Legal Resources LTD

Legal Resources LTD Find the solution to your legal problem with our law firm

Legal service & Litigation Law Firm

အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအား ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာခြင်း(အသိပေးကြေညာချက် ၁၅/၂၀၂၄)နှင့်စပ်လျဉ်း၍အေ...
01/11/2024

အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအား ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာခြင်း(အသိပေးကြေညာချက် ၁၅/၂၀၂၄)နှင့်စပ်လျဉ်း၍အောက်ဖော်ပြပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
https://ipd.gov.mm/translate/publication-for-opposition-of-trademark

သီတင်းကျွတ် အခါသမယ မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း များနဲ့ ပြည့်စုံကြပါစေ လို့ Legal Resources Ltd မိသားစုမှ တေ...
17/10/2024

သီတင်းကျွတ် အခါသမယ မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း များနဲ့ ပြည့်စုံကြပါစေ လို့ Legal Resources Ltd မိသားစုမှ တောင်းဆုမေတ္တာပို့သလိုက်ပါတယ် ခင်ဗျ 🙏🙏🙏

အရွယ်ရောက်ပြီး သားသမီးရှိတဲ့ မိဘတွေ ပိုင်ဆိုင်တဲ့ အိမ်ခြံမြေတစ်ခုခုကို ရောင်းရင် ကျန်တဲ့ သားသမီး တွေက သဘောတူကြောင်း အသိသ...
10/10/2024

အရွယ်ရောက်ပြီး သားသမီးရှိတဲ့ မိဘတွေ ပိုင်ဆိုင်တဲ့ အိမ်ခြံမြေတစ်ခုခုကို ရောင်းရင် ကျန်တဲ့ သားသမီး တွေက သဘောတူကြောင်း အသိသက်သေအဖြစ် လက်မှတ်ထိုးနေကြတာ ထုံးစံလိုဖြစ်နေပါတယ် ။ ဝယ်သူ တွေကလည်း ဒီလိုမျိုးဖြစ်မှ ဝယ်ရဲသလိုဖြစ်နေတယ် ။ သားသမီးတွေ လက်မှတ်မထိုးရင် တရားမဝင် ဖြစ်မှာ မို့လို့လား ။ ရှင်းပြစေချင်ပါတယ် ။

မိမိသဘောဆန္ဒအရ ရောင်းပိုင်ခွင့်ရှိတယ် ၊ ကန့်ကွက်လို့မရဘူး။ ၁၉၈၅ ခုနှစ်က ဆုံးဖြတ်ထားတဲ့ စီရင်ထုံး ဒေါ်နီနဲ့ ဦးတင်လှပါ ၅ ဦး၊ ၁၉၈၅ ၊ မတစ ၆၈ မှာဆုံးဖြတ်ပါတယ်။ စီရင်ထုံးမှာ “မိခင်တစ်ဦးသည် သူပိုင်ပစ္စည်း တစ်ရပ်ရပ်ကို အတူနေ သားသမီးတစ်ဦးဦးသို့ ရောင်းချခွင့် ရှိပေသည်။ ရောင်းချသည့်အခါ ကျန်အခြား သား သမီးများကို အသိပေးရမည်ဟူ၍ ဥပဒေမရှိချေ။
မိဘများက သူတို့ပိုင်ပစ္စည်းကို ရောင်းဝယ်စာချုပ် ပြုလုပ် ရောင်းချခြင်းသည် ကတ္တိမမွေးစားခြင်း ကိစ္စမျိုးကဲ့သို့ ကျော်ဇောမှုရှိရန်မလိုပေ ၊ တိတ်တဆိတ် ရောင်းဝယ်ပြု ထားရုံမျှဖြင့် မလျော်သြဇာသုံး ရောင်းခြင်းဝယ်ခြင်းဖြစ်သည်ဟု တစ်ထစ်ချမဆိုနိုင်ပေ” ဆိုပြီးတော့ တိတိကျကျ လမ်းညွှန်ထားပါတယ်။

နောက်တစ်ချက်က အရောင်းအဝယ်လုပ်သူက ဥပမာ သားသမီးဆိုရင် သူက အရွယ် ရောက်ရမယ်၊ ပုဒ်မ ၁၁ အရ ပဋိညာဉ် ပြုရမယ် ၊ စိတ်မှန်ရမယ်၊ မရှုးရဘူး။ ဒီအချက်တွေနဲ့ ညီမှ ဝယ်ပိုင်ခွင့်ရှိပါ တယ်။ ဒါကြောင့် တည့်ဖြေရရင်တော့ ရောင်း၊ ဝယ် လုပ်လို့ရပါတယ်။

Credit : DVB Lawlab



Ph : 09778849700 / 09970711242

စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခြင်းအား ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာခြင်း အသိပေးကြေညာချက်အမှတ်( ၁၃/ ၂၀၂၄) ကို အ...
05/10/2024

စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခြင်းအား ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာခြင်း အသိပေးကြေညာချက်အမှတ်( ၁၃/ ၂၀၂၄) ကို အောက်ပါ link တွင် ဝင်ရောက်ကြည့်ရှု download ရယူနိုင်ပါသည်-

https://ipd.gov.mm/translate/publication-for-opposition-of-industrial-design

⚖️ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်လိုကြသူများအနေဖြင့် မိမိလုပ်ငန်းအပ်နှံထားသည့် အကျိုးဆောင် ( ခ ) အေဂျင်စီများနှင...
05/10/2024

⚖️ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်လိုကြသူများအနေဖြင့် မိမိလုပ်ငန်းအပ်နှံထားသည့် အကျိုးဆောင် ( ခ ) အေဂျင်စီများနှင့်စပ်လျဉ်းသည့် ဥပဒေဆိုင်ရာ ဗဟုသုများ ⚖️

ပထမဆုံးဦးအနေဖြင့် မိမိတို့ ချိတ်ဆက်ထားသည့် လူပဂ္ဂိုလ်( သို့ ) အေဂျင်စီသည် တရားဝင် လုပ်ပိုင်ခွင့် ရှိ/ မရှိ စရံမပေးမှီ အရင်စုံစမ်းကြည့်ကြဖို့ လိုအပ်ပါတယ် ။

⚖️⚖️ ၁၉၉၉ ခုနှစ် ၊ ဇူလိုင်လ ၊ ၉ ရက်နေ့တွင် အတည်ပြုပြဌာန်းထားသည့် “ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ “ အခန်း ( ၆ ) ပုဒ်မ ၁၃ အရ အကျိုးဆောင်( သို့မဟုတ် ) အေဂျင်စီသည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထား၍ အကျိုးဆောင်လိုင်စင် ရရှိထားသူဖြစ်ရပါမည်။

⚖️⚖️⚖️အဆိုပါဥပဒေ ပုဒ်မ ၁၅ အရ
အကျိုးဆောင်လိုင်စင်ရရှိသူက အောက်ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်းတွေ့ရှိလျှင် ဦးစီးဌာနသည် ကြီးကြပ်ရေူအဖွဲ့၏ အတည်ပြုချက်ဖြင့် အကျိုးဆောင်လိုင်စင်ပယ်ဖျက်ခြင်း( သို့မဟုတ် ) အကျိုးဆောင်လိုင်စင်ကို ကာလအကန်ါအသတ်ဖြင့် ရုပ်သိမ်းခြင်းပြုနိုင်သည်-
(က) အကျိုးဆောင်လိုင်စင်စည်းကမ်းချက် တစ်ရပ်ရပ်ကိုဖောက်ဖျက်ခြင်း၊
(ခ) အကျိုးဆောင်က အလုပ်အကိုင်ရှာဖွေသုအတွက်ဖြစ်စေ၊ အလုပ်သမားအတွက်ဖြစ်စေ ဆောင်ရွက်ပေးရန် တာဝန်ယူထားသည့်အတိုင်း မဆောင်ရွက်ခြင်း၊
(ဂ) ဦးစီးဌာန၏ခွင့်ပြုချက်မရှိဘဲ အကျိုးဆောင်လိုင်စင်ကို လွှဲပြောင်းလုပ်ကိုင်စေခြင်း၊
(ဃ) သတ်မှတ်ထားသည့် ဝန်ဆောင်ခထက်ပိုမိုတောင်းခံခြင်း၊
(င) ပြည်ပအလုပ်အကိုင်ဆိုင်ရာစာရင်းများနှင့် အချက်အလက်များကို သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ ပေးပို့ရန် ပျက်ကွက်ခြင်းတို့ဖြစ်သည်။

⚖️⚖️⚖️⚖️ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ ⚖️⚖️⚖️⚖️ပုဒ်မ ၂၆ မှာတော့ မည်သူမဆို အကျိုးဆောင်လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ကြောင်း ပြစ်မှု့ ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ထောင်ဒဏ် ( ၇ )နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဌာန်းထားပါတယ်။

⚖️ပုဒ်မ ၂၇ မှာတော့ ကြီးကြပ်ရေးအဖွဲ့က သတ်မှတ်ထားသည့် ဝန်ဆောင်ခထက် ပိုမိုတောင်းခံရယူကြောင်း ပြစ်မှု့ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ( ၃ )နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း အသီးသီးပြဌာန်းထားပါတယ် ။ ⚖️

⚖️လုပ်ခလစာခေါင်းပုံဖြတ်ခြင်း
⚖️လူကုန်ကူးမှု့
⚖️လူမှောင်ခိုမှု့ တို့ကို ထပ်မံဖော်ပြပေးပါဦးမည်

#လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ
#ဥပဒေအကြံပေး
#ဥပဒေဆိုင်ရာဝန်ဆောင်မှု့

  Law Firm သုိ့ လူကြီးမင်းတို့ရဲ့အခက်အခဲ လုပ်ငန်း​ဆောင်တာများကို ယံုကြည်စွာ အပ်နှံနိုင်ပြီ ဖြစ်ပါသည်။ 😃⚖🔍⚖ 📝 မြေဂရန် အမည...
03/10/2024

Law Firm သုိ့ လူကြီးမင်းတို့ရဲ့
အခက်အခဲ လုပ်ငန်း​ဆောင်တာများကို ယံုကြည်စွာ အပ်နှံနိုင်ပြီ ဖြစ်ပါသည်။ 😃⚖🔍

⚖ 📝 မြေဂရန် အမည်​​ပြောင်းခြင်း၊
⚖ 📝 ​မြေဂရန်​ခွဲ​ လျှောက်​ထားခြင်း၊
⚖️ 📝 ဂရန်မိတ္တူ လျှောက်ထားခြင်း၊
⚖📝ပါမစ်မြေကို မြေ​ဂရန်​အမည်​​ပေါက်​ လျှောက်​ထားခြင်း၊
⚖ ​ 📝မြေပုံ၊ ​မြေရာဇဝင်​​လျှောက်​ထားခြင်း၊
⚖ 📝 ကာလတန်​ဖိုးစိစစ်​၍ အခွန်​​ပေး​ဆောင်​ခြင်း၊
⚖ 📝 ​မြေတိုင်းလျှောက်ထားခြင်း၊
⚖ 📝 အ​ထွေ​ထွေကိုယ်​စားလှယ်​လွှဲစာ၊ အထူးကိုယ်​စားလှယ်​လွှဲစာ၊ တရားရုံးကိုယ်​စားလှယ်​လွှဲစာများ ​ဆောင်​ရွက်​ခြင်း၊
⚖ 📝လုပ်​ငန်းအမှတ်တံဆိပ်မှတ်ပုံတင်ခြင်း၊
⚖📝ကုန်​အမှတ်​တံဆိပ်​မှတ်​ပုံတင်​ခြင်း၊
⚖📝သတင်းစာကြော်ငြာအမျိုးမျိုးကြော်ငြာခြင်း၊
⚖ 📝ထိမ်းမြားလက်ထပ်မှုဆောင်ရွက်ပေးခြင်း၊
⚖ 📝စာချုပ်​အမျိုးမျိုးပြုလုပ်​ချုပ်​ဆို​ပေးခြင်း၊
⚖ှ 📝မှတ်​ပုံတင်​စာချုပ်​စာတမ်းများဖြစ်သော အ​မွေဆက်​ခံပိုင်​ဆိုင်​​ကြောင်းကြေညာစာချုပ်၊ ​မေတ္တာဖြင့်ပေးကမ်းစာချုပ်၊ ​မွေးစားစာချုပ်​၊ စွန့်လွှတ်စာချုပ် စသည့်စာချုပ် အမျိုးမျိုးချုပ်​ဆို​ပေးခြင်း၊
⚖️📝ကျမ်းကျိန်လွှာ အမျိုးမျိုးဆောင်ရွက်ခြင်း၊
⚖️ 📝 နိုတြီဘာသာပြန်၍ နိုင်ငံခြားရေးဝန်ကြီးရုံးအသိအမှတ်ပြုဆောင်ရွက်ခြင်း၊
⚖📝ဥပ​ဒေနှင့်ပတ်သက်သည့်ကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
⚖📝ကုမ္ပဏီရှေ့နေအဖြစ် တာဝန်ယူ၍ လိုအပ်သည့် ဥပဒေဆိုင်ရာကိစ္စများအား တာဝန်ယူဆွေးနွေးပေးခြင်း

📪📚📖 စသည့် ဥပ​ဒေဆိုင်​ရာ ဝန်​​ဆောင်​မှု အမျိုးမျိုးကို ​​ကျွန်တော်တို့ legal Resources law Firm မှ
တိုင်ပင်ဆွေးနွေးပေးနေပါသည်။🙂🙂
(Legal service and litigation Law Firm)
#တရားမမှု
#ရာဇဝတ်မှု
#ဥပဒေ

ပဋိညာဉ်အရပျက်ပြယ်သောသဘောတူချက်(၁၀)မျိုးမှာ🔰 သဘောတူသူများအနက်တစ်ဦးဦးသည် ပဋိညာဉ်ပြုခွင့်ရှိသူ မဟုတ်ခြင်း၊(၁၈နှစ် မပြည့်သူ၊...
25/09/2024

ပဋိညာဉ်အရပျက်ပြယ်သောသဘောတူချက်(၁၀)မျိုးမှာ

🔰 သဘောတူသူများအနက်တစ်ဦးဦးသည် ပဋိညာဉ်ပြုခွင့်ရှိသူ မဟုတ်ခြင်း၊
(၁၈နှစ် မပြည့်သူ၊ ရူးသွပ်သူ၊ ပဋိညာဉ်ပြုခွင့်ပိတ်ပင်ခံရသူ)
(ပုဒ်မ-၁၁)

🔰 သဘောတူကြသူနှစ်ဖက်လုံးမှ သဘောတူချက်ပြုလုပ်သည့်အချက်များအနက်
ကြီးကျယ်သောအချက်တွင် မှား ယွင်းခြင်း (ပုဒ်မ-၂၀)

🔰 ကတိနှင့်ညီညွတ်ချက်(Consideration)နှင့် ရည်ရွယ်ချက်တစ်စုံတစ်ရာသည်
ဥပဒေနှင့်ဆန့်ကျင်ခြင်း(ပုဒ်မ-၂၃)

🔰 သဘောတူချက်တွင် ကတိနှင့်ညီညွတ်ချက် တစ်စုံတစ်ရာမပါခြင်း(ပုဒ်မ-၂၅)

🔰 သဘောတူညီချက်တွင် အိမ်ထောင်ပြုခြင်းကို
တားမြစ်ထားသည့်အချက်ပါခြင်း(ပုဒ်မ-၂၆)

🔰 သဘောတူချက်သည် ကုန်သွယ်ခြင်းကိုလည်းကောင်း၊
မိမိအသမွေးဝမ်းကျောင်းအလုပ်လုပ်ကိုင်ခြင်းကို တားမြစ် ခြင်း(ပုဒ်မ-၂၇)

🔰 သဘောတူချက်သည် တရားစွဲဆိုမှုကိုတားမြစ်ခြင်း(ပုဒ်မ-၂၈)

🔰 သဘောတူချက်သည် အဓိပ္ပာယ်မရှင်းလင်း၍ နားမလည်အောင်
သေချာမရေရာဖြစ်ခြင်း(ပုဒ်မ-၂၉)

🔰 သဘောတူချက်သည် လောင်းကစားမှုသက်ရောက်ခြင်း(ပုဒ်မ-၃၀)

🔰 သဘောတူချက်သည် မဖြစ်နိုင်သည့်အရာကို ပြုလုပ်ရန်ဖြစ်ခြင်း(ပုဒ်မ-၃၆)

ဒီ ဗဟုသုတွေနဲ့ပတ်သက်ပြီး အမြဲသိရှိစေဖို့
ဒီ Page လေးကို Like & See First လုပ်ထားဖို့မမေ့ပါနဲ့နော်..








Ph: 09778849700 ,09970711242

စရန်ငွေလက်ခံပြီးနောက် ရောင်းသူက မရောင်းတော့ဟု ဆိုလာလျင် ဝယ်သူ ဘက်မှ ဆောင်ရွက်နိုင်သည့်အချက်များ+++++++++++++++++++++++++...
19/09/2024

စရန်ငွေလက်ခံပြီးနောက် ရောင်းသူက မရောင်းတော့ဟု ဆိုလာလျင် ဝယ်သူ ဘက်မှ ဆောင်ရွက်နိုင်သည့်အချက်များ
++++++++++++++++++++++++++++++++++++++++++

မိတ်ဆွေတစ်ဦးက မြေနှင့် အိမ်ဝယ်ရာတွင် စရန်ငွေပေးခဲ့ပြီး မှ ရောင်းသူက မရောင်းတော့ဟု ဆိုပြီး ရှောင်နေသဖြင့် ရောင်းသူ ကို ရာဇဝတ်ကြောင်းအရ တရားစွဲ ဆိုနိုင်ပါသလားဟု မေးမြန်းလာ သောကြောင့် ဤဆောင်းပါးကို ဗဟုသုတအဖြစ်ရေးသားလိုက်ပါသည်။

အိမ်ခြံမြေစသည်ဖြင့် ပစ္စည်းတစ်ခုခုကိုဝယ်လျှင် အာမခံသဘောအဖြစ် စရန်ငွေပေးတတ်ကြသည်။ ငွေအကြေပေးမည့်ရက် တွင်ရောင်းသူက ဤစျေးဖြင့်မရောင်းနိုင်တော့ဟူသည့် အကြောင်းပြချက်ဖြင့် ဖြစ်စေ၊ လုံးဝမရောင်းလိုတော့သဖြင့် တိမ်းရှောင်နေ ခြင်းဖြင့်ဖြစ်စေ၊ အရောင်း အဝယ်ကို ပယ်ဖျက်သည့် သဘောပြုမူတတ်ကြသည်။ ဤတွင် ပစ္စည်းဝယ်သူ က ရောင်း သူ အပေါ် လိမ်လည်ပြီးငွေရယူပါ သည်ဟု ပြစ်မှု (ရာဇဝတ်) ကြောင်း အရ တရားစွဲဆိုလိုသည့် ဆန္ဒများ ဖြစ်ပေါ်လာလေ့ရှိပေသည်။

ဤသည်နှင့်ပတ်သက်၍ ဦးဘိုးကျင်ပါ ၂ ဦးနှင့် ပြည်ထောင် စု မြန်မာနိုင်ငံတော် ၁၉၈၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာ မျက်နှာ ၁၃၂ အမှုမှာ ကျုံပျော် မြို့နေ ဦးအုန်းမောင်က ဦးဘိုးကျင်နှင့် ဒေါ်ခင်ထွေးတို့သည် မင်္ဂလာလမ်းရှိ အိမ်နှင့်မြေကို တန်ဖိုးငွေကျပ် တစ်သောင်းလေး ထောင် ငါးရာကျပ်ဖြင့် ရောင်းချရန် သဘောတူပြီး အရောင်းအဝယ်စရန်ပေး ကတိစာချုပ်ဆိုခဲ့ကြ သည်။ စရန်ငွေ ကျပ် ငါးထောင်ကို သက်သေလူကြီးများ ရှေ့မှောက် တွင် ပေးချေပြီး ကျန်ငွေကိုးထောင့် ငါးရာကျပ်ကို ၁၉၈၂ ခုနှစ်၊ မတ် လကုန် တွင်ပေးချေကာ အရောင်း အဝယ် စာချုပ် ချုပ်ဆိုရန် သဘောတူညီခဲ့ကြသည်။
သတ်မှတ်ရက်တွင် ရောင်းဖိုးကျန်ငွေကို ပေးချေရာ ဦးဘိုးကျင်တို့က လက်မခံဘဲ တိမ်းရှောင် နေသဖြင့် မိမိထံမှ စရန်ငွေကျပ် ငါးထောင် ကို ဦးဘိုးကျင်တို့က စာချုပ်ချုပ်ဆို လိမ်လည်ရယူပါ သည်ဟု ဦးအုန်းမောင်က ကျုံ ပျော်မြို့နယ်ရဲ စခန်းသို့ တိုင်ကြား ခဲ့သည်။ ရဲစခန်းမှ စုံစမ်းထောက် လှမ်းပြီး ဦးဘိုးကျင်နှင့် ဒေါ်ခင် ထွေးတို့အပေါ် ပြစ်မှုဆိုင်ရာ ဥပ ဒေ ပုဒ်မ ၄၂ဝ (လိမ်လည်မှု) အရ၊ ကျုံပျော်မြို့နယ် တရားရုံးသို့ စွဲဆို တင်ပို့ခဲ့ပါသည်။
မြို့နယ်တရားရုံးက ဦးဘိုးကျင်နှင့် ဒေါ်ခင်ထွေးတို့အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ ဖြင့် စွဲချက်တင် ဖြေရှင်းစေခဲ့သ ဖြင့် ဦးဘိုးကျင် တို့က တိုင်းတရား ရုံးတော်သို့ ပြင်ဆင်မှု တင်သွင်းရာ မအောင်မြင်သောကြောင့် တရားရုံးချုပ်သို့ ပြင်ဆင်မှုတင် သွင်းလာခြင်းဖြစ်သည်။

တရားရုံးချုပ်က သုံးသပ်ဆုံးဖြတ်သည်မှာ အချင်းဖြစ်သည့် ကျုံပျော်မြို့၊ မြဝတီရပ်၊ အောင်မင်္ဂလာလမ်းနေအိမ်သည် ဦးဘိုး ကျင်၊ ဒေါ် ခင်ထွေးတို့ ပိုင်ကြောင်း အငြင်းမပွားပေ။ “သက်သေခံစာချုပ်ချုပ်ဆိုစဉ်အခါက လျှောက်ထားသူ ဦးဘိုးကျင်တို့သည် အိမ် နှင့် မြေပိုင် ဆိုင်နေပေသည်။ အိမ် နှင့်မြေ မရှိဘဲနှင့် အိမ်မြေရှိသည့်ပမာ လိမ်လည်ရောင်းချ၍ လှည့် ဖြားကာ စရန်ငွေရယူခဲ့ခြင်း မဟုတ်ကြောင်း တွေ့ ရ သည်။ စရန်ငွေရရှိပြီး အကြောင်းတစ်ခုခုကြောင့် အိမ်နှင့် မြေကို ရောင်းချရန် ငြင်းဆိုခဲ့ခြင်းမှာ ချုပ်ဆိုထားသော ကတိကဝတ်ကို ဖောက် ဖျက်ရာ ရောက်နိုင်သော် လည်း လိမ်လည်လှည့်ဖြား၍ စရန်ငွေရယူကြောင်း မပေါ်ပေါက် သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ အရ၊ အရေးယူနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကျုံပျော် မြို့နယ် တရားရုံး၏ စွဲချက်အမိန့် နှင့် ယင်းအမိန့်ကို အတည်ပြုခဲ့ သည့်တိုင် တရားရုံး၏ အမိန်တို့ ကို ပယ်ဖျက်ပြီး ဦးဘိုးကျင်နှင့် ဒေါ်ခင်ထွေးတို့ အပေါ်စွဲချက်မတင်ပြန်လွှတ်ထားရန် အမိန့်ချ မှတ်ခဲ့ပေသည်။

သို့ဖြစ်၍ အမှန်တကယ်ပစ္စည်းရှိပြီး အရောင်းအဝယ် စရန် ငွေရယူထားသည့် ကိစ္စရပ်များတွင် ရာဇဝတ်ကြောင်း (ပြစ်မှုကြောင်း) ဖြင့် တရားစွဲဆို ပိုင်ခွင့် မရှိဘဲ စရန်ပေး ကတိစာချုပ်ပါ အချက်အလက်များပေါ် မူတည်၍ ကတိ အတိုင်း ဆောင်ရွက်ပေး စေလိုမှုဖြင့် တရား မကြောင်းအရသာ တရားစွဲဆို ပိုင်ခွင့်ရှိမည်ဖြစ် ပါသည်။

သို့သော် တစ်ခါတစ်ရံ၌ အိမ်ခြံမြေတိုက်ခန်းရောင်းသူတို့သည် စရန်ငွေ ရယူထားပြီး အခြားသူတစ်ဦးကို ထပ်မံရောင်းချလျှင် မူ ရောင်းသူအပေါ် ပြစ်မှုကြောင်း အရ တရားစွဲဆိုခွင့်ရှိပေသည်။

ဤသည်နှင့် ပတ်သက်၍ ဦးကျော်ရွှေနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ပါ ၂ ဦး ၁၉၉၅ ခု နှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁ အမှုမှာ ဦးမောင်ချို က ကန်ထရိုက်တာ ဦးကျော်ရွှေထံ မှ ဦးကျော်ရွှေရောင်းပိုင်ခွင့်ရှိ သည်ဆိုသော ဆောက်လုပ်ဆဲ အ ဆောက်အအုံ၏ ဆဋ္ဌမလွှာကို စရန်ငွေပေးချေ၍ ဝယ်ယူထား သည်။ အဆောက်အအုံပြီးစီးသည့် အခါ တိုက်ခန်းကို လွှဲပြောင်း မပေးဘဲ ဦးတင်ချိုဆိုသူအား ရောင်းချ ထားကြောင်း သိရသဖြင့် ဦးကျော် ရွှေအပေါ် အရေးယူပေးရန် ရဲစ ခန်းသို့ တိုင်ကြားခဲ့သော အမှု ဖြစ် သည်။
ရဲစခန်းမှ စုံစမ်းစစ်ဆေး၍ ဦးကျော်ရွှေအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄ဝ၆ (ယုံကြည်အပ် နှံခြင်းကို ဖောက်ဖျက်မှု) ဖြင့် တရားရုံးသို့ စွဲဆိုတင်ပို့ခဲ့သည်။ ဤ သည်ကို ဦးကျော်ရွှေက မကျေနပ် ၍ တရားရုံးချုပ်သို့ အမှုအား ချေ ဖျက်ပေးပါရန် လျှောက်ထားခဲ့ သည်။

တရားရုံးချုပ်က ဦးမောင်ချိုထံမှ ငွေများကို ဦးကျော်ရွှေရ ယူထားသည်မှာ အငြင်းမထွက် ပေ။ ကန်ထရိုက်တိုက် အဆောက် အအုံ များ ဆောက်လုပ် ရာတွင် ကုန်ကျမည့် ငွေကြေးများရရှိရန် ကြိုတင်၍ ရောင်းချသည့် အလေ့အထရှိသည်။ အခန်းမဖြစ်သေး သော် လည်း ငွေကိုယူထားကာ အ ခြားသူသို့ ရောင်းချခြင်းသည် ပြစ်မှုမမြောက်ဟု ဆုံးဖြတ်ရန် မသင့်ပေဟု သုံးသပ်ပြီး ဦးကျော်ရွှေ ၏ လျှောက်ထားချက်ကို ပလပ်ခဲ့ပါသည်။

ထို့ကြောင့် အိမ်ခြံမြေ တိုက်ခန်းအားဝယ်ရာတွင် စရန်ငွေပေးချေပြီး ပစ္စည်းကို ရောင်းသူက အခြားသူအား ထပ်မံရောင်းချပါက၊ ပြစ်မှုဆိုင်ရာ ဥပဒေနှင့် အညီ ရာဇာဝတ်ကြောင်းအရ တရားစွဲဆိုနိုင်သည့်အပြင် စရန်ငွေပေး ကတိစာချုပ်ပါ အတိုင်း လျော်ကြေး ရရှိရန် တရားမကြောင်းဖြင့် လည်း တရားစွဲဆို နိုင်ကြောင်း ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။

ဆရာထီယု၏ပိုစ့်အားကူးယူတင်ပြခြင်းဖြစ်ပါသည်။



အကြောင်းကြားစာ (Notice)===============နို့တစ်ကို ကြားသိသည်၊ နို့တစ်စာ၊ ကြိုတင်အကြောင်းကြားချက် တိုင်ကြားစာဟု ဥပဒေအဘိဓာန်...
17/09/2024

အကြောင်းကြားစာ (Notice)
===============

နို့တစ်ကို ကြားသိသည်၊ နို့တစ်စာ၊ ကြိုတင်အကြောင်းကြားချက် တိုင်ကြားစာဟု ဥပဒေအဘိဓာန်တွင် ဖွင့်ဆို ထား သည်။ နို့တစ်ဆိုသည်မှာ အစိုးရ (သို့) ပြည်သူ့အရာထမ်း (သို့) လူပုဂ္ဂိုလ်တို့ကို မိမိအသိပေးလိုသည့် ကိစ္စအား စာဖြင့် အကြောင်းကြားခြင်းကို ခေါ်သည်။

နို့တစ်စာရည်ရွယ်ချက်
===========
တရားမစွဲမီ စွပ်စွဲခြင်းခံရသူအား မိမိချေပရန်ရှိသည့် အချက်များနှင့် ပက်သက်၍ အဆင်သင့်ရှိစေရန်ဖြစ်သည်။ တစ်နည်း နု့ိတစ်စာပေးခံရသူ၏ ပျက်ကွက်မှုနှင့် နို့တစ်ပေးသူဆန္ဒကို သိစေရန်ဖြစ်ပြီး ရုံးပြင်ပတွင် ကျေအေးပြီးပြတ်နိုင်စေရန် အခွင့်အရေးပေးခြင်းဖြစ်သည်။

နို့တစ် ( ၃) မျိုး
========
၁။ အမှန်သိစေသည့် နို့တစ် (Actual Notice)

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား အသိပေးလိုသည့် အကြောင်းအရာကို အမှန်တကယ် သိစေသည့်နို့တစ်ဖြစ်သည်။

၂။ မှတ်ယူနိုင်သည့် နို့တစ် (Constructive Notice)

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ၎င်းထံအသိပေးအကြောင်းကြားခြင်းကို ထိုက်သင့်သလို လုံ့လပြုက သိနိုင်ပါလျက် မပြုဘဲနေလျှင် အမှတ်တကယ် မသိသည့်တိုင် သိရှိသည့်သဘော သက်ရောက်စေသည်။ ၎င်းကို တိုက်ရိုက်အသိပေးခြင်း မဟုတ်သော်လည် သိရှိပြီးဖြစ်သည်ဟုမှတ်ယူနိုင်သည့် နို့တစ်ဖြစ်သည်။

၃။ ကိုယ်စားလှယ်ထံပေးသည့် နို့တစ် (Notice to Agent)

ကိုယ်စားလှယ်ထံသို့ နို့တစ်ပေးရာတွင် အကြီးအကဲကသိရှိပြီးဖြစ်သကဲ့သို့ အကျိုးသက်ရောက်မှုရှိသော နို့တစ်ဖြစ်သည်။

( ဦးမြင့်လွင်- တရားလွှတ်တော်ရှေ့နေ ၊ တရားမ နို့တစ် ၁၀၀၊ စာ၂၃,၂၄ )

⚖️လူကြီးမင်းတို့၏ဥပဒေဆိုင်ရာကိစ္စရပ်များ၊ စီးပွါးရေးဆိုင်ရာကိစ္စရပ်များတွင် ဥပဒေနှင့်အညီ နို့တစ် (Notice ) ပေးပို့နိုင်ရန်အတွက် ကျွန်တော်တို့ Legal Resources LTD မှ အတွေ့အကြံုရင့် တရားလွှတ်တော်ရှေ့နေကြီးများမှ ဆောင်ရွက်ပေးလျှက်ရှိပါသည်။
📞📞09778849700

📞📞 09970711242

📩[email protected]
Resources LTD

အသိပေးကြေညာချက် ၇/၂၀၂၄ ထုတ်ပြန်ခြင်း။
31/05/2024

အသိပေးကြေညာချက် ၇/၂၀၂၄ ထုတ်ပြန်ခြင်း။

21. 5. 2024 ရက်နေ့ထုတ်ကြေးမုံသတင်းစာ
21/05/2024

21. 5. 2024 ရက်နေ့ထုတ်
ကြေးမုံသတင်းစာ

“အသိပေးကြေညာချက်"***********************ရက်စွဲ။ ၂၀၂၄ ခုနှစ်၊ မေလ  ၁  ရက်ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ “အမှတ်တံဆိပ်မှ...
01/05/2024

“အသိပေးကြေညာချက်"
***********************
ရက်စွဲ။ ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ “အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအား ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာခြင်း” ပါဝင်သော အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ထုတ်ပြန်ကြေညာခြင်းအား (JOURNAL TM/2024/01 ၊ Publication Date - 01/05/2024) အား မူပိုင်ခွင့်ဦးစီးဌာန၏ Website (https://www.ipd.gov.mm/translate/publication-for-opposition-of-trademark) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

Address

No. 1246, Yuwadi 4 Street, Shwe Pyi ThaTownship
Yangon
06370

Alerts

Be the first to know and let us send you an email when Legal Resources LTD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Legal Resources LTD:

Share

Category