SHADE Legal Consultant & Company Corporate Services

SHADE Legal Consultant & Company Corporate Services Law is not a profession at all, but rather a business service station.

ကုမ္ပဏီတစ်ခုမှတ်ပုံတင်ပြီးနောက်ပိုင်း လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ကုမ္ပဏီအချက်အလက်များကို DICA (ရင်းနှီးမြှုပ်နှံမှ...
28/02/2024

ကုမ္ပဏီတစ်ခုမှတ်ပုံတင်ပြီးနောက်ပိုင်း လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ကုမ္ပဏီအချက်အလက်များကို DICA (ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန)တွင် ☑️ပြောင်းလဲ ☑️ ပြင်ဆင် ☑️တင်ပြ ချင်ပါသလား/ပြောင်းလဲ ပြင်ဆင် တင်ပြရန် လိုအပ်နေပါသလား ????🤔🤔

✅ Change of Company Name
(ကုမ္ပဏီအမည်ပြောင်းလဲခြင်း)၊

✅Director Change
(ဒါရိုက်တာ(များ)ပြောင်းလဲခန့်အပ်ခြင်း)၊

✅Change of Company Registered Office
(ကုမ္ပဏီရုံးခန်းလိပ်စာပြောင်းလဲခြင်း)၊

✅Director Address Change
(ဒါရိုက်တာ လိပ်စာပြောင်းလဲခြင်း)၊

✅Shareholder Change
(အစုရှယ်ယာရှင်ပြောင်းလဲခြင်း)၊

✅Change to Share Capital
(အစုရှယ်ယာမတည်ငွေရင်းပြောင်းလဲခြင်း)၊

✅Submission the Annual Return
(နှစ်စဉ်အစီရင်ခံစာတင်ခြင်း) ……
စသဖြင့် ကုမ္ပဏီပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ/ဥပဒေပိုင်းဆိုင်ရာ အကြံပေးခြင်းများကို ရယူနိုင်ပါတယ်။.📣📣📣

လူကြီးမင်းတို့ ကုမ္ပဏီအတွက် SHADE ကို ဆက်သွယ်လိုက်ပါ။ 📞📞

09-401550877, 09-421039564
[email protected]

Company Struck Off List ထဲ လူကြီးမင်းတို့ကုမ္ပဏီပါမသွားစေဖို့ နှစ်စဥ်အစီရင်ခံစာ (Annual Return) မဖြစ်မနေတင်ဖို့ လိုပါတယ်...
30/01/2024

Company Struck Off List ထဲ လူကြီးမင်းတို့ကုမ္ပဏီပါမသွားစေဖို့ နှစ်စဥ်အစီရင်ခံစာ (Annual Return) မဖြစ်မနေတင်ဖို့ လိုပါတယ်။

✅မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ-၉၇အရ Annual Return ကို ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီစတင်တည်ထောင်သည့်နေ့မှ (၂)လ အတွင်း နှင့် နောက်ပိုင်း နှစ်စဉ် တစ်နှစ် (၁)ကြိမ် သက်မှတ်ရက်အတွင်း တင်ဖို့လိုပါတယ်။ သတ်မှတ်ရက် ကျော်လွန်ပြီးမှ တင်မယ်ဆိုရင် DICA ကသတ်မှတ်ထားတဲ့ နောက်ကျကြေး ပေးသွင်းပြီး တင်ရပါမယ်။ (Annual Return Fee + Late Fee)

✅နောက်ကျကြေးဖြင့် Annual Return တင်ရန်လည်းပျက်ကွက်ခဲ့မယ်ဆိုရင် နောက်ပိုင်းမှာ လူကြီးမင်းတို့ရဲ့ Company Status နေရာမှာ “Suspended” ဟု ဖော်ပြခြင်းခံရမှာဖြစ်တယ်။ ပြောရမယ်ဆိုရင် Company Strick Off List (ပယ်ဖျက်ခံရသောကုမ္ဗဏီစာရင်း) ထဲဖော်ပြခြင်းမခံရခင် “Suspended” ဆိုပြီးတော့ ကနဦးဖော်ပြတာဖြစ်တယ်။ “Suspended” ဖြစ်နေချိန်မှာ Annual Return တင်မယ်ဆိုရင် Late Fee အပြင် Revoke Suspension Fee ပါ ပေးသွင်းရပါမယ်။ (Annual Return Fee + Late Fee + Revoke Suspension Fee)

✅“Suspended” ဖော်ပြစဉ်အတွင်း Annual Return မတင်ခဲ့ဘူးဆိုရင် Companies Struck Off List ထဲ လူကြီးမင်းတို့ကုမ္ပဏီ နှေးနဲ့အမြန်ပါသွားမှာဖြစ်တယ်။

✅Companies Struck Off List ထဲပါသွားတဲ့ လူကြီးမင်းတို့ကုမ္ဗဏီကို DICA ရဲ့ မှတ်ပုံတင်စာရင်းမှာ ပြန်လည် ဖော်ပြချင်တယ်ဆိုရင်တော့ ⬇️⬇️
- တရားရုံးအမိန့် ယူမှရပါမယ်။
- တရားရုံးအမိန့်ရမှ DICA လုပ်ငန်းစဉ်ကိုဆက်သွားလို့ရနိုင်မှာဖြစ်တယ်။

DICA’s Official Fees for Annual Return⬇️⬇️
🔼 Annual Return Fee – 50,000
🔼 Late Fee – 100,000
🔼 Revoke Suspension Fee - 100,000

နှစ်စဥ်အစီရင်ခံစာ (Annual Return) ကို သတ်မှတ်ရက်အတွင်း တင်ကြဖို့ SHADEမှ အကြံပြုပါရစေ။💁‍♀️💁‍♀️💁‍♀️

လူကြီးမင်းတို့ကုမ္ဗဏီအတွက် SHADE ကိုဆက်သွယ်လိုက်ပါ။ 📞📞

09-401550877, 09-421039564
[email protected]

Companies Struck Off List issued by DICA (22-1-2024)နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ရန်ပျက်ကွက်၍ ကုမ္ပဏီမှတ်ပုံတင်စ...
30/01/2024

Companies Struck Off List issued by DICA (22-1-2024)
နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ရန်ပျက်ကွက်၍ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်သည့် ကုမ္ပဏီများစာရင်း။

Companies Struck Off List issued by DICA (16-1-2024)နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ရန်ပျက်ကွက်၍ ကုမ္ပဏီမှတ်ပုံတင်စ...
30/01/2024

Companies Struck Off List issued by DICA (16-1-2024)
နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ရန်ပျက်ကွက်၍ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်သည့် ကုမ္ပဏီများစာရင်း။

🟦လင်ပါ၊ မယားပါ သားသမီးများအနေဖြင့် မိထွေး ပထွေးဆီကနေ အမွေတောင်းဆိုခွင့်ရှိပါသလား ဆိုတာနဲ့ လင်ပါ၊ မယားပါ သားသမီးများရဲ့ အ...
15/01/2024

🟦လင်ပါ၊ မယားပါ သားသမီးများအနေဖြင့် မိထွေး ပထွေးဆီကနေ အမွေတောင်းဆိုခွင့်ရှိပါသလား ဆိုတာနဲ့ လင်ပါ၊ မယားပါ သားသမီးများရဲ့ အမွေဝေစု ရပိုင်ခွင့်အချိုးက ဘယ်လိုဖြစ်မလဲ🟦

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်ပါ မယားပါ သားသမီးများသည် မိမိတို့၏ မိရင်း ဖရင်း သေဆုံးသွားတဲ့အခါမှာ မိထွေး ပထွေးထံမှ အမွေခွဲဝေပေးရန် တောင်းဆိုနိုင်သည်။ မိရင်း ဖရင်း သေဆုံးချိန်တွင် မိထွေး ပထွေးထံမှ အမွေမတောင်းခံခဲ့လျှင် မိထွေး ပထွေး သေဆုံးသည့်အခါတွင် အမွေခွဲဝေပေးရန် တောင်းပိုင်ခွင့်ရှိပါသည်။ ထိုသို့တောင်းဆိုရာတွင် [လင်နှင့်မယားတို့၏ သက်ဆိုင်ရာပစ္စည်း] ပေါ်မူတည်၍ လင်ပါ၊ မယားပါ သားသမီးအနေဖြင့် ၎င်းတို့ရရှိမည့် အမွေဝေစု အချိုးသည်လည်း ကွဲပြားသွားပေမည်။

လင်နှင့်မယားတို့၏ သက်ဆိုင်ရာပစ္စည်းများဆိုသည်မှာ -
၁။ပါရင်းပစ္စည်း
၂။အထက်ပါပစ္စည်း
၃။ခန်းဝင်ပစ္စည်း
၄။မင်းပေးပစ္စည်း(ယခုခေတ်တွင် မရှိတော့ပါ)
၅။လက်ထက်ပွားပစ္စည်း
၆။နှစ်ပါးစုံပစ္စည်း
၇။သင်းသီးပစ္စည်း(ယခုခေတ်တွင်မရှိတော့ပါ) များကိုဆိုခြင်းဖြစ်သည်။

အကယ်၍ မိဘတစ်ဦးကွယ်လွန်ပြီးနောက် ကျန်ရစ်သူမိဘ နောက်အိမ်ထောင်မပြုမီ သားသမီးများကို အမွေခွဲဝေပေးပြီး ဖြစ်ပါက နောက်အိမ်ထောင်သို့ ကျန်ရစ်သူမိဘ ယူဆောင်သွားသော ပစ္စည်းကို ကျန်ရစ်သူမိဘ ကွယ်လွန်သည့်အခါ အထက်သားသမီးများ၌ အမွေဆက်ခံခွင့် မရှိပေ။ သို့သော်လည်း ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုချိန်တွင် အမွေရယူပြီး ဖြစ်စေကာမူ မိထွေး ပထွေး သေဆုံးချိန်တွင် သားသမီး သို့မဟုတ် သွေးရင်း အဆက်အနွယ်များမကျန်ရှိပါက လင်ပါ မယားပါ သားသမီးများသည် မိထွေး ပထွေး၏ အမွေကိုရနိုင်ပေသည်။

♦️ ပါရင်းပစ္စည်းနှင့် အထက်ပါပစ္စည်းတွင်
လင်ပါ မယားပါ သားသမီးများက လေးပုံသုံးပုံ ရခွင့်ရှိပြီး မိထွေး ပထွေးက လေးပုံတစ်ပုံ ရရှိမည်ဖြစ်သည်။
သားသမီးများရှိကြသော မုဆိုးဖိုနှင့် မုဆိုးမတို့ သင့်မြတ်ကြ၍ နှစ်ပါးစုံသားသမီး မထွန်းကားဘဲ နှစ်ဦးလုံး သေဆုံးသွားပါက လင်ပါသားသမီးများက ၎င်းတို့ ဖခင်၏ ပါရင်းပစ္စည်းနှင့် အထက်ပါပစ္စည်းကို ရရှိမည်ဖြစ်ပြီး မယားပါသားသမီးများက ၎င်းတို့ မိခင်၏ ပါရင်းပစ္စည်းနှင့် အထက်ပါပစ္စည်းကို ရရှိကြမည်ဖြစ်သည်။

♦️ လက်ထက်ပွားပစ္စည်းတွင်
လင်ပါ မယားပါ သားသမီးများက ရှစ်ပုံတစ်ပုံ၊ မိထွေး ပထွေးက ရှစ်ပုံခုနှစ်ပုံ (နောက်အိမ်ထောင်နှင့် သားသမီး ထွန်းကားလျှင်) ရခွင့်ရှိသည်။ အကယ်၍ နောက်အိမ်ထောင်နှင့်သားသမီး မထွန်းကားပါက လင်ပါ မယားပါ သားသမီးများက ခြောက်ပုံတစ်ပုံ၊ မိထွေး ပထွေးက ခြောက်ပုံငါးပုံ ရခွင့်ရှိသည်။
နောက်အိမ်ထောင်နှင့် နေစဉ် “မိရင်း ဖရင်းက အမွေရသည့်ပစ္စည်း” ၌မူကား နောက်အိမ်ထောင်နှင့် သားသမီးရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လင်ပါ မယားပါ သားသမီးများနှင့် မိထွေး ပထွေးများသည် တစ်ဝက်ဆီရရှိကြမည်ဖြစ်သည်။
မိရင်း ဖရင်းနှင့် မိထွေး ပထွေးတို့ နှစ်ဦးလုံးသေဆုံးသွားပါက ၎င်းတို့နှစ်ဦးပိုင် လက်ထက်ပွားပစ္စည်း၌ လင်ပါသားသမီးများနှင့် မယားပါသားသမီးများ နှစ်ဖက် အညီအမျှ ခွဲဝေယူရသည်။
အကယ်၍ အမွေခွဲဝေပေးပါရန် တစ်ခါမျှ တောင်းဆိုဖူးခြင်းမရှိသော လင်ပါ မယားပါ သားသမီးများသည် မိထွေး ပထွေးသေဆုံးသောအခါ (သားသမီး ကျန်ရစ်လျှင်) မိရင်း ဖရင်းနှင့် မိထွေး ပထွေးတို့၏ လက်ထက်ပွားပစ္စည်း၌ သုံးပုံတစ်ပုံ ရခွင့်ရှိသည်။

♦️ နှစ်ပါးစုံပစ္စည်းတွင်
လင်ပါ မယားပါ သားသမီးများက ရှစ်ပုံတစ်ပုံ၊ မိထွေး ပထွေးက ရှစ်ပုံခုနှစ်ပုံ (နောက်အိမ်ထောင်နှင့်သားသမီး ထွန်းကားလျှင်) ရခွင့်ရှိသည်။ အကယ်၍ နောက်အိမ်ထောင်နှင့်သားသမီး မထွန်းကားပါက လင်ပါ မယားပါ သားသမီးများက ခြောက်ပုံတစ်ပုံ၊ မိထွေး ပထွေးက ခြောက်ပုံငါးပုံ ရခွင့်ရှိသည်။

Reference >> မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ-ဦးမြစိန်

အမွေနှင့်ပတ်သတ်၍ဆွေးနွေးတိုင်ပင်လိုပါက SHADE ကို ဆက်သွယ်လိုက်ပါ။

09-401550877, 09-421039564
[email protected]

Companies Struck Off List issued by DICA (8-1-2024)နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ရန်ပျက်ကွက်၍ ကုမ္ပဏီမှတ်ပုံတင်စာ...
15/01/2024

Companies Struck Off List issued by DICA (8-1-2024)
နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ရန်ပျက်ကွက်၍ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်သည့် ကုမ္ပဏီများစာရင်း။

Companies Struck Off List issued by DICA (2-1-2024)နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ရန်ပျက်ကွက်၍ ကုမ္ပဏီမှတ်ပုံတင်စာ...
15/01/2024

Companies Struck Off List issued by DICA (2-1-2024)
နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ရန်ပျက်ကွက်၍ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်သည့် ကုမ္ပဏီများစာရင်း။

Companies Struck Off List issued by DICA (27-12-2023)နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ရန်ပျက်ကွက်၍ ကုမ္ပဏီမှတ်ပုံတင်...
01/01/2024

Companies Struck Off List issued by DICA (27-12-2023)
နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ရန်ပျက်ကွက်၍ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်သည့် ကုမ္ပဏီများစာရင်း။

Online Sales လုပ်ငန်း မှတ်ပုံတင်ကြေး➡️➡️☑️ကုမ္ပဏီ (သို့) စီးပွားရေးအဖွဲ့အစည်း - ၇၀,၀၀၀ ကျပ်☑️ကုမ္ပဏီ (သို့) စီးပွားရေးအဖ...
29/12/2023

Online Sales လုပ်ငန်း မှတ်ပုံတင်ကြေး➡️➡️
☑️ကုမ္ပဏီ (သို့) စီးပွားရေးအဖွဲ့အစည်း - ၇၀,၀၀၀ ကျပ်
☑️ကုမ္ပဏီ (သို့) စီးပွားရေးအဖွဲ့အစည်း [SME] - ၅၀,၀၀၀ ကျပ်
☑️လူပုဂ္ဂိုလ်တစ်ဦးချင်း - ၃၀,၀၀၀ ကျပ်

📍 Online Sales လုပ်ငန်းမှတ်ပုံတင်ပြီးပါက မှတ်ပုံတင်ကို (၂) နှစ်တစ်ကြိမ်သက်တမ်းတိုးရပါမယ်.

Companies Struck Off List issued by DICA (13-12-2023)နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ရန်ပျက်ကွက်၍ ကုမ္ပဏီမှတ်ပုံတင်...
18/12/2023

Companies Struck Off List issued by DICA (13-12-2023)
နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ရန်ပျက်ကွက်၍ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်သည့် ကုမ္ပဏီများစာရင်း။

Companies Struck Off List issued by DICA (6-12-2023)နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ရန်ပျက်ကွက်၍ ကုမ္ပဏီမှတ်ပုံတင်စ...
18/12/2023

Companies Struck Off List issued by DICA (6-12-2023)
နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ရန်ပျက်ကွက်၍ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်သည့် ကုမ္ပဏီများစာရင်း။

Companies Struck Off List issued by DICA (28-11-2023)နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ရန်ပျက်ကွက်၍ ကုမ္ပဏီမှတ်ပုံတင်...
01/12/2023

Companies Struck Off List issued by DICA (28-11-2023)
နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ရန်ပျက်ကွက်၍ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်သည့် ကုမ္ပဏီများစာရင်း။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when SHADE Legal Consultant & Company Corporate Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category