Swmc Japanese Language School

Swmc Japanese Language School please call between office time(but everyday) 07:00am to 06:00pm

01/07/2020

Free weblog publishing tool from Google, for sharing text, photos and video.

01/07/2020

🇲🇲SwMC 🕺Scholarship🕺+ Soe Sensei🇯🇵

👨‍⚕️👨‍🔬Covid-19 ကာကွယ်ကာ ဂျပန်စာလေ့လာရင်း သင့်မနက်ဖြန်တိုင်းမှာ အောင်မြင်မှု့အတွက် ကြိုးစားကြဖို့ (intensive care course)အထူးကြပ်မတ်သင်ကြားမှု့ တွေကို Soe Sensei မှလူဦးရေ အကန့်အသတ်နှင့် Japan စာအခြေခံ N5 & N4 classes တွေပြန်လည်ဖွင့်လှစ် ပေးနေပါပြီ။ 👨‍🔬👨‍⚕️
🔊၅ ဦးထက်မပိုသော တန်းခွဲတွေဖြစ်သည့်အတွက် အစိုးရကချမှတ်ထားတယ့် စည်းကမ်းနှင့် အညီ လူစုလူဝေး အဖြစ်မခံပါ။ 🔊
🤝ရေလှိုင်းတံခွန်မှလဲ Scholarship အစီအစဉ်ကို စတင်ပေးထားပါပြီ။
ကြိုးစားသူတိုင်း အကန့်အသတ်မရှိ ရနိုင်မယ့် scholarship အစီအစဉ်ကိုအောက်တွင်ဖော်ပြပေးထားပါတယ်။ 👌🏼

🇲🇲SwMC 🕺Scholarship🕺+ Soe Sensei🇯🇵

🇲🇲🇯🇵Training Visa/ Tokutei Visa နဲ့ ဂျပန်နိုင်ငံတွင် အလုပ်လုပ်လို သူများအတွက် Soe Sensei မှ (ရေလှိုင်းတခွန် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ နှင့် ချိတ်ဆက်၍ အလုပ်အကိုင်များရှာဖွေ ပေးလျက်ရှိပါသည်။
🇯🇵ဂျပန်နိုင်ငံမှ သင်ပြနည်းများဖြင့် 🇯🇵grammar ,kanji, listing အပြင် ဂျပန်စကားပြော တိုးတတ်လာစေရန် လေ့ကျင့်သင်ကြား ပေးခြင်း၊စာမေးပွဲအတွက် practice များကိုလည်း အ ချိန်ပို ခေါ်ယူ သင်ပေးပါသည်။
🇲🇲Tokutei စာမေးပွဲအတွက် ဖောင်တင်ခြင်းများကိုလည်း အခမဲ့ ကူညီ ဆောင်ရွက်ပေး လျက် ရှိပါသည်။ 🇲🇲

🎊 ဇူလိုင် တန်းခွဲ

သစ်များကို စတင်ဖွှင့်လှစ်ပါပြီ။🎊
🎀N4တန်ခွဲသစ်/တန်းခွဲဟောင်း များကိုပါဖွင့်လှစ်ပေးနေပါသည်။🎀
🎀တန်းခွဲသစ် N5 သင်တန်းအချိန်ဇယား🎀

⏰Mon, Tue, Wed , Thu (10:00am to 12:00)⏱

☎️ph - 09-750-145-882 / 01-554128☎️

07/02/2020

မင်္ဂလာပါ။
ဂျပန်ဆရာခေါ်ယူခြင်း
Tokutei Ginou ဗီဇာ အတွက်စိုက်ပျိုးရေးနှင့် စားသောက်ဆိုင်စာမေးပွဲအတွက် သင်ကြားပေးနိုင်သူ များ လာရောက်လျှောက်ထားနိုင်သည်။

ဂျပန်နိုင်ငံတွင် နေထိုင်ခဲ့သူ လုပ်ငန်းအတွေ့အကြုံရှိပြီး စာသင်ကြားပြသပေးနိုင်သူများ လာရောက်လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန် No,5. 5thfl ,163Street, Tamwe Yangon
ph-09799346199, 09750145882
Surf-Wind Maritime Consortium Limited (SwMC)ရေလှိုင်းတံခွန် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ

08/12/2019

ဂျပန်နိုင်ငံသို့ ကျောင်းသားဗီဇာဖြင့် လာမယ်ဆိုရင်........

ဒီတစ်ခါ ကျောင်းသားဗီဇာ(student visa) အကြောင်းရေးပါ့မယ်

ဂျပန်နိုင်ငံက Japanese language school/universityတွေမှာ
ပညာသွားရောက် သင်ယူတဲ့ ဗီဇာကတော့ student visaပါ။

မြန်မာတွေ student visaနဲ့ အများဆုံ သွားတဲ့ လမ်းကြောင်းကို ပြောပြပါ့မယ်
၁ ။ မြန်မာနိုင်ငံက ဂျပန်စာသင်တန်းကျောင်းမှာတက်ပီး
၂ ။ ဂျပန်နိုင်ငံက ဂျပန်စာသင်တန်းကျောင်းမှာတက်
၃ ။ ဂျပန်နိုင်ငံက ဂျပန်စာသင်တန်းကျောင်း အောင်ရင် ဂျပန်တက္ကသိုလ် ဒါမှမဟုတ် ဂျပန်ကောလိပ်မှာဆက်တက်
၄ ။ ဂျပန်တက္ကသိုလ် ဒါမှမဟုတ် ဂျပန်ကောလိပ် အောင်မြင်ပီးရင် ဂျပန်နိုင်ငံက ကုမ္ပဏီမှာ အလုပ်ဝင်ပါတယ်။
ဒါကတော့ လက်ရှိ မြန်မာတွေ အများဆုံး သွားတဲ့ လမ်းကြောင်းပါ။

ကျွန်တော် တစ်ခုချင်းစီ ရှင်းပြပေးပါ့မယ် သေချာဖတ်ပါ

၁ ။ ။ မြန်မာနိုင်ငံက ဂျပန်စာ သင်တန်းကျောင်း
မြန်မာနိုင်ငံက ဂျပန်စာသင်တန်းကျောင်းက ဘာတွေလုပ်ပေးလဲဆိုတော့
1.ဂျပန်စာ သင်ပေးပါတယ်
2.ဂျပန်နိုင်ငံက ဂျပန်စာသင်တန်းကျောင်းမှာ တက်ရောက်နိုင်ဖို့ ကျောင်းလျှေက်ပေးပါတယ်
3.ဂျပန်နိုင်ငံကိုသွားဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ လုပ်ပေးပါတယ်
¥¥သင်တန်းတက်ရန် ကြာချိန်နဲ့ ကုန်ကျစားရိတ်¥¥
ဂျပန်စာကို လေ့လာရင် လေ့လာသလောက် ကြာပါမယ်။
ကုန်ကျစားရိတ်ကတော့ ကိုယ်တက်မယ့် သင်တန်းမှာ သွားမေးကြည့်ပါ။

၂ ။ ။ ဂျပန်နိုင်ငံက ဂျပန်စာသင်တန်းကျောင်း(နိဟွန်းငိုးဂတ်ခိုး)
ဂျပန်နိုင်ငံက ဂျပန်စာသင်တန်းကျောင်းက ဘာတွေလုပ်ပေးလဲဆိုတော့
1.ဂျပန်နိုင်ငံက လူဝင်မှုမှာ ဗီဇာလျှောက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထုတ်ပေးပါတယ်
2.ဂျပန်နိုင်ငံက လူဝင်မှုမှာ (shu gaku)ဗီဇာလျှောက်ပေးပါတယ်
3.ဂျပန်စာ သင်ပေးပါတယ်
4.ဂျပန်စာသင်တန်းကျောင်း အောင်လျှင် တက္ကသိုလ် ဒါမှမဟုတ် ကောလိပ် တက်ရောက်နိုင်ဖို့ ကျောင်းလျှောက်ပေးပါတယ်
¥¥သင်တန်းတက်ရန် ကြာချိန်နဲ့ ကုန်ကျစားရိတ်¥¥
ဂျပန်စာသင်တန်းကျောင်းက ၄လပိုင်း(APRIL)စတက်တဲ့ ကျောင်းဆိုရင် ၂နှစ်ကြာပါတယ်။
၁၀လပိုင်း(OCTOBER)စတက်ရတဲ့ ကျောင်းဆိုရင် ၁နှစ်ခွဲကြာပါတယ်။
ကျောင်းစာရိတ်ကတော့ ပျမ်းမျှခြင်း တနှစ်စာ သောင်း၇၀(မြန်မာငွေသိန်း၇၀)လောက်ပါ။
( နေစားရိတ် စားစရိတ်မပါ)

ဒီနေရာမှာ တစ်ခုပြောချင်တာကတော့ မြန်မာနိုင်ငံက ကျောင်းလျှောက်ပေး မယ်ဆိုပီး
အပီးအစီး ဘယ်လောက်ဆိုပီး တောင်းတတ်ကြပါတယ်။
ပျမ်းမျှခြင်းကတော့ ကျောင်းလခတစ်နှစ်စာပါဝင်ပြီး ဝန်ဆောင်ခ သိန်း၈၀ ၉၀လောက် ယူကြပါတယ်။
သိန်း၁၀၀ကျော် တောင်းနေရင်တော့ သင့်ကို လိမ်နေပီလို့ မှတ်လိုက်ပါ။
သိန်း၈၀/၉၀ကိုလည်း တစ်ခါတည်း ပေးစရာ မလိုပါဘူး။
တဝက်လောက် အရင်ချေပါ ဂျပန်ကျောင်းက ခေါ်စာ လက်ထဲရောက်မှ နောက်တစ်ဝက်ချေပါ။ဒါကnormalပါ။
လေယျာဉ်ပျံ လက်မှတ်ဖိုး ပါလား မပါလားသေချာမေးပါ.....

၃ ။ ။ ဂျပန်တက္ကသိုလ် ဒါမှမဟုတ် ဂျပန်ကောလိပ်
ဂျပန်တက္ကသိုလ် ဒါမှမဟုတ် ဂျပန်ကောလိပ်က ဘာတွေလုပ်ပေးလဲဆိုတော့
1.ဂျပန်နိုင်ငံက လူဝင်မှုမှာ ကျောင်းသားဗီဇာ(ryu gaku)ပြောင်း လျှောက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထုတ်ပေးပါတယ်
(ဂျပန်စာ ကျောင်းသားဗီဇာ(shu gaku)နဲ့ တက္ကသိုလ်/ကောလိပ် ကျောင်းသားဗီဇာ(ryu gaku) ကမတူပါဘူး)
2.နည်းပညာတွေ သင်ပေးပါတယ်
(ကွန်ပျုတာ။ကားပြင်နည်း။စီးပွါးရေးပညာ စသည်ဖြင့် ကိုယ်ရွေးချယ်တဲ့ လိုင်းနဲ့ လိုက်ပီးကွာပါတယ်)
3.တက္ကသိုလ် ဒါမှမဟုတ် ကောလိပ် အောင်လျှင် ဂျပန်နိုင်ငံက ကုမ္ပဏီတွေမှာ အလုပ်လုပ်နိုင်အောင် မိတ်ဆက်ပေးပါတယ်။
¥¥ကျောင်းတန်းတက်ရန် ကြာချိန်နဲ့ ကုန်ကျစားရိတ်¥¥
ဂျပန်ကောလိပ်(ဆန်းမွန်းဂတ်ခိုး) ဆိုရင် ၂နှစ်/၃နှစ် /၄နှစ် ရှိပါတယ်။
ကိုယ့်စိတ်ကြိုက် ရွေးချယ်လို့ ရပါတယ်။
ကျောင်းစာရိတ်ကတော့ ပျမ်းမျှခြင်း တနှစ်စာ သောင်း၈၀(မြန်မာငွေသိန်း၈၀)လောက်ပါ။
( နေစားရိတ် စားစရိတ်မပါ)

ဂျပန်တက္ကသိုလ်(ဒအိဂခု)ဆိုရင် အနဲဆုံး ၄နှစ်ကြာပါတယ်။
တက္ကသိုလ်ဆိုရင် စျေးနည်းနည်းပိုကြီးပါတယ်။
ကျောင်းစာရိတ်ကတော့ ပျမ်းမျှခြင်း တနှစ်စာ သောင်း၁၀၀(မြန်မာငွေသိန်း၁၀၀)လောက်ပါ။
( နေစားရိတ် စားစရိတ်မပါ)

ဒီနေရာမှာ တစ်ခုပြောချင်ပါတယ် မြန်မာနိုင်ငံက ၁၀တန်းအောင်ရုံနဲ့ မလာပါနဲ့
ဂျပန်တက္ကသိုလ် ဒါမှမဟုတ် ကောလိပ်ဟာ ပညာအရည်အချင်း ၁၂တန်းရှိမှ တက်ခွင့်ရှိပါတယ်။
ဂျပန်စာ သင်တန်းကျောင်မှာ ကျောင်းခေါ်ချိန် မပြည့်ရင် တက္ကသိုလ်/ ကောလိပ် ဆက်တက်ခွင့်မရှိပါ။အိမ်ပြန်ရပါမယ်။

၄ ။ ။ ဂျပန်တက္ကသိုလ် ဒါမှမဟုတ် ဂျပန်ကောလိပ် အောင်မြင်ပီးရင် ဂျပန်နိုင်ငံက ကုမ္ပဏီမှာ အလုပ်ဝင်
ဂျပန်တက္ကသိုလ် ဒါမှမဟုတ် ဂျပန်ကောလိပ် အောင်မြင်ပီးရင် ဂျပန်နိုင်ငံက ကုမ္ပဏီမှာ အလုပ်ရလား မရလားက
သင့်အပေါ်မှာ မူတည်ပါတယ်။
သင်တော်ရင် အလုပ်ရမယ် သင်မတော်ရင် အိမ်ပြန်ရမယ်။ဒါပါပဲ။

နောက်ဆုံး အနှစ်ချုပ်ပီး ပြောပါ့မယ်။ ။
ကျောင်းသားဗီဇာ(student visa)နဲ့ ဂျပန်လာချင်လျှင်.....
မြန်မာနိုင်ငံက ဂျပန်စာသင်တန်းကျောင်း ကောင်းကောင်းကိုရှာပါ(ပွဲစားကိုရှောင်ပါ)
ဘယ်ကျောင်းကောင်းလဲ မမေးပါနဲ့ ရှာပုံရှာနည်း သင်ပေးလိုက်ပါ့မယ်။

ကိုယ်လုပ်မယ့် သင်တန်းကျောင်းကို မေးလိုက်ပါ ပီးခဲ့တဲ့နှစ်က ဂျပန်ကို ကျောင်းသား ဘယ်နှယောက်ပို့လဲလို့
ပီးရင်listတောင်းကြည့်ပါ။ ကျောင်းသားများများပို့နိုင်တဲ့ ကျောင်းကပိုစိတ်ချရပါတယ်။

ရန်ကုန်က အိမ်ရောင်းပီး မလာပါနဲ့။ နယ်က ခြံရောင်းပီး မလာပါနဲ့။
အတိုးနဲ့ ပိုက်ဆံချေးပီး မလာပါနဲ့။
လက်ကျော မတင်းတဲ့လူ မလာပါနဲ့။

ကျောင်းသားဗီဇာနဲ့ လာလို့ အဆင်ပြေပါ့ မလားလို့ မေးကြပါတယ်။
ဟုတ်ကဲ့...သင်အလုပ်လုပ်နိုင်ပီး စာကြိုးစာနိုင်လျှင် အဆင်ပြေမှာပါ။
ပေါ့ပေါ့တော့ မတွေးပါနဲ့....ထမင်းစား ကျွန်ခံပီး အိမ်ပြန်သွားတဲ့ လူတွေတစ်ပုံကြီးပါ။

ဂျပန်စာ အရည်အချင်း N3ရှိတယ်N4ရှိတယ် အဆင်ပြေမလား မေးကြပါတယ်။
ဟုတ်ကဲ့...ဂျပန်စာ များများတက်မှ ဂျပန်မှာ အမြင့်ကိုမြန်မြန် ရောက်မှာပါ။

အားလုံး အဆင်ပြေကြပါစေ။ ။

crd။ ။ အကီ ။ ။

လွတ်လပ်စွာ shareနိုင်ပါတယ်

06/12/2019

Swmc Japanese Language School (Class Schedule)

N5 new class (06.01.2020)
09:00 to 11:00
Mon, Tue, Wed
ပုံမှန် သင်တန်းကြေး 50000 စတင်စာရင်းပေးသွင်းသူ ကျောင်းသား/သူ 5ဦး ကို 40000 ပါ။

N5 new class အလုပ်ရှိသောသူများ အဆင်‌ပြေစေရန် (04.01.2020)
07:00 to 10:00
SAT, Sun
ပုံမှန်သင်တန်းကြေး 50000 စတင်စာရင်းပေးသွင်းသူ ကျောင်းသား/သူ 5ဦးအား 40000ပါ။

N4 new class (06.01.2020)
12:00 to 02:00
Mon, Tue, Wed
ပုံမှန် သင်တန်းကြေး 50000 စတင်စာရင်းပေးသွင်းသူ ကျောင်းသား/သူ 5ဦးကို 40000 ပါ။

N4 new class အလုပ်ရှိသောသူများ အဆင်‌ပြေစေရန် (04.01.2020)
11:00 to 02:00
SAT, Sun
ပုံမှန်သင်တန်းကြေး 50000 စတင်စာရင်းပေးသွင်းသူ ကျောင်းသား/သူ 5ဦးအား 40000ပါ။

N3 new class (06.01.2020)
03:00 to 05:00
Mon, Tue, Wed
ပုံမှန် သင်တန်းကြေး 50000 စတင်စာရင်းပေးသွင်းသူ ကျောင်းသား/သူ 5ဦး ကို 40000 ပါ။

N3 new class အလုပ်ရှိသောသူများ အဆင်‌ပြေစေရန် (04.01.2020)
03:00 to 06:00
Sat, Sun
ပုံမှန်သင်တန်းကြေး 50000 စတင်စာရင်းပေးသွင်းသူ ကျောင်းသား/သူ 5ဦးအား 40000ပါ။

သင်တန်းတက်သူများ ဓာတ်ပုံနှစ်ပုံနှင့်မှတ်ပုံတင်မိတ္တူ ယူလာပေးပါ။ ကျောင်းသားကဒ်ထုတ်ပေးပါမည်။

သင်တန်းလိပ်စာ- အမှတ်(၁၀၆၃-က)၊ ၁၆/၁ရပ်ကွက်၊ သုမန (၂)လမ်း၊ သဃ်န်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း-09799346199

17/11/2019

Swmc Japanese Language School
မှ ဂျပန်စာအခြေခံမှစ၍ သင်ကြားလိုသော ကျောင်းသားကျောင်းသူများကို ဝမ်းမြောက်စွာ ကြိုဆိုလိုက်ပါသည်။
သင်တန်း အချိန်ဇယားနှင့် အချက်အလက်များကို ထပ်မံ၍ Swmc page မှတင်ပြပေးသွားပါမည်။
သင်တန်းကျောင်းစတင်ဖွင့်လှစ်သည့် အနေဖြင့် ပထမဆုံး N5, N4 &N3 တန်းခွဲတွင်လာအောက်အပ်နှံမည့် ကျောင်းသား/သူ များကို special promotion ပေးသွားမည်ဖြစ်သောကြောင့် စတင်စုံစမ်း/စာရေးပေးသွင်းရန် ဖိတ်ကြားအပ်ပါသည်။
ဂျပန်နိုင်ငံသို့ သွားလိုသူများကိုလည်း သွားရောက်လိုသည့်ပုံစံ အလိုက် အကြံပေးခြင်း၊ စိတ်ချရသော အေဂျင်စီများနှင့် မိတ်ဆက်ပေးသွားပါမည်။
အသေးစိပ်ထပ်မံစုံစမ်းလိုပါက ဆက်သွယ်ရန် ဖုန်း-09799346199 ကိုဆက်သွယ်မေးမြန်း စုံစမ်း နိုင်ပါသည်။

Address

အမှတ် ၁၀၆၃ (က) ၊သုမန (၂)လမ်း ၊ ၁၆/၁ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်။
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959799346199

Website

Alerts

Be the first to know and let us send you an email when Swmc Japanese Language School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Swmc Japanese Language School:

Share

Category