Peach Legal Service

Peach Legal Service Contact us : 0943081694,095228165

အမူတွင်ချေလွှာတင်ရန်ချိန်းဆိုသောနေ့၌လျှောက်ထားခံရသူနင့်၎င်းတို့ရှေ့နေလာရောက်ခြင်းမရှိသဖြင့်ချေလွှာမတင်ဘိသကဲ့သို့သတ်မှတ်၍...
13/09/2026

အမူတွင်ချေလွှာတင်ရန်ချိန်းဆိုသောနေ့၌လျှောက်ထားခံရသူနင့်၎င်းတို့ရှေ့နေလာရောက်ခြင်းမရှိသဖြင့်ချေလွှာမတင်ဘိသကဲ့သို့သတ်မှတ်၍အမူကိုဆက်လက်ဆောင်ရွက်ပေးရန်လျှောက်ထားခြင်း၊တရားပြိုင်ချေလွှာတင်ရန်ပျက်ကွက်ပါကမည်သို့မည်ပုံဆောင်ရွက်ရမည်ကိုတရားမကျင့်ထုံးဥပဒေအမိန့်၈၊နည်း-၁တွင်ပြဌာန်းမထားခြင်း၊အမူတစ်မူစီတွင်ပေါ်ပေါက်သောအကြောင်းချင်းရာများကိုထောက်ရူ့၍ဆင်ခြင်တုံတရားအရဆုံးဖြတ်ရခြင်း၊ချေလွှာတင်ရန်တစ်ကြိမ်တစ်ခါသာပျက်ကွက်ပါကချမှတ်သင့်သောပြစ်ဒဏ်မှာတရားစရိတ်ပေးစေသည့်ပြစ်ဒဏ်ဆိုပါကတရားမျှတသည့်အမိန့်ဖြစ်ခြင်း။
(၁)အထက်ပါကိစ္စနင့်ပတ်သက်၍အောက်ပါစီရင်ထုံးကိုတင်ပြလိုက်ပါသည်
Myanmar C.P.Marketing Co.Ltd(၎င်း၏အခွင့်ရကိုယ်စာလှယ်ဒေါ်ခင်မာဆွေ) နင့် Murali Japan Co.Ltd(၎င်း၏အခွင့်ရကိုယ်စာလှယ်ဦးမြင့်ဆွေ)၂၀၁၁မတစ စာ-၁၆၅
(၂)ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊၂၀၁၁တရားမကြီးမူအမှတ်၁၃၈၈တွင်လျှောက်ထားသူကလျှောက်ထားခံရသူအပေါ်နစ်ဖက်သဘောတူထားပြီးဖြစ်သောလုပ်ငန်းဆောင်ရွက်ရန်များကိုတရားပြိုင်ကမဆောင်ရွက်ခဲ့သည်အတွက်နစ်နာကြေးငွေကျပ်သိန်း၁၀၀၀၀/တိတိကိုတရားလိုထံပေးအပ်စေပြီးလုပ်ငန်းအာမခံငွေဒေါ်လာ၆၀၀၀၀/ကိုတရားပြိုင်ကလက်ခံထားဆဲဖြစ်၍
တရားလိုနင့်လုပ်ငန်းဆက်လက်ဆောင်ရွက်ပေးစေလိုမူစွဲဆိုသည်။အမူတွင်ချေလွှာတင်ရန်ချိန်းဆိုသည့်နေ့တွင်လျှောက်ထားခံရသူနင့်၎င်း၏ရှေ့နေတို့မလာရောက်သဖြင့်ချေလွှမတင်ဘိသကဲ့သို့သတ်မှတ်၍အမူကိုဆက်လက်ဆောင်ရွက်ပေးရန်လျှောက်ထားသူဘက်ကတင်ပြရာနစ်ဘက်လျှောက်လဲချက်ကြားနာပြီးနောက်လျှောက်ထားသူ၏လျှောက်ထားချက်ကိုပယ်ကြောင်းအမိန့်ချမှတ်သဖြင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ပြင်ဆင်မူတင်သွင်းလာခြင်းဖြစ်သည်။
(၃)တရားလွှတ်တော်ချုပ်ကတရားမကျင့်ထုံးဥပဒေအမိန့်၈နည်း-၁တွင်အောက်ပါအတိုင်းပြဌာန်းထားသည်
*တရားပြိုင်သည်မိမိ၏ခုခံချေပချက်အတွက်ချေလွှာကိုအမူပထမအကြိမ်ကြားနာစစ်ဆေးသည့်အခါဖြစ်စေ၊ထိုသို့ကြားနာစစ်ဆေးခြင်းမပြုမီဖြစ်စေ၊တရားရုံးကခွင့်ပြုသည့်အချိန်သည့်အချိန်အတွင်းဖြစ်စေတင်သွင်းနိုင်သည်။တရားရုံးကဆင့်ဆိုလျှင်တရားပြိုင်သည်မိမိ၏ခုခံချေပချက်အတွက်ချေလွှာတင်သွင်းရမည်*။
တရားရုံးကဆင့်ဆိုပါလျှက်တရားပြိုင်ကချေပလွှာတင်သွင်းရန်ပျက်ကွက်လျှင်မည်သို့မည်ပုံဆောင်ရွက်ရမည်ကိုယင်းဥပဒေအမိန့်၈နည်း-၁တွင်ပြဌာန်းထားခြင်းမရှိပေ၊တရားမကျင့်ထုံးဥပဒေအမိန့်၈ နည်း-၁၀တွင်ချေလွှာတင်သွင်းရန်ဆင့်ဆိုခံရသည့်အမူသည်တစ်ဦးဦးသည်တရားရုံးကသတ်မှတ်သည့်အချိန်အတွင်းတင်သွင်းရန်ပျက်ကွက်လျှင်တရားရုံးသည်၎င်းအမူသည်အားအရူံးပေးနိုင်သောစီရင်ချက်ချမှတ်နိုင်သည်(သို့)ယင်းအမူနင့်စပ်လျဉ်း၍သင့်သည်ထင်မြင်သည့်အမိန့်ကိုချမှတ်နိုင်သည်ဟုပြဌာန်းထားသည်။နည်း၁၀တွင်ရည်ညွန်းသောချေလွှာတင်ရန်ဆင့်ဆိုခြင်းခံရသည့်အမူသည်တစ်ဦးဦးဆိုသည်မှာနည်း-၉အရဆင့်ဆိုခြင်းခံရသောတရားလို(သို့)တရားပြိုင်ဖြစ်သည်။သို့ဖြစ်ရာတရားရုံးကသတ်မှတ်ပေးသောနေ့တွင်နည်း-၁အရချေလွာတင်ရန်ပျက်ကွက်လျှင်တရားရုံးသည်၎င်းအပေါ်နည်း-၁၀အရ၎င်းအားအရူံးပေးသည့်စီရင်ချက်ချမှတ်နိုင်မည်မဟုတ်ပေ။အမိန့်၈နည်း၉အရဆင့်ဆိုသောချေလွှာကိုတင်သွင်းရန်ပျက်ကွက်မှသာတရားရုံးသည်ပျက်ကွက်သည့်အမူသည်အပေါ်နည်း-၁၀အရစီရင်ချက်ချမှတ်နိုင်မည်ဖြစ်သည်။
(၄)လျှောက်ထားသူ၏ရှေ့နေကဒေါ်သန်းတင်ပါ-၂နင့်ဦးချန်ဘွန်ရှောင်ပါ-၂အမူ၁၉၇၉မတစ စာ-၁၁၆အမူကိုကိုးကားပြီးချေလွှာတင်သွင်းရန်ပျက်ကွက်ပါကချေလွှာတင်ရန်ပျက်ကွက်ကြောင်းမှတ်တမ်းတင်ပြီးအမူကိုဆက်လက်ဆောင်ရွက်ရန်ဖြစ်ကြောင်းတင်ပြသည်။
(၅)တရားမကျင့်ထုံးအမိန့်၈နည်း-၁တွင်ချေလွှာတင်သွင်းရန်ပျက်ကွက်ပါကချေလွှာတင်သွင်းခွင့်ဆုံးရူံးစေရမည်ဟုအတိအလင်းပြဌာန်းထားခြင်းမရှိပေ၊တရားပြိုင်သည်ချေလွှာတင်ရန်ပျက်ကွက်၍တရားရုံးကချေလွှာတင်ရန်ပျက်ကွက်ကြောင်းမှတ်တမ်းတင်ပြီးအမူကိုဆက်လက်ဆောင်ရွက်သွားမည်ဆိုပါကတရားပြိုင်သည်အမူတွင်ခုခံချေပချက်တင်သွင်းခွင့်နင့်သက်သေထူခွင့်များလက်လွှတ်သွားမည်ဖြစ်၍ချေလွှာတင်သွင်းခွင့်မရသည့်ပြစ်ဒဏ်သည်မည်မျှကြီးမားကြောင်းသိသာသည်။
(၆)တရားမမူများတွင်အတိအလင်းသတ်မှတ်ထားခြင်းမရှိသည့်ကိစ္စများ၌တရားစရိတ်ပေးစေသည့်ပြစ်ဒဏ်ကိုချမှတ်ပေးခြင်းဖြင့်တစ်ဖက်အမူသည်၏နစ်နာမူကိုကုစားနိုင်သည်(သို့)တရားမျှတသည်ထင်မြင်သည့်အခြားအမိန့်တစ်ရပ်ရပ်ကိုချမှတ်နိုင်သည်၊မည်သို့သောအမိန့်ချမှတ်သင့်သည်ကိုတရားရုံးကအမူ
တစ်မူစီတွင်ပေါ်ပေါက်သောအကြောင်းအချင်းအရာများကိုထောက်ချင့်၍ဆင်ခြင်တုံတရားအရဆောင်ရွက်ရန်ဖြစ်သည်။
(၇)ချေလွှာတင်ရန်အကြိမ်ကြိမ်ပျက်ကွက်ပါကတရားရုံးသည်တရားမကျင့်ထုံးအမိန့်၁၇နည်း-၃၌ပြဌာန်းထားသောလုပ်ပိုင်ခွင့်အရဆောင်ရွက်နိုင်သည်(ဒေါ်လှကြည်ပါ-၆ နင့် ဒေါ်တင်မာဦးအမူ၁၉၈၀မတစ စာ၄၉)ကိုကြည့်ပါ၊
ယခုအမူတွင်တရားပြိုင်သည်ချေလွှာတင်ရန်အကြိမ်ကြိမ်ပျက်ကွက်နေခြင်းမဟုတ်၊ချေလွှာတင်ရန်ချိန်းဆိုသည့်၉-၃-၂၀၁၁နေ့တွင်ရုံးသို့လာရောက်ရန်ပျက်ကွက်ပြီး၁၀-၃-၂၀၁၁နေ့တွင်ရုံးရှေ့လာရောက်၍ချေလွှာတင်သွင်းခဲ့ကြောင်းတွေ့ရသည်။တရားပြိုင်သည်ချေလွှာတင်ရန်တစ်ကြိမ်တစ်ခါသာပျက်ကွက်ပြီးပျက်ကွက်ခြင်းအတွက်အကြောင်းပြနိုင်သည့်အခြေအနေတွင်ချေလွှာတင်သွင်းခွင့်ဆုံးရူံးသည့်ပြစ်ဒဏ်ထက်သက်ညှာသည့်ပြစ်ဒဏ်ကိုသာပေးသင့်သည်၊တရားစရိတ်ပေးစေသည့်ပြစ်ဒဏ်ချမှတ်ပေးခြင်းကတရားမျှတသည့်အမိန့်ဖြစ်ပေမည်။ထို့ကြောင့်ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏အမိန့်ကိုပယ်ဖျက်၍မူလရုံးတရားပြိုင်သည်မူလရုံးတရားလိုအားတရားစရိတ်ငွေကျပ်၃၀၀၀၀/ပေးကာအမူကိုဆက်လက်ဆောင်ရွက်သွားစေရန်ပြင်ဆင်အမိန့်ချမှတ်ခဲ့သည်
(၈)ချေလွှာတစ်ကြိမ်သာတင်သွင်းရန်ပျက်ကွက်ပါကတရားရုံးကတရားပြိုင်အပေါ်ကြီးလေးသည့်ပြစ်ဒဏ်ပေးမည့်အစားတစ်ဖက်အမူသည်အားတရားစရိတ်ပေးစေသည့်သက်ညှာသည့်အမိန့်သာချမှတ်သင့်ကြောင်းတင်ပြလိုက်ပါသည်။

အများသိစေရန်
12/09/2026

အများသိစေရန်

ခင်မင်ရပါသော နိုတြီပဗ္ဗလစ် တရားလွှတ်တော်ရှေ့နေစာရေးဆရာဒါရိုက်တာ ဆရာ ဦးအောင်စိုးဦး ကွယ်လွန်သွားသည့် အတွက် ဝမ်းနည်းရပါကြော...
08/09/2026

ခင်မင်ရပါသော
နိုတြီပဗ္ဗလစ်
တရားလွှတ်တော်ရှေ့နေ
စာရေးဆရာ
ဒါရိုက်တာ ဆရာ ဦးအောင်စိုးဦး
ကွယ်လွန်သွားသည့် အတွက်
ဝမ်းနည်းရပါကြောင်း
Peach Legal Service မှ များစွာ စိတ်မကောင်း ဖြစ်ရပါသည်။

အများသိစေရန် ကြေညာခြင်း
07/09/2026

အများသိစေရန် ကြေညာခြင်း

အရှေ ့ဒဂုံ ပါမစ်မြေ အား မြေရာဇဝင် စစ်သတင်းစာကြေညာ မြေတိုင်း စာချုပ်စာတမ်း စစ်ဆေး ပြီး အပြီးသတ် လက်ရောက် ဝယ်ယူပေးခြင်း
05/09/2026

အရှေ ့ဒဂုံ ပါမစ်မြေ အား မြေရာဇဝင် စစ်
သတင်းစာကြေညာ
မြေတိုင်း
စာချုပ်စာတမ်း စစ်ဆေး ပြီး
အပြီးသတ် လက်ရောက် ဝယ်ယူပေးခြင်း

ဒီနေ့မှာတော့ ဘဏ်ကစွဲဆိုသည့်တရားမမှုများတွင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အခါအားလျှော်စွာ သတ်မှတ်တဲ့အတိုးနှုန်း‌အပြင် ၁ရာခိုင...
02/09/2026

ဒီနေ့မှာတော့ ဘဏ်ကစွဲဆိုသည့်တရားမမှုများတွင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အခါအားလျှော်စွာ သတ်မှတ်တဲ့အတိုးနှုန်း‌အပြင် ၁ရာခိုင်နှုန်းပေါင်းသောအတိုးနှုန်းဖြင့် တရားရုံးကခွင့်ပြုနိုင်သည်ဆိုသည့်စကားရပ်ကို ပြောပြချင်စိတ်ဖြစ်ပေါ် လာလို့ အနည်းငယ်ရေးပါရစေ။

အဲဒီအကြောင်း မပြောမီမှာ ဗဟိုဘဏ်က အတိုးနှုန်းကို ဘာကြောင့် အကြိမ်ကြိမ်အခါခါ ပြောင်းလဲသတ်မှတ်နေရတာလဲဆိုတာ နားလည်ထားဖို့လိုအပ်ပါတယ်။ ဗဟိုဘဏ်အတိုးနှုန်းပြောင်းလဲမှုမှာ သာမန်ကိစ္စရပ်မဟုတ်ပါဘူး။ နိုင်ငံရဲ့စီးပွားရေးအခြေနေအပေါ်ခြေပြုပြီး ဗဟိုဘဏ်အတိုးနှုန်းမှာ မကြာခဏပြောင်းလဲသတ်မှတ်ခြင်းဖြစ်တာကို တွေ့ရပါတယ်။

၂၀၂၀ ခုနှစ်မှာ ဗဟိုဘဏ်အတိုးနှုန်းက ၇ ရာခိုင် နှုန်းသာရှိခဲ့ပြီး တခြားဘဏ်များက ချေးငွေအပေါ်‌ ကောက်ခံနိုင်သည့်အမြင့်ဆုံး အတိုးနှုန်းမှာလည်း ၇ ရာခိုင်နှုန်းမှ အများဆုံး ၁၀ရာခိုင်နှုန်းကြားသာ ရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ ဗဟိုဘဏ်အတိုးနှုန်းမှာ ၉ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး တခြားဘဏ်များက ချေးငွေအပေါ်ကောက်ခံနိုင်သည့်အတိုးနှုန်းမှာလည်း ၉ရာခိုင်နှုန်းမှ အများဆုံး ၁၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါတယ်။

ဘဏ်များဟုဆိုရာမှာ Commercial လုပ်ကိုင်ကြတဲ့ မြန်မာ့စီးပွားရေးဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်များအားလုံးသည် လက်ရှိ‌တွင် ဘဏ်ချေးငွေအပေါ် အမြင့်ဆုံး ၁၅ ရာခိုင်နှုန်းအထိ ကောက်ခံခွင့်ရရှိကြပါတယ်။ ဒါဆို ၂၀၂၀ ခုနှစ်က အမြင့်ဆုံး ၁၀ ရာခိုင်နှုန် ဖြင့်ချေးခဲ့သည့် ငွေများကို အခု ၁၅ ရာခိုင်နှုန်းဖြင့် ကောက်ခံနိုင်သလားဆိုရင် အဖြေက No ပါ။

အခါအားလျှော်စွာ(from time to time) သတ်မှတ်သည့်အတိုးနှုန်းဆိုတာ နိုင်ငံရဲ့စီးပွားရေးအခြေနေအကြောင်းရင်းတစ်ခုခုကြောင့် ပြောင်းလဲသတ်မှတ်တဲ့ အတိုးနှုန်းကို ရည်ညွှန်းတာဖြစ်ပါတယ်။ ၂၀၂၀ ချေးငွေရယူစဉ်က ၁၀ ရာခိုင်နှုန်းဖြင့် သတ်မှတ်ကောက်ခံခဲ့သည့် အတိုးနှုန်းသည် ထိုစဉ်က ဘဏ်နှင့် ချေးငွေရယူသူတို့ကြား စာချုပ်တွင်ကတိပြုခဲ့သည့်အတိုးနှုန်း (contractual rate)ဖြစ်သည့် မပြောင်းလဲသော သတ်မှတ်(fixed)အတိုးနှုန်းဖြစ်ပါသည်။

ထိုသို့ ပြောင်းလဲခြင်း (changing)လုပ်ခွင့်မရှိသည့် သတ်မှတ်အတိုးနှုန်းတရပ်တွင် ၁ ရာခိုင်နှုန်း ထပ်ပေါင်းနိုင်သလားဆိုတော့ အဖြေက No ပါ။ ဘာကြောင့်လဲဆိုတော့ တရားရုံးက ၁ ရာခိုင်ထပ်ပေါင်းနိုင်သည့်အတိုးနှုန်းမှာ အခါအားလျော်စွာပြောင်းလဲသတ်မှတ်သည့်အတိုးနှုန်းပေါ်တွင်သာ ၁ ရာခိုင်နှုန်း ထပ်ပေါင်းခွင့်ကို ဥပဒေက တိတိကျကျခွင့်ပြုခြင်းကြောင့်ဖြစ်ပါတယ်။

ဒါ့ကြောင့် ပေါင်နှံသူနှင့် အပေါင်ခံသူတို့ကြား ချုပ်ဆိုသည့် Contractual rate အပေါ် ၁ ရာခိုင်နှုန်းထပ်ပေါင်းခွင့်ကို ဥပဒေကခွင့်ပြုထားခြင်းမဟုတ်‌ပေ။ အခါအားလျော်စွာ (From time to time) ပြောင်းလဲမှုရှိသည့် အတိုးနှုန်းကိုသာ ရည်ညွှန်းခြင်းဖြစ်ပါတယ်။ ထိုအတိုးနှုန်းမှာ ဗဟိုဘဏ်အတိုးနှုန်းသာဖြစ်ပါတယ်။ ဗဟိုဘဏ်အတိုးနှုန်း (ယခင် ၇ရာခိုင် နှုန်း၊ အခု ၉ ရာခိုင်နှုန်း) အပေါ်တွင်သာ တရားရုံးက ၁ ရာခိုင်နှုန်း ထပ်ပေါင်းခွင့်ရှိကြောင်း ‌လေ့လာတင်ပြပါရစေ။

မှတ်ချက်။ ဘဏ်များ၏အတိုးနှုန်းသတ်မှတ်ချက်များ နောင်တချိန်အနည်းအများပြောင်းလဲသွားစေကာမူ ချေးငွေထုတ်ချေးစဉ်ကာလက ဘဏ်များနှင့် ချေးငွေရယူသူများကြား ကတိပြုချုပ်ဆိုခဲ့သည့် Contractual rate မှာတော့ အခါအားလျော်စွာ(from time to time)ပြောင်းလဲ‌သွားခြင်းမရှိသဖြင့် အဆို ပါ Contractual rate သည် ၁ ရာခိုင်နှုန်းထပ်ပေါင်းခွင့်ရှိသည့်အတိုးနှုန်း မဟုတ်ပါကြောင်း။

Crd Mrat mrat san

ပြစ်မူဆိုင်ရာဥပဒေပုဒ်မ-၁၉၃-မမှန်သက်သေခံခြင်းတိုင်လျှောက်လွှာ၌ဖေါ်ပြချက်နင့်ရုံးရှေ့၌ကတိသစ္စာပြု၍ထွက်ဆိုချက်တို့ကွဲလွှဲမူ...
31/08/2026

ပြစ်မူဆိုင်ရာဥပဒေပုဒ်မ-၁၉၃-မမှန်သက်သေခံခြင်း
တိုင်လျှောက်လွှာ၌ဖေါ်ပြချက်နင့်ရုံးရှေ့၌ကတိသစ္စာပြု၍ထွက်ဆိုချက်တို့ကွဲလွှဲမူရှိရုံဖြင့်မမှန်သက်သေခံခြင်းမြောက်-မမြောက်
(၁)အထက်ပါကိစ္စနင့်ပတ်သက်၍
ဒေါ်တင်မြင့် နင့်ပြည်ထောင်စုမြန်မာနိုင်ငံပါ-၃အမူ ၁၉၉၀မတစ-စာ၂၇ကိုဖေါ်ပြလိုက်ပါသည်။
(၂)တာမွေမြို့နယ်တရားရုံးပြစ်မူဆိုင်ရာအမူကြီးအမှတ်၈၁၄/၈၅တွင်တရားလိုဒေါ်တင်မြင့်အားစစ်ဆေးရာတွင်၎င်း၏တိုင်လျှောက်လွှာအပိုဒ်-၃တွင်ဖေါ်ပြထားသောနေရပ်လိပ်စာ၌နေထိုင်ခြင်းမရှိဟုရုံးရှေ့၌ကွဲလွဲထွက်ဆိုမူနင့်စပ်လျဉ်း၍တရားလိုအားပြစ်မူဆိုင်ရာဥပဒေပုဒ်မ၁၉၃အရအရေးယူပေးရန်တရားခံဦးမြင့်သိန်းတို့ဘက်ကလျှောက်ထားခဲ့သည်ယင်းလျှောက်ထားချက်နင့်စပ်လျဉ်း၍မြို့နယ်တရားရုံးကပြစ်မူဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၄၇၆အရစုံစမ်းစစ်ဆေးမူပြစ်မူဆိုင်ရာအထွေထွေမူအမှတ်၈၅/၈၉ကိုဖွင့်လှစ်ဆောင်ရွက်ပြီးနောက်တရားခံ၏လျှောက်ထားချက်ကိုပယ်ကြောင်း၁၁-၁၂-၈၉ရက်နေ့ကအမိန့်ချမှတ်ခဲ့သည်။ယင်းအမိန့်ကိုတရားခံများကမကျေနပ်၍ရန်ကုန်တိုင်းတရားရုံးသို့ပြစ်မူဆိုင်ရာအယူခံမူအမှတ်၃၇/၉၀တွင်အယူခံဝင်ရောက်ခဲ့ရာတိုင်းတရားရုံးကမြို့နယ်တရားရုံး၏အမိန့်ကိုပယ်ဖျက်ကာတရားလိုဒေါ်တင်မြင့်အပေါ်ပြစ်မူဆိုင်ရာဥပဒေပုဒ်မ၁၉၃အရအရေးယူဆောင်ရွက်ရန်၂၃-၃-၉၀ရက်နေ့ကအမိန့်ချမှတ်ခဲ့သည်။အဆိုပါအမိန့်ကိုမကျေနပ်၍ဒေါ်တင်မြင့်ကတရားရုံးချုပ်သို့ပြင်ဆင်မူတင်သွင်းလာခြင်းဖြစ်သည်။
(၃)ပြစ်မူဆိုင်ရာဥပဒေပုဒ်မ၁၉၃အရမမှန်သက်သေခံခြင်းသည်တရားရုံးရှေ့၌ကတိသစ္စာပြုပြီးထွက်ဆိုသောထွက်ချက်(၂)ခုကွဲလွှဲရန်လိုအပ်သည်၊ဒေါ်တင်မြင့်၏တိုင်လျှောက်လွှာသည်တရားရုံးရှေ့၌ကတိသစ္စာပြု၍ထွက်ဆိုသောထွက်ချက်မဟုတ်ပေ။ယင်းသို့တိုင်လျှောက်လွှာပါဖေါ်ပြချက်နင့်တရားရုံးရှေ့ကတိသစ္စာပြု၍ထွက်ဆိုချက်တို့ကွဲလွဲမူရှိရုံမျှဖြင့်မမှန်သက်သေခံခြင်းမြောက်သည်ဟုမဆိုနိုင်ပေ။ထို့ပြင်ရုံးရှေ့၌တရားခံဘက်ကပြန်လှန်မေး၍ဖြေဆိုရာတွင်အချင်းဖြစ်အိမ်၌မနေပါ၊နေတော့နေခဲ့ပါသည်ဟုထွက်ဆိုချက်ကိုလေ့လာသော်လုံးဝမနေဟုမဆိုလိုဘဲရံဖန်ရံခါတော့နေခဲ့ကြောင်းဝန်ခံရာရောက်သည်။ဒေါ်တင်မြင့်က၎င်းသည်ပြည်သူ့ကောင်စီအဆင့်ဆင့်ရွေးကောက်ပွဲများ၌တာမွေမြို့နယ်တွင်တစ်ခါမျှမဲမထည့်ခဲ့ရဘဲပဲနွယ်ကုန်းမြို့နယ်တွင်မဲထည့်ခဲ့ရကြောင်းတင်ပြထားသည်။သိုဖြစ်၍၎င်း၏အမြဲတမ်းနေရပ်မှာပဲနွယ်ကုန်းဖြစ်သည်မှာထင်ရှားပေါ်ပေါက်သည်။ထို့ကြောင့်မြို့နယ်တရားရုံး၏အမိန့်သည်မှန်ကန်ပြီးတိုင်းတရားရုံးအမိန့်သည်ဥပဒေအရမှန်ကန်သည်ဟုမဆိုနိုင်၍တိုင်းတရားရုံး၏အမိန့်ကိုပယ်ဖျက်ပြီးမူလမြို့နယ်တရားရုံးအမိန့်ကိုပြန်လည်အတည်ပြုကြောင်းတရားရုံးချုပ်ကအမိန့်ချမှတ်ခဲ့သည်။
(၄)ပြစ်မူဆိုင်ရာဥပဒေပုဒ်မ၁၉၃တွင်-တရားစီရင်ရေးမူခင်းကိစ္စတွင်မည်သည့်အဆင့်၌ဖြစ်စေ၊မည်သူမဆိုတမင်မမှန်သက်သေခံလျှင်—______ဟုပြဌာန်းထားရာတရားရုံးကမေးမြန်းစုံစမ်းရာတွင်မောင်ဖြူသည်ကျမ်းသစ္စာပြု၍မမှန်သည်ကိုသိလျှက်နင့်မှန်သည်ဟုထွက်ဆို၏၊အဆိုပါတရားရုံးကမေးမြန်းစုံစမ်းခြင်းသည်တရားစီရင်ရေးမူခင်းကိစ္စဖြစ်၍မောင်ဖြူသည်မမှန်သက်သေခံသည်မည်၏ဟုဖေါ်ပြထားကြောင်းတင်ပြလိုက်ပါသည်။

*အမှုတင်ပြရာတွင် ကနဦးအမှုအချက်အလက်ပုံစံ၌ ဖြည့်သွင်းပေးရန် အသိပေးကြေညာချက်*နေပြည်တော်၊ ဩဂုတ် ၃၁ပြည်ထောင်စုတရားလွှတ်တော်ချ...
31/08/2026

*အမှုတင်ပြရာတွင် ကနဦးအမှုအချက်အလက်ပုံစံ၌ ဖြည့်သွင်းပေးရန် အသိပေးကြေညာချက်*

နေပြည်တော်၊ ဩဂုတ် ၃၁

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးတွင် Digitalization အသွင်ကူး ပြောင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နည်းပညာသုံး အမှုစီမံခန့်ခွဲမှုစနစ် (Case Management System – CMS) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ရှေ့နေရှေ့ရပ်များ/ အမှုတင်သွင်းသူများသည် ၁-၉-၂၀၂၆ ရက်နေ့မှစတင်၍ အဆိုပါစနစ် အတွက် လိုအပ်သည့် ကနဦးအမှုအချက်အလက်များကို သတ်မှတ်ပုံစံအတိုင်း ဖြည့်စွက်၍ တစ်ပါတည်း အမှုလာရောက်တင်သွင်းစဉ် ပူးတွဲတင်ပြ‌ပေးပါရန် မေတ္တာရပ်ခံပါသည်။ ကနဦး အမှု အချက်အလက်များ ဖြည့်စွက်ရမည့်ပုံစံအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ Website တွင် Download ရယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။



ပြည်ထောင်စုတရားလွှတ်တော်ချုပ်

Source : https://www.unionsupremecourt.gov.mm

31/08/2026

အမှုရုပ်သိမ်းခြင်းအကြောင်း
~~~~~~~~~~~~~~~~~~
ရာဇသတ်ကြီးတွင်ပြဌာန်းထားသည့် ပြစ်မှုများ၌ အမှုများကို ကျေအေးခွင့်ရှိသောပြစ်မှုများနှင့်ကျေးအေးခွင့်မရှိသော ပြစ်မှုများဟူ၍ ခွဲခြားထားသည်။အထူးဥပဒေများတွင် ပြဌာန်းထားသည့် ပြစ်မှုများတွင်မူ ကျေအေးခွင့်ရှိသည်၊မရှိသည်ကို ပြဌာန်းဖော်ပြထားခြင်းမရှိသဖြင့် အထူးဥပဒေပါ ပြစ်မှုများသည် ကျေအေးခွင့်မရှိသော ပြစ်မှုများဟုသာ မှတ်ယူရပေမည်။

ကျေအေးခွင့်ရှိသောပြစ်မှုများကို တရားလို သို့မဟုတ် နစ်နာသူက ကျေအေးလွှာကို တရားရုံးသို့ တိုက်ရိုက်လျှောက်ထားတင်ပြရသည်။အချို့ပြစ်မှုများတွင် တရားရုံးသို့ ကျေအေးလွှာတင်ပြပြီးသည်နှင့် အမှုမှာ ပြီးပြတ်သွားသော်လည်း အချို့ပြစ်မှုများတွင် တရားရုံးသို့ ကျေအေးလွှာ ရောက်ရုံမျှဖြင့်အမှုမပြီးပေ။တရားသူကြီး၏အမိန့်ကို စောင့်ရသည်။တရားသူကြီးမှ ကျေအေးသည်ကို ခွင့်ပြုသည့်အမိန့်ချပြီးမှသာ အမှုပြီးပြတ်လေသည်။

ကျေအေးခွင့်မရှိသော ပြစ်မှုများကို ရုပ်သိမ်းလွှာတင်ရသည်။အမှုရုပ်သိမ်းပေးဖို့တင်ပြခြင်းဖြစ်သည်။အမှုရုပ်သိမ်းလွှာကို တရားသူကြီးထံတင်ပြလျှောက်ထားရခြင်းမဟုတ်။ခရိုင်တရားရုံးတွင်စွဲဆိုထားသောအမှုဖြစ်ပါက ခရိုင်ဥပဒေအရာရှိထံသို့လည်းကောင်း၊မြို့နယ်တရားရုံးတွင် စွဲဆိုထားသောအမှုဖြစ်ပါက မြို့နယ်ဥပဒေအရာရှိထံသို့လည်းကောင်း အမှုရုပ်သိမ်းပေးပါရန် လျှောက်ထားတင်ပြရသည်။သက်ဆိုင်ရာဥပဒေအရာရှိတို့သည် တင်ပြလာသည့် အမှုရုပ်သိမ်းခွင့်လျှောက်လွှာအပေါ်တွင် ရေးထိုးထားသည့် လက်မှတ်သည် တရားလို သို့မဟုတ် နစ်နာသူ၏ လက်မှတ် ဟုတ်၊မဟုတ် စိစစ်ရသည်။လျှောက်လွှာ၏ကျောဘက်တွင် တရားလို သို့မဟုတ် နစ်နာသူကို ထပ်မံ လက်မှတ်ထိုးစေရသည်။ထို့နောက် အမှုရုပ်သိမ်းခြင်းနှင့်ပတ်သက်၍တရားစွဲအဖွဲ့အစည်း၏ သဘောထားမှတ်ချက်ကို စာဖြင့် တရားဝင် မေးမြန်းတောင်းခံရသည်။ခရိုင်တရားစွဲအဖွဲ့အစည်းမှာ ခရိုင်ရဲတပ်ဖွဲ့မှူးဖြစ်ပြီး မြို့နယ်တရားစွဲအဖွဲ့အစည်းမှာမြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်သည်။တရားစွဲ့အဖွဲ့အစည်းသည် အမှုရုပ်သိမ်းခြင်းနှင့်ပတ်သက်၍ တရားခံသည် ယခင်က အလားတူပြစ်မှုကိုကျူးလွန်ခဲ့ခြင်း ရှိ မရှိ၊ပြစ်မှုကျူးရာတွင် အရက်သေစာသောက်စားထားခြင်း ရှိ မရှိ၊တရားခံသည် ပြစ်မှုကို တင်ကူးကြံရွယ်ချက်ဖြင့် ကျူးလွန်ခဲ့ခြင်း ဟုတ် မဟုတ်၊ပြစ်မှုသည် ကလေးသူငယ်၊သက်ကြီးရွယ်အိုနှင့်အမျိုးသမီးတို့အပေါ်တွင်ကျူးလွန်ခဲ့ခြင်း ဟုတ် မဟုတ်၊တရားခံအား အမှုရုပ်သိမ်းပေးခြင်းဖြင့်အလားတူပြစ်မှုမျိုးကို ထပ်မံကျူးလွန်နိုင်ခြေ ရှိ မရှိ၊ဤပြစ်မှုကို ရုပ်သိမ်းခြင်းကြောင့် အလားတူပြစ်မှုကို အခြားသူတို့က ထပ်မံကျူးလွန်လာနိုင်ခြေ ရှိ မရှိ တို့ကိုစိစစ်ကာ အမှု ရုပ်သိမ်းခြင်းအား ကန့်ကွက်ရန်မရှိကြောင်း သို့မဟုတ် ကန့်ကွက်ကြောင်း ပြန်ကြားရလေသည်။ဤနေရာတွင် စကားကြုံ၍ ပြောလိုသည်မှာ တရားစွဲအဖွဲ့အစည်းတို့၏ ပြန်လေ့ ပြန်ထရှိသော ကန့်ကွက်ရန်မရှိကြောင်း ပြန်ကြားသည့် သဘောထားမှတ်ချက်ပင်ဖြစ်သည်။

"တရားဥပဒေနှင့်အညီဆောင်ရွက်မည်ဆိုပါက ကန့်ကွက်ရန်မရှိကြောင်းပြန်ကြားပါသည်"

ဤစာသားကိုရမည်သည့်ခေတ်အခါက မည်သူက တီထွင်ပြန်ကြားခဲ့သည်ကို မသိပါ။ဤစာသား၏ဆိုလိုရင်းအဓိပ္ပါယ်မှာ "တရားဥပဒေနှင့်မညီဘဲ အမှုရုပ်သိမ်းခြင်းပါက ငါနဲ့မဆိုင် " ဟု ဆိုလိုရင်းဖြစ်မည်ဟုထင်သည်။မိတ်ဘက်အဖွဲ့အစည်းဖြစ်သည့် ဥပဒေအရာရှိတို့မှ အထင် အမြင်လွဲမှားစေတတ်သော အသုံးအနှုန်းဖြစ်သဖြင့် ပြင့်သင့်ချိန်တန်ပေပြီ။

ဥပဒေအရာရှိတို့သည် တရားစွဲအဖွဲ့အစည်း၏ ကန့်ကွက်ရန်မရှိကြောင်း သဘောထားမှတ်ချက်ကို ရရှိပါက အမှုအားရုပ်သိမ်းပေးရန် တရားရုံးသို့ တင်ပြလျှောက်ထားပေးရသည်။တရားစွဲအဖွဲ့အစည်းက အမှုရုပ်သိမ်းခြင်းအား ကန့်ကွက်ပါ တရားရုံးသို့ အမှုရုပ်သိမ်းပေးရန် လျှောက်ထားခြင်း မပြုရဟု ပိတ်ပင်မထားချေ။

တရားသူကြီးတို့သည် ဥပဒေအရာရှိမှ အမှုရုပ်သိမ်းပေးရန် တင်ပြလျှောက်ထားလာသည့်အခါ ပြည်သူ့တရားသူကြီးအဖွဲ့ ညွှန်ကြားချက် အမှတ် ၁၀ ကိုလိုက်နာဆောင်ရွက်ရသည်။ညွှန်ကြားချက်အမှတ် ၁၀ ကို အကျဉ်းချုံးဖော်ပြရလျှင်
၁။တရားခံ အပြစ်ကျူးလွန်ကြောင်း တရားလိုဘက်မှ
သက်သေထင်ရှားမပြနိုင်ခြင်း။
၂။တရားလို သို့မဟုတ် နစ်နာသူ တို့သည် သွေးရင်း သား
ရင်းများဖြစ်ကြ၍ အမှန်တရားကိုရဖော်ထုတ်ကြမည်
မဟုတ်သောကြောင့် ဆက်လက်စစ်ဆေးနေခြင်းဖြင့်
အကျိုးမထူးနိုင်ခြင်း။
ဟူ၍ဖြစ်သည်။တရားသူကြီးတို့သည် အမှုရုပ်သိမ်းခြင်းနှင့်ပတ်သက်၍ ညွှန်ကြားချက်အမှတ် ၁၀ ကို လိုက်နာရသည်။

ရာဇဝတ်မှု(ပြစ်မှု)တိုင်း၏ တရားလိုသည် နိုင်ငံတော်ဖြစ်သည်။တရားစီရင်ရေးမူသည် အများပြည်သူလုံခြုံရေးကို ရှေးရှုသည်။အမှုရုပ်သိမ်းခြင်းသည် တရားခံအပေါ် ပြစ်ဒဏ်ချမှတ်ရန် အလားအလာမရှိ၊အမှန်တရားပေါ်ပေါက်ရန် အကြောင်းမမြင်မှသာ ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်သည် ဟူ၍သာ သဘောပေါက်မိပါကြောင်း ရေးသားတင်ဆက်လိုက်ရပေသည်။

ရဲအုပ်အောင်ကျော်ထွန်း

Address

Aye Yeik Thar 2 Street, New University Avenue Road
Yangon
11201

Website

Alerts

Be the first to know and let us send you an email when Peach Legal Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share