19/01/2024
PJ Passport & PS Passport အခွန်ကင်းရှင်းကြောင်း
PJ ( Passport for Job )
PS ( Seaman Passport )
တစ်ခြား Passport အမျိုးစားများမလိုပါ
အလုပ်လုပ်ခွင့် Passport ဖြစ်တဲ့ PJ & PS Passport
• ကိုင်ဆောင်ထားတဲ့သူတွေက သက်တမ်းတိုးလုပ်တဲ့အချိန် ဥပမာ - PJ to PJ , PS to PS , PJ 🔁 PS
• PJ PS လက်ဝယ်ကိုင်ထားပီ တစ်ခြား type ကိုပြောင်းတဲ့အချိန် ဥပမာ - PJ to PV , PS to PV
• ( PJ PS ကိုင်ထားပီ ပြည်ပတစ်ခါမှမထွက်ရသေးရင် အခွန်ကင်းရှင်းကြောင်းထောက်ခံစာမလိုဘူးဆိုပီတွေ့ပါတယ် )
ရုံးထဲဝင်လုပ်တဲ့နေ့မှာ အခွန်ကင်းရှင်းကြောင်းထောက်ခံစာ လိုပါမည် ၊ထောက်ခံစာကိုသက်ဆိုင်ရာမြို့နယ်အလိုက် အခွန်ဦးစီးဌာနမှူးရုံး မှာသွားရောက်ပီ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာယူရပါမည်
အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပုံစံထုတ်ယူရန်သတ်မှတ်ထားသောရုံးများ
ရန်ကုန်တိုင်း
အုပ်စု (၁) အင်းစိန်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး
အမှတ် (၈) မင်းကြီးလမ်း ရွာမအရှေ့ရပ်ကွက် ၊ အင်းစိန်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၄၀၂၆၃
အုပ်စု (၂) ရန်ကင်းမြို့နယ် အခွန်ဦးစီးဌာနမှုးရုံး
စုပေါင်းရုံးဝင်း ရန်ကင်းလမ်း (၂) ရပ်ကွက် ၊ ရန်ကင်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၅၆၇၅၂
အုပ်စု (၃) ဒေါပုံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး
အမှတ် (၂၉၅) မင်းနန္ဒာလမ်းမ မြို့သစ်ရပ်ကွက် ၊ ဒေါပုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၁၉၀၅၃၀
အုပ်စု (၄) ဒဂုံမြို့သစ်တောင်ပိုင်း အခွန်ဦးစီးဌာနမှူးရုံး
အမှတ် (၉၆+၁၁၁) ပြည်ထောင်စုလမ်း (၆၄)ရပ်ကွက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၄၈၀၁၈
မန္တလေးတိုင်း
မဟာအောင်မြေမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး
၈၄ လမ်း၊ (၂၈×၂၉)လမ်းကြား ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးတိုင်းဒေသကြီး ၀၂-၄၀၆၄၅၆၄
ချမ်းမြသာစည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး
ဆ-၁၃/၂ ၊ ၇၃ လမ်း ၊ ခိုင်ရွှေဝါလမ်းနှင့်မနော်ဟရီလမ်း မြို့သစ်(၂)ချမ်းမြသာစည်မြို့နယ် မန္တလေးတိုင်းဒေသကြီး ၀၂-၂၈၄၇၈၂၃
ကျန် ပြည်နယ် / တိုင်းဒေသတွေက
Passport ရုံးတည်ရှိရာမြို့နယ်မှာရှိတဲ့ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှာ သွားရောက်လုပ်ဆောင်ရပါမည်
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အခွန်ရုံးလိပ်စာ နဲ့ ဖုန်းနံပါတ်များ
➡️ https://www.ird.gov.mm/my/content/contact-us
ပြည်နယ် / တိုင်းဒေကြီး မှာရှိတဲ့
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး လိပ်စာများ
➡️ https://www.passport.gov.mm/stations
ရန်ကုန်တိုင်းအတွက်ကိုယ့်မြို့နယ်ပါတဲ့ သက်ဆိုင်ရာအခွန်ဦးစီးရုံးသွားပီ အခွန်ကင်းရှင်းကြောင်းထောက်ခံစာသွားယူရမှာပါ ၊ ပုံမှာအုပ်စုအလိုက် မြို့နယ်တွေပါပါတယ်
နယ်အိမ်ထောင်စုစာရင်းနဲ့သူတွေက အုပ်စု(၃) ဒေါပုံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး အုပ်စု (၄)ဒဂုံမြို့သစ်တောင်ပိုင်း အခွန်ဦးစီးဌာနမှူးရုံး မှာသွားလုပ်လို့ရပါတယ် ၊ နယ်ကလူတွေ ရန်ကုန်မှာလုပ်မယ်ဆို ဒီ ၂ ရုံးကလွဲပီ ရန်ကုန်ကတစ်ခြားမြို့နယ်ရုံးတွေမှာလုပ်လို့မရပါဘူး
အခွန်ကင်းရှင်းကြောင်းထုတ်ယူရာတွင်တင်ပြရမည့်စာရွက်စာတမ်းများ
PJ
1. လျှောက်လွှာ
2. Passport မူရင်း/မိတ္တူ ( ဓါတ်ပုံပါတဲ့စာမျက်နှာအား Colour ဖြင့် မိတ္တူ ဆွဲပေးရန်) အဝင်အထွက်တုံးပါအားလုံး မိတ္တူ ဆွဲရန်
3. မှတ်ပုံတင် မူရင်း/မိတ္တူ (ကာလာဖြင့်ဆွဲရန်)
4. အိမ်ထောင်စုစာရင်း မူရင်း/မိတ္တူ
5. Appointment (ကုမ္ပဏီ)
6. ကိုယ်တိုင်/ကိုယ်စားလှယ်လွှဲစာ
• Bank Acc / Bank Name
• email address
• Qr မိတ်တူ
PS
1. လျှောက်လွှာ
2. Passport မူရင်း/မိတ္တူ ( ဓါတ်ပုံပါတဲ့စာမျက်နှာအား Colour ဖြင့် မိတ္တူ ဆွဲပေးရန်) အဝင်အထွက်တုံးပါအားလုံး မိတ္တူ ဆွဲရန်
3. CDC မူရင်း/မိတ္တူ ( ဓါတ်ပုံပါတဲ့စာမျက်နှာအား Colour ဖြင့် မိတ္တူ ဆွဲပေးရန်) အဝင်အထွက်တုံးပါအားလုံး မိတ္တူ ဆွဲရန်
4. Portage Bill မူရင်း/မိတ္တူ
5. Contract မူရင်း/မိတ္တူ
6. မှတ်ပုံတင် မူရင်း/မိတ္တူ (ကာလာဖြင့်ဆွဲရန်)
7. အိမ်ထောင်စုစာရင်း မူရင်း/မိတ္တူ
8. ကိုယ်တိုင်/ကိုယ်စားလှယ်လွှဲစာ
• Bank Acc / Bank Name
• email address
• Qr မိတ်တူ(2)စုံ
Crd to Original Writer ✍️