Legal Land

Website

Legal Land Business Service and Legal Affair with Highly Experience And Responsiblity. Reliable Partner For Your Business.

⚖️ လုပ်ငန်းတစ်ခု စတင်ဖို့ကနေ စနစ်တကျ လည်ပတ်နိုင်ဖို့အထိ — Legal Land ရှိပါတယ်။လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းလုပ်ကိုင်ရာမ...
02/10/2026

⚖️ လုပ်ငန်းတစ်ခု စတင်ဖို့ကနေ စနစ်တကျ လည်ပတ်နိုင်ဖို့အထိ — Legal Land ရှိပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းလုပ်ကိုင်ရာမှာ လိုင်စင်၊ ကုမ္ပဏီမှတ်ပုံတင်၊ အခွန်၊ စာချုပ်စာတမ်းနဲ့ ဥပဒေဆိုင်ရာကိစ္စတွေကို မဖြစ်မနေ ကြုံတွေ့ရတတ်ပါတယ်။

ဒီလို လုပ်ငန်းနဲ့ ဥပဒေဆိုင်ရာ လိုအပ်ချက်တွေကို Legal Land မှာ တစ်နေရာတည်းကနေ ဝန်ဆောင်မှုရယူနိုင်ပါတယ်။

💼 Legal & Business Services

🔹 Online Sale Registration Services

• Registration အသစ်လျှောက်ထားခြင်း
• သက်တမ်းတိုးခြင်း
• Certificate ထုတ်ပေးခြင်း
• Amend ပြုလုပ်ခြင်း

🔹 Business License Services

• စည်ပင်လုပ်ငန်းလိုင်စင်
• ပြည်တွင်း / ပြည်ပ ခရီးသွားအေဂျင်စီလိုင်စင်
• အသေးစားစက်မှုလက်မှုလုပ်ငန်းလိုင်စင်

🔹 Company (DICA) Services

• နှစ်စဥ်အစီရင်ခံစာ (Annual Return )တင်ပေးခြင်း
• ကုမ္ပဏီထောင်ခြင်း
• ကုမ္ပဏီလိပ်စာ / အမည်ပြောင်းခြင်း
• Director In / Out ပြုလုပ်ခြင်း
• Share Transfer ပြုလုပ်ခြင်း
• DICA ID / Password ဆိုင်ရာ ဝန်ဆောင်မှုများ
• Struck Off / Suspend မှ Register အခြေအနေသို့ ပြန်လည်ဆောင်ရွက်ခြင်း

🔹 Tax Services

• နှစ်ချုပ်အခွန်ရှင်းလင်းခြင်း
• Quarterly Tax တင်ပေးခြင်း
• TIN / GIR လျှောက်ထားခြင်း
• Form 2 (ကသခ) လျှောက်ပေးခြင်း
• E-Filing Account ဖွင့်ပေးခြင်း

🔹 စာချုပ်စာတမ်းဆိုင်ရာ ဝန်ဆောင်မှုများ

• အိမ်ခြံမြေ အရောင်း / အငှားစာချုပ်
• တိုက်ခန်း / ကွန်ဒို အရောင်း / အငှားစာချုပ်
• အိမ်ခြံမြေ အရှုပ်အရှင်း စစ်ဆေးခြင်း
• လက်ထပ် / ကွာရှင်းစာချုပ်
• မေတ္တာဖြင့် ပေးကမ်းခြင်းစာချုပ်
• အမွေပုံစီမံခြင်းစာချုပ်
• Employment Contract (EC)
• အစုရှယ်ယာစာချုပ်
• စပ်တူလုပ်ကိုင်ခြင်းစာချုပ်

🔹 အခြား ဥပဒေနှင့်သက်ဆိုင်သော ဝန်ဆောင်မှုများ

• သတင်းစာကြော်ငြာ ထည့်သွင်းပေးခြင်း
• နိုတြီ / စာချုပ်စာတမ်း ဘာသာပြန်ခြင်း
• တရားရုံးကျမ်းကျိန်လွှာ ပြုလုပ်ခြင်း
• အလုပ်ရှင် / အလုပ်သမား အငြင်းပွားမှုများအတွက် အကြံပေးခြင်း

📌 လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ကိုယ်တိုင်ရှုပ်ထွေးစွာ လိုက်လုပ်နေစရာမလိုဘဲ လိုအပ်တဲ့ဝန်ဆောင်မှုအတွက် Legal Land နဲ့ တိုင်ပင်နိုင်ပါတယ်။

📩 သင့်လုပ်ငန်းအတွက် ဘယ်ဝန်ဆောင်မှုလိုအပ်လဲ သိရှိလိုပါက Legal Land သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အိမ်ခြံမြေ၊ တိုက်ခန်းတွေ ရောင်းဝယ်မှုဖြစ်မြောက်လို့ စာချုပ်တွေ ချုပ်ဆိုတော့မယ်ဆိုရင် ဘယ်လိုစာချုပ်အမျိုးအစားက မှတ်ပုံမတင...
27/09/2026

အိမ်ခြံမြေ၊ တိုက်ခန်းတွေ ရောင်းဝယ်မှုဖြစ်မြောက်လို့ စာချုပ်တွေ ချုပ်ဆိုတော့မယ်ဆိုရင် ဘယ်လိုစာချုပ်အမျိုးအစားက မှတ်ပုံမတင်မနေရစာချုပ်အမျိုးအစားဖြစ်တယ်၊ ဘယ်အမျိုး အစားကတော့ ကတိစာချုပ်နဲ့ အဆင်ပြေနိုင်မယ်ဆိုတာတွေ ရှင်းရှင်းလင်းလင်း သိစေဖို့ ဒီဆောင်ပါးလေးမှာဖတ်ကြည့်လိုက်ရအောင်နော်။

(မှတ်ပုံမတင်မနေရစာချုပ်များ)
၂၀၁၈ ခုနှစ် စာချုပ်စာတမ်းများမှတ်ပုံတင်ဥပ‌ဒေ၊ ပုဒ်မ - ၁၆ အရ တန်ဖိုးငွေကျပ်တစ်သိန်း နဲ့ အထက်ရှိတဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းများ ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ တစ်နှစ် ထက်ပိုဌားရမ်းခြင်း၊ ဆိုင်ရာဆိုင်ခွင့် အကျိုးစီးပွားအတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွှတ်ခြင်း နဲ့ ဖျက်သိမ်းခြင်းတို့ကို ခိုင်မာစေရန်ပြုလုပ်တဲ့ သေတမ်းစာ မဟုတ်သော စာချူပ် စာတမ်းများ၊ ယင်းစာချုပ်စာတမ်းတို့နဲ့ သက်ဆိုင်တဲ့ ပိုင်ဆိုင်ခွင့်အပေါ် တရားရုံးက ချမှတ်တဲ့ စီရင်ချက်၊ ဒီကရီ ၊ အမိန့်၊ သားသမီးမွေးစားခြင်းစာချုပ်နဲ့ နိုင်ငံတော်က အခါအားလျော်စွာ သတ်မှတ်တဲ့ စာချုပ်စာတမ်းများဟာ ဥပ‌ဒေနဲ့ အညီ တရားဝင် ခိုင်မာမှု ရရှိနိုင်ရန်အတွက်မှတ်ပုံတင်ရမယ့်စာချုပ်များဖြစ်ပါတယ်။

(မှတ်ပုံတင်လိုကတင်နိုင်ပြီး၊မှတ်ပုံမတင်ဘဲလည်းနေနိုင်တဲ့စာချုပ်များ)
ပုဒ်မ- ၁၇ မှာ အထက်ဖော်ပြပါ ပုဒ်မ- ၁၆ အရသတ်မှတ်ထားတဲ့ မှတ်ပုံမတင်မနေရ စာချုပ် စာတမ်း မဟုတ်တဲ့ အခြားစာချုပ်စာတမ်းများကတော့ ကာယကံရှင်ရဲ့ သဘောဆန္နအရ မှတ်ပုံတင်လိုကတင်နိုင်ပြီး၊မှတ်ပုံမတင်ဘဲလည်းနေနိုင်ပါတယ်။

မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းတွေကိုမှတ်ပုံတင်ထားရင် ဘာတွေအကျိုးသက် ရောက်သွား မလဲ?
စာချုပ်စာတမ်းများမှတ်ပုံတင်ဥပ‌ဒေပုဒ်မ-၄၇အရ
"(က)စာချုပ်ချုပ်ဆိုတဲ့နေ့ရက်မှစအကျိုးသက်‌ရောက်သည်။
(ခ) စာချုပ်စာတမ်းများတွင် ဖော်ပြထားသည့် ပစ္စည်းများနှင့်စပ်လျဉ်း၍ စာချုပ်စာတမ်းပါ စည်းကမ်း ချက်များနှင့် ဆန့်ကျင်သော နှုတ်ကတိ သို့မဟုတ် အကြောင်းကြားကြေညာချက်ကို လွှမ်းမိုး၍အကျိုးသက်ရောက်မှုရှိသည်။
(ဂ) သို့သော် စာချုပ်စာတမ်းပါ စည်းကမ်းချက်များနှင့် ဆန့်ကျင်သော နှုတ်ကတိ (သို့မဟုတ်) အကြောင်းကြားကြေညာချက်အရ လက်ရောက်ပေးအပ်ပြီးဖြစ်သော ပစ္စည်းနှင့်သက်ဆိုင်ခြင်း မရှိပါ"လို့ဖော်ပြထားပါတယ်။

မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ခြင်း မပြုရင် ဘယ်လိုအကျိုး သက်ရောက်မှုတွေဖြစ်လာမလဲ?
စာချုပ်စာတမ်းများမှတ်ပုံတင်ဥပ‌‌ဒေပုဒ်မ-၄၈အရ-
"(က) မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို တနည်းနည်းဖြင့် လွှဲပြောင်းခြင်း၊ ဌားရမ်းခြင်း တို့သည် အကျိုးသက်ရောက်မှုမရှိစေရ။
(ခ) ကိတ္တိမသားသမီးမွေးစားခြင်းသည် တရားဝင်အထောက်အထား သက်သေခံချက် မဖြစ်စေရ။
(ဂ) စာချုပ်စာတမ်းပါ ပစ္စည်းနှင့်သက်ဆိုင်သည့် သို့မဟုတ် အခွင့်အာဏာပေးအပ်ချက်သည် တရား ဝင်အထောက်အထား သက်သေခံချက်မဖြစ်စေရ" လို့ ဖော်ပြထားပါတယ်။

စာချုပ်စာတမ်းမှတ်ပုံတင်တဲ့အခါလိုက်နာရမယ့်စည်းကမ်းချက်များ -
စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ ပုဒ်မ-၂၁ အရ မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းများအား စာချုပ်ချုပ်ဆိုသည့်နေ့မှရက်ပေါင်း၁၂၀အတွင်းမှတ်ပုံတင်ရခြင်း၊
ပုဒ်မ - ၂၂ အရ စာချုပ်စာတမ်းတစ်ခုကို နှစ်ဦးထက်ပိုသူများက လက်မှတ်ရေးထိုးချုပ်ဆိုကြ၍ လက်မှတ် ရေးထိုးချိန်ကွဲပြားလျှင် နောက်ဆုံးလက်မှတ်ရေးထိုးသည့်နေ့ရက်မှ ရက်ပေါင်း ၁၂၀ အတွင်းမှတ်ပုံတင်ရန်တင်ပြရခြင်း၊
ပုဒ်မ-၂၃ အရ ရက်ပေါင်း ၁၂၀ အတွင်း မှတ်ပုံတင်ဖို့ ပျက်ကွက်ခဲ့ရင် တိုင်းဒေသကြီး စာချုပ်စာတမ်းများ မှတ်ပုံတင်အရာရှိထံ မတင်ဖြစ်တဲ့ အကြောင်းကို ခိုင်လုံသော အထောက်အထား တစ်ရပ် တင်ပြရခြင်း( အဲ့ဒီလို တင်ပြခြင်းဖြင့် မှတ်ပုံတင်အရာရှိက နောက်ထပ်ရက်ပေါင်း ၁၂၀ ထပ်ပြီး ခွင့်ပြု ပေးနိုင်ပါတယ်။ မှတ်ပုံတင်အရာရှိအနေနဲ့ နောက်ထပ်ရက်ပေါင်း ၁၂၀ ခွင့်ပြုရင် မှတ်ပုံတင်ခရဲ့ ၁၀ ဆ ထက်မပို သောငွေကို ဒဏ်ငွေအဖြစ်ပေးဆောင်စေပြီးမှခွင့်ပြုမှာဖြစ်ပါတယ်)
မှတ်ချက် ။ မှတ်ပုံမတင်ထားသည့် အရောင်းစာချုပ်သည် ဝယ်သူ၏ ပိုင်ဆိုင်မှုကို ထင်ရှားအောင် ပြသနိုင်သည့် အထောက်အထားတစ်ခုမဟုတ်သော်လည်း သီခြားသက်သာခွင့် ဥပဒေအရ ပဋိညာဉ်ကိုသီးခြားဆောင်ရွက်ပေးစေလိုမှုတွင် ဖြစ်‌စေ၊ မှတ်ပုံတင်စာချုပ်ဖြင့် ဆောင်ရွက်ရန်မလိုသည့် အခြားကိစ္စများတွင်ဖြစ်စေ သက်သေခံအဖြစ်အသုံးပြုနိုင်သည်။ ပိုင်ဆိုင်ခွင့်ကို ထင်ရှားအောင်တင်ပြခြင်း မဟုတ်သော ရောင်းချသည့်ပစ္စည်းအတိုင်းအတာ၊ ပစ္စည်းအပေါ် မည်သို့မည်ပုံ လက်ရှိဖြစ်ခဲ့သည်ဆိုသော အချက်အလက်များအတွက် မှတ်ပုံမ တင်သောအရောင်းစာချုပ်ကိုသက်သေခံအဖြစ်တင်ပြခွင့်ရှိမည်ဖြစ်သည်။

*၂၀၁၈ခုနှစ်၊စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ၊
ဦးသက်ဖေ၊ ပစ္စည်းလွှဲပြောင်းခြင်း ဥပ‌ဒေ၏ သိကောင်းစရာများမှ ကောက်နှုတ်ဖော်ပြသည်။

စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအတွက်ဆောင်ရွက်လိုပါက Legal land Page messager (သို့) ဖုန်း 09756669634 vb သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်ရှင့်

သင့်အနေနဲ့...Online Sale Registration လျှောက်ထားဖို့ အချိန်မရဖြစ်နေပါသလား;??လျှောက်ထားပြီးပေမယ့် မှတ်ပုံတင်ကြေးသွင်းဖို့...
21/09/2026

သင့်အနေနဲ့...

Online Sale Registration လျှောက်ထားဖို့ အချိန်မရဖြစ်နေပါသလား;??

လျှောက်ထားပြီးပေမယ့် မှတ်ပုံတင်ကြေးသွင်းဖို့နဲ့ Certificate ထုတ်ယူဖို့ အခက်အခဲဖြစ်နေပါသလား?

လုပ်ငန်းစဥ်တွေကို နားမလည်လို့ အကူအညီလိုနေပါသလား?

စိတ်မပူပါနဲ့!

Legal Land ရဲ့ဝန်ဆောင်မှုဖြင့် သင့်ရဲ့ Online Sale Registration နဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို လူပင်ပန်း၊ စိတ်ပင်ပန်းခံစရာမလိုဘဲ အမြန်ဆုံးနဲ့ အဆင်ပြေဆုံး ဆောင်ရွက်ပေးနေပါပြီ။

✅ ကျွန်ုပ်တို့ထံတွင် ရရှိနိုင်သော ဝန်ဆောင်မှုများ:
Online Sale Registration အသစ် လျှောက်ထားပေးခြင်း

မှတ်ပုံတင်ကြေး (Registration Fee) ကိုယ်စား ပေးသွင်းပေးခြင်း

Online Sale Registration Certificate ထုတ်ယူပေးခြင်း

အွန်လိုင်းရောင်းချသူများအနေနဲ့ အစိုးရအသိအမှတ်ပြု တရားဝင် Certificate ရယူပြီး ယုံကြည်မှုအပြည့်နဲ့ ဆက်လက်ရောင်းချနိုင်ဖို့ ယခုပဲ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သင့်ရဲ့ လုပ်ငန်းအတွက် လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စတွေကို ကျွန်ုပ်တို့က တာဝန်ယူဖြေရှင်းပေးပါမယ်။

📞 ဆက်သွယ်ရန် ဖုန်း - 09756669634

💬 Messenger - https://www.facebook.com/share/1EJCSejied/

》》》ခွင့်ရက်နှင့်အလုပ်ပိတ်ရက်နည်းဥပဒေ《《《
20/09/2026

》》》ခွင့်ရက်နှင့်အလုပ်ပိတ်ရက်နည်းဥပဒေ《《《

Online Business လုပ်နေတယ်ဆိုရင် ဒီ Page ကို Follow ထားသင့်တဲ့အကြောင်းOnline Business လုပ်နေသူတွေအနေနဲ့ ရောင်းအားတစ်ခုတည်...
18/09/2026

Online Business လုပ်နေတယ်ဆိုရင် ဒီ Page ကို Follow ထားသင့်တဲ့အကြောင်း

Online Business လုပ်နေသူတွေအနေနဲ့ ရောင်းအားတစ်ခုတည်းကို အာရုံစိုက်နေလို့ မလုံလောက်ပါဘူး။

ကိုယ့်ရဲ့ Online Business နဲ့ ပတ်သက်တဲ့ Registration၊ လိုအပ်ချက်တွေ၊ လုပ်ဆောင်ရမယ့် Process တွေ ကိုလည်း သိထားဖို့ လိုအပ်ပါတယ်။

ဒီလိုအချက်တွေကြောင့် ဒီ Page ကို Follow ထားသင့်ပါတယ်။ 👇

📌 Online Sales Registration နဲ့ ပတ်သက်တဲ့ အသိပညာများ

📌 Online Seller တွေ သိထားသင့်တဲ့ လိုအပ်ချက်များ

📌 Registration လုပ်ဆောင်ရာမှာ ကြုံတွေ့နိုင်တဲ့ အခက်အခဲများနှင့် ဖြေရှင်းနည်းများ

📌 Registration Process ကို နားလည်လွယ်အောင် ရှင်းပြပေးခြင်း

📌 Online Business လုပ်ငန်းရှင်တွေအတွက် အသုံးဝင်မယ့် Information & Updates

📌 Registration Service အပ်နှံလိုသူတွေအတွက် ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များ

ကိုယ်တိုင်လုပ်ချင်ပေမယ့် အခက်အခဲရှိသူတွေအတွက် Knowledge and Service ကို တပြိုင်တည်း ဝန်ဆောင်မှုပေးမယ်။

ဒါကြောင့် သင်က Online Business လုပ်နေတယ်ဆိုရင်
ဒီ Page ကို Follow ထားပြီး လိုအပ်တဲ့ Information တွေကို အချိန်မီ သိရှိနိုင်အောင် စောင့်ကြည့်ထားပါ။ 🤝

Your Online Business.
Our Professional Support.


18/09/2026

●●●ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ●●●ဥပဒေနဲ့ နည်းဥပဒေ ရဲ့ ကွာခြားချက်ကို ထင်သာမြင်သာအောင် ပြောပြရရင် 《《ငယ်ငယ်က ကလေးတွေ ...
18/09/2026

●●●ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ●●●
ဥပဒေနဲ့ နည်းဥပဒေ ရဲ့ ကွာခြားချက်ကို ထင်သာမြင်သာအောင် ပြောပြရရင် 《《ငယ်ငယ်က ကလေးတွေ အပြင်တွေသွားပြီး မိုးချုပ်လို့ အိမ်ပြန်မရောက်ရင် ရိုက်ခံရမယ်လို့ အမေကပြောတာက ဥပဒေပါ》》

《《၆နာရီနောက်ပိုင်းထိ အိမ်ပြန်မ‌ရောက်ရင် (၅) မိနစ်ကို တချက်နှုန်းနဲ့ ကြိမ်လုံးနဲ့ ရိုက်မယ် စသည်ဖြင့် ပြောထားတာက နည်းဥပဒေဖြစ်ပါတယ်》》
ဆိုလိုရင်းကတော့ ဥပဒေ သဘောတရားလောက်ပဲ ပြဌာန်း ဖော်ပြထားတာဖြစ်ပြီး နည်းဥပဒေကတော့ အသေးစိပ်သတ်မှတ်ဖော်ပြထားတာဖြစ်ပါတယ်
ဒီနေ့ မျှဝေ ပေးသွားမဲ့ အကြောင်းအရာကတော့ “၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ” အကြောင်း ကို ဥပဒေအတိုင်းတဆင့်ကူးယူဖော်ပြပေးလိုက်ပါတယ်ရှင်..... မနက်ဖြန်ကျရင်တော့ ခွင့်ရက် နှင့်အလုပ် ပိတ်ရက်နည်းဥပဒေများ အကြောင်းကို ထပ်မံဖော်ပြပေးသွားပါ့မယ်ရှင် ဥပဒေ အကြောင်း အရာများ၊ သဘောတရားများကို LEGAL LAND မှ အစဥ်အမြဲ ဖော်ပြပေးသွားပါ့ မယ်ရှင့်

Legal Land မှ Online Sale Registration Service ကိုယူပြီး ၃လအတွင်း Certificate ကျပြီးသည့် Online Pageများ 《Online Sale Re...
18/09/2026

Legal Land မှ Online Sale Registration Service ကိုယူပြီး ၃လအတွင်း Certificate ကျပြီးသည့် Online Pageများ

《Online Sale Registration လုပ်မယ်ဆိုရင် page messager (cb) မှသော်လည်းကောင်း ဖုန်း 09756669634သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်》

15/09/2026

15/09/2026

မိမိတို့ လျှောက်ထားချင်တဲ့ လုပ်ငန်းလိုင်စင်တွေအတွက် အခွန်ဆောင်မလား အိမ်ခြံမြေအခွန်တွေပဲဆောင်မလား အခြားသောအခွန်အခတွေပေးဆောင်ဖို့ သက်ဆိုင်ရာမြို့နယ် အလိုက် အခွန်ရုံးများကို ဖော်ပြပေးထားပါတယ်ရှင်.....

Address

No. 2, 1st Floor, Pyay Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Legal Land posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category