Lawyer Me

Lawyer Me Legal Services
09-423 693 458

7-3-2026 #ယစ်မျိုးဥပဒေ
07/03/2026

7-3-2026
#ယစ်မျိုးဥပဒေ

📢ကုန်စည်များအပေါ်တားမြစ်မိန့် ထုတ်ပြန်ခြင်း📢(က)အီးစီးကရက် (Electronic Smoking Device)(ခ)HeatedSmokingDevice(အပူပေးအငွေ့ရ...
21/02/2026

📢ကုန်စည်များအပေါ်တားမြစ်မိန့် ထုတ်ပြန်ခြင်း📢

(က)အီးစီးကရက် (Electronic Smoking Device)

(ခ)HeatedSmokingDevice(အပူပေးအငွေ့ရှူစက်)

(ဂ)ရှီရှား (Electronic Sh**ha)
စသည့်တို့နှင့် ပတ်သက်သော ဆက်စပ်ပစ္စည်းများကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ သို‌လှောင်ခြင်၊ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်းများပြုလုပ်ပါ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်။

ပဏာမ ငြင်းချက် ထုတ်နုတ်ခြင်း- - - - - - - - - - - - - - - - - - - - - - - - -ဥပဒေသဘော* * * * * * * * *◾ အ​ကြောင်းခြင်းရာ...
12/11/2025

ပဏာမ ငြင်းချက် ထုတ်နုတ်ခြင်း
- - - - - - - - - - - - - - - - - - - - - - - - -

ဥပဒေသဘော
* * * * * * * * *

◾ အ​ကြောင်းခြင်းရာနှင့်စပ်လျဥ်း၍ဖြစ်​စေ၊ဥပ​ဒေ နှင့်စပ်လျဥ်း၍ဖြစ်​စေ၊ အ​ရေးပါ​သောတင်ပြချက်တစ်ရပ်ရပ်ကို အမှုသည်တစ်ဦးက အခိုင်အမာအဆိုပြု၍တစ်ဘက်အမှုသည်က ငြင်းကွယ်လျှင်ငြင်းချက်များ​ ပေါ်​ပေါက်လာသည်ဟု တရားမ ကျင့်ထုံးဥပဒေ အမိန့် ၁၄ နည်း ၁(၁) တွင် လည်းကောင်း၊

◾အရေးပါသော တင်ပြချက်များ ဆိုသည်မှာ တရားစွဲဆိုပိုင်ခွင့်ရှိကြောင်း ပြရန်အလို့ငှာ တရားလိုက ဖြစ်စေ၊ အမှုတွင်ခုခံချေပနိုင်ရန် အလို့ငှာ တရားပြိုင်ကဖြစ်စေ၊ အကြောင်းခြင်းရာနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ဥပဒေနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ တင်ပြရမည့်အချက်များကို ဆိုသည်ဟု တရားမကျင့်ထုံးဥပဒေ အမိန့် ၁၄ နည်း ၁(၂) တွင် လည်းကောင်း၊

◾ အမှုသည်တစ်ဦးက အခိုင်အမာအဆိုပြု၍ တစ်ဘက်အမှုသည်က ငြင်းကွယ်သည့် အရေးပါသော တင်ပြချက်အသီးသီးမှာ သီးခြားငြင်းချက်တစ်ရပ်ထုတ်ရမည့် အကြောင်းအရာများဖြစ်ရမည်ဟု တရားမကျင့်ထုံးဥပဒေ အမိန့် ၁၄ နည်း ၁(၃) တွင် လည်းကောင်း၊

◾ ငြင်းချက်များမှာ ၁။ အကြောင်းခြင်းရာငြင်းချက်နှင့် ၂။ ဥပဒေငြင်းချက် ဟူ၍ နှစ်မျိုးနှစ်စားရှိသည်ဟု တရားမကျင့်ထုံးဥပဒေ အမိန့် ၁၄၊ နည်း ၁ (၄) တွင်လည်းကောင်း၊

◾ အမှုတစ်မှုတည်းတွင် ဥပဒေကြောင်းဆိုင်ရာ ငြင်းချက်များ၊ အကြောင်းခြင်းရာဆိုင်ရာငြင်းချက်များ ထုတ်နုတ်ထားရာ၌ တရားရုံးက အမှုတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ဥပဒေကြောင်းဆိုင်ရာ ငြင်းချက်အရ အဆုံးအဖြတ်ပေးနိုင်မည်ဟု သဘောရရှိလျှင် ယင်းပြဿနာကို ကနဦးဆုံးဖြတ်ရမည်ဟု တရားမကျင့်ထုံးဥပဒေ အမိန့် ၁၄၊ နည်း ၂ တွင်လည်းကောင်း၊

◾အဆိုအချေများ အပြင် ငြင်းချက်ထုတ်ရာတွင် အခြေခံနိုင်သည့် အကြောင်းအရာများကို တရားမကျင့်ထုံး ဥပဒေ အမိန့် ၁၄၊ နည်း ၃ တွင်လည်းကောင်း၊

◾အမှုကိုကြားနာစစ်ဆေးရာ၌ စီရင်ချက် ဒီကရီ မချမှတ်မီ မည်သည့်အဆင့်တွင်မဆို တရားရုံးက သင့်တော်သည်ဟု ထင်မြင်ယူဆလျှင် ငြင်းချက်များကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်ကြောင်း တရားမကျင့်ထုံးဥပဒေ အမိန့် ၁၄၊ နည်း ၅တွင်လည်းကောင်း ပြဋ္ဌာန်းထားသည်။

- - - - - - - - - - - - - - - - -

ငြင်းချက်များ ထုတ်နုတ်ခြင်း
* * * * * * * * * * * * * * * * *

တရားမမှုများတွင် အဆိုအချေတို့ကို အသေးစိတ်သေချာဂနစွာ စိစစ်အခြေပြု၍ ထုတ်နုတ်ပေးသည့် ငြင်းချက်များသည် အမှုအနိုင်အရှုံး အဆုံးအဖြတ်ပေးရာတွင် အဓိကအရေးကြီးသည့် ပင်မကျောရိုးများ ဖြစ်ပေသည်။ အမှုများ၏ တိကျမှန်ကန်သော အခြေခံဖြစ်သည့် အမှုတစ်ခုလုံး၏ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်သော ငြင်းချက်များကို ထုတ်ရန် အထူးလိုအပ်လှသည်။ မှန်ကန်သော ငြင်းချက်များကို ထုတ်နိုင်မှသာလျှင် အမှုကို အမြစ်ရင်းကစ၍ သိရှိကာ မည်သူရှုံးစေ၊ မည်သူနိုင်စေဟူသော ဆုံးဖြတ်ချက်ကို မှန်ကန်စွာ ချမှတ်ပေးနိုင်ပေလိမ့်မည်။ (ဦးညွန့်မောင်နှင့် ဒေါ်‌ဌေးဌေးမြင့် ၊ ၁၉၇၉၊ မတစ၊ စာ - ၃၃)

________________

အမိန့် ၁၄ ၊ နည်း ၁ ပါ ပြဌာန်းချက်များအရဆိုလျှင် တရားလိုဘက်မှ တရားစွဲဆိုခွင့်ရှိကြောင်း ပြဆိုရန် အလို့ငှာဖြစ်စေ၊ တရားပြိုင်ဘက်မှ ထုချေချက်အဖြစ် တင်ပြရန် အလို့ငှာဖြစ်စေ အမှု၌ အဆိုပြုတင်ပြရမည့် အရေးပါသောအကြောင်း၌ အငြင်းပွားမှုရှိလျှင် ငြင်းချက်အဖြစ် ထုတ်ရသည်။

ဦးလှိုင်ဝင်းခေါင်နှင့် ဒေါ်မိမိလေး ၊ ၁၉၉၄ ခုနှစ်၊ တရားမအထူးယူခံမှုအမှတ် ၁၅၂ (ဆရာဦးမြ၊ တရားမမှုခင်း ဖြတ်ထုံးများ ဒုတိယတွဲ စာမျက်နှာ ၅၁၄)

________________

အဆိုပြုရန်မလိုဘဲ အဆိုလွှာ၌ အဆိုပြုသော အဆိုပါအကြောင်းအရာမျိုးကို တရားပြိုင်က ငြင်းကာယုံမျှဖြင့် ငြင်းချက်ထုတ်ရမည်ဟု အမိန့် ၁၄၊ နည်း၁(၁) တွင်ပြဋ္ဌာန်းထားခြင်းမရှိ။ နည်း၁(၂) ပါ ပြဋ္ဌာန်းချက်များတွင် အကျုံးဝင်သည့် အမှုအနိုင်အရှုံးနှင့်သက်ဆိုင်သော အကြောင်းခြင်းရာ သို့မဟုတ် ဥပဒေ နှင့်စပ်လျဉ်း၍ အငြင်းပွားမှသာလျှင် ထိုအငြင်းပွားချက်တို့နှင့်ပတ်သက်၍ ငြင်းချက်ထုတ်ရန်ဖြစ်ကြောင်း နည်း၁(၁)တွင် အတိအလင်းပြဋ္ဌာန်းထားသည်။

[ဆရာဦးမြရေးသားသော အဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း (တပည့်မောင်လှစိုး စုဆောင်းတင်ပြသည်) ၊စာ-၂၂]

မစ္စတာ ဂျေ၊ ဘီ၊ အိုက် (စ်) နှင့် မစိန်စိန် (၁၉၆၆၊ မတစ၊ စာ-၉၇၅) ကို ဖတ်ရှုပါရန်

- - - - - - - - - - - - - - - - -

အငြင်းပွားသည့် အချက်တိုင်း ငြင်းချက်ထုတ်ရန်လို/မလို
* * * * * * * * * * * * * * * * * * * * * * * * * * *

တရားမမှုတစ်မှုတွင် တရားလိုနှင့် တရားပြိုင် တို့အကြား ပေါ်ပေါက်လျက်ရှိသော အငြင်းပွားမှု ပြဿနာတိုင်းနှင့် စပ်လျဥ်း၍ ငြင်းချက်ထုတ်နုတ် စစ်ဆေးရန် မဟုတ်ချေ။

၁၉၉၄ ခုနှစ်၊ တရားမအထူး အယူခံမှုအမှတ် ၁၅၂ (ဆရာဦးမြ၊ တရားမမှုခင်းဖြတ်ထုံးများ အတွဲ ၂ စာမျက်နှာ ၅၁၄)၊ ဦးစိုးမြင့်နှင့်ဒေါ်ခင်စိုးဝင်း ( ၁၉၈၄ ၊ မတစ၊ စာ-၆၉)

________________

တရားရုံးများသည် ငြင်းချက်များထုတ်ရာ၌ အဆိုအချေတို့အရ အငြင်းပွားသည့် အချက်တိုင်းကို ငြင်းချက်ထုတ်၍ စစ်ဆေးရန်မလို။ အမှုဆုံးဖြတ်ရန်အတွက် အရေးပါအရာရောက်သော မထုတ်လျှင် မဖြစ်သော ငြင်းချက်များကို သာထုတ်‌ပေး၍ အမှုများကို စစ်ဆေးရန်ဖြစ်သည်။ ဒေါ်ကြူကြူနှင့် ဦးအောင်မြင့် (၁၉၈၀၊ မတစ၊ စာ-၁)၊၁၉၉၄ ခုနှစ်၊ တရားမအထူးယူခံမှုအမှတ် ၁၅၂

- - - - - - - - - - - - - - - - -

ပဏာမ ငြင်းချက် ထုတ်နုတ်ရခြင်း
* * * * * * * * * * * * * * * * * * * * *

ဥပဒေ ငြင်းချက် သက်သက်ဖြစ်သော အငြင်းထွက်ပြဿနာကို ဦးစွာ အဆုံးအဖြတ်ပေးခြင်းဖြင့် မလိုအပ်ဘဲ အမှုကို ကြာမြင့်စွာ ခုခံနေရသော ဒုက္ခမှ ကင်းဝေးစေရန် တရားမကျင့်ထုံး ဥပဒေ အမိန့် ၁၄ နည်း ၂ က ရည်ရွယ်သည်။ဒေါ်ညွန့်ညွန့်ခင်နှင့်ဒေါ်အိမ်ကြည်(၁၉၉၀၊မတစ၊ စာ-၂၂)
________________

အမိန့် ၁၄၊ နည်း ၂ တွင် ဥပဒေကြောင်းသက်သက် ငြင်းချက်များကို ကနဦးစစ်ဆေးစီရင်နိုင်ကြောင်းပြဋ္ဌာန်းထားသည်။ ယင်းပြဋ္ဌာန်းချက်များသည် မလုပ်မနေရသော ပြဋ္ဌာန်းချက်များဖြစ်သည်၊ အမှုကို ဥပဒေအကြောင်းအရ အပြတ်ဆုံးဖြတ်နိုင်မည့် ငြင်းချက်မျိုး ဟုတ်မဟုတ်သော တရားရုံးက ဆင်ခြင်ခွင့်ရှိသည်၊ ပဏာမငြင်းချက်အရ အမှုတစ်ရပ်လုံးကို အပြတ်အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်ကြောင်း ပေါ်လျှင် ထိုငြင်းချက်ကို မလွဲမသွေ ပထမဆုံးဖြတ်ရမည်။ အေအိုင်အာ ၁၉၅၀ ပန်ဂျပ် စာ ၄၀၉

________________

တရားမကျင့်ထုံး ဥပဒေ အမိန့် ၁၄၊ နည်း ၂ အရလည်း တရားရုံးများသည် အဆိုလွှာ နှင့် အချေလွှာတို့ကို စိစစ် သုံးသပ်ပြီး၊ ဥပဒေ အချက်အလက်နှင့် ပတ်သက်၍ ဦးစွာဆုံးဖြတ်ပေးသင့်သည်ဟု ယူဆသည့်အခါများတွင် ယင်းဥပဒေအချက်အလက်ကို ပဏာမငြင်းချက်အဖြစ်ထုတ်၍ နှစ်ဘက်ကြားနာကာ အဆုံးအဖြတ်ပေးနိုင်သေးသည်။ဒေါ်တင်တင်ရီပါ ၃ နှင့် မောင်ခင်မောင်အေးပါ ၃ (၁၉၈၀၊ မတစ၊ စာ-၁၆)
________________

အမိန့် ၁၄၊ နည်း ၂ သည် ငြင်းချက်အဆင့်တွင် လိုက်နာရန် လုပ်ထုံးလုပ်နည်းကို ရည်စူးသည်။ သို့သော်အမိန့် ၁၅၊ နည်း ၃ အရ နောက်ပိုင်းအဆင့် တစ်ဆင့်ဆင့်တွင် ဥပဒေငြင်းချက်များကို အဆုံးအဖြတ်ပေးနိုင်သည်။ (A.I.R 1921 Pat 467) သို့ဖြစ်ရာ အကြောင်းအခြင်းရာ ငြင်းချက်များကို ထုတ်နုတ်ထားပြီး ဖြစ်စေကာမူ ထိုငြင်းချက်များကို မစစ်ဆေးဘဲ ဆိုင်းငံ့ကာ ဥပဒေငြင်းချက်များကို ဆုံးဖြတ်နိုင်ရန် ဆောင်ရွက်ရာ၌ လုပ်ထုံးလုပ်နည်း မှားယွင်းမှုမရှိချေ။ (A.I.R 1916 Cal 194)

[ဆရာဦးမြ၊ တရားမကျင့်ထုံးဥပဒေ၊ အမိန့် ၁၄၊ နည်း ၂]

________________

ပဏာမ ငြင်းချက်အဖြစ် မသတ်မှတ်နိုင်
* * * * * * * * * * * * * * * * * * * * * * * *

အငြင်းပွားသည့်ပြဿနာသည် အကြောင်းခြင်းရာနှင့် ဥပဒေရောယှက်နေလျှင် တရားရုံးက ဦးစွာမဆုံးဖြတ်ဘဲ နေနိုင်သည်။ ငြင်းချက်ကို ပဏာမငြင်းချက်အဖြစ် မသတ်မှတ်မီ အဆိုအချေများ၊ နှစ်ဖက်အမှုသည်များ အငြင်းပွားသည့် စာရွက်စာတမ်းများ၊ ငြင်းချက်အဖြေအရ အမှုရှုံးနိမ့်မည့်သူ တင်ပြထားသော စာရွက်စာတမ်းများအရ ငြင်းချက်ကို ဆုံးဖြတ်နိုင်မနိုင် စိစစ်ရန်ဖြစ်သည်။ ဆုံးဖြတ်နိုင်သည့်အခြေအနေရှိကြောင်းတွေ့ရလျှင် ပဏာမငြင်းချက်အဖြစ် သတ်မှတ်ခြင်းမပြုနိုင်။

[ဆရာဦးမြ၊ သောင်းပြောင်းထွေလာ ဥပဒေ ပြဿနာ၊ အမှတ်စဉ် (၆)၊ စာ-၂၆၀]

________________

အမှုတစ်မှု၌ ဥပဒေနှင့် အကြောင်းခြင်းရာဆိုင်ရာ ငြင်းချက်များထုတ်နုတ်ထားရာတွင် အဆိုအချေနှင့် စာရွက်စာတမ်းများအရ အမှုကို ဥပဒေဆိုင်ရာ ငြင်းချက်များအရ ဆုံးဖြတ်နိုင်မည် အခြေအနေပေါ်ပေါက်လျှင် ထိုငြင်းချက်များကို ကနဦးဆုံးဖြတ်ရန်ဖြစ်သည်။မဆုံးဖြတ်သေးဟု လွှဲရှောင်၍ မရ။

ဆုံးဖြတ်ရန် ပျက်ကွက်လျှင် တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၅ (ဂ) ၏ အနက်အဓိပ္ပာယ်အရ နည်းလမ်းတကျ မဟုတ်ဘဲ ဆောင်ရွက်ရာ ရောက်သည်ဟု အေအိုင်အာ ၁၉၃၃ အလာဟာဘတ် ၇၅၃ တွင် ပြဆိုထားသည်။ သတိချပ်ရန်မှာ ဥပဒေကြောင်းဆိုင်ရာ ငြင်းချက်ဖြစ်သည်ဟု ယူဆရန် အကြောင်းရှိသော်လည်း အဆုံးအဖြတ်ပေးရန်အတွက် အထောက်အထားလိုသေးလျှင် ပဏာမငြင်းချက်အဖြစ် ကြားနာခြင်းမပြုနိုင်။

[ဆရာဦးမြ ၊ သောင်းပြောင်းထွေလာ ဥပဒေပြဿနာ၊ အမှတ်စဥ် (၈)၊ စာ - ၆၅]

- - - - - - - - - - - - - - - - -

ပဏာမ ငြင်းချက်အဖြစ် ကြားနာ အဆုံးအဖြတ် ပေးနိုင်ခြင်း ရှိ/ မရှိ


တရားစွဲဆိုရန် အကြောင်းပေါ်ပေါက်ခြင်းရှိမရှိပြဿနာ
* * * * * * * * * * * * * * * * * * * * * * * * * * *

အဆိုလွှာကို အမိန့် ၇၊ နည်း ၁၁(က) အရ ပယ်ချခြင်း မပြုလျှင် တရားစွဲဆိုရန်အကြောင်း ပေါ်ပေါက်ကြောင်း အဆိုလွှာက ထင်ရှားသိသာစေသည်၊ ထုတ်ဖော်ပြသည်ဟု တရားရုံးကဆုံးဖြတ်ရာရောက်သည်။ အမိန့် ၇၊ နည်း ၁(င) အရ လိုအပ်သည့်အတိုင်း အဆိုလွှာတွင် တရားစွဲဆိုရန် အကြောင်း ဖြစ်ပေါ်စေသော အကြောင်းအရာများ ဖော်ပြအဆိုပြုရမည်ဖြစ်ရာ ထိုအကြောင်းခြင်းရာများနှင့်စပ်လျဉ်း၍ တရားပြိုင်ဘက်မှ ငြင်းကွယ်ပါက (အမှန်ဆိုသော် ထိုသို့ငြင်းကွယ်ခြင်းကြောင့် ငြင်းချက်များ ထုတ်ရခြင်းဖြစ်သည်) ထိုအကြောင်းခြင်းရာ တစ်ခုစီမှာ အမိန့် ၁၄၊ နည်း ၁(၂) အရ အရေးပါသောအကြောင်းခြင်းရာ တင်ပြချက်ဖြစ်ပြီး အမှုတွင် အငြင်းပွားသည့်အလျောက် နည်း ၁(၃) အရ သီးခြားငြင်းချက် ထုတ်နုတ်စစ်ဆေးရမည်ဖြစ်သည်။

[ ဆရာဦးမြ၊ တရားမကျင့်ထုံးဥပဒေ၊ အမိန့် ၁၄၊ နည်း၂]
________________

အဆိုလွှာက တရားစွဲဆိုရန် အကြောင်း ပေါ်ပေါက်ကြောင်း ထင်ရှားသိသာစေခြင်း မရှိသည့် ပြဿနာသည် တရားစွဲဆိုရန်အကြောင်း မပေါ်ပေါက်ခြင်းနှင့်တူသယောင်ရှိသော်လည်း ထပ်တူ ထပ်မျှ တူသည်မဟုတ်။ ပထမကိစ္စတွင် အဆိုလွှာကို နည်း ၁၁(က) အရ ပယ်ရန်ဖြစ်သည်။ အဆိုလွှာကို နည်း ၁၁(က) အရ ပယ်ခြင်းမရှိဘဲ " တရားပြိုင်ဘက်မှ ထုချေထားသည့်အတိုင်း တရားစွဲဆိုရန် အကြောင်း မပေါ်ပေါက်ခြင်းမှာ မှန်သလား" ဟူသော ငြင်းချက်ထုတ်ကာ ထိုငြင်းချက်ကို ပဏာမ ငြင်းချက်အဖြစ် သတ်မှတ်ကြားနာခွင့် ရှိသလား။ အမိန့် ၇၊ နည်း ၁(င) အရ တရားစွဲဆိုရန် အကြောင်းဖြစ်မြောက်စေသည့် အကြောင်းအရာများမှာ အကြောင်းခြင်းရာများ ဖြစ်သည်။ အမိန့် ၁၄၊ နည်း (၂) အရ ဥပဒေ ငြင်းချက်သက်သက် (issue of law only) ကိုသာလျှင် ပဏာမ ငြင်းချက်အဖြစ် ကြားနာဆုံးဖြတ်နိုင်သည်ဖြစ်ရာ အကြောင်းခြင်းရာများ အကျုံးဝင်သည့် " တရားပြိုင်ဘက်မှ ထုချေထားသည့်အတိုင်း တရားစွဲဆိုရန်အကြောင်း မပေါ်ပေါက်ဆိုခြင်းမှာ မှန်သလား" ဟူသော ငြင်းချက်သည် အကြောင်း အရာများနှင့် စပ်လျဉ်း၍ အမှုတွင် အငြင်းပွားလျက်ရှိပါက သက်သေခံချက်မယူဘဲ ထိုငြင်းချက်ကို ပဏာမငြင်းချက်အဖြစ် သတ်မှတ်ကြားနာဆုံးဖြတ်ခြင်းမပြုနိုင်။

[ဆရာဦးမြ၊ တရားမကျင့်ထုံး၊ အမိန့် ၇၊ နည်း၁၁]

________________

ဦးမြမောင်နှင့်ဒေါ်ရင်မြပါ ၃(၁၉၇၈၊ မတစ၊ စာ-၉၀) အမှုတွင်၊

" တရားမကျင့်ထုံး ဥပဒေ အမိန့် ၁၄၊ နည်း ၂ တွင် ဖော်ပြပါရှိသည်မှာ အမှုတွင် ဥပဒေကောက်ချက်နှင့် အကြောင်းခြင်းရာ ကောက်ချက်ဟူ၍ရှိသောကြောင့် ဥပဒေကောက်ချက်နှင့်ပတ်သက်၍ သက်သေစစ်ဆေးချက်များ ရယူရန်မလိုပဲ အဆုံးအဖြတ်ပေးနိုင်လျှင် ယင်းကောက်ချက်ကို ရှေးဦးစွာ အဆုံးအဖြတ်ပေးရမည်ဟူ၍ ဖြစ်သည်။ ဤနေရာတွင် သုံးနှုန်းထားသော စကားရပ်မှာ (SHALL) ဟူသော မလွဲမသွေ ဆုံးဖြတ်ရန် ညွှန်ကြားချက်ဖြစ်ပေသည်။ ဥပဒေကောက်ချက်နှင့် အကြောင်းခြင်းရာ ကောက်ချက်များ ရောထွေးလျက်ရှိသောအခါတွင် တရားရုံးသည် အကြောင်းအရာနှင့်ပတ်သက်သော သက်သေစစ်ချက်များ ရယူပြီးမှသာ ဥပဒေကောက်ချက်နှင့် အကြောင်းအရာ ကောက်ချက်တို့ကို တပြိုင်တည်းဆုံးဖြတ်ချက်ပေးရန်ဖြစ်သည်။" ဟု ဆုံးဖြတ်ထားပါသည်။

________________

ဦးမောင်မောင်မြင့်နှင့် ဦးခင်မောင်ကြီးပါ -၂ (၁၉၉၆၊ မတစ၊ စာ-၄၉) အမှု စာမျက်နှာ ၅၂နှင့် ၅၃တွင်

" တရားလို၏ အဆိုလွှာနှင့် တရားပြိုင်တို့၏ ချေလွှာများအရ အငြင်းပွားလျက်ရှိကြောင်း ပေါ်လွင်ထင်ရှားသည်။ သို့ဖြစ်ရာ မူလရုံးက ထုတ်နုတ်ခဲ့သည့် ပဏာမ ငြင်းချက်သည် အကြောင်းခြင်းရာနှင့် ဥပဒေအချက်အလက်များရောထွေးနေသည့် ငြင်းချက်ဖြစ်သည်မှာ မြင်သာသည်။ အကြောင်းခြင်းရာနှင့် စပ်လျဉ်း၍ အငြင်းပွားချက်ရှိနေပါလျက် မူလရုံးက ပဏာမ ငြင်းချက်အဖြစ် သတ်မှတ်ခဲ့ခြင်းမှာ မှားယွင်းပေသည်။ဒေါ်အေးစိန်ပါ ၂ နှင့် ဒေါ်သန်းနု (၁၉၈၄၊ မတစ၊ စာ-၂၁၃) ကိုရည်ညွှန်းသည်။" ဟု ထုံးဖွဲ့ထားပါသည်။

________________

ဒေါ်ကြည်ကြည်ဒိုင် ပါ ၂ နှင့် ဒေါ်စန္ဒြာတင့် (ခ) ဒေါ်စန္ဒြာဆွေတင် (၂၀၁၉ ၊ မတစ၊ စာ - ၁)အမှုတွင်

ဆုံးဖြတ်ချက်။ တရားမကျင့်ထုံးဥပဒေအမိန့် ၇၊ နည်းဥပဒေ ၁ (င) တွင် တရားစွဲဆိုရန်အကြောင်း ဖြစ်မြောက်စေသော အကြောင်းခြင်းရာများကို အဆိုလွှာ၌ အဆိုပြုရမည်ဟုလည်းကောင်း၊ နည်းဥပဒေ ၁၁ (က) တွင် အဆိုလွှာက တရားစွဲဆိုရန်အကြောင်း ဖြစ်မြောက်စေသော အကြောင်းခြင်းရာများကို ထင်ရှားသိသာစေခြင်းမရှိလျှင် အဆိုလွှာကိုပယ်ရမည်ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်။ သို့ဖြစ်၍ အဆိုလွှာ၌ အဆိုပြုသော အကြောင်းအရာများသည် တရားစွဲဆိုရန်အကြောင်း ဖြစ်မြောက်စေခြင်း ရှိ မရှိသာလျှင် စိစစ်ဆုံးဖြတ်နိုင်သည်။ တစ်နည်းဆိုရသော် ထိုအကြောင်းခြင်းရာများသည် အခြေအမြစ်ရှိ မရှိ ကို အဆိုလွှာပါဖော်ပြချက်များအရ စိစစ်ရန်သာဖြစ်သည့်အတွက် သက်သေခံချက်များရယူပြီး ဆုံးဖြတ်ရန် အကြောင်းမရှိပေ။

ထပ်မံဆုံးဖြတ်ချက်။ ၎င်းအပြင် အမှု၏ အဆုံးအဖြတ်ကိုပြုနိုင်သော ပဏာမငြင်းချက်ဖြစ်သည့် တရား စွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်း ထင်ရှားသိသာစေခြင်း ရှိ မရှိအပေါ် နှစ်ဖက်ကြားနာမှုမပြုဘဲ ဆုံးဖြတ်ခဲ့သည်မှာလည်း ဥပဒေလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုရှိသည်ဟု ဆိုနိုင်မည်မဟုတ်ပေ။

- - - - - - - - - - - - - - - - -

နို့တစ်စာ ပြဿနာ
* * * * * * * * * *

ဒေါ်ထိုင်ရင်နှင့် ဒေါ်အေးမိုင် (၁၉၆၆၊ မတစ၊ စာ - ၁၀၀၁)

ရှေ့နေနို့တစ်စာအရ ပဏာမငြင်းချက် ထုတ်နိုင်ပါသည်။

Held: Order 14, Rule 3 of the Code of Civil Procedure mentions the various materials in addition to the pleadings on which issues may be framed. The obvious intention is to provide against failure of justice upon technical rules of pleading and to add other materials on which proper issues may be framed. Issues are thus not confined to pleadings only. Order 14, Rule 3 (c) of the Code provides the Court may frame issues from the contents of documents produced by either party. In the instant case the materials are provided in the legal notices field in the suit for framing the preliminary issue proposed by the applicant. It may be a very important issue on which the entire suit rests its fate and it will cause grave injustice to the applicant to shut out this legal issue or defence which goes to the root of the suit.

________________

ဒေါ်ညွန့်ညွန့်ခင်နှင့်ဒေါ်အိမ်ကြည်(၁၉၉၀၊မတစ၊ စာ -၂၂)အမှု စာမျက်နှာ ၂၄ တွင်၊

" တရားလိုပေးပို့သော နို့တစ်စာ တရားမဝင်ကြောင်း တရားပြိုင်က အတိအလင်း ငြင်းဆိုထားကြောင်း ထင်ရှားသည်။ ထို့ကြောင့် တရားလို ပေးပို့သော နို့တစ်စာ တရားဝင်မဝင် အဆိုအချေအရ အငြင်းပွားလျက်ရှိရာ အမှုကို ဆုံးဖြတ်ရန် အရေးပါသော ဥပဒေပြဿနာလည်းဖြစ်ခြင်းကြောင့် တရားမကျင့်ထုံးဥပဒေအမိန့် ၁၄၊ နည်း ၁ နှင့် ၃ တို့အရ ငြင်းချက်ထုတ်ပေးရန် လိုအပ်သော အချက်ဖြစ်ကြောင်း ထင်ရှားသည်။ အဆိုအချေအရ အငြင်းပွား၍ အမှုကို ဆုံးဖြတ်ရန် အရေးပါသော အချက်ဖြစ်လျှင် ငြင်းချက်အဖြစ် ထုတ်ပေးရလိမ့်မည်။ မစ္စတာဂျေဘီအိုက်စ်နှင့်မစိန်စိန် (၁၉၆၆၊ မတစ၊ စာ- ၉၅၇) အမှုတွင်ကြည့်ပါ။ နို့တစ်စာ တရားမဝင်ကြောင်း တရားပြိုင်က အတိအလင်း ငြင်းဆိုမထား၍ ငြင်းချက်ထုတ်ပေးရန် မလိုဟု အယူခံတရားလို၏ ရှေ့နေတင်ပြသည့်အချက်မှာ လက်ခံရန်မဖြစ်နိုင်ပေ။" ဟု ထုံးဖွဲ့ထားပါသည်။

- - - - - - - - - - - - - - - - -

ကာလစည်းကမ်းသတ် ပြဿနာ
* * * * * * * * * * * * * * * * * * *

အမှုတွင် ပေါ်ပေါက်သော ဥပဒေ ပြဿနာကို ဆုံးဖြတ်ပြီးသည်အထိ အကြောင်းခြင်းရာ ငြင်းချက်များ ထုတ်ခြင်းကို တရားရုံးက မိမိသဘောအတိုင်းထားနိုင်သည်။ အိန္ဒိယ အမှုများ အတွဲ ၃၊ စာ ၁၀၄ ကို ကြည့်ပါ။ သို့ဖြစ်ရာ စွဲဆိုသော အမှု ကာလစည်းကမ်းသတ်ကျော်မကျော် ကို အဆိုအချေအရ ဆုံးဖြတ်နိုင်သည့်အခါတွင် အကြောင်းခြင်းရာ ငြင်းချက်များ ကို ထုတ်နုတ်ခြင်းမပြုသေးဘဲ အဆိုပါ ဥပဒေပြဿနာ နှင့်စပ်လျဥ်း၍ ပဏာမငြင်းချက် ထုတ်နုတ်ကြားနာကာဆုံးဖြတ်နိုင်သည်။

[ဆရာဦးမြ ၊ သောင်းပြောင်းထွေလာ ဥပဒေပြဿနာ၊ အမှတ်စဥ် (၈)၊ စာ - ၆၅]

________________

အဆိုအချေများအရ အကြောင်းခြင်းရာနှင့်စပ်လျဉ်း၍ အငြင်းပွားချက်ရှိနေသောကြောင့် အမှုစွဲဆိုရန် စည်းကမ်းသတ်ကာလကျော်လွန်ခြင်းရှိမရှိ ပြဿနာကို ပဏာမငြင်းချက်အဖြစ် သတ်မှတ်ရန်မဖြစ်နိုင်ပေ။

ဒေါ်အေးစိန်ပါ ၂ နှင့် ဒေါ်သန်းသန်းနု (၁၉၈၀၊ မတစ၊ စာ-၂၁၃)၊ ဒေါ်ရွှေပါ ၂နှင့် မခင်သိန်းအေးပါ ၂(၁၉၉၅ခုနှစ် တရားမအထူးအယုခံမှုအမှတ် ၂၆ )

[ဆရာဦးမြ၊ တရားမမှုခင်း ဖြတ်ထုံးများ ဒုတိယတွဲ စာမျက်နှာ ၁၇၁]

________________

ဒေါ်ကျင်ဌေးနှင့် ဦးသိန်းတင်ပါ ၅ (၁၉၈၆၊ မတစ၊စာ-၁၉၅) အမှု စာမျက်နှာ ၂၀၁ တွင်

"အချင်းဖြစ်မြေကို လက်ရောက်ရလိုကြောင်း ပြောဆိုသော အမှုမှာ ကာလစည်းကမ်းသတ်အတွင်း ကျရောက်ခြင်း ရှိမရှိ ဆိုသည့်ပြဿနာကို သက်သေခံချက်များ ရယူပြီးမှသာ အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်သည်။" ဟု ထုံးဖွဲ့ထားပါသည်။

________________

ဒေါ်လှကြည်ပါ ၆ နှင့် ဒေါ်တင်မေ (၁၉၈၈၊ မတစ၊ စာ- ၃၅) အမှု စာမျက်နှာ ၄၀တွင်

" တရားလိုစွဲဆိုသော အမှုကို မူလ အမှုအမှတ်အတိုင်း ပြန်လည်ဖွင့်၍ ပဏာမ ငြင်းချက်နှင့် ကျန်ငြင်းချက်များကို သက်သေခံချက်များရယူပြီးမှ အဆုံးအဖြတ်ပေးရန် တရားမကျင့်ထုံး ဥပဒေ အမိန့် ၄၁၊ နည်း ၂၃ အရ ညွှန်ကြားလိုက်သည်။" ဟုထုံးဖွဲ့ထားပါသည်။

- - - - - - - - - - - - - - - - -

အမှုပုံစံ ပြဿနာ
* * * * * * * * * *

ဒေါ်ခင်မြင့်နှင့် ဒေါ်မြင့်မြင့်ပါ ၇ အမှု (၁၉၉၆၊ မတစ၊ စာ-၅)

အမှုတစ်ကို တရားလို တရားစွဲဆိုသောပုံစံအတိုင်း စွဲဆိုနိုင်ခြင်း ရှိမရှိမှာ အဆိုအချေတို့အရ ဆုံးဖြတ်ရမည့် ပြဿနာဖြစ်သည်။ သက်သေခံချက်များ ရယူပြီးမှ ဆုံးဖြတ်ရမည့် ပြဿနာ မဟုတ်ပေ။ မဌေးဌေးရင်ပါ ၂ နှင့် ဦးကျော်ဇော်ပါ ၃ ( ၁၉၈၇၊ မတစ၊ စာ-၂၇)အမှုကိုကြည့်ပါ။ အမှုပုံစံမှန်မမှန် စိစစ်ရာ၌ တရားလို၏ အဆိုလွှာတွင် အဆိုပြုထားသည့် အချက်များကို စွဲဆိုသည့်အမှု အမျိုးအစားအလိုက် ညီညွတ်ပြည့်စုံရန် လိုအပ်သည့် အင်္ဂါရပ်များနှင့် ကိုက်ညီမှု ရှိမရှိကို စိစစ်ရသည်။ ထိုသို့ စိစစ်ရာ၌ ချေလွှာတွင် ဝန်ခံထားသည့်အချက်များကိုလည်း ထည့်သွင်းစဉ်းစားနိုင်သည်။ ထို့ကြောင့် အမှုပုံစံ မှန်ကန်ခြင်းရှိမရှိကို အဆိုအချေများအရ ဆုံးဖြတ်ရသည်ဆိုရာတွင် အဆိုလွှာနှင့် ဝန်ခံထားသည့် ချေလွှာတို့ကို ရည်ညွှန်းခြင်းဖြစ်သည်။

________________

ဒေါ်ဌေးဌေးရင်ပါ၂ နှင့် ဦးကျော်ဇောပါ ၃ ( ၁၉၈၇၊ မတစ၊ စာ-၂၇)

ဆုံးဖြတ်ချက်။ ။ အမှုတစ်မှုကို တရားလိုစွဲဆိုသော ပုံစံအတိုင်း စွဲဆိုနိုင်ခြင်းရှိမရှိမှာ အဆိုအချေအရ ဆုံးဖြတ်ရမည့် ပြဿနာဖြစ်သည်။

ထပ်မံဆုံးဖြတ်ချက်။ ။ စွဲဆိုသော အမှုပုံစံ မှန်ကန်ခြင်း ရှိမရှိမှာ သက်သေခံချက် ရယူပြီးမှ ဆုံးဖြတ်ရမည့် ပြဿနာမဟုတ်ချေ။

- - - - - - - - - - - - - - - - -

မီးသေခြင်း ပြဿနာ
* * * * * * * * * * * *

တရားမကျင့်ထုံး ဥပဒေ ပုဒ်မ ၁၁ တွင် အဆုံးအဖြတ်ပေးပြီး ဖြစ်သော ငြင်းချက်ကို (ပုဒ်မ ၁၁ ပါ အခြားအချက်များလည်း ပေါ်ပေါက်လျှင်) ထပ်မံစစ်ဆေးစီရင် မပြုရဟု ပြဌာန်းထားသည်။ ငြင်းချက် သုံးမျိုးရှိရာ ၎င်းတို့မှာ (၁) အကြောင်းခြင်းရာ ငြင်းချက်များ (၂) ဥပဒေ ငြင်းချက်များ၊ (၃) ဥပ‌ဒေနှင့် အကြောင်းခြင်းရာ ရောယှက်လျက်ရှိသော ငြင်းချက်များ ဖြစ်ကြသည်။ အကြောင်းခြင်းရာ ငြင်းချက်နှင့် အကြောင်းခြင်းရာနှင့် ဥပဒေရောယှက်လျှက်ရှိသော ငြင်းချက်တို့သည် မီးသေနိုင်သည်။ ဥပဒေ ငြင်းချက်သည် မီးသေသည်လည်း ရှိနိုင်သည်။ မီးမသေသော ဥပဒေ ငြင်းချက်လည်းရှိနိုင်သည်ဟု စီရင်ထုံးများတွင် ပြဆိုသည်။

[ဆရာဦးမြ၊ သောင်းပြောင်းထွေလာ ဥပဒေ ပြဿနာ၊ အမှတ်စဥ် (၁၀) ၊ စာ - ၈၉ နှင့် ၉၀]

________________

မီးသေရန်အလို့ငှာ ယခင်အမှုတွင် ချမှတ်သည့် ဆုံးဖြတ်ချက်သည် အမှုကို အဆုံးအဖြတ်ပေးရန် လိုအပ်ပါမည်။ တိုက်ရိုက်အားဖြင့်လည်းကောင်း အငြင်းပွားသော အကြောင်းအရာနှင့်စပ်လျဉ်းသည့် ငြင်းချက်အပေါ် ကောက်ယူဆုံးဖြတ်ချက်သည် အမှုကို အဆုံးအဖြတ်ပေးရန် လိုအပ်ခြင်း မရှိလျှင် ထိုအကြောင်းအရာကို အပြီးသတ် ကြားနာဆုံးဖြတ် သည်ဟု ဆိုနိုင်မည် မဟုတ်။ အမှုအဆုံးအဖြတ်သည် ကောက်ယူဆုံးဖြတ်ချက်တစ်ရပ်အပေါ် အခြေမခံလျှင် ထိုကောက်ယူဆုံးဖြတ်ချက်သည် အမှုကို အဆုံးအဖြတ်ပေးရန် လိုအပ်သည်ဟု မဆိုနိုင်။ အေအိုင်အာ ၁၉၄၂ ကာလကတ္တား ၁ (ဥပမာ - ကိတ္တိမသမီးဖြစ်သည်ဟု ကောက်ယူဆုံးဖြတ်သော်လည်း စွဲဆိုသော အမှုကာလစည်းကမ်းသတ်ကျော်လွန်သည်ဟူသော အကြောင်းပြချက်ဖြင့် အမှုကို ပလပ်လိုက်ရာတွင် အမှုအဆုံးအဖြတ်သည် ကာလစည်းကမ်းသတ်နှင့် စပ်လျဉ်းသော ကောက်ယူဆုံးဖြတ်ချက်အပေါ် အခြေခံသည်ဖြစ်၍ ကိတ္တိမသမီး ဖြစ်သည်ဟူသော ကောက်ယူဆုံးဖြတ်ချက်သည် တရားပြိုင်အတွက် မီးသေရန် အကြောင်းမရှိနိုင်။)

[ဆရာဦးမြ၊ သောင်းပြောင်းထွေလာ ဥပဒေ ပြဿနာ၊ အမှတ်စဥ် (၁၀) ၊ စာ - ၉၁]

________________

တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁ အရ မီးသေပိတ်ပင်ခြင်းဖြစ်ရန် ငြင်းချက် တူသော တရားမမှုနှစ်မှုရှိရမည်ဖြစ်သည်။ သို့မှသာ ယခင်အမှုတွင် အပြီးသတ် ဆုံးဖြတ်ချက်သည် နောက်အမှုတွင် အဆိုပါ ငြင်းချက်ကို ထပ်မံစစ်ဆေးစီရင်ခြင်းမပြုရန် ပိတ်ပင်ခြင်းဖြစ်သည်။ဒေါ်ကြည်ကြည်အေး ပါ ၅ နှင့် ဦးရဲအောင် (ခ) သုခရဲအောင် (၂၀၁၆၊ မတစ၊ စာ-၃၅)

- - - - - - - - - - - - - - - - -

အယူခံရုံး
* * * * *

မူလရုံးသည် အခြားငြင်းချက်များကို ဆုံးဖြတ်ခြင်းမပြုဘဲ ပဏာမငြင်းချက်အပေါ် ဆုံးဖြတ်ချက်အရ အမှုတစ်ခုလုံးကို အဆုံးအဖြတ်ပြုသည့်အခါမှသာလျှင် တရားမကျင့်ထုံးဥပဒေ အမိန့် ၄၁၊ နည်း ၂၃ နှင့် သက်ဆိုင်သည်။ မူလရုံးသည် အမှုတစ်မှုလုံး၏ အရည်အသွေးအရ ဆုံးဖြတ်ပြီး ငြင်းချက်အားလုံးကို သက်သေခံချက်အရ ဆုံးဖြတ်လျှင် ဤနည်းဥပဒေနှင့် မသက်ဆိုင်ချေ။ (အမိန့် ၄၁၊ နည်း ၂၅ ကိုဖတ်ရှုရန်)

[ဆရာဦးမြ၊ တရားမကျင့်ထုံးဥပဒေ၊ အမိန့် ၄၁၊ နည်း၂၃]

________________

မူလရုံးက ပဏာမ ဒီကရီအရ အမှုကို ဆုံးဖြတ်ခြင်းကြောင့် တင်သွင်းလာသော အယူခံမျိုးတွင်သာ အယူခံရုံးသည် မူလရုံးဒီကရီကို ပယ်ဖျက်ပြီး မူလရုံးအား ကျန်ငြင်းချက်များကို ဖြေဆိုပြီး အမှုကို ဥပဒေနှင့်အညီ ပြန်လည်ဆုံးဖြတ်ရန် အမိန့် ၄၁၊ နည်း ၂၃ အရ ညွှန်ကြားသည့် အမိန့် ချမှတ်နိုင်သည်။

ဦးအောင်သိန်းပါ ၄ နှင့် ဒေါ်ထွေး ( ၁၉၉၁၊ မတစ၊ စာ- ၁၉၂)

________________

မူလရုံးက ကာလစည်းကမ်းသတ်ကျော်လွန်သည်ဆိုကာ အမှုကို ပလပ်ခြင်းမှာ ပဏာမအချက်အရ အမှုကို ဆုံးဖြတ်ခြင်းဖြစ်သည်။ ဦးလှဦးနှင့် ဒေါ် အုံးစီ (၂၀၀၀၊ မတစ၊ စာ- ၂၅၃)

- - - - - - - - - - - - - - - - -

တရားလိုဘက်က အဆိုပြု၍၊ တရားပြိုင်ဘက်က ငြင်းဆိုသည့် အရေးပါသောအကြောင်း၌ (အမှုအနိုင်အရှုံးနှင့်သက်ဆိုင်သော အကြောင်းခြင်းရာ သို့မဟုတ် ဥပဒေ နှင့်စပ်လျဉ်း၍)အငြင်းပွားမှုရှိလျှင် ငြင်းချက်ထုတ်ရကြောင်း၊ ထုတ်နုတ်ပေးသည့်ငြင်းချက်များသည် အမှုအနိုင်အရှုံး အဆုံးအဖြတ်ပေးရာတွင် အဓိကအရေးကြီးသည့် ပင်မကျောရိုးများဖြစ်ကြောင်း၊ အဆိုအချေများအပြင် ငြင်းထုတ်ရာတွင် အခြေခံသည့် အကြောင်းအရာများမှလဲ ငြင်းချက်ထုတ်နိုင်ကြောင်း၊ (၁) အကြောင်းခြင်းရာ ငြင်းချက်များ (၂) ဥပဒေ ငြင်းချက်များ၊ (၃) ဥပ‌ဒေနှင့် အကြောင်းခြင်းရာ ရောယှက်လျက်ရှိသော ငြင်းချက်များရှိကြောင်း၊ အငြင်းပွားသည့် အချက်တိုင်းကို ငြင်းချက်ထုတ်၍ စစ်ဆေးရန်မလိုကြောင်း၊ ဥပ‌ဒေကြောင်း အငြင်းပွားမှုပေါ်ပေါက်လျှင် ပဏာမ ငြင်းချက်ထုတ်နုတ်ရကြောင်း၊ ဥပဒေကြောင်းသက်သက် ငြင်းချက်များကို ကနဦး စစ်ဆေး စီရင်နိုင် ကြောင်း၊ ငြင်းချက်အဆင့်နောက်ပိုင်း ဥပဒေငြင်းချက်များ အဆုံးအဖြတ်ပေးနိုင်ကြောင်း၊ ဥပဒေငြင်းချက်ကို သက်သေခံချက်မယူဘဲ စစ်ဆေးနိုင်ကြောင်း၊ ဥပဒေငြင်းချက်နှင့် အကြောင်းခြင်းရာ ငြင်းချက် ရောယှက်လျှက်ရှိလျှင် သက်သေခံချက်ယူပြီးမှ စစ်ဆေးရကြောင်း၊ ပဏာမငြင်းချက်အပေါ် ဆုံးဖြတ်ချက်အရ အမှုတစ်ခုလုံးကို အဆုံးအဖြတ်ပြုသည့်ကိစ္စအတွက် တင်သွင်းလာသောအယူခံသည် အမိန့် ၄၁၊ နည်း ၂၃ နှင့်သက်ဆိုင်ကြောင်း မှတ်သားမိပါသည်။

ာကြီးဦးမြ



သောင်းပြောင်းထွေလာ ဥပဒေ ပြဿနာ
တရားမကျင့်ထုံးဥပဒေ
တရားမမှုခင်း ဖြတ်ထုံးများ
အဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း
တို့မှ


ကောက်နုတ်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

14/10/2025

ပို့သွင်း၈ ဆိုတာ

02/10/2025

သက်သေစာရင်း တင်တယ်ဆိုတာဟာ .. အမိန့် ၁၃၊ နည်း ၁ အရ မဟုတ်ပါဘူး။ အမိန့် ၁၈၊ နည်း ၂ အရပါ။

ငြင်းချက်ထုတ်တဲ့နေ့မှာ .. ခုံပေါ်က တရားသူကြီးက သူ့ဆောင်ရွက်မယ့်ကိစ္စကို လူတကာကို လိုက်ပြောနေမှာမဟုတ်လို့ ဘယ်လို ငြင်းချက်တွေထုတ်မယ်ဆိုတာ ဘယ်အမှုသည်ကမှ ကြိုမသိနိုင်ပါဘူး။

အဲ့လိုကြိုမသိနိုင်လို့လည်း တရားရုံးကထုတ်မယ့် ငြင်းချက်တွေကို ဖြေရှင်းဖို့ ဘယ်သက်သေတွေကတော့ သက်ဆိုင်တယ်ဆိုတာ အမှုသည်တွေက ကြိုမသိနိုင်ပါဘူး။

အဲ့ဒါကြောင့် ငြင်းချက်ထုတ်တဲ့နေ့မှာ သက်သေစာရင်း တင်ရန် မဟုတ်ဘဲ တရားလိုဘက်၊ တရားပြိုင်ဘက်ကို စစ်တဲ့နေ့မှာမှ တင်ရမှာပါ။

တရားရုံးလက်စွဲအပိုဒ် ၁၅၄ မှာပြောထားတဲ့ "ဦးစွာဆောင်ရွက်ရန်ကိစ္စများပြီးသည့်နောက်" ဆိုတာ အမှုသည်ထပ်ထည့်ချင်တာတွေ၊ ငြင်းချက်တွေထပ်ဖြည့်ပေးဖို့လျှောက်ထားတာတွေ(နောက်တိုးငြင်းချက်) ၊ ကန့်ကွက်တာတွေ၊ ကြားဖြတ်အမိန့်ချတာတွေ ၊ အပေါ်ရုံးတက်တာတွေ ၊ ပဏာမငြင်းချက်တွေပါလာလို့ ဖြေဆိုတာတွေ ..အဲ့လို ကိစ္စတွေပြီးမှ လို့ ပြောတာပါ။

အဲ့ဒါကြောင့် ငြင်းချက်ထုတ်တဲ့နေ့မှာ သက်သေစာရင်းတွေကို မဖြစ်မနေတင်ရမယ်လို့ တရားရုံးတွေက ညွှန်ကြားလို့မရကြောင်း၊ အဲ့လိုမတင်လို့ တစ်ဖက်ဖက်က ကန့်ကွက်လို့မရကြောင်း ကျွန်တော်ပြောတာပါ။

တင်ရင်လည်း လက်ခံထားရုံပါပဲ။

ဒါပေမယ့် .. အများစုသုံးနှုန်းနေသလို သက်သေစာရင်းတင်ပြတာဟာ အမိန့် ၁၃၊ နည်း ၁ အရ မဟုတ်ပါဘူး ၊ အမိန့် ၁၈ နည်း ၂ အရပါ။

#အောင်ကိုကိုထက်

02/10/2025

ရာဇ၀တ်ကျင့်ထုံး-၂၅၃(၂)၏အကျိုးအပြစ်

ထောင်ဒဏ် ၆လအထက်အပြစ်ပေးနိုင်သော ရာဇ၀တ်မှုများတွင် စွပ်စွဲခံရသူအပေါ် စွဲချက်မတင်ဘဲ တရားရှင်လွှတ် နိုင်သည့်ပြဌာန်းချက်များရှိရာ အကြမ်းဖျင်းအားဖြင့် ဤသို့ဖြစ်ပါသည်။
(၁)အမှုကိုရုပ်သိမ်းခွင့်ပြုခြင်း
(၂)တရားလိုပြသက်သေများကိုစစ်ဆေးပြီးနောက် စွပ်စွဲခံရသူသည် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ကြောင်း မပေါ်ပေါက်ခြင်း
(၃)တရားလိုပြသက်သေများကိုပြီးစီးအောင်စစ်ဆေးခြင်းမပြုရသေးသော်လည်း (စွပ်စွဲခံရ သူအပေါ်)စွဲဆိုချက်သည် အခြေအမြစ်မရှိဟု တရားသူကြီးကယူဆခြင်းတို့ဖြစ်ပါသည်။
×××××××××
တရားလိုပြသက်သေများကိုစုံလင်စွာစစ်ဆေးခြင်းမပြုတော့ဘဲ စွဲဆိုချက်သည်အခြေအမြစ်မရှိကြောင်း ယူဆသဖြင့် ရာဇ၀တ်ကျင့်ထုံးပုဒ်မ-၂၅၃(၂)အရတရားရှင်လွှတ်သည့်အမိန့်ကိုတရားသူကြီးများက လွယ်လင့်တကူချမှတ်လေ့မရှိပါ။အထူး အားဖြင့်၊ အများပြည်သူစိတ်၀င်စားပြီး မမျှော်မှန်းနိုင်သောပြဿနာ၊အခက်အခဲတို့ပေါ်ပေါက်နိုင်သည့်အမှုများတွင် အမှုစစ် တရားသူကြီးတို့သည် ကျင့်ထုံးပုဒ်မ-၂၅၃(၂)အရတရားရှင်လွှတ်သည့်အမိန့်ကိုချမှတ်ရန် ၀န်လေးကြပါသည်။
×××××××
စီရင်ထုံးညွှန်ပြချက်။ ။အမှုစစ်တရားသူကြီးများသည် ရာ/ကျင့်ပုဒ်မ-၂၅၃(၂)အရတရားရှင်လွှတ်ခြင်းကို ကျင့်သုံးမှုနည်းပါး သဖြင့် ယင်းပုဒ်မနှင့်စပ်လျဉ်းသည့် စီရင်ထုံး၊ဆုံးဖြတ်ချက်တို့လည်း အလွန်နည်းပါးပါသည်။
အမှုတစ်ခုတွင် ဇနီးဖြစ်သူမကျင်နုအား ဝါးချွန်ဖြင့်ထိုးသတ်သည်ဟုဆိုကာ ခင်ပွန်းဖြစ်သူ မောင်သောင်းစိန်အပေါ် ရဲတပ်ဖွဲ့က လူသတ်မှုဖြင့်စွဲဆိုသည်။တရားလိုပြသက်သေစာရင်းတွင်(၁၉)ယောက်ရှိပြီး မူလရုံးအစိုးရရှေ့နေသည် သက်သေ (၆)ယောက်ကိုစစ်ဆေးပြီး ကျန်(၁၃)ယောက်ကိုမစစ်ဆေးဘဲ အမှုပိတ်ခဲ့သဖြင့် ဟံသာ၀တီခရိုင်၊ပထမရာဘက် အထူးတရား သူကြီးက မောင်သောင်းစိန်အား ရာ/ကျင့်-၂၅၃(၂)အရ တရားရှင်လွှတ်ခဲ့သည်။
ရာဇ၀တ်ပြင်ဆင်မှုတွင် တရားရုံးချုပ်တရားသူကြီး ဦးသက်ဖေနှင့်ဦးတင်အုံးတို့က ဤသို့ သုံးသပ်ခဲ့သည်။
“ရာဇ၀တ်ကျင့်ထုံးပုဒ်မ-၂၅၃(၂)အရ ရာဇ၀တ်တရားသူကြီး၊သို့မဟုတ် အထူးတရားသူကြီးသည် တရားလိုပြသက်သေ အားလုံးကို စစ်ဆေးခြင်းမပြုရသေးစေကာမူ တရားခံအပေါ် ပြုလုပ်ထားသည့်စွဲချက်မှာ အခြေအမြစ်မရှိဟု ယူဆလျှင်
အကျိုးအကြောင်းဖော်ပြပြီး တရားခံအားတရားရှင်လွှတ်နိုင်ပေမည်။ ရည်ရွယ်ချက်မှာ အရေးကြီးသည့် သက်သေအားလုံးကို စစ်ဆေးပြီးနောက် တရားခံသည်ပြစ်မှုကျူးလွန်ကြောင်း မပေါ်ပေါက်လျှင် ပြစ်မှုကျူးလွန်ခြင်းနှင့်တိုက်ရိုက်မပတ်သက်သော အရေးမကြီးသည့်သက်သေများကို စစ်ဆေးခြင်းမပြုရသေးသော်လည်း တရားခံအားမလိုအပ်ဘဲချုပ်နှောင် ထားခြင်း၊စွပ်စွဲထားခြင်းမဖြစ်ရအောင် တရားရှင်လွှတ်ခြင်းဖြစ်သည်” (×××××)
“ထို့ပြင်၊ မူလရုံးမှသက်သေခံ(င)အဖြစ် လက်ခံထားသော ပထမသတင်းပေးချက်တွင် တရားခံသည် ရပ်ရွာလူကြီးများ အား မကျင်နုကို ဝါးချွန်ဖြင့်ထိုးမိကြောင်း ၀န်ခံခဲ့သည်ဟုဖော်ပြထားရာ ထိုဖော်ပြချက်သည်ဟုတ်မှန်ခြင်းရှိမရှိဆိုသော
အချက်ကို စုံစမ်းစစ်ဆေးသင့်ပေသည်”(×××××)
“တရားရုံးများ၏အဓိကတာ၀န်သည် အမှန်တရားကို ဖော်ထုတ်ရှာဖွေရန်ဖြစ်သည်။ရှေ့နေများကတင်ပြသည့်အချက်
အလက်ပေါ်တွင်သာမူတည်၍ ဒိုင်လူကြီးအနေဖြင့်ဆုံးဖြတ်ရန်မဟုတ်ဘဲ အမှန်တရားပေါ်ပေါက်အောင် လိုအပ်သည့် သက်သေအထောက်အထားများကို စစ်ဆေးကြားနာရန်လိုသည်ဟုဤရုံးမှ မကြာခဏမှတ်ချက်ပြုခဲ့ပြီးဖြစ်သည်။ယခု အမှုတွင် မူလရုံးသည် ထိုအချက်ကို လိုက်နာရန်ပျက်ကွက်ခဲ့ကြောင်း ထင်ရှားသည်”(×××××)
“အထက်ပါ အကြောင်းများကြောင့် လျှောက်ထားခံရသူမောင်သောင်းစိန်အား ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရစွပ်စွဲထားသောအမှုတွင် တရားရှင်လွှတ်ခဲ့သည့် ဟံသာ၀တီ၊ပထမအထူး(စက်ရှင်)တရားသူကြီး၏အမိန့်ကို ပယ်ဖျက် လိုက်ပြီး ၎င်းအားစွပ်စွဲထားသောပြစ်မှုဖြင့် အသစ်တစ်ဖန်ပြန်လည်စစ်ဆေးရန်ဟံသာ၀တီအထူး(ရာဘက်စက်ရှင်)တရားသူကြီး ထံသို့ ပေးပို့လိုက်သည်” (ဦးသန်းအောင်ပါ-၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊၁၉၇၂၊မတစ၊စာ-၃၃)

္ ++++++++++

အကျိုးနှင့်အပြစ်။ ။ရာဇ၀တ်ကြောင်းစွဲဆိုမှုတွင် သက်သေခံချက်(အချို့)အရ စွပ်စွဲခံရသူအပေါ်စွဲဆိုချက်သည်အခြေအမြစ် မရှိဟု ယူဆဖွယ်ရာပေါ်ပေါက်ခဲ့လျှင် အမှုစစ်တရားသူကြီးသည် ရွေးချယ်စရာနှစ်မျိုးရှိပါသည်။
(၁)လိုပြသက်သေများစုံလင်အောင်စစ်ဆေးပြီးမှ စွပ်စွဲခံရသူကို ရာ/ကျင့်-၂၅၃(၁)အရတရားရှင်လွှတ်ခြင်းနှင့်
(၂)လို ပြသက်သေအချို့ကိုသာစစ်ဆေး၍ စွပ်စွဲခံရသူကိုရာ/ကျင့်၂၅၃(၂)အရတရားရှင်လွှတ်ခြင်းတို့ဖြစ်ပါသည်။
တရားလိုပြသက်သေစုံလင်သည်အထိစစ်ဆေးပါက အမှန်တကယ်ပြစ်မှုကျူးလွန်သူ မည်သူဖြစ်သည်ဟုသက်သေခံ ချက်များအရပေါ်ပေါက်သူကို နောက်တိုးတရားခံ(Additional Accused) ထည့်သွင်းဖို့ အခွင့်အရေးရနိုင်ပါသည်။အမှန်တရား တွေ့ရှိသည်အထိ တရားရုံး၏တာ၀န်ကိုကျေပွန်အောင်လုပ်ဖို့ အခွင့်အရေးရှိပါသည်။မှားယွင်းစွပ်စွဲခံရသူသည် အချုပ်တရား ခံဖြစ်ပြီး ထိုသူကို မနစ်နာစေလိုပါက အာမခံဖြင့်နေခွင့်ပြုခြင်းဖြင့် တရားမျှတမှုရရှိအောင် ကုစားပေးနိုင်ပါသည်။
ရာ/ကျင့်ပုဒ်မ-၂၅၃(၂)အရတရားရှင်လွှတ်ခြင်းကား မှားယွင်းစွပ်စွဲခံရသူကို ဆောလျင်စွာ ၀မ်းမြောက်စေနိုင်ပါသည်။
သို့သော်၊ အမှုတွင် တရားခံအစစ်အမှန်တို့ လွတ်မြောက်ပြီး၊ အမှုမှန်ပေါ်ပေါက်ရေးမှာ လမ်းစပျောက်သွားနိုင်ပါသည်။

တရားလည်း နိုင်ပါစေ ။ ။ရဲတပ်ဖွဲ့ကဲ့သို့သောတရားစွဲအဖွဲ့များသည် အမှုကိုစီရင်ပိုင်ခွင့်မရှိစေကာမူ“ကနဦးတရားသူကြီး” များသဖွယ်ဖြစ်ပါသည်။တရားခံအဖြစ် ၎င်းတို့က စွဲဆိုခဲ့သူအပေါ်တရားရုံးက ရာ/ကျင့်-၂၅၃(၁)အရဖြစ်စေ၊ရာ/ကျင့်-၂၅၃(၂) အရဖြစ်စေ၊တရားရှင်လွှတ်ခဲ့ပါက ၎င်း၏တာ၀န်၊ကျေပွန်ပြီဟုမဆိုသာပါ။ အမှု ပြီးပြတ်/ပြီးဆုံးသွားသည်မဟုတ်ပါ။
အမှန်ပေါ်ပေါက်သည်အထိစုံစမ်းစစ်ဆေးရန်၊တရားခံအစစ်အမှန်ဖော်ထုတ်၍တရားစွဲဆိုရန်မှာတရားစွဲအဖွဲ့၏အဓိက တာ၀န်ဖြစ်ပါသည်။ ငါငါသူသူ၊မည်သူရှုံးသည်ဖြစ်စေ တရားကတော့ဖြင့်နိုင်ရမည်ပဲဖြစ်ပါသည်။

(7 day,7-1-2020)

02/10/2025

သက်သေခံအက်ဥပဒေ (အကျဉ်းချုပ်)
၁၈၇၂ ခုနှစ်၊ အိန္ဒိယအက်ဥပဒေ အမှတ် (၁)
၁၈၇၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်
အပိုင်း (၃)ပိုင်း၊
အခန်း (၁၂)ခန်း၊
ပုဒ်မ (၁၆၇)ခု

👉ပုဒ်မ ၁၈၊ ၁၉၊ ၂၀ အထိ ဝန်ခံချက်များ (Admissions)၊ ပုဒ်မ ၅၂၊ ၅၅ တွင် အကျင့်စာရိတ္တ (Character) နှင့် ပုဒ်မ ၁၁၅၊ ၁၁၆၊ ၁၁၇ ထိ သက်သေခံကို ပိတ်ပစ်ခြင်း (Estoppel) စသည့်ပုဒ်မများသည် တရားမမှုနှင့်သာ သက်ဆိုင်သည်။

👉ပုဒ်မ ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀ အထိ ဖြောင့်ချက်များ (Confessions)၊ ပုဒ်မ ၅၃၊ ၅၄ တွင် အကျင့်စာရိတ္တ (Character) နှင့် ပုဒ်မ ၁၅၅(၄) တွင် မုဒိမ်းမှုများ၌ တရားလိုမ၏ အကျင့်စာရိတ္တတို့မှာ ရာဇဝတ်မှုများနှင့်သာ သက်ဆိုင်သည်။

👉မှန်သည်ဟု မှတ်ယူနိုင်ခြင်း (May Presume) ပုဒ်မ ၈၆၊ ၈၇၊ ၈၀၊ ၉၀၊ ၁၀၄ တို့တွင် ပြဌာန်းထားသည်။

👉မှန်သည်ဟု မှတ်ယူရခြင်း (Shall Presume) ပုဒ်မ ၇၉၊ ၈၀၊ ၈၁၊ ၈၂၊ ၈၃၊ ၈၅၊ ၈၉၊ ၁၀၅ တို့ဖြစ်သည်။

👉မုချမှန်သည်ဟု ထင်ရှားခြင်း (Conclusive Proof) ပုဒ်မ ၄၁၊ ၁၁၂ တို့တွင် ပြဌာန်းထားသည်။

👉 👉👉👉👉အပိုင်း (၁) 👈👈👈👈👈
အကြောင်းခြင်းရာ၏ စပ်ဆိုင်ခြင်း (ပုဒ်မ - ၅ မှ ၅၅)

အကြောင်းခြင်းရာများ စပ်ဆိုင်ခြင်း (ပုဒ်မ - ၅ မှ ၁၆)

ပုဒ်မ ၅ ။ အငြင်းထွက်အကြောင်းခြင်းရာနှင့် စပ်ဆိုင်သောအကြောင်းခြင်းရာများကို သက်သေခံတင်ပြနိုင်ခြင်း

ပုဒ်မ ၆ ။ ကိစ္စတစ်ခုတည်းတွင်ပါဝင်သော အကြောင်းခြင်းရာများသည် စပ်ဆိုင်ခြင်း

ပုဒ်မ ၇ ။ အငြင်းထွက်အကြောင်းခြင်းရာများနှင့် အခွင့်အခါ ကြုံကြိုက်သော၊ အကြောင်းဖြစ်စေသော (သို့)အကျိုးဖြစ်စေသောအကြောင်းခြင်းရာများ

ပုဒ်မ ၈ ။ လှုံဆော်ခြင်း၊ ပြင်ဆင်ခြင်းနှင့် မဖြစ်ပွားမီ (သို့) ဖြစ်ပွားပြီးနောက် အမူအရာ

ပုဒ်မ ၉ ။ စပ်ဆိုင်သောအကြောင်းခြင်းရာများကို ရှင်းလင်းရန် (သို့) ထုတ်ဖော်ရန် လိုအပ်သော အကြောင်းခြင်းရာများ

ပုဒ်မ ၁၀ ။ တူညီသော ကြံစည်မှုနှင့်ပတ်သက်၍ ပူးပေါင်းကြံစည်သူတို့၏ ပြောဆိုချက် (သို့) ပြုလုပ်ချများ

ပုဒ်မ ၁၁ ။ အခြားနည်းဖြင့် မစပ်ဆိုင်သော အကြောင်းခြင်းရာများသည် မည်သည့်အခါ စပ်ဆိုင်လာခြင်း

ပုဒ်မ ၁၂ ။ လျော်ကြေးစွဲဆိုသော တရားမမှုများတွင် တရားရုံးကလျော်ကြေးငွေ သတ်မှတ်နိုင်ရန်အထောက် အကူဖြစ်စေမည့် အကြောင်းခြင်းရာများ (Civil)

ပုဒ်မ ၁၃ ။ အခွင့်အရေး (သို့) ဓလေ့ထုံးစံ ရှိ/မရှိ ပြဿနာတွင် စပ်ဆိုင်သောအကြောင်းခြင်းရာများ

ပုဒ်မ ၁၄ ။ စိတ်(သို့) ကိုယ်ခန္ဓာ ခံစားမှုတို့၏ အခြေအနေကိုဖော်ပြသော အကြောင်းခြင်းရာများ

ပုဒ်မ ၁၅ ။ ပြုလုပ်မှုသည် မတော်တဆ (သို့) တမင် ဖြစ်သည်/မဖြစ်သည်ဆိုသော ပြဿနာနှင့် သက်ဆိုင်သောအကြောင်းခြင်းရာများ

ပုဒ်မ ၁၆ ။ လုပ်ရိုးလုပ်စဉ်ရှိကြောင်း မည်သည့်အခါ စပ်ဆိုင်ခြင်း

ဝန်ခံချက်များ (ပုဒ်မ - ၁၇ မှ ၃၁)

ပုဒ်မ ၁၇ ။ ဝန်ခံချက်ကို အဓိပ္ပာယ်ဖော်ပြခြင်း

ပုဒ်မ ၁၈ ။ အမှုသည် (သို့) ၎င်း၏ကိုယ်စားလှယ်မှ ဝန်ခံချက် (Civil)

ပုဒ်မ ၁၉ ။ အမှုသည်နှင့် ဆန့်ကျင်သောအခြေအနေရှိကြောင်း ထင်ရှားပြသရန် လိုအပ်သောသူများ၏ဝန်ခံ ချက်များ(Civil)

ပုဒ်မ ၂၀ ။ တရားမမှုတွင် အမှုသည်ကအတိအလင်းညွှန်ကြားလိုက်သူ၏ ဝန်ခံချက်များ (Civil)

ပုဒ်မ ၂၁ ။ ဝန်ခံချက်ကို ဝန်ခံချက်ပြုသူများအပေါ်တွင် ၎င်းတို့က (သို့) ၎င်းတို့အတွက် သက်သေခံတင်ပြခြင်း

ပုဒ်မ ၂၂ ။ စာတမ်းအမှတ်အသားတွင်ပါရှိချက်များနှင့် စပ်လျဉ်း၍ နှုတ်ဖြင့် ဝန်ခံချက်များသည် မည်သည့်အခါစပ်ဆိုင်ခြင်း

ပုဒ်မ ၂၃ ။ တရားမမှုများတွင် ဝန်ခံချက်များသည် မည်သည့်အခါ စပ်ဆိုင်ခြင်း (Civil)

ဖြောင့်ချက်များ (Confessions)

ပုဒ်မ ၂၄ ။ ရာဇဝတ်မှုများတွင် သွေးဆောင်၊ ခြိမ်းခြောက်၊ ကတိပြုခြင်း တို့ကြောင့်ရသော ဖြောင့်ချက်သည်မည်သည့် အခါမျှမစပ်ဆိုင်ခြင်း

ပုဒ်မ ၂၅ ။ ရဲအရာရှိထံပေးသောဖြောင့်ချက်ကို သက်သေခံတင်ပြခြင်းမပြုရ

ပုဒ်မ ၂၆ ။ ရဲထံအချုပ်ခံနေရစဉ်အတွင်း တရားခံ၏ဖြောင့်ချက်ကို ၎င်းပေါ်တွင် သက်သေခံတင်ပြခြင်းမပြုရ

ပုဒ်မ ၂၇ ။ ရဲထံအချုပ်ခံနေရစဉ်အတွင်း တရားခံ၏ပြောကြားချက်အနက် မည်မျှသက်သေခံတင်ပြနိုင်ခြင်း

ပုဒ်မ ၂၈ ။ ပုဒ်မ ၂၄ မှ စိတ်များ ကင်းစင်ပြီးမှပေးသော ဖြောင့်ချက်သည် စပ်ဆိုင်ခြင်း

ပုဒ်မ ၂၉ ။ ဖြောင့်ချက်သည် အခြားနည်းမစပ်ဆိုင်လျှင် လျှို့ဝှက်ထားမည်ဆိုသော ကတိစသည်တို့ကြောင့် ပေးသော်လည်း မစပ်ဆိုင်ဟုမဖြစ်နိုင်

ပုဒ်မ ၃၀ ။ ဖြောင့်ချက်ပေးသူနှင့် ပြစ်မှုတစ်မျိုးတည်းတွင် ပူးတွဲစစ်ဆေးခြင်းခံရသူများအပေါ်တွင် ထင်ရှားပြီးဖြောင့်ချက်ကို စဉ်စားနိုင်ခြင်း

ပုဒ်မ ၃၁ ။ ဝန်ခံချက်များသည် မုချမှန်သည်ဟု ထင်ရှားခြင်းမဟုတ်၊ သို့သော် သက်သေခံတင်ပြခွင့်ကိုပိတ်ပင်နိုင်သည်

သက်သေအဖြစ်ခေါ်ယူခြင်းမပြုနိုင်သူတို့၏ ပြောတိုချက်များ (ပုဒ်မ - ၃၂၊ ၃၃)

ပုဒ်မ ၃၂ ။ သက်သေအဖြစ်ခေါ်ယူခြင်းမပြုနိုင်သူများမှာ-

- သေဆုံးပြီးသူ၊

- ရှာဖွေမတွေ့နိုင်သူ၊

- သက်သေခံရန် မစွမ်းဆောင်နိုင်သည့် အဖြစ်သို့ရောက်သွားသူ၊

- ကြန့်ကြာခြင်း၊ စရိတ်ကြီးလေးခြင်းမရှိဘဲ ဆင့်ခေါ်၍ ရနိုင်မည် မဟုတ်သူ၊

စသူတို့က စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ အောက်ပါကိစ္စရပ်များဖြစ်က စပ်ဆိုင်သည်။

(၁) မည်သို့သေဆုံးကြောင်းနှင့်ပတ်သက်သည့် ပြောဆိုချက်

(၂) လုပ်ကိုင်မြဲအလုပ်နှင့်ပတ်သက်သည့် ပြောဆိုချက်

(၃) ပြောဆိုသူ၏ အကျိုးနှင့် ဆန့်ကျင်သည့်ပြောဆိုချက်

(၄) အများပြည်သူတို့၏ အခွင့်အရေး၊ ဓလေ့ထုံးစံ (သို့) အများ၏အကျိုးနှင့် သက်ဆိုင်သော အရေးအခင်းများ နှင့်စပ်လျဉ်း၍ ပေးသောထင်မြင်ချက်

(၅) ဆွေမျိုးတော်စပ်ခြင်း ရှိ/မရှိ နှင့်ပတ်သက်သောပြောဆိုချက်

(၆) မိသားစုကိစ္စနှင့်ပတ်သက်၍ သေတမ်းစာ (သို့) စာချုပ်စာတမ်းပါ ရှိသောပြောဆိုချက်

(၇) ပုဒ်မ ၁၃ အရ ပြောဆိုချက်များ

(၈) ပြဿနာနှင့် ပတ်သက်၍ အများ၏စိတ်သဘောထားကို ထုတ်ဖော်ပြောဆိုချက်

ပုဒ်မ ၃၃ ။ သက်သေခံချက်တစ်ခုတွင် ပါရှိသော အကြောင်းခြင်းရာသည် မှန်ကန်ကြောင်းကို နောက်တစ်မှုတွင်တင်ပြရန်အတွက် စပ်ဆိုင်ခြင်း

ထူးအကြောင်းခြင်းရာများအရ ဖော်ပြချက်များ (ပုဒ်မ - ၃၄ မှ ၃၈)

ပုဒ်မ ၃၄ ။ စာရင်းစာအုပ်များတွင် ရေးသားထားချက်များသည် မည်သည့်အခါ စပ်ဆိုင်ခြင်း

ပုဒ်မ ၃၅ ။ အများပြည်သူတို့နှင့်သက်ဆိုင်သော မှတ်တမ်းတွင် အလုပ်ဝတ္တရား ဆောင်ရွက်ရာ၌ ရေးမှတ်ထားချက်သည်စပ်ဆိုင်ခြင်း

(မှတ်ချက်။ ။ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၁၅၄ အရ ရေးမှတ်ထားသော ပထမသတင်းပေးတိုင်ချက်မှာ ပြည်သူဝန်ထမ်းတစ်ဦးက အလုပ်ဝတ္တရားဆောင်ရွက်ရာတွင် ရေးမှတ်ထားသော မှတ်တမ်းဖြစ်သည်။)

ပုဒ်မ ၃၆ ။ နယ်ပုံ၊ မြေပုံ၊ ပုံစံများတွင် ဖော်ပြချက်များ စပ်ဆိုင်ခြင်း

ပုဒ်မ ၃၇ ။ အတည်ဖြစ်နေသော အက်ဥပဒေများ၊ အစိုးရပြန်တမ်း(Gazette)များတွင် ပါရှိသော အများပြည်သူနှင့်သက်ဆိုင်သည့် အကြောင်းခြင်းရာများကို ဖော်ပြချက်များသည် စပ်ဆိုင်ခြင်း

ပုဒ်မ ၃၈ ။ ဥပဒေစာအုပ်များတွင် ပါရှိသော ဥပဒေနှင့် ပတ်သက်သည့် ဖော်ပြချက်များ စပ်ဆိုင်ခြင်း

ဖော်ပြချက်အနက်မည်မျှကို သက်သေခံတင်ပြရခြင်း (ပုဒ်မ - ၃၉)

ပုဒ်မ ၃၉ ။ (၁) အလွန်ရှည်လျားသော ဖော်ပြချက်၊ (၂) အပြန်အလှန်စကားပြောဆိုချက်၊

(၃) စာတမ်းအမှတ်အသား၊

(၄) စာအုပ်၊

(၅) ပေးစာအဆက်ဆက်များတွင်ပါရှိသောအချက်

တရားရုံး၏ စီရင်ချက်များသည် မည်သည့်အခါစပ်ဆိုင်ခြင်း (ပုဒ်မ - ၄၀ မှ ၄၄)

ပုဒ်မ ၄၀ ။ ယခင်စီရင်ချက်များသည် ဒုတိယအကြိမ် တရားမ (သို့) ရာဇဝတ်မှုများကို တားမြစ်ရန်အတွက်စပ်ဆိုင်ခြင်း

ပုဒ်မ ၄၁ ။ သေတမ်းစာအတည်ပြုခြင်းစသော စီရင်ပိုင်ခွင့်အာဏာအရ ချမှတ်သောစီရင်ချက်များ (Conclusive Proof)

ပုဒ်မ ၄၂ ။ ပုဒ်မ-၄၁ အရ မဟုတ်သော စီရင်ချက်၊ အမိန့်၊ ဒီကရီများ၏ အကျိုးသက်ရောက်ခြင်းနှင့် စပ်ဆိုင်ခြင်း

ပုဒ်မ ၄၃ ။ ပုဒ်မ-၄၁၊ ၄၂ တို့တွင် ဖော်ပြမထားသည့် စီရင်ချက်များသည် မည်သည့်အခါ စပ်ဆိုင်ခြင်း

ပုဒ်မ ၄၄ ။ စီရင်ချက်ကို ရရှိရန် လိမ်လည်လှည့်ဖြားခြင်း (သို့) ပူးပေါင်းကြံစည်ခြင်း (သို့) တရားရုံး၌အခွင့်အာဏာမရှိခြင်းကို သက်သေထင်ရှားပြသနိုင်သည်

တစ်ပါးသူ၏ထင်မြင်ချက်သည် မည်သည့်အခါစပ်ဆိုင်ခြင်း (ပုဒ်မ - ၄၅ မှ ၅၁)

ပုဒ်မ ၄၅ ။ ပါရဂူများ၏ ထင်မြင်ချက်များ

ပုဒ်မ ၄၆ ။ ပါရဂူများ၏ ထင်မြင်းချက်များနှင့် သက်ဆိုင်သော အကြောင်းခြင်းရာများ

ပုဒ်မ ၄၇ ။ လက်ရေးပါရဂူ၏ ထင်မြင်ချက်သည် မည်သည့်အခါ စပ်ဆိုင်ခြင်း

ပုဒ်မ ၄၈ ။ အခွင့်အရေး (သို့) ဓလေ့ထုံးစံ ရှိ/မရှိနှင့် ပတ်သက်သော ထင်မြင်ချက်သည် မည်သည့်အခါ စပ်ဆိုင်ခြင်း

ပုဒ်မ ၄၉ ။ အလေ့အထများ (သို့) အယူဝါဒများ စသည်တို့နှင့် ပတ်သက်သော ထင်မြင်ချက်များသည် မည်သည့်အခါစပ်ဆိုင်ခြင်း

ပုဒ်မ ၅၀ ။ ဆွေမျိုးတော်စပ်ခြင်းအပေါ် ထင်မြင်ချက်သည် မည်သည့်အခါ စပ်ဆိုင်ခြင်း

ပုဒ်မ ၅၁ ။ ထင်မြင်ချက်အတွက် အကြောင်းပြချက်များသည် မည်သည့်အခါ စပ်ဆိုင်ခြင်း

အကျင့်စာရိတ္တသည် မည်သည့်အခါစပ်ဆိုင်ခြင်း (ပုဒ်မ - ၅၂ မှ ၅၅)

ပုဒ်မ ၅၂ ။ တရားမမှုများတွင် စွပ်စွဲထားသော အပြုအမှုကို ထင်ရှားစေရန်အတွက် အကျင့်စာရိတ္တသည်စပ်ဆိုင်ခြင်းမရှိ(Civil)

ပုဒ်မ ၅၃ ။ ရာဇဝတ်မှုများတွင် ယခင်က အကျင့်စာရိတ္တကောင်းကြောင်းသည် စပ်ဆိုင်ခြင်း

ပုဒ်မ ၅၄ ။ ယခင်က အကျင့်စာရိတ္တမကောင်းကြောင်းသည် ပြန်လှည်ချေပရန်မှတစ်ပါး စပ်ဆိုင်ခြင်းမရှိ

ပုဒ်မ ၅၅ ။ လျော်ကြေးသတ်မှတ်ရန်အတွက် အကျင့်စာရိတ္တ (Civil)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Lawyer Me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category