Peach Legal Service

Peach Legal Service Contact us : 0943081694,095228165

21/08/2026

BCC အတွက် ဆောင်ရွက်ချက်

Bcc (အဆောက်အအုံ ပြီးစီးကြောင်း လက်မှတ်) မကျသေးဘဲ စည်ပင်မှ လာရောက်စစ်ဆေးပြီး လူမနေခိုင်းပါက အောက်ပါ အဆင့် ၄ ဆင့်အတိုင်း အစဉ်လိုက် စနစ်တကျ ဆောင်ရွက်ရပါမည်။

အဆင့် ၁ - စည်ပင်မှ ထုတ်ပြန်သည့် အကြောင်းကြားစာ (Notice) နှင့် အဓိက အကြောင်းရင်းကို စိစစ်ခြင်း
စည်ပင်မှ ကပ်သွားသည့် သို့မဟုတ် ထုတ်ပေးထားသည့် အကြောင်းကြားစာပါ ရက်ကန့်သတ်ချက်နှင့် ရေးသားထားချက်များကို စိစစ်ပါ။

Bcc မကျသည့် အဓိက အကြောင်းရင်း (ဥပမာ- မီးသတ်စနစ်မပြည့်စုံခြင်း၊ ခွင့်ပြုမိန့်ထက် ပိုဆောက်ထားခြင်း၊ တာဝန်ခံ အင်ဂျင်နီယာမှ Completion Report တင်မပေးသေးခြင်း) ကို စည်ပင်အဆောက်အအုံဌာနတွင် သွားရောက် မေးမြန်းပါ။

အဆင့် ၂ - စည်ပင်သို့ ယာယီ အချိန်ဆိုင်းငံ့ခွင့် တောင်းခံစာ လျှောက်ထားခြင်း

တိုက်ခန်းနေထိုင်သူများ သို့မဟုတ် မြေပိုင်ရှင်/ကန်ထရိုက်တာမှ Bcc ရရှိအောင် ပြင်ဆင်ဆောင်ရွက်နေသည့် အထောက်အထားများ ပြသပါ။
စည်ပင်အဆောက်အအုံဌာနသို့ "Bcc ရရှိရန် လုပ်ငန်းစဉ်များ ဆောင်ရွက်နေပါသဖြင့် လူမထွက်ခိုင်းသေးဘဲ ရက်ပေါင်း (၃၀ မှ ၉၀) အတွင်း အချိန်ဆိုင်းငံ့ပေးပါရန်" ခံဝန်ချက်ဖြင့် တရားဝင် စာတင်ထားပါ။

အဆင့် ၃ - တာဝန်ခံ အင်ဂျင်နီယာ (L.E) / ကန်ထရိုက်တာနှင့် တွေ့ဆုံ၍ လိုအပ်ချက်များ အမြန်ဆုံး ဖြည့်ဆည်းခြင်း

ကန်ထရိုက်တာမှ လုပ်ဆောင်ပေးပါက: မီးသတ်ဆေးဘူး၊ လှေကားလက်ရန်း၊ မိလ္လာစနစ် စသည့် လိုအပ်သည်များကို အမြန်ဆုံး ဖြည့်ဆည်းခိုင်းပြီး L.E အင်ဂျင်နီယာ၏ Completion Report (ပြီးစီးကြောင်း အစီရင်ခံစာ) ကို တောင်းယူပါ။

ကန်ထရိုက်တာမှ တာဝန်မယူပါက: တိုက်ခန်းနေသူများ စုပေါင်း၍ လိုင်စင်ရ အင်ဂျင်နီယာ (L.E) အသစ်တစ်ဦး ငှားရမ်းကာ လိုအပ်သည့် ပြင်ဆင်မှုများ စုပေါင်းပြုလုပ်ပါ။

အဆင့် ၄ - စာရွက်စာတမ်း အစုံအလင်ဖြင့် Bcc ပြန်လည် လျှောက်ထားပြီး ထုတ်ယူခြင်း
Building Permit (ဆောက်လုပ်ခွင့်မိန့်)၊ L.E အင်ဂျင်နီယာ၏ Completion Report၊ မီးသတ် ထောက်ခံစာ၊ လျှပ်စစ်စစ်ဆေးရေး ထောက်ခံစာ စသည့် စာရွက်စာတမ်းများကို စည်ပင်သို့ တင်ပြပါ။

စည်ပင်မှ အဆောက်အအုံကို ပြန်လည် ကွင်းဆင်းစစ်ဆေးပြီးပါက (အထပ်ပို သို့မဟုတ် မူလပုံစံလွဲထားပါက သတ်မှတ်ဒဏ်ကြေး ပေးဆောင်ပြီး) တရားဝင် Bcc စာရွက် ထုတ်ယူရပါမည်။

၁.၉.၂၀၂၆ ရက်နေ့မှ စပြီး သက်ဆိုင်ရာ အခွန်ရုံးတွေမှာ ရောင်းခွန် ဆောင်ရန် နှင့် တရားဝင် ဆောင်ထားသည့် အခြေပစွည်းမှ မြတ်စွန်း...
21/08/2026

၁.၉.၂၀၂၆ ရက်နေ့မှ စပြီး
သက်ဆိုင်ရာ အခွန်ရုံးတွေမှာ
ရောင်းခွန် ဆောင်ရန် နှင့်
တရားဝင် ဆောင်ထားသည့်

အခြေပစွည်းမှ မြတ်စွန်းငွေ နဲ့စပ်လျဉ်း၍
အခွန်ကင်းရှင်းကြောင်း (ရောင်းခွန်ဆောင်ပြီးကြောင်း ထောက်ခံချက်)

ပါရှိမှသာ နောက်ဆက်တွဲ
စာချုပ်မှတ်ပုံတင်ခြင်း၊ အမည်ပြောင်းခြင်းတွေကို လက်ခံဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်

အရောင်းအဝယ် စာချုပ် ချုပ်ဆိုပေးခြင်း၂၀.၈.၂၀၂၆
20/08/2026

အရောင်းအဝယ် စာချုပ် ချုပ်ဆိုပေးခြင်း
၂၀.၈.၂၀၂၆

20/08/2026

ကွာရှင်းပြီးနောက် ပြန်လည်ပေါင်းသင်းခြင်း

လင်နှင့် မယားတို့သည် ကွာရှင်းပြတ်စဲပြီးနောက် ပြန်လည်ပေါင်းသင်းလေ့ရှိကြသည် ဖြစ်ရာ၊
ထိုအမှုမျိုးတွင် ထိမ်းမြားခြင်းကိုထင်ရှားအောင်ပြရန် လိုအပ်သကဲ့သို့ လင်မယားအဖြစ် ပြန်လည်ပေါင်းသင်းကြောင်းကို အထူးထင်ရှားအောင် ပြရန် လိုအပ်ပေသည်။

မခင်လေးမြင့် နှင့် ဒေါ်စိန်းရင်
၁၉၅၆ ၊ မ တ စ (လွှတ်တော်) ၊ ၇၁

ပြန်လည်ပေါင်းသင်းခြင်းသည် လူသိနတ်ကြား အထင်အရှား ဖြစ်ရပေမည်။
သာမန် စပ်ယှက်ရုံမျှဖြင့် ပြန်လည်ပေါင်းသင်းမှု
မထင်ရှားကြောင်း -

မောင်ဖိုးလတ် နှင့် မငွေမ
၃ ယူဘိအာ၊(၁၉၁၇) ၁၈၂

အများသိစေရန်
17/08/2026

အများသိစေရန်

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြီးမှူး၍ ရှေ့နေရှေ့ရပ်များအတွက် AML/CFT/CPF သင်တန်းဖွင့်ပွဲကို Hote...
17/08/2026

နေပြည်တော်၊ ဩဂုတ် ၁၇



ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြီးမှူး၍ ရှေ့နေရှေ့ရပ်များအတွက် AML/CFT/CPF သင်တန်းဖွင့်ပွဲကို Hotel Max နေပြည်တော်၌ ၁၅-၈-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ အမှာစကား ပြောကြားသည်။



သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားသူကြီးများ၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ခရိုင်အဆင့်တရားသူကြီးများ၊ AML/ CFT လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ တရားလွှတ်တော်ရှေ့နေများကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ သင်တန်းပို့ချမည့်သူများ တက်ရောက်ကြသည်။



သင်တန်းတွင် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနှင့် လူအများအပြား သေကျေစေသည့် လက်နက်ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းဥပဒေမူဘောင်နှင့် တာဝန်များ၊ ရှေ့နေရှေ့ရပ်များ၏ အခန်းကဏ္ဍနှင့် ကြီးကြပ်ရေးအာဏာပိုင်၏ လုပ်ငန်းများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများက ဆွေးနွေးပို့ချပြီး တက်ရောက်သူများကလည်း ပါဝင်ဆွေးနွေးခြင်း အတွေ့အကြုံ မျှဝေခြင်းတို့ ပြုလုပ်ကြသည်။



သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ရှေ့နေရှေ့ရပ်များ စုစုပေါင်း ( ၂၅၁ ) ဦး တက်ရောက်ကြ၍ သင်တန်းပြီးမြောက်ကြောင်းလက်မှတ်များကို ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများက ပေးအပ်ချီးမြှင့်သည်။



အဆိုပါသင်တန်းသည် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈) နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် AML/CFT အမျိုးသားအဆင့် မဟာဗျူဟာဆိုင်ရာလုပ်ငန်း အစီအစဉ် (၂၀၂၆ ခုနှစ်) ၏ လုပ်ငန်းအစီအစဉ် ၂.၆.၂၊ ၃.၁.၁၊ ၃.၂.၂.၊ ၃.၂.၄၊ ၃.၃.၂ တို့အရ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

အနည်းဆုံးထောင်ဒဏ် ၁ နှစ်မှ သေဒဏ်ထိ ချမှတ်လို့ရသည့် ၃၁.၇.၂၀၂၆ ရက်နေ့တွင် အတည်ပြုပြဌာန်းလိုက်သော၃/၂၀၂၆ ပြည်ထောင်စုလွှတ်တော...
14/08/2026

အနည်းဆုံးထောင်ဒဏ် ၁ နှစ်မှ သေဒဏ်ထိ ချမှတ်လို့ရသည့် ၃၁.၇.၂၀၂၆ ရက်နေ့တွင် အတည်ပြုပြဌာန်းလိုက်သော
၃/၂၀၂၆ ပြည်ထောင်စုလွှတ်တော်၏
အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ

အများသိစေရန်  Bay #မြန်မာ့အလင်းသတင်းစာ
10/08/2026

အများသိစေရန်
Bay
#မြန်မာ့အလင်းသတင်းစာ

ခရစ်ယာန်ထိမ်းမြားပေးနိုင်ခွင့်လိုင်စင်ရသူများမှ ၎င်းတို့၏ အချက်အလက်များကို ထိမ်းမြားမှုမှတ်ပုံတင်အရာရှိချုပ်ထံ အကြောင်းက...
10/08/2026

ခရစ်ယာန်ထိမ်းမြားပေးနိုင်ခွင့်လိုင်စင်ရသူများမှ ၎င်းတို့၏ အချက်အလက်များကို ထိမ်းမြားမှုမှတ်ပုံတင်အရာရှိချုပ်ထံ အကြောင်းကြားရန် ကြေညာချက်

နေပြည်တော်၊ သြဂုတ် ၃

ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ထိမ်းမြားပေးနိုင်ခွင့်လိုင်စင်ရသူများနှင့် ထိမ်းမြားမှုမှတ်ပုံတင်အရာရှိများ လိုက်နာရန်ကိစ္စရပ်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၏ ၁၇-၃-၂၀၂၆ ရက်စွဲပါ စာအမှတ်၊ ၁၁၁/စု-၃၉/၂၀၂၆(လထန)ဖြင့် ထုတ်ပြန်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၏ Website (www.unionsupremecourt.gov.mm) တွင် ကြေညာထားပြီးဖြစ်ပါသည်။

အဆိုပါညွှန်ကြားစာ၏ အပိုဒ် ၂ (ဋ) ၌ ခရစ်ယာန်ထိမ်းမြားပေးနိုင်ခွင့် လိုင်စင်ရသူများ၏ နေရပ်လိပ်စာ၊ ရုံးခန်းလိပ်စာပြောင်းလဲခြင်း၊ တံဆိပ်တုံးပြောင်းလဲခြင်း၊ ဆက်လက်လုပ်ကိုင်မှုမရှိခြင်း၊ ကွယ်လွန်ခြင်း စသည့်ဖြစ်စဉ်ပြောင်းလဲမှုများကို ထိမ်းမြားမှုမှတ်ပုံတင်အရာရှိချုပ်ထံ (၇) ရက်အတွင်း အကြောင်းကြားရန်ညွှန်ကြားထားပါသည်။

ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ထိမ်းမြားပေးနိုင်ခွင့်လိုင်စင်ရသူများစာရင်း update ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website (www.union supremecourt.gov.mm) တွင် လွှင့်တင်ရန် ထိမ်းမြားပေးနိုင်ခွင့်လိုင်စင်ရသူများအား ဆက်သွယ်ရာတွင် လိုင်စင်လျှောက်ထားစဉ်က နေရပ်လိပ်စာတွင် နေထိုင်ခြင်းမရှိ၍ စုံစမ်းမရခြင်း၊ တံဆိပ်တုံးပြောင်းလဲမှုကို အကြောင်းမကြားခြင်း၊ နေရပ်လိပ်စာ/ရုံးခန်းလိပ်စာ ပြောင်းလဲခြင်း သို့မဟုတ် ဆက်လက်လုပ်ကိုင်မှုမရှိခြင်း သို့မဟုတ် ကွယ်လွန်ခြင်း သို့မဟုတ် ပြည်ပထွက်ခွာနေထိုင်ခြင်း စသည်တို့ကို တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ထိမ်းမြားပေးနိုင်ခွင့်လိုင်စင် ရသူများအနေဖြင့် မိမိတို့၏ နေရပ်လိပ်စာ၊ ရုံးခန်းလိပ်စာ၊ တံဆိပ်တုံး၊ ဆက်လက်လုပ်ကိုင်ခြင်း ရှိ မရှိ၊ သက်ရှိထင်ရှား ရှိ မရှိ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို ထိမ်းမြားမှုမှတ်ပုံတင်အရာရှိချုပ်ထံသို့ စာလမ်းကြောင်းဖြင့်လည်းကောင်း၊ [email protected] e-mail သို့လည်းကောင်း ဤကြေညာချက်ထုတ်ပြန်သည့်နေ့မှ (၁၄) ရက်အတွင်း နောက်ဆုံး ထား၍ ပေးပို့ပါရန် အသိပေးကြေညာပါသည်။

ထိမ်းမြားမှုမှတ်ပုံတင်အရာရှိချုပ်
(ပြည်ထောင်စုတရားလွှတ်တော်ချုပ် Website မှ ကူးယူဖော်ပြသည်။)

Address

Aye Yeik Thar 2 Street, New University Avenue Road
Yangon
11201

Website

Alerts

Be the first to know and let us send you an email when Peach Legal Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share