KST Global Gateway

  • Home
  • KST Global Gateway

KST Global Gateway Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KST Global Gateway, Passport and visa service, .

Empowering your global journey. 🌏
Specializing in Overseas Education, Visa Solutions, Travel & Ticketing Services.
📲 (+95) 9 447 484 020 | (+66) 93 63 71811

21/09/2026
21/09/2026

"A New Chapter is Waiting For You." ✈️🌍
✨နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတိုင်းဟာ ကျွန်မတို့ကို ပိုမို ရင့်ကျက်လာပြီး စွမ်းဆောင်ရည်မြင့်မားလာစေမယ့် အခွင့်အရေးတွေပဲ ဖြစ်ပါတယ်။✨
အနာဂတ် ပြည်ပခရီးစဉ်တွေအတွက် အကြံဉာဏ် ယူချင်တာပဲဖြစ်ဖြစ်၊ ကျောင်းလျှောက်ထားမှုတွေ အတွက် အစအဆုံး ကူညီပေးဖို့ ကျွန်မတို့ KST Global Gateway က အမြဲ အသင့်ရှိနေပါတယ်ရှင်။ 💬
"We are here to empower your global journey."
📍 KST Global Gateway
📞 Phone: (+95) 9447484020 , (+66) 936371811
💬 Messenger: KST Global Gateway

18/09/2026

၅ နှစ်စာ ED Plus Visa ရမယ် ၄ နှစ်ပဲ ကျောင်းတက်ရမည်ဆို စိတ်ဝင်စားလား?

ကျောင်းတက်ရင်း ၅ နှစ်စာ ED Plus Visa ရရှိနိုင်မည့် Southeast Bangkok University (SBU) 🎓 မိတ်ဆက်ပေးလိုက်ပါရစေရှင်။

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျောင်းတက်ရက်ရမည့်ရက်နည်းပြီး ပညာလည်းသင်ယူရင်း ဗီဇာကိစ္စအတွက်လည်း စိတ်မပူရဘဲနဲ့ ရေရှည်တရားဝင် နေထိုင်ချင်သူတွေအတွက် SBU ရဲ့ Bachelor of Business English (BBE) အစီအစဉ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

💡 ဒါဆိုရင်တော့ ဘယ်လိုအချက်တွေကြောင့် ဒီကျောင်းကို ရွေးချယ်သင့်တာလဲ?:

ဗီဇာ သက်တမ်း: ကျောင်း၄ နှစ် တက်ရောက်ရမည်ဖြစ်ပြီး ၅ နှစ်စာ ED Plus Visa အပြည့် ရရှိပါမည်။

Class Type: တစ်ပတ်လျှင် ၂ ရက်သာ ကျောင်းတက်ရောက်ပေးရန် လိုအပ်ပါတယ်။ (On-campus (၁ရက်) + Online (၁ရက်))

ကျောင်းလခ ခွဲသွင်းနိုင်မှု: Tuition Fee များကိုလည်း Semester အလိုက် ခွဲသွင်းလို့ ရနိုင်ပါတယ်။

ရေရှည် ဗီဇာ အဆင်ပြေစွာဖြင့် ဘွဲ့ယူချင်သူများအတွက် KST Global Gateway Messenger မှတစ်ဆင့် အခမဲ့ လာရောက် တိုင်ပင်ဆွေးနွေး နိုင်ပါတယ်။ 💬

"We are here to empower your global journey."
📍 KST Global Gateway
📞 Phone: (+95) 9447484020 , (+66) 936371811
💬 Messenger: KST Global Gateway

16/09/2026

"လေယာဉ် Cancel ဖြစ်တာ၊ ရက်ရွှေ့တာနဲ့ Delay ကြုံရင် ဘာလုပ်သင့်သလဲ?" ✈️💡

ကျွန်မတို့တွေ ပြည်ပပဲဖြစ်ဖြစ် ပြည်တွင်းပဲဖြစ်ဖြစ် ခရီးထွက်ခွာတဲ့အခါမျိုးမှာ ရာသီဥတုနဲ့ အကြောင်းအမျိုးမျိုးကြောင့် လေယာဉ် မထွက်ဖြစ်တာ၊ ရက်ရွှေ့ရတာနဲ့ Delay ဖြစ်တာတွေနဲ့ ကြုံရတတ်ပါတယ်။
ဒါကြောင့် ဒီလို အခြေအနေမျိုးတွေနဲ့ ကြုံလာရရင် အချိန်နဲ့ ငွေကြေး နစ်နာမှု မရှိရအောင် ကျွန်မတို့ ခရီးသွားတွေအနေနဲ့ သိထားသင့်တဲ့ အချက်လေးတွေကို KST Global Gateway မှ ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်ရှင်။ 👆

💡 ၁။ လေကြောင်းလိုင်း၏ Official Notification ရယူပါ
လေယာဉ် Delay သို့မဟုတ် Cancel ဖြစ်သွားတယ်ဆိုသိသိချင်း မည်သည့် အကြောင်းပြချက်ကြောင့် ဖြစ်သည်ဆိုသည့် Official Letter ကို လေကြောင်းလိုင်းထံမှ ရယူထားပါ။ ဒါမှသာ အာမခံ (Insurance) တောင်းဆိုရာတွင် အသုံးဝင်မည် ဖြစ်ပါသည်။

💡 ၂။ Flexible Benefits စစ်ဆေးပါ
အရေးပေါ် ရက်ရွှေ့ရသည့်အခါမျိုးတွင်လည်း ဒဏ်ကြေး (Penalty Fee) ကင်းလွတ်ခွင့် သို့မဟုတ် အနိမ့်ဆုံး စရိတ်ဖြင့် ရက်ရွှေ့/လမ်းကြောင်း ပြောင်းလဲခွင့် ပေးထားသည့် လေကြောင်းလိုင်း အခွင့်အရေးများကို သေချာ စစ်ဆေးထားပါ။

💡 ၃။ Agent/Airline ထံ အမြန်ဆုံး ဆက်သွယ်ပါ
ခရီးစဉ် အပြောင်းအလဲ ရှိပါက လက်မှတ် ဝယ်ယူခဲ့သည့် အေးဂျင့် သို့မဟုတ် လေကြောင်းလိုင်းထံ ချက်ချင်း ဆက်သွယ်၍ အစားထိုး ခရီးစဉ် (Alternative Flight) သို့မဟုတ် ရပိုင်ခွင့်များကို မေးမြန်း ဆောင်ရွက်ပါ။ အကူအညီတောင်းခံပါ။

ဒီအချက်လေးတွေကတော့ လေယာဉ် Cancel ဖြစ်တာ၊ ရက်ရွှေ့တာနဲ့ Delay ဖြစ်တာလေးတွေနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အရာလေးတွေပဲ ဖြစ်ပါတယ်ရှင့်။

ဒါ့အပြင် ဝါလကင်းလွတ် သီတင်းကျွတ်နားနီးလာတာဖြစ်တဲ့အတွက် ခရီးထွက်ကြမည့်သူလေးတွေအတွက် MAI Airline က ဘယ်လို အစီအစဉ် လေးတွေ ရှိလဲဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူလေးတွေအတွက်လည်း သတင်းကောင်းလေး ပါးပေးလိုက်ပါတယ်ရှင်။

✨ ခရီးသွားများအတွက် စိတ်အေးရစေမည့် MAI ရဲ့ Flexi Benefits

ခရီးသွားရင်း ခရောင်းမခဘဲ စိတ်အေးချမ်းရစေဖို့ MAI (Myanmar Airways International) မှ ထိုင်းခရီးစဉ်များအတွက် Flexible ဖြစ်မယ့် ဝန်ဆောင်မှုများ ပေးထားပါတယ်ရှင် -

✈️ Free Date Change: Bangkok Sectors များအတွက် လေယာဉ် မထွက်မီ ကြိုတင်၍ အခမဲ့ ရက်ရွှေ့ဆိုင်းနိုင်ခြင်း။

🔄 Route Change: Thailand Sectors များအတွက် လမ်းကြောင်း ပြောင်းလဲနိုင်သည့် အခွင့်အရေးများ ပါဝင်ခြင်း။

☸️ Pilgrimage Benefits: သံဃာတော်များနှင့် သီလရှင်များအတွက် အထူး ခရီးသွား ခွင့်ပြုချက်နှင့် အခွင့်အရေးများ ပါဝင်ခြင်း။

ဒီလို Bangkok ခရီးစဉ်များအပြင် အခြားသော ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များနဲ့ ပတ်သက်ပြီး သိရှိလိုသည်များရှိရင်လည်း ကျွန်မတို့ KST Global Gateway မှ တိုင်ပင်ဆွေးနွေးပေးရန် အသင့်ရှိ နေပါတယ်ရှင်။

"We are here to empower your global journey."

ခရီးစဉ် အစအဆုံး စိတ်အေးချမ်းစွာ သွားလာနိုင်ဖို့ လေယာဉ်လက်မှတ် ဝယ်ယူရေးမှသည် အခြေချ နေထိုင်ရေး လမ်းညွှန်ချက်များအထိ KST Global Gateway မှ အစအဆုံး အနီးကပ် ကူညီ ဆောင်ရွက်ပေးနေပါတယ်ရှင်။ ✈️

ခရီးစဉ်နှင့် လေယာဉ်လက်မှတ် အပြောင်းအလဲများအတွက် အခမဲ့ တိုင်ပင်ရန် Messenger မှ ဆက်သွယ်နိုင်ပါသည်။ 💬
📍 KST Global Gateway
📞 Phone: (+95) 9447484020 , (+66) 936371811
💬 Messenger: KST Global Gateway

14/09/2026

"လေယာဉ်လက်မှတ်ဝယ်တဲ့အခါ သိထားသင့်တဲ့ Travel Insurance ဆိုတာ ဘယ်လိုမျိုးလဲ?" ✈️🛡

ကျွန်မတို့ဟာ လေကြောင်းခရီးစဉ်တစ်ခုထွက်ဖို့ စတင်စဉ်းစားမိလိုက်တာနဲ့ လေယာဉ်လက်မှတ် ဝယ်ယူတဲ့အခါမှာ ခရီးသွားအများစုဟာဆိုရင် ထွက်ခွာမယ့် အချိန်နဲ့ ဈေးနှုန်းကိုပဲ အဓိကထားပြီး ကြည့်လေ့ရှိကြပါတယ်။

ဒါပေမဲ့ လက်မှတ်ထဲမှာ ပါလေ့ရှိတဲ့ "Travel Insurance (ခရီးသွားအာမခံ)" ဆိုတဲ့ အခန်းကဏ္ဍကိုတော့ သတိမထားမိဘဲ ကျော်သွားတတ်ကြပါတယ်။ ဒါကြောင့်မလို့ လေယဉ်လက်မှတ် ဝယ်ယူ တဲ့အခါ သိထားသင့်တဲ့ "Travel Insurance (ခရီးသွားအာမခံ)" နဲ့ ပတ်သက်အကြောင်းအရာလေးတွေကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

💡 ၁။ လက်မှတ်ဝယ်လိုက်တာနဲ့ ပါပြီးသား အာမခံ (Passenger Liability)
လေယာဉ်လက်မှတ် ဝယ်ယူလိုက်တာနဲ့ အခြေခံ မတော်တဆမှုနဲ့ သက်ဆိုင်တဲ့ အာမခံက အလိုအလျောက် ပါပြီးသား ဖြစ်ပါတယ်။ သို့သော် ဒါဟာ လေယာဉ် မတော်တဆမှုကြီးတွေအတွက်ပဲ အဓိက တာဝန်ယူတာ ဖြစ်ပါတယ်။

💡 ၂။ ထပ်ဆောင်း လိုအပ်လေ့ရှိတဲ့ Travel Insurance
ခရီးသွားရင်း မမျှော်လင့်ဘဲ ကြုံရတတ်တဲ့ ပြဿနာ သေးသေးလေးတွေအတွက် ကာကွယ်ဖို့ ထပ်ဆောင်း အာမခံ လိုအပ်ပါတယ်။
လေယာဉ် နာရီပေါင်းများစွာ နောက်ကျခြင်း သို့မဟုတ် ဖျက်သိမ်းခံရခြင်း
ခရီးဆောင်အိတ် ပျောက်ရှခြင်း သို့မဟုတ် နောက်ကျမှ ရောက်လာခြင်း
ခရီးစဉ်အတွင်း ရုတ်တရက် နာမကျန်းဖြစ်၍ ဆေးရုံတက်ရခြင်း

💡 ၃။ ကြိုတင် သိထားဖို့ ဘာကြောင့် လိုအပ်တာလဲ?
ခရီးသွားရင်း အခက်အခဲ ကြုံရတဲ့အခါ မိမိမှာ ဘယ်လို ရပိုင်ခွင့်တွေ ရှိလဲဆိုတာ သိထားမှသာ အာမခံ ကိစ္စအရပ်ရပ်အတွက် အဆင်ပြေချောမွေ့နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လေကြောင်းလိုင်း ထောက်ခံစာ ဒါမှမဟုတ် ဆေးရုံ ဘောက်ချာ အထောက်အထားတွေကို စနစ်တကျ သိမ်းဆည်းရမယ်ဆိုတာကိုလည်း ကြိုတင် သိရှိနိုင်မှာ ဖြစ်ပါတယ်။

"We are here to empower your global journey."

ခရီးသွားတယ်ဆိုတာ စိတ်အေးချမ်းစွာနဲ့ ပျော်ရွှင်ချင်လို့ပါ။ လေယာဉ်လက်မှတ် ဝယ်ယူရေးမှသည် ခရီးစဉ် အစအဆုံး အဆင်ပြေ စိတ်အေးရစေဖို့ KST Global Gateway မှ သေချာ စိစစ် ရွေးချယ် လမ်းညွှန်ပေးနေပါတယ်ရှင်။ ✈️

ခရီးစဉ်နှင့် လေယာဉ်လက်မှတ်ဆိုင်ရာ မေးမြန်းလိုသမျှကို Page Messenger တွင် အခမဲ့ လာရောက် တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။ 💬
📍 KST Global Gateway
📞 Phone: (+95) 9447484020 , (+66) 936371811
💬 Messenger: KST Global Gateway

12/09/2026
12/09/2026

"ရေမြေခြားနေရာသစ်တစ်ခုမှာ အခြေချ နေထိုင်ရတော့မယ်ဆိုတာနဲ့တင် စိုးရိမ်မှုတွေများနေပြီလား?"
ကျွန်မတို့ဟာ ကိုယ်နဲ့ အကျွမ်းတဝင် မရှိသေးတဲ့ ပတ်ဝန်းကျင်အသစ်တစ်ခုဆီ ပြောင်းရွှေ့တော့မယ်လို့ စဉ်းစားလိုက်တာနဲ့တင် ကြိုတင်ပြင်ဆင်ရမည့်အပိုင်းတွေ အများကြီးက ခေါင်းထဲကို ရောက်လာပါတော့တယ်။

"ပြည်ပမထွက်ခွာမှီ ဘာတွေကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်မလဲ?"
"ရောက်ရောက်ချင်း နေရေးထိုင်ရေးတွေ အဆင်ပြေပါ့မလား?"
"တရားဝင် နေထိုင်ခွင့်တွေအတွက်ကော ဘာတွေလုပ်ဆောင်ဖို့ လိုအပ်မှာလဲ? အဆင်ပြေပြေနဲ့ကော လုပ်ဆောင်နိုင်ပါ့မလား?"
"သွားရေးလာရေး၊ နေရေးထိုင်ရေး နဲ့ ဆက်သွယ်ရေးတွေအတွက် အဆင်ပြေပြနဲ့ ဖြစ်နိုင်ပါ့မလား?"
ဒီလိုမျိုး မေးခွန်းများစွာနဲ့ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေတတ်တာဟာ သဘာဝပါပဲ။

သို့ပေမဲ့ နေရာသစ်တစ်ခုကို ပြောင်းရွှေ့နေထိုင်ဖို့ဆိုတာ စနစ်တကျ ကြိုတင် လမ်းညွှန်မှုတွေရ ရှိထားမယ်ဆိုရင် ကျွန်မတို့အနေနဲ့ ထင်မှတ်ထားသလောက် ခက်ခဲမှုမရှိဘဲ စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံသစ်တစ်ခုအနေနဲ့ ဖြစ်သွားစေနိုင်မှာပါ။ ဒါကြောင့်မလို့
🤝 "စိုးရိမ်စရာမလိုဘဲ မိမိရဲ့ အိပ်မက်တွေကိုပဲ အာရုံစိုက်" နိုင်ဖို့ဆိုရင်
ကျွန်မတို့ “KST Global Gateway” မှ ကျောင်းဝင်ခွင့် လျှောက်ပေးရုံတင်မကပဲ ခရီးစဉ် မစတင်မီ မှ နေထိုင်သွားလာရေးတွေအထိပါ အဆင်ပြေစေရန်အတွက် မိမိတို့ရဲ့ ခရီးစဉ်တစ်ခုလုံး စိတ်အေးချမ်းစွာ အဆင်ပြေသွားစေဖို့ အသေးစိတ် လမ်းညွှန်ပံ့ပိုးမှုများ လုပ်ပေးသွားမှာဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ မေးမြန်းလိုသမျှကို Page Messenger တွင် အခမဲ့ လာရောက် တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

"We are here to empower your global journey."

မြေခြားရေခြားမှာ အခြေချမယ့် မိမိတို့ရဲ့ ပထမဆုံး ခြေလှမ်းအတွက် ခိုင်မာတဲ့ အနီးကပ် လက်တွဲဖော်အဖြစ် KST Global Gateway က အမြဲ အသင့်ရှိနေပါတယ်။ 💬
📍 KST Global Gateway
📞 Phone: (+95) 9447484020 , (+66) 936371811
💬 Messenger: KST Global Gateway

ပြည်ပခရီးစဉ်အတွက် ပထမဆုံး ခြေလှမ်း  📑✈️      ပြည်ပမှာ ကျောင်းသွားတက်ဖို့ ဒါမှမဟုတ်ရင် ခရီးသွားဖို့အတွက် ပြင်ဆင်တဲ့အခါ စာ...
10/09/2026

ပြည်ပခရီးစဉ်အတွက် ပထမဆုံး ခြေလှမ်း 📑✈️

ပြည်ပမှာ ကျောင်းသွားတက်ဖို့ ဒါမှမဟုတ်ရင် ခရီးသွားဖို့အတွက် ပြင်ဆင်တဲ့အခါ စာရွက်စာတမ်း အမှားအယွင်းမရှိဖို့နဲ့ ပတ်စ်ပို့ ကိစ္စတွေ အဆင်ပြေဖို့က အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာပါတယ်။
ဒါဆိုရင်တော့ ဒီလို အဓိကကျတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ဆိုရင် KST Global Gateway က သင်တို့နဲ့အတူ ရှိနေမှာပါ။

💡 KST Global Gateway မှ
- ပတ်စ်ပို့ အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းဆိုင်ရာ လမ်းညွှန်မှုများ။
- ကျောင်းလျှောက်ထားရန် လိုအပ်သည့် ပညာအရည်အချင်း ထောက်ခံစာများနှင့် စာရွက်စာတမ်း ပြင်ဆင်မှုများ။
- မြန်မာ-ထိုင်း နှစ်နိုင်ငံ စာရွက်စာတမ်း
လိုအပ်ချက်များအတွက် တိကျသည့် အကြံဉာဏ်များကို ရယူလိုက်ပါရှင်။

စာရွက်စာတမ်းကိစ္စတွေနဲ့ ခေါင်းစားခံမနေပါနဲ့တော့ KST Global Gateway ကို အခုပဲ ဆက်သွယ် ဆွေးနွေးလိုက်တော့နော်။ 💬

📍 KST Global Gateway
📞 Phone: (+95) 9447484020 , (+66) 936371811
💬 Messenger: KST Global Gateway

08/09/2026

ပြည်ပခရီးစဉ် အိပ်မက်တစ်ခုကို စတင်ပုံဖော်ဖို့ ပြင်ဆင်နေပါသလား?"
ကိုယ်ရည်မှန်းထားတဲ့ အနာဂတ်အတွက် ပြည်ပမှာ ပညာသွားရောက် သင်ယူဖို့ ပြင်ဆင်တဲ့အခါ အခွင့်အလမ်းတွေ များပြားသလို တစ်ဖက်မှာလည်း စိုးရိမ်မှုနဲ့ မေးခွန်းပေါင်းများစွာ ရှိနေတတ်တာဟာ သဘာဝပါပဲ။
"ကိုယ့်ရဲ့ ရည်မှန်းချက်၊ ဘတ်ဂျက်နဲ့ တကယ် ကိုက်ညီမယ့် ကျောင်းတွေရှိပါ့မလား?"
"စာရွက်စာတမ်းနဲ့ ဗီဇာ ကိစ္စတွေကို အမှားအယွင်းမရှိအောင် ဘယ်လို ပြင်ဆင်မလဲ?"
"မြေခြားရေခြားကို ရောက်သွားတဲ့အခါမှာ အစစအရာရာကော အဆင်ပြေပါ့မလား?"
ဒီလိုမျိုး ဘဝရဲ့ အရေးကြီးတဲ့ အပြောင်းအရွှေ့တွေမှာ KST Global Gateway က ရိုးရှင်းတဲ့ သင့်ရဲ့ ခရီးစဉ်ကို အစမှ အဆုံးအထိ စိတ်အေးချမ်းစွာ လျှောက်လှမ်းနိုင်အောင် ကူညီပေးမှာဖြစ်လို့ "ယုံကြည်စိတ်ချရသော လမ်းပြလက်တွဲဖော် (Trusted Advisor)" အဖြစ် အပြည့်အဝ ယုံကြည်လိုက်ပါ။ 🤝
🌟 KST Global Gateway က သင့် ခရီးစဉ်အတွက် ဘာတွေ ကူညီပေးနိုင်သလဲ?
🎓 ၁။ ကိုယ်အတွက် ဘယ်လိုကျောင်းတွေက အသင့်တော်ဆုံး ပညာရေး လမ်းကြောင်းဖြစ်လဲဆိုတာ ရွေးချယ်ပေးခြင်း (Tailored Education Pathway)
သတ်မှတ်အတန်းချိန်လောက်သာ ကျောင်းတက်ရပြီး ၅ နှစ်စာ ED Plus Visa ရရှိနိုင်သည့် SBU (Bachelor of Business English)၊ Stay မပျက် တရားဝင် ၁ နှစ် နေထိုင်နိုင်သည့် Language School တွေအပြင်ကို နိုင်ငံတကာအဆင့်မီ BBA/MBA ဘွဲ့များ ပေးအပ်သည့် PIM ကဲ့သို့သော International Entrepreneurship ကျောင်းတွေလည်း ရှိတာဖြစ်တဲ့အတွက် မိမိရဲ့ ရည်မှန်းချက်နှင့် အကိုက်ညီဆုံးဖြစ်စေမည့် တက္ကသိုလ်များကို အတူတကွ ရွေးချယ် ပေးသွားမှာ ဖြစ်ပါတယ်။
📑 ၂။ စာရွက်စာတမ်းနှင့် ဗီဇာ ဝန်ဆောင်မှု (Passport & ED Visa Solutions)
ပတ်စပို့ သက်တမ်းတိုးခြင်းမှစ၍ ED Visa လျှောက်ထားမှု၊ Visa သက်တမ်းတိုးမှုများနှင့် ထိုင်းနိုင်ငံ ရောက်ရှိချိန် လိုအပ်သည့် လိုအပ်တဲ့စာရွက်စာတမ်းများအထိ ခက်ခဲမှု မရှိစေရန် တိကျစွာ လမ်းညွှန်ပေးသွားမှာလည်း ဖြစ်ပါတယ်။
✈️ ၃။ ခရီးစဉ် စတင်ချိန်မှစ၍ ရောက်ရှိချိန်အထိ တာဝန်ယူဆောင်ရွက်ပေးခြင်း (Air Ticketing & After-Arrival Support)
ကျောင်းသားများနှင့် မိဘများအတွက် အဆင်ပြေဆုံးဖြစ်စေမည့် လေယာဉ်လက်မှတ်များ စီစဉ်ပေး ခြင်းမှသည် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန် စိတ်အေးချမ်းသာစွာ အခြေချနိုင်ရေးအတွက် အဆောင်/နေထိုင်ရေး လမ်းညွှန်ချက်များအထိ အပြည့်အဝ တာဝန်ယူဆောင်ရွက်လျှက်ရှိပါတယ်။
ဒါကြောင့်မလို့ အိပ်မက်တစ်ခုစီတိုင်းမှာ မတူညီတဲ့ တန်ဖိုးတွေ ရှိကြတဲ့ သင့်တို့ရဲ့ အနာဂတ် ခရီးစဉ်အတွက် ခိုင်မာစွာ ပုံဖော်ဖို့ဆိုရင် မည်သို့သော ဆွေးနွေးမျိုးကိုမဆို KST Global Gateway Messenger တွင် အခမဲ့ လာရောက် တိုင်ပင်ဆွေးနွေးဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 💬
📍 KST Global Gateway
📞 Phone: (+95) 9447484020 , (+66) 936371811
💬 Messenger: KST Global Gateway

Address


11071

Alerts

Be the first to know and let us send you an email when KST Global Gateway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KST Global Gateway:

Shortcuts

  • Want your business to be the top-listed law practice?

Share