InnoJustice Legal Services

InnoJustice Legal Services The Legal Profession is a Noble Profession
ဥပ​ဒေပညာသည်အကျင့်သိက္ခာနှင်ပြည့်စုံ​သောပညာဖြစ်သည်

အမြင်အာရုံချို့တဲ့သူများအတွက်တာ၀န်ရှိအဖွဲ့အစည်းဖွဲ့စည်းရန်ကိစ္စ
22/05/2026

အမြင်အာရုံချို့တဲ့သူများအတွက်တာ၀န်ရှိ
အဖွဲ့အစည်းဖွဲ့စည်းရန်ကိစ္စ

အိမ်ခြံမြေတိုက်ခန်း စာချုပ်စာတမ်းနှင့်ဥပဒေရေးရာ (အဆင့်မြင့်)(အထူးသင်တန်း)(6.6.2026 )မှ တစ်လပြတ်စနေနေ့ အပတ်စဉ်တိုင်းသင််တ...
22/05/2026

အိမ်ခြံမြေတိုက်ခန်း စာချုပ်စာတမ်းနှင့်
ဥပဒေရေးရာ (အဆင့်မြင့်)(အထူးသင်တန်း)
(6.6.2026 )မှ တစ်လပြတ်
စနေနေ့ အပတ်စဉ်တိုင်း
သင််တန်းအပတ်စဉ်(14/26)
အသစ်စမည်။

Inno Justice သည် (၈)နှစ်တာကာလအတွင်း အိမ်ခြံမြေတိုက်ခန်း စာချုပ်စာတမ်းနှင့်ဥပဒေရေးရာ (အခြေခံ)သင်တန်းများကို Day နှင့် Online Zoom Classမှပို့ချခဲ့ရာ မြန်မာနိုင်ငံအနှံ့ရှိအိမ်ခြံမြေလုပ်ငန်းရှင်များ ရှေ့နေရှေ့ရပ်များ အစိုးရအရာထမ်းအမှုထမ်းများ ကုမ္ပဏီပိုင်ရှင်နှင့်၀န်ထမ်းများ ဘဏ်မန်နေဂျာများ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အင်ဂျင်နီယာ ဆရာ၀န်များ အပါအ၀င်စိတ်ပါ၀င်စားသူအလွှာပေါင်းစုံထံသို့ ပညာဖြန့်ဝေပေးနိုင်ခဲ့ပါသည်။

ထိုအထဲမှ မိမိကိုယ်မိမိယုံကြည်မှု(Self Confidence)ရရှိပြီး လုပ်ငန်းများအောင်မြင်
တိုးတက် နေသူများ တွေ့ရသည့်အတွက်လည်းများစွာ ပီတိဖြစ်ခဲ့ရပါသည်။ ယခုအခါ
သင်တန်းသားများ တောင်းဆိုချက်အရ ဤ
(အဆင့်မြင့်တန်း)ကိုခေတ်စံနစ်နှင့်အညီ(Update)ပြုလုပ်၍ ဖွင့်လှစ်မည်ပို့ချမည်ဖြစ်ရာ စိတ်၀င်စားသူ မည်သူမဆိုတက်ရောက်နိုင်ပါကြောင်း ဖိတ်ခေါ်လိုက်ရပါသည်။

အိမ်ခြံမြေတိုက်ခန်းနှင့်စာချုပ်စာတမ်း
==========================
၁။မြေအမျိုးမျိုး
၂။ဘိုးဘပိုင် မြေပိုင် ဂရန်ရှိမြေပိုင် အငှားဂ
ရန်စသည့်(Title)ရ မြေများ ၀ယ်ယူခြင်း
နှင့် အမည်​ပြောင်းလျှောက်ထားရာတွင်
လုပ်ငန်းစဉ်အဆင့်ဆင့်။(Update)ညွန်
ကြားချက်။
၃။ပါမစ်(နေထိုင်ခွင့်) စလစ်(မြေပေးအမိန့်)
ရွာမြေ လယ်ယာမြေ (State Land)
အကြောင်း။ ပါမစ်နှင့်စလစ်မှ ဂရန်သစ်
လျှောက်ထားရာတွင်တွင် လိုက်နာရန်
(Update)ညွန်ကြားချက်များ။
၄။လယ်ယာမြေနှင့်လုပ်ပိုင်ခွင့်(ပုံစံ ၇)
ရောင်း၀ယ်ခြင်းနှင့်ဥပဒေပြဿနာများ။
၅။လန၃(ခ) လန၃၉
၆။‌မြေပုံ(၁၀၅) မြေရာဇ၀င်(၁၀၆)တန်ဘိုး
ယင်းပုံစံများမပါဘဲ ဆောင်ရွက်၍မရ
သောလုပ်ငန်းများ။
၇။အခြားနည်းသုံးစွဲခွင့်လျှောက်ထားခြင်း။
၈။Sp/Gp ကွဲပြားမှုနှင့် ကိုယ်စားလှယ်လွဲအပ်
ရာတွင် ယခင်နှင့်မတူပြောင်းလဲလာပုံ
(Update)ညွှန်ကြားချက်များ။
၉။ကျမ်းကျိန်လွှာ
၁၀။အိမ်ခြံမြေ၀ယ်ယူရာတွင်ရောင်းမှား
၀ယ်မှားမဖြစ်‌ရအောင်စိစစ်သတိပြုရမည့်
အချက်(၅)ချက် မြေစိစစ် စာချုပ်စာတမ်း
စိစစ် ရောင်းပိုင်ခွင့် ရှိသူဟုတ်မဟုတ်
အရှုပ်အရှင်း ဥပဒေနှင့်အညီဆောင်ရွက်
ထားခြင်းရှိမရှိ(အသေးစိတ် စိစစ်ရန်)
၁၁။ဂရန်သစ် မြေအမည်ပေါက်ပြောင်း
ဂရန်ပျောက်လျှောက်ထားခြင်း
ဂရန်သက်တမ်းတိုးခြင်း
၁၂။မြေခွဲစိတ်ခြင်း
၁၃။တရားစွဲခွင့်ရှိသောစာချုပ်ဆိုတာဘာလဲ
စာချုပ်တိုင်းတရားစွဲခွင့်မရှိသည်ကိုသင်
သိပါသလား
၁၄။စာချုပ်အမျိုးမျိုးချုပ်ဆိုနည်း
စာတွေ့လက်တွေ့ချုပ်ဆိုခြင်း
၁၅။စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေများနှင့်
နောက်ဆက်တွဲအကျိုးသက်ရောက်ပုံ
၁၆။တိုက်ခန်းအရောင်းအ၀ယ်နှင့်စာချုပ်များ
၁၇။အိမ်ခြံမြေ‌တိုက်ခန်းရောင်း၀ယ်ရာတွင်
တွေ့ကြုံရသောဥပ‌​​ဒေပြဿနာများ
၁၈။လက်ထပ်ကွာရှင်းခြင်း
ပစွည်းခန်းခွဲခြင်း
၁၉။BCC ဆိုတာဘာလဲ
၂၀။ဘီနာမီ အမွေဆက်ခံခွင့်လက်မှတ်
အမွေထိန်းစာ သေတမ်းစာအတည်ပြု
လက်မှတ် အုပ်ထိန်းခွင့်လက်မှတ်
လျှောက်ထားခြင်း
၂၁။အမွေဆက်ခံခွင့်စာချုပ် စွန့်လွှတ်စာချုပ်
ပေးကမ်းစာချုပ် မိသားစုစီမံမှုစာချုပ်
၂၂။ဆက်စပ်သိသင့်သိထိုက်သော
ဥပဒေရေးရာများ စီရင်ထုံးများနှင့်
အမိန့်များ ညွန်ကြားချက်များ
၂၃။ငွေကြေးခဝါချမှုဥပဒေတွင်အိမ်ခြံမြေ
လုပ်ငန်းများ ဆက်စပ်ပါ၀င်နေမှု
၂၄။ရှေ့နေရှေ့ရပ်များ အိမ်ခြံမြေလုပ်ငန်း
လုပ်ကိုင်သူများ စာရင်းစစ်များသတင်းပို့
ရန်တာ၀န်နှင့်ပျက်ကွက်ပါကအကျိုး
အပြစ်
၂၅။အိမ်ခြံမြေ၀ယ်ရောင်းလုပ်ရာတွင်
ငွေပေးချေမှုနှင့်ပတ်သက်၍
ဗဟိုဘဏ်၏ညွှန်ကြားချက်
၂၆။မြေရောင်းရာတွင်လည်းကောင်း
လုပ်ငန်းများဆောင်ရွက်ရာတွင်
၀င်ငွေခွန် မဆောင်ပါက အကျိုးအပြစ်
၂၇။အိမ်ခြံမြေတိုက်ခန်းရောင်း၀ယ်ရာတွင်
လုပ်ငန်း လိုင်စင်(ထွေအုပ်)မရှိဘဲ
လုပ်ကိုင်ခြင်း Online Shop လိုင်စင်မရှိ
ဘဲ Onlineတွင်ကြော်ငြာပါက အရေးယူ
နိုင်သည့်ဥပဒေများ။
၂၈။စာချုပ်ရှေ့နေ(Corporate Lawyer)နှင့်
အမှုလိုက်ရှေ့နေ(Litigation Lawyer)
များအတွက် လုပ်ငန်းဆောင်ရွက်ရာတွင်
အိမ်ခြံမြေတိုက်ခန်း စာချုပ်စာတမ်းများ
ဆိုင်ရာ ပြဿနာများကို ဥပဒေနှင့်
စီရင်ထုံးကိုးကား၍ဖြေရှင်းနည်း

ယခုအခါတွင် အိမ်ခြံမြေလောကတွင်အတုအယောင်စာချုပ်စာတမ်းများ လိမ်မှုများအရှုတ်အရှင်းများလယ်ယာမြေကို ဘိုးဘွားပိုင်မြေဟုအော်ဟစ်ရောင်းချနေသူများပြားလာရာ အ၀ယ်တော်လျှင် "မြေကြီးကရွှေသီး" နိုင်သလို အ၀ယ်မတော်လျှင် "မြေမြို" တတ်သည့်သဘောရှိနေပါသည်။ အိမ်ခြံ​မြေလောကသည်မသမာသူများအနေဖြင့် ငွေအလုံးအရင်းရနေသောလုပ်ငန်းတစ်ခုဖြစ်‌နေရာ ထိုနယ်မြေနှင့်ပတ်သက်သောပုဂ္ဂိုလ်များ သတိထားရပေတော့မည်။
စာချုပ်စာတမ်းဆိုရာ၌ စာချုပ်လွတ်တစ်ခုပေါ်တွင် အက္ခရာတင်ကာမျှ အဘိုးတန်စာတမ်းအမှတ်အသား ဖြစ်မလာနိုင်ပေ။စာချုပ်တစ်ခုချုပ်ရာတွင် အထာပညတ် စည်းကမ်း နည်းလမ်းများနှင့်အညီ ကျွမ်းကျင်သူတို့က ဝိညာဉ်သွင်းပေးမှသာ အသက်ရှိပေလိမ့်မည်။ လက်သင့်ရာကြုံသလိုချုပ်ကြလျှင် "စာချုပ်" မဖြစ်နိုင်သော "စုတိချာ"သောစာရွက်တစ်ခုမျှသာ ဖြစ်သွားတတ်သည်ကို သတိပြုရပေလိမ့်မည်။ စာချုပ်၀င်ပုဂ္ဂိုလ်များအနေဖြင့် စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးတော့မည် ဆိုလျှင်သေချာမှန်ကန်မှလက်မှတ်ထိုးပါ။ တတ်သိနားလည်သူများကိုမေးပါ။ အလွယ်တကူ လက်မှတ် စထိုးလိုက်ကတည်းက သင်တုန်းဓားပေါ်က ပျားရေစက်ကိုသင်လျှက်လိုက်မိပြီဟုမှတ်ယူပါလေ။

သို့ဖြစ်၍ အိမ်ခြံမြေတိုက်ခန်းရောင်းမှား၀ယ်မှားမဖြစ်ရအောင်ကိုလုပ်သက်(၅၀)အထက်အတွေ့အကြုံရှိပြီးသော ပုဂ္ဂိုလ်များမှ စာတွေ့လက်တွေ့ပို့ချနေသည့် ဤသင်တန်းကိုစိတ်၀င်စားသူ မည်သူမဆိုအမြန်သာလှမ်းခဲ့ကြပါရန် သတင်းကောင်းပါးလိုက်ပါသည်။

မှတ်ချက်။ အလုပ်အကိုင် ပညာအရည်အချင်းကန့်သတ်ချက်မရှိပါ။ မည်သူမဆို တက်​ရောက်နိုင်ပါသည်။

ပို့ချမည့်နေရာ
==========
အမှတ်(၁၂၆)၊ ၃လွှာ၊ လမ်း၄၀
(ဗန္ဓုလလမ်းနှင့်ကုန်သည်လမ်းကြား)၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်။

Online Zoom သင်တန်းလည်း
လစဉ်ရှိပါသည်။‌ေအာက်ပါ
ဖုန်းများတွင်စုံစမ်းရန်

ပို့ချမည့်နေ့နှင့်အချိန်
==============
(6.6.2026)မှစ၍
(အပတ်စဉ် စ​​နေ နေ့တိုင်း)
နံနက်(၉)မှ​(၁၁)နာရီထိ
ထမင်းစားနားချိန်
​နေ့လည်(၁၂)မှ(၁)နာရီထိ

==========
သင်တန်းသားဦး​ရေကန့်သတ်ထားပါသဖြင့်
ကြိုတင်စာရင်းသွင်းတက်ရောက်နိုင်ပါသည်။
(စီးပွါးဖြစ်သင်တန်းမဟုတ်။လူတိုင်းပညာ
သင်ယူနိုင်သောအခွင့်အရေးကို ရည်ရွယ်
ပါသည်)။သင်တန်းရက်မှန်သူများသင်တန်း
ပြီးဆုံးပါက အသိအမှတ်ပြုလက်မှတ်
ပေးအပ်ပါမည်။

အိမ်ခြံမြေလုပ်ငန်းလုပ်လိုသူများ ဗဟိုအိမ်ခြံမြေအသင်းတွင် အသင်းဝင်ပေးခြင်းနှင့် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းကို ကူညီဆောင်ရွက်ပေးပါမည်။

စာချုပ်စာတမ်းရှေ့နေ(Coporate Lawyer)
အမှုလိုက်ရှေ့​နေ(Litigation Lawyer)များကို လုပ်ငန်းခွင်တွင် ဥပဒေဆိုင်ရာလိုအပ်ချက်များရှိပါက လမ်းညွှန်ပြသပေးပါမည်။

သင်ကြားမည့်သူ
============
ဦးကျော်ကျော်မြင့်
BA(Law), LL.B
(InnoJustice)

သင်တန်း​ကြေး
==========
80000 k
၁လပြတ်

ဆက်သွယ်စုံစမ်းစာရင်းသွင်းရန်
======================
09 695 005 408
09 443 473 127

မှတ်ချက်။ ဤ Inno Justice သင်တန်းနှင့်ရုံးခန်းကို တရားဝင်မှတ်ပုံတင်ထားပြီး လမ်း40 တစ်ခုတည်းမှအပ ကျန်မည်သည့်နေရာမျှ ဖွင့်လှစ်သင်ကြားခြင်းမရှိပါ။

20/05/2026

လက်​တွေ့ SOP (Standard Operating Procedure) ဆွဲရာမှာ အဆင့်လိုက် လုပ်ဆောင်ရမယ့် နည်းလမ်းများ

SOP (Standard Operating Procedure) ​ကို လက်​တွေ့​ရေးဆွဲတဲ့အခါ အဆင့် ၈ဆင့်နဲ့ လုပ်​ဆောင်ကြ​​လေ့ရှိပါတယ်။ဒါ​တွေက​တော့

1 - Preparation
2 - Process Identification
3 - Process Mapping
4 - Process Analysis
5 - Management Review
6 - Documentation
7 - Training & Implementation
8 -Monitoring & Improvement ဆိုပြီးဖြစ်ပါတယ်။
----------------------------------------------

1 - Preparation အဆင့်

ဒီအဆင့်ရဲ့ အဓိကရည်ရွယ်ချက် SOP ရေးဖို့ မတိုင်မီ အဖွဲ့အစည်းအတွင်း သဘောတူညီမှုရှိအောင် ပြင်ဆင်ခြင်ဖြစ်ပါတယ်။

SOP ဆွဲမည့် Department များသတ်မှတ် (Sales, Marketing, Finance, Operation, etc.)

Project Timeline, Scope, Schedule တစ်ခုချင်းစီဖန်တီးများပြုလုပ်ရမှာဖြစ်ပါတယ်။

အထက်တန်းအုပ်ချုပ်သူများ၊ Manager များနှင့် Meeting ပြုလုပ်ကာ SOP ဆွဲခြင်းရဲ့ ရည်ရွယ်ချက် (ဥပမာ – အလုပ်ထိန်းချုပ်မှုတိုးတက်စေခြင်း, တိကျမှုတိုးတက်​စေရန်, အချိန်လျှော့ချနိုင်ရန် ၊ ဝန်ထမ်းအသစ်​​တွေ လွယ်ကူစွာလေ့လာနိုင်​စေရန် ၊ auditအတွက် အဆင်​ပြေ​စေရန် စသည်တို့ ကို သေချာတင်ပြရပြီ SOP Project Team တည်ဆောက်ပါမယ် (Project Leader, Team Member, Reviewer, Approver)။

Define Objective & Scope ဆိုတဲ့ ရည်ရွယ်ချက်နှင့် scope​တွေကို စက်မှတ်ရပါမယ် ။

Objective – ဘာအတွက် SOP ဆွဲတာလဲ?

Scope – ဘယ်ဌာန၊ ဘယ်လုပ်ငန်းစဉ်တွေအတွက်လဲ?

ဥပမာ:

SOP ရဲ့ ရည်ရွယ်ချက် – Customer​​တွေအဆင်​ပြေပြီး ​ကျေနပ်မှုကိုရရှိ​စေရန် အတွက်

“Sales Department မှ Customer Order လက်ခံခြင်းမှ စ၍ ပေးပို့ခြင်းအထိ စနစ်တကျ ဖြစ်အောင် ပြုလုပ်ရန်” စသဖြင့်ဖြစ်ပြီး

တခြား sales department​တွေအတွက် SOP processes​တွေဖြစ်တဲ့
- Customer Order Receiving
- Sales Quotation / Invoice Issuance
- Delivery Coordination
- Sales Reporting & Filingဒါ​တွေပါဆွဲရပါမယ်။

ဒါပြီးရင်

Assign Responsibilities ဆိုတဲ့ တာဝန်ချထားခြင်းကို လုပ်ရပါမယ် Preparation အဆင့်မှာ SOP ဆွဲမယ့်အဖွဲ့ကို တိတိကျကျ သတ်မှတ်ပါ။ဥပမာ Sales department ရဲ့ customer orderအတွက် SOPကို project leaderအဖြစ် sales managerက တာဝန်ယူထားပြီး ခွင့်ပြု​ပေးမယ် approverက MD ,GM ဖြစ်နိုင်ပြီး , Prodject အတွက် guideline နဲ့ အကြံ​​ပေးတာ အကူအညီ​ပေးဖို့အတွက် HR က ဖြစ်​စေ အပြင်consultant ဌားပြီး ထားလို့ရပါတယ် supporting team အ​နေနဲ့ သက်ဆိုင်တဲ့ finance ,operation ,logistic team ကသူ​တွေပါဝင်ရပါမယ်။​နောက်

Collect Background Information (အခြေခံသတင်းအချက်အလက်စုဆောင်းရပါမယ်။လက်ရှိလုပ်နေတဲ့ Process တွေကို သိရှိရန်
အသုံးပြုနေတဲ့ Form, Checklist, Report, Approval Flow စတာတွေ စုဆောင်းပါ။
အချက်အလက်တွေကို တစ်ဌာနခြင်းနဲ့ လေ့လာပါ။ပြီီးရင် ပုံ(1)မှာ ပြထားသလိုလိုမျိုး ဘယ်​နေ့ ​တွေမှာ ဘာ​တွေလုပ်မယ်ဆိုတာ​တွေကို timelineဆွဲထားရမှာဖြစ်ပါတယ်။

----------------------------------------------------
2 - Process Identificationအဆင့်

Process Identification ဆိုတာဟာ မိမိလုပ်ငန်းရဲ့ Department ​တွေထဲမှာ တကယ်အလုပ်လုပ်နေတဲ့ လုပ်ငန်းစဉ် (process) တွေကို
ဖော်ထုတ်၊ သက်မှတ်၊ စုစည်း လုပ်​ဆောင်တဲ့အဆင့်ဖြစ်ပါတယ်။

ဒီအဆင့်မှာ ပုံ(2)မှာ ပြထားသလို SOP process​တွေကို identificationလုပ်တဲ့အခါ လုပ်ငန်းစဥ်တစ်ခုကို သက်မှတ်ဖို့အတွက် department ဌာနအတွင်းမှာ တကယ်လုပ်​နေတဲ့ process အလုပ်အ​ကြောင်းအရာ​တွေကို ​ဖော်ထုပ်ရပါမယ် ပြီးရင် ဘယ်အဆင့်မှာ ဘယ်သူက လုပ်ရတာလဲ ဘာ​တွေလုပ်​နေလဲ ဘာ​တွေလုပ်ရလဲဆိုတာ​တွေကို​လေ့လာရပြီး document/ form​တွေ သက်မှတ်ဖို့ အတွက် process​တွေမှာ သုံးတဲ့ form,report ,approvalစာရွက်​တွေကို ထုပ်​ဖော်ရမှာဖြစ်ပါတယ် ​​နောက်ဆုံး လက်ရှိအ​ခြေအ​နေနဲ့ လက်ရှိလုပ်​နေတာနဲ့ sopသက်မှတ်ချင်တဲ့ ကြားဘာ​တွေကွာခြားလဲဆိုတာကို လေ့လာသိရှိရပါမယ်။

မေးမယ့်မေးခွန်းဥပမာများ:
Customer က order တင်လာရင် သင်ဘာလုပ်လဲ?
ဒီ process မှာ ဘယ် form သုံးလဲ?
ဘယ်သူ့ထံသို့တင်ပေးရလဲ?
ဘယ်အချိန်အထိလုပ်ပြီးဆောင်ရမလဲ? ဖြစ်ပါတယ်။

ဒါပြီးသွားရင် ပုံ(3) ထဲကလို depratment တစ်ခုချင်းစီရဲ့ main process​တွေကို သက်မှတ်ရမှာဖြစ်ပါတယ်ဥပမာ sales departmentအတွက် ပုံ(3)မှာဆိုရင်

- Customer Order Receiving ဖြစ်တဲ့Customer မှ Order လက်ခံခြင်း
- Sales Quotation Preparation ဖြစ်တဲ့Quotation ပြင်ဆင်ခြင်း
- Order Confirmation & Credit Checkingဖြစ်တဲ့ Finance နဲ့ အတူ Order အတည်ပြုခြင်း
- Invoice Issuance ဖြစ်တဲ့ Invoice ပြုလုပ်ခြင်း
- Goods Delivery Coordination ဖြစ်တဲ့ ပစ္စည်းပေးပို့ခြင်း စီမံမှု
- Payment Collection ဖြစ်တဲ့ငွေစုဆောင်းခြင်း
- Reporting & Filing ဖြစ်တဲ့ reportပို့ခြင်းနဲ့ file​တွေသိမ်းခြင်း စတဲ့ main process​တွေရှိမှာဖြစ်ပါတယ်။

ဒီmain process​တွေပြီးသွားရင်ဒီ main process တစ်ခုချင်းစီအလိုက် ဘာ​တွေ လုပ်ရလဲဆိုတဲ့ activitiesအဆင့်​Break Down Each Process into Sub-Activitiesတွေကို ခွဲရမှာဖြစ်ပါတယ်။

ပုံ(4) မှာပြထားသလို Customer Order Receiving Processအတွက် activities​တွေကို ပြန်ခွဲမယ်ဆိုရင်
- Customer က order တင်တယ် (ဖုန်း/အီးမေးလ်/အပြင်င်)အတွက်Customer / Sales Rep ကလုပ်​ဆောင်ရပြီး documentအရCustomer Order Formကို အသုံးပြုပါမယ်။

- Sales Rep က Order Detail စစ်ပြီး စနစ်ထဲသို့တင်ဖို့အတွက် Sales Repလုပ်​ပေးရပြီး Sales Order Record ကိုသုံးပါမယ်။
- Stock ရှိမရှိ စစ်တာကို Sales Adminကပြုလုပ်​ပေးရ Stock Listက dataကို ကြည့်ရပါမယ်။
- Customer Credit အ​ခြေအ​နေကိုစစ်ဖို့ Finance Officerကပြုလုပ်​ပေးရပြီး Credit Check Formကို အသုံးပြုရပါမယ်
- Order ကို အတည်ပြုဖို့ managerက လုပ်​ပေးရပြီး order approval form နဲ့ ပြုလုပ်​ပေးရပါမယ်။

----------------------------------------------
3 - Process Mapping အဆင့်

Process mapping ဒါမှမဟုတ် Flow Process Diagram FPDဆိုတာက အဲ့processတွေကို ဆွဲတဲ့အခါ departmentတွေ ဘယ်လိုချိတ်ဆက်ကာ အလုပ်လုပ်တဲ့ processဆိုပြီး ဆွဲပေးတာမျိုးဖြစ်ပါတယ်။ပုံဆွဲတဲ့အခါ Visioကို သုံး၍ဖြစ်​စေ ,Power pointကို သုံး၍ဖြစ်​စေ ဆွဲလို့ရပါတယ်။

ဒီတော့ ပုံ(5)မှာ စစချင်း FPD chart အတွက် symbolလေးတွေကို လေ့လာကြည့်ရအောင်

Symbol (1) ဟာဆိုရင် process ရဲ့ အစ အဖွင့် နဲ့ process ရဲ့အပိတ်အပြီးကို ပြခြင်းဖြစ်ပါတယ်။

Symbol (2) ကဆိုရင် လုပ်ငန်း အလုပ်activitiesတွေကို ကိုယ်စားပြုတာဖြစ်ပါတယ် processမှာ တစ်ခုခုလုပ်လိုက်တယ် ဒါမျိုးဖြစ်ပါတယ်

Symbol (3) ကတော့ Activitiesဖြစ်တဲ့အပြင် documentရှိရပါမယ် ဒီအဆင့်မှာ formတွေ စရင်းတွေ listတွေရှိတက်ပါတယ် ဥပမာ ဆေးရုံမှာ လူနာစာအုပ်နဲ့ မှတ်တမ်းလုပ်တာမျိုး လူနာရဲ့ အချက်အလက်တွေကို မှတ်ထားတဲ့အဆင့်မျိုးဖြစ်ပါတယ်။ရုံတွေမှာဆိုရင် HRအတွက်ဆိုရင် ခွင့်တိုင်တဲ့ formမျိုး၊ ငွေထုပ်ဖို့ formတွေ စသဖြင့်ဖြစ်ပါတယ်။ISO Audit စစ်ရင် ဒီအဆင့်မှာ Documentတွေကို စစ်မှာဖြစ်ပါတယ်။

Symbol (4)ကတော့ Sub processဆိုပြီး ဖြစ်ပါတယ် ဥပမာ sales process ကနေchartဆွဲပြီး accountထဲကို စရင်ထည့်မယ်လို့ sales processကနေပြချင်ရင် accountအတွက် သီးခြားprocess တွေရှိသေးတယ်လို့ ဒီ symbolလေးနဲ့ပြတာဖြစ်ပါတယ်။

Symbol (5)ဟာ Decisionပဲဖြစ်ဖြစ် ၊ ပစ္စည်းရှိလား မရှိဘူးလား စသဖြင့် အဆင်ပြေတယ် မပြေဘူး ၊ရတယ် မရဘူး ဆိုပြီး လမ်းကြောင့်း ၂ခုသွားတဲ့အခါ ဒါမျိုးကိုသုံးပါတယ်။

Symbol (6) ကတော့ process တစ်ခုနဲ့ တစ်ခုကြား ဘယ်ကိုသွားမလဲဆိုတာဖြစ်ပါတယ်။ဒါဆို ဥပမာ အနေနဲ့ နောက်တစ်ပုံက နမှုနာလေးကို ကြည့်ပါ။

FPDဆွဲတဲ့အခါလုပ်ရမယ့်အဆင့် ၆ ချက်
1️⃣ Start / End သတ်မှတ်ပါ
2️⃣ Activity တွေ စုပါ
3️⃣ Input & Output သတ်မှတ်ပါ
4️⃣ Flow Diagram ဆွဲပါ
5️⃣ Review with Department
6️⃣ Bottleneck & Improvement သုံးသပ်ရမှာဖြစ်ပါတယ်။

ပုံ(6) မှာဆိုရင် sales order flow process diagram​လေး နမှုနာဆွဲ​ပေးထားပါတယ်။

------------------------------------------------

4 - Process Analysis အဆင့်

Process analysisဆိုတာက လုပ်ငန်း process အဆင့်​တွေရဲ့

ဘယ်နေရာမှာ အကျိုးသက်ရောက်မှုနည်းနေလဲ
ဘယ်နေရာက overlapထပ်ခါထပ်ခါဖြစ်နေသလဲ
ဘယ်နေရာမှာ မှားယွင်းပြီးပြန်ပြီးလုပ်နေကြသလဲ
ဘယ်နေရာက Delay ကြာနေလဲ စတာတွေကို တွေ့မြင်နိုင်အောင် အ​သေးစိတ်စစ်​ဆေးပြီး ပိုပြီး ​ကောင်းမွန်တိုးတက်​အောင် ဖြစ်ပါတယ် အဓိကက Problem တွေ ရှာ
Root Cause တွေ ရှာ
ပြန်ပြုပြင်ခြင်းလုပ် စသဖြင့် ဖြစ်ပါတယ်။

ဥပမာ – Sales Processမှာ Order လက်ခံရာမှာ Sales Rep နဲ့ Sales Admin နှစ်ဦးစလုံး စစ်နေကြတယ် Duplicate ဖြစ်​နေတာလား ၊ Invoice အတည်ပြုမှုအဆင့်များ (3-level approval) ကြာနေတာလား ၊ Delivery confirmation များ တင်ပြမှုနောက်ကျတာလား စသဖြင့် ရှာ​ဖွေရပါမယ်။

ပုံ(7)မှာပြထားသလိုproblem point​တွေကို ရှာ​ဖွေရမှာဖြစ်ပါတယ်။ဒါပြီးရင်

Root Cause Analysis အကြောင်းအရင်း ရှာဖွေရမှာဖြစ်ပါတယ် fish bone diagram modelဖြစ်​စေ 5whys ကို သုံးတာဖြစ်​စေ အသုံးပြုလို့ရပါတယ် ဥပမာ 5why နဲ့ လုပ်ရင်

Delivery နှောင့်နှေးတဲ့အကြောင်း

1️⃣ ဘာကြောင့် နှောင့်နှေးတာလဲ? → Invoice approval ကြာတယ်
2️⃣ ဘာကြောင့် Approval ကြာတာလဲ? → Manager မရှိတော့ Pending ဖြစ်နေတယ်
3️⃣ ဘာကြောင့် Manager မရှိတဲ့အခါ တစ်ယောက်မထိုးနိုင်တာလဲ? → Delegate မရှိဘူး
4️⃣ ဘာကြောင့် Delegate မရှိတာလဲ? → Policy မရှိတာပါ
5️⃣ ဘာကြောင့် Policy မရှိတာလဲ? → SOP ထဲမှာ မသတ်မှတ်ထားတာပါ

အဖြေက “SOP ထဲမှာ Delegation Rule မရှိတာ” ဖြစ်လာတယ်။
ဒီလိုနဲ့ Root Cause ကို သေချာရှာဖွေရာမှ ပြုပြင်နိုင်ပါတယ်။

ဒါပြီးရင် ပုံ(8)မှာ ပြထားသလို improve or remove ဆိုတဲ့ အလိုအပ်တဲ့ step​တွေပယ်မယ် ၊ အဆင့်​တွေ​ပေါင်းမယ် ၊ automation​တွေသုံးမယ် တာဝန်​တွေခွဲမယ် စတာ​တွေ လုပ်​ဆောင်​ပေးရမှာဖြစ်ပါတယ်။ပုံ(9)မှာလည်း customer order to delivery အတွက် problem - root cause - action takingကို နမှုနာပြ​ပေးထားပါတယ်။

‐-‐-------------------------------------------
5 - Management Review

Management Review ဆိုတာဟာ SOP ဆွဲပြီးနောက် အုပ်ချုပ်မှုအဖွဲ့ (Management Team) က
လက်ရှိ Process နဲ့ SOP အသစ်​တွေက ကိုက်ညီလား ၊Company Policy နဲ့ အညီလားအကောင်အထည်ဖော်နိုင်သလား Department Manager တို့ရဲ့ သဘောတူညီချက်ယူခြင်း စတာတွေကို သုံးသပ်တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့
SOP ကို တစ်ဦးတည်းမဖြစ်ပဲ, အဖွဲ့လိုက်စီးပွားရေးသဘောတရားနဲ့ တူညီအောင်လုပ်ဖို့ ဖြစ်ပါတယ်။
ပုံ(10)တွင်ပြထားတဲ့အတိုင်း reviewလုပ်ရာတွင်ပါဝင်ရမည့်သူများ နဲ့ တာဝန်များကို နမှုနာ​ရေး​ပေးထားပါတယ်။

----------------------------------------------------

6 - Documentation အဆင့်

Documentation ဆိုတာက SOP တစ်ခုချင်းစီအတွက် လုပ်ငန်းစဉ်တွေ၊ တာဝန်တွေ၊ အသုံးပြုဖွဲ့စည်းမှုတွေ၊ Form / Template / Checklist စတာတွေကို စာအနေနဲ့ သက်မှတ်ပြီး မှတ်တမ်းတင်ထားတဲ့အရာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့
SOP ကိုရှာ​​ဖွေတဲ့အခါ နားလည်ရလွယ်အောင်၊ နောက်ပိုင်းမှာ Update လုပ်ဖို့လွယ်အောင် ဖြစ်အောင် လုပ်တာဖြစ်ပါတယ်။

Documentation မှာ ပါဝင်သင့်တဲ့ အချက်အလက်များမှာ

Cover Page အဖုံးစာမျက်နှာမှာ ပုံ(11)မှာပြထား
SOP ရဲ့ အခြေခံအချက်များ ဖော်ပြပါတယ်။

Table of Contents (အကြောင်းအရာစာရင်း)
SOP တစ်ခုမှာ section များစွာရှိတာကြောင့်
ဖတ်သူအတွက် လွယ်ကူအောင် Table of Contents ထည့်ပေးပါ။

ဥပမာ –
Purpose
Scope
Definitions
Responsibilities
Flow process Diagram (Mapping)
Procedure
Forms & Records
Revision History တို့ဖြစ်ပါတယ်။

ပုံ(12) ,ပုံ(13)မှာ SOP​တွေရဲ့ procedure​တွေကို နမှုနာပြ​ပေးထားပါတယ်။

7 - Training & Implementationဆိုတဲ့ training​တွေ​ပေးရပါမယ် ပြီးရင်

8 -Monitoring & Improvement SOPကို လက်​တွေ့လုပ်ထားတာ​တွေကို ​စောင့်ကြည့်ပြီး ပို​ကောင်း​အောင်း အမြဲလုပ်​​ဆောင်ရမှာဖြစ်ပါတယ်။

အားလုံးကို ​ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun

လိုင်စင်မရှိဘဲ Digital Bank အပါအဝင် ငွေရေးကြေးရေးအဖွဲ့အစည်းများထူထောင်လုပ်ကိုင်ပါက အရေးယူမည်ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်းဆောင်ရွက...
20/05/2026

လိုင်စင်မရှိဘဲ Digital Bank အပါအဝင် ငွေရေးကြေးရေးအဖွဲ့အစည်းများထူထောင်လုပ်ကိုင်ပါက အရေးယူမည်

ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်းဆောင်ရွက်ရန်လိုင်စင်ထုတ်ပေးထားခြင်းမရှိဘဲ Digital Bank အပါအဝင် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများထူထောင်လုပ်ကိုင်ပါက ပုဒ်မ ၁၇၁ အရအရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကအသိပေးခဲ့သည်။

ဗဟိုဘဏ်သည် ပြည်ထောင်စုလွှတ်တော်ကပြဌာန်းခဲ့သည့် ဗဟိုဘဏ်ဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အ စည်းများဥပဒေတို့ပါပြဋ္ဌာန်းချက်များနှင့်အညီဖွဲ့စည်းတည်ထောင်သည့် ဘဏ်နှင့်ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအား ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း လုပ်ကိုင်ခွင့်လက်မှတ်များထုတ်ပေးလျက်ရှိသည်။

ထိုသို့ ထုတ်ပေးပြီးနောက် ယင်း အဖွဲ့အစည်းများအား စည်းမျဉ်းစည်းကမ်းချမှတ်၍ ကြပ်မတ်ကွပ်ကွဲခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားသော ဘဏ်နှင့် ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများအမည်စာရင်းကို ဗဟိုဘဏ်၏ Website www.cbm.gov.mm တွင် ထုတ်ပြန်ကြေညာထားသည်။

ထို့အတူ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ ၁၅၈ တွင် မည်သူမျှလိုင်စင်မရှိဘဲ Digital Bank အပါအဝင် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများထူထောင်လုပ်ကိုင်ခြင်းမပြုရဟုတားမြစ်ထားသည်။

လူမှုကွန်ယက်စာမျက်နှာများပေါ်၌ ကြော်ငြာလျက်ရှိသော Digital Bank အပါအဝင်အဖွဲ့အစည်းများသည် ဗဟိုဘဏ်ကဘဏ်လုပ်ငန်းဆောင်ရွက်ရန် လိုင်စင်ထုတ်ပေးထားခြင်းမရှိ၍ မလိုလားအပ်သောဆုံးရှုံးနစ် နာမှုများမရှိစေရေးအတွက် ယင်းအဖွဲ့အစည်းများနှင့်ဆက်သွယ်ဆောင်ရွက်ခြင်းမပြုရန်လည်း ဗဟိုဘဏ်ကအသိပေးခဲ့သည်။

ကုမ္ပဏီအမည်များနှင့်စပ်လျဉ်းသည့်ညွှန်ကြားချက်
18/05/2026

ကုမ္ပဏီအမည်များနှင့်စပ်လျဉ်းသည့်
ညွှန်ကြားချက်

ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာစည်းမျဉ်း
18/05/2026

ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်း
ဆိုင်ရာစည်းမျဉ်း

18/05/2026
DICA, Company & Relevant Subjects Training Course Bt(14)(17.6.2026)နေ့တွင်ဦးနေအောင်(Business Consultant)မှ စီးပွါးရေးဆို...
17/05/2026

DICA, Company & Relevant Subjects Training
Course Bt(14)(17.6.2026)နေ့တွင်ဦးနေအောင်
(Business Consultant)မှ စီးပွါးရေးဆိုင်ရာ
တိုးတက်အောင်မြင်ရေးလုပ်ငန်းစဉ်များမေတ္တာ
ဖြင့်လာရောက်ဖြန့်ဝေပို့ချစဉ်မှတ်တမ်း။

16/05/2026

စီးပွားရေးလုပ်ငန်းတွေ ပထမ ၃ နှစ်အတွင်း ကျရှုံးရတဲ့ အကြောင်းရင်း (၁၀၀) သိမှတ်ဖွယ်ရာ
***************************************
MTZ Company Registration Consultancy
(မူရင်းရေးသားသူ)

၁။ လုပ်ငန်းစီမံကိန်း (Business Plan) မရှိဘဲ စတင်လုပ်ကိုင်ခြင်း
၂။ ဈေးကွက်လေ့လာမှု မလုပ်ဘဲ တွန်းတိုက်ဝင်ရောက်ခြင်း
၃။ ပစ်မှတ်ထားဖောက်သည် (Target Customer) ကို အတိအကျ မသိရှိခြင်း
၄။ ပြိုင်ဘက်များကို လေ့လာမှု မလုပ်ဘဲ ဝင်ရောက်ခြင်း
၅။ စီးပွားရေးပန်းတိုင်များ မရှင်းလင်းခြင်း
၆။ ရေရှည်အမြင် မရှိဘဲ ရေတိုအမြင်နဲ့သာ လုပ်ကိုင်ခြင်း
၇။ စီးပွားရေးပညာ မတတ်ဘဲ စတင်ခြင်း
၈။ အတွေ့အကြုံ မရှိသူက ဦးဆောင်ခြင်း
၉။ အကြံပေးများ၊ အတိုင်ပင်ခံများ မရှိခြင်း
၁၀။ လုပ်ငန်းပုံစံ (Business Model) အားနည်းခြင်း
၁၁။ အရင်းအနှီး မလုံလောက်ဘဲ စတင်ခြင်း
၁၂။ ငွေသားအရန် (Cash Reserve) မထားဘဲ လုပ်ကိုင်ခြင်း
၁၃။ ငွေစာရင်း မတွက်ချက်တတ်ခြင်း
၁၄။ အဝင်အထွက် စာရင်း ပုံမှန် မသိမ်းခြင်း
၁၅။ အမြတ်နဲ့ အရင်းကို ခွဲခြားမသိခြင်း
၁၆။ ကုန်ကျစရိတ်များကို အတိအကျ မသိခြင်း
၁၇။ ဈေးနှုန်း မှန်ကန်စွာ မသတ်မှတ်တတ်ခြင်း
၁၈။ အကြွေးများ ထိန်းချုပ်မှု အားနည်းခြင်း
၁၉။ ငွေစာရင်း ပွင့်လင်းမြင်သာမှု မရှိခြင်း
၂၀။ ဘဏ်ချေးငွေ အလွန်အကျွံ အားကိုးခြင်း
၂၁။ ကိုယ်ပိုင်ငွေနဲ့ လုပ်ငန်းငွေကို မခွဲခြားတတ်ခြင်း
၂၂။ အမြတ်ငွေကို ပြန်လည်မရင်းနှီးဘဲ ကိုယ်ရေးကိုယ်တာ သုံးစွဲခြင်း
၂၃။ အခွန်များ မှန်ကန်စွာ မပေးဆောင်ခြင်း
၂၄။ ငွေကြေးစီးဆင်းမှု (Cash Flow) ကို မနားလည်ခြင်း
၂၅။ အရင်းအနှီးနဲ့ မညီတဲ့ ကုန်ပစ္စည်းအလွန်အကျွံ ဝယ်ယူခြင်း
၂၆။ အသုံးစရိတ်များ ထိန်းချုပ်မှု မရှိခြင်း
၂၇။ အရန်ငွေ မရှိဘဲ အရေးပေါ် မကိုင်တွယ်နိုင်ခြင်း
၂၈။ ပေးချေရန်နှင့် လက်ခံရန် ချိန်ညှိမှု မလုပ်ခြင်း
၂၉။ ဘဏ္ဍာရေးအစီရင်ခံစာများ မထုတ်ခြင်း
၃၀။ အမြတ်အစွန်း နိမ့်လွန်းသော ထုတ်ကုန်များ ရောင်းချခြင်း
၃၁။ စျေးကွက်ရှာဖွေရေး မလုပ်ခြင်း (သို့) မလုံလောက်ခြင်း
၃၂။ ဖောက်သည်များကို မရှာဖွေတတ်ခြင်း
၃၃။ ရောင်းအားစွမ်းရည် အားနည်းခြင်း
၃၄။ ကြော်ငြာရေးနဲ့ ပရိသတ်ရောက်ရှိရေး မလုပ်ခြင်း
၃၅။ ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ထူးခြားချက် မရှိခြင်း
၃၆။ ဖောက်သည်ဝန်ဆောင်မှု အားနည်းခြင်း
၃၇။ အရောင်းနည်းလမ်းများ ခေတ်မမီခြင်း
၃၈။ အွန်လိုင်းတည်ရှိမှု (Online Presence) မရှိခြင်း
၃၉။ အမှတ်တံဆိပ် တည်ဆောက်မှု မလုပ်ခြင်း
၄၀။ ဖောက်သည်များနဲ့ ဆက်ဆံရေး မကောင်းခြင်း
၄၁။ ထုတ်ကုန် အရည်အသွေး ညံ့ဖျင်းခြင်း
၄၂။ ဖောက်သည် လိုအပ်ချက်နဲ့ မကိုက်ညီတဲ့ ထုတ်ကုန်များ
၄၃။ ထုတ်ကုန် အမျိုးအစားများ အလွန်များပြားခြင်း
၄၄။ ကုန်ပစ္စည်း သိုလှောင်မှု မှန်ကန်စွာ မလုပ်ခြင်း
၄၅။ ကုန်ပစ္စည်း ပျက်စီးရှုံးနှံမှု များပြားခြင်း
၄၆။ ပေးပို့ရေး ဝန်ဆောင်မှု အားနည်းခြင်း
၄၇။ အရည်အသွေး ထိန်းချုပ်မှု မရှိခြင်း
၄၈။ နည်းပညာ ခေတ်မမီခြင်း
၄၉။ ဆန်းသစ်တီထွင်မှု (Innovation) မရှိခြင်း
၅၀။ ကုန်ပစ္စည်းစုပုံနေမှု (Inventory) များခြင်း
၅၁။ မှန်ကန်သော လူအင်အား မရှာမရွေးတတ်ခြင်း
၅၂။ ဝန်ထမ်းလစာ အလွန်မြင့်ခြင်း (သို့) နိမ့်လွန်းခြင်း
၅၃။ ဝန်ထမ်းများ လေ့ကျင့်ပေးမှု မလုပ်ခြင်း
၅၄။ အဖွဲ့လိုက်လုပ်ဆောင်မှု မရှိခြင်း
၅၅။ တာဝန်ခွဲဝေမှု မရှိဘဲ ပိုင်ရှင်တစ်ဦးတည်း အားလုံးလုပ်ခြင်း
၅၆။ လုပ်ငန်းယဉ်ကျေးမှု အားနည်းခြင်း
၅၇။ ဝန်ထမ်းများ မကျေနပ်မှု များပြားခြင်း
၅၈။ ဝန်ထမ်း ထွက်ခွာမှု နှုန်း မြင့်ခြင်း
၅၉။ ကျွမ်းကျင်သူ မရှိခြင်း
၆၀။ အဖွဲ့အစည်းဖွဲ့စည်းပုံ မကောင်းခြင်း
၆၁။ နေရာချထားမှု မသင့်လျော်ခြင်း
၆၂။ ဆိုင်ငှားခ အလွန်မြင့်ခြင်း
၆၃။ သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်မားခြင်း
၆၄။ လုပ်ငန်းစဉ်များ ထိရောက်မှု မရှိခြင်း
၆၅။ အရင်းအမြစ် အလွန်အကျွံ ဖြုန်းတီးခြင်း
၆၆။ အချိန်စီမံခန့်ခွဲမှု အားနည်းခြင်း
၆၇။ နည်းပညာအသုံးပြုမှု မလုံလောက်ခြင်း
၆၈။ အလုပ်စီမံချိန်ညှိမှု မကောင်းခြင်း
၆၉။ ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည် နိမ့်ခြင်း
၇၀။ အရည်အသွေးထိန်းချုပ်မှု စနစ် မရှိခြင်း
၇၁။ စီးပွားရေး အခြေအနေ မကောင်းခြင်း
၇၂။ အစိုးရမူဝါဒ ပြောင်းလဲခြင်း
၇၃။ ပြိုင်ဘက်များ များပြားလာခြင်း
၇၄။ နည်းပညာ ပြောင်းလဲခြင်းကြောင့် ခေတ်နောက်ကျခြင်း
၇၅။ ဖောက်သည် စားသုံးမှု အလေ့အထုံး ပြောင်းလဲခြင်း
၇၆။ ကုန်ကြမ်းဈေး တက်ခြင်း
၇၇။ ငွေကြေးဖောင်းပွမှု မြင့်မားခြင်း
၇၈။ နိုင်ငံရေး မတည်ငြိမ်ခြင်း
၇၉။ သဘာဝဘေးအန္တရာယ် ကြုံတွေ့ခြင်း
၈၀။ တရားဝင်လိုင်စင်များ ရရှိရန် ခက်ခဲခြင်း
၈၁။ စိတ်အားထက်သန်မှု ကုန်ခန်းခြင်း
၈၂။ ဇွဲလုံ့လ မလုံလောက်ခြင်း
၈၃။ စိတ်ရှည်မှု မရှိခြင်း
၈၄။ လုပ်ငန်းအပေါ် အချိန်မပေးနိုင်ခြင်း
၈၅။ လုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ အခြားအရာများကို အာရုံစိုက်ခြင်း
၈၆။ နည်းပညာအသစ်များ မသင်ယူခြင်း
၈၇။ အမှားများကနေ သင်ခန်းစာ မယူခြင်း
၈၈။ အကြံဉာဏ် မလက်ခံတတ်ခြင်း
၈၉။ မာန်မာနကြီးလွန်းခြင်း
၉၀။ ကျန်းမာရေး ပြဿနာများ ရှိခြင်း
၉၁။ အချိန်မမှန်ကန်စွာ ဝင်ရောက်ခြင်း (Timing မမှန်ခြင်း)
၉၂။ မိတ်ဖက်များ ရွေးချယ်မှု မှားယွင်းခြင်း
၉၃။ တရားဝင်မှု မရှိဘဲ လုပ်ကိုင်ခြင်း
၉၄။ အရေးပေါ်အစီအစဥ် (Contingency Plan) မရှိခြင်း
၉၅။ စျေးကွက် ပြောင်းလဲမှုကို လိုက်လျောညီထွေ မဖြစ်ခြင်း
၉၆။ ဖောက်သည် တစ်ဦးတည်းအပေါ် အလွန်မှီခိုခြင်း
၉၇။ အာမခံ မထားခြင်း
၉၈။ ဥပဒေဆိုင်ရာ ပြဿနာများ ကြုံတွေ့ခြင်း
၉၉။ တိုးချဲ့မှု အလွန်လျင်မြန်စွာ လုပ်ခြင်း
၁၀၀။ ဝါသနာ မပါဘဲ ငွေအတွက်သာ လုပ်ခြင်း

MTZ Company Registration Consultancy
ကိုယ်ပိုင်လုပ်ငန်းတရားဝင်စတင်ဖို့တစ်ရက်ပဲလိုတယ်

Address

No. 126, 3rd Floor, 40 Street, Kyauktada Township
Yangon
11182

Telephone

+959757111955

Website

Alerts

Be the first to know and let us send you an email when InnoJustice Legal Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to InnoJustice Legal Services:

Share

Category