Legal Consultant By AAC

Legal Consultant By AAC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Legal Consultant By AAC, Legal Service, Yangon.

25/02/2025

သတင်းစာကြော်ငြာခနှုန်းထားများ (Update)
17/02/2025

သတင်းစာကြော်ငြာခနှုန်းထားများ (Update)

မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ======================================အိမ်ခြံမြေဈေး ကွက်အတွင်းမှာ ...
16/07/2024

မြေအမျိုးအစား အလိုက်စာရွက်စာတမ်း
စစ်ဆေးရမည့် ပုံစံများ
======================================
အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး။

ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဂရန်မြေ

- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

ပါမစ်မြေ

ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ - ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။

အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ပွဲပျက် တာတွေတောင် ရှိတယ်”လို့မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှအမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ - ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

လယ်မြေ

လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်

- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊လယ်ယာမြေမှတ်ပုံတင် စာအုပ်၊စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ - လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။- အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂ ါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။
- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ - မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။

မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ - ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီးစာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရမှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

လန ၃၉ မြေ

- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ - ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါ တယ်။

တိုက်ခန်းဝယ်မယ်ဆိုရင်

တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့

- ဆက်စပ် စာချုပ်၊

- BCC (လူနေထိုင်ခွင့်)

- မြေ ရှင်လက်မှတ်

- ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့သိရပါတယ်။

ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။
The kumudra journal ဆောင်းပါးမှကူးယူ၍ အနည်းငယ်ဖြည့်စွက်ရေးသားထားပါသည်။

ပြင်ဦးလွင်မှာ မြေဝယ်မယ်ဆိုရင်မြေရောင်းချနေတာ သိသမျှလေးပြောပြပါမယ်၁။ မြို့ဂရန်မြေ (နှစ်၃၀ဂရန်) ရပ်ကွက်ကြီး ၁(ကချင်စုမပါ)...
06/05/2024

ပြင်ဦးလွင်မှာ မြေဝယ်မယ်ဆိုရင်
မြေရောင်းချနေတာ သိသမျှလေးပြောပြပါမယ်

၁။ မြို့ဂရန်မြေ (နှစ်၃၀ဂရန်) ရပ်ကွက်ကြီး ၁(ကချင်စုမပါ)မှ ရပ်ကွက်ကြီး ၁၀ ထိ

၂။ရွာမြေ ... ရပ်ကွက်ကြီး ၁၁ မှ ရပ်ကွက်ကြီး ၂၁ အပါအဝင် ကျေးရွာလူနေအိမ်ပတ်လည်အတွင်းရှိမြေ

၃။ ယာမြေ/လယ်မြေ ..... ရပ်ကွက်ကြီး ၁၁ မှ ၂၁ အပါအဝင် ကျေးရွာ​ရှိ မြေများ

၄။ကော်ဖီမြေ..... ကော်ဖီမြေဟူ၍သီးခြားမရှိပါ ယခင် မြန်မာ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်း/ကော်ဖီနှင့် စက်မှုသီးနှံဖွံဖြိုးရေးဌာနမှကော်ဖီစိုက်ပျိုးရန်ချထားသောမြေ (ဥယျဥ်ခြံမြေ သို့မဟုတ် လွတ်ရိုင်း ရထားသောမြေ နှင့် သစ်တောနှင့် နှစ်သုံးဆယ်ချထားသောမြေ) ပုံမှန်အားဖြင့်ရောင်းဝယ်လွှပြောင်းခွင့်မရှိသော်လည်း မူလပိုင်ရှင်လက်ထဲတော့အနည်းငယ်သာကျန်ရှိတော့ပါသည်

၅။ သစ်တောအစုအဖွဲ့ပိုင်မြေ (အရောင်းအဝယ်မရှိသလောက်ရှားပါသည်)

၆။စိုက်ပျိုးရန် ဧက ဆယ်ဂဏန်းမှ ရာဂဏာန်းထိ မြေ (မြေမတိုင်း သေးသော ကွင်အမည်မပေါက်သေးသောကြေးတိုင်ပြင်ရှိ ​သစ်တောမြေလဲမဟုတ်သော မြေလွတ်မြေရိုင်းများပေါ်တွင် တောင်သူဓါးမဦးချ မြေများ တောရိုင်းမြေလွတ်မြေလပ်များပါဝင်ပါသည်) အဆိုပါမြေကို စည်းကမ်းနှင့်ညီညွတ်ပါက လွတ်ရိုင်း (သို့မဟုတ်)ပုံစံ(၇)လျှောက်ထားနိုင်ပါသည်

၇။ လူနေမြေကွက်ရိုက်ထားသောမြေ ....အများဆုံးအရောင်းအဝယ်ဖြစ်နေကြသည်
များသောအားဖြင့် ယာမြေပေါ်တွင် မြေကွက်ရိုက် ကျောက်တိုင်စိုက်ကာ ရောင်းချနေကြပါသည် ကဏ္ဍအလိုက်ပြောပြရလျှင်
-က- အခြားနည်းသုံးစွဲခွင့်ရသောမြေ ပေါ်တွင်အကွက်ရိုက်ခြင်း (ရှားပါးလှပါသည်)
-ခ- ပုံစံ (၇)ကျပြီးမြေပေါ်တွင် အကွက်ရိုက်ခြင်း ပုံစံ(၇)ဟူသည်စိုက်ပျိုးခွင့်ပေးထားခြင်းပါ စည်းကမ်းနှင့်မညီက သိမ်းဆည်းပိုင်ခွင့်ရှိသည်ကို သတိချပ်ပါလေ
-ဂ- ပုံစံ (၇) မထွက်သေးသော အမြဲဦးပိုင်ပေါက်နှင့် (N)မမြဲ ဦးပိုင်ပေါက် ယာမြေပေါ်တွင် မြေကွက်ရိုက်ခြင်း
-ဃ-ကျေးရွာပိုင် စားကျက်မြေ ရွာဘုံ မြေပေါ် အကွက်ရိုက်ခြင်း

၈။ သစ်တောမြေ .... သစ်ပင်စိုက်ပျိုးရန် ဒေသခံကျူးကျော်တောင်ယာသမားများထံမှဝယ်ယူလျှက်ရှိကြပါသည်
အထူးအားဖြင့် မန္တလေးပြင်ဦးလွင် လမ်းသစ်ဖောက်မည်သတင်းကြီးသော ပုသိမ်ကြီးမြို့နယ် ဗရောရွာမှ တောင်ကျွန်း(ရွာသစ်)ကြားရှိမြေအများအပြား ငရန့်ချောင်းကျေးရွာနှင့်ဆင်လမ်းကျေးရွာအနားရှိ မြေကွက်ရိုက်ထားသောမြေနှင့် တောင်ယာစိုက်ထားသောမြေများ

၉။ Cyber City ရှိ ကျူးကျော်တောင်ယာသမားများထံမှဝယ်ယူထားသောမြေများ (ပြင်စာ/သုံးတောင်)

၁၀။ ရတနာပုံအိမ်ယာ စီမံကိန်းအဖြစ် သစ်တောမြေကို ပလပ်ထားသော ဒါးသွေးကျောက်နှင့် ဝါးပိုးရေ (သံလမ်းအနောက်ဖက်ခြမ်း)မြေများ

ကိုင်း... ဒီတော့ ဘယ်မြေကတရားဝင်လဲ ဘယ်မြေက တရားမဝင်ဘူးလဲ
ဘယ်မြေက ဝယ်ရင် ဆုံးရှုံးနိုင်လဲ? အန္တရာယ်ရှိနိုင်လဲ?
ဘယ်လိုမြေဝယ်သင့်လဲ?
ဘယ်လိုမြေလက်ရှောင်သင့်လဲ?
ဝယ်ပြီးခဲ့သော် ဘယ်လိုစီမံသင့်သလဲ ?
ဆိုတာတော့
နောက်ထပ် ပိုစ်တစ်ခု ပေါ့လေ။

မူရင်းရေးသားသူအားလေးစားပါသည်။
တဆင့်ပြန်လည်မျှဝေလိုက်ပါတယ်။

ဘာသာမတူပဲလက်ထပ်ထိမ်းမြားခြင်း မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံသားခရစ်ယာန်ဖြစ်ပါကတိုင်းတရားရုံး(သို့)မြို့နယ်တ...
28/04/2024

ဘာသာမတူပဲလက်ထပ်ထိမ်းမြားခြင်း

မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံသားခရစ်ယာန်ဖြစ်ပါကတိုင်းတရားရုံး(သို့)မြို့နယ်တရားရုံး (သို့) ရှေ့နေ ရှေ့တွင် လတ်မှတ်ထိုးလို့မရပါ။ church ကျောင်းတွင်ထိုးမည်ဆိုပါကလည်းခရစ်ယာန်နှစ်ချင်းခံပြီးသူဖြစ်ရမည်ဟူသောကန့်သတ်ချက်များရှိပါတယ်။

တရား၀င်လက်မှတ်ထိုးရမည့် နည်းလမ်း
၁။ မိန်းကလေးနေထိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့သတို့သားနှင့်တကွအတူတူသွားပါ။ သတို့သား၊ သတို့သမီးမှတ်ပုံတင်မိတ္တူ နှင့် အိမ်ထောင်စုစာရင်းမိတ္တူများယူဆောင်သွားပါ။ ထို့အတူ သက်ဆိုင်ရာမြို့နယ်တရားရုံးတွင်ကျမ်းကြိမ်စာ (မိန်းကလေးအတွက်) ကတိသစ္စာပြုလွှာ(ယောက်ကျားလေးအတွက်)များပါတွဲတင်ရန်လိုအပ်ပါသည်။ထိုကျမ်းကြိမ်လွှာများရရန်အတွက် သက်သေနှစ်ဦးလိုအပ်ပါတယ်။ သက်သေနှစ်ဦးရဲ့မှတ်ပုံတင် (သို့)မှတ်ပုံတင်နံပါတ်ပါ၀င်သောယာဉ်မောင်းလိုင်စင်များလိုအပ်ပါသည်။
၂။ မြို့နယ်ထွေအုပ်ရုံးမှ ဘာသာမတူလက်ထပ်ထိမ်းမြားခြင်းလျှောက်လွှာပုံစံ ၄စုံထုတ်ပေးပါလိမ့်မည်။ထိုလျှောက်လွှာတွင် ယောက်ကျားလေးအချက်အလက်များ၊မိန်းကလေးအချက်အလက်များကို အသေးစိတ်ဖြည့်ပေးပြီးကာယကံရှင်များရဲ့လက်မှတ်များထိုးပေးဖို့လိုအပ်ပါတယ်။
၃။ ထွေအုပ်ရုံးသို့လျှေက်လွှာတင်မည်ဆိုပါက သက်ဆိုင်ရာမြို့နယ်တရားရုံးမှ မိန်းကလေးကျမ်းကြိမ်စာ နှင့်ယောက်ကျားလေး ကတိသစ္စာပြုစာများလိုအပ်ပါသောကြောင့် မြို့နယ်တရားရုံးသို့သွားပါ။
၄။တရားရုံးသို့ရောက်ပါက ထွေအုပ်ရုံးမှဘာသာမတူထိမ်းမြားခြင်းအတွက် ကျမ်းကြိမ်လွှာလိုချင်ပါတယ်ဟုပြောလိုက်ပါက စာရေးမှ လိုအပ်သော စာရွက်စာတမ်းများပြုလုပ်ပေးပြီး ကျမ်းကြိမ်လွှာနှင့်ကတိသစ္စာပြုလွှာများတွင် တရားသူကြီးမှတံဆိပ်တုံးနှင့်ကျမ်းကြိမ်လွှာအမှတ်စဉ်ထုနှိပ်ပေးပြီးထိုစာချုပ်နှစ်စောင်အားပြန်ပေးပါလိမ့်မည်။ ထိုစာချုပ်ပေါ်တွင် သတို့သား သတို့သမီး သက်သေနှစ်ယောက်ရဲ့လတ်မှတ်များပါပါ၀င်ပါသည်။ ထိုစာချုပ်ရရန်အတွက် နံပါတ်၁တွင်ပြောပြထားသောစာရွက်စာတမ်းများလိုအပ်ပါသည်။
၅။ ကျမ်းကြိမ်လွှာ၊ကတိသစ္စာပြုလွှာနှင်တကွ အသေးစိတ်အချက်အလက်များဖြည့်ထားသောလျှောက်လွှာကိုထွေအုပ်ရုံးတွင်လျောက်ထားရပါမည်။
၆။လျောက်လွှာတင်သည့်နေတွင်ပင် ထွေအုပ်ရုံးတွင် တစ်စောင် မိန်းကလေးနေထိုင်ရာရပ်ကွပ်ရုံးတွင်တစ်စောင် ယောက်ကျားလေးနေထိုင်ရာရပ်ကွက်ရုံးတွင်တစ်စောင် အသီးသီးကြေငြာများကို၃ပတ်တိတိကပ်ပါသည်။
ရ။ ၃ပတ်အတွင်းကန့်ကွက်သူမရှိခဲ့ပါက ၃ပတ်ပြီးသည်နှင့် သတို့သား သတို့သမီးနှင့် အတူ ကျမ်းကြိမ်လွှာများတွင်လတ်မှတ်ထိုးပေးခဲ့သောသက်သေနှစ်ယောက်လိုက်ပါပြီးထွေအုပ်ရုံးမှတ်ပုံတင်အရာရှိအရှေ့တွင် တရား၀င်လတ်မှတ်ရေးထိုးနိုင်ပါပြီ။

နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင် အတွက် လိုအပ်တာတွေက
၁။ နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ တရားဝင်လာရောက်သည့် ပြည်ဝင်တုံးထုထားသည့် ပတ်စပိုစ့်စာအုပ်မူရင်း
၂။ နိုင်ငံခြားသား၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သန်းခေါင်စာရင်း မူရင်းနှင့် မြန်မာဘာသာပြန်ထားသည့် နိုတြီတံဆိပ်တုံးပါသည့် စာရွက်မူရင်း
၃။ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြောင်း၊ လူပျိုလူလွတ်ဖြစ်ပြီး သတို့သမီး သို့မဟုတ် သတို့သား ကို ချစ်ခင်စုံမက် တရားဝင်လက်ထက်မည်ဖြစ်ကြောင်း ကျမ်းကျိန်လွှာ
၄။ ဘုရားရှိခိုးနေသည့် (သို့မဟုတ်) ဆွမ်းကပ်နေသည့် ဓါတ်ပုံ(၃) တို့လိုအပ်ပါသည်။

မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်အတွက်
၁။ နိုင်ငံသားစိစစ်ရေးကတ်ပြားသာလိုအပ်သည်။
အမျိုးသမီးဆိုလျှင်အသက်(၂၀)ပြည့်ပြီးသူဖြစ်ရမည်။ အမျိုးသားဆိုလျှင် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။

ထပ်မံလိုအပ်တာတွေကတော့
၁။ လက်ထပ်စာချုပ်
၂။ သက်သေနှစ်ဦး၏ နိုင်ငံရေးစိစစ်ရေးကတ်ပြားတွေသာဖြစ်ပါတယ်။

အားလုံးစုံရင် မိတ္တူ (၄)စုံဆွဲသွားပါ။ ခရိုင်တရားသူကြီးထံမှာ လျှောက်လွှာတင်ပြီး တရားဝင်လက်ထပ်မှတ်ပုံတင်လို့ရပါတယ်

#တဆင့်ပြန်လည်ကူးယူဖော်ပြပေးခြင်းဖြစ်ပါသည်၊၊

27/04/2024

ပါမစ်ပျောက်ဂရန်ကို ဝယ်မိလို့ ...

အိမ်ခြံမြေ အရောင်းအဝယ်လောက ဇာတ်ခုံပေါ်မှာကြည့်လိုက်ရင် ရောင်းချခြင်း ၊ ပေါင်နှံခြင်း ဝယ်ယူခြင်း စတဲ့ လုပ်ငန်းတွေဟာ လုပ်ရိုးလုပ်စဉ်တွေလို့ဆိုရင် မမှားပါဘူး။ ဒါပေမဲ့ တစ်ခါတစ်ခါတော့လည်း ရောင်းဝယ်ပေါင်နှံတာမျိုး မလုပ်ဘဲ မြေကွက် ချင်း လဲလှယ်ကြတာမျိုးကိုလည်း တွေ့ရတယ်။

အလဲအထပ်လုပ်သူတို့ရဲ့ ရည်ရွယ်ချက်

ဒီလို လဲလှယ်တဲ့ အခါမှာ လဲလှယ်သူ အချင်းချင်း နစ်နာမှုမရှိနိုင်ဘူးထင်လို့ လဲလှယ်ကြတာပဲ။ တန်ဖိုးချင်းလည်းအတူတူပဲထင်လို့ လဲလှယ်ကြတာပေါ့။ လဲလှယ်ကြခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒီလို အပြန်အလှန်လဲလှယ်လိုက်ခြင်းအားဖြင့် စီးပွားရေးတွေ ပိုကောင်းလာမယ်။ ကျန်းမာရေးတွေ ပိုကောင်းလာမယ်။ စသည်ဖြင့် ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့လေ။

လူချင်းတူသော်လည်း ကံချင်းမတူပါ။

ဒါပေမဲ့ တစ်ခါတစ်ခါကျရင် တစ်ဦးနဲ့တစ်ဦး လူချင်တူပေမဲ့ ကံဇာတာချင်းက မတူကြတဲ့အတွက် တစ်ဖက်လူမှာ ကောင်းကျိုးတွေရသွားသော်လည်း တစ်ဖက်လူမှာတော့ မမျှော်လင့်တဲ့ ဆိုးကျိုးတွေ ခံစားသွားရတတ်ပါတယ်။

အောင်မြင်သူ အိမ်ခြံမြေ အကျိုးဆောင် (၂)ယောက်အကြောင်း

“လူဇော်” နဲ့ “လူမော်” တို့ဟာ ဒဂုံဆိပ်ကမ်းမြို့နယ်က မြေကွက်တွေကို ဝယ်ရောင်းလုပ်နေကြတဲ့ အိမ်ခြံမြေ ဝယ်ရောင်းအကျိုးဆောင်တွေပါ တစ်ဦးစီးမှာ မြေကွက် (၁၀)ကွက်လောက်ဝယ်ထားကြပြီး ဈေးကစားနေကြသူတွေပေါ့။ တစ်ယောက်ထံမှာ ဝယ်သူကြိုက်တဲ့ မြေကွက်မရှိရင် တစ်ယောက်ထံမှာရှိတဲ့ မြေကွက်ကို ကူရောင်းပေးတတ်ကြလို့ စိတ်ဓာတ်ချင်းတူညီပြီး ညီအစ်ကိုအရင်းတွေလိုဘဲ အရမ်းချစ်ကြတယ်။ အိမ်ခြံမြေအရောင်းအဝယ်တွေကောင်းခဲ့တဲ့ကာလကဆိုရင် နှစ်ဦးစလုံးတော်တော်လေး စုဆောင်းမိခဲ့ကြတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ကားနဲ့ လက်ရှိနေထိုင်တဲ့ တိုက်ကိုကြည့်ခြင်းအားဖြင့် လက်ဖျားငွေသီးခဲ့သူတွေဆိုတာ အကဲခတ်လို့ ရပါတယ်။

တစ်ဦးက စေတနာ တစ်ဦးက မေတ္တာ အချစ်ပိုကြတော့

တစ်ခါမှာတော့ “လူဇော် ”က ငွေလိုလို့ သူ့မြေကွက်ကို ရောင်းတယ် ဝယ်မယ့်သူလည်ရှိတယ်။ ဒါပေမယ့် ဝယ်မယ့်သူက အနှစ် ၆၀ ဂရန်ဆိုရင် မကြိုက်ဘူး။ မြေချပါမစ် ဖြစ်မှ ဝယ်မယ်ဆိုတော့ “လူဇော် ”မှာ အခက်တွေ့တာပေါ့. နောက်တော့ အကြံတစ်ခုရတယ်။ သူ့ရဲ့ မြေကွက်က ထောင့်ကွက်ဖြစ်လို့ ကြိုက်တဲ့ အကြောင်းသူငယ်ချင်း လူမော်က ပြောဘူးတယ်။ ဒီတော့ လူမော် ပါမစ်မြေကွက်နဲ့ အမည်ပေါက်သူရဲ့ ဂရန်မြေကွက်ကို အလိုက်မယူဘဲ အလဲအထပ်လုပ်ဖို့ ညှိနှိုင်းကြတဲ့အခါ “လူမော်” ကလည်း သဘောတူတယ်လေ။ တစ်ယောက်အခက်အခဲ တစ်ယောက်က ကူညီတာပေါ့။

“လူဇော် ” ငွေလိုလို့ ရောင်းတာဖြစ်ပေမဲ့ “လူမော်” ကတော့ လမ်းမကြီးနဲ့ နီးပြီး ထောင့်ကွက်ဖြစ်လို့ကြိုက်တာပါ။ အလဲအထပ်လုပ်တယ် ဆိုပေမဲ့ လုပ်ငန်းသဘောအရ အပြန်အလှန်အရောင်းအဝယ်စာချုပ်ချုပ်ပြီး မြေကွက်ချင်းလဲလှယ်လိုက်ကြတာပါ။ ဘာဘဲဖြစ်ဖြစ် “လူဇော် ”က ငွေလိုသူဆိုတော့ လဲလို့ရတဲ့ ပါမစ်မြေကွက်ကို ဝယ်သူကိုပြလိုက်တဲ့အခါ ဝယ်သူကလည်း နေရာကိုလည်း ကြိုက်တယ်။ ပါမစ်မြေကွက်လည်းဖြစ်တယ်ဆိုတော့ ဝယ်သူက ဝယ်သွားတယ်လေ။ ဒါနဲ့ လူဇော်လည်း ငွေကြေးအဆင်ပြေသွားတာပေါ့။

သူငယ်ချင်း “လူမော် ”ကတော့ ပြန်မရောင်းတော့ဘဲ အိမ်ခန်းတွဲတွေဆောက်ပြီး အငှါးချထားလိုက်တယ်လေ။ နှစ်ဦးစလုံးအဆင်ပြေသွားကြပါတယ်။ ဒါပေမဲ့ ကံကြမ္မာအလှည့်အပြောင်းက အံ့သြစရာပဲဗျာ။ အခုလို မြေကွက်ဈေးတွေကျတဲ့ အချိန်မှာ အရောင်းအဝယ်မကောင်းကြတော့ မြေချပါမစ်ဝယ်ပြီး ကိုင်ထားသူတွေက ပြန်မရောင်းတော့ဘဲ အနှစ်(၆၀) ဂရန်သစ်လုပ်တဲ့သူတွေများလာတာကို ကြေးမုံသတင်းစာမှာ ဖတ်ရတယ်။

သက်ဆိုင်ရာဌာနက အကြောင်းကြားစာ ရင်တွေတုန်လိုက်တာ

အဲဒီလို ပါမစ်ကနေ ဂရန်သစ်လျှောက်ထားကြလို့လားမသိပါဘူး။ မကြာမီမှာ ဂရန်မြေပေါ်မှာ အခန်းတွဲဆောက်ပြီးနေတဲ့ လူမော်ရဲ့ ထံကို အကြောင်းကြားစာတစ်စောင်ရောက်လာတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာနက ပို့တာပါ။ အကြောင်းကတော့ လူကြီးမင်းကို ထုတ်ပေးလိုက်တဲ့ အနှစ် (၆၀) ဂရန်မြေကွက်နေရာမှာ မြေချပါမစ်မူရင်း ကိုင်ထားသူက နောက်ထပ်အနှစ် (၆၀) ဂရန် အသစ်လာလျှောက်နေပါတယ်။

အဲ့ဒါ မြို့တော်ခန်းမမြေစီမံဌာနမှာ လာရောက်ပြီး ဖြေရှင်းပါရန်ဆိုပြီး အကြောင်းကြာလာခြင်းပါပဲ။

ဟိုက်… အဲ့ဒါမှ ဒုက္ခပဲ မြေချပါမစ်ကိုင်ထားတာနဲ့ စာရင် ဂရန်စာအုပ်ကိုင်ထားတာ ပိုပြီးခိုင်မာတယ်ထင်လို့ အလဲအလှယ်လုပ်ခဲ့မိတာ အခုတော့မှားပြီး ထင်ပါရဲ့လို့ လူမော် တွေးလိုက်မိတယ်။ ဒါနဲ့ အကျိုးအကြောင်းသိချင်တာနဲ့ ချိန်းတဲ့နေ့မှာ လူမော်လည်း မြို့တော်ခန်းမမှာ သွားရောက်တွေ့ဆုံလိုက်တယ်။ ဌာနမှူးရှေ့ရောက်တော့ ဂရန်သစ်လျှောက်သူက စာချုပ်အဆင့်ဆင့်နဲ့ ဝယ်ထားတဲ့ မြေချပါမစ်မူရင်းကြီး ပြတယ်။ လူမော်ကလည်း မိမိဝယ်ထားတဲ့ သူများအမည်ပေါက် ဂရန် စာအုပ်ကြီးကို ထုတ်ပြလိုက်တယ်။ ဒီဂရန် စာအုပ်ကြီးကလည်း ဒီမြို့တော်စည်ပင်ကပဲ ထုတ်ပေးတားတာဆိုတော့ ဂရန်အစစ်ပဲလေ။ ဂရန် အတုလားလို့ အဲဒီ တာဝန်ခံလူကြီးတွေကို ပြကြည့်လိုက်တော့ သူတို့ကလည်း အစစ်ဖြစ်တယ်ဆိုတာ မငြင်းပါဘူး။

ဆုပ်လည်းစူး စားလည်းစူး ပဒိုင်းသီး စားမိသူနဲ့တူ

ဒီလို ထုတ်ပေးရခြင်း အကြောင်းကတော့ မြေချပါမစ် အမည်ပေါက်ရသူက သူ့ရဲ့ မြေချပါမစ်ကိုရောင်းချလိုက်တာကို ထိန်ချန်ပြီး ပါမစ်ပျောက်နဲ့ ဂရန်သစ်လာလျှောက်တဲ့ အခါ ရဲစခန်းထောက်ခံချက် ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ပါမစ်ပျောက်ဆုံးကြောင်း တရားရုံး ကျမ်းကျိန်လွှာတွေနဲ့ တင်ပြတော့ ဌာနက အမှန်ထင်ပြီး ဂရန်သစ်ထုတ်ပေးလိုက်မိတဲ့ အကြောင်းပြောပြပါတယ်။ ဒါကြောင့် အခု မြေချပါမစ် မူရင်းတင်ပြပြီး ဂရန်သစ်လျှောက်သူရှိလာပြီဆိုတော့ ပါမစ်ပျောက်နဲ့ ထုတ်ပေးထားတဲ့ ဂရန်မူရင်းကို ပယ်ဖျက်ပြီး ပါမစ်မူရင်းရှိသူကို ဂရန်သစ်ထုတ်ပေးတော့မဲ့အကြောင်း သိခဲ့ရပါတော့တယ်။

ပါမစ် ပျောက်နဲ့ ဂရန်သစ်ရတာလား မှတ်ချက်ရှိမရှိ စစ်ဆေးကြည့်ပါ

ဒီအတိုင်းသာဆိုရင်တော့ အနှစ် (၆၀) ဂရန်ဝယ်ထားရင်လည်း စိတ်မချရတော့ဘူးပေါ့။ စည်ပင်က ထုတ်ပေးတာချင်းတူပါလျက် ဂ၇န်အစစ်က အတုဖြစ်သွားရပြီ။ ဒါကြောင့် ကိုလူမော် လို အဖြစ်မျိုး မကြုံကြရအောင်။ အနှစ် (၆၀) ဂရန် အမည်ပေါက် မြေကွက်ကို ဝယ်ရင်လည်း ပါမစ်မူရင်းကိုင်ထားသူက ဂရန်သစ်လျှောက်ပြီး ရောင်းတာလား ၊ ဒါမှမဟုတ် ပါမစ်အမည်ပေါက်သူက ပါမစ်ပျောက်သွားပါတယ်ဆိုကာ လိမ်လည်ပြီးလျှောက် ယူထားတဲ့ ဂရန်လားဆိုတာကို ဂရန်စာအုပ်နောက်ကျောမှာ မှတ်ချက်တွေ ရှိ /မရှိ အသေအချာစစ်ဆေးပြီး မှ ဝယ်ယူကြပါလို့ အကြံပေးရေးသားလိုက်ရပါတယ်။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

မင်္ဂလာရှိလွန်းလှ လိုက်ဖက်လွန်းလှတဲ့ ♥️မောင်လေးနဲ့ညီမလေး ♥️ နှစ်တစ်ရာမက ပျော်ရွှင်ချမ်းမြေ့စွာ ပေါင်းဖက်နိုင်ပါစေ။
19/03/2024

မင်္ဂလာရှိလွန်းလှ လိုက်ဖက်လွန်းလှတဲ့
♥️မောင်လေးနဲ့ညီမလေး ♥️
နှစ်တစ်ရာမက ပျော်ရွှင်ချမ်းမြေ့စွာ
ပေါင်းဖက်နိုင်ပါစေ။

🏡 အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက်...
31/01/2024

🏡 အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက် ျိတ်(Home loan )

1. Bankချိတ်( )ဆိုတာ ဘာလဲ?

🏡 Bank ချိတ်ဆိုတာက မိမိမှာ အိမ်၊ တိုက်ခန်း ဝယ်ယူဖို့ ငွေအပြည့်အဝမရှိသေးဘူး ဒါပေမယ့် တချို့တစ်ဝက်တော့ရှိနေတယ်၊ လစဉ်ပုံမှန်ဝင်ငွေလည်းရှိနေတယ်။ဒါဆိုရင်တော့ ဝယ်ချင်တဲ့အိမ်၊ တိုက်ခန်းကို ဘဏ်ကနေတဆင့် အရစ်ကျဝယ်တာကိုခေါ်ပါတယ်။ မိမိဘက်မှ ၃၀% ထုတ်ပြီး ချိတ်ဆက်ထားတဲ့ bank ဘက်မှ ၇၀% ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုးပါ။

🏡 Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာအနည်းဆုံး(၁၀)သိန်းအထက် ရှိဖို့လိုပါတယ်။ဝန်ထမ်းဆိုရင်တော့ သွင်းရမဲ့ငွေရဲ့(၃)ဆ ရှိရင်ရပါတယ်။ ဥပမာ ၄သိန်း ဆပ်ရတယ်ဆိုရင် (၃)ဆ ၁၂သိန်း ရှိရင်ရပါပြီ။တစ်ယောက်ထဲလစာ မလောက်ဘူးဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့ သူနဲ့ပေါင်းပြလို့ရပါတယ်။

🏡 လူကြီးမင်းတို့အနေနဲ့ လိုချင်တဲ့ အိမ်ကို ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်မည်ဆိုလျှင် လူကြီးမင်းတို့အလိုရှိတဲ့ အိမ်အမျိုးအစားက RC မဟုတ်ရင် BN အိမ်အမျိုးအစားဖြစ်ရပါမယ်။ဂရန်အမည်ပေါက်ဖြစ်ရပါမယ်။မီးအာမခံရတဲ့နေရာမျိုးဖြစ်ရပါမယ်။ပျဉ်ထောင်အိမ်နဲ့ မြေကွက်တွေဆိုရင်တော့ ဘဏ်ကချေးငွေထုတ်ပေးမှာမဟုတ်ပါဘူးနော်။
~~~~~~~~~~~~~~~~~~~

2. အဲ့တော့ Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင် ဘာတွေလိုအပ်လဲ?

(က)။ လူ၊ပုဂ္ဂိုလ် တစ်ဦးချင်း(သို့) ဝန်ထမ်းတစ်ဦးချင်းအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင် မိတ္တူ(မူရင်းပြရန်)
(၂) Passport မိတ္တူ(ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရန်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(၈) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(၉) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(၁၀) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(၁၁) Bank Statement(၆လစာ တင်ပြရပါမည်)

(ခ)။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ (တင်ပြနိုင်လျှင်)
(၉) Bank statement (၆)လစာ (ရှိလျှင်)
(၁၀) အခွန်ပြေစာ (ရှိလျှင်)

(ဂ)။ ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(၈) Form VI, Form XXVI, Form E
(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း(ဘဏ်တွင် Mortgage Loan(ပေါင်နှံချေးငွေ)နှင့်ပတ်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက်တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။)
(၁၀)ဘဏ္ဍာရေးရှင်းတမ်း(၃နှစ်စာ)(တင်ပြနိုင်လျှင်)
(၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(၁၂) အခွန်ပြေစာ (၃နှစ်စာ) (ရှိလျှင်)
~~~~~~~~~~~~~~~~~~~

3. Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ?

(၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်။
(၂) ကန်ထရိုက် ၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(၄) မြေရှင်ရဲ့မိတ္တူ
(၅) BCC စာရွက်
(၆) ဆောက်လုပ်ခွင့်စာရွက်
(၇) တိုက်ခန်းနဲ့ပတ်သက်တဲ့ ဆက်စပ်စာချုပ်များ
(၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
စာရွက်စာတမ်းအားလုံး မူရင်းတော့ပြပေးရပါမယ်။

ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့ အိမ်ကို ရာဖြတ်ဌာနမှဆင်းကြည့်မှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာဖြစ်ပါတယ်။အချက်အလက်တွေပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ ၃၀% ထုတ်ပေးရမှာဖြစ်ပြီး bankဘက်မှ ၇၀% ထုတ်ပေးလိုက်မှာပါ။ထုတ်ပေးလိုက်တဲ့ ၇၀% ကိုတော့ အတိုးနဲ့နှစ်ရှည်ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်။

***လိုအပ်သော စာရွက်စာတမ်းများ ကိုယ့်မှာအပြည့်အစုံရှိရင်တော့ Bank နဲ့ချိတ်ဆက်ပြီးဝယ်ယူတာဟာ ပိုလွယ်ကူပြီး မြန်ဆန်ပါတယ်။

လေးစားစွာဖြင့်
Credit to original uploader

🤫🤫တိုးတိုး...........မတ်မတ်အလုပ်လုပ်နေသည်။
15/12/2023

🤫🤫တိုးတိုး...........မတ်မတ်အလုပ်လုပ်နေသည်။

မင်္ဂလာပေါ် မင်္ဂလာထပ်လို့ မြတ်ခဲ့ပြီ။ မင်္ဂလာချစ်သက် (၁၂၀)တိုင်ပါစေသော်။ ❤️မောင်လေးနဲ့ညီမလေး❤️
12/12/2023

မင်္ဂလာပေါ် မင်္ဂလာထပ်လို့ မြတ်ခဲ့ပြီ။ မင်္ဂလာချစ်သက် (၁၂၀)တိုင်ပါစေသော်။

❤️မောင်လေးနဲ့ညီမလေး❤️

18/09/2023

လူကြီးမင်းတို့၏ ---------------------------

• တိုက်ခန်းအရောင်းအဝယ်.
စာချုပ်
• အိမ်ခြံမြေ အရောင်းအဝယ်.
စာချုပ်
• လက်ထပ်စာချုပ်
• Passport & Visa (အသစ်
လျှောက်ခြင်း/
သက်တမ်းတိုးခြင်း

🖋️ Notary များအနေဖြင့် -------------------------

• NRC
• Birth Certificate
• True Copy of Birth Certificate
• Degree ( University)
• Mark Lists
• Matriculation Pass Certificate
• Taxation Papers
• Affidavits
• Car License
• Recommendation letters
• COVID-19 Vaccination Certificate
• House hold members List အစရှိသည်တို့ကို Legal Consultant By AAC မှ ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။

Address

Yangon

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Legal Consultant By AAC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Legal Consultant By AAC:

Share

Category