ရွှေဟသာ်-ဥပဒေနှင့်ရသစာပေစာပေဖြန့်ချီရေး

  • Home
  • Myanmar
  • Mudon
  • ရွှေဟသာ်-ဥပဒေနှင့်ရသစာပေစာပေဖြန့်ချီရေး

ရွှေဟသာ်-ဥပဒေနှင့်ရသစာပေစာပေဖြန့်ချီရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေဟသာ်-ဥပဒေနှင့်ရသစာပေစာပေဖြန့်ချီရေး, Mudon.

Video Conference စနစ်ဖြင့် သက်သေခံချက်ရယူခြင်း ညွှန်ကြားချက်အမှတ် (၅/၂၀၂၁)
27/01/2025

Video Conference စနစ်ဖြင့် သက်သေခံချက်ရယူခြင်း
ညွှန်ကြားချက်အမှတ် (၅/၂၀၂၁)

ရဲစခန်းသွားရင်ဘယ်လိုတိုင်ကြားရမလဲသိချင်ကြသူများအတွက်ဖော်ပြပေးလိုက်ပါတယ်။ ပထမသတင်းပေးတိုင်တန်းချက်First information repor...
11/01/2025

ရဲစခန်းသွားရင်
ဘယ်လိုတိုင်ကြားရမလဲ
သိချင်ကြသူများအတွက်
ဖော်ပြပေးလိုက်ပါတယ်။

ပထမသတင်းပေးတိုင်တန်းချက်
First information report (FIR)
။။။။။။။။။။။။။။။။။။။။။။။။။။။။

ပထမသတင်းပေး အစီရင်ခံချက်ရှေ့ဘက်မျက်နှာတွင် ဇယားကွက်များ တွေ့ရှိရမည်ဖြစ်သည်။ အဆိုပါဇယား ကွက် များတွင် လိုအပ်သလို ဖြည့်သွင်းထား သည်များကို တွေ့ရမည်ဖြစ်သည်။

- အမှုဖြစ်မြို့နယ်
- ရဲစခန်း
- အမှတ်စဉ်
- အမှုဖြစ်ပွားသည့်နေ့ရက်နှင့်နာရီ
- အစီရင်ခံသည့်နေ့ရက်နှင့်နာရီ
- တိုင်တန်းသူအမည်
- အဖအမည်နှင့်နေထိုင်ရာအရပ်
- အမှုဖြစ်ပွားရာနေရာ
- ရဲစခန်းမှသတင်းပေးချက်မိတ္တူပို့သည့်နေ့ရက်နှင့်နေရာ
- အမှုစစ်အရာရှိအမည်
- အမှုစွဲတင်ခြင်းအတွက်စွဲချက်အမှတ်နှင့်နေ့စွဲ
- တရားခံအမည်
- အဖအမည်
- မှတ်ပုံတင်အမှတ်နှင့်နေထိုင်ရာအရပ်( တရားခံတစ်ဦးချင်းအတွက် )
- အမှုအကြောင်းအရာအကျဉ်းချုပ်။

( ၁ ) ပုဒ်မ ( ၂ ) ယူဆောင်သွားသည့်ပစ္စည်း ( ၃ ) လုပ်ဆောင်ပုံအကြောင်း ရင်း ( ၄ ) အသုံးပြုသည့် အရာဝတ္တု၊ ရဲစခန်းရည်ညွှန်းစသည်တို့ပါရှိသည်။

ပထမသတင်းပေးချက် အစီရင်ခံစာ၏ သက်ဆိုင်ရာဇယားကွက်တွင် ဥပဒေပုဒ်မအပြင် ပြစ်မှုအမျိုးအစားကို အကျဉ်းချုပ်အားဖြင့် ဖော်ပြထားသည်။ ပြစ်မှုကျူးလွန်သည်ဟု မသင်္ကာဖြစ်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၄ အရ ဖမ်းဆီးကြောင်းရေးသွင်းထားရမည်။

ပထမသတင်းပေးချက် မှတ်ပုံတင်ပုံစံသက်ဆိုင်သည့် ဇယားကွက်တွင် ( နိုင်ငံ တော်အစိုးရ) ကို သတင်းပေး သူအဖြစ် မရေးသွင်းရပေ။ သတင်းပေးသူသည် အစိုးရအရာရှိဖြစ်ပါက အမည်နှင့်ရာထူးကို ရေးသွင်းရသည်။ ( မြန်မာနိုင်ငံတော်ရဲလက်စွဲ၊ ဒုတိယတွဲ၊ အဋ္ဌမပုံနှိပ်၊ စာပိုဒ် ၁၄၂၀၊ စာ ၁၈၉ ) ။

တရားခံ၊ တရားလို ( သို့မဟုတ် ) သက်သေသည် သေရည်သောက်စားထားကြောင်း သက်သေခံချက်ရှိသည့် အမှုအားလုံး၏ ပထမ သတင်းပေးချက် မှတ် ပုံတင်စာရွက်ထိပ်တွင် မင်နီနှင့် အရက် ဟု ရေးမှတ်ရသည်။ ( မြန်မာနိုင်ငံရဲလက်စွဲ၊ ဒုတိယတွဲ၊ အဋ္ဌမပုံနှိပ်၊ စာပိုဒ် ၁၄၂၂၊ စာ ၁၈၉)။

အမှုတိုင်ကြားရာတွင် အချို့က ကိုယ်တိုင် စာနှင့်တိုင်ကြားသည်လည်းရှိပါ သည်။

စာရေး၍တိုင်ပါက ယင်းတိုင်စာကို ပထမသတင်းပေး တိုင်ကြားချက် ပုံစံတွင် ကူးဖြည့်ရသည်။ ထို့နောက် ပထမ သတင်းပေးတိုင်ကြားချက် ပုံစံနှင့်အတူ ပူး တွဲထားရသည်။

အမှုစွဲတင်သည့်အခါ ရေးသားတိုင်ကြားသည့် မူရင်းတိုင်စာပါပူးတွဲ၍ ထည့်သွင်းရပေသည်။

( ဦးကျော်ဇေယျ ၊ ပြစ်မှုအမှုတွဲတစ်ခုတွင်ပါဝင်သောကြန်အင်လက္ခဏာများနှင့် ယင်းတို့၏အရေးပါမှုများ၊ စာ ၁၃ ) ။

အထက်တန်းရှေ့နေ များလာရောက်ထုတ်ယူနိုင်။
11/01/2025

အထက်တန်းရှေ့နေ များလာရောက်ထုတ်ယူနိုင်။

ကျွန်မအမျိုးသားက အွန်လိုင်းကတဆင့် ရည်းစားထားပြီး အပျိုကောင်မလေးတစ်ယောက်ကို ခိုးယူ ထွက်ပြေး ပါတယ် ။ ကျွန်မတို့နှစ်ယောက် ပ...
03/01/2025

ကျွန်မအမျိုးသားက အွန်လိုင်းကတဆင့် ရည်းစားထားပြီး အပျိုကောင်မလေးတစ်ယောက်ကို ခိုးယူ ထွက်ပြေး ပါတယ် ။ ကျွန်မတို့နှစ်ယောက် ပေါင်းသင်းစဉ်ကတည်းက ယောက္ခမဖြစ်သူက သဘောမတူပါ ။ နောက်တစ်ယောက် ခိုးပြေးတော့ ယောက္ခမကလည်း သားရှင်မိဘအနေနဲ့ နယ်အထိလိုက်သွားပြီး မင်္ဂလာပွဲ လုပ်ပေးခဲ့ပါတယ် ။ ကျွန်မအမျိုးသားကို တစ်လင်တစ်မယားဥပဒေနဲ့ တရားစွဲနိုင်တယ်ဆိုတာကို နားလည်ပါ တယ် ။ ဒါပေမဲ့ တရားဝင်မယားရှိရက်သားနဲ့ နောက်မိန်းမတောင်းပေးတဲ့ ယောက္ခမကို အရေးယူ လို့ ရ မရ ဆို တာကို သိပါရစေ ။
===========================

ဒီနေရာမှာ ဥပဒေပြဿနာကို နည်းနည်းပြောချင်ပါတယ်။ ပထမတစ်ချက်က တစ်လင်တစ်မယားစနစ် ဥပဒေ သည် အိမ်ထောင်ရှိတဲ့ လူတွေကိုပဲ ဖောက်ဖျက်တာကို စွဲလို့ရသလား ။ အိမ်ထောင်မရှိတဲ့ အပျိုလူပျိုတွေကော ဒီဥပဒေနဲ့ စွဲလို့ရမရဆိုတဲ့ ပြဿနာတွေရှိပါတယ်။ ကျွန်တော်ဖက်ကတော့ ပြတ်ပြတ်သားသား ကျွန်တော်အယူ အဆကို တင်ပြချင်ပါတယ်။ တစ်လင်တစ်မယားစနစ် ဥပဒေမှာ ပုဒ်မ ၁၀ဆိုတာရှိပါတယ်။ ပုဒ်မ၁၀ က အိမ်ထောင်ပြုပြီးတော့မှ နောက်ထပ်အိမ်ထောင်ပြုတဲ့ပုဂ္ဂိုလ်ပေါ့ ။ အဲ့ဒီပုဂ္ဂိုလ်က ယောကျာ်းလည်း ဖြစ်ချင် ဖြစ် မယ်၊ မိန်းမလည်း ဖြစ်ချင်ဖြစ်မယ် ။ ဆိုလိုတာက အိမ်ထောင်ရှိတဲ့သူက ပြုလိုက်တာ ။

နောက်တစ်ခုက ပုဒ်မ ၁၀။ ပုဒ်မ၁၀ ကတော့ မည်သူမဆိုပဲ ။ သူကဘာလဲဆိုတော့ ပထမအိမ်ထောင်ရှိပြီး တော့ ထပ်မံ အိမ်ထောင်ပြုမယ်ဆိုရင်တော့ ခုနကပြောသလိုပဲ အပျိုလူပျိုလဲပါတယ်။ အပျိုလူပျိုလဲ ပုဒ်မ ၁၂ အရ ပေါ့နော် ။ ၁၂ထဲမှာ ငြိတယ်။ ဘာဖြစ်လို့လဲဆိုတော့ .. ခက်တာက အပျိုလူပျိုဆိုသော်လည်း ပဲတစ်ခါ တစ်ခါကျတော့ တစ်လင်တစ်မယားစနစ်ဥပဒေရဲ့ရည်ရွယ်ချက်က အိမ်ထောင်တစ်ခုကို မြဲစေချင်တဲ့အခါကျ တော့ ခုနကပြောတဲ့ လူလွတ်တဲ့ပုဂ္ဂိုလ်တွေက မရရအောင် ဒီအိမ်ထောင်ရှင်ယောကျာ်းကိုသော်လည်းကောင်း၊ အိမ်ထောင်ရှင်မိန်းမကိုသော်လည်းကောင်း နည်းမျိုးစုံနဲ့ကြိုးစားပြီးတော့ လုပ်တဲ့ကိစ္စမျိုးတွေကို သူတို့ကို ချန်လှပ်ထားခဲ့လို့တော့ မဖြစ်ဘူး။ မဖြစ်ဘူးဆိုတဲ့အခါကျတော့ ဘာပဲပြောပြော.. တစ်လင်တစ်မယားစနစ်ကို ကျူးလွန်တဲ့အခါမှာ မသိလို့ပြုလိုက်တာကိုလည်း ဥပဒေအရ အကာအကွယ်ပေးထားတယ်။ ဒီဟာ သိလို့လုပ် မယ်ဆိုရင်တော့ တစ်ဖက်က အိမ်ထောင်ရှိခဲ့တယ်ဆိုရင်တော့ တဖက်က လူလွတ်တို့ဘာတို့ အိမ်ထောင်မရှိတဲ့ သူတို့တွေကို အရေးယူလိုရတယ်လို့ ကျွန်တော်အနေနဲ့ ပုဒ်မ ၁၂ သည် ၁၀ နဲ့ခြားနားမှု လိုရင်းအဓိပ္ပာယ် လို့ ယူဆပါတယ်။

သူမေးတဲ့မေးခွန်းကို ထောက်ကြည့်မယ်ဆိုရင်တော့ ယောက္ခမကိုယ်တိုင်ကိုက အစကတည်းကိုက သဘော မတူဘူး။ သဘောမတူလို့ ပြီးတော့မှ သူက ဒီဟာကို နောက်ထပ်အိမ်ထောင်တစ်ခုကို တောင်းရမ်းပေးတယ်။ ခမ်းခမ်းနားနား မဟုတ်သည်တိုင်အောင် မင်္ဂလာဆောင်ပေးတယ်.. ဆိုတဲ့အပေါ်မှာ တစ်ဖက်က အမြင်နဲ့ကြည့် လိုက်ရင် .. အားပေးတဲ့သဘောမျိုးဖြစ်တယ်။ အားပေးတယ်ဆိုတဲ့သဘောမျိုးမှာ ဥပဒေအရ သူ့ကို အားပေး ကူညီမှုနဲ့ ဝင်မဝင်ပေါ့ ။ ဝင်မဝင် ဆိုတဲ့အခါကျတော့ ကျွန်တော်တို့က ဥပဒေရဲ့သဘောတရားအရ ပြစ်မှုဆိုင်ရာ ဥပဒေရဲ့ အတွေးအခေါ်အရ အားပေးကူညီတာသည် crime ။ သူလဲပြစ်မှုပဲ ။ ဒါကြောင့်မို့လို့ ရာဇသတ်ကြီး မှာလဲ အားပေးကူညီမှုကို ထည့်သွင်းပြီးတော့ ပြဋ္ဌာန်းထားတယ်။ တစ်ကယ်လို့အားပေးကူညီတဲ့ပုဂ္ဂိုလ်သည် ဘယ်လောက်အတိုင်းအတာသည် အပြစ်ပေးနိုင်တယ်ဆိုရင် မူရင်းပုဒ်မမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေ ပြစ်မှုအတိုင်း ပဲအပြစ်ပေးနိုင်တယ်။ ဟိုမှာ ထောင်တစ်သက်ဆိုရင်လည်း ဒီမှာလည်း အားပေးကူညီမှုကို ထောင်တစ်သက် ။ ပြစ်မှုရဲ့အယူအဆသဘောတရားအရ ကြည့်မယ်ဆိုရင် ပြစ်မှုတိုင်း..ပြစ်မှုတိုင်မှာ ခုနက ပြောတဲ့အားပေး ကူညီ တဲ့ပုဂ္ဂိုလ်တို့ ၊ ပူးပေါင်းကြံစည်တဲ့ပုဂ္ဂိုလ်တို့ ဆိုတာတွေက ရှိတယ်။

ဒီနေရာမှာ တစ်ချို့ကပြောတာပေါ့ ။ ဒီအထဲမှာ အားပေးကူညီမှုကို အရေးယူရမယ်လို့ ပြဋ္ဌာန်းထားတာမရှိဘူးလို့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ကယ်လို့ အားပေးကူညီတဲ့ပုဂ္ဂိုလ်မျိုးကို အရေးမယူစေချင်ရင် ဒီအထဲမှာထည့် .. ဥပမာ မယားခိုးမှု ၊ မယားခိုးမှုမှာကျတော့ ယောကျာ်းကိုစွဲလို့ရတယ်။ မိန်းမကပြစ်မှုမရောက် ဘူးလို့ ဥပဒေထဲမှာကို ထည့်ရေးထားတာ။ မယားကိုတော့ မယားခိုးမှုမှာ အားပေးကူညီမှု နဲ့ စွဲလို့မရဘူးလို့ ထည့်ရေးထားတယ်။ တစ်ကယ်လို့ အားပေးကူညီတဲ့ပုဂ္ဂိုလ်ကို အခုလို ဥပဒေတွေမှာ မစွဲစေချင်ရင် ဥပဒေတွေ ထည့်ပြီးပြဋ္ဌာန်း ထားဖို့တော့ လိုတယ်။ သို့မဟုတ် မစွဲရဘူးလို့ တားမြစ်ထားတဲ့ဟာ ရှိဖို့လိုတယ်။ တားမြစ်ထား တာ မရှိဘူး ဆိုရင်တော့ ကျင့်ထုံးဥပဒေအရ သွားမယ်။ ရာဇသတ်ကြီးဥပဒေအရ သွားမယ် ဆိုရင်တော့ ကုဒ်ကတော့ ဒီကျင့်ထုံးကိုပဲ လုပ်ရတာ။ ဆန်ကျင်မှုဖြစ်ခဲ့ရင်တော့ အထူးဥပဒေအရ လွှမ်းမိုးချင်ရင်လွှမ်းမိုး မယ်။ သို့သော် ဟိုထဲမှာ တိတိကျကျ မပြဋ္ဌာန်းဘူးဆိုရင်တော့.. ဒါကဥပဒေအရ ပြောတာပါ။ ယောက္ခမကို အားပေးကူညီမှုနဲ့ စွဲဖို့မဟုတ်ပါဘူး။ သို့သော်လည်း စွဲမယ်ဆိုရင်တော့ စွဲလို့ရပါတယ်။ တရားရုံးကနေပြီးတော့ သူရဲ့စဉ်းခြင်တုံ တရားအရ သူက အခြေအနေကြည့်ပြီးတော့ အမှုကို ဆန်းစစ်ပြီး ကွန်ပရိုမိုက်လုပ်ချင်လည်း လုပ်မှာပေါ့။ တရားရုံးက ညှိနှုန်းဖျန်ဖြေတဲ့ အပိုင်းလေးတွေလဲလာပါတယ်။ ဒီလိုအမှုတွေက ညှှိုနှိုင်းဖျန်ဖြေမှုနဲ့ သွားဖို့ကောင်းပါတယ်။

#တစ်လင်တစ်မယာ #အားပေးကူညီမှု

ဗုဒ္ဓဘာသာဝင် နှစ်ဦး မင်္ဂလာဆောင်ကြတဲ့အခါ တရားရုံးမှာ လက်ထပ်ကြတာ ရှိသလို အိမ်မှာပဲ လူကြီးတွေ နဲ့ ရှေ့နေခေါ်ပြီး လက်မှတ်ထ...
01/01/2025

ဗုဒ္ဓဘာသာဝင် နှစ်ဦး မင်္ဂလာဆောင်ကြတဲ့အခါ တရားရုံးမှာ လက်ထပ်ကြတာ ရှိသလို အိမ်မှာပဲ လူကြီးတွေ နဲ့ ရှေ့နေခေါ်ပြီး လက်မှတ်ထိုး လက်ထပ်လိုက်ကြတာ ရှိပါတယ် ။ တချို့က တရားရုံးမှာ လက်မှတ်ထိုးမှ တရားဝင်လင်မယားဖြစ်မယ် ထင်တယ် ။ တစ်ချို့က ရှေ့နေ ဆရာရှေ့မှာ လက်မှတ်ထိုးမှ တရားဝင်တယ် ထင်တယ်။ ဒီနေရာမှာ နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားခြင်း နှင့် ကတိသစ္စာပြုခြင်း ၊ ကျမ်းသစ္စာကျိန်ခြင်း ဆိုတဲ့အကြောင်းအရာ ကွာခြားချက်လေးကို ရှင်းပြလိုပါတယ်။

ရှေ့နေဆရာများအနေဖြင့် ထိမ်းမြားလက်ထပ်ခြင်းကို ပြုလုပ်ဆောင်ရွက်သည့်အခါ နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားခြင်း ကတိစာချုပ် နဲ့ ပြုလုပ်ပေးကြပါတယ် ။ ကတိသစ္စာပြုခြင်း ၊ ကျမ်းသစ္စာကျိန်ခြင်း မဟုတ်ဘဲ လူကြီးသူမတစ်ဦးအနေဖြင့် ပေါင်းဖက်ကြမည့် သဘောတူ ကတိပြုသူနှစ်ဦးကို ကူညီဆောင်ရွက်ပေးသည့်အနေဖြင့် ပြုလုပ်ချုပ်ဆို ပေးကြခြင်းဖြစ်ပါတယ်။

၁၅ ရက် အောက်တိုဘာလ ၁၉၉၉ စာအမှတ် ၈၈၈ / ၄-ရန (၉၉) တရားရုံးချုပ်အမှာစာမှာ နိုတြ ပဗ္ဗလစ်ရှေ့နေ ၊ တရားရုံးချုပ်ရှေ့နေ့ ၊ အထက်တန်းရှေ့နေများသည် ကတိသစ္စာပြုလွှာများတွင် လက်မှတ်ရေးထိုးပေးခွင့်မရှိကြောင်း လုပ်ပိုင်ခွင့်မရှိသည်ကို ဆောင်ရွက်ပါက အရေးယူမည်ဖြစ်ကြောင်း စာထုတ်ထားပါတယ်။

တရားသူကြီးကတော့ တရားမကျင့်ထုံးဥပဒေ ပုဒ်မ - ၁၃၉ အရ ကျမ်းကျိန်ထွက်ဆိုရာတွင် ကျမ်းသစ္စာတိုက်နိုင်သူဖြစ်ခြင်းကြောင့်လည်းကောင်း ၊ ကျမ်းသစ္စာအက်ဥပဒေ ပုဒ်မ - ၄ အရ ကျမ်းသစ္စာကျိန်ဆိုရန် နှင့် ကတိသစ္စာပြုရန် အခွင့်အာဏာကိုရရှိထားသူ ဖြစ်ခြင်းကြောင့် လည်းကောင်း တရားသူကြီးတွေက နှစ်ဦးသဘောတူ ထိမ်းမြားမင်္ဂလာ ကတိသစ္စာပြုလွှာ မှာ လက်ထပ်ထိမ်းမြားပေးလို့ရပါတယ်။

အနှစ်ချုပ်ပြောရရင် တရားသူကြီးဆို နှစ်ဦးသဘောတူ ထိမ်မြားမင်္ဂလာ ကတိသစ္စာပြုလွှာ မှာ လက်ထပ်ထိမ်းမြားပေးပါတယ်

လူကြီးသူမ (သို့မဟုတ်) ရှေ့နေဆို နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားခြင်း ကတိစာချုပ်မှာ လက်ထပ်ထိမ်းမြားပေးပါတယ်

နှစ်ခုလုံးကတော့ အကြင်လင်မယားအဖြစ် အသိအမှတ်ပြုသည့် စာချုပ် (သို့မဟုတ်) စာမှတ်စာတမ်းအနေဖြင့် တရားဝင်ပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဓလေ့ထုံးတမ်းအရ နှစ်ဦးသဘောတူ လက်ထပ်ပေါင်းသင်းနေထိုင်ပြီး ပတ်ဝန်းကျင်က လင်မယားအဖြစ် အသိအမှတ်ပြုရင်ကို လင်မယားအရာမြှောက်ပါတယ်။ သို့သော်လည်း နှုတ်တစ်ရာ စာတစ်လုံးမို့ စာမှတ်စာတမ်းများဖြင့် ပိုမိုခိုင်မာသော နည်းလမ်းကို အသုံးပြုကာ ပြုလုပ် ချုပ်ဆိုသင့်ပါတယ်။

Credit: Copyright

တရားလွတ်တောိရှေ့နေလျောက်မည်ဆိုပါက လိုအပ်သည့်အချက်လက်များ။
31/12/2024

တရားလွတ်တောိရှေ့နေလျောက်မည်ဆိုပါက လိုအပ်သည့်အချက်လက်များ။

ရှေ့နေ လိုင်စင် အ​ကြောင်းသိကောင်းစရာများ။
31/12/2024

ရှေ့နေ လိုင်စင် အ​ကြောင်းသိကောင်းစရာများ။

တန်ဖိုး 6000kyats
30/12/2024

တန်ဖိုး 6000kyats

အငြိမ်းစားပင်စင်စားများအတွက်အသိပေးကြေ ငြာချက်
29/12/2024

အငြိမ်းစားပင်စင်စားများအတွက်အသိပေးကြေ ငြာချက်

ရှေ့နေအဖြစ်ဝင်ခွင့်နည်းဥပဒေ ပြင်ဆင်သည့်နည်းဥပဒေအကြောင်းသိကောင်းစရာ။
28/12/2024

ရှေ့နေအဖြစ်ဝင်ခွင့်နည်းဥပဒေ ပြင်ဆင်သည့်နည်းဥပဒေ
အကြောင်းသိကောင်းစရာ။

Address

Mudon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00

Telephone

09775600014

Alerts

Be the first to know and let us send you an email when ရွှေဟသာ်-ဥပဒေနှင့်ရသစာပေစာပေဖြန့်ချီရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေဟသာ်-ဥပဒေနှင့်ရသစာပေစာပေဖြန့်ချီရေး:

Share