24/11/2025
#တစ်ဖက်သတ်လင်းမယားကွာလိုမှု #
👉လင်နှင့်မယား သဘောထားမတိုက်ဆိုင်၍ ဖြစ်စေ အကြောင်းအမျိုးမျိုးေကြာင်း ဆက်လက်၍ ပေါင်းသင်း၍မရသဖြင့် လင်မယားကွာခြင်းကြသည့်အခါ လင်မယားနှစ်ဦး သဘောတူ ကွာရှင်းလျှင် တရားရုံးသို့ သော်လည်းကောင်း၊ ရပ်ကွက်ရုံးသော်လည်း၊ ရှေ့နေ၊ ရှေ့ရပ်ရှေ့၌ေသာ်လည်းကောင်း ကွာရှင်းပိုင်ခွင့်ရှိသည်။
✅ သို့သော် လင်ကဖြစ်စေ၊ မယားကဖြစ်စေ ကွာရှင်းရန် သဘောမတူ၍ ငြင်းဆန်နေလျှင် ကွာရှင်းလိုသော သူမှ တရားရုံးသို့ ဦးတိုက်လျှောက်ထား၍ ကွာလိုမှုကို တရားစွဲဆိုနိုင်သည်။
👉 သာမန်အိမ်ထောင်ရေးပြစ်မှုနှင့် ကြီးလေးသော အိမ်ထောင်ရေးပြစ်မှု ဟူ၍ နှစ်မျိုးရှိသည်။
👉ကွာရှင်းခွင့်တောင်းလိုသော သူသည် ကွာရှင် လိုသော (စိတ်ကိုဖြစ်စေ၊ ကိုယ်ကိုဖြစ်စေ ထိခိုက်အောင်ပြုလုပ်ကြောင်း)ခိုင်းလံုေသာအကြောင်းပြချက်များကို ဦးတိုက်လျှောက်လွှာ၌ ထည့်သွင်းရေးသားရမည်ဖြစ်သည်။
👉သက်ဆိုင်ရာ တရားရုံးသို့လျှောက်ထားပြီးနောက် တရားရုံးမှ တရားစွဲဆိုခံရသူအားဆင့်စာထုတ်ဆင့်ရမည်ဖြစ်သည်။ ထိုသို့ဆင့်စာထုတ်ဆင့်ကာ တရားစွဲဆိုခံသူက ဆင့်စာအား လက်ခံကြောင်း လက်မှတ်ေရးထိုး၍ လက်ခံထားပြီး ဆင့်စာအတည်ဖြစ်ကြောင်းပေါ်ပေါက်သော်လည်း ထိုသူသည် တရားရုံးမှ ချိန်းဆိုသည့်ရံုးချိန်းရက်၌ တရားရုံးသို့ လာရောက်ခြင်းမရှိပါက တရားရုံးသို့ ကွာလိုမှုအား တစ်ဖက်သတ် စစ်ဆေးရန် ကွာလိုမှုလျှောက်သူက လျှောက်ထားပိုင်ခွင့်ရှိသည်။ ရုံးမှ လက်ခံပါက ထိုအမှုကိုတစ်ဖက် စစ်ဆေး၍ တစ်ဖတ်သတ် ကွာရှင်းခွင့်ပြုေကြာင်း တစ်ဖက်သတ်ဒီကရီ(Ex Party)ကို ချမှတ်နိုင်သည်။
📝📝📝📝📚⚖️📚
Mka #
Consultent #
Service #