U Hein Min Ko Oo

  • Home
  • U Hein Min Ko Oo

U Hein Min Ko Oo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U Hein Min Ko Oo, Legal Service, No .668,(H)QTR,Thudamar Road,North-Okkalapa Township,Yangon., .

"ဇာရီပြုလုပ်ရာ၌ တရားနိုင်သည် ဒီကရီတွင် မပါသောမြေကို ယူခြင်း ဒီကရီတွင် ဖော်ပြထားသည်ထက်ပို၍ ယူခြင်းပြုလျှင်  တရားရှုံးသည် ...
09/03/2026

"ဇာရီပြုလုပ်ရာ၌ တရားနိုင်သည် ဒီကရီတွင် မပါသောမြေကို ယူခြင်း ဒီကရီတွင် ဖော်ပြထားသည်ထက်ပို၍ ယူခြင်းပြုလျှင် တရားရှုံးသည် မြေကို ပြန်ရရန် ယင်းဇာရီ၌ပင် တရားမကျင့်ထုံးဥပဒေပုဒ်မ-၄၇အရ လျှောက်ထားရမည်ဖြစ်ပြီး ထိုသို့မှားယွင်းပေးလိုက်မိသော မြေကို ပြန်ရရန် သီးခြားတရားတစ်ထုံး မစွဲနိုင်"ဟု

ဦးဇော်ဝင်း ပါ-၂ နှင့် ကိုနောင်ဝင်းနောင် ပါ-၃
(၂၀၁၀ပြည့်နှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ-၃၇)တွင်

စီရင်ထုံးပြုထားပါသည်။

"အယူခံတရားလိုသည် မြေကို ယခင်နှစ်ပေါင်း(၃၀)ကျော် ဆန့်ကျင်ကျူးလွန်နေထိုင်သူထံမှ လက်ဆင့်ကမ်းယူနေထိုင်သူဖြစ်ပါသည်။ထိုအချက်နှ...
21/02/2026

"အယူခံတရားလိုသည် မြေကို ယခင်နှစ်ပေါင်း(၃၀)ကျော် ဆန့်ကျင်ကျူးလွန်နေထိုင်သူထံမှ လက်ဆင့်ကမ်းယူနေထိုင်သူဖြစ်ပါသည်။ထိုအချက်နှင့်ပတ်သက်၍ ယခင်နေထိုင်သူ ကျုးကျော်နေထိုင်သောအချိန်ကာလကို လက်ရှိကျုးကျော်နေထိုင်သူ လက်ဝယ်ရရှိသောအချိန်ကာလနှင့် ပေါင်းစပ်၍ အမူမှာ ကာလစည်းကမ်းသတ်ကျော်လွန်ပြီးဖြစ်ကြောင်း
ထုချေခွင့်ရှိသည်" ဟု

မမီ နှင့် ဟာဂျီမိုဟာမင်ဘင်ဟာဂျီယူလေမိုဟာမက်

(ရန်ကုန်၊အတွဲ-၁၊စာ-၁၇၆ )တွင်စီရင်ထုံးပြုထားပါသည်။

“လိမ်လည်မူကို အကြောင်းပြု၍ ဒီကရီတစ်ရပ်ကို  ပယ်ဖျက်ပေးရန်အတွက် တရားစွဲဆိုနိုင်ရန် ထိုဒီကရီကို အခြေခံသည့် သက်သေခံချက်သည် မ...
07/02/2026

“လိမ်လည်မူကို အကြောင်းပြု၍ ဒီကရီတစ်ရပ်ကို ပယ်ဖျက်ပေးရန်အတွက် တရားစွဲဆိုနိုင်ရန် ထိုဒီကရီကို အခြေခံသည့် သက်သေခံချက်သည် မမှန်ကန်ကြောင်း တရားလိုက ပြဆိုရုံမျှဖြင့် မလုံလောက်ပေ။မိမိ၏ ပျက်ကွက်မူ (သို့မဟုတ်)လျစ်လျူရှုမူကြောင့် မဟုတ်ဘဲ တရားပြိုင်(ယခင်အမူတရားလို)၏ တမင်လိမ်လည်လှည့်ဖြားမူကြောင့် မိမိသည် ယင်းလိမ်လည်မူကို ယခင်အမူတွင် ဖော်ထုတ်ခွင့်မရခဲ့ကြောင်း သက်သေပြရမည်။ဆုံးဖြတ်ပြီးသော ပြသာနာများကို ထပ်မံအရေးဆိုခွင့်မရနိုင်ချေ “ဟု

ဒေါက်တာအဗ္ဗုဒူလ်ရင် ပါ-၂

နှင့်

ပန်ဒစ်တိုင်ရမ်နှင့်အခြားသူများ

အေအိုင်အာ၊၁၉၃၇၊ရန်ကုန် စာမျက်နှာ-၅၃၄

အမူတွင် ဆုံးဖြတ်ထားပါသည်။

စည်းကမ်းသတ်ကာလ
———————————

“လိမ်လည်လှည့်ဖြား၍ ရယူထားသော ဒီကရီကို ပယ်ဖျက်ပေးစေလိုကြောင်း စွဲဆိုသည့်အမူသည် ကာလစည်းကမ်းကတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ်-၉၅နှင့် သက်ဆိုင်သည် “ဟု

ဆိုင်ရမ်လားလ်မန်ဒါးလ် နှင့် နီမိုနီဒက်(စ်)

(ကာလကတ္တားအတွဲ-၃၄၊စာ-၂၄၁)တွင်

ဆုံးဖြတ်ထားပါသည်။

ရုံးခွန်
——-

ရုံးခွန်အက်ဥပဒေပုဒ်မ -၇(၄)(ဂ)အရ တောင်းဆိုသောသက်သောခွင့်အပေါ် ဇယား(၁)အပိုဒ်(၁)ပါနူန်းထားအတိုင်း ထမ်းဆောင်ရပါသည်။

“လိမ်လည်ရယူသွားသည်ဆိုသော ဒီကရီတွင် အမူသည်အဖြစ် မပါသူက ထိုဒီကရီကို ပယ်ဖျက်ပေးရန် တရားစွဲဆိုခွင့် မရှိ”ဟု

အေအိုင်အာ ၁၉၄၃၊ဘုံဘေ ၂၈၃ တွင်

ဆုံးဖြတ်ထားပါသည်။ “လိမ်လည်မူကို အကြောင်းပြု၍ ဒီကရီတစ်ရပ်ကို ပယ်ဖျက်ပေးရန်အတွက် တရားစွဲဆိုနိုင်ရန် ထိုဒီကရီကို အခြေခံသည့် သက်သေခံချက်သည် မမှန်ကန်ကြောင်း တရားလိုက ပြဆိုရုံမျှဖြင့် မလုံလောက်ပေ။မိမိ၏ ပျက်ကွက်မူ (သို့မဟုတ်)လျစ်လျူရှုမူကြောင့် မဟုတ်ဘဲ တရားပြိုင်(ယခင်အမူတရားလို)၏ တမင်လိမ်လည်လှည့်ဖြားမူကြောင့် မိမိသည် ယင်းလိမ်လည်မူကို ယခင်အမူတွင် ဖော်ထုတ်ခွင့်မရခဲ့ကြောင်း သက်သေပြရမည်။ဆုံးဖြတ်ပြီးသော ပြသာနာများကို ထပ်မံအရေးဆိုခွင့်မရနိုင်ချေ “ဟု

ဒေါက်တာအဗ္ဗုဒူလ်ရင် ပါ-၂

နှင့်

ပန်ဒစ်တိုင်ရမ်နှင့်အခြားသူများ

အေအိုင်အာ၊၁၉၃၇၊ရန်ကုန် စာမျက်နှာ-၅၃၄

အမူတွင် ဆုံးဖြတ်ထားပါသည်။

စည်းကမ်းသတ်ကာလ
———————————

“လိမ်လည်လှည့်ဖြား၍ ရယူထားသော ဒီကရီကို ပယ်ဖျက်ပေးစေလိုကြောင်း စွဲဆိုသည့်အမူသည် ကာလစည်းကမ်းကတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ်-၉၅နှင့် သက်ဆိုင်သည် “ဟု

ဆိုင်ရမ်လားလ်မန်ဒါးလ် နှင့် နီမိုနီဒက်(စ်)

(ကာလကတ္တားအတွဲ-၃၄၊စာ-၂၄၁)တွင်

ဆုံးဖြတ်ထားပါသည်။

ရုံးခွန်
——-

ရုံးခွန်အက်ဥပဒေပုဒ်မ -၇(၄)(ဂ)အရ တောင်းဆိုသောသက်သောခွင့်အပေါ် ဇယား(၁)အပိုဒ်(၁)ပါနူန်းထားအတိုင်း ထမ်းဆောင်ရပါသည်။

“လိမ်လည်ရယူသွားသည်ဆိုသော ဒီကရီတွင် အမူသည်အဖြစ် မပါသူက ထိုဒီကရီကို ပယ်ဖျက်ပေးရန် တရားစွဲဆိုခွင့် မရှိ”ဟု

အေအိုင်အာ ၁၉၄၃၊ဘုံဘေ ၂၈၃ တွင်

ဆုံးဖြတ်ထားပါသည်။

"ငြင်ချက်များကို ပြင်ဆင်လျှင် ပြင်ဆင်သောငြင်းချက်များနှင့် စပ်လျဥ်း၍ အမူသည်များအား နောက်ထပ်သက်သေခံချက်များ တင်ပြခွင့်ပေး...
02/02/2026

"ငြင်ချက်များကို ပြင်ဆင်လျှင် ပြင်ဆင်သောငြင်းချက်များ
နှင့် စပ်လျဥ်း၍ အမူသည်များအား နောက်ထပ်သက်သေခံချက်များ တင်ပြခွင့်ပေးရမည်" ဟု

(အေ၊အိုင်၊အာ၊၁၉၅၂ခုနှစ်၊ဟင်ပရာ ၅၁)တွင်

စီရင်ထုံးပြုထားပါသည်။

02/02/2026

"တရားလို ပေးပို့သောနို့တစ်စာ တရားဝင် မဝင် အဆိုအ​ချေအရ အငြင်ပွားနေလျှင် အမူကိုဆုံးဖြတ်ရန် အရေးပါသော ဥပဒေပြသာနာဖြစ်ခြင်းကြောင့် တရားမကျင့်ထုံးဥပဒေအမိန့်-၁၄၊နည်း-၁ နှင့်၃ တို့အရ ငြင်းချက်ထုတ်ပေးရန် လိုအပ်သောအချက်ဖြစ်ကြောင်း ထင်ရှား၍"နို့တစ်စာ တရားဝင်ပါသလား"ဟူသော ငြင်းချက်ကို ထုတ်ပေးရခြင်း" ဖြစ်သည်ဟု

ဒေါ်ညွန့်ညွန့်ခင် နှင့် ဒေါ်အိမ်ကြည်

{၁၉၉၀ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ-၂၂(၂၄)}တွင်
စီရင်ထုံးပြုထားပါသည်။

14/01/2026

ဦးရှမ်းဘို (ခ)ဦးဉာဏ်လန်း နှင့် ပြည်ထောင်စု
(၁၉၆၁၊မတစ(လွှတ်တော်) စာ-၈၄)အမှုတွင်

"တရားသူကြီးသည် သက်သေများကို မိမိသဘောအလျောက် ပယ်နိုင်ခွင့်မရှိ။ တရားဥပဒေတွင် ဤကဲ့သို့သော သက်သေကိုပယ်နိုင်သည့် အာဏာပေးထားခြင်းမရှိ"ဟု ဆုံးဖြတ်ထားပါသည်။

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဒါရိုက်တာလူကြီးထံသို့ ကနဦးက ပေးပို့ခဲ့သော သတင်းအတိုင်း အမှုဖြစ်ပွါးပါက ယင်းသတင်းပေးချက်ကို ပထမ...
27/12/2025

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဒါရိုက်တာလူကြီးထံသို့ ကနဦးက ပေးပို့ခဲ့သော သတင်းအတိုင်း အမှုဖြစ်ပွါးပါက ယင်းသတင်းပေးချက်ကို ပထမသတင်းပေးတိုင်ချက်အဖြစ်မှတ်ယူနိုင်သည်။သို့ရာတွင် FIR နှင့် ထိုတိုင်တန်းသူထွက်သောထွက်ဆိုချက်များသည် အဓိကအချက်များတွင်ဆန့်ကျင် ကွဲလွဲနေပါက ယင်းအမှုမျိုးတွင် တရားခံကိုအပြစ်မပေးနိုင်။

ဦးစိုးလင်း နှင့် နိုင်ငံတော်

၁၉၅၃(လွှတ်တော်) ၂၁၂

တရားရုံးကတင်ပြရန် ဆင့်ဆိုသောစာမှတ်စာတမ်း(သို့မဟုတ်)အရာဝတ္တုတခုကိုတင်ပြရန် အကြောင်းမဲ့ပျက်ကွက်သူများကို အရေးယူခြင်း။     ...
09/12/2025

တရားရုံးကတင်ပြရန် ဆင့်ဆိုသောစာမှတ်စာတမ်း
(သို့မဟုတ်)အရာဝတ္တုတခုကိုတင်ပြရန် အကြောင်းမဲ့ပျက်ကွက်သူများကို အရေးယူခြင်း။

ရာဇဝတ် တရားရုံးရှေ့တွင် သက်သေခံစာမှတ်စာတမ်း(သို့မဟုတ်)အရာဝတ္တုတစ်ခုကို တင်ပြစေရန် ဆင့်ဆိုခြင်းခံရသည့် သက်သေက တင်ပြရန်အကြောင်းမဲ့ ငြင်းဆန်လျှင်သော်လည်းကောင်း ၊မေးခွန်းမေးသည်ကို အကြောင်းမဲ့ဖြေဆိုရန် ငြင်းဆန်သည့် သက်သေတို့အား တရားရုံးမှ ထိုသက်သေအား အလုပ်မဲ့ထောင်ဒဏ်(၇)ရက်ထိချမှတ်နိုင်ပါသည်။

၎င်းသက်သေက ဆက်လက်၍ ငြင်းဆန်လျှင် ပြစ်မူဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၄၈၀ အရ ကျပ်ငွေ-၂၀၀ထက်မပိုသော ငွေဒဏ်၊ ငွေဒဏ်မဆောင်ပျက်ကွက်ပါက ဒဏ်ငွေမပေးသွင်းမီ ကာလအထိ အလုပ်မဲ့ထောင်ဒဏ်စီရင်နိုင်ပါသည်။

(သို့မဟုတ်)

ပြစ်မူဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၄၈၂ အရ ပိုမိုကြီးလေးသော ထောင်ဒဏ် အပြစ်ပေးသင့်သည်ဟု ထင်မြင်ယူဆပါက ပြစ်မူ၏အကြောင်းချင်းရာ၊တရားခံ၏ထွက်ဆိုချက်များကို ရေးမှတ်ပြီး စီရင်ပိုင်ခွင့်အာဏာရှိသော ရာဇဝတ်တရားသူကြီးထံတင်ပို့နိုင်ပါသည်။

အဆင့်မြင့်တရားရုံးဖြစ်က တရားရုံးကို မလေးမစားပြုသော ပြစ်မူဟု သတ်မှတ်ရပေမည်ဖြစ်ကြောင်း ပြစ်မူဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၄၈၅ တွင်ပြဠာန်းထားပါသည်။

Hein Min Ko Oo (advocate)

တရားခံတဦးသည် စိတ်ပေါ့သွပ်နေသည့်အကြောင်းကြောင့် မိမိအပေါ်စွပ်စွဲထားသော စွပ်စွဲချက်ကို ထုချေနိုင်စွမ်းမရှိဟု ယူဆရန်အကြောင...
27/11/2025

တရားခံတဦးသည် စိတ်ပေါ့သွပ်နေသည့်အကြောင်းကြောင့် မိမိအပေါ်စွပ်စွဲထားသော စွပ်စွဲချက်ကို ထုချေနိုင်စွမ်းမရှိဟု ယူဆရန်အကြောင်းရှိလျှင် တရားခံ၏ စိတ်ပေါ့သွပ်ခြင်း ရှိမရှိ ဦးစွာစုံးစမ်းရမည်။သက်ဆိုင်ရာမြို့နယ်ဆရာဝန်ဖြင့်စမ်းသပ်စေပြီး ထိုဆရာဝန်က စိတ်ပေါ့သွပ်ခြင်းမရှိဟု ထွက်ဆိုမှာသာ တရားခံအပေါ် ဆက်လက်စစ်ဆေးရမည်။ဆရာဝန်ထွက်ချက်အရ စိတ်ပေါ့သွပ်နေသည်ဟု ယူဆလျှင် အမူကိုရပ်ဆိုင်းထားရမည်။ တရားခံသည် စွပ်စွဲချက်အား ထုချေနိုင်သည့် အချေသို့ရောက်သည်ဟု ဆရာဝန်အကြောင်းကြားလာသည့်အခါတွင် အမူကိုဆက်လက်ကြားနာမည်ဖြစ်ကြောင်း

ပြည်သူ့တရားရုံးလက်စွဲစာစောင်-၁၊ရာဇဝတ်တရားစီရင်ရေးအခန်း(၂)အပိုဒ်(၃၉)တွင် ဖော်ပြထားပါသည်။

adv

24/11/2025

“အမှုနှစ်မှုမှ အချင်းဖြစ်ပစ္စည်းတူညီသော်လည်း တရားလို၊ တရားပြိုင်မတူညီသည့်အပြင် အငြင်းပွားပြဿနာမှာလည်း တူညီခြင်းမရှိကြောင်း၊ တရားမမှုနှစ်မှုတွင် အဓိကအငြင်းပွားသောအကြောင်းအရာချင်း မတူညီလျှင် နောက်ထပ်စွဲဆိုသော တရားမမှုကို ဆိုင်းငံ့ရန် မသင့်ပေဟု “

ဒေါ်ခင်ကြည်နှင့် အယ်လ်အီးဆေး

(၁၉၅၈၊ မတစ၊ စာ ၄၆၄)အမှုတွင်

ထုံးပြုထားပါသည်။

16/11/2025

V. PONNAYA

VS.

THE UNION OF BURMA (MAUNG HLA MAUNG (a) MAUNG HLA AUNG)

(၁၉၆၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၁၄၅ (ရုံးချုပ်)။)တွင်

“သက်သေခံပစ္စည်းကို လူမှားပြီး ပေးအပ်ထားရာ ယင်းပစ္စည်း ကို ပြန်လည်ပေးအပ်စေရန် အမိန့်ချမှတ်ရာတွင် ပစ္စည်းလက်ဝယ်ရရှိထားသူက ပစ္စည်းမှာ ၎င်း၏ လက်ဝယ်တွင် မရှိတော့ပါဟုဆိုကာ ပြန်ပေးရန် ပျက်ကွက်ပါက တရားရုံးသည် ယင်းပစ္စည်း၏ တန်ဖိုးနှင့်ညီမျှသောငွေကို ပေးဆပ်ရန် အမိန့်ချမှတ်နိုင်သည်။ ယင်းငွေကို မပေးလျှင် ဒဏ်ငွေဖြစ်ဘိ သကဲ့သို့ အရကောက်ခံနိုင်သည်”ဟုလည်း လမ်းညွှန်ထုံးဖွဲ့ထားသည်။

တရားမကျင့်ထုံးဥပဒေပုဒ်မ -၉၂ တွင် အောက်ပါအတိုင်းပြဋ္ဌာန်းထားသည်-၉၂ (၁) အများပြည်သူနှင့် သက်ဆိုင်သော လှူဒါန်းမှုကိစ္စအတွက်...
27/10/2025

တရားမကျင့်ထုံးဥပဒေပုဒ်မ -၉၂ တွင်
အောက်ပါအတိုင်းပြဋ္ဌာန်းထားသည်-

၉၂ (၁) အများပြည်သူနှင့် သက်ဆိုင်သော လှူဒါန်းမှုကိစ္စအတွက်သော်လည်းကောင်း၊ သာသနာ ရေးကိစ္စအတွက်သော်လည်းကောင်း x x x x x x x x x x x x x x x ပြုလုပ်ထားသော ယုံမှတ်အပ်နှံမှုကို ဖောက်ဖျက်ကြောင်း စွပ်စွဲသည့်ကိစ္စ သို့မဟုတ် အဆိုပါ ယုံမှတ်အပ်နှံမှု တစ်ခုခုတို့ စီမံခန့်ခွဲရန်အတွက် တရားရုံး၏ ညွှန်ကြားချက်လိုအပ်သည်ဟု မှတ်ယူသည့်ကိစ္စတွင် ရှေ့နေချုပ်ကသော်လည်းကောင်း x x x x x x x x ရှေ့နေချုပ်၏ ခွင့်ပြုချက်ကို ရရှိသူနှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသူများကသော်လည်းကောင်း x x x x x x x x x တရားစွဲဆိုနိုင်သည်။

“ တရားမကျင့်ထုံးဥပဒေပုဒ်မ ၉၂ တွင် အကျုံးဝင်ရန်အလို့ငှာ ပထမဆုံးလိုအပ်ချက်မှာ အများ ပြည်သူနှင့်သက်ဆိုင်သော လှူဒါန်းမှုကိစ္စအတွက် သို့မဟုတ် သာသနာရေးကိစ္စအတွက် ပြုလုပ်ထား သော ယုံမှတ်အပ်နှံမှုတည်ရှိနေခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ ယုံမှတ်အပ်နှံမှု တည်ရှိလျှင် တရားရုံးမှ ထိုပုဒ်မ ၉၂ တွင်ပါရှိသော သက်သာခွင့်များနှင့် ပတ်သက်၍ ဒီကရီချမှတ်ခြင်းမပြုနိုင်။ ယုံမှတ် အပ်နှံမှုမရှိလျှင် ဤပုဒ်မနှင့် သက်ဆိုင်မှု မရှိပေ”ဟု

ဦးထွေးနှင့် အီး၊ အမ်၊ စူလတန်

(၁၉၇၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၃၁။) တွင်စီရင်ထုံးပြုထားပါသည်။

The Trust Act တွင် Trust ဆိုသည်မှာ အခြားသူ သို့မဟုတ် အခြားသူနှင့် ပိုင်ရှင်တို့အကျိုးငှာ ပိုင်ရှင်မှ တည်ထောင်ထားသည့် သို့မဟုတ် လက်ခံကြေညာထားသည့် ယုံကြည်မှုမှ ပေါ်ပေါက်သော ပစ္စည်းပိုင်ဆိုင်ခွင့်နှင့်အတူ တွဲဖက်ပါရှိသည့် တာဝန်ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါ
သည်။

“အများပြည်သူနှင့်သက်ဆိုင်သော လှူဒါန်းမှု ကိစ္စအတွက်သော်လည်းကောင်း၊ သာသနာရေးကိစ္စ အတွက်သော်လည်းကောင်း ပြုလုပ်ထားသော ယုံမှတ်အပ်နှံမှုကို ဖောက်ဖျက်ကြောင်း စွပ်စွဲသည့် ကိစ္စတွင် တရားမကျင့်ထုံးဥပဒေပုဒ်မ ၉၂ (၁) (က) မှ (ဇ) အထိတွင် ဖော်ပြထားသည့်ကိစ္စတစ်ရပ်ရပ် အတွက် တရားစွဲဆိုသည့် အမှုမျိုးသာ ရှေ့နေချုပ်၏ ခွင့်ပြုချက်ရယူရန် လိုသည်”ဟု

ခရစ်မက်သဒစ် အသင်းတော်နှင့် ကျောင်းဘဏ္ဍာထိန်းအဖွဲ့ (၎င်းအသင်း၏ ကိုယ်စားလှယ် အသင်း အတွင်းရေးမှူး ဦးမျိုးမြင့်)

နှင့်

ကမာရွတ်ခရစ်တော်မက်သဒစ် အသင်းတော်ပါ ၃

(၂၀၀၀ ပြည့်နှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ-၄၈။) တွငစီရင်ထုံးပြုထားပါသည်။

Address

No .668,(H)QTR,Thudamar Road,North-Okkalapa Township,Yangon.

Website

Alerts

Be the first to know and let us send you an email when U Hein Min Ko Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Law Practice?

Share