04/07/2024
အလုပ်သမားအများစုရဲ့နစ်နာကြေးပြသာနာများသိစေရန်
အလုပ်ထုတ်တဲ့အခါ ပေးတဲ့ "နစ်နာကြေး" ဆိုတာ။
မြန်မာကား အကြည့်များတဲ့သူဆိုရင် အလုပ်ထုတ်တဲ့ ဇာတ်ဝင်ခန်းကို ကြည့်ဖူးကြမှာပါ။ ဆင်းရဲသားမင်းသားက ချမ်းသာတဲ့ မင်းသမီးနဲ့ ကြိုက်ရော ၊ ဖြစ်ချင်တော့ မင်းသမီးအဖေက သူ့အလုပ်ရှင် ၊ သိတော့ ငါ့သမီးနဲ့ဒီကောင် သဘောမတူဆို အလုပ်ဖြုတ်တဲ့ ဇာတ်ဝင်ခန်းမျိုးပေါ့။ ဒီနေရာမှာ အမှတ်မှားပြီး အမှားအတိုင်း ရိုက်နေကြတာတွေ ရှိပါတယ်။ အဲ့ဒါကတော့ "နစ်နာကြေး ၃ လစာ ပေးပြီး အလုပ်ထုတ်လိုက်။ မနက်ဖြန်ကစပြီး အလုပ်မလာနဲ့တော့" ဆိုတဲ့ Dialogue ပါ။
ဒီဟာကို ဘယ်တုန်းက ဘယ်သူကစလုပ်ခဲ့မှန်းမသိပေမယ့် လက်ရှိ တည်ဆဲ အလုပ်သမားဥပဒေကို ကျွန်တော်ပြန်ဖတ်ကြည့်တော့ ၃ လစာပေးပြီး တန်းပြီး အလုပ်ဖြုတ်လို့ မရပါဘူး။ အလုပ်သမား ဥပဒေတွေထဲမှာ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ ဒါပေမယ့် လိုက်နာမှု့ အားနည်းတာကြောင့်ရယ် ၊ အလုပ်သမားဥပဒေကို အလုပ်သမားတွေက မသိကြလို့ရယ် ၊ အလုပ်ရှုပ်မခံလိုတာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမား နစ်နာဆုံးရှုံးမှု့တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအတွက် အမိန့်ကြေငြာစာ (၈၄/ ၂၀၁၅) နဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး နစ်နာကြေး နှုန်းထားများကို ထုတ်ပြန်ကြေငြာပေးခဲ့ပါတယ်။
အဆိုပါ အမိန့်ကြေငြာစာအရ အလုပ်ရှင်ဟာ အလုပ်သမားတစ်ယောက်ကို အလုပ်က ထုတ်တော့မယ်ဆို တစ်ဆက်တည်း လုပ်သက်ရှိသူတွေအတွက် နောက်ဆုံးရရှိခဲ့တဲ့လစာ (အချိန်ပိုကြေး မပါ) ပဲ အောက်က နှုန်းထားတွေအတိုင်း ပေးရမှာပါ။
၁။ လုပ်သက် ၆ လပြည့်ပြီး ၁ နှစ်မပြည့်ပါက
နစ်နာကြေး လဝက်စာ
၂။ လုပ်သက် ၁ နှစ်ပြည့်ပြီး ၂ နှစ်မပြည့်ပါက
နစ်နာကြေး ၁ လစာ
၃။ လုပ်သက် ၂ နှစ်ပြည့်ပြီး ၃ နှစ်မပြည့်ပါက
နစ်နာကြေး ၁ လခွဲစာ
၄။ လုပ်သက် ၃ နှစ်ပြည့်ပြီး ၄ နှစ်မပြည့်ပါက
နစ်နာကြေး ၃ လစာ
၅။ လုပ်သက် ၄ နှစ်ပြည့်ပြီး ၆ နှစ်မပြည့်ပါက
နစ်နာကြေး ၄ လစာ
၆။ လုပ်သက် ၆ နှစ်ပြည့်ပြီး ၈ နှစ်မပြည့်ပါက
နစ်နာကြေး ၅ လစာ
၇။ လုပ်သက် ၈ နှစ်ပြည့်ပြီး ၁၀ နှစ်မပြည့်ပါက
နစ်နာကြေး ၆ လစာ
၈။ လုပ်သက် ၁၀ နှစ်ပြည့်ပြီး ၂၀ နှစ်မပြည့်ပါက
နစ်နာကြေး ၈ လစာ
၉။ လုပ်သက် ၂၀ နှစ်ပြည့်ပြီး ၂၅ နှစ်မပြည့်ပါက
နစ်နာကြေး ၁၀ လစာ
၁၀။ လုပ်သက် ၂၅ နှစ်နဲ့အထက် ရှိတဲ့သူဆို
နစ်နာကြေး ၁၃ လစာကို အလုပ်ရှင်က ပေးရမှာပါ။
ဒီနေရာမှာ တစ်ခုရှိတာက အပေါ်ကသတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပေးပြီး အလုပ်ကနေ တန်းထုတ်လို့ မရပါဘူး။ အလုပ်ထုတ်မယ့်အကြောင်း အလုပ်ရှင်က အလုပ်သမားကို ၁ လကြိုတင်ပြီး အကြောင်းကြား Notice ပေးရပါမယ်။
Credit to Original post.
Ya