Aung Zabu Hein Law Firm

  • Home
  • Aung Zabu Hein Law Firm

Aung Zabu Hein Law Firm Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Zabu Hein Law Firm, Lawyer & Law Firm, No. 213, 36 Street, Kyout Da Dar Township, .

25/08/2024

“ဂရန်သက်တမ်းတိုးလျှောက်ထားခြင်း”
ဂရန်သက်တမ်းတိုးလျှောက်ထားခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာရေးနယ်နိမိတ်အတွင်းနေထိုင်သူဖြစ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရပါမည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဝဘ်ဆိုဒ်တွင် အွန်လိုင်းမှ လည်းလျှောက်ထားနိုင်ပါသည်။ အွန်လိုင်းမှ လျှောက်မည်ဆိုပါက စာရွက်စာတမ်းအထောက် အထားများ ကို ပီဒီအက်ဖ် ဖိုင်လုပ်ပေးရပါသည်။
အောက်ပါစာရွက်စာတမ်း အထောက်အထားတို့ဖြင့် လျှောက်ထားရမည်ဖြစ်ပါသည်။
(၁) လျှောက်ထားသူ၏ မှတ်ပုံတင်မူရင်း မိတ္တူ ( ဂရန်အမည်ပေါက်သူကိုယ်တိုင်လျှောက်လျှင် ပိုမြန်ပါသည်။)
(၂) မူရင်းမြေဂရန် နှင့် ပူးတွဲပါမြေပုံ
(၃) ပိုင်ဆိုင်ကြောင်း အထောက်အထားဆက်စပ်စာချုပ်များ
(၄) မြေခွန်ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်( နောက်ဆုံးလမြေခွန်ပြေစာမိတ္တူ)
(၅) ရပ်ကွက်အတူနေနှစ်ဦး၏ထောက်ခံချက်
(၆) ပြင်ဆင်သတ်မှတ်သည့်မြေငှားခကိုပေးဆောင်နိုင်ကြောင်း ဝန်ခံချက်၊
(၇) မြေငှားစာချုပ်ပါ စည်းကမ်းချက်တို့ကို လိုက်နာနိုင်ကြောင်း ဝန်ခံချက်တို့ဖြစ်သည်။
ဌာနမှ ကြေငြာစာ(၂) စောင်ထုတ်ပေးသည့်အခါတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့တွင် သတ်မှတ်ရက်အတိုင်းကပ်ထားပေးရပါမည်။ မြေရာဇဝင်တွင် ကန့်သတ်ချက်မရှိပါက အမှုတွဲအားဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပြီးဂရန်သက်တမ်းထပ်မံတိုးမြှင့်ပေးမည်ဖြစ်ပါသည်။
မြေပုံကူးလျှောက်ထားခြင်း
မြေငှားစာချုပ် ဂရန် လျှောက်ထားခြင်း
အိမ်တိုင်ရာရောက်ဝန်ဆောင်မှုအားနှုန်းထားသတ်မှတ်ခြင်း
မြေပုံကူးဝန်ဆောင်ခများနှင့်ကြာမြှင့်ချိန်
အမည်ပြောင်းအမှုတွဲများစာရင်း
စသည်တို့နှင့်ပတ်သက်သော နှုန်းထားများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
အုပ်စု(၁)ဒလ၊ ဆိပ်တို၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံ(အရှေ၊ ဆိပ်ကမ်း၊ တောင်၊ မြောက်)၊ မင်္ဂလာဒုံ
၁၀၀၀၀
အုပ်စု(၂)အင်းစိန်၊ မြောက်ဉက္ကလာ၊ တောင်ဉက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ကြည့်မြင်တိုင်၊ အလ
၂၀၀၀၀
အုပ်စု(၃)ကမာရွတ်၊​မရမ်းကုန်း၊ လှိုင်၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ စမ်းချောင်း
လမ်းမတော်၊ ပန်းပဲတန်း၊ လသာ၊ ကျောက်တံတား၊ ဒဂုံ၊ ဗဟန်း၊ ဆိပ်ကမ်း၊ ရန်ကင်း
၃၀၀၀၀
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လျှောက်ထားနိုင်သော လျှောက်လွှာ အမျိုးအစားတို့မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
မြေပုံကူး
မြေတိုင်း
အမည်ပြောင်း
ဂရန်သစ်
ဂရန်မိတ္တူ
ဂရန်ခွဲ
ဂရန်သက်တမ်းတိုး
၃ (က) လက်မှတ်
အတည်ပြု / တိုင်းခွဲ
အမည်ပေါက်မှန် မမှန် စိစစ်ခြင်း
လိုင်စင်သက်တမ်းတိုး
မြေချပါမစ်
မြေကွက်ခွဲစိတ် / ပေါင်းစည်း
မြေခွန်/ မြေငှားခစည်းကြပ်
မြေခွန် /မြေငှားခ ပြင်ဆင် တို့ဖြစ်ကြပါသည်။ လျှောက်လွှာပုံစံများကို ဝဘ်ဆိုဒ်တွင် တင်ထားပြီးဖြစ်၍ အလွယ်တကူလျှောက်ထားနိုင်ပါကြောင်း မျှဝေအပ်ပါသည်။
ဆရာကြီးမိုးထက်(၁၃.၉.၂၀၂၀) ရက်နေ့ ည(၁၂) နာရီ(၅) မိနစ်

25/08/2024

ဂရန်တစ်ခုကို မိမိနာမည်ဂရန်အမည်ပေါက်ဖြစ်အောင်
ဆောင်ရွက်ချင်သော်လည်း အမည်ပေါက်ပိုင်ရှင် မရှိတော့ရင်
ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲ?

နစ်(၃၀) ဂရန်မြေကွက် တစ်ကွက် ဝယ်ထားတာ
(၁၀) နစ်ကျော်ပါပြီ./အခုချိန်မှာ ဂရန်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်လို့ မူရင်းအမည်ပေါက်ကနေ မိမိအမည်ပေါက်ဖြစ်အောင် ပြောင်းလိုပါတယ်./မူရင်းအမည်ပေါက်တဲ့သူ အိမ်ပြောင်းသွားတဲ့အတွက်ရှာရခက်နေပါတယ်./အကယ်၍ ရှာမတွေ့တော့ရင် ဘယ်လိုလုပ်ရမလဲ။ ..............................................
ကိုယ်ဝယ်ယူထားတဲ့စာချုပ်က သာမာန်အရပ်စာချုပ်နဲ့ဝယ်ထားတာလား./မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတာလားဆိုတာ ကြည့်ရပါမယ်.

မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတယ်ဆိုရင်တော့ အမည်ပေါက်ပိုင်ရှင် မလိုတော့ပါဘူး. မှတ်ပုံတင်စာချုပ်နဲ့တွဲပြီးတော့ သက်ဆိုင်ရာသို့ မိမိ မှတ်ပုံတင်စာချုပ့်ဖြင့်ဝယ်ထားကြောင်းတင်ပြ၍ ဂရန်သက်တမ်းတိုးပေးရန်နှင့် အမည်ပြောင်းလဲပေးရန် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်.

သက်ဆိုင်ရာမှ ဂရန်သက်တမ်းပြတ်တောက် ကာလ များအတွက် သတ်မှတ်ထားသောဒဏ်ကြေးများပေးဆောင်စေ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဂရန်သက်တမ်းတိုးပေးကာ အမည်ပေါက်ပြောင်းလဲပေးမှာဖြစ်ပါတယ်

အရပ်စာချုပ်နဲ့ဝယ်ထားတာဆိုရင်တော့
အရပ်စာချုပ်သည် မရွှေ့မပြောင်းနိုင်သောပစွည်းနှင့်ပတ်သတ်ရင် သက်ဆိုင်ရာတရားရုံးများမှာသက်သေခံတင်သွင်းလို့မရပါဘူး.

ဂရန်သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တွေအတွက်တော့
ဂရန်လုပ်ထုံးလုပ်နည်းများအရ သက်ဆိုင်ရာဂရန်သက်တမ်းမကုန်ဆုံးမီ (၃) လကြိုတင်၍ ဂရန်သက်တမ်းတိုး လျှောက်ထားခြင်းမရှိလျှင် လုပ်ထုံးလုပ်နည်းများအရ ဂရန် ပျက် သွားပြီဟု ယူဆရပါမယ်.

ထို့ကြောင့် အဆိုပါမြေသည် နိုင်ငံတော်မှ စီမံခန့်ခွဲပြီး ပြန်လည်ချထားပေးနိုင်သောမြေအဖြစ်သို့ အလိုလို ပြန်လည်ရောက်ရှိသွားပါတယ်.
ဒါကြောင့်အဆိုပါ မြေသည် ဂရန်ရမြေ မဟုတ်တော့ပါဘူးအရင်က ဂရန်ရထားပြီးသား
မြေဟုသာသတ်မှတ်ပါတယ်..

အဲ့တော့ သူသည် အရပ်စာချုပ်နဲ့ ဒီမြေပေါ်မှာ လက်ရှိထား ရယူသုံးစွဲကြောင်း အထောက်အထားတင်ပြ၍ သက်ဆိုင်ရာသို့ဂရန်အသစ်တစ်ခု ထုတ်ပေးရန်လျှောက်ထားရမှာဖြစ်ပါတယ်

Credit- DVBlawlab

Address

No. 213, 36 Street, Kyout Da Dar Township

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

09251022142

Website

Alerts

Be the first to know and let us send you an email when Aung Zabu Hein Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Zabu Hein Law Firm:

  • Want your business to be the top-listed Law Practice?

Share