ကိုဆောင်း အိမ်ခြံမြေ အကျိုးဆောင်

  • Home
  • Myanmar
  • Yangon
  • ကိုဆောင်း အိမ်ခြံမြေ အကျိုးဆောင်

ကိုဆောင်း အိမ်ခြံမြေ အကျိုးဆောင် ဒဂုံမြို့သစ် (၄) မြို့နယ် နှင့် ရွှေပေါက္ကံ

တကမ္ဘာလုံးသိအောင်ဖြန့်ဝေပေးကြပါ ကိုယ်တိုင်လက်တွေ့ရောဂါ ပျောက်ဆေးသွေ;တို;ရောဂါများအတွက် ကြောက်စရာမလိုတော့ပါ….လက်တွေ့ပျောက...
21/12/2025

တကမ္ဘာလုံးသိအောင်ဖြန့်ဝေပေးကြပါ ကိုယ်တိုင်လက်တွေ့ရောဂါ ပျောက်ဆေး

သွေ;တို;ရောဂါများအတွက် ကြောက်စရာမလိုတော့ပါ….
လက်တွေ့ပျောက်လို့ မျှဝေပေးလိုက်ပါတယ်…

တကမ္ဘာလုံးသိအောင်ဖြန့်ဝေပေးကြပါ ကိုယ်တိုင်လက်တွေ့ရောဂါ ပျောက်ခဲ့ပြီး ဆေးရုံဆေးခဏ်းတွေသွားကုတယ် မပျောက်ပါ။ ငွေကုန်လူပန်း ဖြစ်ပြီးအိပ်ရာထဲမှာဘုံးဘုံးလဲပြီး သူကိုယ်သူ 6'သ စာရင်းသွင်းထားတဲ့လူကို ကျွန်တော်တွေ့လို့ဒီဆေးမြီးတိုလေးပေးခဲ့ပါတယ် လူနာကမရုံမှာကြောက်လို့ လူနာကိုမှာခဲ့သေးတယ်။

ဒီဆေးကိုနေ့စဉ်တလတိတိသောက်ဘို့နဲ့. အကယ်၍မပျောက်ခဲ့သော် ဆေးဘိုးကုန်ကျငွေများကို ကျွန်တော်မှပြန်လျော်ပေးမည့် ဂတိလဲပေးခဲ့ပါတယ်။ နောက်တလအကြာမှာ

တမိုင်လောက်ဝေးတဲ့လူနာကို သွားကြည့်တော့ လူနာကလူကောင်းဖြစ်လို့. ဝလို့. စိုလို့. အံ့သြဘွယ်တွေ့ခဲ့ပါတယ်။

အဲဒီအဖြစ်အပျက်ကလွန်ခဲ့တဲ့ နှစ် (၂) လောက်ကပါ။ ၂၀၁၆…ခုက သွေ;တို;ရောဂါကျွန်တော်မှာဖြစ်တယ် သွေးချိန်ကြည့်တော့အောက်သွေး (၁၂၀) အပေါ်သွေး (၁၉၀) ပါဆရာမကဂရုစိုက်ကုဘို့ပြောပြီး သွေးကျဆေးပေးခဲ့တယ်။

အဲဒီအချိန်က တရားစခန်းပွဲကျင်းပနေတဲ့အချိန် တရားစခန်းအကျိုးတော်ဆောင် ဥက္ကဋ္ဌဆိုတော့ ဆေးဖော်ဘို့အချိန်ကမရနဲ့. တရားစခန်းပွဲလဲပြီး အောက်ဖော်ပြမည့် ဆေးမီးတိုကို.(၁၃) ရက်နေ့စဉ်သောက်လိုက်တာ…..

ခုတော့ဗျာ မုန့်ဟင်းခါး ဝက်သားကြိုက်တာစား ယ္ခုစာရေးနေချိန်အထိ (ဒေါင်ဒေါင်လန်.) ဘဲဗျာကဲဆေးနည်းကလွယ်လွယ်လေး ….

(၁) နွားနို့စစ်စစ် ၁. ပိသာ (၂) ကြက်သွန်ဖြူ. (ဥတလုံး)..၇…လုံးနွားနို့ကိုဆူအောင်ကြိုပါ …ပွက်ပွက်ဆူပြီဆိုရင်အခွန်နွှာထားတဲ့ကြက်သွန်ဖြူ (၇) လုံးကိုထည့်ပါ…..

ကြက်သွန်ဖြူထည့်ပြီးနာရီကိုကြည့်ပါ။ (၁၀) မိနစ်ကြာရင်မီးဖိုပေါ်ကချပါ။ ပြီးရင် သောက်လို့ရတဲ့အချိန်ကနေ တနေကုန်မကုန်မခြင်းနားနားပြီးသောက်ပါ….

ရောဂါနုလျင် (၁၃) ရက် 6'သလု့ဆဲဆဲလူဆိုလျှင် ရက် (၃၀)…..ကျွန်တော်ကတော့ဗျာ ဒီဆေးနည်းလေးကို အများသူငါသိအောင် ဆက်ပြီးဖြန့်ဝေစေချင်ပါတယ်……

ဒီဆေးနည်းလေးကို ဦးနေဝင်းလက်ထက်… လုပ်သားပြည်သူနေ့စဉ်သတင်းစာထဲမှာတွေ့လို့ရောဂါဖြစ်နေသူတွေကို တွေ့တိုင်းပေးပါတယ် …..ခက်တာကတချို့ကပြောသလို မလုပ်ကြတာတွေလဲတွေ့ခဲ့ရပါတယ်.။

ကိုင်းဒီစာကိုတွေ့တဲ့ ရောဂါပျောက်လိုသူအပေါင်း လိုက်နာဆောင်ရွက်နိုင်ကြပါစေကုရခက်နေတဲ့ သွေးတိုးရောဂါလဲ အမြန်ပျောက်ကင်း၍ အမျိုးဘာသာသာသနာကို ကာကွယ်ဆောင့်ရှောက်နိုင်တဲ့ သူတော်ကောင်းများဖြစ်ကြပါစေ. ဗျာ…../

ကျန်းမာရေး အတွက်
( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ )

မြေဂရန်ရှိတယ်ဆိုပြီး နေချင်သလို နေလို့တော့ မရပါဘူး၊ စည်းကမ်းတွေ ရှိတယ်၊ သက်တမ်းလည်း ရှိပါတယ်၊ မဖြစ်ရင် ဘာမှမဖြစ်ဘူး၊ ဖြစ...
21/12/2025

မြေဂရန်ရှိတယ်ဆိုပြီး နေချင်သလို နေလို့တော့ မရပါဘူး၊ စည်းကမ်းတွေ ရှိတယ်၊ သက်တမ်းလည်း ရှိပါတယ်၊ မဖြစ်ရင် ဘာမှမဖြစ်ဘူး၊ ဖြစ်ရင်လဲ ဥပဒေအရပါပဲ၊
အများပြောတဲ့ ဂရန်ဆိုသော မြေငှားစာချုပ်ဟာ နိုင်ငံတော်အစိုးရနှင့် ဂရန်ရသူတို့အကြား ချုပ်ဆိုတဲ့ ပဋိညာဉ်စာချုပ် တစ်ရပ် ဖြစ်ပါတယ်။

မြေအားလုံးရဲ့ မူလပိုင်ရှင်ဟာ နိုင်ငံတော်ဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတယ်၊
အရပ်ထဲမှာ တစ်ခုခု ရောင်းဝယ်လို့ စာချုပ်ရင်တောင် စည်းကမ်းချက်တွေနဲ့ သက်သေနဲ့ လုပ်ကြပါတယ်၊ စည်းကမ်းဖောက်ဖျက်ရင် ဘယ်သူခံရလဲ တွေးကြည့်တာနဲ့ သိနိုင်ပါတယ်။
မြေငှါးဂရန် ဆိုတာလည်း ထို့အတူပါပဲ။ ဒါကြောင့် မြေငှါးဂရန် သက်တမ်းကုန် နေသူများ၊ စည်းကမ်း ပျက်သူများ၊ မြေခွန် ပေးဆောင်ခြင်းမရှိပဲ ပျက်ကွက်သူများ သတိပြုရပါမယ်။
ဒါတွေနဲ့ ပတ်သက်လို့ သိရှိနိုင်အောင် တင်ပြလိုက်ပါတယ်။



အောက်မြန်မာပြည် မြို့နှင့်ကျေးရွာ မြေများ ဥပဒေပါ မြေငှားဂရန် စည်းကမ်းချက်များ အပိုဒ် (၉) တွင်...

“၉။ ဤအငှားပေးအပ်ချထားမှုတွင် ပါရှိသည့် မြေကို အငှားပေးအပ် ချထားသည့် ကာလအပိုင်း အခြား ကုန်လွန်သည့်အခါ၊ မြေပေါ်ရှိ အဆောက် အဦးများ၊ အဆောက် အဦးနှင့်တွဲဘက် နေသည်များ မပါရှိစေဘဲ မြေငှားချထားသူသို့ မြေကို အသာတကြည် ပြန်လည်အပ်နှံရမည်။ သို့သော်လည်း မြေငှားချထားသူက အပိုဒ် (၉) အရ မြေကို တဖန်ပြန်လည်သိမ်းယူ၍ အငှား ပေးအပ်မှုကို ဖျက်သိမ်းခြင်းဖြစ်ပါက၊ မြေငှား ချအပ်ခံရသူသည် ဤမြေကို မြေပေါ်ရှိ အဆောက်အဦးများ၊ အဆောက်အဦးနှင့် တွဲဘက်နေသည် များနှင့်တကွ မြေငှားချထားသူသို့ အသာတကြည် ပြန်လည်အပ်နှံရမည်။” လို့ပြဌာန်း ထားပါတယ်။ ဆိုလိုသည်မှာ မြေငှားဂရန် သက်တမ်း ကုန်ဆုံးပါက၊ ထိုမြေကို ဂရန်ရရှိသူက လက်ဝယ်ထားရှိ အသုံးပြုခွင့်မရှိတော့ပါ။ အစိုးရက စီမံချထားနိုင်သည့် မြေအဖြစ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါသည်။



သို့ဖြစ်၍ အစိုးရထံသို့ ကန့်ကွက်ငြင်းဆန်မှုမရှိ အေးဆေးစွာဖြင့် ပြန်လည်အပ်နှံရမည် ဖြစ်ပါသည်။ အထူးသတိပြုကြရန် လိုအပ်ပါသည်။ မြေငှားဂရန်သက်တမ်း ကုန်ဆုံးနေသော မြေသည် ဂရန်အမည်ပေါက်သူ အနေဖြင့် မိမိအမည်ပေါက်မြေဟု ဆိုနိုင်ခွင့် မရှိတော့ပါ။ ထိုသို့ မြေပေါ်ရှိ အဆောက်အဦးများ အားလုံးကို ဖယ်ရှား၍ မြေကို အစိုးရထံ ပြန်လည်အပ်နှံရမည် ဖြစ်ကြောင်း မြေငှားဂရန်တွင် ပါရှိခဲ့သည်ကို သတိပြုမိသော်လည်း ရှားလှပါသည်။ ထိုမျှသာမက၊ မြေခွန် ပေးဆောင်ရန် ပျက်ကွက်ပါက စည်းကမ်းချက် အပိုဒ် (၁၀) အရ ဂရန်ဖျက်သိမ်း၍ မြေကို ပြန်လည်ရယူခြင်း ဖြစ်ပါက အဆောက်အဦး များကိုပါ တပါတည်း အပ်နှံရမည်ဖြစ်ပါသည်။



မြေငှားဂရန်ပါ စည်းကမ်းချက် အပိုဒ် (၁၀) မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
“၁၀။ သတ်မှတ်ထားသည့် မြေငှားခအတွက် အားလုံးကိုဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ ပေးဆောင်မှုမရှိ ပျက်ကွက်နေပါက၊ ယင်းငွေကို တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ ပေးဆောင်ရမည့် နေ့ရက်ကျော်လွန်ကာ၊ ပြက္ခဒိန် လတစ်လ ကုန်လွန်သည်အထိ ပျက်ကွက်နေခြင်း၊ သို့မဟုတ် ဤမြေငှား ချထားမှုစည်းကမ်းအရကို မလိုက်နာ ပျက်ကွက်ခြင်း ဖြစ်ပါက ယင်းပျက်ကွက်မှု အတွက် မြေကို ပြန်လည်သိမ်းယူပိုင်ခွင့် ရှိသည်ကို မည်သို့ပင်လျှော့ပေါ့ပေးသည်ဖြစ်စေ ခရိုင်အုပ်ချုပ်ရေးမှူးသည် ဤအငှား ပေးအပ်ချထားမှုကို ချက်ချင်း ဖျက်သိမ်း၍ မြေနှင့်တကွ မြေပေါ်ရှိ အဆောက်အဦး၊ အဆောက်အဦးနှင့် တွဲဘက်နေသည်များကိုပါ ပြန်လည်သိမ်းယူပိုင်ခွင့်ရှိသည်။” ဤမြေငှား ဂရန် စည်းကမ်းသတ်မှတ်ချက်သည် လွန်စွာအရေး ကြီးပါသည်။ ပေးဆောင်ရမည့် မြေငှားခများကို မြေငှားဂရန်တွင် ဖေါ်ပြပါရှိသည့် နေ့ရက်တွင် ကောက်ခံသည် ဖြစ်စေ၊ မကောက်ခံသည်ဖြစ်စေ မြေငှားဂရန် ရရှိထားသူက အပြေအကျေ ပေးဆောင် ရမည်ဖြစ်ပါသည်။



ထိုသို့သတ်မှတ် ထားသည့် နေ့ရက်တွင် မပေးဆောင်သည့်အပြင်၊ တစ်လကျော် ကာလအထိ ဆက်လက် ပျက်ကွက်နေပါက၊ ခရိုင်အုပ်ချုပ်ရေးမှူးသည် မြေငှားဂရန်ကို တစ်ဘက်သပ် ဖျက်သိမ်းပိုင်ခွင့် ရှိသည့်အပြင်၊ မြေပေါ်ရှိ အဆောက်အဦး များနှင့်တကွ မြေကို ပြန်လည် သိမ်းယူပိုင်ခွင့် ရှိနေပါသည်။ ယင်းကို မြေငှားဂရန် ရရှိသူက ဂရန်ပေါ်တွင် လက်မှတ်ရေးထိုး ကတိပြု ထားသည်ကို သတိပြုကြ စေလိုပါသည်။ အထူးသဖြင့် မြေငှားခမပေးဆောင်သဖြင့် မြေဂရန် ဖျက်သိမ်းပိုင်ခွင့် ပါရှိနေပါသည်။ ထိုသို့ဖြစ်ပါက မြေကို ပြန်လည်သိမ်းယူပိုင်ခွင့် ရှိသည့်အပြင်၊ မြေပေါ်ရှိ အဆောက်အဦးများကိုပါ ခရိုင်အုပ်ချုပ်ရေးမှူးက သိမ်းယူပိုင်ခွင့်ကို မြေငှားဂရန်လျှောက်ထားသူက နာခံပါမည် ဖြစ်ကြောင်း ကတိပြု ဝန်ခံခဲ့ပြီးဖြစ်သည်ကို အထူးသတိပြုရန် လိုပါသည်။



သို့ရာတွင် ဂရန်မြေပင် ဖြစ်ငြားသော်လည်း ဘယ်လို ပြန်သိမ်းနိုင်တယ်ဆိုတာ အသေးစိတ်တင်ပြပေးပါမယ်။ ဂရန်သက်တမ်းကုန်တိုင်း အဲဒီမြေကို အစိုးရက ပြန်သိမ်းတာ မဟုတ်ပါဘူး။ ဂရန်သက်တမ်း ကုန်သော်လည်း ပြန်သိမ်းနိုင်တဲ့ ပြန်သိမ်းသင့်တဲ့ မြေ ဖြစ်-မဖြစ်သေချာစွာ စစ်ဆေးပြီးမှ ဆောင်ရွက်ရပါတယ်။ မူလဂရန်ကို ဖျက်သိမ်းပြီး အစိုးရမြေအဖြစ် ပြန်လည်သိမ်းဆည်း အမှုတွဲဖွင့်လှစ် အရေးယူရမယ် ဆိုရင်တော့ မြေကို နိုင်ငံတော်က ပြန်လည်သိမ်းယူရန် လိုအပ်လို့၊ ဒါမှမဟုတ် ပြီးခဲ့တဲ့သက်တမ်းမှာ ကျသင့် မြေငှါးခွန်များ မထမ်းဆောင်ခဲ့လို့၊ ဒါမှမဟုတ် မူလဂရန်ရသူကို ဆက်လက် မချထားသင့်လို့စတဲ့ အကြောင်းအချက်တွေ ခိုင်လုံမှ ပြန်သိမ်းသင့်တဲ့ မြေအဖြစ် စဉ်းစား ဆောင်ရွက်ရပါတယ်။



သက်တမ်းကုန် ဂရန်များကို ဘယ်လို ခွဲခြား သုံးသပ်ဆောင်ရွက်တယ်ဆိုတာ ဆွေးနွေး တင်ပြပါမယ်။ ဂရန်သက်တမ်းကုန်မြေကို အသုံးပြုထားမှု အကြောင်းခြင်းရာအရ အမျိုးအစားခွဲခြားရင်...



၁။ ဂရန်သက်တမ်း ကုန်ဆုံးနေပါလျက်နဲ့ အစိုးရကို ပြန်အပ်ရမှာ ဖြစ်သော်လည်း ပြန်မအပ်သေးတဲ့၊ မြေတွေကို ထပ်မံခွဲစိတ် လေ့လာတဲ့အခါ အောက်ပါအတိုင်း အခြေအနေ အမျိုးမျိုး ကွဲပြားနေတာကို တွေရမှာ ဖြစ်ပါတယ်။

(က) မိမိအမည်ဖြင့် ဂရန်ရရှိထားသော်လည်း ဂရန်သက်တမ်း ကုန်ဆုံးနေသောမြေ။

(က-၁) မူလက မြေငှါးဂရန်ရရှိခဲ့ပြီး ဂရန်စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက်ပိုင်း မြေကို ဆက်လက် လက်ဝယ် ထားရှိသူ။

(က-၂) မူလက မြေငှါးဂရန်ရရှိခဲ့ပြီး ဂရန်စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက်ပိုင်း မြေကို လက်ရှိ လက်ဝယ် မထားရှိသူ။

(ခ) အခြားသူ၏အမည်ဖြင့် ရထားသော ဂရန်ကို သက်တမ်း မကုန်မီ လွှဲပြောင်းလက်ခံထားသူ

(ခ-၁) မူလက မြေငှါးဂရန် ရရှိခဲ့သူထံမှ ဂရန်သက်တမ်း မကုန်ဆုံးမီ တရားဝင် လွှဲပြောင်း လက်ခံ၍ မြေငှါးဂရန်သက်တမ်း ကုန်ဆုံးပြီးသည့် နောက်ပိုင်းတွင် မြေကို လက်ရှိ လက်ဝယ်ထားသူ။

(ခ-၂) မူလက မြေငှါးဂရန် ရရှိခဲ့သူထံမှ ဂရန်သက်တမ်းမကုန်ဆုံးမီ တရားဝင် လွှဲပြောင်း လက်ခံ၍ မြေငှါးဂရန်သက်တမ်း ကုန်ဆုံးပြီးသည့် နောက်ပိုင်းတွင် မြေကို လက်ရှိ လက်ဝယ် မထားသူ။

(ဂ) အခြားသူ၏အမည်ဖြင့် ရထားသော သက်တမ်းကုန် ဂရန်ကို လွှဲပြောင်းလက်ခံထားသူ

(ဂ-၁) မူလ မြေငှါးဂရန်အခွင့်အရေး ရရှိခဲ့သူထံမှ စာချုပ်သက်တမ်း ကုန်ဆုံးပြီး နောက်မှ မြေကို လွှဲပြောင်း ဆက်ခံ၍ လက်ရှိ လက်ဝယ်ထားသူ။

(ဂ-၂) မူလ မြေငှါးဂရန်အခွင့်အရေး ရရှိခဲ့သူထံမှ စာချုပ်သက်တမ်း ကုန်ဆုံးပြီး နောက်မှ မြေကို လွှဲပြောင်း ဆက်ခံ၍ လက်ရှိ လက်ဝယ် မထားသူ။

(ဃ) ဂရန်သက်တမ်းကုန် မြေပေါ်၌ ခေတ္တနေထိုင်ခွင့် လိုင်စင်အမိန့် ရရှိထားသူ။

(င) မူလက မြေငှါးဂရန် စာချုပ် ရရှိသူထံမှ တရားဝင် လွှဲပြောင်း လက်ခံခြင်းမရှိဘဲ ဂရန် သက်တမ်း တည်ရှိဆဲ အချိန်အတွင်း မြေပေါ်တွင် ကျူးကျော် ဝင်ရောက်နေထိုင်ခဲ့ပြီး ဂရန် သက်တမ်း ကုန်ဆုံးပြီး နောက်ပိုင်းတွင်လည်း ခေတ္တ နေထိုင်ခွင့်လိုင်စင် မရှိပဲ ဆက်လက် ကျူးကျော်နေထိုင်သူ ဆိုပြီး သက်တမ်းကုန် ဂရန်တွေကို အမျိုးအစား ခွဲခြားကြည့်နိုင်ပါတယ်။



၂။ ဂရန်သက်တမ်းကုန်နေတဲ့ မြေတွေအပေါ် ဆက်လက် နေထိုင် သုံးစွဲနေသူတွေကို အထက်က ဖေါ်ပြထားတဲ့ စာရင်းအတိုင်း အမျိုးအစား ခွဲခြားပြီး သုံးသပ်ရင် ဂရန် သက်တမ်းကုန်တာချင်း တူသော်လည်း အဲဒီ အမျိုးအစားတွေပေါ် မူတည်ပြီး ဘယ်လို အရေးယူ ဆောင်ရွက်တယ်ဆိုတာ စိတ်ဝင်စားစရာပါ။

(က - ၁) မူလမြေငှားဂရန် အခွင့်အရေး ရရှိခဲ့ပြီး မြေငှားဂရန် သက်တမ်း ကုန်ဆုံးပြီးသည့် နောက်ပိုင်း မြေကို လက်ရှိဝယ်ထားသူ၊ မြေငှားဂရန်စာချုပ် သက်တမ်းကုန်ဆုံးသောအခါ၊ စာချုပ်ဖြင့် အငှားချထားခဲ့သော မြေသည်
(Reversionery Right) အရ အငှားချထားသူ ပင်ရင်းမြေပိုင်ရှင်၏ လက်ဝယ်သို့ ပြန်ရောက်ရမည် ဖြစ်ပါတယ်။ သတ်မှတ်ပြဌာန်းထားတဲ့ ဂရန်စာချုပ် စည်းကမ်းချက်များမှာ အငှါးစာချုပ်သက်တမ်း ကုန်ဆုံးသောအခါတွင် မြေအငှားချထားခံရသူသည် အဆိုပါမြေကို မြေငှားဂရန် ချထားသူ၏ လက်သို့ အသာတကြည် ပြန်လည်ပေးအပ်ရမည်ဟု ဖော်ပြ ပါရှိပါတယ်။ သို့အတွက် နိုင်ငံတော်က မြေငှားစာချုပ်ဖြင့် ချထားသောမြေသည် စာချုပ်သက်တမ်း ကုန်ဆုံးသောအခါ နိုင်ငံတော်က အလိုရှိသည့်အတိုင်း စီမံခန့်ခွဲ ချထား ပိုင်ခွင့်ရှိသည့် (Land at the disposal of Govt) မြေ အဖြစ် ပြန်လည် ရောက်ရှိပါတယ်။ အဆိုပါ သက်တမ်းကုန် ဂရန်မြေ အမျိုးအစားကို မြေငှားဂရန်စာချုပ် ပြန်လည် ချထားပေးလိုတယ်ဆိုရင် ကုန်ဆုံးခဲ့တဲ့ မူလမြေငှားဂရန်စာချုပ်မှာ အသစ်တဖန် ပြန်လည်ထုတ်ပေးရန် With power of Renewal Grant ဝန်ခံချက် ပါရှိသော မြေများမှတပါး ကျန်မြေများကို မူလမြေငှါးစာချုပ် ရရှိခဲ့သူအား ထပ်မံ လဲလှယ် ထုတ်ပေးရန် နိုင်ငံတော်တွင် ဥပဒေအရ ပြဌာန်းထားသော တာဝန်များ မရှိပါဘူး။ without power of Renewal Grant မြေငှား စာချုပ် ရရှိထားခဲ့သူ ဖြစ်ပါက ၎င်းအနေဖြင့် မြေငှား စာချုပ်အသစ် ထုတ်ပေးရန် အခွင့် အရေးတစ်ရပ် အနေနဲ့ တောင်းဆိုပိုင်ခွင့် ရှိကြောင်း ဥပဒေမှာ မပါရှိပါဘူး။



အကယ်၍ ယင်းမြေကို နိုင်ငံတော်၏အကျိုး၊ အများပြည်သူများ၏ အကျိုးများအတွက် အသုံးပြုရန် အလိုရှိခဲ့ပါလျှင် “The welfare of the public is the Paramount law, Public necessity is greater than Private” ဆိုတဲ့ ဆိုရိုးစကားအတိုင်း အများအကျိုးတွက် ဖြစ်ပါက ပုဂ္ဂလိက အတွက် ဦးစားမပေးဘဲ ထိုဂရန်မြေကွက်ကိုပြန်လည် သိမ်းယူရန်သာ ဖြစ်ပါတယ်။



သို့သော်လည်း နိုင်ငံတော်အကျိုး၊ အများပြည်သူများ၏ အကျိုးများအတွက် ယင်းမြေကို အသုံးပြုရန် မလိုအပ် သေးဘူး ဆိုရင်တော့ မူလမြေငှားစာချုပ် အခွင့်အရေး ရရှိခဲ့ပြီးသူက မြေကို လက်ရှိ လက်ဝယ် ထားရှိနေပါလျှင် မြေငှါးစာချုပ်သက်တမ်းကုန်ဆုံးပြီး နောက်ပိုင်းအတွက်လည်း ဆက်လက်၍ မြေငှားဂရန်စာချုပ်ကို ယင်းပုဂ္ဂိုလ်သို့ ထုတ်ပေးမြဲ ဖြစ်ပါတယ်။



(က-၂) မူလက မြေငှားဂရန် အခွင့်အရေး ရရှိခဲ့ပြီး မြေငှားဂရန် စာချုပ်သက်တမ်း ကုန်ဆုံးပြီး ဖြစ်သည့်အပြင် မြေကို လက်ဝယ်မထားသူ။ ဂရန်ကို မူလ ရခဲ့ပြီးနောက် သက်တမ်းကုန်ပြီးနောက်ပိုင်း မြေကို လက်ရှိ လက်ဝယ်မထားသူ ဆိုတာကတော့ မြေပေါ်မှာ မိမိကိုယ်တိုင်လည်း နေထိုင်ခြင်းမပြု၊ မိမိ၏ သဘောတူညီ ခွင့်ပြုချက်အရ တပည့်တပန်း၊ ကိုယ်စားလှယ်၊ စောင့်ထိန်းသူ၊ စောင့်ရှောက်သူ၊ လူငှါး စသည် တို့အားလည်း နေထိုင်စေခြင်း မပြုသူကို ဆိုလိုပါတယ်။ ယင်းသို့ မြေကို လက်ရှိ လက်ဝယ် မထားကြခြင်းမှာ အကြောင်းအမျိုးမျိုး ရှိကြပါတယ်။ စစ်မက်ဘေး၊ လုံခြုံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ အခြေအနေ တစ်ရပ်ရပ်ကြောင့် လည်းကောင်း၊ မိမိတို့ အိုးအိမ် အဆောက်အအုံများ မီးလောင်ဆုံးရှုံးခံရ၍ ကိုယ်လွတ်ရုံး ထွက် ပြေးကြရာမှာလည်းကောင်း၊ မူလ နေထိုင်ခွင့်ရသူများဟာ မြေကို စွန့်ခွါပြီး တရပ်တကျေးကို ပြောင်းရွှေ့သွားကြတာ ရှိတတ်ပါတယ်။



အဲဒီလိုကနေ မိမိမြေပေါ် ပြန်အခြေမချနိုင်တော့ဘဲ လက်ဝယ်မထား မြေကွက်လပ် ဖြစ်သွားရတာတွေ ရှိပါတယ်။ အချို့ဖြစ်ရပ်ကတော့ မြေကို စွန့်ခွါ ခဲ့သူတွေ ကာလတစ်ခုမှာ နေရင်းရပ်ရွာကို ပြန်လည်ရောက်ရှိလာပေမဲ့ မိမိတို့ရဲ့ အိမ်ရာမြေ အကွက်ပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်နေထိုင် မှီခိုနေသူများ၊ မြေရှင်၏ ခွင့်ပြု သဘော တူညီချက် မတောင်းခံဘဲ ဝင်ရောက် ကျုးကျော် အခြေချ နေထိုင်ကြသူများကြောင့် မိမိ တို့၏ မြေကို လက်ဝယ် ပြန်မထားနိုင်သူများလည်း ရှိပါတယ်။ အချို့သော သူတွေကတော့ မြေငှါး ဂရန်စာချုပ် ရရှိစဉ်ကပင် မြေကို ထိထိရောက်ရောက် အသုံးမပြု၊ ဥပေက္ခာ ပြုထားတဲ့ အတွက် မြေကွက်လပ်ပဲ ဆိုပြီး ကျုးကျော်နေထိုင်သူများ ဝင်ရောက် အခြေချလာခဲ့တဲ့အတွက် လက်ဝယ် မထားနိုင်သူများလည်း ရှိပါတယ်။ ယခုအခါမှာတော့ မြေဈေး မြင့်တက်လာမှုကြောင့် မူလ မိမိ ဂရန် အမည်ပေါက်မြေကို လက်ဝယ် ပြန်ထားလိုသူများက ဂရန်သက်တမ်း ကုန်နေတဲ့ မိမိတို့ မြေကို မိမိတို့အမည်နဲ့ ဂရန်သက်တမ်း အသစ် ချပေးဘို့ တောင်းဆိုလာမှု၊ လက်ဝယ်ပြန်ထားလိုမှု ရှိနေ သည့် နည်းတူ၊ ကျုးကျော်သူများမှလည်း အဲဒီမြေပေါ်မှာ မိမိတို့ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ အတွက် ဂရန်သက်တမ်း အသစ်ကို မိမိတို့အမည်နဲ့ ချထားပေးရန်၊ မိမိတို့ကိုသာ ဆက်လက်ပြီး လက်ဝယ်ထားခွင့် ပေးရန် တောင်းဆိုမှုများ ရှိလာပါတယ်။



သို့အတွက် ဤကိစ္စမျိုး မှာ မူလ ဂရန် ရရှိထားသူအနေနဲ့ မြေကို ဘာကြောင့် လက်ဝယ်မထားရတာလဲ ဆိုတဲ့ အကြောင်းရင်းကို သေချာ စွာ စုံစမ်း စိစစ်ရန် လိုအပ်ပါတယ်။ မြေကို လက်ဝယ်မထားသူဟာ မြေငှါးဂရန်စာချုပ်ပါ စည်းကမ်းချက်အရ မြေကို စွန့်ခွါ မသွားမီ သို့တည်းမဟုတ် ကျူးကျော်ဝင်ရောက် နေထိုင်သူများ မဝင်ရောက်မီက စာချုပ်ပါ စည်းကမ်း အတိုင်း အဆောက်အအုံဆောက်လုပ်၍ မြေကို လက်ရှိ လက်ဝယ် ထားရှိပြီး ဂရန်စည်းကမ်းနှင့် အညီ ထိထိရောက်ရောက် အသုံးပြုခဲ့- မပြုခဲ့၊ မြေငှါးခ အခွန်များကို မှန်ကန်စွာ အပြေ အလည် ပေးဆောင်ခဲ့ခြင်း ရှိ မရှိ၊ မိမိအမည်ပေါက် မြေပေါ်သို့ ကျုးကျော်သူများဝင်ရောက် နေထိုင်ခြင်း သည် မြေကို မိမိမှ ထိန်းသိမ်း စောင့်ရှောက်မှု ကင်းမဲ့၍၊ သို့မဟုတ် ဥပေက္ခာပြုထား၍ ဝင်ရောက် ကျူးကျော်နေကြခြင်း ဟုတ်-မဟုတ်၊ မိမိတဦးတယောက်တည်း အနေဖြင့် ထိုကျူးကျော်သူတို့ အား တားဆီး ပိတ်ပင် ကာကွယ်နိုင်စွမ်း ရှိ မရှိ စသော အခြေအနေများ၊ ထိုသူတွင် မြေငှါးဂရန် စာချုပ် လျှောက်ထားသော မြေကွက်မှအပ အလားတူ အသုံးပြုရန် အခြားမြေကွက်များ ရှိသည်-မရှိသည်၊ မြေငှါးဂရန် စာချုပ်အသစ် ထုတ်ပေးလျှင် စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်နိုင်စွမ်း ရှိသည် မရှိသည်၊ စသည့် အချက်အလက်များကို သေချာစွာ စုံစမ်း စစ်ဆေးရန် လိုအပ်ပါတယ်။



ယင်း စုံစမ်းတွေ့ရှိချက်များကို အထောက်အထား ပြုပြီးမှသာ လက်ရှိအခြေအနေအရ မြေကို လက်ဝယ် မထားနိုင်သော်လည်း မြေငှါးဂရန်ထုတ်ပေးရန် သင့်တော်သည်ဟု ထင်မြင်လျှင် မူလ ဂရန်ရရှိခဲ့သူအား ဦးစားပေး၍ မြေငှါးစာချုပ် ထုတ်ပေးရန် ဖြစ်ပါတယ်။



(ခ - ၁) မူလက မြေငှါးဂရန်စာချုပ် ရရှိခဲ့သူထံမှ ဂရန်စာချုပ် သက်တမ်း မကုန်ဆုံးမီ တရားဝင် လွှဲပြောင်းလက်ခံ၍ မြေငှါးဂရန်စာချုပ် သက်တမ်း ကုန်ဆုံးသည့် နောက်ပိုင်းတွင် မြေကို လက်ရှိ လက်ဝယ်ထားသူ။ နိုင်ငံတော်မြေနှင့် ပတ်သက်သော အခွင့်အရေးများကို တဆင့် လွှဲပြောင်းခွင့်၊ ဆက်ခံခွင့် ရှိ-မရှိကို အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ ဥပဒေတွင် အတိအကျ ပြဌာန်းထားခြင်း မရှိပါ။ မြေငှါးဂရန်စာချုပ် ပုံစံအသီးသီး၌ “ Without first obtaining such consent not to subdivide the said land or to part with the possession of transfer or sub lease a part only of the said land.” ဆိုပြီး ခွင့်ပြုချက်မရဘဲ မြေကို မခွဲစိတ်ရ၊ မြေတစိတ်တဒေသကို လက်လွှတ် ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ ထပ်ဆင့် ငှါးရမ်းခြင်း မပြုရ.. လို့ ဆိုထားပေမဲ့ “ To register all changes in the possession of the whole of the said land whether by transfer or otherwise than by registered documents succession or otherwise in the register of the said Deputy Commissioner within one calendar month from the respective dates of such changes… လို့ သတ်မှတ် ဖေါ်ပြထားလေတော့ မူလစာချုပ် အခွင့်အရေး ရရှိသူထံမှ စာချုပ်သက်တမ်းမကုန်မီ စာချုပ်စာတမ်းနဲ့ တရားဝင်လွှဲပြောင်း ဆက်ခံ သူအား မူလ မြေငှါး စာချုပ်ရရှိသူကဲ့သို့ မှတ်ယူပြီးလျှင် အထက်ပါ ဂရန်စာချုပ် စာပုဒ် (၁၀)တွင် ချထားသောမူများအရ မြေငှါးစာချုပ်အသစ်ကို ထုတ်ပေးရန် ဆောင်ရွက်ရပါတယ်။



(ခ-၂) မူလက မြေငှါးဂရန်စာချုပ် ရရှိခဲ့သူထံမှ ဂရန်စာချုပ် သက်တမ်း မကုန်ဆုံးမီ တရားဝင် လွှဲပြောင်းလက်ခံ၍ မြေငှါးဂရန်စာချုပ် သက်တမ်း ကုန်ဆုံးသည့်နောက်ပိုင်းတွင် မြေကို လက်ရှိ လက်ဝယ်မထားသူ။ မူလ မြေငှါးဂရန်စာချုပ် ရရှိခဲ့သူထံမှ စာချုပ်သက်တမ်း မကုန်ဆုံးမီ တရားဝင် စာချုပ်စာတမ်းဖြင့် လွှဲပြောင်း လက်ခံခဲ့သော်လည်း မြေငှါးဂရန်စာချုပ်သက်တန်း ကုန်ဆုံးသောအခါ မြေကို လက်ရှိ လက်ဝယ်မထားသူများကို အထက်ပါ အပုဒ် (က - ၂) ဖေါ်ပြချက် မူများနှင့်အညီ စစ်ဆေး အရေး ယူ ဆောင်ရွက်ရန် ဖြစ်ပါတယ်။



(ဂ) ဂရန်သက်တမ်း ကုန်နေသည့် မြေကို လွှဲပြောင်းလက်ခံခဲ့သူများ။
(ဂ-၁) မူလ မြေငှါးဂရန်စာချုပ် အခွင့်အရေး ရရှိခဲ့သူထံမှ စာချုပ်သက်တမ်း ကုန်ဆုံးနေသည့် မြေကို လွှဲပြောင်း ဆက်ခံ၍ လက်ရှိ လက်ဝယ်ထားသူ။ မြေငှါးဂရန်စာချုပ် သက်တမ်း ကုန်ဆုံးတဲ့အခါ အစိုးရ ပြန်ဖြစ်သွားတယ်လို့ မှတ်ယူရမှာ ဖြစ်လို့ မြေငှါးစာချုပ် ရရှိခဲ့သူသည် ဂရန်သက်တမ်း ကုန်မြေနှင့် ပတ်သက်၍ တရားဝင် အခွင့်အရေးများ မရှိတော့တဲ့သဘော သက်ရောက်သွားပါတယ်။ မြေငှါးဂရန်စာချုပ် သက်တမ်း ကုန်ဆုံးသွားသည် နှင့် မြေကို နိုင်ငံတော်က မည်သို့မည်ပုံ စီမံနိုင်တယ်၊ ဘယ်လို အရေးယူပိုင်ခွင့်တွေ ရှိတယ် ဆိုတာ ရှေ့ကအပိုဒ်တွေမှာ ရှင်းလင်း ဖေါ်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ မြေငှါးစာချုပ်ဖြင့် ပိုင်ဆိုင် ခံစားခွင့်များသည် စာချုပ်ကုန်ဆုံးတဲ့အခါ ပျက်ပြယ်သွားတယ် လို့ဘဲ ပြောရမှာ ဖြစ်ပါတယ်။ မြေငှါး ဂရန်စာချုပ် ရရှိခဲ့သူဟာ သူ့ကို မြေအသုံးပြုခွင့်၊ နေထိုင်ခွင့် ပြုထားတဲ့ ကာလ ကုန်ဆုံးသွားတာနဲ့ မြေငှါးစာချုပ်မှာ ဖေါ်ပြထားတဲ့ လွှဲပြောင်း ပေးကမ်း ရောင်း ဝယ်နိုင်တဲ့ အခွင့်အရေး ခံစားခွင့်များကို လက်လွှတ်လိုက်ရသလို ဖြစ်သွားပါတယ်။



အဆိုပါ ဂရန်သက်တမ်း ကုန်ဆုံးနေတဲ့ မြေကို ဝယ်ယူပါလျှင် မရှိတော့တဲ့ အခွင့်အရေးကို ဝယ်ယူသည့် သဘော ဖြစ်ပါတယ်။ သို့ဖြစ်၍ ဝယ်ယူလက်ရှိထားသူသည် နိုင်ငံတော်ထံမှ မြေငှါးဂရန်စာချုပ် ထုတ်ပေးရန် တောင်းဆို ပိုင်ခွင့် ရှိတယ်လို့ မသတ်မှတ်ပါဘူး။ သက်တမ်းကုန်နေတဲ့ ဂရန်မြေကို မူလ ဂရန်ရရှိထားသူက ဂရန်သက်တမ်း အသစ် ထပ်လျှောက်ရင်တောင် with Power of Renewal Grant မဟုတ်ရင် ဂရန်သစ် ပေးလိုမှ ထပ်ပေးနိုင်တယ်လို့ ပြဌာန်းထားလေတော့ မူလ မြေငှါးဂရန်စာချုပ် ရရှိခဲ့သူ ပင်လျှင် ၎င်းရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့မြေကို ဂရန်သစ် ထုတ်ပေးရန်တောင်းဆိုနိုင်တဲ့ အခွင့်အရေး မရှိပါဘူး။ ဂရန်သက်တမ်းကုန် မြေအား ဝယ်ယူခဲ့သူ အဘို့ဆို သာပြီးတော့တောင် ယင်းမြေအတွက် ဂရန်သစ် ရရှိစေရမယ်ဆိုတဲ့ အခွင့်အရေးကို မမျှော်မှန်းနိုင်တော့ဘူးပေါ့။



သို့သော်လည်း မြေငှါးဂရန်စာချုပ် သက်တမ်း ကုန်ဆုံးပြီး ဖြစ်ပေမဲ့ မြေကို နိုင်ငံတော်က အများ အကျိုးဆောင်ရွက်ရန် မရည်ရွယ်ဘူး၊ အလိုမရှိဘူး၊ ပြန်လည်သိမ်းယူခြင်း မပြုဘူး၊ ဆိုရင်တော့ မြေပေါ်မှာ မြေဝယ်ယူခဲ့သူတွေက ဆက်လက်နေထိုင် လက်ရှိထားနေဆဲဆိုရင် ၎င်းတို့အတွက် အခွင့်အရေး ရှိပါတယ်။ မြေငှါးစာချုပ် သက်တမ်း ကုန်နေတဲ့ မြေပေါ် ၎င်းတိ့ု အခုလို လက်ရှိထား ဆက်လက် နေထိုင်ခြင်း ကို မြေငှါးစာချုပ်ဖြင့် ခွင့်ပြုနေထိုင်စေခြင်း မဟုတ်ဘူးလို့တော့ သတ်မှတ်ပါတယ်။ သို့ပေမဲ့ ယခင် သဘောတူ မြေချထားခံရသူထံမှ တရားဝင် လွှဲပြောင်းဆက်ခံပြီး စဉ်ဆက်မပြတ် နေထိုင်သူ ဖြစ်ခြင်း ဆိုတာကို ထောက်ထားပြီးတော့ ဂရန်သက်တမ်းကုန်မြေများကို အသစ် ပြန်ချတဲ့ လုပ် ထုံးလုပ်နည်းများန့အညီ တရားဝင် စာချုပ်စာတမ်းနဲ့ မြေဝယ်ယူထားသူကို မြေငှါးစာချုပ် ထုတ် ပေးရန် ဆောင်ရွက်ပေးလေ့ ရှိပါတယ်။ မြေကို လက်ရှိ လက်ဝယ်ထားတဲ့ အကျိုးကျေးဇူးပါ။



(ဂ-၂) မူလက မြေငှါးဂရန်စာချုပ် ရရှိခဲ့သူထံမှ မြေငှါးဂရန် စာချုပ်သက်တမ်း ကုန်ဆုံးပြီး သည့်နောက်ပိုင်းမှ မြေကို လွှဲပြောင်းဆက်ခံခဲ့ပြီး လက်ရှိ လက်ဝယ် မထားသူ။ စာချုပ်သက်တမ်း ကုန်ဆုံးပြီးသည့်နောက်မှ လွှဲပြောင်း ဝယ်ယူခြင်းဟာ ဂရန်အရ မတည်ရှိတော့သော ပိုင်ဆိုင် ခံစားခွင့်ကို ရယူခြင်းသာဖြစ်ကြောင်း၊ အထက်ပါ စာပိုဒ် (ဂ-၁) မှာ ရှင်းလင်း ဖေါ်ပြပြီး ဖြစ်ပါတယ်။ ယင်းသို့ အစိုးရက သတ်မှတ်ကာလအတွက်သာ ချထားတဲ့ ဂရန် သက်တမ်းကုန်မြေကို လွှဲပြောင်း ဝယ်ယူခြင်းဟာ ဝယ်ယူရာ မမြောက်ဟု ဆိုနိုင်သလို ပိုင်ဆိုင် ခံစားခွင့်လည်း လက်ဝယ်သို့ မရောက်ရှိပါဆိုပြီး ရှေးအခါက ပြောဆို သတ်မှတ်ခဲ့ကြပါတယ်။ အခု အမျိုးအစားလို သက်တမ်းလည်း ကုန်နေတဲ့အပြင် မြေကိုလည်း လက်ရှိ လက်ဝယ်မထား ဆိုရင်တော့ အခြား သူများနဲ့ တန်းတူ အခွင့်အရေး ရဘို့ကိုတောင် မလွယ်တော့ပါဘူး။



အကယ်၍ မြေငှါးဂရန် စာချုပ်သက်တမ်းကုန်ဆုံးနေတဲ့မြေကို မြေပေါ်ရှိ အဆောက်အအုံများနှင့် တွဲဘက် ဝယ်ယူတယ် ဆိုကြပါစို့။ အဲဒီ မြေငှါးဂရန်စာချုပ်ရဲ့ သက်တမ်းဟောင်း ကာလမှာ မူလ ဂရန် ပိုင်ရှင်ဟာ နှစ်စဉ် ထမ်းဆောင်ရမယ့် မြေငှါးခွန်ကို မှန်ကန်စွာပေးဆောင်ပြီး စာချုပ်ပါ စည်း ကမ်းများ မချိုးမဖေါက် လိုက်နာခဲ့ပါမှသာ မြေငှါးဂရန် စာချုပ်သက်တမ်းကုန်ဆုံးသော မြေပေါ်မှ အဆောက်အအုံများကို မူလ မြေငှါး စာချုပ်ရသူသည် ဖျက်သိမ်း ရွှေ့ပြောင်း ယူသွားနိုင်သည် ဆိုတဲ့ အခွင့်အရေးပဲ ရနိုင်ပါတယ်။ မူလ ဂရန်စာချုပ်ရခဲ့သူအတွက် သက်တမ်းကုန်နေတဲ့ ဂရန်အစား မြေငှါးဂရန် စာချုပ်အသစ် ထုတ်ပေးရမည်လို့ တောင်းဆိုပိုင်ခွင့် မရှိသလို ယင်းမြေကို ဝယ်ယူခဲ့သူမှာလည်း ထိုအတိုင်း ပါဘဲ။ ဝယ်ယူခဲ့သူဟာ ဝယ်ယူပြီးနောက်ပိုင်း ဆက်လက်ပြီး အငှါးစာချုပ် သက်တမ်းကုန်နေတဲ့ မြေပေါ် အဆက်မပြတ် လက်ရှိထား အသုံးပြုနေရင်တော့ သူ့ကို ဦးစားပေးပြီး ဂရန်သစ် လဲလှယ် ပေးချင် ပေးမှာ ဖြစ်ပေမဲ့ ခုလို လက်ရှိ မထားခဲ့ရင် ယင်းမြေကွက်ကို ဂရန်သက်တမ်းအသစ် အတွက် (မူလ ဂရန်ပိုင်ရှင်ရဲ့ အမွေဆက်ခံသူများ၊ ပိုင်ဆိုင်ခွင့်ရှိသူများက) အပြိုင် လျှောက်ထား လာရင် သက်တမ်းကုန် မြေကွက်ကို ဝယ်ယူထားပြီး လက်ရှိမထားသူအား ဦးစားမပေးဘဲ အခြား မြေငှါး ဂရန်စာချုပ် လျှောက်ထားသူများနှင့် တန်းတူ တပြေးတည်း စဉ်းစားရန်သာ ဖြစ်ပါတယ်။

(ဃ) သက်တမ်းကုန် ဂရန်မြေပေါ်၌ ခေတ္တနေထိုင်ခွင့် လိုင်စင်ရရှိထားသူ။ ခေတ္တနေထိုင်ခွင့် လိုင်စင်အမိန့် ရရှိထားသူများဆိုရာတွင် မူလလိုင်စင် ရသူများနှင့် လိုင်စင်ရ သူထံမှ တရားဝင် ဆက်ခံသူများ ပါဝင်ပါတယ်။ လိုင်စင်ရသူများ၏ အခွင့်အရေးကို နိုင်ငံတော်က အချိန်မရွေး လိုင်စင် သက်တန်း မကုန်ဆုံးမီ ပြန်လည် နှုတ်ပယ်ခွင့် ရှိပါတယ်။ လိုင်စင်သက်တမ်း မကုန်ဆုံးသေးသော်လည်း ပုဒ်မ ၁၈ အရ အခွန်အရာရှိက မြေပေါ်မှ (၃)လ နို့တစ်စာပေး၍ အချိန်မရွေး မြေပြန်သိမ်းယူနိုင်ပြီး မြေပေါ်မှ လိုင်စင်သက်တမ်းအတွင်း ဖြစ်စေ၊ လိုင်စင် သက်တမ်း ကုန်သည်နှင့် ဖြစ်စေ အနှင်ထုတ် ခံရနိုင်သည့် မြေအတန်းအစား ဖြစ်ပါတယ်။

သို့အတွက် လိုက်စင်ရသူများသည် လိုင်စင် သက်တမ်းကုန်ဆုံးပြီးသည့် နောက်ပိုင်းတွင် ၎င်းတို့အား ယင်းမြေကွက်အတွက် နှစ်တို နှစ်ရှည် မြေငှါးစာချုပ် ပေးရမယ်လို့ တောင်းဆို ပိုင်ခွင့် မရှိပါဘူး။ ၎င်းတို့အား မြေငှါးဂရန်စာချုပ် ပေးလိုမှ ပေးနိုင်ပါတယ်။ အစိုးရသဘောပါ။.လိုင်စင်ရသူမှ လိုင်စင်သက်တမ်းကုန်တဲ့အခါ ဂရန် ပြောင်းလဲ ထုတ်ပေးရန် လျှောက်ထား မှုများတွင် ခေတ္တနေထိုင်ခွင့် လိုင်စင်အမိန့် ရထားသူသည် မြေကို မိမိကိုယ်တိုင် အသုံးမပြုဘဲ တဆင့်ငှါးရမ်းထားခြင်း၊ သို့တည်းမဟုတ် အသုံးမပြုဘဲ ကွက်လပ်ထားခြင်းများ ရှိခဲ့ပါလျှင် ဂရန် ပေးရာ၌ ၎င်းသူအား ဦးစားပေးရန် မလိုပါ။ လိုင်စင်ရမြေကို လက်ရှိ ကိုယ်တိုင် နေထိုင်ခြင်း၊ အသုံးပြုခြင်း ရှိခဲ့ပါမှသာ ယင်းမြေသည် မြေငှါးဂရန် စာချုပ်အသစ်ဖြင့် ချထားခွင့်ရှိသော Disposal Land မြေမျိုးမှန်ပါက ၎င်းအား ဦးစားပေး စဉ်းစားမည် ဖြစ်ပါတယ်။



သို့သော်လည်း အခုအမျိုးအစား မြေဟာ ယခင်က ဂရန်ပေးဘူးပြီး သက်တမ်း ကုန်ဆုံး နေရာကနေ ဂရန်မပေးတော့ဘဲ လိုင်စင်သာ ပေးနေတဲ့မြေ ဖြစ်တာကြောင့် ရှေ့ အထက်ကာလ က ယင်းမြေနဲ့ စပ်လျဉ်းပြီး မြေငှါးဂရန်စာချုပ် ရရှိခဲ့ဘူးသူများ ရှိခဲ့ပါလျှင် ထိုသူတို့ကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်။



(င) မူလက မြေငှါးဂရန် အခွင့်အရေး ရရှိခဲ့သူထံမှ တရားဝင် လွှဲပြောင်းဆက်ခံခြင်း မရှိပဲ ဂရန် စာချုပ်သက်တမ်းကာလအတွင်း မြေပေါ် ကျူးကျော်ဝင်ရောက် နေထိုင်ခဲ့ပြီး စာချုပ်သက်တမ်းကုန်ဆုံးပြီး နောက်ပိုင်းတွင်လည်း ခေတ္တနေထိုင်ခွင့် လိုင်စင်မရှိဘဲ ဆက်လက်ကျူးကျော် နေထိုင်သူ။ ဤကိစ္စရပ်ကတော့ အစိုးရမြေအပေါ်၊ သူတပါး ဂရန် ရထားတဲ့ မြေအပေါ် တမင် အကျိုးစီးပွါး ထိခိုက်ပျက်စီးအောင် လုပ်တဲ့ သဘော သက်ရောက်ပါတယ်။ ထိုသူသည် မြေငှါးဂရန်ရရှိသူ၏ ပုဂ္ဂလိက ပိုင်ခွင့်ပိုင်ထိုက်ကို ကျုးလွန်ပြီး တရားဥပဒေမဲ့ ကျူးကျော်နေထိုင်သူသာ ဖြစ်ပါသည်။ ဂရန်စာချုပ် သက်တမ်းအတွင်းမှာ မြေငှါးဂရန်ရရှိသူ၏ ပိုင်ဆိုင်ခွင့်ရှိနေတဲ့အတွက် ထို ကျုးကျော် သူအား မြေပေါ်မှ နှင်ထုတ်ပေးရန် ဂရန်ပိုင်ရှင်က တရားစွဲဆို အရေးယူနိုင်ပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် မနှင်ထုတ်ဘဲ (နှင်ထုတ်မရဘဲ) ၎င်းပုဂ္ဂိုလ် ကျူးကျော် နေထိုင်လာရာမှ ဂရန်စာချုပ် သက်တမ်းကုန်ဆုံးသည့် အချိန်တွင်လည်း ဆက်လက်ကျုးကျော် နေခြင်း ဖြစ်ပါက အနေအထား ပြောင်းသွားပါတယ်။ ဂရန်သက်တမ်းကုန်မြေသည် နိုင်ငံတော်ပိုင် ဖြစ်သွားတဲ့အတွက် နိုင်ငံတော်၏ ခွင့်ပြုချက်မရှိဘဲ အစိုးရမြေအပေါ် ထိုသူက စည်းကမ်းမဲ့ နေထိုင်ခြင်း ဖြစ်သွားပါတယ်။



ထိုသူသည် မြေပေါ် လက်ဝယ် လက်ရှိ ထားနေသူ ဖြစ်သော်လည်း ဥပဒေကို ချိုးဖေါက် လက်ရှိ ထားခြင်းသာဖြစ်တယ်ဆိုတဲ့ အချက်ကို အထူး အလေးဂရု ပြုရပါတယ်။ အဲဒီပုဂ္ဂိုလ်က သူ ဟာ မြေပေါ် စဉ်ဆက်မပြတ် နေထိုင်လာသူ ဖြစ်လို့သူ့ကို ဂရန်ထုတ်ပေးဘို့လျှောက်ထားလာရင် မြေပေါ်လက်ရှိဖြစ်တယ်ဆိုတဲ့ အချက်လေးကိုသာကြည့်ပြီး ၎င်းကို မြေငှါးဂရန်ထုတ်ပေးရန် ဦးစား ပေးလိုက်ပါက တရားဥပဒေအား မထေမဲ့မြင်ပြုသူကို အားပေးအားမြှောက်ပြုရာ ကျပါမယ်။ သို့အ တွက် ၎င်းအား ယေဘူယျအားဖြင့် မြေငှါးဂရန် ထုတ်ပေးရာတွင်စဉ်းစားခြင်း မပြုရန် ဖြစ်ပါတယ်။ အဲဒီမြေမျိုးအတွက် မူလပိုင်ရှင် သို့မဟုတ် မူလပိုင်ရှင်၏ တရားဝင် ဆက်ခံသူလည်း မရှိ တော့ဘူး၊ ရောင်းချထားသူလည်း မရှိဘူး။ မြေပေါ်မှာ ကျုးကျော်နေသူကလွဲပြီး အခြား ကျူးကျော် သူလည်း မရှိဘူး၊ အခု ကျူးကျော်နေထိုင်သူဟာလည်း ဒီမြေမှ လွဲ၍ အခြားတွင် နေထိုင်ရန် မြေမရှိ ဖြစ်ခဲ့ရင်တော့ ယင်းမြေကွက်ကို ဂရန်ပေးဘို့အတွက် အခြားမြေမရှိသူများနှင့် အတူ ထည့်သွင်း စဉ်းစားနိုင်ပါတယ်။



၃။ အထက်မှာ ဖေါ်ပြခဲ့တဲ့ အချက်များဟာ မြေနှင့်အခွန်တော်ဥပဒေ၊ မြို့နှင့်ကျေးရွာမြေများ လက်စွဲ ဥပဒေတွေမှာ ပြဌာန်းထားတဲ့ အစိုးရမြေ ကျူးကျော်သူလို့သတ်မှတ်ခံရတဲ့ တရားဝင် အခွင့်မရပဲ ဝင် ရောက် နေထိုင်သူတွေ၊ မူလ မြေငှါးစာချုပ် ဂရန်သက်တန်းကုန်ဆုံးပေမဲ့ ဂရန်သက်တန်းအသစ် ခွင့်ပြု ချက် မလျှောက်ထားသူ၊ မရယူသူတွေကို ဘယ်လို အရေးယူဆောင်ရွက်နိုင်တယ်၊ မြေပေါ်က ဘယ်လို ဖယ်ရှား နှင်ထုတ်နိုင်တယ်ဆိုတဲ့ ဥပဒေ အချက်အလက်များကို ဗဟုသုတအလို့ငှါ တင်ပြခဲ့ခြင်း ဖြစ်ပါ တယ်။ ကျူးကျော်သူကို မြေပေါ်က နှင်ထုတ်ဖယ်ရှားတဲ့အခါ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများဥပဒေ ပုဒ်မ ၁၈ မှာ “မြေပေါ်မှ နှင်ထုတ်ခံရသူများ၏ နေအိမ် အဆောက်အအုံများကို ဖြိုဖျက်၍ အခြား၌ ရွှေ့ပြောင်း အသစ်ဆောက်လုပ်ရန် ကုန်ကျမည့် စရိတ်စကများ၊ ပျက်စီးဆုံးရှုံးရသည့် လက်ရှိ စိုက်ပျိုးထားရှိသော နေအိမ် ခြံဝင်း၊ လုပ်ကွက်အတွင်းမှ ရာသီသီးနှံ၊ နှစ်ရှည်သီးနှံ၊ သစ်သီးဝလံ၊ ပန်းမန်၊ အသီးအပွင့်များ အတွက် အခွန်တော်အရာရှိ သတ်မှတ်သော ထိုက်သင့်သည့် လျော်ကြေးများကို အစိုးရထံမှ ရရှိစေရမည်”လို့ဆိုပါတယ်။



ရွှေ့ပြောင်း သယ်ယူမှု စရိတ်၊ အခြားနေရာမှာ ပြန်ဆောက်ဘို့ ကုန်ကျစရိတ်၊ အိမ်ဝိုင်းထဲက စိုက်ပျိုးထားခဲ့တဲ့သီးပင် စားပင် လျော်ကြေးဆိုတာတွေ ခံစားခွင့်ရှိပါတယ်။ ဥပဒေအရ နှင်ထုတ်တယ်ဆိုရင် နှင်ထုတ်ခံရသူ အတွက် ဥပဒေမှာပါတဲ့ အခွင့်အရေးကို ပေးရန် တာဝန် ရှိပါတယ်၊ အဓိက အသိပေးချင်တာက အစိုးရမြေလို့ ပြဌာန်းထားတဲ့ မြေတွေ အပေါ်မှာ အခွင့်အမိန့် မရဘဲ အသုံးပြုသူ သို့မဟုတ် နေထိုင်သူတွေ ကာလတခုအတွက် အငှါးစာချုပ်ဂရန်နဲ့ နေထိုင်ခွင့် ပေးခဲ့ပေမဲ့ သက်တမ်းကုန်ဆုံးပြီး နောက်ပိုင်း အဲဒီမြေကို အစိုးရက ပြန်အလိုရှိလို့ စာချုပ်သက်တမ်း တိုးမပေးတော့တဲ့ မြေတွေ၊ အကြောင်းတစ်ရပ်ရပ်ကြောင့် ဂရန်စာချုပ် ဖျက်သိမ်းလိုက်တဲ့ မြေတွေ အပေါ်မှာ နေထိုင်နေသူတွေကို အစိုးရက သူဖယ်ရှားချင်ရင် ဖယ်ရှားနိုင်တယ်ဆိုတာ သတိမူကြဘို့ ဖြစ်ပါတယ်။ အစိုးရကလည်း အစိုးရမြေပေါ်ကနေ နှင်ထုတ်ခွင့်ရှိတယ် ဆိုပေမဲ့ Rule of Law ကို လိုက်နာဖို့လိုပါတယ်။ ဥပဒေအရ အစိုးရဟာ မြေပိုင်ရှင်ဆိုပေမဲ့ နိုင်ငံတော်နဲ့ ပြည်သူဆိုတာကိုလည်း မေ့ထားလို့မရပါဘူး.....။


Credit : ဆရာဦးဇော်မင်း (နတ်မောက်) နှင့် ဆရာဦးမောင်မောင်ညွန့်၏ စာများမှ ထုတ်နှုတ်ရေးသားပါသည်။

ပြန်လည်ကူးယူဖော်ပြပါသည်။
Credit to copy.

28/09/2025

💕တောင်ကြီးတန်ဆောင်တိုင် ပထမဆုရသီချင်း💕

28/09/2025

💕တောင်ကြီးတန်ဆောင်တိုင် ပထမဆုရသီချင်း💕

02/01/2023
30/12/2022

၁၁၉ ဒဂုံအရှေ့
အဆောင်ဆောက်ရန်နေရာကောင်း ၄၀×၆၀
၂၀×၆၀ခွဲရောင်းမည်။
095044836

အိမ်ခြံမြေ အရောင်းအဝယ်ကိစ္စတွေမှာ “ ဘီနာမီ“ လို့ ခေါ်ဝေါ်သုံးစွဲနေတဲ့ စကားလုံးတစ်ခုရှိပါတယ် ။ ဘီနာမီ ဆိုတာဘာလဲ ၊ ဘီနာမီက...
08/12/2022

အိမ်ခြံမြေ အရောင်းအဝယ်ကိစ္စတွေမှာ “ ဘီနာမီ“ လို့ ခေါ်ဝေါ်သုံးစွဲနေတဲ့ စကားလုံးတစ်ခုရှိပါတယ် ။ ဘီနာမီ ဆိုတာဘာလဲ ၊ ဘီနာမီက ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိပါသလဲ။
========================

“ဘီနာမီ”ရဲ့ အစဉ်လာက မြန်မာ့ဓလေ့ထုံးတမ်းဥပဒနဲ့တော့ မဆိုင်ပါဘူး။ အိန္ဒိယလူမျိုးတွေ၊ တရုတ်လူမျိုး တွေက ဒီစနစ်ကို ကျင့်သုံးတာများပါတယ်။ ဗုဒ္ဒဘာသာတွေလည်းကျင့်သုံးကြပါတယ်။ တရားဝင်ပါတယ်။ အမည်ခံ၊ အမည်ငှားစနစ်လို့ခေါ်ပါတယ်။ ဥပမာအားဖြင့် ပစ္စည်းဥစ္စာချမ်းသာတဲ့ မိဘများက အရွယ်မရောက် သေးတဲ့ သားသမီးတွေအတွက် သူတို့နာမည်နဲ့ ဝယ်ထားတာဖြစ်ပါတယ်။ အဲဒါက သူတို့ (သား၊သမီး)က တကယ်ပိုင်တာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ငွေနဲ့ဝယ်တာ မဟုတ်ဘူး။ မိဘငွေနဲ့ဝယ်တာဖြစ်တဲ့ အတွက်ကြောင့်ပါ။

ဒီ“ဘီနာမီ”ကဘာ ပြဿနာဖြစ်လာနိုင်လဲဆိုတော့ အရွယ်ရောက်တဲ့အချိန် မိဘကလည်း မရှိတော့တဲ့အချိန်မှာ မိဘရဲ့စီစဉ်မူကို သားသမီးတွေက နာခံမယ်ဆိုရင် ပြဿနာ မရှိနိုင်ပါဘူး ။ သ့ိုသော် တစ်ယောက်က ဝင်ဒါမီယာ မှာ ရထားတယ်၊ တစ်ယောက်က ဒဂုံဆိပ်ကမ်း၊ တစ်ယောက်က ရွှေပြည်သာမှာဆိုရင်တော့ ဝေပုံဝေ ကျက မမျှတဘူးဖြစ်နေပါတယ်။ ဒီလိုဆိုရင် ရွှေပြည်သာက မြေကိုရထားတဲ့ သားသမီးက မကျေနပ်ဘူး။ မကျေနပ်ရင် ဒီဟာက အမွေပစ္စည်းပါ၊ “ဘီနာမီ”အမည်ခံအနေနဲ့ ဝယ်ပေးထားတာ။ တကယ်ပိုင်တာ မဟုတ် ဘူး။ မိဘဆုံး သွားတဲ့ အခါ အမွေခံပစ္စည်း အနေနဲ့ ကျန်ရစ်တဲ့အတွက် ဒါကို အမွေပုံပစ္စည်းအဖြစ်သတ်မှတ်ပြီး ပြန်ပြီးအညီ အမျှ ခွဲဝေပေးပါလို့ စွဲလို့ရပါတယ်။ ဒါက “ဘီနာမီ” စနစ်ရဲ့အကျိုးသက်ရောက်မှုပေါ့။

ဒါကို အကဲခတ်တဲ့အခါမှာ နံပတ် ၁ အချက်အနေနဲ့ ဝယ်ယူထားတဲ့သူက ဒီမြေကြီးကို ဝယ်ယူနိုင်တဲ့ အရည် အချင်းရှိတဲ့အချိန်မှာ ဝယ်တာလား ၊ အရွယ်လည်းရောက်ပြီ၊ စီးပွားရေးလည်းရှိပြီ သ့ူနာမည်နဲ့ဝယ်တဲ့ဆိုရင် ဘီနာမီလို့ပြောရခက်တယ်။ အရွယ်မရောက်၊ စီးပွားရေးလည်းမလုပ်ဘဲနဲ့ သူ့နာမည်နဲ့ဝယ်တယ်ဆိုရင် “ဘီနာမီ” လို့ပြောလို့ရသွားပြီ။ နောက် တစ်ချက်က ပိုင်ဆိုင်မူစာရွက်စာတမ်းက မိဘက သူသိမ်းထားတာ၊ သားသမီးကို ပေးမထားဘူး။ ဒီတော့ ပိုင်ဆိုင်မှု စာရွက်စာတမ်းက ဘယ်သူဆီမှာရှိသလဲဆိုတာ ခြေရာခံတာပေါ့။

နောက်တစ်ချက်က လက်ရောက်ပေးထား သလားဆိုတာပါ။ ဝယ်ထားတဲ့ပစ္စည်းကို သူ့နာမည်နဲ့ဝယ်တယ်၊ သူက ဒီနေရာမှာလည်းနေတယ်၊ စာရွက်စာတမ်းလည်းပိုင်တယ်။ သူက အရွယ်ရောက်ပြီး ဝယ်နိုင်တဲ့ အရည်အ ချင်းလည်း ရှိတယ်ဆိုရင် “ဘီနာမီ”ဟုတ်မဟုတ်ဆိုတာ အငြင်းပွားစရာဖြစ်တာပေါ့။ စောစောက အချက် သုံးချက် နဲ့ ငြှိစွန်းနေရင်တော့ “ဘီနာမီ”ဆိုတာသေချာတာပေါ့။

#ဘီနာမီ

(Zawgyi)

အိမ်ခြံမြေ အရောင်းအ၀ယ်ကိစ္စတွေမှာ “ ဘီနာမီ“ လို့ ခေါ်ဝေါ်သုံးစွဲနေတဲ့ စကားလုံးတစ်ခုရှိပါတယ် ။ ဘီနာမီ ဆိုတာဘာလဲ ၊ ဘီနာမီက ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိပါသလဲ။
========================

“ဘီနာမီ”ရဲ့ အစဉ်လာက မြန်မာ့ဓလေ့ထုံးတမ်းဥပဒနဲ့တော့ မဆိုင်ပါဘူး။ အိန္ဒိယလူမျိုးတွေ၊ တရုတ်လူမျိုး တွေက ဒီစနစ်ကို ကျင့်သုံးတာများပါတယ်။ ဗုဒ္ဒဘာသာတွေလည်းကျင့်သုံးကြပါတယ်။ တရားဝင်ပါတယ်။ အမည်ခံ၊ အမည်ငှားစနစ်လို့ခေါ်ပါတယ်။ ဥပမာအားဖြင့် ပစ္စည်းဥစ္စာချမ်းသာတဲ့ မိဘများက အရွယ်မရောက် သေးတဲ့ သားသမီးတွေအတွက် သူတို့နာမည်နဲ့ ဝယ်ထားတာဖြစ်ပါတယ်။ အဲဒါက သူတို့ (သား၊သမီး)က တကယ်ပိုင်တာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ငွေနဲ့ဝယ်တာ မဟုတ်ဘူး။ မိဘငွေနဲ့ဝယ်တာဖြစ်တဲ့ အတွက်ကြောင့်ပါ။

ဒီ“ဘီနာမီ”ကဘာ ပြဿနာဖြစ်လာနိုင်လဲဆိုတော့ အရွယ်ရောက်တဲ့အချိန် မိဘကလည်း မရှိတော့တဲ့အချိန်မှာ မိဘရဲ့စီစဉ်မူကို သားသမီးတွေက နာခံမယ်ဆိုရင် ပြဿနာ မရှိနိုင်ပါဘူး ။ သိ့ုသော် တစ်ယောက်က ဝင်ဒါမီယာ မှာ ရထားတယ်၊ တစ်ယောက်က ဒဂုံဆိပ်ကမ်း၊ တစ်ယောက်က ရွှေပြည်သာမှာဆိုရင်တော့ ဝေပုံဝေ ကျက မမျှတဘူးဖြစ်နေပါတယ်။ ဒီလိုဆိုရင် ရွှေပြည်သာက မြေကိုရထားတဲ့ သားသမီးက မကျေနပ်ဘူး။ မကျေနပ်ရင် ဒီဟာက အမွေပစ္စည်းပါ၊ “ဘီနာမီ”အမည်ခံအနေနဲ့ ဝယ်ပေးထားတာ။ တကယ်ပိုင်တာ မဟုတ် ဘူး။ မိဘဆုံး သွားတဲ့ အခါ အမွေခံပစ္စည်း အနေနဲ့ ကျန်ရစ်တဲ့အတွက် ဒါကို အမွေပုံပစ္စည်းအဖြစ်သတ်မှတ်ပြီး ပြန်ပြီးအညီ အမျှ ခွဲဝေပေးပါလို့ စွဲလို့ရပါတယ်။ ဒါက “ဘီနာမီ” စနစ်ရဲ့အကျိုးသက်ရောက်မှုပေါ့။

ဒါကို အကဲခတ်တဲ့အခါမှာ နံပတ် ၁ အချက်အနေနဲ့ ဝယ်ယူထားတဲ့သူက ဒီမြေကြီးကို ဝယ်ယူနိုင်တဲ့ အရည် အချင်းရှိတဲ့အချိန်မှာ ဝယ်တာလား ၊ အရွယ်လည်းရောက်ပြီ၊ စီးပွားရေးလည်းရှိပြီ သူ့နာမည်နဲ့ဝယ်တဲ့ဆိုရင် ဘီနာမီလို့ပြောရခက်တယ်။ အရွယ်မရောက်၊ စီးပွားရေးလည်းမလုပ်ဘဲနဲ့ သူ့နာမည်နဲ့ဝယ်တယ်ဆိုရင် “ဘီနာမီ” လို့ပြောလို့ရသွားပြီ။ နောက် တစ်ချက်က ပိုင်ဆိုင်မူစာရွက်စာတမ်းက မိဘက သူသိမ်းထားတာ၊ သားသမီးကို ပေးမထားဘူး။ ဒီတော့ ပိုင်ဆိုင်မှု စာရွက်စာတမ်းက ဘယ်သူဆီမှာရှိသလဲဆိုတာ ခြေရာခံတာပေါ့။

နောက်တစ်ချက်က လက်ရောက်ပေးထား သလားဆိုတာပါ။ ဝယ်ထားတဲ့ပစ္စည်းကို သူ့နာမည်နဲ့ဝယ်တယ်၊ သူက ဒီနေရာမှာလည်းနေတယ်၊ စာရွက်စာတမ်းလည်းပိုင်တယ်။ သူက အရွယ်ရောက်ပြီး ဝယ်နိုင်တဲ့ အရည်အ ချင်းလည်း ရှိတယ်ဆိုရင် “ဘီနာမီ”ဟုတ်မဟုတ်ဆိုတာ အငြင်းပွားစရာဖြစ်တာပေါ့။ စောစောက အချက် သုံးချက် နဲ့ ငြှိစွန်းနေရင်တော့ “ဘီနာမီ”ဆိုတာသေချာတာပေါ့။

#ဘီနာမီ

30/11/2022

အရှေ့ဒဂုံ
၁၂၃/၁၂၄/၁၂၅/၁၂၆
၁၃၂/၁၃၃/၁၅၆
ပေ ၂၀ ၆၀ အဝယ်ရှိသည်

27/11/2022

တောင်ဒဂုံ
စက်မှုဇုန် (၂)
၄၀×၆၀/၈၀×၆၀
နှစ်ကွက် ရောင်းမည်။

29/08/2022

အဆောင်ရောင်းရန်
ရှိသည်။
Agent-095044836

⭕️ ပြည်ထဲရေးနှင့် သာသနာရေး၀န်ကြီးဌာန၏ (၈.၁၁.၁၉၈၉) ရက်စွဲပါ အမိန်ပြန်တမ်းဖြင့် ဒဂုံမြို့သစ် မြို့နယ်ကို ဖွဲ့စည်းခဲ့ပြီး၊ ...
27/08/2022

⭕️ ပြည်ထဲရေးနှင့် သာသနာရေး၀န်ကြီးဌာန၏ (၈.၁၁.၁၉၈၉) ရက်စွဲပါ အမိန်ပြန်တမ်းဖြင့် ဒဂုံမြို့သစ် မြို့နယ်ကို ဖွဲ့စည်းခဲ့ပြီး၊ (၄.၁၀.၁၉၉၀) ရက်နေ့တွင် ဒဂုံမြို့သစ်အား ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် ဟူ၍ မြို့နယ် ၂ မြို့နယ် ခွဲခြားသတ်မှတ်ခဲ့ပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၉.၈.၁၉၉၄)ရက်စွဲပါ အမိန့်ပြန်တမ်းဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အား ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်း ဟူ၍ မြို့နယ် ၂ခု ထပ်မံခွဲခြားခဲ့ပြီး ၊
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အား ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ဟူ၍ မြို့နယ် ၂ခု ထပ်မံခွဲခြားခဲ့ပါသည်။

⭕️⭕️ ၁- ဒဂုံမြို့သစ်မြောက်ပိုင်း

ဒဂုံမြို့သစ်မြောက်ပိုင်း သည် ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ ဒဂုံမြို့သစ်မြောက်ပိုင်း၏ မြောက်ဘက်နှင့် အရှေ့ဘက်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အနောက်ဘက်တွင် တောင်ဥက္ကလာပမြို့နယ်၊ တောင်ဘက်တွင် ဒဂုံမြို့သစ်တောင်ပိုင်းတို့ တည်ရှိသည်။ မြောက်ဒဂုံဟုလည်း ခေါ်ဝေါ်ကြသည်။
မြို့ဧရိယာ ၁၀.၁၅ စတုရန်းမိုင်ကျယ်ဝန်းပါသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းကို ရပ်ကွက်ပေါင်း ၂၇ ဖြင့် ဖွဲ့စည်းထားသည်။ ၁၉၈၉ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတပ်မတော်အစိုးရတည်ထောင်ခဲ့သော မြို့သစ်များထဲတွင် ဒဂုံမြို့သစ်မြောက်ပိုင်းသည် တိုးတက်သောမြို့ဟု ဆိုနိုင်သည်။
အစိုးရ မူလတန်းကျောင်း ၂၄ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ အထက်တန်းကျောင်း ၅ ကျောင်းရှိသည်။
ရန်ကုန်မြို့ရှိ အကြီးဆုံးတက္ကသိုလ်ဖြစ်သော ဒဂုံတက္ကသိုလ်သည် ဤမြို့နယ်၏ အလယ်ပိုင်းတွင် တည်ရှိခဲ့သည်။ ဤသည်မှာ ယခင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် နှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ဟု မခွဲခြားသေးခင် အချိန်ကဖြစ်သည်။ ယခုအခါ ဒဂုံတက္ကသိုလ်၏ တည်နေရာသည် ဒဂုံမြို့သစ်အရှေ့ ပိုင်းမြို့နယ် နယ်နိမိတ် အတွင်းမှာဖြစ်သည်။

နယ်နမိတ်
အရှေ့ဘက်တွင် - ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ တောင်ဘက်တွင် - ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နှင့်ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် တောင်ဥက္ကလာပမြို့နယ်၊တို့နှင့်ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် - မြောက်ဥက္ကလာပမြို့နယ်တို့နှင့်နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

ရပ်ကွက်ပေါင်း ၂၇ ရပ်ကွက် တည်ရှိသည်။

• ၁။ ၁၆
• ၂။ ၂၇
• ၃။ ၂၈
• ၄။ ၂၉
• ၅။ ၃၀
• ၆။ ၃၁
• ၇။ ၃၂
• ၈။ ၃၃
• ၉။ ၃၄
• ၁၀။ ၃၅
• ၁၁။ ၃၆
• ၁၂။ ၃၇
• ၁၃။ ၃၈
• ၁၄။ ၃၉
• ၁၅။ ၄၀
• ၁၆။ ၄၁
• ၁၇။ ၄၁-တိုးချဲ့
• ၁၈။ ၄၂
• ၁၉။ ၄၃
• ၂၀။ ၄၄
• ၂၁။ ၄၅
• ၂၂။ ၄၆
• ၂၃။ ၄၇
• ၂၄။ ၄၈
• ၂၅။ ၄၉
• ၂၆။ ၅၀
• ၂၇။ ၅၁

ဈေးများ
ဈေးအမည်
အမှတ်(၃)စျေး အစိုးရပိုင် (၂၈)ရပ်ကွက်
ဒဂုံရွှေပြည်စျေး အစိုးရပိုင် (၃၀)ရပ်ကွက်
အမှတ်(၅)စျေး အစိုးရပိုင် (၃၉)ရပ်ကွက်
အမှတ်(၄)စျေး အစိုးရပိုင် (၄၀)ရပ်ကွက်
ဗိုလ်မင်းရောင်စျေး အစိုးရပိုင် (၄၂)ရပ်ကွက်
(၄၉/၅၀)စျေး အစိုးရပိုင် (၄၉)ရပ်ကွက်

ဈေးရုံများ
ဈေးရုံအမည်
ဒဂုံရွှေပြည်စျေး ၅၀၉ နိုင်ငံပိုင် (၃၀)ရပ်ကွက်၊ဘုရင့်နောင်လမ်း
၄၉စျေး ၁၆၆ နိုင်ငံပိုင် (၄၉)ရပ်ကွက်၊ပိတောက်လမ်း
အမှတ်(၅)စျေး ၁၂၂ နိုင်ငံပိုင် (၃၉)ရပ်ကွက်၊ဗိုလ်ဆွန်ပက် လမ်း
ပင်လုံစျေး ၄၇ နိုင်ငံပိုင် (၃၂)ရပ်ကွက်၊သင်းဝင်လမ်း
အမှတ်(၄)စျေး ၁၂၄ နိုင်ငံပိုင် (၄၀)ရပ်ကွက်၊ သခင်မြလမ်း
ဗိုလ်မင်းရောင်စျေး ၁၅၁ နိုင်ငံပိုင် (၄၂)ရပ်ကွက်၊ဗိုလ်မင်းရောင်လမ်း
အမှတ်(၃)စျေး ၄၁ နိုင်ငံပိုင် (၂၈)ရပ်ကွက်သခင်အုန်းခင်လမ်း
မဟာမြိုင်စျေး ၁၀၁ နိုင်ငံပိုင် (၄၁)တိုးချဲ့ရပ်ကွက်
စံရိပ်ငြိမ်စျေး ၇၀ နိုင်ငံပိုင် (၄၆)ရပ်ကွက် စံရိပ်ငြိမ်လမ်း

⭕️⭕️ ၂ - ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် သည် ရန်ကုန်မြို့၏ အရှေ့တောင်ပိုင်းတွင် တည်ရှိသည်။ ဒဂုံမြို့သစ်တောင်ပိုင်း၏ မြောက်ဘက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ အနောက်ဘက် ပုဇွန်တောင်ချောင်းတလျှောက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အရှေ့ဘက်တွင် ပဲခူးမြစ်နှင့် တောင်ဘက်တွင် ဒဂုံမြို့သစ်ဆိပ်ကမ်းတို့ တည်ရှိသည်။
မြို့ဧရိယာ ၃၀.၅၄ စတုရန်းမိုင်ကျယ်ဝန်းပါသည်။

ဒဂုံမြို့သစ်တောင်ပိုင်းကို ရပ်ကွက်ပေါင်း (၄၄)ဖြင့် ဖွဲ့စည်းထားသည်။ ဤမြို့နယ်သည် (၁၉၈၉)ခုနှစ်တွင် တပ်မတော်အစိုးရ တည်ထောင်ခဲ့သော မြို့သစ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။
အစိုးရ မူလတန်းကျောင်း (၁၂) ကျောင်း၊ အလယ်တန်းကျောင်း (၁၁) ကျောင်း၊ အထက်တန်းကျောင်း (၈) ကျောင်းရှိသည်။
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သည် ဤမြို့နယ်တွင် တည်ရှိသည်။

ရပ်ကွက်ပေါင်း ၄၄ ရပ်ကွက် တည်ရှိသည်။
• ၁။ အမှတ် (၁၇) (တောင်ပိုင်း)ရပ်ကွက်
• ၂။ အမှတ် (၁၈) ရပ်ကွက်
• ၃။ အမှတ် (၁၉) ရပ်ကွက်
• ၄။ အမှတ် (၂၀) ရပ်ကွက်
• ၅။ အမှတ် (၂၁) ရပ်ကွက်
• ၆။ အမှတ် (၂၂) ရပ်ကွက်
• ၇။ အမှတ် (၂၃) ရပ်ကွက်
• ၈။ အမှတ် (၂၄) ရပ်ကွက်
• ၉။ အမှတ် (၂၅) ရပ်ကွက်
• ၁၀။ အမှတ် (၂၆) ရပ်ကွက်
• ၁၁။ အမှတ် (၅၃) ရပ်ကွက်
• ၁၂။ အမှတ် (၅၄) ရပ်ကွက်
• ၁၃။ အမှတ် (၅၅) ရပ်ကွက်
• ၁၄။ အမှတ် (၅၆) ရပ်ကွက်
• ၁၅။ အမှတ် (၅၇) ရပ်ကွက်
• ၁၆။ အမှတ် (၆၂) ရပ်ကွက်
• ၁၇။ အမှတ် (၆၃) ရပ်ကွက်
• ၁၈။ အမှတ် (၆၄) ရပ်ကွက်
• ၁၉။ အမှတ် (၆၅) ရပ်ကွက်
• ၂၀။ အမှတ် (၆၆) ရပ်ကွက်
• ၂၁။ အမှတ် (၇၀) ရပ်ကွက်
• ၂၂။ အမှတ် (၇၁) ရပ်ကွက်
• ၂၃။ အမှတ် (၇၂) ရပ်ကွက်
• ၂၄။ အမှတ် (၁၀၄) ရပ်ကွက်
• ၂၅။ အမှတ် (၁၀၅) ရပ်ကွက်
• ၂၆။ အမှတ် (၁၀၆) ရပ်ကွက်
• ၂၇။ အမှတ် (၁၀၇) ရပ်ကွက်
• ၂၈။ အမှတ် (၁၄၀) ရပ်ကွက်
• ၂၉။ အမှတ် (၁၄၁) ရပ်ကွက်
• ၃၀။ အမှတ် (၁၄၂) ရပ်ကွက်
• ၃၁။ အမှတ် (၁၄၃) ရပ်ကွက်
• ၃၂။ အမှတ် (၁၄၄) ရပ်ကွက်
• ၃၃။ အမှတ် (၁၄၅) ရပ်ကွက်
• ၃၄။ အမှတ် (၁၄၆) ရပ်ကွက်
• ၃၅။ အမှတ် (၁၄၇) ရပ်ကွက်
• ၃၆။ အမှတ် (၁၅၂) ရပ်ကွက်
• ၃၇။ အမှတ် (၁၅၃) ရပ်ကွက်
• ၃၈။ အမှတ် (၁၅၄) ရပ်ကွက်
• ၃၉။ ကြည်စု (အနောက်) ရပ်ကွက်
• ၄၀။ ရွာသာကြီး (တောင်) ရပ်ကွက်
• ၄၁။ သုံးခွ (တောင်) ရပ်ကွက်
• ၄၂။ လေးဒေါင့်ကန် (တောင်) ရပ်ကွက်
• ၄၃။ စိုက်ပျိုးမွေးမြူရေး အမှတ် (၁) ရပ်ကွက်
• ၄၄။ ရှမ်းတဲကြီး (တောင်) ရပ်ကွက်

ဈေးများ
ဈေးအမည်
အမှတ်(၁)စျေး အစိုးရ အမှတ်(၂၅)ရပ်ကွက်
အမှတ်(၂)စျေး အစိုးရ အမှတ်(၂၀)ရပ်ကွက်
ဇုန်(၂)စျေး အစိုးရ အမှတ်(၆၄)ရပ်ကွက်
ဒဂုံသီရီစျေး အစိုးရ အမှတ်(၅၇)ရပ်ကွက်
ဗဟိုစည်စျေး အစိုးရ အမှတ်(၇၁)ရပ်ကွက်
အခွန်လွတ်စျေး အစိုးရ အမှတ်(၂၆)ရပ်ကွက်
ကေတုမတီစျေး အစိုးရ အမှတ်(၁၀၆)ရပ်ကွက်
စိုက်မွေး(၁)စျေး အစိုးရ စိုက်မွေး(၁)ရပ်ကွက်
မင်းရဲကောင်းပုံစျေး အစိုးရ အမှတ်(၁၀၅)ရပ်ကွက်

ဈေးရုံများ
ဈေးရုံအမည်
အမှတ်(၁)စျေး ၈၈ အစိုးရ (၂၅)ရပ်ကွက်
အမှတ်(၂)စျေး ၇၁၈ အစိုးရ (၂၀)ရပ်ကွက်
ဇုန်(၂)စျေး ၁၂၀ အစိုးရ (၆၄)ရပ်ကွက်
ဒဂုံသီရီစျေး ၈၇၀ အစိုးရ (၅၇)ရပ်ကွက်
ဗဟိုစည်စျေး ၅၃၈ အစိုးရ (၇၁)ရပ်ကွက်
ကေတုမတီစျေး ၂၈၄ အစိုးရ (၁၀၆) ရပ်ကွက်
စိုက်မွေး(၁)စျေး ၃၇၀ အစိုးရ စိုက်မွေး(၁) ရပ်ကွက်
မင်းရဲကောင်းပုံစျေး ၂၀၁၄ အစိုးရ (၁၀၅)ရပ်ကွက်

⭕️⭕️ ၃ - ဒဂုံမြို့သစ်အရှေ့ပိုင်း

ဒဂုံမြို့သစ်အရှေ့ပိုင်းသည် ရန်ကုန်မြို့၏ အရှေ့ဘက်အကျဆုံးအပိုင်းတွင် တည်ရှိသည်။ ဒဂုံမြို့သစ်အရှေ့ပိုင်း၏ မြောက်ဘက်တွင် လှည်းကူးမြို့နယ်၊ အနောက်ဘက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြောက်ဘက်တွင်လဲ - မြောက်ဥက္ကလာပမြို့နယ်တို့နှင့်နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။
မြို့ဧရိယာ၁၀.၉၈ စတုရန်းမိုင်ကျယ်ဝန်းပါသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းကို ရပ်ကွက်ပေါင်း (၆၃)ခုဖြင့် ဖွဲ့စည်းထားသည်။ ဤမြို့နယ်သည် (၁၉၈၉)ခုနှစ်တွင် တပ်မတော်အစိုးရ တည်ထောင်ခဲ့သော မြို့သစ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဤမြို့နယ်၏ နေရာအများစုမှာ ဖွံ့ဖြိုးတိုးတက်မှုမရှိသေးဘဲ စည်ပင်သာယာနှင့်သက်ဆိုင်သော အခြေခံဝန်ဆောင်မှုများ လစ်ဟင်းနေသေးသည်။
အစိုးရ မူလတန်းကျောင်း (၁၅) ကျောင်း၊ အလယ်တန်းကျောင်း (၃ ) ကျောင်း၊ အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။
ငမိုးရိပ်ချောင်းနှင့် ပုဇွန်တောင်ချောင်းတို့သည် ဤမြို့နယ်ကို ဖြတ်သန်းစီးဆင်းသွားသည်။ ဤမြို့နယ်ရှိ တို့ကျောင်းကလေး ဘူတာရုံတွင် ရန်ကုန်မြို့ပတ်ရထားနှင့် မြန်မာ့ မီးရထား၏ ရန်ကုန်-ပဲခူးမီးရထားတို့ ရပ်နားလေ့ရှိသည်။

ရပ်ကွက်ပေါင်း ၆၃ ရပ်ကွက် တည်ရှိသည်။
• ၁။ အမှတ် (၁) ရပ်ကွက်
• ၂။ အမှတ် (၂) ရပ်ကွက်
• ၃။ အမှတ် (၃) ရပ်ကွက်
• ၄။ အမှတ် (၄) ရပ်ကွက်
• ၅။ အမှတ် (၅) ရပ်ကွက်
• ၆။ အမှတ် (၆) ရပ်ကွက်
• ၇။ အမှတ် (၇) ရပ်ကွက်
• ၈။ အမှတ် (၈) ရပ်ကွက်
• ၉။ အမှတ် (၉) ရပ်ကွက်
• ၁၀။ အမှတ် (၁၀) ရပ်ကွက်
• ၁၁။ အမှတ် (၁၁) ရပ်ကွက်
• ၁၂။ အမှတ် (၁၂) ရပ်ကွက်
• ၁၃။ အမှတ် (၁၃) ရပ်ကွက်
• ၁၄။ အမှတ် (၁၄) ရပ်ကွက်
• ၁၅။ အမှတ် (၁၅) ရပ်ကွက်
• ၁၆။ အမှတ် (၁၆) (အရှေ့ပိုင်း) ရပ်ကွက်
• ၁၇။ အမှတ် (၅၂) ရပ်ကွက်
• ၁၈။ အမှတ် (၁၀၈) ရပ်ကွက်
• ၁၉။ အမှတ် (၁၀၉) ရပ်ကွက်
• ၂၀။ အမှတ် (၁၁၀) ရပ်ကွက်
• ၂၁။ အမှတ် (၁၁၁) ရပ်ကွက်
• ၂၂။ အမှတ် (၁၁၂) ရပ်ကွက်
• ၂၃။ အမှတ် (၁၁၃) ရပ်ကွက်
• ၂၄။ အမှတ် (၁၁၄) ရပ်ကွက်
• ၂၅။ အမှတ် (၁၁၅) ရပ်ကွက်
• ၂၆။ အမှတ် (၁၁၆) ရပ်ကွက်
• ၂၇။ အမှတ် (၁၁၇) ရပ်ကွက်
• ၂၈။ အမှတ် (၁၁၈) ရပ်ကွက်
• ၂၉။ အမှတ် (၁၁၉) ရပ်ကွက်
• ၃၀။ အမှတ် (၁၂၀) ရပ်ကွက်
• ၃၁။ အမှတ် (၁၂၁) ရပ်ကွက်
• ၃၂။ အမှတ် (၁၂၂) ရပ်ကွက်
• ၃၃။ အမှတ် (၁၂၃) ရပ်ကွက်
• ၃၄။ အမှတ် (၁၂၄) ရပ်ကွက်
• ၃၅။ အမှတ် (၁၂၅) ရပ်ကွက်
• ၃၆။ အမှတ် (၁၂၆) ရပ်ကွက်
• ၃၇။ အမှတ် (၁၂၇) ရပ်ကွက်
• ၃၈။ အမှတ် (၁၂၈) ရပ်ကွက်
• ၃၉။ အမှတ် (၁၂၉) ရပ်ကွက်
• ၄၀။ စစ်ပင်တောင်ရပ်ကွက်
• ၄၁။ တောင်တလုပ်ရပ်ကွက်
• ၄၂။ ရွာသာကြီး (အရှေ့ပိုင်း) ရပ်ကွက်
• ၄၃။ သုံးခွ (အရှေ့ပိုင်း) ရပ်ကွက်
• ၄၄။ အမှတ် (၁၃၀) ရပ်ကွက်
• ၄၅။ အမှတ် (၁၃၁) ရပ်ကွက်
• ၄၆။ အမှတ် (၁၃၂) ရပ်ကွက်
• ၄၇။ အမှတ် (၁၃၃) ရပ်ကွက်
• ၄၈။ အမှတ် (၁၃၄) ရပ်ကွက်
• ၄၉။ အမှတ် (၁၃၅) ရပ်ကွက်
• ၅၀။ အမှတ် (၁၃၆) ရပ်ကွက်
• ၅၁။ အမှတ် (၁၃၇) ရပ်ကွက်
• ၅၂။ အမှတ် (၁၃၈) ရပ်ကွက်
• ၅၃။ အမှတ် (၁၃၉) ရပ်ကွက်
• ၅၄။ အမှတ် (၁၅၅) ရပ်ကွက်
• ၅၅။ အမှတ် (၁၅၆) ရပ်ကွက်
• ၅၆။ အမှတ် (၁၅၇) ရပ်ကွက်
• ၅၇။ အမှတ် (၁၅၈) ရပ်ကွက်
• ၅၈။ အမှတ် (၁၅၉) ရပ်ကွက်
• ၅၉။ အမှတ် (၁၆၀) ရပ်ကွက်
• ၆၀။ အမှတ် (၁၆၁) ရပ်ကွက်
• ၆၁။ အမှတ် (၁၆၂) ရပ်ကွက်
• ၆၂။ အမှတ် (၁၆၃) ရပ်ကွက်
• ၆၃။ အမှတ် (၁၆၄) ရပ်ကွက်

ဈေးများ
ဈေးအမည်
အမှတ်(၂)ဈေး ၄၃၂ နိုင်ငံပိုင် ငထွေရူးလမ်း၊ (၈)ရပ်ကွက်
အမှတ်(၆)ဈေး ၁၀၈ နိုင်ငံပိုင် မေယု(၃)လမ်း၊ ခါတော်မှီလမ်းနှင့် မေယုလမ်း၊ (၆)ရပ်ကွက်

ဈေးရုံများ
ဈေးရုံအမည်
အမှတ်(၂)ဈေး ၄၃၂ နိုင်ငံပိုင် ငထွေရူးလမ်း၊ (၈)ရပ်ကွက်
အမှတ်(၆)ဈေး ၁၀၈ နိုင်ငံပိုင် မေယု(၃)လမ်း၊ ခါတော်မှီ လမ်းနှင့် မေယုလမ်း၊ (၆)ရပ်ကွက်

⭕️⭕️ ၄ - ဒဂုံဆိပ်ကမ်းမြို့နယ်

ဒဂုံဆိပ်ကမ်းမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့အလယ်ပိုင်းတွင် တည်ရှိသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်ကို (၁၉၉၀)နှစ်ပိုင်းတွင် ပြောင်းရွှေခဲ့သည်။(၂၀ဝ၀)ခုနှစ်တွင် အစိုးရ မူလတန်းကျောင်း (၁၁) ကျောင်း၊ အလယ်တန်းကျောင်း (၇) ကျောင်း၊ အထက်တန်းကျောင်း (၁) ကျောင်းရှိသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စက်မှုဇုန်တစ်ခုလည်းတည်ရှိ‌‌သည်။
မြို့ဧရိယာ ၃၂.၉၇ စတုရန်းမိုင်ကျယ်ဝန်းပါသည်။

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သည် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ရှိလျက်ရှိသည်။ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် သန်လျင်မြို့နယ်ကိုသန်လျင်တံတားအမှတ်(၂){ကုလားဝဲတံတား}ဖြင့်လည်း ဆက်သွယ်ထားလျက်ရှိသည်။ ကုလားဝဲတံတားသည် (၂၀ဝ၇)ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ရန်ကုန်မြို့ရှိ ပဲခူးမြစ်ကို ဖြတ်ထိုးထားသော ဒုတိယတံတားဖြစ်သည်။ ပဲခူးမြစ်သည် ဤမြို့နယ်၏ အရှေ့နှင့် အရှေ့တောင်အရပ်တွင် တည်ရှိသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်း၏ မြောက်ဘက်တွင် လှည်းကူးမြို့နယ်၊ အနောက်မြောက်ဘက်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၊ အနောက်တောင်ဘက်တွင် သာကေတမြို့နယ်၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် သံလျင်မြို့နယ်တို့ တည်ရှိသည်။


ရပ်ကွက်ပေါင်း ၃၅ ရပ်ကွက် တည်ရှိသည်။
• ၁။ ၆၇
• ၂။ ၇၅
• ၃။ ၇၃
• ၄။ ၇၄
• ၅။ ၇၆
• ၆။ ၅၈
• ၇။ ၅၉
• ၈။ ၆၀
• ၉။ ၆၁
• ၁၀။ ၇၇
• ၁၁။ ၇၈
• ၁၂။ ၇၉
• ၁၃။ ၈၀
• ၁၄။ ၈၁
• ၁၅။ ၈၂
• ၁၆။ ၈၃
• ၁၇။ ၈၄
• ၁၈။ ၈၅
• ၁၉။ ၈၆
• ၂၀။ ၈၇
• ၂၁။ ၈၈
• ၂၂။ ၈၉
• ၂၃။ ၉၀
• ၂၄။ ၉၁
• ၂၅။ ၉၂
• ၂၆။ ၉၃
• ၂၇။ ၉၄
• ၂၈။ ၉၈
• ၂၉။ ၁၆၈
• ၃၀။ ၁၄၈
• ၃၁။ ၁၄၉
• ၃၂။ ၁၅၀
• ၃၃။ ၁၅၁
• ၃၄။ ၆၈
• ၃၅။ ၆၉

ဈေးများ
ဈေးအမည်
၈၈ရပ်ကွက်ဈေး ငွေဇင်ယော်လမ်း၊ (၈၈)ရပ်ကွက်
၉၄ရပ်ကွက်ဈေး ပိတောက်လမ်း၊ (၉၄)ရပ်ကွက်

ဈေးရုံများ
ဈေးရုံအမည်
(၈၈) ရပ်ကွက် ဈေး ၄၃၂ နိုင်ငံပိုင် ဇီဇဝါလမ်းနှင့် ပုန်းညက်လမ်းထောင့်
ယုဇနဥယျာဉ် မြို့တော်ဈေး ၇၄၈ ပုဂ္ဂလိကပိုင် ပိတောက်လမ်း (၉၂)ရပ်ကွက်

ကိုးကား - https://www.yangon.gov.mm
Prepare By - Wise Man Property

Address

ဗိုလ်မှူးဗထူးလမ်းမကြီး
Yangon

Telephone

+9595044836

Website

Alerts

Be the first to know and let us send you an email when ကိုဆောင်း အိမ်ခြံမြေ အကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကိုဆောင်း အိမ်ခြံမြေ အကျိုးဆောင်:

Share

Category