Daw Thiri Ko Ko-Legal Notes

Daw Thiri Ko Ko-Legal Notes legal Knowledge Sharing

ကိတ္တိမသားသမီးမွေးစားခြင်းကိုပယ်ဖျက်ခြင်းမြန်မာဓလေ့ထုံးတမ်းဥပဒေအရ မြန်မာဗုဒ္ဓဘာသာဝင်မိဘတို့သည် မိမိတို့၏သားသမီးများအားအမ...
28/06/2026

ကိတ္တိမသားသမီးမွေးစားခြင်းကို
ပယ်ဖျက်ခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ
မြန်မာဗုဒ္ဓဘာသာဝင်မိဘတို့သည် မိမိတို့၏သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပါ။

မွေးစားမိဘနှင့် မွေးစားသားသမီး အဖြစ်မှပြတ်စဲကြပီးအပြန်အလှန်အသိအမှတ်မပြုကြတော့လျှင်
မွေးစားခြင်းသည် ပျက်ပြယ်ပါသည်။

သို့သော် မွေးစားသားသမီး၏သဘောတူညီချက်မရဘဲမွေးစားခြင်းကို မပယ်ဖျက်နိုင်ပါ။

မွေးစားမိဘများသည် မိရင်းဖရင်းကဲ့သို့ သားသမီးအားတစ်ဆင့်မွေးစားရန် ပေးနိုင်ပါသည်။

မွေးစားသားသမီးသည် ရဟန်းဘောင်သို့ ကူးပြောင်းသွားလျှင်မွေးစားခြင်း ပျက်ပြယ်ပါသည်။

မွေးစားမိဘသည်ဗုဒ္ဓဘာသာကိုစွန့်၍ သားသမီးမွေးစားခြင်းမပြုသည့်အခြားဘာသာသို့ကူးပြောင်းသွားလျှင် မွေးစားခြင်းပျက်ပြယ်ပါသည်။




09446510034

26/06/2026
20/06/2026

အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ်
ပြုလုပ်ချုပ်ဆိုရာတွင်
လိုအပ်သည့်အချက်များ
#ဒေါ်သီရိကိုကို
#အထက်တန်းရှေ့နေ
#အောင်မြင့်မိုရ်ဟိန်း
#စာချုပ်စာတမ်းနှင့်ဥပဒေဝန်ဆောင်မှု
09446510034

16/06/2026

မူးယစ်ဆေးဝါးဥပဒေနှင့် လက်ဝယ်တွေ့ခြင်း
==========================

၁။ တစ်စုံတစ်ယောက်သည် မှုးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ တစ်စုံတစ်ရာကို၎င်း၏ လက်ဝယ်တွင် သော်လည်းကောင်း၊ စီမံခန့်ခွဲမှုအောက်တွင် သော်လည်းကောင်း ရှိနေမှန်းမသိလျင် ထိုမူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို လက်ဝယ်ထားရှိသည်ဟု မဆိုထိုက်ပေ။ မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ တစ်စုံတစ်ရာသည် မိမိ၏နေအိမ် အိမ်ဥပစာတွင် ရှိနေခြင်းသည် ထို နေအိမ်ဥပစာ ပိုင်ရှင်၏ သဘောတူညီမှုမရှိဘဲ ရှိနေပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များရှိနေကြောင်းကိုလည်း ထိုနေအိမ်၊ အိမ်ဥပစာပိုင်ရှင်ရှင်က မသိရှိလျင် လက်ဝယ်ထားရှိ သည်ဟု မဆိုနိုင် ပေ။ လက်ဝယ်ထားရှိခြင်းကို သဘောတူကြောင်း တစ်နည်းနည်းဖြင့် သက်သေထင်ရှားမပြနိုင်သရွှေ့ လက်ဝယ် ထားရှိသူအဖြစ် တာဝန်ဝန်မလွှဲသင့်။
( နိုင်ငံတော်နှင့် မောင်ချစ်အောင် ၁၈၇၂-၉၂ အက်စ်ဂျေအယ်ဘီ ၅၃၇) ။

၂။တရားခံသည် မိမိလက်ဝယ်တွင် မူးယစ်ဆေးဝါးရှိသည်ကို သိကြောင်းပေါ်လွင်ရန်လိုသည်။ မိမိအိမ်တွင် ဘိန်း (၈ ကျပ်သား) ရှိကြောင်း အိမ်ရှင်သိကြောင်း အထောက်အထားမရှိက အိမ်ရှင်သည် ပုဒ်မ ၆(ခ) အရ ပြစ်မှုကျူးလွန်သည်ဟု မဆိုနိုင်။
(ကရင်လနှင့် နိုင်ငံတော် ၁၉၇၈၊ မတစ ၁) ။

၃။ ဒေါ်ခင်ညွှန်၏ အိမ်ထဲတွင် ချိတ်ထားသော ပလပ်စတစ်အိတ်အတွင်းမှ ဘိန်းစိမ်းသိမ်းဆည်းရမိခြင်းနှင့် စပ် လျဉ်း၍ ဗဟိုတရားရုံးက ဦးသန်းရွေ၊ ဒေါ်ခင်ညွှန့်တို့၏ နေအိမ်ဥပစာအတွင်းမှ တွေ့ရှိသိမ်းဆည်းခဲ့သည် မှန် သော်လည်း ဥပစာမှ ထမင်းဆိုင်ဖွင့်ထားသော ဥပစာဖြစ်ပြီး အချင်းဖြစ်ချိန်က ထမင်းစားနေသည့်လူများ ရှိနေ သည်ဖြစ်၍ သက်သေခံလက်ဆွဲလွယ်အိတ်နှင့် လွယ်အိတ်အတွင်းပါ ဘိန်းစိမ်းထုပ် ၂ ထုပ်သည် လျောက် ထားသူ ဒေါ်ခင်ညွှန့်၏ ပစ္စည်းဖြစ်ကြောင်း တစ်ထစ်ချမှတ်ယူရန် မသင့်ပေ။ (ဒေါ်ခင်ညွှန့်နှင့် နိုင်ငံတော် ၁၉၇၇ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၇၉ (ခ) မန္တလေး)။

၄။ ဘိန်းပြောင်းနှစ်ခုကို မောင်သောင်းရွှေက သိလျက်နှင့် လက်ဝယ်ထားရှိခဲ့ကြောင်း အထောက်အထားမရှိ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ကျွဲတဲကျေးရွာသို့ တစ်လခန့်အကြာ သွားရောက်နေထိုင်ပြီး ကိုင်း လုပ်ငန်း လုပ်ကိုင်နေသည့် မောက်သောင်းရွေအနေဖြင့် ၎င်းမရှိခိုက် နေအိမ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့သော ဘိန်း ပြောင်းနှစ်ခုနှင့် ပတ်သက်၍ မောင်သောင်းရွှေအပေါ်ပြစ်မှုထင်ရှားစီရင်ရန် သင့်တော်မည်ဟုတ်မဟုတ်ဟု ဆုံးဖြတ်သည်။
( မောက်သောင်းရွှေနှင့် နိုင်ငံတော်၁၉၇၉ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၅၄(ခ))။

၅။ ဒေါ်ခင်ရီ၏ အိမ်နှင့်တွဲလျက်ရှိသော ကြက်ခြံဝင်း အတွင်းတွင် ကြက်စာများထည့်ထားသောစဉ့်အိုးထဲ့မှ ဘိန်းစိမ်း ၄၂ လုံတွေ့ရှိရာဗဟိုတရားရုံးက ထိုနေရာသို့ အိမ်ရှင်မသိဘဲ ပြင်ပလူတစ်ဦး တစ်ယောက်က ထိုမျှ များပြားသော ဘိန်းများကို လာရောက်ထားရန်ခဲယဉ်းပေသည်။ အိမ်ရှင်၏ ခွင့်ပြုချက်အရဖြင့်သာ ထားရှိနိုင် သော နေရာမျိုးဖြစ်ကြောင်း လေ့လာ၍ သိရှိပေသည်ဟု သုံးသပ်သည်။

၆။ လူအများသွားလာသည့် နေရာတွင် မှုယစ်ဆေးဝါးတွေ့ရသည့် ကိစ္စတွင် အနီးအနား နေထိုင်သူတစ်ဦးဦး လက်ရှိဖြစ်သည်ဟု မဆိုနိုင်။ သို့ဖြစ်ရာတရားခံ၏ အိမ်ဘေးရှိလမ်းကြားမှ ဆေးခြောက်အထုပ်ငယ် ကောက်ယူ ရရှိခြင်းကို တရားခံ၏ လက်ဝယ်ထားရှိခြင်း ဖြစ်သည်ဟု ကောက်ယူနိုင်ခြင်း မရှိ။ (မောင်ဘိုးခက်နှင် နိုင်ငံတော် ၁၉၇၉ မတစ ၁၁၀)။

၇။ ဦးထွန်းရင် ဒေါ်ခိုတို့၏ အိမ်အတွင်းမှ ဘိန်းကင်းခြောက် ဘိန်းဆီပုလင်းများ သိမ်းဆည်းရမိရာ ဦးထွန်းရင်က သူသုံးပစ္စည်းများ ဖြစ်သည်ဟု ဝန်ခံသည်။ ဗဟိုတရားရုံးကဘိန်းကင်ခြောက်များနှင့် ဘိန်းဆီပုလင်းများ သိမ်း ဆည်းရမီခဲ့ခြင်းနှင့် ပတ်သက်၍ ခင်ပွန်းဖြစ်သူအိမ်ထောင်ဦးစီး တာဝန်ရှိကြောင်း ဝန်ခံချက်ရှိနေသည့်အတွက် ဇနီးအားအပြစ်ပေးရန် မသင့်ပေ ဟု ဆုံးဖြတ်သည်။
(ဒေါ်ခိုနှင် နိုင်ငံတော် ၁၉၇၇ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၁၆၇ (ခ) ၊ မန္တလေး)။

၈။ မောင်ရွှေတိုးနှင့် ဇနီး မစိန်တင်တို့အိမ်မှ ဘိန်းများ ရှာဖွေတွေ့ရှိရာတွင် ဇနီးပါ တာဝန်ရှိမရှိနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်းထုံးဖွဲ့သည်။
It is not always that the wife cannot be held responsible for what she and her husband are found in possession of.
To make the wife liable for illegal possession of o***m jointly with her husband. Something more must be proved beyond the fact that the o***m was found in the house where both lived and that she knew of its existence. Such for example as that she took the slightest parts in the disposal of the o***m or dealing with it in way manner.
အေ အိုင် အာ၊ ၁၉၃၇ ရန်ကုန် ၄၃၄။

၉။ တရားခံအိုက်ထပ်၏ နေအိမ်ကို သတင်းအရ ရှာဖွေရာ သူ၏ ၁၁ နှစ်အရွယ်ရှိ သမီးက သင်္ဘောသီးများ ထည့်ထားသော တောင်းမှ တစ်ပိဿာကျော် ဘိန်းများကို ထုတ်ပေးသည်။ အိုက်ထပ်က မူလရုံးက အမှုမှ အပြီးအပြတ်လွှတ်လိုက်သဖြင့် အယူခံတွင် ဗဟိုတရားရုံးက အောက်ပါအတိုင်း ဆုံးဖြတ်သည်။

မြို့နယ်တရားရုံးက အိုက်ထပ်အား အပြီးအပြတ်လွှတ်ရာတွင် ကလေးငယ်က ထုတ်ပေးခြင်းသည်၎င်းဖခင်က သိလျက်နှင့် လက်ဝယ်ထားရှိခြင်း မဟုတ်ဟု သုံးသပ်ထားသည်ကို တွေ့ရသည်။ဆယ်နှစ်ရွယ်ကလေးက ဘိန်း စိမ်း များကို ထုတ်ပေးခြင်းမှန်သော်လည်း ထိုဘိန်းများထားရှိသောနေရာမှာ အိုက်ထပ် လက်ရှိနေထိုင်သော နေအိမ်မှသာဖြစ်၍ အိုက်ထပ်၏ လက်ရှိဖြစ်သည်ဟု ကောက်ယူရပေမည်။ အိုက်ထပ်သည် ထိုအိမ်တွင် အိမ် ထောင်ဦးစီးဖြစ်သဖြင့်လည်း ထိုအိမ်တွင်ရှိသော ပစ္စည်းသည် တခြားသူတစ်ဦး၏ ပစ္စည်းဖြစ်ကြောင်း မပေါ် ပေါက်က သူ၏ ပစ္စည်းပင်ဖြစ်သည်ဟု ယူဆရပေမည်။
(၊ ၁၉၈၄၊ ပြစ်မှုဆိုင်ရာ အယူခံမူအမှတ် ၇။)

၁၀။ မူးယစ်ဆေးဝါး အမြဲသုံးစွဲနေသူအဖြစ် မှတ်ပုံတင်ထားသူသည် သက်ဆိုင်ရာ ဆရာဝန်က ညွှန်ကြားထား သည့် ဆေးဝါးကိုသာ သုံးစွဲခွင့်ရှိပေသည်။ သက်ဆိုင်ရာ ဆရာဝန်က သုံးစွဲရန် ခွင့်ပြုထားခြင်း မရှိသော မူးယစ် ဆေးဝါးကို လက်ဝယ်ထားသူသည် ပုဒ်မ ၆( ခ) ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းသည်။

၁၁။ မူးယစ်ဆေးဝါး ရောင်းချရန် အလို့ငှာ နေအိမ်တွင် သိုလှောင်ထားရှိသဖြင့် ပြစ်မှုထင်ရှားစီရင်သော အမှု တွင် အိမ်ပိုင်ရှင်မည်သူမည်ဝါဖြစ်သည်။ ဆိုသော အချက်မှာ အဓိက မဟုတ်ပေ။ အိမ်တွင် နေထိုင်သူတစ်ဦးဦး က ထိုအိမ်ကို ပြစ်မှုကျူးလွန်ရာတွင် အသုံးမပြု မပြုသာ အဓိကဖြစ်သည်။ ထိုအိမ်ကို မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားရာတွင် အသုံးပြုကြောင်း ပေါ်ပေါက်လာပါက ၁၉၉၄ ခုနှစ် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၄ (ခ) အရ ပြည်သူ့ဘဏ္ဏာ အဖြစ်သိမ်းဆည်းရမည် ဖြစ်သည်။
( ဒေါ် အီရှဲန်တစ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၊ ၂၀၀၁ ခုနှစ် ၊ မတစ ၊ ၈၃) ။

၁၂။ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၂(ဃ) တွင် မူးယစ်ဆေးဝါးကို လူတစ်ဦးဦ၏ ခန္ဓာကိုယ် နေအိမ် ဥပစာ ယာဉ်နှင့် ပစ္စည်းတစ်ခုခုတွင် ထားရှိခြင်း ဖြစ်ကြောင်း နှင့် တစ်ဦးဦး၏ အစီအမံထားရှိခြင်းနှင့် ထားရှိစေခြင်း တို့သည် လက်ဝယ်ထားခြင်းဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့် ဆိုထားသည်။ (မောင်ထွန်းမြတ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ၊ ၁၉၉၇ ခုနှစ် မတစ၊ ၃၀)။
နှစ်ဘက် အငြင်းမပွားသောအချက်မှာ ဘိန်းမဲကပ်နေသော အဝတ်စကို မောင်ညိုပိုင် လယ်စောင့်တဲ့၏ တံစက် မြိတ် သက်ကယ်ကြားမှ တွေ့ရှိရခြင်းနှင့် ယင်းလယ်စောင့်တဲမှ အကာအရံမရှိခြင်း နှင့် မောင်ညိုသည် ယင်းတဲ တွင် အမြဲမနေခြင်း ၊ ထိုပစ္စည်းရှာတွေ့စဉ်က ယင်းတဲတွင် မောင်ညိုမရှိခြင်း တို့ပင်ဖြစ်သည်။ အကာအရံမဲ့ လယ်စောင့် သက်ကယ်မိုးကြားမှတွေ့ရသော ဘိန်းမဲကပ်နေသည့် အဝတ်စသည် ထိုတဲ၏ ပိုင်ရှင်ဖြစ်သူ အယူခံ တရားခံ မောင်ညို ဝှက်သိမ်းထားသည့် ပစ္စည်းဖြစ်သည်ဟု မယူဆနိုင်ချေ။ မူလရုံးက ထိုအဝတ်စသည် မောင် ညို၏ လက်ဝယ်ရှိပစ္စည်း မဟုတ်ဟု ကောက်ယူ သုံးသပ်ခြင်းမှာ မှားယွင်းမူ မရှိချေ။ ( ပြည်ထောင်စု မြန်မာ နိုင်ငံနှင့် မောင်ညို ၊ ၁၉၉၆ ၊ မတစ ၊ ၁၁၁) ။
Crd

( စာညွှန်း - ဦးကျော်ဇေယျ ၊ ဥပဒေသဘော လက်ဝယ်ရှိခြင်းဟူသည် ၊ စာ ၈၇ မှ ၉၁ ထိ) ။

မူရင်း ရေးသားသူအားလေးစားလျှက်

22/04/2026

၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၏ သိကောင်းစရာများ
--------------------------

ဤဥပဒေကို ၂ဝ၂၆ ခုနှစ်၊ မတ်လ၊ (၁၁) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။

မြန်မာနိုင်ငံသားက ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ၊ နိုင်ငံတော်တွင်အမြဲတမ်းနေထိုင်ပြီး နိုင်ငံခြားသားမှတ်ပုံတင် ကိုင်ဆောင်ထားသူကဖြစ်စေ ငွေကြေးခဝါချမှုတစ်ရပ်ရပ်ကို ကျူးလွန်လျှင် ဤဥပဒေအရ စီရင်ပိုင်ခွင့်ရှိပါသည်။
--------------------------

ငွေကြေးခဝါချမှုနှင့်သက်ဆိုင်သောပြစ်မှုများ
--------------------------

- နိုင်ငံကျော်၍ ဂိုဏ်းအုပ်စုဖြင့် ဂိုဏ်းဖွဲ့ကျူးလွန်မှု၊ ရာဇဝတ်ဂိုဏ်းများတွင် ပါဝင်မှု၊ ဒုစရိုက်လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုမှု

- အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှု

- လူကုန်ကူးမှုနှင့် လူမှောင်ခိုကူးမှု

- ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု

- မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင် လူကုန်ကူးမှု

- လက်နက်များ တရားမဝင်ကုန်ကူးမှု

- ခိုးရာပါပစ္စည်းနှင့် အခြားသောကုန်စည်များ တရားမဝင် ကုန်ကူးမှု

- အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှု

- လိမ်လည်မှု

- ငွေကြေးအတုပြုလုပ်မှု

- ကုန်ပစ္စည်းအတုပြုလုပ်မှုနှင့် မူပိုင်ခွင့်ချိုးဖောက်မှု

- သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နစေသည့်ပြစ်မှုများ

- လူသတ်မှု၊ လူ့ခန္ဓာကိုယ်ကို အပြင်းအထန်နာကျင်စေမှု

- ပြန်ပေးဆွဲမှု မတရားဖမ်းဆီးချုပ်နှောင်မှုနှင့် ဓားစာခံဖမ်းဆီးမှု

- ဓားပြမှု သို့မဟုတ် ခိုးမှု

- အကောက်ခွန်၊ ယစ်မျိုးနှင့် အခွန်များဆိုင်ရာ အပါအဝင် မှောင်ခိုမှုများ

- အခွန်ဆိုင်ရာ ပြစ်မှုများ (တိုက်ရိုက်ခွန်နှင့် သွယ်ဝိုက်ခွန်များ အပါအဝင်)

- ခြောက်လှန့်တောင်းယူမှု

- လိမ်လည်အတုပြုလုပ်မှု

- ပင်လယ်ဓားပြမှု

- ဈေးကွက်ထိန်းချုပ်ရန် ပြုလုပ်ခြင်းဆိုင်ရာပြစ်မှုများ

- ဆိုင်ဘာမှုခင်း

- လောင်းကစားမှု

- ထိန်းချုပ်ဓာတုပစ္စည်းများနှင့် သက်ဆိုင်သည့် ပြစ်မှုများ
--------------------------

သတင်းပို့အဖွဲ့အစည်း၏ အထူးအလေးထားစစ်ဆေးရမည့်အချက်များ (ပုဒ်မ ၂၇)
--------------------------

- စီးပွားရေးလုပ်ငန်းအရင်းခံ ထင်ရှားခြင်းမရှိဘဲနှင့် တန်ဖိုးပမာဏများပြားသည့် လွှပြောင်းဆောင်ရွက်မှုများ

- ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို တားဆီးကာကွယ်ရေးအတွက် ဆောင်ရွက်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် နိုင်ငံတစ်နိုင်ငံမှ ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် ကုမ္ပဏီ၊ အဖွဲ့အစည်း တစ်ခုခုနှင့် စီးပွားဆက်ဆံဆောင်ရွက်မှုများ၊ လွှဲပြောင်းဆောင်ရွက်မှုများ

- ဆောင်ရွက်မှုအားလုံး၏ အခြေအနေနှင့် ရည်ရွယ်ချက်များကို ဖြစ်နိုင်သမျှစစ်ဆေးရမည့်အပြင် တွေ့ရှိချက်များကို ရေးသားမှတ်တမ်းတင်ရမည်

- ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောင်ပံ့မှု အန္တရာယ်မြင့်မားကြောင်း ဖော်ထုတ်သိရှိရပါက ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းလုပ်ငန်းစဉ်ကို တိုးမြှင့်ဆောင်ရွက်ရမည်
--------------------------

သတင်းပို့အဖွဲ့အစည်းတွင် အောက်ပါလုပ်ငန်းများလည်း ပါဝင်သည်။ (ပုဒ်မ ၃ (ဆ))
--------------------------

- ကာစီနို

- အိမ်ခြံမြေအကျိုးဆောင်

- အဖိုးတန်သတ္တုနှင့် ကျောက်မျက်ရတနာ ရောင်းဝယ်ခြင်း

- ရှေ့နေ၊ နိုတြီပဗ္ဗလစ်နှင့် ဥပဒေနှင့်အသက်မွေးဝမ်းကျောင်းပြုသူများ (သို့မဟုတ်) စာရင်းကိုင်များ

- ကုမ္ပဏီအဖွဲ့အစည်းများထူထောင်မှု၊ လုပ်ငန်းလည်ပတ်မှုများအတွက် အထောက်အကူပြု ဆောင်ရွက်ခြင်း
--------------------------

ငွေကြေး သို့မဟုတ် ကိုင်ဆောင်သူ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းအား နိုင်ငံဖြတ်ကျော် သယ်ယူပို့ဆောင်မှု (ပုဒ်မ ၄၇)
--------------------------

- ပြည်တွင်းသို့ ဝင်ရောက်သူ သို့မဟုတ် ပြည်ပသို့ထွက်ခွာသူက ငွေကြေး၊ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ၊ အဖိုးတန်ကျောက်မျက်ရတနာများကို သယ်ယူလျှင် အကောက်ခွန်ဦးစီးဌနက သတ်မှတ်ထားသော တန်ဖိုး၊ ပမာဏကို လိုက်နာရမည်။

- သတ်မှတ်ထားသော ပမာဏထက်ကျော်လွန်၍ သယ်ယူလိုလျှင် အကောက်ခွန်ဦးစီးဌာနသို့ ကြေညာရမည်။

- ကြေညာရန်ပျက်ကွက်လျှင်၊ လိမ်လည်ကြေညာလျှင် သိမ်းဆည်းရမည်။ (ပုဒ်မ ၄၈)
--------------------------

ပြစ်မှုနှင့် ပြစ်ဒဏ်များ (ပုဒ်မ ၅၈)
--------------------------

- ငွေကြေးခဝါချမှုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး တစ်နှစ်မှ အများဆုံးငါးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သန်းငါးဆယ်မှ အများဆုံး ကျပ်သန်းတစ်ရာအထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

- ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ၊ အဖွဲ့အစည်းဖြစ်ပါက အနည်းဆုံး ကျပ်သန်းနှစ်ရာမှ အများဆုံး ကျပ်သန်းငါးရာအထိ ငွေဒဏ်ချမှတ်ရမည်။ အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်အား အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သန်းတစ်ရာမှ အများဆုံး ကျပ်သန်းသုံးရာအထိ ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်။

- ဤဥပဒေအရ အရေးယူပိုင်ခွင့်ရှိသည့် ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုများအဖြစ် သတ်မှတ်သည်။ (ပုဒ်မ - ၈ဝ)
Crd-Legal power

Address

No. 291, 6 Floor, Yarzardarit Street 27, South Okkalapa Township
Yangon

Telephone

+959446510034

Website

Alerts

Be the first to know and let us send you an email when Daw Thiri Ko Ko-Legal Notes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Daw Thiri Ko Ko-Legal Notes:

Shortcuts

Share

Category