YourLawyer

YourLawyer Legal service

10/01/2022

ကာကွယ်ခုခံပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ(၂)
=================================

လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်

အောက်ဖော်ပြပါပြစ်မှုများအနက် ပြစ်မှုတစ်ခုခုကိုကျူးလွန်လျှင် ထိုအန္တရာယ်ပြုသူကို သေစေရန် (သို့) အခြားဘေးအန္တရာယ် ဖြစ်စေသည် အထိ ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

- မကာကွယ် မခုခံလျှင် သေဘေးသို့ရောက်စေနိုင် သည့် စိုးရိမ်ဖွယ်ရာ အကြောင်းရှိသည့် လက်ရောက်မှု။

- မကာကွယ် မခုခံလျှင် အပြင်းအထန် နာကျင်စေနိုင်သည့် စိုးရိမ်ဖွယ်ရာ အကြောင်းရှိသည့် လက်ရောက်မှု။

- မုဒိမ်းကျင့်ရန် အကြံနှင့် ကျူးလွန်သည့် လက်ရောက်မှု။

- ကာမရာဂစိတ်ကို ဓမ္မတာအတိုင်း မဟုတ်ဘဲ
ရောင့်ရဲအောင် ပြုလုပ်ရန်အကြံနှင့် ကျူးလွန်သည့် လက်ရောက်မှု။

- လူကိုခိုးယူရန်၊ သွေးဆောင် ခေါ်ငင်ရန် အကြံနှင့် ကျူးလွန်သည့် လက်ရောက်မှု။

- အာဏာပိုင်တို့ထံ တိုင်တန်းခွင့်မရနိုင်ဟု
အကြောင်းကိုဖြစ်စေပြီး တစ်ဦးတစ်ယောက်အား
မတရားချုပ်နှောင်ထားရန် အကြံနှင့် ကျူးလွန်သည့် လက်ရောက်မှု။

အထက်ဖော်ပြပါ ပြစ်မှုများအနက်မှ ပြစ်မှုတစ်ခုခု ကို အန္တရာယ်ပြုသူက ကျူးလွန်ခဲ့ခြင်းမဟုတ်လျှင်
ထိုအန္တရာယ်ပြုသူကို သေစေခြင်းမှအပ အခြားဘေးအန္တရာယ်ဖြစ်စေသည်အထိ ကာကွယ်ခုခံပိုင်
ခွင့်ရှိသည်။

ပြစ်မှုကျူးလွန်ခြင်းမရှိသေးသော်လည်း ပြစ်မှုကျူးလွန်ရန် အားထုတ်မှု၊ ခြိမ်းခြောက်မှု တို့မှ
လူ့ကိုယ်ကို ဘေးအန္တရာယ်ဖြစ်စေမှုအတွက် အကြောင်းပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် လူ့ကိုယ်ကိုကာကွယ်ခုခံပိုင်ခွင့်စတင်ရရှိသည်။

စိုးရိမ်ဖွယ်ရာအကြောင်း ဆက်လက်တည်ရှိနေသမျှ
ကာလပတ်လုံး လူ့ကိုယ်ကိုကာကွယ်ခုခံပိုင်ခွင့်သည် ဆက်လက်တည်ရှိနေသည်။

လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်နှင့်စပ်လျဉ်း၍
ရာဇသတ်ကြီးပုဒ်မ ၁၀၀ မှ ၁၀၂ ထိ ပြဌာန်းထား
ပါသည်။


10.1.2022

ကာကွယ်ခုခံပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ(၁)
=================================
https://www.facebook.com/107109405144144/posts/108157058372712/?d=n

02/12/2021

ကာကွယ်ခုခံပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ (၁)
=================================

- ကာကွယ်ခုခံပိုင်ခွင့်အရ
ကာကွယ်ခုခံသောပြုလုပ်မှုများမှာ ပြစ်မှုမမြောက်ပေ။

- ကာကွယ်ခုခံရာတွင်
(၁) လူကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်
(၂) ပစ္စည်းများကို ကာကွယ်ခုခံပိုင်ခွင့် ဟူ၍(၂)မျိုး
ရှိသည်။

လူကိုယ်ကိုကာကွယ်ခုခံရာတွင်
မိမိ၏ကိုယ်ခန္ဓာသာမက တစ်ပါးသူ၏ကိုယ်ခန္ဓာ
ကိုပါကာကွယ်ခွင့်ရှိသည်။

ထို့အပြင် ပစ္စည်းများကို ကာကွယ်ခုခံရာတွင်လဲ
မိမိပိုင်ဆိုင်သောပစ္စည်းများသာမက သူတစ်ပါးပိုင်ဆိုင်
ပစ္စည်းများကိုပါ ကာကွယ်ခွင့် ခုခံခွင့်ရှိသည်။

- အသက်ငယ်ရွယ်သူ၊ စိတ်ပေါ့သွပ်သူ၊ မူးယစ်သူတို့၏ပြုလုပ်မှုမှာ ပြစ်မှုမမြောက်သော်လည်း မည်သူမဆို ထိုသူတို့၏ပြုလုပ်မှုကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

- (၁) သေဘေး (သို့) အပြင်းအထန်နာကျင်စေရန်
စိုးရိမ်ဖွယ်အကြောင်းမရှိသည့် ပြုလုပ်မှုကို
ပြည်သူ့ဝန်ထမ်း သို့မဟုတ် ၎င်း၏ ညွှန်ကြားချက်အရ တစ်ဦးတစ်ယောက်က ပြုလုပ်သည့်ကိစ္စရပ်

(၂) ပြည်သူ့ဝန်ထမ်း အာဏာပိုင်တို့ထံ တိုင်တန်းခွင့်အချိန်ရှိ
သည့်ကိစ္စရပ်

၎င်းကိစ္စရပ်များတွင် ကာကွယ်ခုခံပိုင်ခွင့်မရှိပေ။

- ကာကွယ်ခုခံသောသဘောဖြင့်
ဘေးအန္တရာယ်ပြုရာတွင် လိုအပ်သည်ထက်ပို၍ပြုခွင့်
မရှိပါ။

ကာကွယ်ခုခံပိုင်ခွင့်နှင့်စပ်လျဉ်း၍
ရာဇသတ်ကြီး ပုဒ်မ၉၆ မှ ပုဒ်မ၁၀၆ထိ ပြဌာန်းထားပါသည်။


2.12.2021

ကာကွယ်ခုခံပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ (၂)
=================================
https://www.facebook.com/107109405144144/posts/124130133442071/?d=n

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 12:00

Website

Alerts

Be the first to know and let us send you an email when YourLawyer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to YourLawyer:

Share

Category