Daw Chan Moe Moe Htay -အထက်တန်းရှေ့နေ

  • Home
  • Myanmar
  • Yangon
  • Daw Chan Moe Moe Htay -အထက်တန်းရှေ့နေ

Daw Chan Moe Moe Htay -အထက်တန်းရှေ့နေ သင်ယူလေ့လာဥပဒေပညာ

03/08/2026

အိမ်နှင့်မြေ သို့မဟုတ် မြေကွက် လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင် အရောင်းအဝယ် စာချုပ်တွင် အဓိက ပါဝင်ရမည့် အချက်များ။
=========================

၁။ ရောင်းသူနှင့်ဝယ်သူတို့သည် နိုင်ငံသားများ ဖြစ်ရပါမည်။

၂။ ရောင်းသူနှင့် ဝယ်သူတို့၏ နိုင်ငံသားစိစစ်ရေးရေးကတ်ပြားအမှတ် သို့မဟုတ် နိုင်ငံသားလက်မှတ်အမှတ်နှင့် နေရပ်လိပ်စာတို့ကို ပြည့်ပြည့်စုံစုံ ဖော်ပြရပါမည်။

၃။ ရောင်းချသည့်တန်ဖိုးကို မှန်မှန်ကန်ကန်ဖော်ပြရပါမည်။အကယ်၍တန်ဖိုးလျော့ပြပါက အခွန်လိမ်လည်မှုအရ အရေးယူခြင်း ခံရပါမည်။ လျော့ပြသည့်အခွန်တန်ဖိုး၏ ( ၁၀ )ဆကို ဒဏ်ငွေအဖြစ် ခံရနိုင်ဖွယ်ရာ ရှိပါသည်။

၄။ ရောင်းချသည့် မြေကွက်၏ ဦးပိုင်အမှတ်နှင့် အလားလေးရပ်၊ မြေဧရိယာအတိုင်းအတာတို့ကို ဖော်ပြရပါမည်။ ဂရန်၌ ဖော်ပြပါရှိသည့်အတိုင်း ဖြစ်ရပါမည်။

၅။ ရောင်းသူက ငွေအပြေအကြေရရှိပြီးကြောင်းနှင့် ဝယ်သူကလည်း အိမ်နှင့်မြေသို့မဟုတ် မြေကို လက်ဝယ်ရရှိပြီးကြောင်း ဖော်ပြပါရှိရပါသည်။

၆။ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်အတွက် ကျသင့်သော တံဆိပ်ခေါင်းခွန်ကို ဝယ်သူက ထမ်းဆောင် ထားရပါမည်။

၇။ ကိုယ်စားလှယ်အဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်းဖြစ်ပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ကိုယ်စားလှယ်ဖြစ်ရမည့်အပြင် ကိုယ်စားလှယ်စာပေးသူ အသက်ထင်ရှား ရှိကြောင်း ကိုယ်စားလှယ်စာရရှိသူက တရားရုံးတော်တွင် သက်သေ( ၂ ) ဦး ပါဝင်၍ ပြုလုပ်သော ကျမ်းကျိန်ဆိုချက်နှင့်အတူ ကိုယ်စားလှယ်စာ မူရင်းကို တင်ပြရပါမည်။

၈။ ရောင်းချသူ သို့မဟုတ် ဝယ်ယူသူသည် နိုင်ငံခြားသို့ ရောက်ရှိနေသူဖြစ်ပါက နိုင်ငံခြားရှိ မြန်မာသံရုံးတွင် တရားဝင်ပြုလုပ်ထားသော ကိုယ်စားလှယ်လွှဲစာမူရင်းကို ပူးတွဲတင်ပြရပါမည်။

၉။ အမည်ပေါက်ပိုင်ဆိုင်သူ သို့မဟုတ် အမည်ပေါက်ပိုင်ဆိုင်သူ ကွယ်လွန်သွားပါက အမွေဆိုင်များက စာချုပ် စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း သို့မဟုတ် စီရင်ပိုင်ခွင့် ရှိသော တရားရုံးက ထုတ်ပေးထားသော အမွေထိန်း လက်မှတ်စာအပြင် တရားရုံးက အမွေထိန်းစာပါ မရွှေ့မပြောင်းနိုင်သည့် အိမ်၊မြေ သို့ဟုတ် မြေကို ရောင်းချခွင့်ပြုသည့် အမိန်တို့ကို တင်ပြနိုင်ရပါမည်။

၁၀။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းအရ ရောင်းချခြင်းဖြစ်ပါက အမွေဆိုင်အားလုံးက ရောင်းသူ အနေဖြင့် ပါဝင်လက်မှတ်ရေးထိုးရပါမည်။

၁၁။ အမွေထိန်းစာအရ ရောင်းချခြင်းဖြစ်ပါက အမွေထိန်းစာလက်မှတ်ရရှိသူက ရောင်းချသူအနေဖြင့် လက်မှတ်ရေးထိုးရပါမည်။ ထိုသို့ ရောင်းချခြင်းအတွက် တရားရုံး၏ ခွင့်ပြုချက်ပါရှိရပါမည်။

၁၂။ အရွယ်မရောက်သူကိုယ်စား တရားရုံးကခန့်ထားသည့် အုပ်ထိန်းသူက မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းချရန် တရားရုံး၏ ခွင့်ပြုမိန့်ရရှိပါက အရွယ်မရောက်သူပိုင် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းနှင့် မရွှ့မပြောင်း နိုင်သည့် ပစ္စည်းကို ရောင်းချနိုင်ပါသည်။

၁၃။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း လျှောက်ထားရာ၌ အမွေ ပိုင်ဆိုင်ကြောင်း၊ အမွေဆိုင်အားလုံးပါဝင်ကြောင်းနှင့် စပ်လျဉ်း၍ အမွေပိုင်ဆိုင်ကြောင်း၊ အမွေဆိုင်အားလုံး ပါဝင်ကြောင်းနှင့်စပ်လျဉ်း၍အမွေပိုင်ဆိုင်သူအချို့ကို ချန်လှပ်၍ ကျမ်းကျိန်ဆိုခြင်းပြုပါက မမှန်မကန် ကျမ်းကျိန် ဆိုမှုအတွက် တာဝန်ရှိသည့်အပြင် ထိုသို့ အမွေဆိုင်အချို့ကို ချန်လှပ်၍ လျှောက်ထားရရှိသော ပိုင်ဆိုင် ကြောင်း မြွက်ဟကြေညာစာတမ်းမှာလည်း သက်ဆိုင်ရာက သိရှိလျှင်သော်လည်းကောင်း၊ တစ်ဦးတစ်ယောက်က ကန့်ကွက်လာလျှင်သော်လည်းကောင်း၊ မှတ်ပုံတင်ထားပြီးသော စာချုပ်ပယ်ဖျက်ခြင်း ခံရမည်ဖြစ်ပါသည်။

၁၄။ အလားတူ မြေပုံမြေရာဇဝင် ကူးယူရာ၌လည်း ဖော်ပြသည့် ကတိသစ္စာပြုလွှာမှာ မှန်ကန်မှု မရှိပါက လိမ်လည်၍ကျမ်းကျိန်ဆိုမှုအတွက် အရေးယူခြင်းခံရနိုင်ကြောင်း သိရှိထားသင့်ပါသည်။

၁၅။ ကွယ်လွန်သူ၏ အမွေဆိုင်သူ သားသမီးများ သို့မဟုတ် ကွယ်လွန်သူ၏ ညီအစ်ကိုမောင် နှမ အရင်းများက ကွယ်လွန်သူပိုင် အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာစာတမ်းလျှောက်ထား၍ ခွင့်ပြုပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန် ( ပုံသေ ) ပေးဆောင်ရပါမည်။

၁၆။ ကွယ်လွန်သူ၏ အမွေဆိုင်များအနက်မှ တစ်ဦးဦးက ကွယ်လွန်သူ၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းတို့ကို စီမံခန့်ခွဲနိုင်ရန် အမွေထိန်းစာ လျှောက်ထား နိုင်ကြပါသည်။ တစ်ခါတစ်ရံ အမွေဆိုင်များ အပြိုင်လျှောက်ထားလာပါက တရားရုံးက သင့်တော်မည့်အမွေဆိုင်ကို အမွေထိန်းလက်မှတ်စာ ထုတ်ပေးနိုင်ခွင့်ရှိပါသည်။ အမွေထိန်းစာ အပြိုင်လျှောက်ထားလာပါက တရားမကြီးမှုအဖြစ်ပြောင်းလဲ၍ တရားရုံးက စစ်ဆေးသွားမည် ဖြစ်ပါသည်။ အမွေထိန်းစာရရှိသူသည် လျှောက်ထားသည့် ပစ္စည်းတန်ဖိုး စုစုပေါင်း အပေါ် ကျပ်တစ်ရာနှင့်( ၇ ) ကျပ်နှုန်း ရုံးခွန်တော်ထမ်းဆောင်ရပါသည်။ ကွယ်လွန်သူပိုင် မရွှေ့မပြောင်းနိုင် သည့် အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ကို ထုခွဲရောင်းချလိုပါက အမွေထိန်းစာ ထုတ်ပေးသည့် တရားရုံး ၏ခွင့်ပြုချက်ရရှိမှသာလျှင် ရောင်းချနိုင်မည်ဖြစ်ပါသည်။ အမွေထိန်းစာရရှိသူသည် ကွယ်လွန်သူမှ ရရန်ရှိသော ကြွေးမြီများကို ရှင်းလင်းပြီးနောက် ကျန်ငွေသားများနှင့် ပစ္စည်းများကို အမွေဆိုင် တို့အား မျှမျှတတ ခွဲဝေပေး ရန် တာဝန်ရှိပါသည်။

၁၇။ အပိုဒ် ၁၆ အရ အမွေထိန်းလက်မှတ်စာ အပြိုင်အဆိုင်လျှောက်ထားမှုတွင် အမွေပုံ စီမံခန့်ခွဲမှု စွဲဆိုရန် ပေါ်ပေါက်ပါက တရားရုံးအနေဖြင့် မည်သူ့ကိုမျှ အမွေထိန်းလက်မှတ်စာ ထုတ်ပေးမည် မဟုတ်ကြောင်း သတိပြုသင့်ပါသည်။ အမွေဆိုင်တို့အနေဖြင့် ကွယ်လွန်သူ အမွေရှင်၏ ကျန်ရစ်သော အမွေကို မိမိတို့ရသင့်ရထိုက် သော အမွေဝေစုကို စီရင်ပိုင်ခွင့်ရှိသော တရားရုံးတွင် တရားတစ်ထုံး စွဲဆိုရန် ဖြစ်ပါသည်။

Credit ( ဦးဗကြိုင် ( ဘီအေ၊ ဘီအယ်လ် ) ၊ မရွှေ့မပြောင်းနိုင်သည် အိမ်၊ခြံ၊မြေ၊ တိ်ုက်ခန်း စသည်များ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ ၊ စာ ၉ မှ ၁၁ ထိ) ။ DVBLawLab
ကျေးဇူးတင်ပါတယ်ရှင့်

ဂရန်တစ်ခုကို မိမိနာမည်ဂရန်အမည်ပေါက်ဖြစ်အောင် ဆောင်ရွက်ချင်သော်လည်း အမည်ပေါက်ပိုင်ရှင် မရှိတော့ရင် ဘယ်လိုဆက်လက်လုပ်ဆောင်ရ...
02/08/2026

ဂရန်တစ်ခုကို မိမိနာမည်ဂရန်အမည်ပေါက်ဖြစ်အောင်
ဆောင်ရွက်ချင်သော်လည်း အမည်ပေါက်ပိုင်ရှင် မရှိတော့ရင်
ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲ?

နစ်(၃၀) ဂရန်မြေကွက် တစ်ကွက် ဝယ်ထားတာ
(၁၀) နစ်ကျော်ပါပြီ./အခုချိန်မှာ ဂရန်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်လို့ မူရင်းအမည်ပေါက်ကနေ မိမိအမည်ပေါက်ဖြစ်အောင် ပြောင်းလိုပါတယ်./မူရင်းအမည်ပေါက်တဲ့သူ အိမ်ပြောင်းသွားတဲ့အတွက်ရှာရခက်နေပါတယ်./အကယ်၍ ရှာမတွေ့တော့ရင် ဘယ်လိုလုပ်ရမလဲ။ ..............................................
ကိုယ်ဝယ်ယူထားတဲ့စာချုပ်က သာမာန်အရပ်စာချုပ်နဲ့ဝယ်ထားတာလား./မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတာလားဆိုတာ ကြည့်ရပါမယ်.

မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတယ်ဆိုရင်တော့ အမည်ပေါက်ပိုင်ရှင် မလိုတော့ပါဘူး. မှတ်ပုံတင်စာချုပ်နဲ့တွဲပြီးတော့ သက်ဆိုင်ရာသို့ မိမိ မှတ်ပုံတင်စာချုပ့်ဖြင့်ဝယ်ထားကြောင်းတင်ပြ၍ ဂရန်သက်တမ်းတိုးပေးရန်နှင့် အမည်ပြောင်းလဲပေးရန် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်.

သက်ဆိုင်ရာမှ ဂရန်သက်တမ်းပြတ်တောက် ကာလ များအတွက် သတ်မှတ်ထားသောဒဏ်ကြေးများပေးဆောင်စေ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဂရန်သက်တမ်းတိုးပေးကာ အမည်ပေါက်ပြောင်းလဲပေးမှာဖြစ်ပါတယ်

အရပ်စာချုပ်နဲ့ဝယ်ထားတာဆိုရင်တော့
အရပ်စာချုပ်သည် မရွှေ့မပြောင်းနိုင်သောပစွည်းနှင့်ပတ်သတ်ရင် သက်ဆိုင်ရာတရားရုံးများမှာသက်သေခံတင်သွင်းလို့မရပါဘူး.

ဂရန်သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တွေအတွက်တော့
ဂရန်လုပ်ထုံးလုပ်နည်းများအရ သက်ဆိုင်ရာဂရန်သက်တမ်းမကုန်ဆုံးမီ (၃) လကြိုတင်၍ ဂရန်သက်တမ်းတိုး လျှောက်ထားခြင်းမရှိလျှင် လုပ်ထုံးလုပ်နည်းများအရ ဂရန် ပျက် သွားပြီဟု ယူဆရပါမယ်.

ထို့ကြောင့် အဆိုပါမြေသည် နိုင်ငံတော်မှ စီမံခန့်ခွဲပြီး ပြန်လည်ချထားပေးနိုင်သောမြေအဖြစ်သို့ အလိုလို ပြန်လည်ရောက်ရှိသွားပါတယ်.
ဒါကြောင့်အဆိုပါ မြေသည် ဂရန်ရမြေ မဟုတ်တော့ပါဘူးအရင်က ဂရန်ရထားပြီးသား
မြေဟုသာသတ်မှတ်ပါတယ်..

အဲ့တော့ သူသည် အရပ်စာချုပ်နဲ့ ဒီမြေပေါ်မှာ လက်ရှိထား ရယူသုံးစွဲကြောင်း အထောက်အထားတင်ပြ၍ သက်ဆိုင်ရာသို့ဂရန်အသစ်တစ်ခု ထုတ်ပေးရန်လျှောက်ထားရမှာဖြစ်ပါတယ်

Credit- DVBlawlab #စမ်းချောင်းမြို့နယ် #အထက်တန်းရှေ့နေ #ကျောက်တံတားခရိုင်တရားရုံး

တိုင်းရုံးမှာလုပ်ပေးဖြစ်တဲ့မဂ်လာလက်မှတ်ထိုးပွဲလေး🧡 #ဒေါ်ချမ်းမိုးမိုးဌေး #အထက်တန်းရှေ့နေ #09773835305 #လက်ထပ်စာချုပ်
27/01/2026

တိုင်းရုံးမှာလုပ်ပေးဖြစ်တဲ့မဂ်လာလက်မှတ်ထိုးပွဲလေး🧡

#ဒေါ်ချမ်းမိုးမိုးဌေး
#အထက်တန်းရှေ့နေ
#09773835305
#လက်ထပ်စာချုပ်

မေး။     ။ဆရာမရှင့် ငွေချေးစာချုပ်၊ ငွေယုံကြည်အပ်နှံရေးစာချုပ်တို့ ချုပ်ဆိုတဲ့အခါ ငွေယူသူက‌ ငွေပြန်မဆပ်ရင် ထိုစာချုပ်ချု...
22/01/2026

မေး။ ။ဆရာမရှင့် ငွေချေးစာချုပ်၊ ငွေယုံကြည်အပ်နှံရေးစာချုပ်တို့ ချုပ်ဆိုတဲ့အခါ ငွေယူသူက‌ ငွေပြန်မဆပ်ရင် ထိုစာချုပ်ချုပ်ပေးတဲ့ရှေ့နေကိုတရားစွဲလို့ရပါသလား။

ဖြေ။ ။အထက်ကမေးတဲ့အတိုင်း‌သာစာချုပ်ချုပ်ပေးတဲ့ရှေ့နေကို တရားစွဲလို့ရတယ်ဆို ဘယ်ရှေ့နေမှ ငွေချေးစာချုပ်ချုပ်ပေးကြမည် မဟုတ်တော့ပါ။

ရှေ့နေသည် မိမိ၏မိတ်‌ဆွေနစ်နာမှုမရှိစေရန်အတွက်သာ ဥပဒေနဲ့အညီစာချုပ်ချုပ်ဆိုပေးပါတယ်။

တစ်ခုသိရမှာက ရှေ့နေသည်
ငွေယူသူ မဟုတ်ပါ၊ သို့ပေမယ့် ရှေ့နေကနေပြီး အစ်မရေ သူကတော့ယုံကြည်ရတယ်၊ သူ့ကိုငွေချေးပေးလိုက် ကျတော်/ကျမကတော့ သူ့အတွက်အာမခံပါတယ်၊ သူ့ကိုငွေထုတ်ပေးလိုက်ပါလို့ ရှေ့နေကပြောခဲ့ရင်တော့ တရားစွဲလိုကစွဲနိုင်ပါတယ်။

အခုဟာက ရှေ့နေက ငွေယူသူကို ငွေချေးပေးလိုက်ပါတို့၊ ထိုသူကယုံကြည်ရပါတယ်လို့ ပြောခဲ့တာလည်းမရှိ၊ မိမိတို့အချင်းချင်းသာ ငွေပေးငွေယူလုပ်ပြီး ဥပဒေအရခိုင်မာမှုရှိအောင် ရှေ့နေငှားပြီး‌စာချုပ်ချုပ်ဆိုတာကို မိမိငွေပြန်မရတော့မှ ငွေယူသူရော၊ ရှေ့နေကိုပါတရားစွဲလို့ရလားဆိုတော့ မရပါဘူးလို့ဖြေဆိုပါရစေ။

အကယ်၍ မိမိငွေပြန်မရခဲ့ပါက ‌ငွေယူသူကိုသာတရားစွဲဆိုနိုင်ကြောင်းဖြေဆိုပေးလိုက်ပါတယ်ရှင့်။

"အစကောင်းမှ အနှောင်းသေချာ"ဆိုသည့်စကားအတိုင်း အကောင်းဆုံးကတော့ ဥပဒေနားလည်တတ်ကျွမ်းတဲ့ သူတွေနဲ့သာ တိုင်ပင်ဆောင်ရွက်ပါလို့ ထပ်မံအကြံပြုပါရစေရှင့်။

Daw Chan Moe Moe Htay
09773835305



#စာချုပ်ရှေ့နေ





#ဒေါ်ချမ်းမိုးမိုးဌေး
#ရှေ့နေ
#ဥပဒေအကြံပေး

🍉ဂရန်မြေဝယ်ယူသူများအတွက် သတိပြုသင့်သည့်အချက်ဂရန်မြေ ဝယ်ယူမည်ဆိုပါက ထိုဂရန်၏ သက်တမ်းကို မဖြစ်မနေ စစ်ဆေးရန် အရေးကြီးပါသည်။...
16/01/2026

🍉ဂရန်မြေဝယ်ယူသူများအတွက် သတိပြုသင့်သည့်အချက်

ဂရန်မြေ ဝယ်ယူမည်ဆိုပါက ထိုဂရန်၏ သက်တမ်းကို မဖြစ်မနေ စစ်ဆေးရန် အရေးကြီးပါသည်။ ဂရန် သက်တမ်း ကုန်ဆုံးသွားသည့်အခါ ဂရန်ရရှိထားသူ (ရောင်းသူ) သည် ထိုမြေအပေါ် အသုံးပြုပိုင်ခွင့် အခွင့်အရေး တစ်စုံတစ်ရာ မရှိတော့ပါ။ ထို့ကြောင့် ကျူးကျော်သူများ ဝင်ရောက် နေထိုင်ပါကလည်း သက်တမ်းကုန်ဆုံးနေသော ဂရန်မြေကို အကြောင်းပြု၍ တရားစွဲဆိုခြင်းသည် အောင်မြင်နိုင်မည် မဟုတ်ပါ။
(အထက်ပါအချက်ကို ဦးဝင်းမောင်ပါ ၂ နှင့် ဒေါ်ငွေခိုင်(ခ)ဒေါ်လှမေ၊ ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ - ၁၆၇ မှ ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)

 #အများသိစေရန်ကြေညာခြင်း #၁၀.၉.၂၀၂၆ရက်စွဲပါ #ကြေးမုံသတင်းစာ #စာ၂၃  #ဒေါ်ချမ်းမိုးမိုးဌေး  #အထက်တန်းရှေ့နေ  #ဥပဒေ
10/01/2026

#အများသိစေရန်ကြေညာခြင်း
#၁၀.၉.၂၀၂၆ရက်စွဲပါ
#ကြေးမုံသတင်းစာ
#စာ၂၃
#ဒေါ်ချမ်းမိုးမိုးဌေး
#အထက်တန်းရှေ့နေ
#ဥပဒေ

Address

Moemakha
Yangon

Website

Alerts

Be the first to know and let us send you an email when Daw Chan Moe Moe Htay -အထက်တန်းရှေ့နေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category