စာချုပ်စာတမ်းနှင့် ဥပဒေရေးရာ အကြံပေး

  • Home
  • Myanmar
  • Yangon
  • စာချုပ်စာတမ်းနှင့် ဥပဒေရေးရာ အကြံပေး

စာချုပ်စာတမ်းနှင့် ဥပဒေရေးရာ အကြံပေး Your believe is our goals.

▶️ ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသည်။......▶️ ဘိုးဘွားပိုင်မြေဆိုရင် သင်္ကေတ B နဲ့ပြပြီး မ...
23/03/2026

▶️ ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသည်။......

▶️ ဘိုးဘွားပိုင်မြေဆိုရင် သင်္ကေတ B နဲ့ပြပြီး မြေပုံကို အပြာရောင်နဲ့ ဆွဲ သည်။......

▶️ အစိုးရမြေဆိုရင် သင်္ကေတ A နဲ့ ပြပြီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲသည်။....

▶️ ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသည်။.....

▶️ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ ဆွဲပြီး သာသနာ့မြေဆိုရင် အစိမ်းရောင်နှင့် ဆွဲသည်။....

▶️ အက္ခရာ သင်္ကေတတွေကို ကြည့်ပြီး ဘာမြေအမျိုးအစားဖြစ် နိုင်တယ်ဆိုတာကို ခွဲခြားလို့ရပါတယ်။.....

▶️ တစ်နည်းအားဖြင့် မြေပြန့်လား ၊ ကုန်းကျလား၊ မြောင်းဘေးလား၊ ဆည်ရေသောက်လား၊ မြစ်ရေဝင်လား၊ သုသာန်လားနဲ့ နီးလား….စသည်ဖြင့် ခွဲခြား၍ ရနိုင်ပါတယ်။.....

✅ မြေအမျိုးအစားများနှင့် သင်္ကေတ အက္ခရာများကတော့ …........

၁။ မိုးကောင်းလယ်မြေ၊ သာမန်လယ်မြေဆိုရင် R/P/M တို့နှင့်ပြပြီး.....

(က) ပထမတန်းစားဆိုရင် R 1 ....
(ခ) ဒုတိယတန်းစားဆိုရင် R 2 ....
တစ်ဧကအထွက်နှုန်း တင်း ၃၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 3 .....
တစ်ဧကအထွက်နှုန်း တင်း ၂၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 4 နဲ့ပြကြပါတယ်။....

၂ ။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG....

၃ ။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP....

၄ ။ ကန်ရေသောက် မူရင်းလယ်ဆိုရင် TM....

၅ ။ မူရင်းလယ်မြေဆိုရင် M/MY....

၆ ။ ချောင်းရေဝင်မြေဆိုရင် c...

၇ ။ ယာမြေဆိုရင် Y....

၈ ။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR...

၉ ။ တောင်ယာမြေဆိုရင် TY/YY....

၁၀ ။ ကိုင်းမြေဆိုရင် K/KA/KY...

၁၁ ။ ကိုင်းမြေရင့်ဆိုရင် KY....

၁၂ ။ ဥယျာဉ်ခြံမြေဆိုရင် G/U....

၁၃ ။ ဓနိမြေဆိုရင် D...

၁၄ ။ အပိုင်ရမြေဆိုရင် O...

၁၅ ။ အပိုင်ဂရန်မြေဆိုရင် G...

၁၆ ။ အငှားဂရန်မြေဆိုရင် L....

စသည်တို့ဖြင့် အမျိုးမျိုး ရှိကြပါတယ်။ မိမိဝယ်မယ့်မြေရဲ့ မြေပုံမှာပါတဲ့ သင်္ကေတ လေးကိုကြည့်ပြီး မိမိဘာသာ အကြမ်းဖျဉ်းခွဲခြားနိုင်ပါတယ်။.....

Credit to owner......

Hello ....  Every body .... Happy New Year 2026 💵 2026 ခုနှစ်မှာ ရှေ့နေ လူငယ်များအနေနဲ့ဝင်ငွေ....အလွယ် ရချင်ပါသလား?📖 “လက...
31/12/2025

Hello .... Every body ....
Happy New Year 2026

💵 2026 ခုနှစ်မှာ ရှေ့နေ လူငယ်များအနေနဲ့
ဝင်ငွေ....အလွယ် ရချင်ပါသလား?
📖 “လက်တွေ့ ငွေရှာနည်း” စာအုပ်ကို လေ့လာပါ
🗓️ နှစ်ပေါင်း (၁၅) နှစ်ကျော် အတွေ့အကြုံများကို စာအုပ်အဖြစ်
စုစည်းပုံဖော်ထားပါသည်။
📚 ရှေ့နေ ဆရာကြီးများရေးသားထုတ်ဝေပြီးသား
လက်တွေ့အမှုလိုက်နည်း စာအုပ်တွေ များစွာရှိသော်လည်း
ဒီစာအုပ်သည်—
👉 ရှေ့နေ ဖြစ်ခါစ မောင်လေး / ညီမလေးများအတွက်
အထူးရည်ရွယ်ရေးသားထားသော
“လက်တွေ့ ငွေရှာနည်း” စာအုပ်ဖြစ်ပါသည်။
💰 ဈေးနှုန်း -50000/-Ks
A4 စာမျက်နှာ ၈၀ ပါ ...
အမျိုးအစား ပုံစံ ၄၀ ကျော် ပါ၀င်သည် .....
📌 အထူးမှတ်ချက်
“ဆရာမရေ… ကျွန်တော် / ကျွန်မ စာအုပ်ဝယ်ပြီး
Client လာအပ်ရင် ဘယ်ဌာနကို ဘယ်လိုသွားရမလဲ မသိဘူး”
ဟု မေးမြန်းသူများအတွက်—
➡️ သီးသန့် လမ်းညွှန်သင်ကြားပေးပါမည်။
🎁 ပထမဆုံး စာအုပ်ဝယ်ယူသူ (၁၀) ဦးကို
ဦးစားပေး သင်ကြားပေးမည်ဖြစ်ပါသည်။

🏢 Aung Myin Thu Law Firm
No.138, Ground Floor, 40 Street,
Kyauktada Township, Yangon
📞 Tel : 09796 717625, 09 430 63556
📱 Viber : 097 8484 8472

💳 နယ်မှ မှာယူလိုသူများအတွက်
KPay / AYA Pay
➡️ 097 84 84 84 72
📌 Viber တွင် ငွေလွှဲပြီးကြောင်း
Screenshot ပြမှသာ အတည်ပြုပါမည်။

#စာချုပ်စာတမ်းဥပဒေအကြံပေး




#ဥပဒေ

Address

40 Street
Yangon
959

Website

Alerts

Be the first to know and let us send you an email when စာချုပ်စာတမ်းနှင့် ဥပဒေရေးရာ အကြံပေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category