23/05/2026
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုတာဘာလဲ?
အမှတ်တံဆိပ်ဆိုတာ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုလုပ်ငန်းတစ်ခုနှင့် အခြားသောကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုလုပ်ငန်းများနှင့် ခွဲခြားသိစေနိုင်သော အမှတ်အသားကို ဆိုလိုပါတယ်။ စာနှင့်သော်လည်း ကောင်း၊ ပုံဖြင့်သော်လည်းကောင်း၊ ဖေါ်ပြနိုင်ပါတယ်။ ကိုယ်ပိုင်အမည်နာမများ၊ အက္ခရာများ၊ ကိန်းဂ ဏန်းများ၊ ပုံဖေါ်ထားသော အစိတ်အပိုင်းများ၊ အရောင်အသွေးပေါင်းစပ်မှုတို့ အပါအဝင် မျက်စိဖြင့် မြင်တွေ့နိုင်သော အမှတ်အသားတစ်ခုခုကိုသော်လည်းကောင်း၊ ယင်းအမှတ်အသား တစ်ခုနှင့်တစ်ခု ပေါင်းစပ်ထားသည့် အမှတ်အသားတစ်ခုခုကိုသော်လည်းကောင်း၊ ဆိုပါသည်။
မှတ်ပုံတင်နိုင်တဲ့ အမှတ်တံဆိပ် (၄) မျိုးကတော့ ….
(၁) ကုန်ပစ္စည်းများအတွက် ကုန်အမှတ်တံဆိပ် (Trademark)
(၂) ဝန်ဆောင်မှုများအတွက် ဝန်ဆောင်မှုအမှတ်တံဆိပ် (Service Mark)
(၃) စုပေါင်းဖွဲ့စည်းထားသော အဖွဲ့အစည်းများအတွက် စုပေါင်းပိုင်အမှတ်တံဆိပ် (Collective Mark)
(၄) အသိအမှတ်ပြုထားခြင်းခံရသော အသိအမှတ်ပြုအမှတ်တံဆိပ် (Certification Mark) တို့ဖြစ်ပါ တယ်။
အမှတ်တံဆိပ်ကိူ ဘယ်လိုဖန်တီးနိုင်သလဲဆိုရင် ……
• စကားလုံးဖြင့်ဖော်ပြသော အမှတ်တံဆိပ် (Word Mark)
• ကိန်းဂဏန်း(သို့) အမှတ်အသားဖြင့်ဖြင့် ဖေါ်ပြသောအမှတ်တံဆိပ် (Figurative Mark or Logo Mark)
• စကားလုံးနှင့် ကိန်းဂဏန်း(သို့) အမှတ်အသားတို့ ပေါင်းစပ်ဖေါ်ပြထားသော အမှတ်တံဆိပ်(Combination of Word and Figurative Mark)
အဲ့ဒီတစ်မျိုးမျိုးဖြစ်အောင် ဖန်တီးဖို့လိုအပ်ပါတယ်။ ဆက်လက်ဖေါ်ပြပါအုံးမယ်။......