Htoo Legal Services

Htoo Legal Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htoo Legal Services, Legal Service, Yangon.

01/05/2026

Hiring: Multiple Legal Positions
We are looking for motivated and qualified professionals to join our legal team.
Available Positions:
1. Associate Lawyer (Senior)
2. Associate Lawyer (Junior)
3. Paralegal / Legal Assistant
4. Legal Secretary
Benefits:
• Salary: Attractive Salary (Commensurate with experience)
• Working Hours: 9:00 AM – 5:00 PM
• Off Days: Sundays & Public Holidays
• Accommodation: Provided if needed (Located in Hlaing Township, Yangon)
• Flexibility: Legal Secretary must be available for extended hours as per business needs.

၁။ Associate Lawyer (Senior Level)
Key Responsibilities:
• Managing Partner ၏ လမ်းညွှန်မှုဖြင့် ရှုပ်ထွေးသော Joint Venture (JV) စာချုပ်များ၊ Long-term Leases များကို စစ်ဆေးခြင်းနှင့် အကြံပြုခြင်း။
• နိုင်ငံတကာစံနှုန်းမီ စာချုပ်များ (JV, Share Purchase, Service Agreement) ကို အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ရေးသား/စစ်ဆေးခြင်း။
• ကုမ္ပဏီများနှင့် NGO များ၏ အငြင်းပွားမှုများကို တရားရုံးပြင်ပ သို့မဟုတ် ခုံသမာဓိရုံးတွင် ညှိနှိုင်းဆောင်ရွက်ခြင်း။
• Junior Lawyer များ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်ကွပ်ကဲခြင်း။
Requirements:
• LL.B (ဥပဒေဘွဲ့) ရရှိထားသူ ဖြစ်ရမည်။
• အထက်တန်းရှေ့နေ (HGP) သို့မဟုတ် တရားလွှတ်တော်ရှေ့နေ (Advocate) လိုင်စင်ရှိရမည်။
• ရှေ့နေလုပ်သက် အနည်းဆုံး (၃) နှစ်ရှိရမည်။
• Myanmar Companies Law နှင့် Investment Law (MIL) ကို ကျွမ်းကျင်စွာ နားလည်ရမည်။
၂။ Associate Lawyer (Junior Level)
Key Responsibilities:
• Joint Venture, Share Purchase နှင့် Service Agreement စာချုပ်များကို နှစ်ဘာသာဖြင့် ရေးသား/စစ်ဆေးခြင်း။
• Update ဖြစ်နေသော MIC နှင့် DICA စည်းမျဉ်းများကို ပုံမှန်စောင့်ကြည့် သတင်းပို့ခြင်း။
Requirements:
• LL.B (ဥပဒေဘွဲ့) ရရှိထားသူ ဖြစ်ရမည်။
• အထက်တန်းရှေ့နေ (HGP) လိုင်စင်ရှိရမည်။ (လိုင်စင်လျှောက်ထားဆဲသူများလည်း လျှောက်ထားနိုင်ပါသည်။)
၃။ Paralegal / Legal Assistant
Key Responsibilities:
• Legal Research ပြုလုပ်ခြင်းနှင့် လိုအပ်သော အချက်အလက်များ စုဆောင်းခြင်း။
• တရားရုံးနှင့် အစိုးရရုံးများသို့ စာရွက်စာတမ်းများ သွားရောက်တင်ပြခြင်း။
Requirements:
• LL.B ဘွဲ့ရ သို့မဟုတ် ဥပဒေနောက်ဆုံးနှစ် ကျောင်းသားဖြစ်ရမည်။
• MS Office ကျွမ်းကျင်ရမည်။ Attention to detail ရှိရမည်။
• အတွေ့အကြုံမရှိသူများ၊ Chamber/အလုပ်သင် ဆင်းနေသူများလည်း လျှောက်ထားနိုင်ပါသည်။
၄။ Legal Secretary
Key Responsibilities:
• Managing Partner နှင့် ရှေ့နေများ၏ Calendars နှင့် ရုံးရက်ချိန်းများကို စီမံခန့်ခွဲခြင်း။
• နိုင်ငံခြားကုမ္ပဏီ ကိုယ်စားလှယ်များနှင့် အစည်းအဝေးများ (In-person/Online) ချိတ်ဆက်ပေးခြင်း။
• Legal Transcription, Billing နှင့် Invoicing လုပ်ငန်းများ ဆောင်ရွက်ခြင်း။
Requirements:
• တက္ကသိုလ်ဘွဲ့တစ်ခုခု ရရှိထားသူ (ဥပဒေစိတ်ဝင်စားသူ ဦးစားပေးမည်)။
• အင်္ဂလိပ်/မြန်မာ စာရိုက်ကျွမ်းကျင်ပြီး MS Office နှင့် AI Tool များ အသုံးပြုနိုင်ရမည်။
• Admin/Secretary လုပ်သက် အနည်းဆုံး (၁) နှစ် ရှိရမည်။

How to Apply:
Please send your updated CV and relevant documents to:
📧 Email: [email protected]
Note: Only shortlisted candidates will be notified for the interview process.

18/03/2026
ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ
18/03/2026

ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ

မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ
17/03/2026

မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ

ယစ်မျိုးဥပဒေကိုပြင်ဆင်သည့် ဥပဒေ ၇/၂၀၂၆
11/03/2026

ယစ်မျိုးဥပဒေကိုပြင်ဆင်သည့်
ဥပဒေ
၇/၂၀၂၆

ရှေ့နေများအက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ  knowledge
07/03/2026

ရှေ့နေများအက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ
knowledge

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအမိန့်အမှတ် (၆/၂၀၂၆) (၇/၂၀၂၆) (၈/၂၀၂၆) (၉/၂၀၂၆)
02/03/2026

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

အမိန့်အမှတ် (၆/၂၀၂၆) (၇/၂၀၂၆) (၈/၂၀၂၆) (၉/၂၀၂၆)

အီးစီးကရက် V**e နှင့် ရှိရှား များကို တရား၀င်တားမြစ်ပိတ်ပင် ဖမ်းဆီးပါတော့မည့် ကျန်းမာရေး၀န်ကြီးဌာနကထုတိပြန်သည့် အမိန့်၈/...
21/02/2026

အီးစီးကရက် V**e နှင့် ရှိရှား များကို တရား၀င်တားမြစ်
ပိတ်ပင် ဖမ်းဆီးပါတော့မည့် ကျန်းမာရေး၀န်ကြီးဌာနကထုတိပြန်သည့် အမိန့်၈/၂၀၂၆အရ

ဆေးလိပ်ဖြတ်စက်ဟု လူသိများသော အီးစီးကရက် V**e နှင့် ပတ်သတ်သည့် ဆက်ယှက်ပစ္စည်းများကို တင်သွင်း၊ တင်ပို့ခြင်း၊
ရောင်း၀ယ်ခြင်း၊ သုံးစွဲခြင်း၊ လက်၀ယ်ထားရှိခြင်း၊ သိုလှောင်ခြင်း
သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်းတို့ ပြုလုပ်ပါက အရေးကြီးကုန်စည် နှင့် ၀န်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း
ကျန်းမာရေး၀န်ကြီးဌာနက ၂၀၂၆ ဖေဖော်၀ါရီလ (၁၈) ရက်နေ့မှ
စ၍ တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရပါသည်။

အထက်ရှေ့နေများ ကိုထုတ်ပေးသည့်တာဝန်ခံလက်မှတ်လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် မှတ်ချက် ၃၁.၁၂.၂၀၂၅ ရက်နေ့တွင် ပြုလုပ်မည့်AML/...
30/12/2025

အထက်ရှေ့နေများ ကိုထုတ်ပေးသည့်တာဝန်ခံလက်မှတ်လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် မှတ်ချက် ၃၁.၁၂.၂၀၂၅ ရက်နေ့တွင် ပြုလုပ်မည့်AML/CFT သင်တန်းကိုလူကိုယ်တိုင်လာရောက်တက်ရောက်သူများကိုသာ အထက်တန်းရှေ့နေတာဝန်ခံလက်မှတ်ပေးအပ်မည်

"ရှေ့နေကို ပေးရသော ရှေ့နေခ"ရှေ့နေဆိုတာ သူတတ်တဲ့ ပညာ၊လေ့လာဆည်းပူး ထားတဲ့ ပညာ နဲ့ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်း ပြုကြတာပါ...
06/12/2025

"ရှေ့နေကို ပေးရသော ရှေ့နေခ"

ရှေ့နေဆိုတာ သူတတ်တဲ့ ပညာ၊
လေ့လာဆည်းပူး ထားတဲ့ ပညာ နဲ့
ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်း ပြုကြတာပါ
ဒါကို မပေးချင်ရင် ကိုယ့်ဘာသာ လုပ်ပါ
ဆောင်ရွက်ပါ
တရားရုံးမှာ ကိုယ့်အမှုကိုယ်တိုင်လိုက်ပါ
ဘယ်တရားရုံးက မှ ကိုယ်တိုင် မလိုက်ရ
ရှေ့နေငှား ကိုငှား ရမည်လို့ မပြောပါ
ဥပဒေလဲ မရှိပါ

ကိုယ့်စာချုပ် ကိုချုပ်ပါ
စာချုပ် ကိုယ့်ဘာသာ မရေးရ လို့
ဘယ်ဥပဒေမှာ မှ မရှိပါ
ပဋိညာဉ်နဲ့ မညီလို့
သက်ဆိုင်ရာ ဥပဒေ တွေနဲ့မကိုက်ညီလို့
ဖြစ်ပေါ်လာတဲ့ အကျိုးရလဒ် ကိုယ်သာခံရမှာမို့
ရှေ့နေ နဲ့ မချုပ်ချင် မချုပ်ပါနဲ့
တပြားမှ မပေးရ၊ ကုန်ကျစရာမလိုပါ

အဲဒီလို မဟုတ်ပဲ ကိုယ် အတွက် လိုအပ်လို့
ကိုယ့် အကျိုးအတွက် ဥပဒေအရ
သက်သာခွင့်တွေ
ရပိုင်ခွင့်တွေ
ကင်းလွတ်ခွင့် တွေကို လိုချင်လို့
ကိုယ်တိုင် မဆောင်ရွက် နိုင်လို့
ရှေ့နေ ငှားပြီ ဆိုရင်
ရှေ့နေ တစ်ယောက်ရဲ့
Professional Fees ကို ပေးရပါမယ်

သူ့အမှုသည် အကျိုးအတွက်
စာရွက်အဖြူပေါ် စာတွေ ရောက်ဖို့
တောင်းဆို ဖို့
လျှောက်လဲ ဖို့
- ပညာသင်ခဲ့ ရတဲ့နှစ်တွေ
- မရှိမဲ့ ရှိမဲ့ အငတ်ခံ ဝယ်ခဲ့ ရတဲ့
ဥပဒေ စာအုပ်ဖိုးတွေ
- ဆရာတွေရဲ့ နောက် မှာ စားချိန်မမှန်
အငတ်ခံ လေ့လာသင်ယူခဲ့ ရတဲ့ အချိန်တွေ
ရှေ့နေ တစ်ယောက် အဖြစ် အသက်မွေးဝမ်းကျောင်း ပြုနိုင်ဖို့ ပေးဆပ်ခဲ့ ရတာ နည်းတယ် များမှတ် နေပါသလား၊
ပါရမီ မပါရင်
ဒါဏ်မခံနိုင်ရင်
အငတ် မခံနိုင်ရင်
အိပ်ရေးပျက် မခံနိုင်ရင်
စာမဖတ်နိုင်ရင် ရှေ့နေတစ်ယောက်
ဖြစ်မလာပါဘူး

ခင်ဗျားတို့ မြင်လိုက်ရတဲ့
ခင်ဗျားတို့ ထင်တဲ့
အချိန်ခဏလေး ပဲ ပြောလိုက် ရတာ
ရေးလိုက် ရတာ
ဒီလောက် ပေးရတာ မတန်ဘူး ဆိုပြီး
ရှေ့နေခ ကျန်ငွေ မပေးတာ
မသိချင်ယောင်ဆောင်တာ
ph မကိုင်တော့တာ
ရှေ့နေခ မပေးချင်လို
ကလိမ်ကျတာ လိမ်ညာလှည့်ပတ်တာ
ဒီကိစ္စ ဒီအမှု အတွက် ရှေ့နေခ ဘယ်လောက် ဆိုတာ ကျေကျေနပ်နပ် ငှားခဲ့ပြီးမှ
ရှေ့နေ ရှေ့ရပ် တာဝန် ကျေပွန် ပါလျှက်နဲ့
ဘာကြောင့် မပေးချင် ကြတာပါလဲ
အရှက်မဲ့ လိုက်ပါဘိ

အနှီ အမှုသည် တို့
သိစေချင် ပါသည်
ဘယ်ရှေ့နေ မဆို ရှေ့နေခ အကုန်မရ လို့
အမှု ဆက်မလိုက်တော့ဘူး ဆိုတဲ့ ရှေ့နေ
မရှိပါ
ခင်ဗျားတို့ ရှေ့နေခ မပေးလည်း
အမှုပြီးဆုံးအောင် လိုက်ကြ ပါသည်။
ခင်ဗျားတို့ ရုံးချိန်း မလာလည်း
ရှေ့နေကတော့ သူ့အလုပ်ကို သူ့ကျင့်ဝတ် နဲ့အညီ ပြီးဆုံးအောင် လုပ်ကြပါသည်။
"အမှုသည် မလာ ရှေ့နေ မလာ အမှုပလပ်
အမှုသည် မလာ ရှေ့နေ မလာ အမှု တဖက်သက်သွား " ဒီလိုမျိုး အဖြစ်မခံ ကြပါဘူး
သူတော်ကောင်းတို့
ပညာရှိရှေ့နေ များ အမှုကို ပြီးဆုံးအောင် လိုက်ကြပါသည်။
ဒါတောင် ငိုစား ရယ်စား စားသော ရှေ့နေ ဟု အပြောခံ ကြရပါ သေးသည်။
ငိုစား ရယ်စား စားရဖို့ မပြောနဲ့
ကိုယ်ရသင့် တဲ့ ကိုယ့်ပညာခတောင်
အပြည့် မစားရ သော ရှေ့နေတွေ ဒုနဲ့ဒေး။
ရှေ့နေ အားလုံးနီးပါး ခံစားရဘူးပါသည်။

အားတိုင်း ကိုယ်သိချင်
ကိုယ်လုပ်ချင်တာရှိတိုင်း
Free consult ယူယူ နေပြီး
ရှေ့နေ တစ်ယောက် ကို လက်တလုံးခြား
အသုံးချ အမြတ်ထုတ် ဖို့ ကြိုးစား နေတဲ့
ခပ်ညံ့ညံ့ ပွဲစားစိတ်ဓါတ် ကို လက်ကိုင်ထားပြီး
Professional တစ်ယောက်ကို
အမြတ်ထုတ် အသုံးချဖို့ကြံတာ မသိရအောင်
ရှေ့နေလေ ကွယ် စဉ်းစားပေါ့

ရှေ့နေ တစ်ယောက်က သူ့စည်းကျော်လာ လို့
ပြောမှ ဘာတဲ့ Mutual respect မရှိဘူး
အဲဒီတော့ ကျမက ထိုင်ကန်တော့ ရမှာလား ?

ဘယ် Professional အလုပ်ကို လုပ်နေ တဲ့သူ ဆီက မှ သူ့ ရဲ့ Professional Fees
မပေးချင်ရင် အကြံမယူ ပါနဲ့
မတန်ဘူးထင်ရင် မဆွေးနွေး ပါနဲ့
များတယ်ထင်ရင် မငှားပါနဲ့
ခင်ဗျားတို့ကို ပေးလိုက် တဲ့ အချိန် ခဏလေးပဲဖြစ်နေပါစေ သူနဲ့ထိုက်တန်တဲ့ ကြေး ပေးရမှာ ပါပဲ။

Legal Consultant
Tax Consultant
Business Consultant
Management Consultant
စသဖြင့် အများကြီး အများကြီး ပါ
နယ်ပယ် အသီးသီး မှာ
Professional တွေအဖြစ် အများကြီး အသက်မွေးဝမ်းကျောင်း ပြုနေကြပါတယ်။
အဲဒီ အဆင့် ရောက်ဖို့ ပေးဆပ်ခဲ့ရတာ
အများကြီးပါ၊

သူတို့ဆီက အကြံပြုချက် ကြောင့်
သူတို့ကို ပေးရတဲ့ ပညာကြေး ထက်
အဆပေါင်းများ စွာ အကျိုးရှိ လို့
ခင်ဗျားတို့ သွားတာလေ၊ ဆွေးနွေး တာလေ
အရှက်မမဲ့ကြပါ နဲ့
မျက်ခုံးမွှေးပေါ်စင်္ကြန်လျှောက်ဖို့
မကြိုးစားကြပါနဲ့


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Htoo Legal Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category