Kaung & Song Wai Hninn Copy&Notary

  • Home
  • Kaung & Song Wai Hninn Copy&Notary
Call Contact the business

Kaung & Song Wai Hninn Copy&Notary Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kaung & Song Wai Hninn Copy&Notary, Notary public, No. 44, Maharbandula Park Street, Lower Block, Kyauktada Tsp, .

နိုတြီဘာသာပြန်၊ ကျမ်းကျိန်လွှာအမျိုးမျိုး၊ တရားရုံးလက်ထပ်၊
ကိုယ်စားလှယ်လွှဲစာ (General Power/Special Power)တို့အား
စိတ်တိုင်းကျ တိကျ၊ မှန်ကန်၊ မြန်ဆန်စွာ ဆောင်ရွက်ပေးပါသည်။

12/09/2026
🙄
04/09/2026

🙄

"ငွေ"တဲ့ ဟုတ်ကဲ့၊ ချေးတုန်းကတော့
“အရမ်းအရေးကြီးလို့ပါ…”
“ဒီတစ်ခါပဲ ကူညီပါ”
“ရက်ပိုင်းလောက်ပဲ”
“သေချာပေါက် ပြန်ဆပ်ပါ့မယ်”
ဆိုတဲ့ စကားတွေ အများကြီးရှိတတ်တယ်။

ကိုယ်ကလည်း
ယုံလို့ ချေးပေးလိုက်မယ်။
တစ်ခါတလေ ကိုယ်တိုင်မရှိတဲ့ကြားက
သူ့အတွက် အပြင်မှာ ရှာပြီးတော့ကို ချေးပေးလိုက်တာတောင် ရှိမယ်။

ဒါပေမယ့်
ပြန်ဆပ်ရမယ့်နေ့ရောက်လာတဲ့အခါ
လူတစ်ယောက်ရဲ့မျက်နှာက ပြောင်းသွားတတ်တယ်။
ဖုန်းမကိုင်တော့ဘူး။
စာမပြန်ကြတော့ဘူး။
တွေ့ရင်လည်း ရှောင်လွှဲတတ်လာတယ်။

နောက်ဆုံးကိုယ်က ပြန်တောင်းတာကိုပဲ
ကိုယ်သာ ရှက်သလို ခံစားလာရတယ်။

အဲ့ဒီမှာ မေးစရာရှိတယ်
ငွေချေးတုန်းက
ကိုယ်က သူ့ကို ကူညီပေးတာမဟုတ်ဘူးလား?

ဘာကြောင့်
ကိုယ့်ငွေကို ကိုယ်ပြန်တောင်းရတာတောင်
ကိုယ်က အပြစ်ရှိသလို ဖြစ်လာရတာလဲ?

ဟုတ်ကဲ့
တချို့လူတွေက
တကယ်မဆပ်နိုင်သေး
တကယ့်ကို ကျပ်ကျပ်တည်းတည်းအမှန်ကို ဖြစ်နေလို့ မဆပ်ကြတာရှိတယ်။

အဲ့ဒီလိုလူဆိုရင်
ရိုးရိုးသားသား ပြောလို့ရတယ်။
“အခု မဆပ်နိုင်သေးလို့ပါ” လို့
ကောင်းကောင်းမွန်မွန် တောင်းတောင်းပန်ပန်နဲ့ပြောလို့ရတယ်။

ဒါပေမယ့်
အဆင်ပြေနိုင်အောင်တော့ ကြိုးစားပေးရမှာပေါ့လေ
သူများငွေကို ယူထားတာကိုးနော့်။

ပြဿနာက အဲ့ဒါမဟုတ်ဘူး။
ဆပ်နိုင်ရက်နဲ့ မဆပ်ချင်တာ။
ကိုယ့်ငွေကို ကိုယ်ပြန်တောင်းတဲ့အခါ
ကိုယ့်ကိုပဲ မကောင်းသလို ပြန်ပြောတာ။
ဒါက ငွေကြေးပြဿနာထက်
လူ့အကျင့်စာရိတ္တပြဿနာ ဖြစ်လာပြီ။

တချို့လူတွေက ငွေချေးတဲ့အချိန်မှာ
ကိုယ့်ကို အရမ်းအားကိုးတဲ့သူလိုလို
သူက သနားစရာသတ္တဝါလေးလိုလိုနဲ့ နေပြတတ်ကြတယ်။

ပြန်ဆပ်ရမယ့်အချိန်ရောက်တော့
ကိုယ်က သူတို့အတွက် အနှောင့်အယှက်ဖြစ်သွားတယ်။

အဲ့ဒါကြောင့် ငွေချေးမယ်ဆိုရင်
ကိုယ်ဆုံးရှုံးနိုင်တာ ငွေတစ်ခုတည်း မဟုတ်ဘူး။

သူငယ်ချင်းတစ်ယောက် ဆုံးရှုံးနိုင်တယ်။

ဆွေမျိုးတစ်ယောက်နဲ့ ဆက်ဆံရေးပျက်နိုင်တယ်။

နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ ယုံကြည်မှုတစ်ခု ပျက်နိုင်တယ်။

ဒါကြောင့်
ဘယ်သူ့ကိုမဆို ငွေမချေးခင်အရင်စဉ်းစားဆုံးဖြတ်တတ်ရမယ်

“သူပြန်ဆပ်မှာပါလေ” ဆိုတာတစ်ခုတည်း မစဉ်းစားနဲ့။
“သူ့ကို ဒီငွေပြန်တောင်းရတဲ့နေ့မှာ
ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး ဘယ်လိုဖြစ်သွားမလဲ” ဆိုတာပါ ထည့်စဉ်းစားပါ။

ပြီးတော့
ကိုယ့်လက်ထဲမှာမရှိတဲ့ငွေကို ချေးပြီး
တခြားလူကို မကယ်တင်ပါနဲ့။
ကိုယ်လည်း မပျက်စီးဘဲ ကူညီနိုင်တာကိုပဲ ကူညီပါ။

တကယ်လိုအပ်နေတဲ့သူကို
ကိုယ်တတ်နိုင်သလောက် ကူညီပေးတာက ကောင်းတယ်။

နောက်ဆုံးတစ်ခု
ငွေချေးပြီး မဆပ်တဲ့လူက
ကိုယ့်ငွေကိုပဲ ယူသွားတာမဟုတ်ဘူး။
ကိုယ်ပေးထားခဲ့တဲ့ ယုံကြည်မှုကိုပါ ယူသွားကြတာပါ။

အဲ့ဒါကြောင့်
ငွေမချေးခင် စဉ်းစားပါ။
ငွေဆုံးရှူံးတာကို ခံနိုင်ပေမယ့်
လူတစ်ယောက်ကို ယုံကြည်ခဲ့မိတာကို
နောင်တရမယ့်အခြေအနေမျိုး မဖြစ်အောင်တော့
ဂရုပြုပါလို့ အကြံပြုလိုပါတယ်။

ဟူး...မောလိုက်တာ။
(ကိုယ်လည်းသူများကိုပေးစရာတွေရှိသေးတယ်
ပြေလည်သွားအောင် အကောင်းဆုံးကြိုးစားနေပါတယ်)
#ငွေ #ပိုက်ဆံ #ချေးငွေ #ယုံကြည်မှု

ဆရာ အကြည်တော်ရဲ့စာအုပ်အကောင်းအဟောင်းလေးများ စျေးတန်တန်လေးနဲ့ရောင်းပေးပါမယ်။စာအုပ်အသန့် ရောင်းစျေး - ၃ အုပ် ၅၀၀၀ ကျပ်
27/06/2026

ဆရာ အကြည်တော်ရဲ့စာအုပ်အကောင်းအဟောင်းလေးများ 
စျေးတန်တန်လေးနဲ့ရောင်းပေးပါမယ်။စာအုပ်အသန့်
ရောင်းစျေး - ၃ အုပ် ၅၀၀၀ ကျပ်

မိုးစာပေမှ ထုတ်ဝေသောကောင်းကင်ပေါ်ကျတဲ့မိုးစက်များ -၂ဝတ္ထုတို စုစည်းမှူ - ကလောင်စုံ စာ အုပ် အ သန့်ရောင်းစျေး ၅၀၀၀
27/06/2026

မိုးစာပေမှ ထုတ်ဝေသော
ကောင်းကင်ပေါ်ကျတဲ့မိုးစက်များ -၂
ဝတ္ထုတို စုစည်းမှူ - ကလောင်စုံ စာ အုပ် အ သန့်
ရောင်းစျေး ၅၀၀၀

Address

No. 44, Maharbandula Park Street, Lower Block, Kyauktada Tsp

11182

Telephone

+959792445541

Website

Alerts

Be the first to know and let us send you an email when Kaung & Song Wai Hninn Copy&Notary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung & Song Wai Hninn Copy&Notary:

Shortcuts

  • Want your business to be the top-listed law practice?

Share