OCI Service

OCI Service THE SMOOTH PATH TO YOUR
OCI CARD.

သင်က အလုပ်ကိစ္စနဲ့ဖြစ်ဖြစ် ကျောင်းကိစ္စနဲ့ဖြစ်ဖြစ် အိန္ဒိယကို ခဏခဏသွားနေရတဲ့သူ၊ အိန္ဒိယမှာ ကျောင်းတက်နေရင်း ဗီဇာ သက်တမ်း...
28/05/2024

သင်က အလုပ်ကိစ္စနဲ့ဖြစ်ဖြစ် ကျောင်းကိစ္စနဲ့ဖြစ်ဖြစ် အိန္ဒိယကို ခဏခဏသွားနေရတဲ့သူ၊ အိန္ဒိယမှာ ကျောင်းတက်နေရင်း ဗီဇာ သက်တမ်းခဏခဏ တိုးနေရတဲ့သူ ဆိုရင်တော့ OCI card ကိုမဖြစ်မနေ လုပ်ထားသင့်ပါတယ်။

OCI card ဆိုတာဘာလဲ?

OCI ( Overseas Citizenship Of India) က ၂၀၁၅ ခုနှစ်ကနေစပြီးတော့ အိန္ဒိယနိုင်ငံမှာ နေထိုင်ခြင်းမရှိတဲ့ အိန္ဒိယနွယ်ဖွားတွေအတွက် အိန္ဒိယအစိုးရဘက်ကနေ ထုတ်ပေးတဲ့ ကဒ်ပဲဖြစ်ပါတယ်။
ဒီကဒ်ကိုင်ဆောင်ထားသူတွေက အိန္ဒိယနိုင်ငံသားမဟုတ်လည်း အိန္ဒိယနွယ်ဖွားဖြစ်လျှင် အိန္ဒိယ နိုင်ငံမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး နှင့် နေထိုင်ခွင့်တို့နဲ့ ပတ်သက်တဲ့ အကျိုးခံစားခွင့်တွေ ရရှိမှာပဲဖြစ်တယ်။

OCI card ဘာလို့လုပ်ထားသင့်လဲ?
OCI card လုပ်ထားရင် ဘယ်လိုအကျိုးရှိမလဲ ?

OCI card ကိုင်ဆောင်ထားတဲ့သူတွေက

1. အိန္ဒိယနိုင်ငံကို visa free သွားနိုင်ခွင့်- OCI card ကိုင်ဆောင်ထားရုံနဲ့ အိန္ဒိယကို visa မလိုပဲ ကြိုက်တဲ့အချိန် သွားလို့ရပြီး အချိန်ကန့်သတ်မှုမရှိပဲ ကြိုက်သလောက် နေလို့ရပါတယ်။

2. မြေနေရာတိုက်ခန်း ဝယ်ယူနိုင်ခွင့်- OCI ကဒ်ကိုင်ဆောင်ထားတဲ့သူတွေက အိန္ဒိယ မှာ မြေ၊တိုက်ခန်း‌ property တွေကို ဝယ်ယူတာတွေ ရောင်းချတာတွေကိုလုပ်ဆောင်နိုင်ခွင့်ရမှာလဲဖြစ်ပါတယ်။သို့ရာတွင် လယ်ယာမြေ သို့မဟုတ် စိုက်ခင်းပိုင်ဆိုင်မှု အပါအဝင် စိုက်ပျိုးမြေများကို ဝယ်ယူခွင့်မပြုပါ။

3. လုပ်ငန်းလုပ်ဆောင်ခွင့်- စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီ တည်ထောင်ခြင်းတွေကို တရားဝင်လုပ်ဆောင်ခွင့်လဲရမှာဖြစ်ပါတယ်။

4. ပညာရေး၊ကျန်းမာရေးနှင့် အခြားခံစားခွင့်များ- အစိုးရက OCI ကဒ်ကိုင်ဆောင်ထားသူတွေအတွက် ချမှတ်ပေးထားတဲ့ တစ်ခြားလူမှုခံစားခွင့်တွေကိုလဲ ရရှိမှာဖြစ်ပါတယ်။

OCI လျှောက်ထားရန် စုံစမ်းလိုပါက messenger မှာစုံစမ်းနိုင်သလို 09-403778295 နှင့် 09-982112392 သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါသည်။



Address

Yangon

Website

Alerts

Be the first to know and let us send you an email when OCI Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category