18/06/2026
အမြင့်ဆုံးတရားရုံး၏ဆုံးဖြတ်ချက်အပေါ် စာချွန်တော်ဝင်ရောက်ခွင့်မရှိ....................................................................................
အမြင့်ဆုံးတရားရုံး၏ ဆုံးဖြတ်ချက်ပေါ်စာချွန်
တော်အမိန့်ဖြင့် ဝင်ရောက်စွက်ဖက်နိုင်မည်မဟုတ်ပေ။
ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၁၆ တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော်အမိန့်များထုတ်ဆင့်ခွင့် အာဏာကို အပ်နှင်းထားသည်။
စာချွန်တော်အမိန့်များထုတ်ဆင့်ခွင့်အာဏာ
ကိုအပ်နှင်းထားသည့် ရည်ရွယ်ချက်မှာ-
၁။အောက်တရားရုံးများက ယင်းတို့၌စီရင်ပိုင်ခွင့်အာဏာမရှိဘဲစီရင်ခြင်း၊
၂။စီရင်ပိုင်ခွင့်အာဏာထက်ပို၍ဆောင်ရွက်ခြင်း၊
၃။အပ်နှင်းထားသောစီရင်ပိုင်ခွင့်အာဏာကို လက်ခံနိုင်ဖွယ်မရှိအောင် ကျင့်သုံးရန်ပျက်ကွက်ခြင်း၊
ယင်းကဲ့သို့ပြုလုပ်ခဲ့လျှင်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြီးကြပ်ကွပ်ကဲခြင်းအာဏာ သို့မဟုတ် ကြီးကြပ်မှုအာဏာကိုကျင့်သုံးရန်ဖြစ်သည်။
အမြင့်ဆုံးဖြစ်သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စာချွန်တော်အမိန့်များဖြင့် ကြီးကြပ်ကွပ်ကဲမှုအာဏာ သို့မဟုတ် ကြီးကြပ်မှုအာဏာကို လက်အောက်ခံတရားရုံး အပေါ် ကျင့်သုံးခြင်းဖြစ်သည်။
အောက်တရားရုံးများ၏ ဆုံးဖြတ်ချက်အပေါ် အယူခံတင်သွင်းခြင်း သို့မဟုတ် ပြင်ဆင်မှုလျှောက်ထား၍ အမြင့်ဆုံးတရားရုံးဖြစ်သောပြည်ထောင်စုတရားလွှတ်တော်ချုပ်(ယခင်တရားရုံးချုပ်)က ဆုံးဖြတ်ပြီးပါက အမြင့်ဆုံးတရားရုံး၏ဆုံးဖြတ်ချက်ပေါ် အဆင့်တူအမြင့် ဆုံးတရားရုံးက ကြီးကြပ်ကွပ်ကဲမှုအာဏာ သို့မဟုတ် ကြီးကြပ်မှုအာဏာကို သုံးစွဲ၍ စာချွန်တော်အမိန့်ဖြင့်ဝင်ရောက်စွက်ဖက်နိုင်မည်မဟုတ်ပေ။
ကြီးကြပ်ကွပ်ကဲမှုအာဏာ သို့မဟုတ် ကြီးကြပ်မှုအာဏာကို လက်အောက် တရားရုံးများအပေါ်တွင်သာ ကျင့်သုံးရန်ဖြစ်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မူလစီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံး၍ဖြစ်စေ၊ အယူခံမှုစီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံး၍ဖြစ်စေ၊ ပြင်ဆင်မှုစီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံး၍ဖြစ်စေ၊ အပြီးသတ်ချမှတ်သော စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်အပေါ်ပြန်လည် စစ်ဆေးစီရင်စေရန် လျှောက်ထားနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ-
ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၁၉ (သို့) ပုဒ်မ ၂ဝ အရ အထူးအယူခံဝင်ခွင့်ပြုရန် လျှောက်ထားရမည်သာဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။
စာချုပ်စာတမ်းရှေ့နေ
Ph.09785078191