Firast Grace Law Firm & Real Estate

Firast  Grace  Law Firm &  Real  Estate Real Estate & Law

22/12/2024
From the family of First Grace Co., Ltd., we wish you happiness and good health from today's 'Di Pawali'.
24/10/2022

From the family of First Grace Co., Ltd., we wish you happiness and good health from today's 'Di Pawali'.

11/01/2022
ဂျီဆာကြူလာ အမှတ် ၁၅
01/10/2020

ဂျီဆာကြူလာ အမှတ် ၁၅

26/10/2019
23/10/2019

ချုပ်မိန့်ရီမန်တောင်းခံ၍မရနိုင်သော အမှုစစ်
အရာရှိ၏အကြောင်းပြချက်များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~
တောင်းခံလာသည့် ချုပ်မိန့်ရီမန်အား တရားသူ
ကြီးမှငြင်းပယ်နိုင်သော အမှုစစ်အရာရှိများ၏
အကြောင်းပြချက်များကို အောက်ပါအတိုင်း(၄)
ပိုင်းခွဲ၍တင်ပြသွားပါမည် -
၁။ရဲတပ်ဖွဲ့ဝင်များမှဝရမ်းမပါဘဲဖမ်းဆီးပိုင်ခွင့်
၂။ရဲတပ်ဖွဲ့ဝင်များမှချုပ်နှောင်ခွင့်ရှိသည်ဆိုသော
နှစ်ဆယ့်လေးနာရီ
၃။ချုပ်မိန့်ရီမန်တောင်းခံရခြင်းအကြောင်းရင်း
၄။ချုပ်မိန့်ရီမန်အားတရားသူကြီးမှငြင်းပယ်နိုင်
သောအကြောင်းပြချက်များ

ရဲတပ်ဖွဲ့ဝင်များမှဝရမ်းမပါဘဲဖမ်းဆီးပိုင်ခွင့်
~~~~~~~~~~~~~~~~~~~~~~~~~~~
ရဲတပ်ဖွဲ့ဝင်တို့သည် ရဲအရေးယူပိုင်ခွင့်ရှိသော
ပြစ်မှုတစ်ရပ်တွင် စပ်ဆိုင်ပါဝင်နေသူ၊ထိုသို့စပ်
ဆိုင်ပါဝင်ကြောင်းကျိုးကြောင်းဆီလျှော်စွာတိုင်
ကြားခြင်းခံရသူ၊ထိုသိူ့စပ်ဆိုင်ပါဝင်နေကြောင်း
ယုံကြည်လောက်အောင်သတင်းပေးခြင်းခံရသူ၊
ထိုသို့စပ်ဆိုင်ပါဝင်ကြောင်းယုတ္တိတန်စွာမသင်္ကာ
ဖွယ်ရာဖြစ်သူတို့ကို ဝရမ်းမပါဘဲဖမ်းဆီးနိုင်သည်
ဟု ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄(၁)ပထမအ
ပိုဒ်ကဆိုသည်။
ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုတစ်ရပ်နှင့်စပ်
ဆိုင်ပါဝင်နေသူဆိုသည်မှာ ရဲအရေးယူပိုင်ခွင့်ရှိ
သောပြစ်မှုတစ်ရပ်ကို ရဲတပ်ဖွဲ့ဝင်များမျက်မှောက်
တွင်ကျူးလွန်ပြီးထိုသို့ကျူးလွန်သည်ကိုလည်း ရဲ
တပ်ဖွဲ့ဝင်များကိုယ်တိုင်မြင်တွေ့သိရှိသူကိုဆိုသည်
ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုတစ်ရပ်နှင့်စပ်
ဆိုင်ပါဝင်ကြောင်း ကျိုးကြောင်းဆီလျှော်စွာတိုင်
ကြားခြင်းခံရသူဆိုသည်မှာ ရဲအရေးယူပိုင်ခွင့်ရှိ
သော ပြစ်မှုတစ်ရပ်အား ရဲစခန်းတွင်သတင်းပေး
​အမှုဖွင့်ခြင်းမျိုးမဟုတ်ဘဲ တရားရုံးသို့ဦးတိုက်
တိုင်ကြားခြင်းခံရသူကိုဆိုသည်။(ရာဇဝတ်ကျင့်
ထုံးဥပဒေပါပြဌာန်းချက်များအရ တိုင်သည်ဆို
ခြင်းမှာ တရားရုံးကိုသာရည်ညွှန်းပါသည်)
ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုတစ်ရပ်နှင့်စပ်
ဆိုင်ပါဝင်နေကြောင်းယုံကြည်လောက်အောင်သ
တင်းပေးခြင်းခံရသူဆိုသည်မှာ ရဲအရေးယူပိုင်ခွင့်
ရှိသောပြစ်မှုတစ်ရပ်နှင့်စပ်ဆိုင်ပါဝင်နေကြောင်း
ရဲတပ်ဖွဲ့ဝင်တို့ယုံကြည်လောက်အောင်သတင်းပေး
ခြင်းခံရသူကိုဆိုသည်။(သတင်းပေးသူ၏သတင်း
ပေးမှုအပေါ်ယုံကြည်ရန် သင့် မသင့် ဆုံးဖြတ်ရန်
မှာရဲတပ်ဖွဲ့ဝင်တို့၏တာဝန်သာဖြစ်သည်)
ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုတစ်ရပ်နှင့်စပ်
ဆ်ုင်ပါဝင်နေကြောင်းယုတ္တိတန်စွာမသင်္ကာဖွယ်ရာ
ဖြစ်သူဆိုသည်မှာ ရဲတပ်ဖွဲ့ဝင်များ၏စုံစမ်းစစ်
ဆေးမှု၊စုံစမ်းထောက်လှမ်းမှုတို့အရ ရဲအရေးယူ
ပိုင်ခွင့်ရှိသောပြစ်မှုတစ်ရပ်ရပ်နှင့်စပ်ဆိုင်ပါဝင်
နေကြောင်းယုတ္တိရှိစွာဖြင့်မသင်္ကာဖွယ်ရာဖြစ်သူ
ကိုဆိုသည်။

ရဲတပ်ဖွဲ့ဝင်များမှချုပ်နှောင်ခွင့်ရှိသည်ဆိုသော
~~~~~~~~~~~~~~~~~~~~~~~~~~~~
နှစ်ဆယ့်လေးနာရီ
~~~~~~~~~~~~
ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ဝရမ်းမပါဘဲဖမ်းဆီး
သည့်အခါ အကြောင်းမဲ့ကြန့်ကြာမှုမရှိဘဲ အာမခံ
ပေးခြင်းနှင့်စပ်လျဉ်း၍ရာဇဝတ်ကျင့်ထုံးဥပဒေ
ပြဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ ဖမ်းဆီးထား
သူကို ရဲစခန်းမှူးထံခေါ်ဆောင်ခြင်း၊ပို့အပ်ခြင်းတို့
ဆောင်ရွက်ရမည်ဟု ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ
၆၀ ကဆိုပါသည်။ဆိုလိုရင်းသဘောမှာ ရဲတပ်ဖွဲ့ဝင်
တို့လူတစ်ဦးတစ်ယောက်အားဖမ်းဆီးသည့်အခါ ရပ်
ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်ချုပ်နှောင်
ခြင်းမပြုရ။အကြောင်းမဲ့ကြန့်ကြာမှုမရှိစေဘဲ
ရဲစခန်းမှူးထံခေါ်ဆောင်ပို့အပ်ပြီးရဲစခန်းသို့ရောက်
ရှိပြီးမှသာ ရာဇဝတ်ကျင့်ထုံးဥပဒေပြဌာန်းချက်
များနှင့်အညီ အာမခံပေးခြင်းကိုဆောင်ရွက်ရန်
ဖြစ်သည်။အမှုစစ်အရာရှိများအနေဖြင့် အာမခံပေး
နိုင်သောအမှုမှတရားခံကိုတရားခံရှိရာသို့လိုက်လံ
ဖမ်းဆီးပြီး ရဲစခန်းမှူးထံမခေါ်ဆောင်ဘဲ ထိုနေရာ
မှာပင် တရားခံအား အာမခံပေးခဲ့ခြင်းသည် ရာဇ
ဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၆၀ ပါပြဌာန်းချက်များ
နှင့်ကွဲလွဲနေသည်ကိုသတိထားစေလိုပါသည်။
ရဲတပ်ဖွဲ့ဝင်တို့သည် ဝရမ်းမပါဘဲဖမ်းဆီးထား
သူအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၇ အရ ရာ
ဇဝတ်တရားသူကြီးတစ်ဦး၏အထူးအမိန့်မရလျှင်
ဖမ်းဆီးထားသည့်နေရာမှရဲစခန်းနှင့်ထိုမှတဖန်ရာ
ဇဝတ်တရားသူကြီးတစ်ဦး၏တရားရုံးသို့သွား
ရောက်ရမည့်ခရီးအတွက်လိုအပ်မည့်အချိန်ကိုနှုတ်
ပြီး(၂၄)နာရီထက်မိုစေရဟု ရာဇဝတ်ကျင့်ထုံးဥပ
ဒေပုဒ်မ ၆၁ ကဆိုပါသည်။ဆိုလိုရင်းသဘောမှာ
ဖမ်းဆီးထားသူအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ
၁၆၇ အရ ရာဝတ်တရားသူကြီးတစ်ဦး၏ချုပ်မိန့်
ရီမန်မရရှိဘဲ(၂၄)နာရီထက်ပို၍ချုပ်ထားပိုင်ခွင့်မ
ရှိ။ထို(၂၄)နာရီတွင် ဖမ်းဆီးသည့်နေရာမှရဲစခန်း၊
ရဲစခန်းမှတရားရုံးသို့သွားရောက်ရာတွင်ကုန်ဆုံးခဲ့
သောအချိန်သည်(၂၄)နာရီနှင့်မသက်ဆိုင်ဟုဆိုလို
ခြင်းပင်ဖြစ်သည်။တရားရုံးနှင့်အလွန်အလှမ်းဝေး
သောနေရာတွင် ရဲအရေးယူပိုင်ခွင့်ရှိသောအမှုမှတ
ရားခံကိုဝရမ်းမပါဘဲသွားရောက်ဖမ်းဆီးသည်၊ထို
ဖမ်းဆီးသည့်နေရာမှရဲစခန်းသို့ပြန်လာရာတွင်(၁)
ရက်ကြာသည်၊ရဲစခန်းမှတရားရုံးသို့လာရာတွင်(၁)
ရက်ကြာသည်၊ထို(၂)ရက်သည် ရဲတပ်ဖွဲ့ဝင်တို့
ဖမ်းဆီးချုပ်နှောင်ခွင့်ရှိသည်ဆိုသော(၂၄)နာရီနှင့်
မသက်ဆိုင်ပေ။တရားသူကြီးရုံးစိုက်ရာနေရာရှိရဲစ
ခန်းတစ်ခုတွင် သောကြာနေ့ည၌ ရဲအရေးယူပိုင်ခွင့်
ရှိသောအမှုမှတရားခံကို ဝရမ်းမပါဘဲဖမ်းဆီးသည်
နောက်နေ့များသည် တရားရုံးပိတ်သော စနေ၊တနင်္ဂ
နွေနေ့များဖြစ်နေသောကြောင့် အမှုစစ်အရာရှိမှ
ချုပ်မိန့်ရီမန်တောင်းရန် တရားရုံးသို့ လာချင်ပါ
သော်လည်း တရားရုံးပိတ်ထားသဖြင့် လာရန်မှာ
မည်သို့မျှမဖြစ်နိုင်ပေ။ဤသို့သောအခြေအနေမျိုး
တွင် အမှုစစ်အရာရှိမှတရားသူကြီးထံ "ဝရမ်းမပါ
ဘဲဖမ်းဆီးထားမှုရှိကြောင်းနှင့်တနင်္လာနေ့တွင်
Back Date ဖြင့်ချုပ်မိန့်ရီမန်တောင်းခံပါမည့်အ
ကြောင်းတင်ပြနေကြခြင်း၊ဖမ်းဆီးပြီးနောက်တစ်
ရက်တွင် တရားသူကြီးနေအိမ်သို့သွားရောက်ကာ
​ရီမန်အမှုတွဲသာမကတရားခံကိုပါခေါ်ဆောင်ပြီး
သွားရောက်နေကြခြင်းတို့ဆောင်ရွက်နေကြသည်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၆၁ တွင် "ရာဇဝတ်
တရားသူကြီး၏တရားရုံး" ဟုတိကျစွာပြဌာန်း
ထားပါသည်။ရာဇဝတ်တရားသူကြီး၏တရားရုံး
ဟုတိကျစွာပြဌာန်းထားပါလျှက်အကြောက်လွန်
ကာ တရားသူကြီးနေအိမ်သို့သွားရောက်နေကြခြင်း
မှာ မိမိအားဥပဒေအရအပ်နှင်းထားသောလုပ်ပိုင်
ခွင့်ကို မသိလေရော့သလား၊မလုပ်ရဲလေရော့သ
လားဟူသည်မှာ ပဟေဠိဆန်လွန်းလှပေသည်။
အမတ်ကြီးဦးပေါ်ဦးကိုဘုရင်ကြီးကမေးသည့်
"သူချည်းဘဲလား" ဆိုတော့ "ဆားနဲ့ပါဘုရား" လို့
လျှောက်တင်သလို ဥပဒေအရာရှိလက်မှတ်ပါမှလို့
ဆိုပြန်တော့ ဥပဒေအရာရှိထံကိုရုံးပိတ်ရက်ပြီး
ပြေးရပြန်လေသည်။
ဤသို့ဆိုလျှင်(၂၄)နာရီထက်ပိုမိုချုပ်ထားခြင်း
အပေါ်မည်သူကတာဝန်ယူမည်နည်း။
မည်သူမျှတာဝန်မယူပါ။ကျန်ှုပ်ရဲအုပ်အောင်
ကျော်ထွန်းလည်းတာဝန်ယူရန်မလိုပါ။ရာဇဝတ်
ကျင့်ထုံးဥပဒေပုဒ်မ ၆၁ ကတာဝန်ယူထားပြီးသား
ဖြစ်ပါသည်။အမှုစစ်မှ(၂၄)နာရီထက်ပိုမိုချုပ်
နှောင်ထားခဲ့သည်အချိနိကာလသည်လည်း အဟော
သိကံ မဖြစ်ပါ။အမှုအားတရားစွဲတင်သည့်အခါ
ရဲစွဲချက်တွင် ဖမ်းဆီးသည့်နေ့ရက်၊အချိနိတို့ကိုမှန်
ကန်စွာရေးသွင်းပေးလိုက်ရန်သာဖြစ်သည်။တရား
ခံအားတရားရုံးမှထောင်ဒဏ်ချမှတ်၍ထောင်ကျ
ဝရမ်းတွင် စတင်ချုပ်ရက်ကိုရေးသားရာ၌ ရဲစွဲ
ချက်တွငိပါရှိသော စတင်ဖမ်းဆီးသည့်နေ့ရက်နှင့်
အချန်ကိုရေးသားရခြင်းကြောင့် အဟောသိကံ လုံး
ဝမဖြစ်ဘဲ ထိုနေ့ရက်၊အချိန်ကိုတရားခံမှခံစား
ခွင့်ရှိပါသည်။ရာဇဝတ်ကျင့်ထုံးဥပဒေအရ လုပ်ပိုင်
ခွင့်နှင့်အကာအကွယ်ကိုပေးထားပါလျှက် အခြား
ဌာနများထံ"အောက်ကျို့ခံတောင်းပန်နေကြခြင်း"
ဖြင့်အမှုစစ်အရာရှိသည်အရပ်ခပ်သိမ်း၏ငယ်နိုင်
သဖွယ်ဖြစ်သွားပေလိမ့်မည်။ချုပ်မိန့်ရီမန်တောင်း
ခံရာတွင်လည်း တရားရုံးသို့မရောက်သေးသည့်
အချိန်ကာလကတွက် Back Date ဖြင့်တောင်းခံဖို့
မလိုအပ်ပါ။ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၆၁ အရ
ခွင့်ပြုထားပြီးသားဖြစ်၍တရားရုံးရှေ့သို့ရောက်
ရှိသည့်နေ့ရက်မှစ၍ချုပ်မိန့်ရီမန်တောင်းခံခြင်း
ကိုပြုလုပ်ရပေမည်။ထို့အပြင်ရက်ပေါင်း(၃၀)
ချုပ်မိန့်ရီမန်တောင်းခံခွင့်ရှိသောပြစ်မှုမျိုးတွင်
ပထမအကြိမ်ကို(၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ
တောင်းခံရပြီးဒုတိယအကြိမ်တွင် ချုပ်မိန့်ရီမန်
ကုန်ဆုံးမည်ဖြစ်သော(၁၅)ရက်နေ့မှစ၍ရေတွက်
ကာ(၁၅)ရက်မြောက်ဖြစ်သော(၂၉)ရက်နေ့အထိ
တောင်းခံရသည်။ဤသို့ဆိုလျှင်ရက်ပေါင်း(၃၀)
ချုပ်မိန့်တောင်းခံခွင့်ရှိသောပြစ်မှုအတွက်(၁)ရက်
လိုနေသေးသည်။အမှုစစ်အရာရှိများ အကျဉ်းအ
ကြပ် မိုးထဲရေထဲ အရေးကြုံ၍လိုအပ်လျှင်ခိုင်လုံ
သောအကြောင်းပြချက်ဖြင့် ချုပ်မိန့်ရီမန်(၁)ရက်
ကိုတောင်းခံပိုင်ခွင့်ရှိသေးသည်ကိုသတိရစေလိုပါ
သည်။

ချုပ်မိန့်ရီမန်တောင်းခံရခြင်းအကြောင်းရင်း
~~~~~~~~~~~~~~~~~~~~~~~~~~~
ချုပ်မိန့်ရီမန်တောင်းခံရခြင်းအကြောင်းရင်း
မှာ အမှုစစ်အရာရှိသည် ရဲအရေးယူပိုင်ခွင့်ရှိပြီးအာ
မခံမပေးနိုင်သောပြစ်မှုတစ်ရပ်ရပ်ဖြင့်ဖမ်းဆီး
ထားသူအား(၂၄)နာရီအတွင်းစုံစမ်းထောက်လှမ်း
ခြင်းကိုအပြီးသတ်နိုင်ရန်လက္ခဏာမရှိသည့်အပြင်
စွပ်စွဲချက် သို့မဟုတ် သတင်းပေးချက်သည်ခိုင်လုံ
သည်ဟုယုံကြည်ရန်အကြောင်းရှိသောအခါထိုတ
ရားခံအား တရားမစွဲတင်မီဆက်လက်ချုပ်ထားရန်
ဖြစ်သည်။အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၇)နှစ်နှင့်
အထက်ပြစ်ဒဏ်ကျခံနိုင်သောပြစ်မှုဖြစ်ပါက
ရက်ပေါင်း(၃၀)နှင့်အလုပ်ကြမ်းနှင့်ထောင်ဒဏ်
(၇)နှစ်အောက်ပြစ်ဒဏကျခံနိုင်သောပြစ်မှုဖြစ်ပါ
က (၁၅)ရက်အထိ ချုပ်မိန့်ရီမန်တောင်းခံခွင့်ရှိပါ
သည်။ရက်ပေါင်း(၃၀)အထိချုပ်မိန့်ရီမန်တောင်းခံ
ခွင့်ရှိသောပြစ်မှုအား တစ်ကြိမ်တည်းရက်ပေါင်း
(၃၀)တောင်းခံခွင့်မရှိဘဲ(၁၅)ရက်စီ(၂)ကြိမ်ခွဲ၍
တောင်းခံရသည်။ထိုသို့(၁၅)ရက်စီ(၂)ကြိမ်ခွဲ၍
တောင်းခံရခြင်းမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ
၃၄၄ အရ တရားခံတစ်ဦးကို တစ်ဆယ့်ငါးရက်
ထက်ပိုသောအချိန်ကာလအတွက်ချုပ်မိန့်မပေးရ
ဟူသောတားမြစ်ချက်ကြောင့်ဖြစ်လေသည်​။

ရီမန်တောင်းခံရာတွင်တရားသူကြီးမှငြင်းပယ်နိုင်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောအချက်များ
~~~~~~~~~~
အမှုစစ်အရာရှိတို့သည် ချုပ်မိန့်ရီမန်ကို ရဲလက်
စွဲဒုတိယတွဲ အပိုဒ် ၁၃၄၇ မှ ၁၃၅၁ အထိတို့တွင်ပြ
ဌာန်းချက်များကိုလိုက်နာလျှက်တောင်းခံရသည်။
ရဲလက်စွဲဒုတိယတွဲအပိုဒ် ၁၃၅၁ တွင် သက်သေ
များမလာရောက်သည်ကိုအကြောင်းပြ၍ရီမန်အ
မိန့်မတောင်းခံရန်တားမြစ်ထားသည်။
တရားရုံးများလက်စွဲအပိုဒ် ၄၀၅(၂)တွင် ရီမန်
အမိန့်ပေးသည့်အကြောင်းပြချက်များမှာတိကျ
သေချာရမည်။ရဲအဖွဲ့ဝင်တို့ကသက်သေများစစ်
ဆေးရန်အချိန်လိုသည်ဟုဖော်ပြချက်သက်သက်
နှင့်မလုံလောက်ချေ။တရားခံပြစ်မှုကျူးလွန်
ကြောင်းမသင်္ကာဖွယ်ရာဖြစ်စေသောအကြောင်း
ခြင်းရာများနှင့်တကွရှေ့ဆက်လက်၍မည်သို့မေး
မြန်းစုံထောက်မှုပြုနိုင်မည့်အကြောင်းများကိုပါ
သေချာစွာဖော်ပြရမည်ဟုပြဌာန်းထားသည်။
တရားရုံးများလက်စွဲအပိုဒ် ၄၀၇ တွင် ရာဇဝတ်
ကျင့်ထုံးဥပဒေပုဒ်မ ၁၆၇ အရခွင့်ပြုထားသည့်အ
ချိန်ကာလအတွင်း ရဲမေးမြန်းစုံထောက်ခြင်းပြည့်
စုံပြီးဆုံးသည်ဖြစ်လျှင်တရားလို သို့မဟုတ် တရား
ခံမှာဆေးရုံ၌ရှိနေသည်ဟူ၍လည်းကောင်း၊သက်
သေများလာရောက်ခြင်းမရှိဟူ၍လည်းကောင်း၊
ထိုအမှုတွင်အခြားတရားခံတစ်ဦးဦးကိုဖမ်းဆီးရန်
အချိန်လိုသည်ဟုသော်လည်းကောင်း၊အခြားအ
လားတူအကြောင်းပြချက်နှင့်သော်လည်းကောင်း
ချုပ်ထားရန်ရီမန်အမိန့်ထုတ်ပေးခြင်းမရှိစေရဟု
ပြဌာန်းထားသည်။
သို့ဖြစ်ပါ၍ချုပ်မိန့်ရီမန်ဟူသည်အမှုစစ်အရာ
ရှိမှအပြည့်အဝတောင်းခံခွင့်ရှိသော်လည်း အမှန်တ
ကယ်လိုအပ်၍ကျိုးကြောင်းခိုင်လုံစွာတောင်းခံမှ
သာ အပြည့်အဝရထိုက်ပေမည်ဖြစ်ပေသည်။
အကယ်၍များ အမှုစစ်အရာရှိမှအမှန်တကယ်
လိုအပ်၍ကျိုးကြောင်းခိုင်လုံစွာချုပ်မိန့်ရီမန်ကို
နည်းလမ်းတကျတောင်းခံပါလျှက်တရားသူကြီး
မှငြင်းပယ်လျှင် အမှုစစ်အရာရှိသည် ရိုကျိုးစွာ
ဖြင့်ရဲစခန်းသို့ပြန်လာကာ စခန်းမှူးထံ ငိုခြင်းရှည်
ဖြင့်ငိုပြရန်မဟုတ်ဘဲ ချုပ်မိန့်ရီမန်ပေးရန်ငြင်း
ပယ်ခြင်းအား ရီမန်လျှောက်လွှာတွင် အမိန့်တစ်ရပ်
ရေးသားပေးရန် ရဲဝံ့စွာတောင်းဆိုရမည်ဖြစ်သည်။
ထိုအမိန့်ကို အဆင့်မြင့်တရားရုံးသို့ အယူခံတက်
ရောက်ရမည်သာဖြစ်သည်။တရားရုံးသို့တရားစွဲ
တင်ထားသောအမှုမှတရားခံတစ်ဦးတစ်ယောက်
အပေါ်တရားရုံးမှချမှတ်သည့်ပြစ်ဒဏ်နှင့်ပတ်
သက်၍အယူခံ/ပြင်ဆင်ကို သက်ဆိုင်ရာဥပဒေရုံး
များကသာဆောင်ရွက်ခွင့်ရှိသော်လည်းတရားမစွဲ
တင်မီ ချုပ်မိန့်ရီမန်တောင်းခံခြင်းအပေါ်တရား
သူကြီးမှငြင်းပယ်သည့်အမိန့်အား အမှုစစ်အရာရှိ
သို့မဟုတ် တရားစွဲအဖွဲ့အစည်းမှအယူခံတက်ခွင့်
ရှိသည်ဟု ယူဆမိပါကြောင်း။

Address

Room No/( 101 ), Building No ( 57 ), Awaiyar Housing ( 2 ), Myattarnyut Quarter , Tamwe Township , Yangon City
Yangon
LAWFIRM

Telephone

+959421719648

Website

Alerts

Be the first to know and let us send you an email when Firast Grace Law Firm & Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Firast Grace Law Firm & Real Estate:

Share