Delta - Legal Knowledges Sharing

Delta - Legal Knowledges Sharing ဥပဒေကျောင်းသား/သူများ၊ အများပြည်သူအတွက် ဥပဒေဗဟုသုတ

တရားရေးသမိုင်းအကျဉ်း အပိုင်း(၃)နောက်ပြောပြချင်သူတစ်ဦးကတော့ မျက်မှောက် ခေတ်တရားစီရင်ရေးသမိုင်းကို ဦးဆောင်ဦးရွက် ပြုခဲ့သူ ...
24/11/2025

တရားရေးသမိုင်းအကျဉ်း အပိုင်း(၃)

နောက်ပြောပြချင်သူတစ်ဦးကတော့ မျက်မှောက် ခေတ်တရားစီရင်ရေးသမိုင်းကို ဦးဆောင်ဦးရွက် ပြုခဲ့သူ ၊ ခါးဆက်ပျက်သွားတဲ့ တရာစီရင်ရေး
ကဏ္ဍကို အသက်ဆက်ပေးခဲ့သူ ဆရာကြီးဦးမြ ဖြစ်ပါတယ်။ ဆရာကြီး ဦးမြဟာ မူလက ငသိုင်းချောင်းမြို့၊ အထက်တန်းကျောင်းအုပ်ဆရာကြီး ဖြစ်ပြီး BA.BL ဘွဲ့ရသူတွေကို တရားရေးဌာနမှာ အကြီးတန်းအရာရှိ နယ်ပိုင်တရားမတရားသူကြီးခန့်ဖို့ခေါ်လို့ တရားရေးဌာနကို ဝင်ရောက်လာသူဖြစ်ပါတယ်။ ဆရာမြဟာ ပါရမီကလည်းရှိ လုံ့လ ဝီရိယကလည်း သူမတူအောင်ကြိုးစားသူဖြစ်လို့ အချိန်တိုအတွင်းမှာပဲ တရားရေးဌာနမှာ ဆရာတစ် ဆူဖြစ်လာပါတယ်။ ၁၉၇၃ နောက်ပိုင်း ခါးဆက် ပျက်သွားတဲ့ တရားဌာနကို ပြန်လည်ရှင်သန်လာအောင် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သူဖြစ် ကြောင်းပြောမှ ပြည့်စုံပါလိမ့် မယ်။

၁၉၇၃ ခုနှစ်မှာ ဆိုရှယ်လစ်တရားစီရင်ရေး အကောင်ထည်ဖော်လိုက်တဲ့အခါ ဝါရင့် လုပ်သက် ရင့် ပညာတက်တရားသူကြီးတွေ နေရာပျောက်ဆုံးသွားပါတယ်။ တရားရေး ဝန်ထမ်းအဖြစ် ဝင်ရောက်လာတဲ့လူငယ် တွေကလည်း တရားသူကြီး
မလုပ်ရတော့ တရားစီရင်ရေးအတွေ့အကြုံမရှိတော့တဲ့ကာလမှာ ဆရာကြီးက တရားသူကြီးတွေကိုသင်တန်းပေး၊ အနီးကပ်သင်ကြားပို့ချမှုတွေလုပ်၊ ဥပဒေစာအုပ်တွေရေး၊ တစ်ပြည် လုံးလှည့်
လည်သွားလာပြီး တရားရုံးတွေမှာရှိတဲ့ ချို့ယွင်းချက်၊ ပြုပြင်ရမယ့် အချက်တွေကို စုပေါင်းပြီး အထွေထွေလမ်းညွှန်မှုလုပ်ခဲ့ပါတယ်။ ဆရာ့ရဲ့ မရပ် မနားကြိုးပမ်းအားထုတ်မှုကြောင့် ဆရာတို့တစ်တွေ အထိုက်အလျောက် အရည်အချင်းတွေတိုးတက်လာပြီး ဆရာတို့က မိမိတို့ရရှိလာတဲ့ အတွေ့အကြုံပညာကို နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းဝေငှ သင်ကြားပေးလို့ တရားစီရင်ရေး ကဏ္ဍဟာ ယခုအခြေအနေကို တိုးတက်ရောက်ရှိလာတာဖြစ်ပါတယ်။

ဦးစိုးညွန့်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး (ငြိမ်း)
တရားရေးဂျာနယ် အတွဲ (၄)၊ အမှတ် (၂)၊ ၂၀၂၄
(စာ-၁၂၈)



#ဥပဒေဗဟုသုတ

#အလုပ်သင်ရှေ့နေ

#ဥပဒေကျောင်းသား

တရားရေးသမိုင်း အပိုင်း (၂) 👨‍⚖️၁၉၆၂ နောက်ပိုင်း ထူးချွန်ပြီး ကျော်ကြားတဲ့ တရားသူကြီး ဒေါက်တာမောင်မောင် အကြောင်းပြောပါမယ်...
24/11/2025

တရားရေးသမိုင်း အပိုင်း (၂) 👨‍⚖️

၁၉၆၂ နောက်ပိုင်း ထူးချွန်ပြီး ကျော်ကြားတဲ့ တရားသူကြီး ဒေါက်တာမောင်မောင် အကြောင်းပြောပါမယ်။ အတွေးအခေါ် နဲ့ အရေးအသား ( Style of Writing ) အလွန်ကောင်းတယ်။ သူရေးတဲ့စီရင်ချက် တွေဟာ သုတရသမြောက်တယ်။ သူရေးတဲ့ပုံစံက ဆန်းသစ်ပြီး ပုံစံတစ်မျိုးဖြစ်လို့ အဲ့ဒီရေးဟန်ကို အတုယူကြရတယ်။ ဒေါက်တာ မောင်မောင်က J.S.D Yale , LLD Utrecth Holland , Barrister -at-Law Lincoln's Inn ဘွဲ့တွေ ရရှိခဲ့တယ်။ အဲ့ခေတ်က D Litt ဘွဲ့ရခဲ့တာဆိုလို့ သူ နဲ့ ဒေါက်တာဘဟန်တို့ပဲ ရှိခဲ့ပါတယ်။ ဒေါက်တာ ဘဟန်က M.A. Ph.D ., DLitt of Luncol's Inn, Barrister at Law ဘွဲ့ရရှိခဲ့ပါတယ်။ ဒေါက်တာမောင် ဟာစာရေးကောင်းပြီး အနောက်နိုင်ငံမှာ အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တွေလဲ ရေးသားထုတ်ဝေခဲ့ပါတယ်။ London Diary, Forgotten Army, Aung Sun Of Burma, Gen Nay Win and Burma , To my soldier son စာအုပ်တွေဟာထင်ရှားပါတယ်။ ဒေါက်တာမောင်မောင်ဟာ နိုင်ငံခြားက ဥပဒေပါရဂူဘွဲ့ယူပြီး မြန်မာပြည် ပြန် ရောက်တဲ့အခါ တရားသူကြီးချုပ်မဖြစ် ခန့်အပ်တာဝန်ပေးခြင်းခြင်းခံရပါတယ်။ တော်လှန်ရေးကောင်စီ အစိုးရခေတ်ဖြစ်ပါတယ်။ ဒေါက်တာမောင်မောင် ဦးဆောင်တဲ့ အစိုးရရုံးက ၁၉၆၃ ခုနှစ် မှ ၁၉၇၃ ခုနှစ် မတိုင်မီ Land Mark rulling စံထားရမည့် စီရင်ထုံးများစွာကို ထုံးပြုခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်မှာ စီရင်ထုံး နှစ်တွဲခွဲပြီး ထုတ်ဝေရတဲ့အထိများပြားခဲ့ပါတယ်။

မြန်မာဗုဒ္ဓဘာသာဥပဒေ ယခုအခါ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေလို့လူသိများတဲ့ ဥပဒေ ကျမ်းကို ပြုစုခဲ့တဲ့ ဒေါက်တာအေးမောင်ဟာလည်း တရားရေးလောကအတွက် ကျေးဇူးရှိသူတစ်ဦးဖြစ်ပါတယ်။

တရားသူကြီး ဦးသက်ဖေကတော့ ဒီဘက် ခေတ်မှာ ပြစ်မှုဆိုင်ရာဥပဒေအကြောင်း သိကောင်းစရာ၊ သက်သေခံ ဥပဒေအကြောင်း သိကောင်းစရာ၊ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေစာအုပ်တွေ ရေးသားပြုစုပြီး ဥပဒေ ပညာပေးခဲ့ပါတယ်။ ဆရာကြီးရဲ့ စာအုပ်တွေနဲ့ တရားသူကြီးတွေ ၊ ရှေ့နေရှေ့ ရပ်တွေ အလုပ်ဖြစ်နေတာဖြစ်ပါတယ်။ ဆရာကြီးဟာ ဒေါက်တာမောင်မောင်တို့နဲ့အတူ အရေးပါတဲ့စီရင်ထုံးတွေ ရေးသားထုံးဖွဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ဦးစိုးညွန့်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး (ငြိမ်း)
တရားရေးဂျာနယ် အတွဲ (၄)၊ အမှတ် (၂)၊ ၂၀၂၄
(စာ-၁၂၈)

#ဥပဒေဗဟုသုတ
#အလုပ်သင်ရှေ့နေ

တရား​ရေးသမိုင်းအကျဉ်း (အပိုင်း-၁)**********************************မြန်မာနိုင်ငံတရားစီရင်ရေးသမိုင်းအကျဉ်းပြောမှာဖြစ်ပါတယ...
23/11/2025

တရား​ရေးသမိုင်းအကျဉ်း (အပိုင်း-၁)
**********************************

မြန်မာနိုင်ငံတရားစီရင်ရေးသမိုင်းအကျဉ်းပြောမှာဖြစ်ပါတယ်။ ခေတ်ကြီး ၅ ခေတ် တရားစီရင် ရေးသမိုင်းမှာ တို့မြန်မာတွေမညံ့ခဲ့ဘူး။ ခေတ်အလျောက် တော်တဲ့သူတွေပေါ်ထွက်ခဲ့တယ်ဆိုတာကိုပဲ အဓိကပြောချင်ပါတယ်။ တရားစီရင်တာ ရှေးမြန်မာမင်းများလက်ထက်ကတည်းကရှိခဲ့တာပါ။ အင်္ဂလိပ်ကိုလိုနီခေတ်မှာ အင်္ဂလိပ်တွေက မြန်မာနိုင်ငံမှာ High Court of Judicature တရားရုံးချုပ်နဲ့ ရုံးအဆင့်ဆင့်တည်ထောင် ပြီး တရားစီရင်ခဲ့ရာမှာ အင်္ဂလိပ်လူမျိုးတွေ ဘဲ တရားရုံးချုပ် တရားသူကြီးတွေဖြစ်ကြ တယ်။တော်ရုံတန်ရုံဥပဒေ တတ်ရုံနဲ့ တရားရုံးချုပ်တရားသူကြီး မဖြစ်နိုင်ပါဘူး။ မြန််မာထဲက ကိုလိုနီခေတ်မှာ Hight Court Judge ပထမဆုံးစဖြစ်တာ ဆာမောင်ခင် ဖြစ်ပါတယ်။ ဒုတိယက ဦးမေအောင်၊ တတိယက ဦးဘိုးဟန်၊ စတုတ္ထက ဆာဂျေအေမောင်ကြီး၊ ပဉ္ဉ္စမက ဦးမြဘူးဖြစ်ပါတယ်။ ဦးမေအောင်ဟာ အင်မတန် တော်တဲ့တရားသူကြီးဖြစ်ပါတယ်။ အင်္ဂလိပ် တရားသူကြီးတွေအားလုံးက ဦးမေအောင်ရေးတဲ့ Burmese Buddhist Law စာအုပ်ကို မလွတ်တန်းဖတ်ကြရတယ်ပြောပါတယ်။ အင်္ဂလိပ်တွေနဲ့တန်းတူ တရားသူကြီး လုပ်နိုင်စွမ်းရှိတဲ့မြန်မာလူမျိုးများဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေရတော့ Union Judiciary Act ကို ပြဌာန်းပြီး Chief Court နဲ့ တရားရုံးများဖွဲ့စည်းပြီး တရားစီရင်ရေစနစ်စတင်ဖော်ဆောင်ခဲ့ပါတယ် တရားရံုးချုပ်မှာ ဆာဘဦး ၊ ဒေါက်တာအေးမောင်၊ ဦးကျော်မြင့်တို့ ၃ ဦးပဲ တရားသူကြီးများ ဖြစ်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက် ၁၉၇၂ ခုနှစ် ပြည်သူ့တရားစီရင်ရေးစနစ်မပေါ်မီအထိ မြန်မာနိုင်ငံတရားစီရင်ရေးသမိုင်းမှာ စံထားလောက်တဲ့ တရားသူကြီးတွေ ပေါ် ပေါက်ခဲ့ပါတယ်။ ဦးသိမ်းမောင်၊ ဦးသောင်းစိန်၊ ဦးဘိုကြီး ၊ ဦးစိန် သင်း၊ ဦးသက်ဖေ၊ ဒေါက်တာမောင်မောင် တို့ဟာ ထင်ရှားတဲ့ ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ် ။

ဦးစိုးညွန့်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး (ငြိမ်း)
တရားရေးဂျာနယ် အတွဲ (၄)၊ အမှတ် (၂)၊ ၂၀၂၄
(စာ-၁၂၇)

ပထမသတင်းပေးတိုင်တန်းချက်[ FIR ] (သို့) တိုင်ချက် အကြောင်းလေ့လာဆွေနွေးဖော်ပြပေးသွားပါမယ်။တိုင်ချက် (သို့မဟုတ်) FIR လို့အခ...
23/04/2025

ပထမသတင်းပေးတိုင်တန်းချက်[ FIR ] (သို့) တိုင်ချက် အကြောင်းလေ့လာဆွေနွေးဖော်ပြပေးသွားပါမယ်။

တိုင်ချက် (သို့မဟုတ်) FIR လို့အခေါ်များပါတယ်။

FIR ဟာ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄ အရ ရဲအရေးပိုင်သောအမှုအခင်းများတွင် သတင်းပေးခြင်း၊ သတင်းပေးချက်ရယူခြင်းလို့ သာမန်မှတ်ယူနိုင်ပါတယ်။

တိုင်ချက်ကို နှုတ် ၊ စာတို့ဖြင့်ပေးနိုင်ပါတယ်။

( နှုတ်ဖြင့် )ပေးတဲ့အခါ ရဲအရာရှိ (သို့) သူ့ညွှန်ကြား ချက်ရသူက စာဖြင့်ရေးရမယ်။ တိုင်တန်းသူကိုဖတ်ပြပြီး လက်မှတ်ရေးထိုးခိုင်းရမှာပါ။

( စာဖြင့် ) ဆိုတာကတော့ တိုင်စာနဲ့ တိုင်တန်းခြင်းမျိုးပါ။ တိုင်တန်းသူက လက်မှတ်ရေးထိုးရပါမယ်။

ဒီနေရာမှာ FIR ပေါ်မှာ သူတင်းပေးချက်ရေးဖွင့်လျှင်FIR ပေါ်ရှိ တိုင်တန်းသူ နေရာတွင်လက်မှတိရေးထိုးရပြီး ၊ တိုင်စာနှင့် တိုင်တန်းသည့်အခြေအနေတွင် FIR အပေါ်သို့ မိတ္တူပြန်ကူးရေးသည်ဖြစ်၍ တိုင်တန်းသူနေရတွင် ကြက်ခြေခတ်များပြကာ လက်မှတ်ရေးထိုးရန်မလိုပါ။

ပိုမိုရှင်းလင်းအောင်ရေးသားရပါက တိုင်စာပါလျှင် တိုင်စာပေါ်တွင်သာ တိုင်တန်းသူလက်မှတ်ပါမည်ဖြစ်ပြီး FIR တွင်ပါမည်မဟုတ်ပါ။ ( အများအားဖြင့်တိုင်စာပါလေ့ရှိပါတယ်)

တိုင်စာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ FIR ဇယားကွက်များ၏ ကျောဘက်တွင်သာ ရေးသားလေ့ရှိပါသည်။

FIR သည် ရာဇဝတ်မှုတစ်ခု၏ အသက်ဖြစ်၍ တိုင်ချက်အား ဖတ်ရှု့ကြည်ရုံနှင့် အမှုအကျဉ်းချုပ် အားသိရှိနိုင်မည်ဖြစ်သည်။

ပထမသတင်းပေးတိုင်တန်းချက် (FIR) ဇယားတွင် အဓိကထားလေ့လာရမည့်အချက်များ
••••••••••••••••••••••••••••••••••••••••
• သက်ဆိုင်ရာရဲစခန်း (ပ) နံပါတ်[ ညာထိပ်ထောင့်]

• တိုင်တန်းသည့် နေ့ရက် နှင့် အချိန်
[ ပထမဇယားအလယ် ]
- အခင်းဖြစ်ပွားချိန် နှင့် တိုင်တန်းသည့်အချိန် ကွာခြားမှု ရှိနိုင်သောကြောင့် ဖြစ်သည်။

• တိုင်တန်းသူ အမည် ၊ မှတ်ပုံတင်
[ ပထမဇယား ညာထောင့်]
- တရားလိုအား သိရှိနိုင်မည်ဖြစ်သည်။

• တိုင်တန်းသည့် အမှုအမျိုးအစား နှင့် ပုဒ်မ
[ ဒုတိယဇယား ဘယ်ထောင့်]
- အမှုဖွင့်သည့် ဥပဒေ နှင့် ပုဒ်မအား သိရှိနိုင်မည်ဖြစ်သည်။

• ကျူးလွန်ပုံ ကျူးလွန်နည်း
[ တတိယဇယား ညာထောင့် ]
- ဓားဖြင့်ထိုးတာလား၊ ဆဲတာလား၊ ဆေးမိတာလား၊ လိမ်လည်တာလား သိရှိနိုင်ရန်ဖြစ်သည်

• အမှုစစ်ဆေးသူ ( အမှုစစ်ဖြစ်သည် )
[ စတ္တုထဇယား ပထမအကွက်]

• တရားခံ မိ/မမိ
[ စတ္တုထဇယား ဒုတိယအကွက်]
- နှစ်ယောက်မှာတစ်ယောက်ကပြေးနေတာလား
သိရှိနိုင်ဖြစ်သည်။

• တရားခံအမည်၊အသက်၊မှတ်ပုံတင်၊အလုပ် အကိုင် နှင့် နေရက်
[ စတ္တုထဇယား တတိယအကွက်]
တို့ဖြစ်ကြပါတယ်။

{ နောက်ကျောတွင်ရေးသားချက်အတွက် လေ့လာဆွေးနွေးသွားပါဦးမည် }

#ပထမသတင်းပေးတိုင်တန်းချက်
#တိုင်ချက်
# FIR
#ရာဇဝတ်မှု

18/04/2025

ဥပဒေကျောင်းသား/သူများအတွက်

သင်ရဲစခန်းတွင် အမှုဖွင့်သွားရောက်တိုင်တန်းသည့်အခါ ရဲအရာရှိများက ဘယ်လိုဆောင်ရွက်သလဲ?- သင်ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းရန...
17/04/2025

သင်ရဲစခန်းတွင် အမှုဖွင့်သွားရောက်တိုင်တန်းသည့်အခါ ရဲအရာရှိများက ဘယ်လိုဆောင်ရွက်သလဲ?

- သင်ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းရန် သွားရောက်အခါ ရဲစခန်းတွင် တာဝန်မှူးကျသူ ရဲအရာရှိ နှင့် တွေ့ဆုံရမည်ဖြစ်သည်။

- ၄င်းအရာရှိမှ ဖြစ်ပျက်သည့်ကိစ္စရပ်များ မေးမြန်းကာ တိုင်စာရယူမည်ဖြစ်သည်။

- တိုင်စာရှိပါက တိုင်တန်းသူက လက်မှတ်ရေးထိုးရမည်။

- ထို့နောက်အဆိုပါတိုင်စာအား စခန်းမှုးထံတင်ပြပြီး အကြောင်းအရာအပေါ်မူတည်ကာ မည်သည့်ပုဒ်ဖြင့် အမှုဖွင့်ပေးရန် သဘောထားမှတ်ချက်ပြုသည်။ တာဝန်ကျအရာရှိသည် အမှုစစ် ဖြစ်သည်။

- တိုင်ချက် (ပထမသတင်းပေးတိုင်တန်းချက်) အား ရေးဖွင့်ကာ ရဲစခန်း၏ (ပ) နံပါတ်ဖြင့်စာရင်းသွင်းမည်ဖြစ်သည်။

- အမှုစစ်မှ မျက်မြင်သက်သေ (လူ / စာရွက်စာတမ်းများ) မေးမြန်းသည်။

- စာရွက်စာတမ်းပါလျှင် ရဲအရာရှိမှ ရှာဖွေပုံစံဖြင့် သက်သေ ၂ ဦီးရှေ့သိမ်းဆည်းသည်။ အပ်ပေးသူက လက်မှတ်ထိုးရသည်။

- ရဲအရာရှိမှ စွပ်စွဲခံရသူအား ဖမ်းဆီးနိုင်ရန် ဆောင်ရွက်ရသည်။ ဖမ်းဆီးမိပါက တရားရုံးတွင် ချုပ်မိန့် (ရီမန်) တောင်းခံရသည်။

- လူသတ်မှု /နာကျင်စေမှု / မုဒိမ်းမှု စသည်တို့တွင်
ရဲအရာရှိက အစိုးရဆေးရုံ၏ ဆေးစာ၊ ဓာတုဗေဒဝန်ရုံး ပြန်ကြားစာ ထင်မြင်ချက်တောင်းခံရသည်။

- အခြားအမှုအခင်းများတွင် ဝန်ကြီးဌာန၏ တရားစွဲဆိုခွင့်ပြုမိန့် တောင်းခံရသည် (ဥပမာ ဆက်သွယ်ရေးဥပဒေ)

-တိုင်တန်းသူဘက်များသက်သေများအား ခေါ်ယူစစ်မေးသည်။ မြေပုံကြမ်းရေးဆွဲရသည်။

- လောင်းကစားမှု / မူးယစ်ဆေးဝါးမှု စသဖြင့် အမှု များတွင်တော့ ဖမ်းဆီးခံရသူက ရှာဖွေပုံစံဖြင့် အပ်ပေးရလေ့ရှိသည်။

- စွပ်စွဲခံရသူအား ဖမ်းဆီးပြီးသည့်နေရက်မှစပြီး ထောင်ဒဏ် ၇ နှစ်အောက် အမှုများအတွက် ၁၅ ရက် ၊ ၇ နှစ် နှင့် အထက် အမှုများအတွက် ၃၀ ရက် ချုပ်မိန့်ရရှိမည်ဖြစ်သည်။

- ရဲအရာရှိက အဆိုပါသက်မှတ်ရက်အတွင်း အမှုတည်ဆောက်ကာ သက်ဆိုင်ရာမြို့နယ်ဥပဒေရုံးတွင်း ဥပဒေအကြံပြုချက်တောင်းခံရသည်။

- အမှုစစ်ရဲအရာရှိက ဥပဒေအကြံပြုချက်အတိုင်း တရားရုံးတွင် တရားစွဲဆိုရသည်။

- အထက်ပါ သတ်မှတ်ရက်အတွင် တရားစွဲဆိုရန် သက်သေအထောက်အထားမပြည့်စုံပါက စွပ်စွဲခံရသူအား လွှတ်ပေးရသည်။

- တရားရုံတွင် တရားစွဲဆိုပြီးပါက သက်ရာဆိုင်
တရားခွင်တွင် အမှုရင်ဆိုင်ရမည်ဖြစ်ပါသည်။

အများပြည်သူ နှင့် ဥပဒေကျောင်းသားများအတွက်ရည်ရွယ်ပါသည်။
ဆက်လက်လေ့လာပါဦးမည်။

လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် မန္တလေးသင်္ကြန်ပုံရိပ်များ 💛💛၂၀၂၅ ထိုင်းသင်္ကြန်၏ မူရင်း  #အမြတ်တနိုးစိတ်ဖြင့်ကူးယူဖော်ပြသည်...
14/04/2025

လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် မန္တလေးသင်္ကြန်ပုံရိပ်များ 💛💛

၂၀၂၅ ထိုင်းသင်္ကြန်၏ မူရင်း

#အမြတ်တနိုးစိတ်ဖြင့်ကူးယူဖော်ပြသည်။

စစ်ကိုင်း 🙏🏻
30/03/2025

စစ်ကိုင်း 🙏🏻

23/03/2025

အများ၏ ယုံကြည်မှုကိုတည်ဆောက်ပါ။

ဥပဒေပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုသူ များသည် ဥပဒေပညာရပ်တွင် နှံစပ်ကျွမ်းကျင် သင့်ရုံသာမက အမှုသည် (သို့) အများ​၏ ယုံကြည်မှုကိုတည်ဆောက်မှာ အရေးကြီးကြောင်း တစ်ဦးတည်းအမြင်ဖြင့်ထင်မြင်မိပါတယ်။

Powell Principles အရ ယုံကြည်မှုတည်ဆောက်ရမှာ ယုံကြည်အားထားဖွယ် အရည်အချင်း ၊ ကိုယ်ပိုင်အရည်အသွေးများကို ပြသသောအားဖြင့် တည်ဆောက်သင့်ပါတယ်။

အရည်အချင်း ၊အရည်အသွေးဆိုရာမှာလဲ စွမ်းရည်၊ ကိုယ်ကျင့်သိက္ခာ၊ သတ္တိ၊ သစ္စာရှိမှု နှင့် ယုံကြည်မှု ရှိခြင်းတို့ပါပဲ။

လူတွေဟာ တစ်စုံတစ်ရာအတွက် ရပ်တည်တတ် သည့် ကိုယ်ကျင့်သိက္ခာရှိသးများကို ယုံကြည်တတ်ကျတယ်။

သတ္တိဆိုတာဟာလည်း ကိုယ်ကျင့်သိက္ခာမကောင်း ဘဲဖြစ်မလာပေ။

သစ္စာရှိမှုသည် အထက်၊ အောက်၊ ဘေး လမ်းသုံးသွယ်အပေါ်ကိုညွှန်းကြောင်း ( အနိမ့်၊ အမြင့် ၊ အလတ် မရွေးကို ဆိုလိုခြင်းဖြစ်နိုင်) မှတ်ယူနိုင်ပါတယ်။

ယုံကြည်မှုရှိခြင်းသည် လွန်ကဲလျှင် အတ္တမာန (Ego) ပြဿနာဖြစ်လာစေပြီး ယုံကြည်မှုတည်ဆောက်၍ မိမိရည်မှန်းချက် ရောက်ကိုရောက်ရမယ်ဆိုတဲ့ အတ္တမာန်ဖြင့် ယုံကြည်မှုကို ပေါင်းစပ်သင့်ပါတယ်။


04/05/2022

# # ဥပဒေ၊ ဟန်ချက်၊ အလှတရား # #

ဥပဒေပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသော မိတ်ဆွေတစ်ဦးနှင့် စကားပြော ဖြစ်သည်။ ထိုမိတ်ဆွေက ဥပဒေပညာကို ဝါသနာမပါဘဲ ဥပဒေဘာသာရပ် အထူးပြုဖြင့် တက္ကသိုလ်တက်ဖြစ်သည့်အကြောင်း ပြောသည်။

သူက ဥပဒေဘာသာရပ်ကို ဝါသနာ လုံးလုံးမပါသော်လည်း အခြေခံပညာအထက်တန်း အောင်မြင်သည့် အမှတ်ဖြင့် တက္ကသိုလ် ဝင်ခွင့် လျှောက်ထားရာတွင် ဖခင်ဖြစ်သူ၏ ဆန္ဒအရ ဥပဒေဘာသာရပ်ကို ထည့်သွင်း လျှောက်ထားခဲ့ရသည်ဟု ပြောသည်။ ဥပဒေဘာသာရပ်၏ အထက်တွင် ဦးစားပေးအဖြစ် အခြားဘာသာရပ်များ လျှောက်ထားခဲ့သော်လည်း ထိုဘာသာရပ်များနှင့် ကပ်၍ လွဲချော်ခဲ့ ရပြီး ဥပဒေဘာသာရပ်နှင့် တည့်တည့် ကံဆုံခဲ့ရကြောင်း ပြောသည်။

ဥပဒေဘာသာရပ် သင်ကြားရင်း ဥပဒေနှင့် စပ်လျဉ်းသည့် အတွေးအခေါ်၊ အယူအဆ၊ အချိတ်အဆက်များကို တအံ့တဩဖြစ်ရကြောင်း ပြောသည်။

ရာဇသတ်ကြီးပါ ပြစ်မှုများ၊ ပြစ်မှုအင်္ဂါရပ်များ၊ ကင်းလွတ်ရမြဲအချက်များ၊ ရာဇဝတ်ကျင့်ထုံးဥပဒေပါ တရားခံကို ထိခိုက်နစ်နာမှု မရှိစေရန် စဉ်းစားပေးထားသော တရားမျှတမှုဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ တရားမကျင့်ထုံးဥပဒေတွင် ရာဇဝတ်မှုနှင့် မတူညီဘဲ အမှုသည်များအား တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိရန် ဆောင်ရွက် ထားသော ပြဋ္ဌာန်းချက်များ၊ အမှုစစ်ဆေးရာတွင် ကျင့်သုံးရန် ပြဋ္ဌာန်းထားသော သက်သေခံ ဥပဒေပါ မျှတမှုအလှတရားများကို သင်ကြားလေ့လာရင်း ဥပဒေပညာ၏ နက်ရှိုင်းမှုကို ခံစားမိလာရသည်ဟုဆိုသည်။

သူက သိပ္ပံပညာ ဖန်တီးခြင်းထက် ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံး၊ တရားမ ကျင့်ထုံး၊ သက်သေခံအက်ဥပဒေ၊ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊ ပဋိညာဉ်အက်ဥပဒေ၊ သီးခြားသက်သာခွင့်အက်ဥပဒေ စသည့် ဥပဒေများကို အစွန်းမထွက်၊ အစွန်းမရောက် မျှမျှတတ ရေးဆွဲခဲ့ခြင်းကို ပို၍ အံ့ဩမိသည်ဟု ဆိုသည်။

ရာဇသတ်ကြီးတွင် ပြစ်ဒဏ်သတ်မှတ်ချက်နှင့် စပ်လျဉ်း၍ အမြင့်ဆုံး သေဒဏ်အထိ ပြဋ္ဌာန်းထားသော်လည်း ထောင်ဒဏ်အနည်းဆုံး မည်ရွေ့မည်မျှ ချမှတ်ရမည်ဟု ပြဋ္ဌာန်းချက် မပါရှိကြောင်း သတိပြုမိသည်ဟု သူကဆိုသည်။ ရာဇသတ်ကြီးတွင် ထောင်ဒဏ် မလွဲမသွေ ချမှတ်ရမည်ဟုသာ ပြဋ္ဌာန်းထားသည်။ အနည်းဆုံး ချမှတ်ရမည့် ပြစ်ဒဏ်ပမာဏ ကန့်သတ်ချက် မတွေ့ရှိရ။ မည်သို့သောအတွေး၊ မည်သို့သောအမြင်ဖြင့် ထိုသို့ စဉ်းစား ထားသနည်း။ တရားမျှတမှုအလို့ငှာ အနက်ရှိုင်းဆုံး စဉ်းစားခဲ့ကြသည်ဟု ခံစားမိကြောင်း သူကပြောသည်။
××××××××××××××××××××××××××××××

“ မည်သည့်ပြစ်မှုကျူးလွန်လျှင် မည်သည့်ပြစ်ဒဏ်မျိုးကိုသာ ချမှတ်ရမည်ဟု ပုံသေကားချ သတ်မှတ်ထား၍ မရနိုင်ပေ။ အမှုတွင် ပေါ်ပေါက်လျက်ရှိသော အကြောင်း ခြင်းရာ၊ အချိန်အခါ၊ အမှုအမျိုးအစားကို လိုက်၍ အပြစ်ဒဏ် အနည်းအများ သတ်မှတ် ရသည်။ ထို့ကြောင့်ပင်လည်း ရာဇဝတ်မှုများ၌ အပြစ်ဒဏ်ကို ပြဌာန်းရာတွင် အနည်းငယ် မျှသော ပြစ်မှုများမှအပ အနည်းဆုံးချမှတ်ရမည့် အပြစ်ဒဏ်ကို သတ်မှတ်ထားလေ့ မရှိဘဲ အများဆုံး အပြစ်ဒဏ်ကိုသာ သတ်မှတ်ထားသည်ကို တွေ့မြင်နိုင်ပေသည်။ အကြောင်းမှာ တရားရုံးအနေဖြင့် အပြစ်ဒဏ် သတ်မှတ်ရာ၌ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း၊ အကြောင်းခြင်းရာ၊ အချိန်အခါ၊ အမှုအမျိုးအစားနှင့် အခြားအချက်အလက်များအပေါ် ညှိနှိုင်း၍ ချင့်ချင့်ချိန်ချိန် အဆုံးအဖြတ်ပြုနိုင်ရန်ပင်ဖြစ်သည်။”

မစ္စချန်ဒရာမာယာ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမှု၊ ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ − ၁၄၄၈ တွင် ဆုံးဖြတ်ထုံးဖွဲ့မှုဖြစ်သည်။ အနည်းဆုံးပြစ်ဒဏ် သတ်မှတ်မထားခြင်းမှာ တရားရုံးအနေဖြင့် ချင့်ချင့်ချိန်ချိန် ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ တစ်နည်းအားဖြင့် ဆင်ခြင်တုံတရားကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရန်ဖြစ်သည်။ အဆိုပါအမှုတွင် အောက်ပါအတိုင်း ဆက်လက်သုံးသပ် ဆုံးဖြတ်ထားသည် −
“ တစ်နည်းဆိုသော် အပြစ်ဒဏ်သတ်မှတ်သော ကိစ္စမှာ တရားရုံး၏ ဆင်ခြင်တုံ တရား လက်ကိုင်ထားကာ ဆုံးဖြတ်ရသော ကိစ္စဖြစ်သည်။ ယင်းသို့ ဆင်ခြင်တုံတရား လက်ကိုင်ထားကာ လိုလျင် လိုသလို အတိုးအလျှော့ပြုလုပ်၍ သတ်မှတ်ရသည့်ကိစ္စတွင် မူသေချမှတ်ပေးရန် မဖြစ်နိုင်ပေ။”
××××××××××××××××××××××××××××××

သာမန်အားဖြင့်ဆိုလျှင် ရာဇဝတ်မှုတစ်ခုသည် စုံစမ်းသည်၊ စစ်ဆေးသည်၊ ဆုံးဖြတ်သည်၊ စီရင်သည် ဆိုသည့် အဝန်းအဝိုင်းအတွင်း ရှိသည်ဟု ဆိုရမည်။ သို့ရာတွင် မူလစီရင်ဆုံးဖြတ်ချက်တစ်ရပ်အပေါ် တင်သွင်းကြသည့် အယူခံမှု၊ ပြင်ဆင်မှုတို့ကိုလည်း ထိုအဝန်းအဝိုင်းအတွင်း ထည့်သွင်းမှသာ ပြည့်စုံပေလိမ့်မည်။ ရာဇဝတ်မှုတစ်မှု စစ်ဆေးစီရင် ဆုံးဖြတ်ခြင်းသည် မူလအမှုသာမက အယူခံမှု၊ ပြင်ဆင်မှု ဆိုသည့် ဖြစ်စဉ်ကိုပါ ထည့်သွင်း၍ တစ်ပေါင်းတည်း၊ တစ်ဆက်တည်း စဉ်းစားရန် လိုသည်။

ပြစ်ဒဏ်အနည်းဆုံး မသတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ တရားရုံးက ဆင်ခြင်တုံတရား ချင့်ချင့်ချိန်ချိန် သုံးစွဲနိုင်ရန်ဆိုသည်မှာ ရာဇဝတ်မှုတစ်ခု စစ်ဆေးစီရင်ရာတွင် မူလ စီရင်ဆုံးဖြတ်ခြင်းသာမက အယူခံမှု၊ ပြင်ဆင်မှုတို့တွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ အရပ်ရပ်ကိုလည်း အကျုံးဝင်စေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်းကိုလည်း တရားရုံးများ လက်စွဲ အပိုဒ် ၇၀၈ နှင့် ဆက်စပ် စဉ်းစားလျင် တွေ့ရှိနိုင်သည်။

တရားရုံးများလက်စွဲ အပိုဒ် ၇၀၈ တွင် “ တရားခံတစ်ဦးကို မူလစစ်ဆေးစီရင်မှုတွင် ထောင်ဒဏ် ချမှတ်ရာ၌ အထက်တရားရုံးက အယူခံတွင်ဖြစ်စေ၊ ပြင်ဆင်မှုတွင်ဖြစ်စေ အမှုကို ပြန်၍ စစ်ဆေးစီရင်စေရန် အမိန့်ချမှတ်သောအခါ၊ ထို့ပြင် ပြန်၍ စစ်ဆေး စီရင်ရာ၌လည်း တရားခံကို ထောင်ဒဏ်တဖန် ချမှတ်သောအခါ နောက်ချမှတ်သော ထောင်ဒဏ်သည် ပြန်၍ စစ်ဆေးစီရင်သည့် အမှုတွင် စီရင်ချက်ချမှတ်သောနေ့မှ အစပြုရမည်ဖြစ်၍ မူလစီရင်ချက် ချမှတ်သောနေ့မှ အစမပြုရ။ ထို့ပြင် မူလအမှုတွင် စီရင်ချက် ချပြီးနောက် ပြန်၍စစ်ဆေးစီရင်ရန် အမိန့်မချမှတ်မီက ထောင်ဒဏ်ခံပြီး ဖြစ်သောကာလကို ပြန်၍ စစ်ဆေးစီရင်ရာ၌ ချမှတ်သည့် ပြစ်ဒဏ်စီရင်ချက်အတွက် ထည့်သွင်း ရေတွက်ခြင်း မပြုနိုင်။ သို့သော်လည်း ပြန်၍ စစ်ဆေးစီရင်သောအမှု၌ စီရင်ချက် ချမှတ်သောအခါ တရားခံ အကျဉ်းထောင်တွင် နေခဲ့ရသောကာလ သို့တည်းမဟုတ် အချုပ်နှင့် နေခဲ့ရသောကာလကို ထောက်ထား ဆင်ခြင်နိုင်သည်။” ဟု ပြဋ္ဌာန်းထားသည်။

အမှုကို ပြန်၍စစ်ဆေးစီရင်ရန်(retrial) ဆိုသည်မှာ အမှုကို အစမှ ပြန်လည်စစ်ဆေး ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အမှုကို အသစ်ပြန်၍စစ်ဆေးစီရင်ခြင်း(new trial) ဖြစ်သည်။ တရားရုံးများလက်စွဲ အပိုဒ် ၁၁၂၇ တွင် ပြညွှန်ချက်အရ အသစ်ပြန်၍ စစ်ဆေး စီရင်သော အမှုတွဲမှာ သီးခြားနံပါတ်ဖြင့် မှတ်ပုံတင်ရမည့် သီးခြားအမှုတွဲတစ်ရပ် ဖြစ်ရမည်။ ဆိုလိုသည်မှာ အမှုကို ပြန်၍စစ်ဆေးစီရင်(retrial)သောအခါ မူလစစ်ဆေးစီရင်မှုမှာ ပျက်ပြယ်သွားပြီး ထိုစဉ်က ချမှတ်သော ပြစ်ဒဏ်သည်လည်း ဥပဒေနှင့်ညီညွတ်သော ပြစ်ဒဏ် မဟုတ်တော့ပေ။
မူလ စစ်ဆေးစီရင်မှု အတွက် တရားခံသည် အကျဉ်းထောင်တွင် နေခဲ့ရသည့် ကာလ သို့မဟုတ် အချုပ်ဖြင့် နေခဲ့ရသော ကာလ ရှိခဲ့မည်ဆိုပါက အမှုကို ပြန်၍ စစ်ဆေးစီရင် (retrial)၍ ပြစ်မှုထင်ရှား စီရင်ရန် ပေါ်ပေါက်လျှင် ထိုကာလကို ထုတ်နုတ်ခွင့် ရှိတော့မည် မဟုတ်ပေ။ သို့သော် ထုတ်နုတ်ခွင့် မရှိလျှင် အမှန်တကယ် ဖြစ်ပေါ်ခဲ့ရသည့် ထိုကာလ အတွက် တရားမျှတမှု ရှိမည်မဟုတ်ပေ။ တရားမျှတမှု အလို့ငှာ ထိုကာလကို ထောက်ထား ဆင်ခြင်ခွင့် အတွက် တရားရုံးများလက်စွဲ အပိုဒ် ၇၀၈ က လမ်းဖွင့် ပေးထားခြင်း ဖြစ်သည်။

မူလစစ်ဆေးစီရင်မှုတွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရပြီး အမှုကိုပြန်၍စစ်ဆေး စီရင်မှု(retrial)တွင် တရားခံအား ပြစ်မှုထင်ရှားတွေ့ရှိပြီး ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်သင့်သည်ဟု ထင်မြင်လျင် မူလစစ်ဆေးစီရင်မှုတွင် တရားခံ အကျဉ်းထောင်တွင် နေခဲ့ရသောကာလ၊ အချုပ်ဖြင့်နေခဲ့ရသောကာလကိုပါ ထောက်ထားဆင်ခြင်နိုင်ခွင့် ရှိခြင်း အားဖြင့် တရားခံအပေါ် ထောင်ဒဏ် ၅ နှစ် အပြည့်ချမှတ်ရန် လိုအပ်လျင်မှ လိုအပ်တော့မည် ဖြစ်သည်။

မူလစစ်ဆေးစီရင်မှုတွင် ထောင်ဒဏ် ၃ နှစ် ဆိုရာ၌ ထိုကာလ အပြည့်အဝ အကျဉ်းထောင်တွင် နေခဲ့ရခြင်း၊ အချုပ်တွင် နေခဲ့ရခြင်း ဟုတ်လျင် ဟုတ်မည်။ ထိုကာလ အောက် လျော့နည်းလျင်လည်း လျော့နည်းမည်။ အကယ်၍ ထိုစဉ်က အကျဉ်းထောင်၊ အချုပ်တွင် ၁ နှစ် နေခဲ့ရသည်ဆိုလျှင် ယင်းကာလကို ထောက်ထားဆင်ခြင်၍ အမှုကို ပြန်၍စစ်ဆေးစီရင်မှု(retrial)တွင် ချမှတ်သင့်သည့် ထောင်ဒဏ် ၅ နှစ်အစား ထောင်ဒဏ် ၄ နှစ် ချမှတ်ခြင်းဖြင့် တရားလို၊ တရားခံ နှစ်ဦးနှစ်ဖက် တရားမျှတမှုကို ရရှိစေပေလိမ့်မည်။

သို့သော် မူလစစ်ဆေးစီရင်မှုတွင် ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့် ပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ် ဖြစ်ပြီး အမှုကို ပြန်၍စစ်ဆေးစီရင်မှု(retrial)တွင် ပေါ်ပေါက်သည့် ပြစ်မှုသည် အနည်းဆုံးထောင်ဒဏ် ၅ နှစ် ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည့် ပြစ်မှု ဖြစ်နေလျှင် တရားရုံးအနေဖြင့် ယင်းပြစ်မှုအတွက် အနည်းဆုံး ထောင်ဒဏ် ၅ နှစ် မလွဲမသွေ ချမှတ်ရတော့မည် ဖြစ်သည်။ ယင်းကာလထက် လျော့နည်း၍ ချမှတ်နိုင်မည် မဟုတ်ပေ။ ထိုသို့အခြေအနေသည် မူလစစ်ဆေးစီရင်မှုအတွက် အကျဉ်းထောင်၊ အချုပ်တွင် နေခဲ့ရသည့် ကာလကို ထောက်ထားဆင်ခြင်ခွင့် မရှိတော့သည့်သဘော၊ ထောက်ထားဆင်ခြင်ခွင့် မရ တော့သည့် သဘော သက်ရောက်သွားသည်။

သို့ဖြစ်၍ ပြစ်မှုတစ်ခုအတွက် အနည်းဆုံးပြစ်ဒဏ်ပမာဏကို ကန့်သတ်လိုက်ခြင်းဖြင့် အထက်တွင်တင်ပြထားသည့် ပြန်၍ စစ်ဆေးစီရင်မှု(retrial)တွင် တရားရုံးများလက်စွဲ အပိုဒ် ၇၀၈ က မျှော်မှန်းထားသည့် မျှတမှုကို ရရှိရန်ခဲယဉ်းသွားသည်မျိုး ကြုံတွေ့ရနိုင်သည်။

အလားတူ ပေါ်ပေါက်နိုင်သည့် အခြားအခြေအနေတစ်ရပ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်သည်။
ဥပမာအားဖြင့် တရားခံတစ်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က) အရ စွဲချက်တင်ပြီး အမိန့်ချမှတ်ရာတွင် ပုဒ်မ ၁၆(ဂ) အရ ပြောင်းလဲ၍ ထောင်ဒဏ် ၅ နှစ် ချမှတ်သည်။ ထိုအမိန့်အပေါ် နိုင်ငံတော်က ကျေနပ်မှုမရှိ၍ ပြင်ဆင်မှု တင်သွင်းသည်။ ထိုသို့ ပြင်ဆင်မှုတင်သွင်း၍ ကြားနာရန် အဆင့်တွင် တရားခံမှာ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ပြစ်ဒဏ်မှ လွတ်မြောက်သွားခဲ့သည်။

ပြင်ဆင်မှုရုံးက တရားခံမှာ စွဲချက်တင်ထားသည့် မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉(က) ကို ကျူးလွန်သည်ဟု သုံးသပ်တွေ့ရှိသည်။ သို့သော် ထိုသို့ဆိုလျှင် ပြစ်ဒဏ်မှာ ယင်းပုဒ်မ ၁၉(က) အရ အနိမ့်ဆုံး ပြစ်ဒဏ်သည်ပင် ထောင်ဒဏ် ၁၀ နှစ် ဖြစ်သည်။

နိုင်ငံတော်သမ္မတ၏အမိန့်ဖြင့် ပြစ်ဒဏ်ကို လျှော့ပေါ့ပေးသည့်အခါ ထိုသို့ လျှော့ပေါ့ပေးသည့် ပြစ်ဒဏ်ကို တရားရုံးက တိုးမြှင့်ခြင်း မပြုနိုင်၊ တိုးမြှင့်ပေးခြင်း မပြုအပ်၊ တိုးမြှင့်ပေးရန် မသင့်ကြောင်း စီရင်ထုံးများတွင် ထုံးဖွဲ့မှုကလည်း ရှိနေသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆(ဂ) အစား ပုဒ်မ ၁၉(က) အရ အပြစ်ရှိသည်ဟု တွေ့ရှိဆုံးဖြတ်ချက်(Finding) ကို ပြောင်းလဲရန် လိုအပ်သော်လည်း ပြစ်ဒဏ်(Sentence) မှာ မူလ ပြစ်ဒဏ်ထက် များပြားနေသည်ဖြစ်ရာ ထိုအခြေအနေသည် လွတ်ငြိမ်းချမ်းသာခွင့်နှင့်စပ်လျဉ်း၍ စီရင်ထုံးများပါ မျှတမှု မူသဘောများနှင့် ဝိရောဓိအသွင် ဆောင်ခြင်း ရှိ မရှိ စဉ်းစားရန်အကြောင်း ပေါ်နေသည်။

အကယ်၍ ပြစ်ဒဏ် အနည်းဆုံးပမာဏ ကန့်သတ်ချက် မရှိပါလျှင် တရားခံအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က) အရ ပြောင်းလဲ၍ ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကို နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထောက်ထား၍ ယခင် ပုဒ်မ ၁၆(ဂ) အရ အပြစ်ပေးထားသည့် ပြစ်ဒဏ်အတိုင်းသာ ဆက်လက် အတည်ပြုမည်ဆိုလျှင် ဥပဒေနှင့် ညီညွတ်သော၊ ဥပဒေအရ အငြင်းပွားစရာ မရှိသော စီရင်ဆုံးဖြတ်ချက် ဖြစ်ပေလိမ့်မည်။
××××××××××××××××××××××××××××××

တရားရုံးများလက်စွဲ အပိုဒ် ၇၀၈ တွင် ၁၉၆၇ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး၊ စာမျက်နှာ ၃၄၈ နှင့် ၁၉၆၇ ခုနှစ် တရားရုံးများညွှန်ကြားလွှာ အမှတ် ၆ တို့ကို ကြည့်ပါဟု ညွှန်ပြထားသည်ကို တွေ့ရှိရပါသည်။

၁၉၆၇ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး၊ စာမျက်နှာ ၃၄၈၊ ပြည်ထောင်စုမြန်မာနိုင်ငံနှင့် မောင်ထွန်းကြည် အမှု တွင် ပြစ်မှုတစ်ရပ်အတွက် ထောင်ဒဏ် သတ်မှတ်ရာ၌ တရားခံသည် ထိုပြစ်မှုနှင့် ပတ်သက်၍ အချုပ်နှင့် နေခဲ့ရလျှင် ထိုအချုပ်ကာလကို ထောင်ဒဏ်မှ ထုတ်နုတ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းမှာ ယခင်က ကွဲလွဲသော သဘောထား ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုစီရင်ချက် စာမျက်နှာ ၃၅၄ တွင် အောက်ပါ အတိုင်း သုံးသပ်ထားသည် -
“ ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် မောင်ငြိမ်း၊ ၁၉၅၄ မြန်မာနိုင်ငံစီရင်ထုံး (တရားလွှတ်တော်) စာ - ၂၅၄ တွင် တစ်ဦးထိုင် တရားသူကြီးက ပြစ်ဒဏ်သတ်မှတ်ရာတွင် စီရင်ချက်ချသည့်ရက်ကို ကြို၍တရားခံအား စတင်ချုပ်နှောင်သည့်နေ့မှ ရေတွက်စေခြင်း သည် တရားမဝင်ဟု ဆုံးဖြတ်ခဲ့ဘူးလေသည်။ သို့ရာတွင် ရေတွက်လျင် ဥပဒေကို ဆန့်ကျင် သည်ဟု အတိအကျ မဆိုနိုင်ခဲ့ချေ။ လုပ်ရိုးမရှိ၍သာ ထိုသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ဟန်တူသည်။ တရားခံတစ်ဦးအား ပြစ်မှုထင်ရှား တွေ့ရှိသည့်နေ့မှ စ၍သာ ပြစ်ဒဏ်ပေးနိုင်သည် ဟူသော သဘောလည်း ပါဝင်ခဲ့ဟန်တူသည်။ သို့ရာတွင် ကျယ်ပြန့်စွာ စဉ်းစားလျင် မှုခင်းတရပ် အတွက် တရားခံတစ်ဦးအား ဖမ်းဆီးခြင်း၊ ရုံးတင်၍ ရီမန်ယူခြင်း၊ စစ်ဆေးစီရင်ခြင်း တို့သည်ပင် ရာဇဝတ်တရားစီရင်ရေး အာဏာအရ လုပ်ကိုင်ခြင်း မဟုတ်လော၊ ပြစ်မှုထင်ရှား မတွေ့ရမခြင်း တရားခံတစ်ဦးသည် အပြစ်ကင်းသည်ဟု ယူဆကာ ၎င်းအား ချုပ်နှောင်ခြင်း မပြု၊ အလွတ် ထုချေစေခဲ့မူ သင့်မြတ်ပါ၏။ သို့ရာတွင် ချုပ်လည်း ချုပ်ခဲ့သည်။ ပြစ်မှုထင်ရှား တွေ့ရှိသောအခါမူ ယခင်အချုပ်ကာလကို ထည့်သွင်းခြင်း မပြုရဟု ဆိုလျင် စေတနာ သဘောထားနှင့် လက်တွေ့ဖြစ်ရပ်တို့ များစွာ ကွာခြားမည်သာတည်း။”
“အားလုံးကို ခြုံ၍ကြည့်လျှင် ပြစ်မှုတရပ်အတွက် ထောင်ဒဏ် သတ်မှတ်ရာတွင် အကယ်၍ တရားခံသည် ထိုပြစ်မှုနှင့် ပတ်သက်၍ အချုပ်နှင့်နေခဲ့ရလျင် ထိုအချုပ်ကာလကို ထောင်ဒဏ်မှ ထုတ်နုတ်အပ်သည်ဟု ကျွန်ုပ်တို့ ဆုံးဖြတ်သည်။ ဤသို့ ဆုံးဖြတ်ခြင်းသည် တည်ရှိနေသော ဥပဒေများနှင့်လည်း မဆန့်ကျင်။ လုပ်ထုံးကို ပိုမိုရှင်းလင်း တိကျစေအောင် နှင့် တသမတ်တည်း ညီညွတ်စေအောင် ပြုပြင်ခြင်းသာ ဖြစ်သည်။”

အထက်ပါ စီရင်ထုံးကို ရည်ညွှန်း၍ အချုပ်ကာလကို ထောင်ဒဏ်မှ ထုတ်နုတ်ရန် ၁၉၆၇ ခုနှစ် တရားရုံးများ ညွှန်ကြားလွှာအမှတ် ၆ ကို ထုတ်ပြန်ခဲ့ပါသည်။

တရားခံအနေဖြင့် အမှုဖြင့် ချုပ်နှောင်ခံထားရသည့် အချုပ်ကာလ၊ အကျဉ်းထောင် တွင် နေခဲ့ရသည့်ကာလတို့ကို ဆုံးရှုံးနစ်နာမှု မရှိစေရန် ဆောင်ရွက်နိုင်ခြင်းသည် တစ်ဖက် တွင် တရားမျှတမှုကို ဖော်ဆောင်ခြင်းပင် ဖြစ်သည်။
××××××××××××××××××××××××××××××

ထင်ရှားသော ဥပဒေပညာရှင် ဆရာဦးမြ ရေးသားသည့် သောင်းပြောင်းထွေလာ ဥပဒေပြဿနာ(၇) တွင် ဆရာဦးမြ က ဥပဒေဝန်ထမ်း၏ ခင်ပွန်း ပြောသော ဇာတ်လမ်း တစ်ပုဒ်ကို ပြောပြပါသည်။

တစ်ရွာတည်းနေ မောင်ဖြူ နှင့် မောင်နီ သည် မသင့်မမြတ် ဖြစ်ကြသည်။ တစ်နေ့တွင် မောင်နီက သူနှင့် ပုံပန်း အရပ် အတော်အတန်တူသော မောင်နက် ကို သတ်ပစ်ပြီး မောင်နက်၏ အလောင်းတွင် သူ၏ အဝတ်အစားများ ဝတ်ဆင်ပေးသည်။ မောင်နက်၏ ခေါင်းကို ဖြတ်၍ ဖျောက်ပစ်လိုက်သည်။ ၎င်းလည်း ရွာမှ ထွက်သွားသည်။ မောင်ဖြူ နှင့် မောင်နီ မှာ ရန်ငြိုးရန်စ ရှိကြောင်း ပေါ်ပေါက်နေရာ ပတ်ဝန်းကျင် အထောက်အထားများနှင့် ဆက်စပ်၍ မောင်ဖြူ သည် မောင်နီ ကို လူသတ်မှုဖြင့် ထောင် ၁၀ နှစ် ကျသွားသည်။

မောင်နီမှာ ကြံရည် ဖန်ရည် ရှိ၍ အခြားတစ်နေရာတွင် ကြီးပွား၍ လူချမ်းသာ ဖြစ်သွားသည်။ မောင်ဖြူ ၏ ဇနီးမှာ ဘဝပျက်၍ ခေတ်ဆန်သော မိန်းကလေးအဖြစ် ပြောင်းလဲသွားကာ ကိုယ်နှင့် ရင်းနှီး၍ အသက်မွေးမြူရသော ဘဝသို့ ရောက်ရှိသွားပြီး မထင်မှတ်ဘဲ မောင်နီနှင့် ဆုံသည်။ မောင်နီ ကမူ မောင်ဖြူ၏ မယား ပြောင်းလဲသွားပုံနှင့် ကာလကြာပြီး မမျှော်လင့်သော ဘဝတွင် တွေ့ရခြင်းတို့ကြောင့် မမှတ်မိတော့။ သို့ဖြင့် မောင်နီ တကယ်မသေမှန်း မောင်ဖြူ သိသွားသည်။

မောင်ဖြူ ထောင်က ထွက်လာသောအခါ စုံစမ်းပြီး စားသောက်ဆိုင်တွင် တွေ့ရှိသော မောင်နီ ကို ဓားဖြင့် ထိုးရာ မောင်နီ ပွဲခြင်းပြီး သေသွားသည်။ မောင်ဖြူသည် မောင်နီကို သတ်မှုဖြင့် တစ်ဖန် ထောင်ပြန်ကျလေသည်။ မောင်ဖြူသည် မောင်နီအား သတ်မှုဖြင့် နောက်ထပ်တစ်ကြိမ် ထောင်ဒဏ်အပြစ်ပေးခြင်းမှာ မှန်ပါသလားဟု ဥပဒေအရာရှိ၏ ခင်ပွန်းက မေးခွန်းထုတ်ကြောင်း ဆရာဦးမြက ပြောပါသည်။

အဆိုပါ ပြဿနာတွင် ဆရာဦးမြက လူသတ်မှုတွင် စိစစ်ပုံ စိစစ်နည်းတို့ကို အသေးစိတ် ရှင်းပြပြီး ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ ဆရာဦးမြက ဤသို့ သုံးသပ်ရေးသားသည် -
“ မောင်ဖြူ ထောင်ထဲသို့ နှစ်ကြိမ် ဝင်သွားရသည့် အချက်ကို မျက်ကွယ်ပြု၍ မရနိုင်။ တရားရုံးက မောင်ဖြူ မနစ်နာအောင် ပြစ်ဒဏ် သတ်မှတ်သင့်သည်ကား မငြင်းနိုင်။ ရာဇသတ်ကြီးပုဒ်မ ၃၀၂(၂) အရ ထောင်ဒဏ် တစ်ရက်မှ တစ်သက်အထိ သတ်မှတ်ခွင့် ရှိသည်။ အချို့က တရားသူကြီးအား ထိုမျှ ကွာဟသော ပြစ်ဒဏ်ချမှတ်နိုင်ရန် အာဏာ အပ်နှင်းထားခြင်းမှာ မလျော်ကန်ဟု ဝေဖန်ကြသည်။ အနည်းဆုံးပြစ်ဒဏ် သတ်မှတ်သင့် သည်ဟု ဝေဖန်ကြသည်။ လူသတ်မှု ကျူးလွန်သည့် အခြေအနေ အမျိုးမျိုး ရှိနိုင်ပါသည်။ သို့ဖြစ်၍ ချိန်ဆပြီး ပြစ်ဒဏ်သတ်မှတ်နိုင်ရန် တရားသူကြီးအား လုပ်ပိုင်ခွင့် ပေးရခြင်း ဖြစ်ပါသည်။ သို့မှသာ တရားမျှတအောင် တရားရုံးက ဆောင်ရွက်ပေးနိုင်လိမ့်မည်။”

ဆရာဦးမြက ဆက်လက်၍ စိုးခင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး၊ စာ - ၁၁၁(တရားလွှတ်တော်) အမှု ကိုရည်ညွှန်းပြခဲ့သည်။ ထိုအမှုတွင် ကျည်ဆန်ခွံများ လက်ဝယ်တွေ့ရှိသည့် စိုးခင် အား ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့ရာ အယူခံတွင် တရားလွှတ်တော်က ကျည်ဆန်ခွံတစ်ခွံ လက်ဝယ်ရှိသူအား သေဒဏ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ ချမှတ်နိုင်သည်မှာ မှန်သည်။ သို့သော် သင့်မြတ်မည် မဟုတ်ကြောင်း ထောက်ပြ၍ ဥပဒေကို သင့်သလို ပြင်ဆင်သင့်ကြောင်း အကြံပြုခဲ့သည်။ (နောက်ပိုင်းတွင် ဥပဒေကို ပြင်ဆင်ပေးခဲ့ပါသည်)

ဆရာဦးမြ က ပြစ်ဒဏ်အနည်းဆုံးသတ်မှတ်ရာတွင် နစ်နာမှုများ ရှိတတ်ကြောင်း စိုးခင် အမှုက ညွှန်ပြလျက်ရှိသည်ဟု ရေးသားခဲ့သည်။

ဆရာဦးမြ၏ ရေးသားချက်များသည် စီရင်ဆုံးဖြတ်ချက်များ မဟုတ်ပေ။ သို့ရာတွင် ဥပဒေပညာတွင် ထင်ရှားလှသူတစ်ဦး၏ အတွေးအမြင်ကို အလေးဂရုပြုစေရန် ဖြစ်ပါသည်။
××××××××××××××××××××××××××××××

ဥပဒေများတွင် ပြစ်ဒဏ် အနည်းဆုံး မည်ရွေ့မည်မျှဟု သတ်မှတ် ပြဋ္ဌာန်းလာမှုများ သည် ယင်းပြစ်မှုများ မကျူးလွန်စေရန် ထိရောက်ဟန့်တားသော ပြစ်ဒဏ်တစ်ရပ်မှ စတင်၍ အပြစ်ပေးရန်ဟု ရည်ရွယ်ရင်း ဖြစ်ပါလိမ့်မည်။ တရားရုံး၏ ဆင်ခြင်တုံတရားကို ထိန်းချုပ် လိုခြင်း မဟုတ်ဟု ထင်မြင်မိသည်။

သို့သော် တစ်ဘက်တွင်လည်း တရားရုံးများသည် အမှန်တရား ဖော်ထုတ်ရန်သာ မဟုတ်။ တရားမျှတမှုကိုလည်း ဖော်ဆောင်ရန် တာဝန်ရှိသည်။ တရားရုံးများက တရားမျှတ မှုကို ဖော်ဆောင်နိုင်ရန်အတွက် ဥပဒေများသည် ပြစ်ဒဏ်ပေးရန်သာ မဟုတ်။ တရားမျှတမှု ရှုထောင့်မှလည်း ထည့်သွင်းစဉ်းစားရန် လိုပါလိမ့်မည်။ မျှတမှုကိုပါ ထည့်သွင်းပေါင်းစပ်မှ ဥပဒေတစ်ရပ်သည် ဟန်ချက်ညီပါလိမ့်မည်။ ဟန်ချက်ညီသော ဥပဒေတစ်ရပ်သည် ဥပဒေ၏ အလှတရားကို ဖြစ်ပေါ်စေပါသည်။

သက်ဇော်နိုင်

မူးယစ်ဆေးဝါးလက်၀ယ်ထားရှိခြင်း 💙
21/02/2022

မူးယစ်ဆေးဝါးလက်၀ယ်ထားရှိခြင်း 💙


Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Delta - Legal Knowledges Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Delta - Legal Knowledges Sharing:

Share