ဒေါ်ဆုဆုခိုင် LL.B ဥပဒေအကျိုးဆောင်

  • Home
  • Myanmar
  • Yangon
  • ဒေါ်ဆုဆုခိုင် LL.B ဥပဒေအကျိုးဆောင်

ဒေါ်ဆုဆုခိုင် LL.B ဥပဒေအကျိုးဆောင် ဒေါ်ဆုဆုခိုင်(LL.B)
အထက်တန်းရှေ့နေ
၀၉၄၂၁၁၃၃၆၅၅

အလုပ်သမားအများစုရဲ့နစ်နာကြေးပြသာနာများသိစေရန်
04/07/2024

အလုပ်သမားအများစုရဲ့နစ်နာကြေးပြသာနာများသိစေရန်

အလုပ်ထုတ်တဲ့အခါ ပေးတဲ့ "နစ်နာကြေး" ဆိုတာ။

မြန်မာကား အကြည့်များတဲ့သူဆိုရင် အလုပ်ထုတ်တဲ့ ဇာတ်ဝင်ခန်းကို ကြည့်ဖူးကြမှာပါ။ ဆင်းရဲသားမင်းသားက ချမ်းသာတဲ့ မင်းသမီးနဲ့ ကြိုက်ရော ၊ ဖြစ်ချင်တော့ မင်းသမီးအဖေက သူ့အလုပ်ရှင် ၊ သိတော့ ငါ့သမီးနဲ့ဒီကောင် သဘောမတူဆို အလုပ်ဖြုတ်တဲ့ ဇာတ်ဝင်ခန်းမျိုးပေါ့။ ဒီနေရာမှာ အမှတ်မှားပြီး အမှားအတိုင်း ရိုက်နေကြတာတွေ ရှိပါတယ်။ အဲ့ဒါကတော့ "နစ်နာကြေး ၃ လစာ ပေးပြီး အလုပ်ထုတ်လိုက်။ မနက်ဖြန်ကစပြီး အလုပ်မလာနဲ့တော့" ဆိုတဲ့ Dialogue ပါ။

ဒီဟာကို ဘယ်တုန်းက ဘယ်သူကစလုပ်ခဲ့မှန်းမသိပေမယ့် လက်ရှိ တည်ဆဲ အလုပ်သမားဥပဒေကို ကျွန်တော်ပြန်ဖတ်ကြည့်တော့ ၃ လစာပေးပြီး တန်းပြီး အလုပ်ဖြုတ်လို့ မရပါဘူး။ အလုပ်သမား ဥပဒေတွေထဲမှာ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ ဒါပေမယ့် လိုက်နာမှု့ အားနည်းတာကြောင့်ရယ် ၊ အလုပ်သမားဥပဒေကို အလုပ်သမားတွေက မသိကြလို့ရယ် ၊ အလုပ်ရှုပ်မခံလိုတာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမား နစ်နာဆုံးရှုံးမှု့တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအတွက် အမိန့်ကြေငြာစာ (၈၄/ ၂၀၁၅) နဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး နစ်နာကြေး နှုန်းထားများကို ထုတ်ပြန်ကြေငြာပေးခဲ့ပါတယ်။

အဆိုပါ အမိန့်ကြေငြာစာအရ အလုပ်ရှင်ဟာ အလုပ်သမားတစ်ယောက်ကို အလုပ်က ထုတ်တော့မယ်ဆို တစ်ဆက်တည်း လုပ်သက်ရှိသူတွေအတွက် နောက်ဆုံးရရှိခဲ့တဲ့လစာ (အချိန်ပိုကြေး မပါ) ပဲ အောက်က နှုန်းထားတွေအတိုင်း ပေးရမှာပါ။
၁။ လုပ်သက် ၆ လပြည့်ပြီး ၁ နှစ်မပြည့်ပါက
နစ်နာကြေး လဝက်စာ
၂။ လုပ်သက် ၁ နှစ်ပြည့်ပြီး ၂ နှစ်မပြည့်ပါက
နစ်နာကြေး ၁ လစာ
၃။ လုပ်သက် ၂ နှစ်ပြည့်ပြီး ၃ နှစ်မပြည့်ပါက
နစ်နာကြေး ၁ လခွဲစာ
၄။ လုပ်သက် ၃ နှစ်ပြည့်ပြီး ၄ နှစ်မပြည့်ပါက
နစ်နာကြေး ၃ လစာ
၅။ လုပ်သက် ၄ နှစ်ပြည့်ပြီး ၆ နှစ်မပြည့်ပါက
နစ်နာကြေး ၄ လစာ
၆။ လုပ်သက် ၆ နှစ်ပြည့်ပြီး ၈ နှစ်မပြည့်ပါက
နစ်နာကြေး ၅ လစာ
၇။ လုပ်သက် ၈ နှစ်ပြည့်ပြီး ၁၀ နှစ်မပြည့်ပါက
နစ်နာကြေး ၆ လစာ
၈။ လုပ်သက် ၁၀ နှစ်ပြည့်ပြီး ၂၀ နှစ်မပြည့်ပါက
နစ်နာကြေး ၈ လစာ
၉။ လုပ်သက် ၂၀ နှစ်ပြည့်ပြီး ၂၅ နှစ်မပြည့်ပါက
နစ်နာကြေး ၁၀ လစာ
၁၀။ လုပ်သက် ၂၅ နှစ်နဲ့အထက် ရှိတဲ့သူဆို
နစ်နာကြေး ၁၃ လစာကို အလုပ်ရှင်က ပေးရမှာပါ။

ဒီနေရာမှာ တစ်ခုရှိတာက အပေါ်ကသတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပေးပြီး အလုပ်ကနေ တန်းထုတ်လို့ မရပါဘူး။ အလုပ်ထုတ်မယ့်အကြောင်း အလုပ်ရှင်က အလုပ်သမားကို ၁ လကြိုတင်ပြီး အကြောင်းကြား Notice ပေးရပါမယ်။

Credit to Original post.
Ya

၂.၇.၂၀၂၄ ရက်နေ့တိုက်ခန်းအရောင်းအဝယ်စာချုပ်လေး ပြုလုပ်ချုပ်ဆိုပေးခြင်း ရုံးသွားရင်းအပြေးအလွှာလေး ပုံလေးတွေလည်းမတင်ဖြစ်တာက...
03/07/2024

၂.၇.၂၀၂၄ ရက်နေ့တိုက်ခန်းအရောင်းအဝယ်စာချုပ်လေး ပြုလုပ်ချုပ်ဆိုပေးခြင်း ရုံးသွားရင်းအပြေးအလွှာလေး ပုံလေးတွေလည်းမတင်ဖြစ်တာကြာ
ဝယ်သူရော၊ရောင်းသူရော အလုပ်အကိုင်များအဆင်ပြေကြပါစေ။

10/06/2024

ငွေတိုးချေးစားသူများအက်ဥပဒေအရ တရားစွဲဆိုခွင့်
*************************************************
မြီရှင်တစ်ဦးသည်၊ မြီစားထံမှ ချေးငွေအတိအကျကို စာဖြင့်ရေးသား ဖေါ်ပြချက်၊ အတိုးနှုန်းချုပ်ဆိုသည့်ရက် စသည်တို့အတွက် ဖြည့်စွက်ရေးသွင်းခြင်းမပြုဘဲကွက်လပ် ထားရှိသည့် အော်ဒီမံစာချုပ်ကို ယူမထားနိုင်ပေ။

ယင်းသို့ ကွက်လပ်များပါ သော အော်ဒီမံစာချုပ် မှာ ၁၉၄၅ ခုနှစ်၊ ငွေတိုးချေးစားသူများ အက်ဥပဒေပုဒ်မ ၁၅၏ ပုဒ်မခွဲ (၂) အရပျက်ပြယ်သည်။ ပုဒ်မခွဲ (၂) တွင်“ တည်ဆဲတရားဥပဒေ တခုခုတွင် မည်သို့ပင်ရှိစေကာမူ” ဟု ပြဋ္ဌာန်းထားသည့်အလျောက်၊ ကြေးငွေတောင်းဆိုရယူပိုင်ခွင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ
(Negotiable lnstrument Act) ပုဒ်မ ၂ဝ တွင်မည်သို့ပင်ဆိုထားစေကာမူ၊
၁၉၄၅ ခုနှစ်၊ ငွေချေးစားသူများအက်ဥပဒေ
(The Money Lender Act .1945.)ပုဒ်မ ၁၅ က လွှမ်းမိုးသည်ဟု ဆိုရမည်ဖြစ်သည်။

ငွေတိုးချေးစားသူများအက်ဥပဒေကို ၁၉၄၅ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့သည်၊၊ ၁၉၆၂ ခုနှစ် တွင် ယင်း ဥပဒေ ကို ပယ်ဖျက်၍ ၁၉၆၂ ခုနှစ် ငွေတိုးချစားသူများ အက်ဥပဒေကို အသစ်ရေးဆွဲခဲ့သည်။ သို့ရာတွင် ဥပဒေ အသစ်ကို အမိန့်ကြော်ငြာစာ ထုတ်ဆင့်၍ အတည်မပြုသေးပေ။ ထို့ ကြောင့် ယခုအခါ ၁၉၄၅ခုနှစ် ငွေတိုးချစားသူ များ အက်ဥပဒေသာလျှင် အတည်ဖြစ်လျက်ရှိသည်၊၊ {ဒေါ်တင့်နှင့်ဒေါ်သန်းမေ ပါ-၄၊ ၁၉၆၆ (ရုံးချုပ်)စာ ၁၁၉၇}

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၄/၉၃(၃၁.၃.၁၉၉၃)
+++++++++++++++++++++++++++++
တည်ဆဲဥပဒေများအနက် အချို့သောဥပဒေများသည် ပြောင်းလဲလာသည့် အခြေအနေနှင့် ဆီလျော်မှု မရှိခြင်းကြောင့်လည်းကောင်း၊ အချိန်ကာလကြာမြင့်စွာကျင့်သုံးမှု မရှိခြင်းကြောင့်လည်း ကောင်း၊ အနာဂတ်ကာလတွင်လည်း ကျင့်သုံးရန်အကြောင်း မရှိတော့၍ လည်းကောင်း ယင်းဥပဒေများ ကို ရုပ်သိမ်းသင့်ကြောင်း ထပ်မံစိစစ် တွေ့ရှိရသည့်အခါဥပဒေ(၁၄)မျိုးဖြစ်သော(က)မှ(ဎ)ထိ
ပါဥပဒေများကိုရုပ်သိမ်းခဲ့ပါသည်။ထိုရုပ်သိမ်သည့်ဥပဒေများအနက်အစဥ်(ဍ) တွင်၁၉၆၂ ခုနှစ်၊ ငွေတိုးချစားသူများဥပဒေ လည်းပါဝင်သွားခဲ့သည်။

ရွှေကုန်သည်တယောက်သည် ကုန်သည်လုပ်ငန်းကို ထင်ထင်ပေါ်ပေါ် လုပ်နေသူဖြစ်သော်လည်း လူလေး ငါးဦးအား ငွေတိုးယူ၍ ချေးနေကြောင်း ပေါ်လွင်ထင်ရှားလျှင် ထိုသူသည် ငွေတိုးချစားသူဖြစ်သည်ဟု ကောက်ယူ ဆုံးဖြတ်နိုင်သည်။ {ဦးထွန်းရွှေနှင့် ဦးဝင်း၊ ၁၉၆၇ (ရုံးချုပ်)စာ ၁၄၅}

ငွေ့တိုးချစား သူတဦးသည် ၎င်းရရှိခဲ့သည့် ဒီကရီတရပ်ရပ်နှင့် ပတ်သက်၍ မှတ်ပုံတင်လက်မှတ် မရှိလျှင် ထိုဒီကရီအား အကျိုးသက်ရောက်အောင် ဇာရီရုံးမှ သက်သာခွင့် တောင်းဆိုခြင်းမပြုနိုင်ပေ။ ထိုပုဒ်မကငွေတိုးချစားသည့် တရားနိုင်သည် ဇာရီမှုကို လျှောက်ထားခြင်းမပြုရဟု တားမြစ်ထားခြင်း မရှိ။ သို့ဖြစ်ရာ ဇာရီရုံးအနေဖြင့် မှတ်ပုံတင်လက်မှတ်မရှိစေကာမူ ဇာရီလျှောက်လွှာကို လက်ခံ နိုင်သည်ဆိုခြင်းမှာ မငြင်းနိုင်ပေ။ ယင်းသို့လက်ခံပြီးဖြစ်လျှင် ဇာရီရုံးသည် တရားရှုံး၏ ကန့်ကွက် ချက်အရသော်၎င်း၊ တရားနိုင်၏ တောင်းဆိုချက်အရ သော်၎င်း ဇာရီမှုကို ပိတ်ထားနိုင်ခွင့်ရှိမည် မှာသဘာဝပင်ဖြစ်ပေသည်။ {ဦးစံတင်နှင့် ဘာနာစီလားပါ ၂၊ ၁၉၆၉ (ရုံးချုပ်)စာ ၂၃၂}

ငွေတိုးချစားသူများ အက်ဥပဒေအရ၊ အယူခံတရားပြိုင် (မူလ တရားလို) အား မှတ်ပုံတင် လက်မှတ်တင်ပြရန်သင့်လျော် လုံလောက်စွာ အချိန်ပေးပြီးလက်မှတ် တင်ပြနိုင်သောအခါမှသာ ဥပဒေအရ ဒီကရီချမှတ်ပေးရန် အမှုတို့ကို စရိတ်မဲ့မူလရုံးသို့ ပြန်လည် ပေးပို့လိုက်သည်။ 1955, B. L.R, 164 (H.C.) /1956 B. L. R, 449 (H.C.)/ 1963, B.L. R,503 /1963, B.L R, 928/ 1964, B, L. R, 371 တို့ကို ရည်ညွှန်းသည်။ ဒေါ်တင့် နှင့် ဒေါ်သန်း​မေပါ ၄၊ တွင်ပါသောစီရင်ချက်ပါလုပ်ထုံးကို ပယ်ဖျက်သည်။ {ဦးထွန်းလှိုင်နှင့် ဦးချစ်လှ၊ ၁၉၇၀ (ရုံးချုပ်)စာ ၁၈၅}

ငွေချေးသူ ငွေရှင်က ငွေချေးယူသူမြီစားထံမှ အတိုးနှုန်းယူရန် မူလကသဘောတူ ခဲ့ပါလျက်၊ယင်းအတိုးနှုန်းကို ငွေချေးစာချုပ်တွင် မဖေါ်ပြခဲ့လျင်၊ထိမ်ဝှက်ခြင်းမြောက်သောကြောင့်ပုဒ်မ ၁၅ အရ၊ စာချုပ်တခုလုံးပျက်ပြယ်သည်။ ယင်းစာချုပ်ကိုသာ မှီခိုအားထားကာ ငွေရှင်က တရားခွဲဆိုပိုင်ခွင့်မရှိ။ ဤအမှုတွင်၊ ငွေရှင်က မူလ၌ အတိုးယူရန် ရည်ရွယ်ခြင်းမရှိခဲ့ဟု၊ အကြောင်း ချင်းရာမှ ယူဆနိုင်သောကြောင့်၊အတိုးနှုန်းကို ဖေါ်ပြခြင်းမပြုသော စာချုပ်သည် ပျက်ပြယ်ခြင်းမရှိ၊ သို့ရာတွင် ယင်းစာချုပ်အရ၊ ငွေရင်းကိုသာ ဒီကရီချမှတ်ပေးနိုင်သည်။ ရုံးတွင် အတိုးခွင့်ပြုနိုင်သည့် အာဏာမရှိ။ {ကာစီပရာဆပ်နှင့် ဒလစ်ဆင် ၊၁၉၇၁ (ရုံးချုပ်)စာ ၃၈}
ဆက်လက်ဖော်ပြပါမည်
crd.
#စာချုပ်စာတမ်းရှေ့နေ

မိုးထည်းလေထည်း ပြေးလိုက်လွှားလိုက်ဘဲ ပုံတောင်မတင်နိင်
07/06/2024

မိုးထည်းလေထည်း ပြေးလိုက်လွှားလိုက်ဘဲ ပုံတောင်မတင်နိင်

16/05/2024

ပုဒ်မ ၄၀၈
ကုမ္ပဏီဝန်ထမ်းများအနေဖြင့် ကုမ္ပဏီပိုင်ငွေကိုအလွှဲသုံး
စားလုပ်လျှင် ယခုပုဒ်မဖြင့် အရေးယူခြင်းခံရပါမည်။
နားလည်အောင် ရေးမယ်ဆို ဝန်ထမ်းကနေ လိမ်လည်မှု
အခုနောက်ပိုင်း Company တွေမှာ ငွေကိုင် စာရင်းကိုင်
အချို့က ငွေအလွဲသုံးစား လုပ်လာကြတာများသည်။ထို
ကြောင့် ဤပုဒ်မဖြင့်အရေးယူနိုင်ပါသည်။
ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု -
ပုဒ်မ - ၄၀၈ ။ ။ မည်သူမဆို စာရေးသော်လည်းကောင်း ၊
အစေခံသော်လည်းကောင်းဖြစ်၍ သို့တည်းမဟုတ် စာရေး
အဖြစ်ဖြင့်သော်လည်းကောင်း ၊ အစေခံအဖြစ်ဖြင့်
သော်လည်းကောင်း ၊ ခိုင်းစေခြင်းခံရ၍ ထိုသို့သော
အနေဖြင့် ပစ္စည်းကို ၊ သို့တည်းမဟုတ် ပစ္စည်းစီမ့ခန့်ခွဲပိုင်
ခွင့်ကို တစ်နည်းနည်းဖြင့် အပ်နှံခြင်းခံရသည်တွင်၊ထိုပစ္စည်း
နှင့်စပ်လျဉ်း၍ ရာဇဝတ်မကင်းသော ယုံကြည် အပ်နှံရေး
ဖောက်ဖျက်မှုကို ကျူးလွန်လျှင် ထိုသူကို ခုနစ်နှစ်ထိ
ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့် အပြင် ၊ ငွေဒဏ်လည်း
ချမှတ်နိုင်သည်။
ကျင့်ထုံး - ရဲအရေးပိုင်သည် (ရဲစခန်းတွင်တိုင်တန်း
နိုင်သည်။) ၊ အာမခံမပေးနိုင်ပါ။ ကျေအေးခွင့်မရှိပါ ။
အာမခံမရနိုင်သည့်အတွက် အချုပ်ထဲမှ အမှုကို ထုချေ
ဆောင်ရွက်ရမည့် အခြေအနေဖြင့်ပါသည်။
ဒီလိုကိစ္စရပ်အပေါ် ဆောင်ရွက်၍ရသည့်အချက်မှာ
ရာဇဝတ်ကြောင်းအရအရေးယူခြင်းနှင့် တရားမ ကြောင်း
အရ ငွေရလိုမှုစွဲဆိုခြင်း ဖြင့် တစ်ခုတည်းဖြစ်စေ ၊ နှစ်ခု
စလုံးဖြင့် စွဲဆို၍ဖြစ်စေ အရေးယူဆောင်ရွက်လို့ ရပါသည်။
ရာဇဝတ်ကြောင်းအရ အရေးယူမည်ဆိုလျင်တော့
ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၈ အရ အရေးယူ ဆောင်ရွက်
ရမှာဖြစ်ပါသည်။ တရားမကြောင်းအရ အရေးယူ
ဆောင်ရွက်မည်ဆိုလျင်တော့ ငွေအလွဲသုံးစားပြုလုပ် သည့်
နေ့ (သို့မဟုတ်) ပြန်လည်ပေးဆပ်ရန် နောက်ဆုံးထားကတိ
ပြုသည့်နေ့မှ (၃) နှစ်အတွင်း တရားစွဲဆိုရမည် ဖြစ်
ပါသည်။
ထို့ကြောင့် ဝန်ထမ်းများအနေဖြင့် မိမိအလုပ်လုပ်ကိုင်ရာ
ကုမ္ပဏီ ၊ အလုပ်ရှင် ထံမှ ငွေကြေး သို့မဟုတ် ပစ္စည်းကို
အလွဲသုံးစားပြုပါက အထက်ပါအတိုင်းအရေးယူဆောင်ရွက်
ခံရမှာဖြစ်တဲ့အတွက် ပုဒ်မ ၄၀၈ ကို သိထားသင့်ပါသည်။
အလုပ်ရှင်က ရာဇဝတ်ကြောင်းဖြင့် ဦးစွာစွဲဆိုသည့်အပေါ်
ပြစ်ဒဏ်ကျ၍ ထောင်ကျခံလိုက်ယုံဖြင့် ပြစ်မှုကျူးလွန်သူ
ဝန်ထမ်းသည် ငွေပေးဆပ်ခြင်းမှကင်းလွတ်မည်မဟုတ်ပါ။
(၃) နှစ်အတွင်း အလုပ်ရှင်က တရားမ ကြောင်းအရ စွဲဆို
တောင်းခံနိုင်မည်ဖြစ်ပြီး အမှုနိုင်ခဲ့ပါက ငွေပေးဆပ်ရမည်
ဖြစ်ပါသည်။ အကယ်၍ အလုပ်ရှင်က (၃) နှစ်အတွင်း
တရားမကြောင်း မစွဲခဲ့လျင်တော့ ကာလစည်းကမ်းသတ်
ကျော်လွန်ပြီဖြစ်၍ စွဲဆိုတောင်းခံနိုင် တော့မည်မဟုတ်ပါ။
Crd
ဒေါ်ဆုဆုခိုင်
၀၉၄၂၁၁၃၃၆၅၅

13/05/2024

လင်မယား နှစ်ဦးသဘောတူ ကွာရှင်းရာ၌ အခြေခံပြုသည့်
ပစ္စည်းခွဲ ဝေရေး --------------------------------------------------------------------------
ပါရင်း ပစ္စည်း
၁။ ငယ်လင်ငယ်မယား နှစ်ဦးသဘောတူ ကွာရှင်းရာ၌ နိဿယနှင့် နိဿိတအခြေဖြစ်လျှင် ပါရင်းပစ္စည်း ယူဆောင်လာသူ နိဿယက နှစ်စု၊ နိဿိတက တစ်စု ရရှိသည်။
၂။ အိမ်ထောင်ကြီးချင်း အပြစ်မရှိဘဲ နှစ်ဦးသဘောတူ ကွာရှင်းလျှင်ဖြစ်စေ၊ အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းလျှင်ဖြစ်စေ၊ မိမိတို့၏ သက်ဆိုင်ရာ အထက်ပါပစ္စည်းများကို ပြန်ရကြသည်။ အကြောင်းမှာ အ ထက်ပါပစ္စည်းသည် အိမ်ထောင်ကြီးများအဖို့ နှစ်ဦးပိုင်ပစ္စည်း မဖြစ်နိုင်သည့်အပြင် တစ်ဦး၏ပစ္စည်း ၌ တစ်ဦးက အကျိုးခံစားခွင့်မရှိသောကြောင့်ဖြစ်သည်။
၃။ မုဆိုးဖိုနှင့် အပျိုတို့ အကြောင်းပါလျှင် ငယ်လင်ငယ်မယားပင်ဖြစ်ရာ အပြစ်မရှိဘဲ နှစ်ဦးသဘောတူ ကွာရှင်းရာ၌ နိဿယနှင့် နိဿိတအခြေဖြစ်ပါက လင်၏ ပါရင်းတွင် မယား၌ သုံးပုံတစ်ပုံ ရခွင့်ရှိပေ သည်။

နှစ်ပါးစုံနှင့် သာမန်လက်ထက်ပွား ပစ္စည်း
၄။ငယ်လင် ငယ်မယားဖြစ်စေ၊ အိမ်ထောင်ကြီးဖြစ်စေ နှစ်ဦးသဘောတူ ကွာရှင်းကြလျှင် နှစ်ပါးစုံ ပစ္စည်းကို အညီအမျှ ခွဲဝေယူကြရမည်။
၄(က)]။ထိုနည်း အတူပင် သာမန်လက်ပွား ပစ္စည်းကိုလည်း အညီအမျှ ခွဲဝေယူကြရမည်။
၅။ အိမ်ထောင်ကြီးလင်မယား နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲလျှင် လက်ထက်ပွားပစ္စည်းကို နိဿယနှင့် နိဿိတ သဘောအရ ခွဲဝေခွင့်ရှိသည်။ ပါရင်းပစ္စည်းတွင်မူ နိဿယနှင့် နိဿိတသဘောနှင့် မသက် ဆိုင်ပေ။
၆။အချင်းဖြစ်မြေကွက်သည် ဦးကျော်ဝင်းနှင့် ဒေါ်အေးအေးတို့ လင်မယားအဖြစ် ပေါင်းသင်းစဉ် နှစ်ဦးပိုင် ပစ္စည်းအဖြစ် ရရှိခဲ့ကြသော လက်ထက်ပွားပစ္စည်းဖြစ်ကြောင်း ထင်ရှားရာ လင်မယားနှစ်ဦး ကွာရှင်းစဉ် မခွဲဝေရသေးသည့် နှစ်ဦးပိုင်လက်ထက်ပွားပစ္စည်းအဖြစ် တည်နေကြောင်း အငြင်းပွား၍ မရနိုင်ပေ။ ထိုပစ္စည်းတွင် လင်မယားကွာရှင်းလိုက်ပြီးနောက် တစ်ဦးဦးအမည်ဖြင့် ဂရန်အမည်ပေါက်လာသည် ဆိုရုံမျှဖြင့်မူ လက်ထက်ပွားပစ္စည်း၏ အနေအထားမှာ ဂရန်အမည်ပေါက်သူတစ်ဦးတည်းပိုင်ပစ္စည်း ဖြစ်မလာနိုင်။ မခွဲဝေရသေးသော လက်ထက်ပွား နှစ်ဦးပိုင်ဂရန်မြေအဖြစ်သာ တည်နေကြောင်း တိုင်းတရားရုံးက သုံးသပ်ဆုံးဖြတ်ခဲ့ခြင်းမှာ မှားယွင်းခြင်း မရှိချေ။
၇။ ငယ်လင် ငယ်မယားဖြစ်စေ၊ အိမ်ထောင်ကြီးဖြစ်စေ နှစ်ဦးသဘောတူ ကွာရှင်းလျှင် အမွေရ လက် ထက်ပွားပစ္စည်း ၌ ပစ္စည်းရခဲ့သူက နှစ်စုနှင့် ၎င်း၏ခင်ပွန်းသည်က တစ်စု ရရှိမည်။
၈။ လင်ဖြစ်သူ၏ သာမန်အိမ်ထောင်ရေးပြစ်မှုကြောင့် လင်နှင့် မယားတို့ ကွာရှင်းပြတ်စဲကြလျှင် လင် တစ်ဦးတည်း ရှာဖွေရရှိသောပစ္စည်းတွင် မယားဖြစ်သူသည် သုံးပုံတစ်ပုံ ရထိုက်သည်။
၉။ မယားဖောက်ပြန်ကြောင်း ထင်ရှားလျှင် လင်သည် လင်မယားနှစ်ဦးပိုင်ပစ္စည်းအားလုံးကို ရခွင့်ရှိပေ သည်။
၁၀။ သို့ရာတွင် လင်မယားနှစ်ဦးပိုင်ပစ္စည်းတွင် မယား၏အခွင့်အရေး ဆုံးရှုံးရန်မှာ လင်ဖြစ်သူက မိမိမယား သည် တစ်ပါးသောသူနှင့် ကျူးလွန်ကြောင်း အလွန်ထင်ရှားသည့် သက်သေခံချက်များ ပြရန်လိုပေ သည်။ လင်၏စွပ်စွဲချက်နှင့် မသင်္ကာစရာအချက်များ ပေါ်ပေါက်နိုင်သည့် စာရွက်စာမ်းများ တင်ပြနိုင် ရုံမျှဖြင့် ထင်ရှားသည်ဟု မဆိုနိုင်ကြောင်း
၁၁။ မယားသည် ဖောက်ပြန်ပြီး လင်အား စွန့်ပစ်သွားပါက နှစ်ပါးစုံပစ္စည်းရှိ မယား၏အခွင့်အရေးများ ဆုံးရှုံးခြင်းခံရမည်။ဤကိစ္စတွင် လင်မယားတို့သည် ငယ်လင် ငယ်မယားဖြစ်သည် သို့မဟုတ် အိမ် ထောင် ကြီးများ ဖြစ်သည်ဆိုသည့် အချက်မှာ ထူးခြားမှုမရှိပေ။
၁၂။ လင်ဖြစ်သူ ထောင်ကျစဉ် မယားက နောက်အိမ်ထောင်ပြုခြင်းသည် ဖောက်ပြန်ခြင်းပင်မည်ပေ သည်။ မယားသည် လင်မယားနှစ်ဦးပိုင်ပစ္စည်းများမှ အခွင့်အရေးဆုံးရှုံးခြင်း ခံရပေမည်။
၁၃။လင်ငယ်နောက်လိုက်ပြေးပြီး လင်ကြီးအား ပြစ်ထားသည့်မယားသည် လင်မယားနှစ်ဦး အတူကြိုး ပမ်းရရှိသည့် ပစ္စည်းများတွင် မည်သည့်အခွင့်အရေးမျှ ရခွင့်မရှပေ။
၁၄။ မယားဖြစ်သူ ဖောက်ပြန်သည့်ပြစ်မှု၌ လင်နှင့်မယားတို့သည် အိမ်ထောင်ကြီးများဖြစ်ပါက မယား၏ အထက်ပါပစ္စည်းများရှိ အခွင့်အရေးများ မဆုံးရှုံးနိုင်ပေ။ မယားတွင် ၎င်း၏ အထက်ပါပစ္စည်းများကို ရခွင့်ရှိသည်။ အကြောင်းမှာ အိမ်ထောင်ကြီးချင်းလက်ထပ်လျှင် အထက်ပါပစ္စည်းမှာ အိမ်ထောင်သစ် ခင်ပွန်းသည်၌ မည်သည့်အခွင့်အရေးမျှ မရှိပေ။ ထို့ပြင် အိမ်ထောင်ဟောင်းမှ သားသမီးများသည် ၎င်းတို့၏ မိခင် သို့မဟုတ် ဖခင် ယူဆောင်သွားသော အထက်ပါပစ္စည်း၌ အမွေခံစားခွင့်ရှိသည်ဖြစ်ရာ မိဘ၏ပြစ်မှုကြောင့် အပြစ်မဲ့သော သားသမီးများ အခွင့်အရေးမဆုံးရှုံးနိုင်ပေ။
၁၅။ လင်နှင့်မယားတို့သည် အိမ်ထောင်ကြီးများဖြစ်စေကာမူ မယားဖောက်ပြန်ပါက နှစ်ပါးစုံပစ္စည်းရှိမယား ၏ အခွင့်အရေးများ ဆုံးရှုံးခြင်းခံရသည်။
၁၆။ လင်မယားအဖြစ် တည်ရှိနေသေးသရွှေ့ကာလပတ်လုံး လင်ကဖြစ်စေ၊ မယားကဖြစ်စေ လင်မယား ပိုင်ပစ္စည်းများကို ခွဲဝေပေးစေရန် တရားစွဲခွင့်မရှိချေ။ လင်မယားအဖြစ် ပြတ်စဲမှသာ ပစ္စည်းခွဲဝေခွင့် ရရှိသည်။ ဤအမှုတွင် မူလရုံးကဖြစ်စေ၊ မကွေးတိုင်းတရားရုံးကဖြစ်စေ လင်မယားကွာရှင်းသည့် ဒီကရီချမှတ်ခြင်းမပြုဘဲ ပစ္စည်းခွဲဝေသည့် ဒီကရီချမှတ်ခြင်းမှာ မှားယွင်းပေသည်။
၁၇။ လင်မယားကွာရှင်းပြီးသည့်နောက်တွင်မှ ပစ္စည်းခွဲဝေပေးရန်အကြောင်း ပေါ်ပေါက်မည်ဖြစ်ပေသည်။ လင်ယောကျာ်းပိုင်ဆိုင်သည့် ပစ္စည်းအပေါ် မယားဖြစ်သူက အတူပိုင်ဆိုင်ခွင့်ရှိသည်ဖြစ်၍ လင်မယား ကွာရှင်းခြင်းမပြုမီ ပစ္စည်းခွဲဝေခြင်းပြုခဲ့သည့်တိုင်အောင်ပင် ယင်းပစ္စည်းခွဲဝေမှုသည် အပြည့်အဝ အ ကျိုးသက်ရောက်မှု ရှိနိုင်မည်မဟုတ်ချေ။
၁၈။ မယားဖြစ်သူသည် သူတစ်ပါးနှင့် ဖောက်ပြန်သည်ဆိုရုံမျှဖြင့် လင်ယောကျာ်းဖြစ်သူက နှစ်ဦးပိုင်ပစ္စည်း များကို သိမ်းယူထားပိုင်ခွင့်မရှိပေ။ လင်သည် တရားရုံး၌ ကွာလိုမှု စွဲဆိုပြီး မယား၌ အပြစ်ရှိကြောင်း ထင်ရှားအောင် ပြဆိုရပေမည်။ သို့တည်းမဟုတ် လင်သည် မယားထံမှ အပြစ်ရှိကြောင်း ဝန်ခံချက်ကို ရယူပြီးနောက် နှစ်ဦးသဘောတူညီချက်မှုဖြင့် လင်က နှစ်ပါးစုံပစ္စည်းကို သိမ်းယူပြိး လင်ခန်းမယားခန်း ပြတ်စဲနိုင်ခွင့် ရှိပေသည်။
----------------------------------------------------------------------------

( ဦးမြစိန် ၊ မြန်မာဓလေ့ထုံးတမ်းဥပဒေ အခြေခံမူများ ၊ ၂၀၁၁ ခုနှစ် ၊ မတ်လ ၊ စာ ၆၅ ၊ ၆၆ ) ။ ဓာ

၁။ မောင်စံဘွင့် နှင့် မသန်းစိန် ( ၁၉၄၈ မတစ ၁ ) ။
၂။ဦးထန်မှတ် နှင့် ဦးဘသိန်း ( ၁၉၆၂ မတစ ရုံးချုပ် ၃၄ ) ။
၃။( မငွေနှစ် နှင့် မောင်ဖိုးမှူး ( ၁၁ အယ်ဘီအာ ၅၂ ) ။
၄။မမြင့်နှင့် မောင်ထွေး [ ၂ ယူဘီအာ ( ၁၉၀၄-၀၆ ) ကွာရှင်း ၁၉ ]။
၄(က)။အက်ပီ အယ်အက် ချစ်တီး ကုန်တိုက်နှင့် မပု ( ၁၄ ရန်ကုန် ၆၉၇ ) ။
၅။မဆိုင် နှင့် မောင်ရန်ကင်း [၂ ယူဘီအာ ( ၁၉၁၄-၁၆ ) ၁၂၇ ]။
၆။ဦးသိန်းနိုင် ( ခ ) ဦးဘိုနီ နှင့် ဒေါ်အေးအေး ( ၁၉၉၂ မတစ ၁၅၉ ) ။
၇။မောင်ရွှေသာ နှင့် မဝိုင်း ( ၁၁ အယ်ဘီအာ ၄၈ ) ၊ ဦးဖေနှင့် ဦးမောင်မောင်ခ [ ၁၀ ရန်ကုန် ၂၆၁ ( ၂၆၈ )]။
၈။မအေးညွန့် နှင့် မောင်တုတ်ဖြူ [ ၂ယူဘီအာ ( ၁၈၉၇-၀၁ ) ကွာရှင်း ၃၉ ]။
၉။မဒွန်းမယ် နှင့် မောင်စံထွန်း ( ၁၉၃၈ ရန်ကုန် ၂၂၉ ) ။
၁၀။ဒေါ်လှချစ် နှင့် ဦးစံ ( ၁၉၆၅ မတစ ၈၈၇ ) အမှုတွင် ပြဆို သည်။
၁၁။အက်အေအက် ချစ်တီးတရားကုန် တိုက် နှင့် ဦးမောင်ကြီး ( ၁၄ ရန်ကုန် ၃၂၉ ) ။
၁၂။အောင်ဖြူနှင့် သက်နှင်း ( ၈ အယ်ဘီအာ ၅၀ ) ။
၁၃။မောင်ဘုန်း နှင့် မခင် [ ၂ ယူဘီအာ ( ၁၈၉၂-၉၆) ၁၁၆ ]။
၁၄။ ဦးထန်မှတ် နှင့် ဦးဘ သိန်း ( ၁၉၆၁ မတစ ရုံးချုပ် ၃၄ ) ။
၁၅။အက်အေအက် ချစ်တီးကုန်တိုက်နှင့် ဦးမောင်ကြီး ( ၁၄ ရန်ကုန် ၃၂၉ ) ။
၁၆။ဦးစိုးမြင့် နှင့် မခင်စိုးဝင်း [ ၁၉၈၄ မတစ ၆၉ ( ၇၀ ) ]။
၁၇။ဒေါ်စန်းရီ နှင့်ဒေါ်ကျော့ကျော့ခိုင် ( ၁၉၈၄ မတစ ၇၆ ) ။
၁၈။ဒေါ်သိန်းမြ နှင့် ဒေါ်ကျင် ( ခ ) အကျင် ( ၁၉၈၄ မတစ ၃၂၈ ) ။
Crd
Daw su su khing
09421133655
ဒေါပုံ၊ရန်ကုန်မြို့

12/05/2024

21/04/2024

အိမ်နှင့်မြေ သို့မဟုတ် မြေကွက် လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင် အရောင်းအဝယ် စာချုပ်တွင် အဓိက ပါဝင်ရမည့် အချက်များ။
=========================

၁။ ရောင်းသူနှင့်ဝယ်သူတို့သည် နိုင်ငံသားများ ဖြစ်ရပါမည်။

၂။ ရောင်းသူနှင့် ဝယ်သူတို့၏ နိုင်ငံသားစိစစ်ရေးရေးကဒ်ပြားအမှတ် သို့မဟုတ် နိုင်ငံသားလက်မှတ်အမှတ်နှင့် နေရပ်လိပ်စာတို့ကို ပြည့်ပြည့်စုံစုံ ဖော်ပြရပါမည်။

၃။ ရောင်းချသည့်တန်ဖိုးကို မှန်မှန်ကန်ကန်ဖော်ပြရပါမည်။အကယ်၍တန်ဖိုးလျော့ပြပါက အခွန်လိမ်လည်မှုအရ အရေးယူခြင်း ခံရပါမည်။ လျော့ပြသည့်အခွန်တန်ဖိုး၏ ( ၁၀ )ဆကို ဒဏ်ငွေအဖြစ် ခံရနိုင်ဖွယ်ရာ ရှိပါသည်။

၄။ ရောင်းချသည့် မြေကွက်၏ ဦးပိုင်အမှတ်နှင့် အလားလေးရပ်၊ မြေဧရိယာအတိုင်းအတာတို့ကို ဖော်ပြရပါမည်။ ဂရန်၌ ဖော်ပြပါရှိသည့်အတိုင်း ဖြစ်ရပါမည်။

၅။ ရောင်းသူက ငွေအပြေအကျေ ရရှိပြီးကြောင်းနှင့် ဝယ်သူကလည်း အိမ်နှင့်မြေသို့မဟုတ် မြေကို လက်ဝယ်ရရှိပြီးကြောင်း ဖော်ပြပါရှိရပါသည်။

၆။ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်အတွက် ကျသင့်သော တံဆိပ်ခေါင်းခွန်ကို ဝယ်သူက ထမ်းဆောင် ထားရပါမည်။

၇။ ကိုယ်စားလှယ်အဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်းဖြစ်ပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ကိုယ်စားလှယ်ဖြစ်ရမည့်အပြင် ကိုယ်စားလှယ်စာပေးသူ အသက်ထင်ရှား ရှိကြောင်း ကိုယ်စားလှယ်စာရရှိသူက တရားရုံးတော်တွင် သက်သေ( ၂ ) ဦး ပါဝင်၍ ပြုလုပ်သော ကျမ်းကျိန်ဆိုချက်နှင့်အတူ ကိုယ်စားလှယ်စာ မူရင်းကို တင်ပြရပါမည်။

၈။ ရောင်းချသူ သို့မဟုတ် ဝယ်ယူသူသည် နိုင်ငံခြားသို့ ရောက်ရှိနေသူဖြစ်ပါက နိုင်ငံခြားရှိ မြန်မာသံရုံးတွင် တရားဝင်ပြုလုပ်ထားသော ကိုယ်စားလှယ်လွှဲစာမူရင်းကို ပူးတွဲတင်ပြရပါမည်။

၉။ အမည်ပေါက်ပိုင်ဆိုင်သူ သို့မဟုတ် အမည်ပေါက်ပိုင်ဆိုင်သူ ကွယ်လွန်သွားပါက အမွေဆိုင်များက စာချုပ် စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း သို့မဟုတ် စီရင်ပိုင်ခွင့် ရှိသော တရားရုံးက ထုတ်ပေးထားသော အမွေထိန်း လက်မှတ်စာအပြင် တရားရုံးက အမွေထိန်းစာပါ မရွှေ့ မပြောင်းနိုင်သည့် အိမ်၊မြေ သို့ဟုတ် မြေကို ရောင်းချခွင့်ပြုသည့် အမိန်တို့ကို တင်ပြနိုင်ရပါမည်။

၁၀။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းအရ ရောင်းချခြင်းဖြစ်ပါက အမွေဆိုင်အားလုံးက ရောင်းသူ အနေဖြင့် ပါဝင်လက်မှတ်ရေးထိုးရပါမည်။

၁၁။ အမွေထိန်းစာအရ ရောင်းချခြင်းဖြစ်ပါက အမွေထိန်းစာလက်မှတ်ရရှိသူက ရောင်းချသူအနေဖြင့် လက် မှတ်ရေးထိုးရပါမည်။ ထိုသို့ ရောင်းချခြင်းအတွက် တရားရုံး၏ ခွင့်ပြုချက်ပါရှိရပါမည်။

၁၂။ အရွယ်မရောက်သူကိုယ်စား တရားရုံးကခန့်ထားသည့် အုပ်ထိန်းသူက မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းချရန် တရားရုံး၏ ခွင့်ပြုမိန့်ရရှိပါက အရွယ်မရောက်သူပိုင် ရွှေ့ပြောင်း နိုင်သည့်ပစ္စည်းနှင့် မရွှ့မပြောင်း နိုင်သည့် ပစ္စည်းကို ရောင်းချနိုင်ပါသည်။

၁၃။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း လျှောက်ထားရာ၌ အမွေ ပိုင်ဆိုင်ကြောင်း၊ အမွေဆိုင်အားလုံးပါဝင်ကြောင်းနှင့် စပ်လျဉ်း၍ အမွေပိုင်ဆိုင်ကြောင်း၊ အမွေဆိုင်အားလုံး ပါဝင်ကြောင်းနှင့်စပ်လျဉ်း၍အမွေပိုင်ဆိုင်သူအချို့ကို ချန်လှပ်၍ ကျမ်းကျိန်ဆိုခြင်းပြုပါက မမှန်မကန် ကျမ်းကျိန် ဆိုမှုအတွက် တာဝန်ရှိသည့်အပြင် ထိုသို့ အမွေဆိုင်အချို့ကို ချန်လှန်၍ လျှောက်ထားရရှိသော ပိုင်ဆိုင် ကြောင်း မြွက်ဟကြေညာစာတမ်းမှာလည်း သက်ဆိုင်ရာက သိရှိလျှင် သော်လည်းကောင်း၊ တစ်ဦးတစ် ယောက်က ကန့်ကွက်လာလျှင် သော်လည်းကောင်း၊ မှတ်ပုံတင်ထားပြီးသော စာချုပ်ပယ်ဖျက်ခြင်း ခံရမည်ဖြစ် ပါသည်။

၁၄။ အလားတူ မြေပုံမြေရာဇဝင် ကူးယူရာ၌လည်း ဖော်ပြသည့် ကတိသစ္စာပြုလွှာမှာ မှန်ကန်မှု မရှိပါက လိမ် လည်၍ကျမ်းကျိန်ဆိုမှုအတွက် အရေးယူခြင်းခံရနိုင်ကြောင်း သိရှိထားသင့်ပါသည်။

၁၅။ ကွယ်လွန်သူ၏ အမွေဆိုင်သူ သားသမီးများ သို့မဟုတ် ကွယ်လွန်သူ၏ ညီအစ်ကိုမောင် နှမ အရင်းများက ကွယ်လွန်သူပိုင် အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာစာတမ်းလျှောက်ထား၍ ခွင့်ပြုပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန် ( ပုံသေ ) ပေးဆောင်ရပါမည်။

၁၆။ ကွယ်လွန်သူ၏ အမွေဆိုင်များအနက်မှ တစ်ဦးဦးက ကွယ်လွန်သူ၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့ မပြောင်းနိုင်သောပစ္စည်းတို့ကို စီမံခန့်ခွဲနိုင်ရန် အမွေထိန်းစာ လျှောက်ထား နိုင်ကြပါသည်။ တစ်ခါတစ်ရံ အမွေဆိုင်များ အပြိုင်လျှောက်ထားလာပါက တရားရုံးက သင့်တော်မည့်အမွေဆိုင်ကို အမွေထိန်းလက်မှတ်စာ ထုတ်ပေးနိုင်ခွင့်ရှိပါသည်။ အမွေထိန်းစာ အပြိုင်လျှောက်ထားလာပါက တရားမကြီးမှုအဖြစ်ပြောင်းလဲ၍ တရား ရုံးက စစ်ဆေးသွားမည် ဖြစ်ပါသည်။ အမွေထိန်းစာရရှိသူသည် လျှောက်ထားသည့် ပစ္စည်းတန်ဖိုး စုစုပေါင်း အပေါ် ကျပ်တစ်ရာနှင့်( ၇ ) ကျပ်နှုန်း ရုံးခွန်တော်ထမ်းဆောင်ရပါသည်။ ကွယ်လွန်သူပိုင် မရွှေ့မပြောင်းနိုင် သည့် အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ကို ထုခွဲရောင်းချလိုပါက အမွေထိန်းစာ ထုတ်ပေးသည့် တရားရုံး ၏ခွင့်ပြုချက်ရရှိမှသာလျှင် ရောင်းချနိုင်မည်ဖြစ်ပါသည်။ အမွေထိန်းစာရရှိသူသည် ကွယ်လွန်သူမှ ရရန်ရှိသော ကြွေးမြီများကို ရှင်းလင်းပြီးနောက် ကျန်ငွေသားများနှင့် ပစ္စည်းများကို အမွေဆိုင် တို့အား မျှမျှတတ ခွဲဝေပေး ရန် တာဝန်ရှိပါသည်။

၁၇။ အပိုဒ် ၁၆ အရ အမွေထိန်းလက်မှတ်စာ အပြိုင်အဆိုင်လျှောက်ထားမှုတွင် အမွေပုံ စီမံခန့်ခွဲမှု စွဲဆိုရန် ပေါ်ပေါက်ပါက တရားရုံးအနေဖြင့် မည်သူ့ကိုမျှ အမွေထိန်းလက်မှတ်စာ ထုတ်ပေးမည် မဟုတ်ကြောင်း သတိ ပြုသင့်ပါသည်။ အမွေဆိုင်တို့အနေဖြင့် ကွယ်လွန်သူ အမွေရှင်၏ ကျန်ရစ်သော အမွေကို မိမိတို့ရသင့်ရထိုက် သော အမွေဝေစုကို စီရင်ပိုင်ခွင့်ရှိသော တရားရုံးတွင် တရားတစ်ထုံး စွဲဆိုရန် ဖြစ်ပါသည်။

( ဦးဗကြိုင် ( ဘီအေ၊ ဘီအယ်လ် ) ၊ မရွှေ့မပြောင်းနိုင်သည် အိမ်၊ခြံ၊မြေ၊ တိုက်ခန်း စသည်များ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ ၊ စာ ၉ မှ ၁၁ ထိ) ။

#မူရင်းရေးသားသူအားလေးစွာဖော်ပြအပ်ပါသည်

18/03/2024

တိုက်ခန်းစရန်ငွေပေးသည့်နေ့တွင် ဝယ်သူအနေဖြင့် ရောင်းသူထံမှရယူရမည့်စာရွက်စာတမ်းများ

တိုက်ခန်းစရန်ငွေပေးသည့်နေ့တွင် ဝယ်သူအနေ ဖြင့် ရောင်းသူထံမှရယူရမည့်စာရွက်စာတမ်းများမှာ -

(၁) မြေရှင်နှင့် ကန်ထရိုက်အကျိုးတူဆောက်သည့်
တိုက်ခန်းဖြစ်လျင် မြေရှင် နှင့် ကန်ထရိုက်တို့ချုပ်
ဆိုသည့် စာချုပ် (မိတ္တူ)
(၂) အဆောက်အအုံဆောက်လုပ်ခွင့်ပြုမိန့် စာရွက်
စာတမ်း ၊
(၃) BCC စာရွက် (အဆောက်အအုံပြီးစီးကြောင်း
သက်သေခံလက်မှတ်) မိတ္တူ
(၄) ရောင်းသူသည် မြေရှင် သို့မဟုတ် ကန်ထရိုက်
မဟုတ်ပါက ရောင်းသူက အဆင့်ဆင့်ဝယ်ယူထား
သည့် စာချုပ်များ (မိတ္တူ)
(၅) ခင်ပွန်း ကဝယ်ယူထားပြီး ဇနီးက ၎င်းကိုယ်တိုင်
နှင့် ခင်ပွန်း၏ Sp/GP အရ ရောင်းချခြင်းဖြစ်က
၎င်းတို့ ၏အိမ်ထောင်စုဇယား နှင့် Sp/Gp (မိတ္တူ)
(၆) မူလဝယ်ယူသူကိုယ်စား SP/Gp ရသူက ရောင်းချ
ခြင်းဖြစ်က Sp/GP ( မိတ္တူ ) နှင့် ကိုယ်စားလှယ်
ရသူ ၏ မှတ်ပုံတင် မိတ္တူ
(၇) အမွေဆက်ခံခွင့်ရသူ တစ်ဦးဦးကရောင်းချြခင်းဖြစ်
က အမွေဆက်ခံရရှိသည်ဆိုသည့် အထောက်
အထား စာရွက်စာတမ်း (မိတ္တူ)
စသည်တို့ဖြစ်ပါသည်။

ဘာကြောင့် မိတ္တူရယူထားရန်လိုအပ်သလဲ

မိတ္တူများ ရယူထားမှသာလျင် အပြီးသတ်စာချုပ်မချုပ်မီသော်လည်းကောင်း ၊ ချုပ်ဆိုရမည့်နေ့တွင်သော် လည်းကောင်း ရောင်းသူဘက်မှပျက်ကွက်ပါက ဝယ်သူအနေဖြင့် တရားတစ်ထုံးစွဲဆိုရာတွင် အထောက်အထား အနေဖြင့် အသုံးပြုနိုင်ရန်အတွက် ရယူထားရန်လိုအပ်ခြင်းဖြစ်ပါသည်။
#မူရင်းရေးသားသူအား လေးစားစွာဖြစ်ကူးယူဖော်ပြပါသည်။

အခွန်ဆောင်မည့်သူများအတွက် ၂၀၂၃-၂၄ ခုနှစ် တန်ဖိုးဖြတ်(ရာပြတ်နှုန်းထား) အသစ်ထွက်တဲ့အတွက် အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ...
12/03/2024

အခွန်ဆောင်မည့်သူများအတွက် ၂၀၂၃-၂၄ ခုနှစ် တန်ဖိုးဖြတ်(ရာပြတ်နှုန်းထား) အသစ်ထွက်တဲ့အတွက် အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းကိုပါဖော်ပြပေးလိုက်ပါတယ်။

ကျွန်တော်တို့တွေဟာ အခွန်ဆောင်တဲ့ နေရာမှာ ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။ ဒါကြောင့် ကျွန်တော် ဒီနေ့မှာ အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းလေးကို ပြောပြပေးပါ့မယ်ရှင်

(၁) ၄လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)

(၂) ၁နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။

(၃)အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။

(၄)ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။

(၅)ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။

(၆)ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။

(၇)တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။

ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄% ဖိုးဝယ်ယူပြီး ကပ်ရပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးနှုန်းအတိုင်း
မိမိမှာ “ငွေဖြူ” ရှိရင်တော့ သက်သာပါတယ်။
ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သော
ငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို
ပြောတာဖြစ်ပါတယ်။ ငွေဖြူမရှိဘူးဆိုရင်
သိန်း ၁- ၃၀၀,၀၀၀,၀၀၀ အထိ- ၃%၊ သိန်း ၃၀၀,၀၀၀,၀၀၁-၆၀၀,၀၀၀,၀၀ အထိ- ၅%၊ သိန်း ၆၀၀,၀၀၀,၀၀၁-၁,၀၀၀,၀၀၀,၀၀၀ အထိ ၁၀%၊ ၁,၀၀၀,၀၀၀,၀၀၀-၃,၀၀၀,၀၀၀,၀၀၀ အထိ ၁၅% ၊ ၃,၀၀၀,၀၀၀,၀၀၁ နှင့် အထက်- ၃၀% ဟူ၍ သတ်မှတ်ထားတဲ့ရာခိုင်နှုန်း အတိုင်း အမြတ်ငွေအပေါ် အခွန်ဆောင်ထားဖို့လိုပါမယ်။ ဝင်ငွေခွန် စည်းကြပ်မည်ဟု အခွန်ဥပဒေမှာလဲ ပြဌာန်းထားပါတယ်။

ထပ်တိုးတာက....

တံဆိပ်ခေါင်းရဖို့ ရောင်းသူက အမြတ်​ငွေရဲ့ ၁၀% အခွန်ဆောင်ထားမှ တံဆိပ်ခေါင်းကပ်လို့ရပါမယ်

အိမ်ရှင် ၁၀%မဆောင်ပေးရင်တံဆိပ်ခေါင်းမရပါ ဝယ်ယူထဲကတစ်ခါထဲညှိပါ။
crid

တရားရုံးတက်လက်မှတ်ထိုးရမ်အတွက်၊ ဆရာမဘဲအကုန်လုပ်ပေးပါပြောတော့လည်း ဒီဇိုင်းအသစ်လေးတွေ သွားရွေးပြီအခုလိုမျိုးတွေလည်းသတိုးသမ...
06/03/2024

တရားရုံးတက်လက်မှတ်ထိုးရမ်အတွက်၊ ဆရာမဘဲအကုန်လုပ်ပေးပါ
ပြောတော့လည်း ဒီဇိုင်းအသစ်လေးတွေ သွားရွေးပြီအခုလိုမျိုးတွေလည်း
သတိုးသမီးလေးအကြိုက်လုပ်ပေးပါတယ်နော်

၂၉.၂.၂၀၂၄ ရက်နေ့ အဝေးတမြို့နယ်အတွက် ကွာရှင်းမှုလေးလုပ်ပေးဖြစ်တယ်။
29/02/2024

၂၉.၂.၂၀၂၄ ရက်နေ့ အဝေးတမြို့နယ်အတွက် ကွာရှင်းမှုလေး
လုပ်ပေးဖြစ်တယ်။

Address

အမှတ်(အမှတ်၂၀၈) ဓမ္မစေတီလမ်း လမုတန်းရပ်ကွက် ဒေါပုံမြို့နယ်
Yangon

Telephone

+959421133655

Website

Alerts

Be the first to know and let us send you an email when ဒေါ်ဆုဆုခိုင် LL.B ဥပဒေအကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဒေါ်ဆုဆုခိုင် LL.B ဥပဒေအကျိုးဆောင်:

Share