Mr. Lawyer - Legal Services

Website

Mr. Lawyer - Legal Services Trust me for Your business and legal matters

03/10/2026

နှစ်စဉ် အစီရင်ခံစာ (Annual Report) တင်ပြရန် အသိပေးကြေညာခြင်း
*******************************************
OnlineShop License များ မှတ်ပုံတင်လက်မှတ်သက်တမ်း (၂)နှစ်ပြည့်မြောက်ပြီး သက်တမ်းတိုး လျှောက်ထားသည့် အခါ လျှောက်ထားသူအနေဖြင့် စနစ်တွင် နှစ်စဉ် အစီရင်ခံစာ (Annual Report) ကို မဖြစ် မနေတင်ပြရမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင်ထုတ်ပြန်ကြေညာသည်။

source: eComReg
- Legal Services

❤️ Marriage Certificate ဆိုတာဘာလဲ?💞 Marriage Certificate ဆိုတာ လက်ထပ်ထိမ်းမြားခြင်းကို တရားဝင်အတည်ပြုနိုင်တဲ့ အထောက်အထား...
30/09/2026

❤️ Marriage Certificate ဆိုတာဘာလဲ?
💞 Marriage Certificate ဆိုတာ လက်ထပ်ထိမ်းမြားခြင်းကို တရားဝင်အတည်ပြုနိုင်တဲ့ အထောက်အထားစာရွက်စာတမ်း ဖြစ်ပါတယ်။

တရားဝင်မှတ်ပုံတင်၍ လက်ထပ်ထားခြင်းဖြင့်👇
✅ မိသားစုရေးရာနှင့် ပိုင်ဆိုင်မှုကိစ္စများ၊
✅ အမွေဆက်ခံမှု၊
✅ နိုင်ငံခြားသို့ ပြောင်းရွှေ့နေထိုင်ခြင်း
✅ သားသမီးပညာရေးနှင့် သက်ဆိုင်ရာကိစ္စများတွင် အထောက်အထားအဖြစ် အသုံးပြုနိုင်ပါသည်။

MrLawyer - Legal Services မှ မင်္ဂလာမောင်နှံများအတွက်
💞 လက်ထပ်စာချုပ်အပါ တရားရုံးတက် လက်မှတ်ရေးထိုးရန် One Stop Service ကို ဆောင်ရွက်ပေးနေပါသည်။

ဆက်သွယ်ရန်
📞09 45999 5704 / 09 42093 9574 သို့မဟုတ်
page messager သို့ ဆက်သွယ်နိုင်ပါသည်။

Singing Services

⚖️ မြန်မာဗုဒ္ဓဘာသာများ သေတမ်းစာရေးခွင့်ရှိပါသလား? သေတမ်းစာမရေးနိုင်ပါက အမွေကို မည်သို့စီမံနိုင်ပါသလဲ?မြန်မာဗုဒ္ဓဘာသာဝင်မ...
28/09/2026

⚖️ မြန်မာဗုဒ္ဓဘာသာများ သေတမ်းစာရေးခွင့်ရှိပါသလား? သေတမ်းစာမရေးနိုင်ပါက အမွေကို မည်သို့စီမံနိုင်ပါသလဲ?

မြန်မာဗုဒ္ဓဘာသာဝင်များအနေဖြင့် မြန်မာဗုဒ္ဓဘာသာဓလေ့ထုံးတမ်းဥပဒေအရ သေတမ်းစာ (Will) ဖြင့် မိမိသေဆုံးပြီးနောက် မိမိ၏ပစ္စည်းများကို မည်သူ့အား မည်သို့ပေးအပ်မည်ဆိုသည်ကို စီမံထားနိုင်ခြင်းမရှိပါ။

သို့သော် “မိသားစုစီမံမှု” (Family Arrangement) ပြုလုပ်ခြင်းဖြင့် မိမိသေဆုံးပြီးနောက် ကျန်ရှိမည့်ပစ္စည်းများကို မိသားစုဝင်များအကြား မည်သို့ခွဲဝေမည်ဆိုသည်ကို ကြိုတင်စီမံနိုင်ပါသည်။

မိသားစုစီမံမှုဆိုသည်မှာ အမွေရှင် မသေဆုံးမီ အမွေရှင်နှင့် သက်ဆိုင်ရာမိသားစုဝင်များ၊ အမွေခံများအကြား အပြန်အလှန်သဘောတူညီမှုဖြင့် အမွေရှင်သေဆုံးပြီးနောက် ကျန်ရှိမည့်ပစ္စည်းများကို မည်သို့ခွဲဝေမည်ဆိုသည်ကို ကြိုတင်သတ်မှတ်စီမံခြင်း ဖြစ်ပါသည်။

မိသားစုစီမံမှုကို နှုတ်ဖြင့်လည်း ပြုလုပ်နိုင်ပါသည်။

ယခုအခါ ၂၀၁၈ ခုနှစ် စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ မိသားစုစီမံမှုစာချုပ်သည် မှတ်ပုံတင်လိုက မှတ်ပုံတင်နိုင်သော စာချုပ်စာတမ်းအမျိုးအစားတွင် ပါဝင်ပါသည်။

မိသားစုစီမံမှုကို စာဖြင့်ပြုလုပ်ထားခြင်းသည်
နောင်တွင် အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက သက်သေအထောက်အထားအဖြစ် အသုံးပြုနိုင်ပါသည်။

အမွေခံများ၏ သဘောတူညီချက်ဖြင့် မိသားစုစီမံမှုကို ပြုလုပ်ပြီး၊ ထိုစီမံမှုအတိုင်း ပစ္စည်းများကို ခွဲဝေပြီးပါက အဆိုပါစီမံမှုကို အကြောင်းမဲ့ ဖောက်ဖျက်ရန် သို့မဟုတ် တရားဝင်မှုမရှိဟု ငြင်းဆို၍ မရပါ။
ထို့အပြင် မိသားစုစီမံမှုအတိုင်း အမွေခွဲဝေပြီးစီးထားပါက ထိုစီမံမှုနှင့် သက်ဆိုင်သော အမွေကိစ္စအပေါ် ထပ်မံအငြင်းပွားမှု ဖြစ်ပေါ်နိုင်မှုကိုလည်း လျော့နည်းစေနိုင်ပါသည်။

⚖️ မြန်မာဗုဒ္ဓဘာသာဝင်များအနေဖြင့် သေတမ်းစာရေး၍ အမွေစီမံခြင်း မပြုနိုင်သော်လည်း၊ မိသားစုများ၏ သဘောတူညီမှုဖြင့် “မိသားစုစီမံမှု” ပြုလုပ်၍ အမွေဆိုင်ရာကိစ္စများကို ကြိုတင်စီမံနိုင်ပါသည်။

reference: မြန်မာ့ဓလေ့ထုံးတမ်းဉပဒေ၊ ဉီးမြစိန်။
စာချုပ်စာတမ်းများမှတ်ပုံတင်ဉပဒေ။
- Legal Services

ဒေသဆိုင်ရာအညွှန်း (Geographical Indications - G.I) မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ ဝန်ဆောင်မှုအခကြေးငွေများ သတ်မှတ်ခြင်...
12/09/2026

ဒေသဆိုင်ရာအညွှန်း (Geographical Indications - G.I) မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ ဝန်ဆောင်မှုအခကြေးငွေများ သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာ
*******************
ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ ဝန်ဆောင်မှုအခကြေးငွေများ သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာအား မူပိုင်ခွင့်ဦးစီးဌာန၏ အောက်ပါလင့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
https://ipd.gov.mm/trademark/geographical-indications/fees-gis

အမှုတင်ပြရာတွင် ကနဉီးအမှုအချက်အလက်ပုံစံ၌ ဖြည့်သွင်းပေးရန် အသိပေးကြေညာချက်**********************************************ပ...
31/08/2026

အမှုတင်ပြရာတွင် ကနဉီးအမှုအချက်အလက်ပုံစံ၌ ဖြည့်သွင်းပေးရန် အသိပေးကြေညာချက်
**********************************************
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးတွင် Digitalization အသွင်ကူး ပြောင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နည်းပညာသုံး အမှုစီမံခန့်ခွဲမှုစနစ် (Case Management System – CMS) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ရှေ့နေရှေ့ရပ်များ/ အမှုတင်သွင်းသူများသည် ၁-၉-၂၀၂၆ ရက်နေ့မှစတင်၍ အဆိုပါစနစ် အတွက် လိုအပ်သည့် ကနဦးအမှုအချက်အလက်များကို သတ်မှတ်ပုံစံအတိုင်း ဖြည့်စွက်၍ တစ်ပါတည်း အမှုလာရောက်တင်သွင်းစဉ် ပူးတွဲတင်ပြ‌ပေးပါရန် မေတ္တာရပ်ခံပါသည်။

ကနဦး အမှု အချက်အလက်များ ဖြည့်စွက်ရမည့်ပုံစံအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ Website တွင် Download ရယူနိုင်ပါသည်။

Source: Union supreme court

ကုမ္ပဏီအမည်များနှင့်စပ်လျဉ်းသည့် လမ်းညွှန်ချက်
15/08/2026

ကုမ္ပဏီအမည်များနှင့်စပ်လျဉ်းသည့် လမ်းညွှန်ချက်

မေတ္တာဖြင့်ပေးကမ်းခြင်း**************************မေတ္တာဖြင့်ပေးကမ်းခြင်းဆိုသည်မှာလူတစ်ဦးက မိမိပိုင်ပစ္စည်းကို အခြားသူတစ...
10/08/2026

မေတ္တာဖြင့်ပေးကမ်းခြင်း
**************************
မေတ္တာဖြင့်ပေးကမ်းခြင်းဆိုသည်မှာ
လူတစ်ဦးက မိမိပိုင်ပစ္စည်းကို အခြားသူတစ်ဦးအား အဖိုးစားနားမပါဘဲ လွှဲပြောင်းခြင်းဖြစ်ပါသည်။

ပေးကမ်းခြင်းဆိုရာတွင်-
မိဘများက သားသမီးများအား ပေးကမ်းခြင်း၊
ဘိုးဘွားများက မြေးများအားပေးကမ်းခြင်း၊
ရှင်ပြုချိန်ပေးကမ်းခြင်း၊
သေခါနီးဆဲဆဲပေးကမ်းခြင်းဟူ၍ ပေးကမ်းခြင်းအမျိုးမျိုးရှိပါသည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်းများဖြစ်ကြသည့် အိမ်ခြံမြေများကို အခြားသူတစ်ဦးသို့ ပေးကမ်းရာတွင် ပေးသူနှင့်လက်ခံရယူသူတို့သည် သက်ရှိထင်ရှားရှိမှသာ တရား၀င်မည်ဖြစ်သကဲ့သို့ ကျပ် ၁ သိန်းထက်ပိုပါက စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင် အသိသက်သေနှစ်ဦးနှင့်အတူ လက်မှတ်ရေးထိုး ချုပ်ဆိုရန် လိုအပ်ပါသည်။

မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် ပေးကမ်းမည်ဆိုပါက လိုအပ်မည့်စာရွက်စာတမ်းများမှာ -
(၁) မေတ္တာြဖင့်ပေးကမ်းခြင်းစာချုပ်၊
(၂) ကန့်ကွက်ရန်မရှိကြောင်းသတင်းစာ‌ကြော်ငြာ၊
(၃) ပေးကမ်းရန်မှတ်ချက်ဖြင့်ရေးကူးထားသည့်မြေပုံမြေရာဇ၀င်၊
(၄) ကျမ်းကျိန်လွှာများ၊
(၅) တန်ဖိုးသတ်မှတ်ထားသည့် အခွန်တံဆိပ်ခေါင်းများ၊
(၆) ပေးသူ/လက်ခံသူတို့၏ မှတ်ပုံတင်နှင့်
သန်းခေါင်းစာရင်းများ၊
(၇) ပေးကမ်းသည့်အခြေပစ္စည်း၏ဓာတ်ပုံများ။

မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းတစ်ခုကို မှတ်ပုံတင်စာချုပ်စာတမ်းပြုလုပ်ခြင်းမရှိဘဲ ပေးကမ်းလျှင် အဆိုပါ ပေးကမ်းမှုသည် တရား၀င်ပေးကမ်းခြင်း မဖြစ်ပေ။

မြန်မာဗုဒ္ဓဘာသာများအနေဖြင့် သေတမ်းစာသဘောသက်ရောက်သည့် ပေးကမ်းခြင်းမျိုးဖြင့် ပေးကမ်းလျှင် လုံး၀တရားမ၀င်ပါ။

သို့ဖြစ်ပါ၍ လူကြီးမင်းတို့အနေဖြင့် ပေးကမ်းခြင်းနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်လိုပါက
Mr.Lawyer-Legal Services သို့ ဆက်သွယ်နိုင်ပါသည်။
#အမည်ပေါက်မှန်/မမှန်စစ်ဆေးပေးခြင်း
#မြေပုံမြေရာဇ၀င်ရေးကူးပေးခြင်း
#ဂရမ်အမည်ပြောင်းခြင်း၊
#ဂရမ်သက်တမ်းတိုးခြင်း၊
#ဂရမ်သစ်လျှောက်ထားပေးခြင်း
#ဂရမ်မိတ္တူထုတ်ပေးခြင်း
#အ‌ဆောက်အဦးဆောက်လုပ်ခွင့်လျှောက်ထားပေးခြင်း
#စာချုပ်ချုပ်ဆိုပေးခြင်း
#ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ပေးခြင်း
တို့ကို ဝန်ဆောင်မှု့ပေးလျှက်ရှိပါသည်ရှင်။

♻ မြေအမည်ပေါက်ပြောင်းလဲဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရောင်းသူနှင့်၀ယ်သူတို့ကသော်လည်းကောင်း၊ ပေးသူနှင့်လက်ခံရယူသူတို့ကသော်လည...
23/07/2026

♻ မြေအမည်ပေါက်ပြောင်းလဲဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရောင်းသူနှင့်၀ယ်သူတို့ကသော်လည်းကောင်း၊ ပေးသူနှင့်လက်ခံရယူသူတို့ကသော်လည်းကောင်း၊အမွေဆက်ခံခွင့်ရှိသူတို့ကသော်လည်းကောင်း အစရှိသူတို့က စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင် တရားဝင်စာချုပ်ချုပ်ဆိုထားသော်လည်း လွှဲပြောင်းလက်ခံရရှိသူသည် သက်ဆိုင်ရာရုံးဌာနများ၌ မိမိအမည်သို့ ပြောင်းလဲခြင်း မပြုရသေးပါက ဥပဒေအရ တရားဝင်ပိုင်ဆိုင်မှုအဖြစ် ရရှိပြီးဖြစ်သည်ဟု မှတ်ယူနိုင်မည်မဟုတ်ပေ။

✡ အကြောင်းအမျိုးမျိုးကြောင့် လွှဲပြောင်းလက်ခံရရှိသူသည် စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ စာချုပ်ကြီးချုပ်ဆိုပြီးသော်လည်း မိမိအမည်သို့ ပြောင်းလဲရန် ကျန်ရှိသေးပါက အောက်ပါ လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ကိုင်ရန် ကျန်ရှိဦးမည် ဖြစ်ပါသည်။

⚛ ထို့ကြောင့် လွှဲပြောင်းလက်ခံရရှိသူများအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေစီမံခန့်ခွဲမှုဌာန၌ မိမိအမည်သို့ မြေအမည်ပြောင်းလျှောက်ထားရမည် ဖြစ်ပါသည်။

♻ ဌာနအနေဖြင့် မြေအမည်ပေါက် ပြောင်းလဲဆောင်ရွက်ပေးနေသည့် မြေအမျိုးအစားများမှာ မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိသည့် ဂရန်မြေများ ဖြစ်ပါသည်။

⚛ ထိုသို့ပြောင်းလဲပေးရာ၌ လျှောက်ထားသူ များအနေဖြင့် ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက် စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန်၊ တရားရုံးအမိန့်ရရှိထားသူဖြစ်ပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စီရင်ချက်နှင့် အမိန့်ဒီဂရီများ၊ နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာနှင့်အတူ ပူးတွဲတင်ပြ လျှောက်ထားနိုင်ပါသည်။

☸ မြေအမည်ပြောင်းလျှောက်ထားမည်ဆိုပါက ဂရန်သစ်လျှောက်ထားစဉ်သကဲ့သို့ပင် ဌာနမှ မိမိတင်ပြ ထားသည့် စာရွက်စာတမ်းအထောက်အထားများကို စီစစ်ပြီး ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး စာချုပ်မူရင်း (သို့မဟုတ်) မြေငှားဂရန်မူရင်းတွင် လျှောက်ထားသူအမည်သို့ ပြောင်းလဲပေးမည် ဖြစ်ပါသည်။

✅ အကယ်၍ လူကြီးမင်းတို့၏ မြေယာ ပိုင်ဆိုင်ခွင့်များကို ဥပဒေနှင့်အညီ ဆောင်ရွက်လိုပါ-

.Lawyer ၏ Page Messanger မှလည်းကောင်း၊
☎ 09459995704, 09755037261, 09420939574 သို့ ဖုန်းဖြင့်လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်ရှင့်။

📌 Online Shop မှတ်ပုံတင်ခြင်း (eComReg Online Sales Registration)အွန်လိုင်းမှ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ရောင်းချန...
22/07/2026

📌 Online Shop မှတ်ပုံတင်ခြင်း (eComReg Online Sales Registration)

အွန်လိုင်းမှ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ရောင်းချနေသော လုပ်ငန်းများအတွက် eComReg Online Sales Registration မှတ်ပုံတင်ရန် လိုအပ်ပါသည်။

📢 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) အရ
Facebook, TikTok, Telegram, YouTube နှင့် အခြား Online Platform များပေါ်တွင် စီးပွားရေးအလို့ငှာ ရောင်းချကြော်ငြာနေသော လုပ်ငန်းအားလုံး မှတ်ပုံတင်ရမည်ဖြစ်ပါသည်။

➡၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁) ရက်မှ စတင်၍

* မှတ်ပုံတင်အသစ် လျှောက်ထားခြင်း
* သက်တမ်းတိုးခြင်း

တို့အတွက် မြေပြင်စစ်ဆေးမှု ပြီးစီးမှသာ မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ပါသည်။

➡ သက်တမ်းတိုးလိုသူများ

* သက်တမ်းမကုန်မီ ၂ လကြိုတင် လျှောက်ထားနိုင်ပါသည်။
* ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ အသစ်များ တင်ပြရပါမည်။
* သက်တမ်းတိုးစဉ် အချက်အလက်များကို ပြင်ဆင်၍ မရပါ။
* ယခင်မှတ်ပုံတင်အချက်အလက်များ မပြောင်းလဲကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုး၍ ပူးတွဲတင်ပြရပါမည်။
* အချက်အလက်ပြင်ဆင်လိုပါက သက်တမ်းတိုးပြီးနောက်မှသာ ဆောင်ရွက်နိုင်ပါသည်။

📌 Online Shop မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်း ဝန်ဆောင်မှုများကို Mr Lawyer Legal Services မှ လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။

☎ 09 45999 5704
☎ 09 755 037 261
☎ 09 420 939 574

လိပ်စာ - တိုက် -၂၁/၀၁(မလိခအိမ်ယာ)၊ ရတနာလမ်း၊ ဘဝမြင့်မှတ်တိုင်၊ သဃ်န်ကျွန်းမြို့နယ်။

✅ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ထိမ်းမြားလက်ထပ်ခြင်းဆိုသည်မှာ ကာယကံရှင်နှစ်ဦး၏ သဘောတူညီမှုဆန္ဒသာလျှင် အဓိကဖြစ်သည့်အတွက် လင်မ...
17/07/2026

✅ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ထိမ်းမြားလက်ထပ်ခြင်းဆိုသည်မှာ ကာယကံရှင်နှစ်ဦး၏ သဘောတူညီမှုဆန္ဒသာလျှင် အဓိကဖြစ်သည့်အတွက် လင်မယားကွာရှင်း‌ရေးတွင်လည်း လင်နှင့်မယား နှစ်ဦးသဘောတူညီလျှင် အချိန်မရွေးကွာရှင်းနိုင်သည်။

✅ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လင်ခန်းမယားခန်း ပြတ်စဲရန် အကြောင်းအရင်း (၃) မျိုးရှိပါသည်။ ၄င်းတို့မှာ-
၁။ နှစ်ဦးသဘောတူကွာရှင်းခြင်း၊
၂။ လင်ဖြစ်သူရဟန်းပြုခြင်း၊
၃။ အိမ်ထောင်ရေးပြစ်မှုကြောင့်ကွာရှင်းခြင်း တို့ဖြစ်ပါသည်။

✅ နှစ်ဦးသဘောတူကွာရှင်းလျှင် ကွာရှင်းစာချုပ်ရေးရမည်ဟု ဓလေ့ထုံးတမ်းဥပဒေကသော်လည်း ကောင်း၊ ယနေ့ခေတ်ဥပဒေကသော်လည်း‌ကောင်း ပြဌာန်းထားခြင်းမရှိပေ၊ လင်မယားနှစ်ဦးစလုံး၌ လင်ခန်း၊ မယားခန်းပြတ်စဲလိုသောဆန္ဒရှိလျှင် လင်ခန်း၊ မယားခန်းပြတ်စဲသည်ဆိုသော်လည်း စာချုပ်စာတမ်းပြုလုပ်ထားပါက နောင်တချိန် အရှုပ်အထွေးများ ပေါ်ပေါက်လာပါက သက်သေအထောက်အထားအဖြစ် အသုံးပြုနိုင်သည်။

လင်မယားကွာရှင်းခြင်းနှင့်ပတ်သက်၍ Mr.Lawyer Legal Services မှ တတ်ကျွမ်းသောရှေ့နေများမှ အသေးစိတ်ဆွေးနွေးပေးလျက်ရှိပါသည်။

အသေးစိတ်ဆွေးနွေးလိုပါက
page messanger သို့မဟုတ်
09459995704, 09755037261, 09420939574 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်ရှင့်။

Address

Yangon

Alerts

Be the first to know and let us send you an email when Mr. Lawyer - Legal Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share