတ္တရသီရိ မြေကွက်
၁၀၀ ပတ်လည် သိန်း ၉၀၀၀ အထက်မှာရှိ။

Y အမြီးပိုင်း တစ်လျှောက်
ဘေးဘယ်ညာက ဝန်ထမ်းအိမ်ရာနဲ့
မြို့မစျေးဖြစ်လို့ မြေကွက် မရှိဘူး။
သုခတော်ဝင်အိမ်ရာ တိုက်ခန်းရှိတယ်။
အလွှာအလိုက် စျေးရှိတယ်။

ဥတ္တရဘက်ဆို
ကြာပန်းအဝိုင်း ရှားပင်ကုန်းကနေ
မြောက်ဘက်လှည့်ပြီး U ပုံစံ စိတ်ထဲ ဆွဲလိုက်

U ဘယ်ဘက်အခြမ်းက ဝန်ကြီးဌာနတွေ
U ညာဘက်အခြမ်းက ယာမြေနဲ့
ဥပ္ပါတသန္တိဘုရား ရေပြာ ရွာမြေ
U အတွင်းဘက်က ရာဇသင်္ဂဟလမ်းမကြီး
ဘေးဘယ်ညာ အိမ်ရာတွေ
စျေးကြီးတယ်။

ပုပ္ဗသီရိမြေကွက်စျေး သိချင်ရင်
နပတ ဘူတာကြီးကနေ
မြောက်ဘက် မျက်နှာမူပြီး
V ပုံစံ စိတ်ထဲက ရေးလိုက်

V အတွင်းထဲက မြေကွက်တွေချည်းပဲ
အလွတ်ဆို ၂၅၀၀ ကနေ
သိန်း ၆၅၀၀ အထိ ရှိတယ်။

V ဘယ်ဘက်ခြမ်းက ဟိုတယ်ဇုံ ၂
V ညာဘက်ခြမ်းက လယ်မြေနဲ့
ရန် - မန်း လမ်းဟောင်း

ပုဗ္ဗသီရိမှာ အရပ်ပုဗ္ဗမြေက စျေးကြီးတယ်
၄၀ × ၆၀ ကို သိန်း ၂၀၀၀ အထက်
တပ်ပုဗ္ဗမြေကွက်က ၄၀ × ၆၀ ကို
သိန်း ၁၀၀၀ အထက်
၆၀ × ၈၀ နဲ့ ၈၀ × ၈၀ ဆို ၃ ဆ နဲ့ မြှောက်

ပျဥ်းမနားမြေကွက် သိချင်ရင်
ပြန်ကပြေးအဝိုင်းကနေ
အရှေ့လှည့်ပြီး M ပုံစံ စိတ်ထဲကဆွဲ

ဘယ်ဘက် M တစ်ခြမ်းက
ဥပ္ပါတသန္တိ နဲ့ ချစ်သူလမ်းကြားဘေး
လယ်မြေနဲ့ ကိုးရွာသပြေကုန်းအခြမ်း

ညာဘက် M တစ်ခြမ်းက
အလျင်လို နဲ့ ရန်မန်းလမ်းဟောင်း
မြေစျေးချိုတယ် ရွာမြေပေါတယ်။

M အလည်အခွက် V Shape ထဲက
ပျဥ်းမနားမြို့နဲ့ ဘောဂသီရိကားဝန်း
စျေးအသင့်အသင့် ရှိတယ်။
ရာဇဌာနီလမ်း ဘေးဘယ်ညာက
စျေးကြီးတယ်။

ရန်မန်းလမ်းဟောင်းနဲ့ ရွာမြေ
ကင်ပွန်တန်းစျေးတစ်ဝိုက်က
စျေးမဆိုးဘူး။

အခုပြောတာက မြေကွက်အလွတ်
စျေးနှုန်းတွေကို ချိန်ထိုးပြတာပါ။

ကိုယ့်ဘာသာ အင်္ဂလိပ်အက္ခရာ
သင်္ကေတနဲ့ စိတ်မျဥ်းဆွဲပြီး မှတ်ထားတာပါ

အဲဒါလာပြောတာ 😍

Crd-TheinWinOo
ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417

မတ်လ ၇ ရက်နေ့မှစ၍ စက်သုံးဆီ ချွေတာရေးအတွက် စတင်အသက်ဝင်..
03/03/2026

မတ်လ ၇ ရက်နေ့မှစ၍ စက်သုံးဆီ ချွေတာရေးအတွက် စတင်အသက်ဝင်..

တနလာ်နေ့ အလုပ်မလုပ်နဲ့ အရောင်းအဝယ်ကိစ္စဆိုရင် ပွဲပျက်တယ်လို့ ဆိုရိုးစ ကားတွေရှိကြတယ်...သို့သော်.. ဒီနေ့ Moday မှာ ၃ ပွဲ ...
02/03/2026

တနလာ်နေ့ အလုပ်မလုပ်နဲ့ အရောင်းအဝယ်ကိစ္စဆိုရင် ပွဲပျက်တယ်လို့ ဆိုရိုးစ ကားတွေရှိကြတယ်...

သို့သော်.. ဒီနေ့ Moday မှာ ၃ ပွဲ ဆောင်ရွက်ပေးဖြစ်ပါတယ်။

 #ကျင့် ၄၀၁ (၁) ယနေ့ အကျဉ်းသား၊ အကျဉ်းသူ ၂၈၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ထဲမှာ---ကျနော် အမူလိုက်ပြီးဆောင်...
02/03/2026

#ကျင့် ၄၀၁ (၁)

ယနေ့ အကျဉ်းသား၊ အကျဉ်းသူ ၂၈၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ထဲမှာ---

ကျနော် အမူလိုက်ပြီးဆောင်ရွက်ပေးခဲ့တဲ့ [ #၅၀ (ည) နဲ့ ထောင်ကျခံရသူ] တစ်ဦး လွတ်ငြိမ်းဖြင့် ပါလာတော့ မိသားစုနှင့် ထပ်တူ အတိုင်းမသိ ဝမ်းသာမိပါကြောင်း...

ဒီနေ့ အလုပ်တွေများနေတယ်.. ကျနော်မိတ်ဆွေဆီက ဖုန်းလာတယ်...... ပထမအကြိမ် မကိုင်ဖြစ်.. ဒုတိယအကြိမ်မှကိုင်လိုက်သောအခါ.

ဆရာရေ ကျမသမီး ထောင်က လွတ်ခဲ့ပါပြီး ဆိုတဲ့ မဂ်လာသတင်းကြားလိုက်ရ သောအခါ ကျနော်မှာ ကားမောင်းရင်းနဲ့ ခေတ္တခဏ ရှော့ဖြစ်ပြီး... အတိုင်းမသိ ကို ဝမ်းသာပါလိုက်တာဗျာ။

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

09 986 252 417

27/02/2026

ဂရန်ခွဲစိတ်ဝယ်ယူမည့်သူများ သတိထားရမည့် အချက်[ ၁ ] ချက်
=========================================

ဂရန်မြေ ခွဲစိတ် ပေ (၄၀×၆၀) မှ ပေ (၂၀×၆၀) ခွဲစိတ်ဝယ်ယူမည့်သူများ-

မိတ်ဆွေတစ်ဦးက ဂရန်ခွဲစိတ်ဝယ်ယူမှာမို့ ဆရာရေ လာရောက်ဆောင်ရွက်ပေးရန် ဖုန်းဆက်လာပါသဖြင့် အရောင်းအဝယ်ပြုလုပ်မည့် ဝင်းမြေဆီသို့ ပုဂံလုံးစီး ၍ အမြန်ဆုံး နှင်းမောင်းလိုက်ပါတော့တယ်။

အဲ့ရောက်တော့ ရောင်းသူ/ဝယ်သူ နှင့် အကျိုးဆောင်များမှ ခရီးစီးကြိုကြကာ စကားစမြည်းလေးတွေပြော၍ စာရွက်စာတမ်းများ စစ်လိုက်ပါတော့တယ်။

ပြသနာက အခုမှစတွေ့တော့တယ် ဂရန်စာရွက်ပေါ်မှာက ပေ (၄၀×၆၀) စတုရန်ပေ (၂၄၀၀) ပေါ့။ သို့သော် မြေပြင်မှာက ပေ (၄၃× ၆၀) ဖြစ်နေပြီး အဲ့ထဲမှ ပေ (၂၀× ၆၀) ခွဲရောင်းပါမည်။ ပိုနေတဲ့ ၃ ပေ သည် BDS ခေါ် လမ်းကြားမြေ (စည် ပင်ပိုင်) မြေဖြစ်နေပါတယ်။ ယင်း ၃ ပေ အပါအဝင် ပေ (၂၃ × ၆၀) ပေါ်မှာ ခိုင် မာတဲ့ အဆောက်အဦ ဆောက်ထားတာ တွေ့ရှိထားပြီး တစ်ခြမ်းဖြစ်သည့် ပေ (၂၀ × ၆၀) အား အရောင်းအဝယ်ပြုလုပ်ကြပါမည်။

စာရွက်စာတမ်းနှင့် ပိုင်ဆိုင်မူကလည်း ကင်းရှင်းပါသော်လည်း အရောင်းအဝယ်တော့ အထ မမြောက်ဖြစ်၊ ပွဲပျက်သွားတယ် ခေါ်ပါတော့။ ဘာကြောင့်လဲ ဆိုတော့------

BDS လမ်းကြားမြေ/ စည်ပင်ပိုင်မြေ ၃ ပေပေါ်မှာ ခိုင်မှာသည့် အဆောက်အဦ ဆောက်လုပ်ထားသဖြင့် မိမိအမည်ပေါက်ရရှိဖို့ရန် ဂရန်ခွဲပြုလုပ်သည့်အချိန်မှာ အရမ်းခက်ခဲသွားပါမည်။

- ယင်း ၃ ပေအား ရောင်းချသူမှ မြေပိုအနေဖြင့် လျှောက်မှာလား။ (သို့မဟုတ်)
- ၃ ပေပေါ်တွင် ဆောက်ထားတဲ့ အဆောက်အဦကို ဖျက်ပေးမှာလား။

အထက်ပါ အချက် ၂ ချက်အား ရောင်းသူက မဆောင်ရွက်ပေးနိုင်ရင် ဂရန်ခွဲစိတ်ပြုလုပ်ရန်အတွက် တိုင်းခွဲ/ ဦးပိုင်ခွဲစိတ်အဆင့်မှာပင် ရပ်စဲနေလိမ့်မည့် ရှေ့ဆက် ရန် အလားအလားမရှိတော့ပါ။

စာဖတ်မိတ်ဆွေများ ကျန်းမာရွှင်လန်းကြပါစေ🙏

🚫Pls Do Not Copy🚫

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

09 986 252 417

#ဂရန်မြေ
#အိမ်ခြံမြေ
#ဂရန်ခွဲစိတ်

Address

Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share