23/12/2024
မင်္ဂလာပါရှင်
စီးပွားရေးဥပဒေဒီပလိုမာသင်တန်း(DBL)
အကြောင်း မျှဝေပေးလိုက်ပါတယ်ရှင်
Law Dept. (YU) မှဖွင့်လှစ်သင်ကြားပေးတဲ့ DBL သင်တန်းအကြောင်း စုံစမ်း မေးမြန်း လာသူများ အတွက် ဒီ post လေး တင်ဖြစ်ပါတယ်၊ DBL တက်ရန် အစီအစဉ် ရှိသူများ အတွက်ပါ။
YU မှ ဖွင့်လှစ်တဲ့ DBL သင်တန်း ဟာ
ဥပဒေဘွဲ့ရနှင့် မည်သည့် ဘွဲ့ရမဆို တက်ရောက် လို့ရတဲ့ သင်တန်း ဖြစ်ပြီး တက်ရောက်ခွင့် အတွက် ၀င်ခွင့် စာမေးပွဲ ဖြေဆိုရပါတယ်။ ခုနောက်ပိုင်း DBL တက်ထားမှ ခေတ်မှီတာမို့ ဘွဲ့ရထား ပြီးသူတိုင်း တက်ထား သင့်တဲ့ သင်တန်း ၁ခု ဖြစ်ပါတယ်။ အထူးသဖြင့် စီးပွါးရေး လုပ်ငန်းရှင်များ၊ ဥပဒေဘွဲ့ရများ၊ စီးပွါးရေး ဘွဲ့ရများ၊ ဘဏ်လုပ်ငန်း၊ စာရင်းအင်းလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မှာ အလုပ်လုပ် နေသူများ အတွက် လိုအပ် တဲ့ Diploma Certificate တစ်ခုပါ။ လှည်းတန်း က ရာမည ဆောင်မှာ တက်ရတာပါ။
(၁) DBL သင်တန်း ကို နှစ်စဉ် May လကုန် ပိုင်းမှာ သတင်းစာကနေ ၀င်ခွင့် Exam အတွက် form လာတင်ဖို့ ခေါ်ပါလိမ့်မယ်။
(၂) Entrance Exam အတွက် form တင်ဖို့ရယ်၊ သင်တန်း တက်ရောက် ခွင့်ရခဲ့ ရင် သုံးဖို့ passport photo ၁ ဒါဇင် လောက် လိုပါမယ်။ တခြားလိုအပ် တာတွေက ၁၀ တန်း အောင်လက်မှတ် မူရင်း နဲ့ မိတ္တူ ၊ ဘွဲ့လက်မှတ် မူရင်း နဲ့ မိတ္တူ ၊ မှတ်ပုံတင် မူရင်း နဲ့ မိတ္တူ တွေလိုပါမယ်။
(၃) Form တင်ပြီးသွားရင် Entrance exam အတွက် reference လုပ်ဖို့ မေးခွန်းဟောင်း ပေးပါလိမ့်မယ်၊ General knowledge နဲ့ Short Essay တစ်ပုဒ် ဖြေရမှာပါ၊ Entrance Exam ကို June လ အလယ် လောက် မှာ လှည်းတန်း က ရာမည ဆောင်မှာ ဖြေရပါမယ်။ Batch 18 မှာ Entrance Exam ကို ၁,၂၀၀ လောက်၀င်ဖြေခဲ့ပြီး ၅၃၀ ကျော် တက်ရောက်ခွင့် ရပါတယ်၊
(၄) Entrance Exam ဖြေပြီးလို့ DBL သင်တန်းတက်ရောက်ခွင့် ရသူများ ကို တော့ June လ နောက်ဆုံးပါတ် လောက် မှာ ရာမညဆောင် မှာ ကပ်ထားပေးပါလိမ့်မယ်။ တက်ရောက်ခွင့်ရသူတွေက Law Dept. မှာ DBL registration form ဖြည့်၊ ဓါတ်ပုံ ကပ်၊ ကျောင်းသားရေးရာမှာ သင်တန်းကြေး ၄၀,၀၀၀ သွင်းပြီး ငွေသွင်းပြီးကြောင်း chalan ကို Law Dept. မှာ ပြန်လာပြ ပြီးရင် DBL သင်တန်းတက်လို့ ရပါပြီ။ registration form တင်ရင် ၁၀ တန်း အောင်လက်မှတ် မူရင်း နဲ့ မိတ္တူ ၊ ဘွဲ့လက်မှတ် မူရင်းနဲ့မိတ္တူ ပြန်ပြရပါမယ်။
(၅) DBL သင်တန်းကို semester ၂ခု ခွဲသင်ပါတယ်၊ Semester ၁ခု ကို Paper ၄ခု သင်ရပါမယ်၊ 1st semester ကို July လဆန်းမှာ စတင်ပြီး October လကုန်မှာ final exam ဖြေရပါတယ်၊ ကြားထဲမှာ Tutorial ၂ခါ ဖြေရပါမယ်၊ 1st semester ဖြေပြီးရင် DBL သင်တန်း ကို တစ်လခွဲ လောက်ပိတ်ပါတယ်၊ Batch 18 မှာတော့ နှစ်လ လောက် ပိတ်ပါတယ်။
(၆) 2nd semester ကိုတော့ ပုံမှန် ဆို December လ အလယ်လောက် ကနေ စတက်ရပြီး March လကုန် မှာ Final Exam (Paper ၄ခု) နဲ့ ကြားထဲမှာ Tutorial ၂ခု ဖြေရပါမယ်။
(၇) သင်တန်းချိန် ကတော့ 1st semester မှာ မနက် ၇း၁၅ ၀န်းကျင် လောက်မှာ စသင်ပြီး ၈:၃၀ ကျော်လောက် ဆိုပြီးပါပြီ၊ 2nd semester မှာတော့ ၇:၃၀ လောက်မှာ စသင်ပြီး ၈:၃၀ လောက်ဆို စာသင်ချိန် ပြီးပါပြီ၊ အလုပ် ကိုအချိန်မှီ ပြေးရန်လိုအပ်သူများ စောပြန်နိုင်ပါတယ်၊ Law Dept. က ဆရာ၊ ဆရာမ များအားလုံး သင်တန်း သားများအပေါ် အမြဲချိုသာပြီး စေတနာထား ဆက်ဆံတာ တွေ့ရပါတယ်။
(၈) Final exam တွေမှာ မေးခွန်းတိုင်း ကို ၈ပုဒ် မေးမှာ ဖြစ်ပြီး ၆ပုဒ် ဖြေဆိုရပါမယ်၊ အတန်းမှန် ပြီး Tutorial မပျက် သူများ ၃ပုဒ် ခွဲ ဆို အောင်မြင်နိုင်ပေမယ့် အတန်းမမှန် Tutorial ပျက်သူများ တော့ အပုဒ်ပြည့် ဖြေဆိုသင့်ပါတယ်။ မေးခွန်းဟောင်းတွေ reference လုပ်နိုင် ရန် နောက်ပိုင်း တင်ပေးပါ့မယ်။
ပုံကတော့ ၂၀၂၄အတွက်ခေါ်ခဲ့တာလေးကို
တင်ပေးတာပါ
ယခုလို အိမ်ခြံမြေ ဗဟုသုတနှင့်
ဥပဒေသုတအဖြာဖြာကို
သိရှိလေ့လာနိုင်စေရန်
Legal Knowledge For Myanmar People Pageကို
like/follow လုပ်ထားနိုင်ပါတယ်ရှင့်
Pageကိုအားပေးသူလေးတွေရဲ့
Likeတခု shareတချက်ဟာ
Pageလေးဆက်လက်ရပ်တည်ဖို့အတွက်
အင်အားတစ်ရပ်ပါရှင်