NeoSpur

NeoSpur အိမ်ခြံမြေ အကျိုးဆောင် နှင့် ဥပဒေဆိ?

26/02/2022

မြေပုံမြေရာဇဝင်နဲ့ပတ်သက်တဲ့ ဆရာ Kyi Soe (I.C) ရဲ့ မှတ်သားစရာ လက်ရာလေးတစ်ခုပါ

မြေပုံမြေရာဇဝင်ဆိုသည်မှာ
မရွှေ. ဖြစ်တဲ့မြေကို အရောင်းအဝယ်လုပ်ပြီဆိုတာနဲ. မြေပုံမြေရာဇဝင်ဆိုတာ ပါလာပါပြီ။
မြေတစ်ကွက်ကိုဝယ်မယ်ဆိုရင် “မြေပုံမြေရာဇဝင်” ကို အရင်စစ်ဆေးရမယ်လို. ဥပဒေတွေမှာ ပါပါတယ်။
“မြေပုံစာရွက်ရယ်” ၊ “မြေရာဇဝင်စာရွက်ရယ်” နှစ်ရွက်ပေါင်းပြီး မြေပုံမြေရာဇဝင်လို. ခေါ်ကြတာပါ။
မြေပုံမြေရာဇဝင်ကို အသုံးပြုကြတာပုံစံအမျိုးအမျိုးရှိပါတယ်၊ လူသိအများဆုံးကတော့ အိမ်ခြံမြေအရောင်း အဝယ်စာချုပ်ချုပ်တဲ့အခါပေါ့။
စာချုပ်စာတမ်းမှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ (၂၁) တွင်မရွှေ.မပြောင်းနိုင်သော ပစ္စည်းရောင်းဝယ်၊ ပေးကမ်း၊ စွန်.လွှတ်စသည့်စာချုပ်များ မှတ်ပုံတင်ချုပ်ဆိုလျှင် “မြေပုံမြေရာဇဝင်” မပါရှိခဲ့လျှင် လက်ခံချုပ်ဆိုခြင်းမပြုရလို.ပါရှိပါတယ်။
မြေပုံမြေရာဇဝင်ဆိုသည်မှာ နှစ်စဉ်အမြဲပြောင်းလဲအတည်ပြုရေးဆွဲနေရပါသော “မြို.ပြမြေစာရင်း” မှ ကောက်နုတ်ချက်မိတ္တူသာဖြစ်ပါ၍ မှန်ကန်မှုရှိ/မရှိဆိုတာကို အိုးအိမ်ဦးစီးဌာန (သို.) မြို.တော်စည်ပင်တို.တွင်သာ တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။
မြို.နယ်မြေစာရင်းကထုတ်ပေးတဲ့ ပုံစံ ၁၀၅ မြေပုံ။ ပုံစံ ၁၀၆ ကမှမြေရာဇဝင်၊ အဲဒီ (၂)ရွက်ပေါင်းကိုမြေပုံမြေရာဇဝင်လို.ခေါ်ပါတယ်။ မြို.တော်စည်ပင်ကထုတ်ပေးတဲ့ မြေပုံကလေးပါတာကိုမြေပုံ။ မြေရာဇဝင်ပါတဲ့ စာရွက်ကိုမြေရာဇဝင်လို.ခေါ်ပြီး (၂)ရွက်ပေါင်းလိုက်တော့ မြေပုံမြေရာဇဝင် ဖြစ်သွားပါတယ်။
အောက်ပါကိစ္စရပ်များအတွက် သက်သေခံ မြေပုံ-မြေရာဇဝင်(Certified Map) လျှောက်ထားနိုင်ပါသည်။
- အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားရန်
- အဆောက်အအုံ အကြီးစားပြင်ဆင်ခွင့် လျှောက်ထားရန်
- ခြံစည်းရိုးကာရံခွင့် လျှောက်ထားရန်
- အဝီစိတွင်းတူးခွင့် လျှောက်ထားရန်
- ဘဏ်ငွေချေးခွင့် လျှောက်ထားရန်
- မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားရန်
- ကျူးလွန်ခြင်းပြမြေပုံ လျှောက်ထားရန်
- အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- ပစ္စည်းခွဲဝေခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- စွန့်လွှတ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- မေတ္တာဖြင့် အပိုင်ပေးမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- လှူဒါန်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- မြေကွက်လဲလှယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- အမှားပြင်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- မှတ်တမ်းအဖြစ်ထားရှိရန်
ဒီလိုအကန့်အသတ်တွေရှိတယ်
ရွာမြေ၊ ဉယျာဉ်ခြံမြေ၊ စိုက်ပျိုးမြေမှအပ ကျန်မြေအမျိုးအစာများကို မြေပုံမြေရာဇဝင် ရေးကူးပေးသည်။ မြေတိုင်းတာပေးသည်။
လိုင်စင်မြေနှင့် ပါမစ်မြေကို အဆောက်အဦ ဆောက်လုပ်ရန်၊ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုးကာရန်နှင့် အဝီစိတွင်းတူးရန်အတွက်သာ သက်သေခံမြေပုံ ထုတ်ပေးသည်။
အဆောက်အဦ ဆောက်ရန်၊ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုးကာရန်၊ အဝီစိတွင်းတူးရန်၊ ဘဏ်ငွေချေးရန် အတွက်မြေပုံမြေရာဇဝင်ကို အမည်ပေါက်ကသာ လျှောက်ထားနိုင်သည်။
စွန့်လွှတ်စာချုပ်ချုပ်ဆိုရန်၊ မြေပုံနှင့် မြေရာဇဝင်ကို မြေကွက်ပူးတွဲပိုင်ဆိုင်သူများကသာ လျှောက်ထားနိုင်သည်။
ကျုးလွန်ခြင်းပြ မှန်ကန်ကြောင်း သက်သေခံသည့် မြေပုံမြေရာဇဝင်ကို မြေတိုင်းမြေပုံရရှိပြီးသူကသာ လျှောက်ထားခွင့်ရှိသည်။
မြေကွက်ခွဲစိတ်ခွင့်လျှောက်ထားသည့် သက်သေခံ မြေပုံနှင့် မြေရာဇဝင်ကို မြေပိုင်မြေ၊ ဘိုးဘွားပိုင် မြေ (အိမ်ယာမြေ)၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိ ဂရန်မြေဖြစ်မှသာ လျှောက်ခွင့်ရှိသည်။
သက်တမ်းကုန်နေသည့် ဂရန်မြေကို အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြော်ငြာစာချုပ် ချုပ်ဆိုရန်အတွက်သာ မြေပုံမြေရာဇဝင် လျှောက်ထားခွင့်ရှိသည်။
ဆောင်ရွက်ရပုံခြင်း မတူပါ
အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံနှင့်မြေရာဇဝင်မှအပ ကျန်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည် -
လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့်အတူနိုင်ငံသားစိစစ်ရေးကတ်ပြား၊ မြေပိုင်မြေဖြစ်ပါက မှတ်ပုံတင်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန်စာချုပ်နှင့် နောက်ဆုံးထမ်းဆောင်ထားသော မြေခွန်ပြေစာ၊ အမည်ပေါက်သူကလျှောက်ထားခြင်းမဟုတ်လျှင် ပိုင်ဆိုင်မှုအထောက်အထား သို့မဟုတ် ပိုင်ဆိုင်မှုနှင့် သက်ဆိုင်သည့် တရားရုံး စီရင်ချက်နှင့် ဒီကရီမူရင်းများ တင်ပြလျှောက်ထားရပါသည်။
ဌာနမှ အထောက်အထားမိတ္တူများအား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေး၍ လက်ခံပေးပါသည်။
တင်ပြသော အထောက်အထားနှင့် မြေစာရင်းရှိ အထောက်အထားမှန်ကန်ပါက ကွင်းဆင်းစစ်ဆေးခြင်း၊ လိုအပ်ပါက သတင်းစာတွင် (၁၄) ရက်ကြော်ငြာခြင်းများဆောင်ရွက်ပါသည်။ ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေပုံနှင့် မြေရာဇဝင် ထုတ်ပေ:ပါသည်။
အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည်
လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့် အတူ အထက်ပါ အထောက်အထားများအပြင် အမွေရှင်နှင့် ကျန်အမွေဆိုင်များ ကွယ်လွန်ကြောင်း ကျန်းမာရေးဦးစီးဌာနမှသေစာရင်း၊ အမွေရှင်နှင့် ကျန်အမွေဆိုင်များကွယ်လွန်ပြီးဖြစ်၍ လျှောက်ထားသူသာ အမွေဆက်ခံခွင့်ရှိကြောင်း ပြည့်စုံစွာဖော်ပြရေးသားထားသည့် လျှောက်ထားသူကိုယ်တိုင် တရားရုံးတွင် ပြုလုပ်သည့် ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ၊ တစ်မြို့နယ်တည်းတွင်နေထိုင်သူ (၂) ဦး က လျှောက်ထားသူအား သိရှိကြောင်းနှင့် မှန်ကန်ကြောင်းထောက်ခံသည့် တရားရုံးကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ (၂) စောင်၏မူရင်းများပါ တင်ပြလျှောက်ထားရပါမည်။
ဌာနမှ အထောက်အထားမိတ္တူများအား မူရင်းနှင့် တိုက်ဆိုင် စစ်ဆေး၍ လက်ခံပေးပါသည်။
တင်ပြထားသော အထောက်အထားနှင့် မြေစာရင်းပါအထောက်အထားများ ကိုက်ညီမှုရှိပါက ကွင်းဆင်း စစ်ဆေးခြင်း၊ လျှောက်ထားသည့် မြေကွက်နှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြ၍ သတင်းစာတွင် သီးခြားကြော်ငြာများ ဆောင်ရွက်ပါသည်။
သတင်းစာကြော်ငြာပြီး (၁၄) ရက်ပြည့်သည်အထိ ကန့်ကွက်မှုတစ်စုံတစ်ရာ မပေါ်ပေါက်ပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေ၍ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆို၍ မြေပုံနှင့် မြေရာဇဝင် ထုတ်ပေးပါသည်။
မြေပုံမြေရာဇဝင်သက်တမ်း
သက်တမ်းကိုတစ်နှစ်အတွင်းဟုသတ်မှတ်လေ့ရှိသည်။ သို့သော် လက်ရှိမြေကွက်ကိုခွဲစိတ်တာ၊ အခြားနည်းအသုံးပြုတာ တွေပြုလုပ်ပါက မြေပုံမြေရာဇဝင်ရဲ.သက်တမ်း ပျက်ပြယ် ပါသည်။ အသစ်ပြန် လျောက် ရပါသည်။
Credit : Kyi Soe (I.C)

21/02/2022

တိုက်ခန်းအရောင်းအဝယ်တွေမှာ တစ်ခုဖြစ်တဲ့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိတဲ့ တိုက်ခန်းအရောင်းအဝယ် အတွက် အောက်ပါ အရေးကြီးတဲ့ အချက်တွေကို သတိထားရမယ် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ဖြစ်စဥ်တွေအပြည့်အစုံ ဖော်ပြထားပါတယ်။ ရေးသားတင်ပြတဲ့ ဆရာကိုလည်း Credit ပေးပါတယ်။ →→→

အခုဒီကာလမှာ အိုးအိမ်တိုက်ခန်းတရားဝင်ဝယ်ယူနည်းပြောပြပေးပါမယ်။
အိုးအိမ်က Owner Book နဲ့ ၀ယ်ထားတယ် ဆိုတဲ့ သူဆီကနေ တိုက်ခန်း ပြန်ဝယ်ချင်တာပါ။ ဒဂုံမြို့သစ်ဘက်မှာပါ
ဘယ်လို အရှုပ်အရှင်းတွေ ရှိနိုင်လဲ။ မှန်ကန် ခိုင်မာ မှု ရှိမရှိ ဘယ်လို စစ်လို့ရမလဲ သိချင်ပါတယ်။
အိုးအိမ်တိုက်ခန်းကို Owner Book အမည်ပေါက်သူထံမှ ဝယ်မယ်ဆိုရင် အရပ်ကတိစာချုပ်နဲ့ ဝယ်လို့ ရပါတယ်။ "နှစ်ဦးသဘောတူ တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ်" ချုပ်ရမှာပေါ့။
စာချုပ်ပြီး တာနဲ့ တိုက်ခန်းကို အရယူမယ်။ ကိုယ့်သော့နဲ့ ပြောင်းပြီး ခတ်မယ်။
ပြီးတော့ Owner Book အမည်ပေါက်သူ ကိုယ်တိုင် လိုက်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဗိုလ်ချုပ်လမ်း ရန်ကုန်တိုင်းဒေသကြီးရုံးမှာ လိုက်ပြီး ဆောင်ရွက်ပေးဖို့ လိုပါတယ်။
တစ်ခါတည်း အမည်ပြောင်း လျှောက်လို့ ရတယ်။
အမည်ပြောင်းလျှောက်လွှာတင်ပြီး အဆင့်ဆင့်ဆောင်ရွက်ရပါတယ်။
Owner Book အမည်ပေါက် ကိုယ်တိုင် မလိုက်နိုင်လို့ နောက်မှ တစ်ဖြည်းဖြည်း အမည်ပြောင်းလျှောက်မယ်ဆိုရင်တော့ တိုက်ခန်း အမည်ပေါက်ထံက Special Power(SP)ဖြစ်စေ၊ General Power(GP)ဖြစ်စေ ယူထားလိုက်ရင် ရပါတယ်။
အဲ့ဒီလို ကိုယ်စားလှယ် လွှဲစာယူရင် ရန်ကုန်မြို့ စာချုပ် စာတမ်း မှတ်ပုံတင် ရုံးမှ ခေါ်ပြီး ယူထားတဲ့ လွှဲစာမှသာလျင် တရားဝင် အတည် ဖြစ်ပါတယ်။
အရှုပ်အရှင်း ရှိ/မရှိတော့ မြောက်ဥက္ကလာမြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှာ ပထမ စုံစမ်းသင့်ပါတယ်။
ဒုတိယအနေနဲ့ကတော့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ မိမိလက်ဝယ်ရထားတဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းများနဲ့ တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။
အိုးအိမ်မှာ ကန့်ကွက်ချက်ကင်းတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုရင်တော့ ဝယ်လို့ရပါပြီ၊ ဒါမှမဟုတ် ပိုပြီးသေချာအောင် လူသိရှင်ကြားကြော်ငြာချင်ရင်တော့ မြန်မာ့အလင်း/ကြေးမုံ သတင်းစာတစ်စောင်စောင်မှာ ထည့်လိုက်ပေါ့။
(၁၄)ရက်အတွင်း ကန့်ကွက်ချက်မရှိဘူး ဆိုရင် အပြီး အပိုင် ဝယ်လို့ရပါတယ်။
ဝယ်ပြီး အမည်ပြောင်းရင်လည်း မြေခွန်ဆောင်ရသလို အများကြီးမကုန်ပါဘူး ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
ဖြေဆိုသူ လွှတ်တော်ရှေ့နေမောင်ကောင်းဖေ
credit
(Edit အမည်ပြောင်းမယ်ဆိုရင် အစိုးရ
ဘဏ်ကိုငွေသွင်းထားတဲ့ ငွေသွင်းချလံမူရင်းကတော့ မပါမဖြစ် လိုပါတယ်
မမေ့မလျော့ တောင်းယူထားကြပါ။)

15/02/2022

ဖြေရှင်း ရမည့် ပြသနာ တစ်ခုလို့မြင်ပါတယ်။ အမြင်အမျိုးမျိုးလည်း ဖြစ်နိုင်ပါတယ် အဖြေ တွေလည်း ကွဲပြားနိုင်ပါတယ်။ တင်ပြတဲ့ပုဂ္ဂိုလ်ကိုလည်း Credit ‌ကျေးဇူးလည်းတင်ပါတယ်

မြေရှင်ကို မြေလခ၊ အိမ်လခ၊ ထာ၀ရပေးအပ်ဖို့ တိုက်ခန်း၀ယ်သူမှာ တာ၀န်ရှိလား...?
ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ခန်းတစ်ခု အရောင်းအ၀ယ်စာချုပ် ချုပ်ပါတယ်။ မူလကတော့ စရံပေးစာချုပ်အရင်ချုပ် စရံငွေချပြီး လုပ်စရာရှိတာတွေကို ဥပေဒအရ ဆက်လက်ဆောင်ရွက်ပါတယ်။ အပြီးသတ်စာချုပ် ချုပ်ဆိုဖို့ ချိန်းဆိုထားတဲ့ နေ့မှာ အဲ့တိုက်ခန်းမှာပဲ ကျန်ငွေ ပေးပြီး ရောင်းသူ၀ယ်သူလက်မှတ်ထိုးဖို့ လုပ်တဲ့ အခါမှာ စရံပေးစာချုပ်မှာပါမလာတဲ့ အကြောင်းတစ်ခု အပြီးသတ်အရောင်းအ၀ယ် စာချုပ်မှာ ပါလာပါတယ်။
မြေရှင်ကို တိုက်ခန်း၀ယ်သူမှ လစဉ် အိမ်လခ၊ မြေလခ ပေးရပါမယ်တဲ့။ တန်ဖိုးအားဖြင့် ထောင်ဂဏန်းသာသာ သောင်းဂဏန်းပါ ။ ရောင်းသူဘက်က ဥပဒေပညာရှင်ပါတယ်။
ဒါနဲ့ ကျနော်က မေးကြည့်ပါတယ် ဘာလို့ အိမ်လခ ၊မြေလခပေးရတာလဲ ။ဘယ်ဥပဒေကြောင့်လဲ ရှင်းပြပါဆိုတော့ ကန်ထရိုက်နဲ့ မြေရှင်ချုပ်တဲ့ စာချုပ်မှယ တိုက်ခန်း၀ယ်သူတွေကို မြေလခ အိမ်လခတောင်းမယ်လို့ ရေးထားပါတယ်တဲ့။
ဒီတော့ မရှိတဲ့ ဥပဒေကို ကန်ထရိုက်နဲ့ မြေရှင်က ရေးသားချုပ်ဆိုထားပါတယ်။ ဒီတော့ ၀ယ်သူဘက်က မြေရှင်တောင်းတဲ့ အိမ်လခနဲ့မြေလခ က မများပေမယ့် မပေးပါဘူး ။ မြေပိုင်ရှင်ဆိုသူကပဲ ရောင်းတာပါ။ ဒီလိုပဲ တောင်းနေကြတယ်လို့ မြေရှင်က ထပ်ပြောပါတယ်။ ဒီတော့ သိန်းထောင်ကျော်တန် တိုက်ခန်းအရောင်းအ၀ယ် ကျနော်တို့ ၀ယ်သူဘက်က စဖျက်ပါတယ်။ ရောင်းသူက ဒါဆိုရင် စရံအဆုံးပြောပါတယ်။
ဒီတော့ ပြဿနာ ရှိလာပါပြီ ။ ဒီတော့ ကျနော်ကပြောပါတယ် ။ (၁) ဘယ်ဥပဒေအရ တောင်းတာလဲ (၂) ဘာကြောင့်တောင်းတာလဲ (၃) စရံငွေပေးစာချုပ် ချုပ်ဆိုစဉ်က ရေးသွင်းသဘောမတူထားတဲ့ အချက်ကို အပြီးသတ်စာချုပ် ချုပ်တဲ့ အခါမှာ ထည့်သွင်းချုပ်ဆိုတဲ့ အတွက် စရံငွေပြန်မပေးရင် ဥပေဒအရ ဖြေရှင်းပါ့မယ် ပြောခဲ့တယ်။
ဒါနဲ့ပဲ နောက်နေ့ မနက်ကျတော့ မြေရှင်ဖုန်းဆက်တယ်။ ယခု ၀ယ်သူကို မြေလခ အိမ်လခ မယူတော့ပါဘူး။ အရောင်းအ၀ယ် ဆက်လုပ်ပေးပါတဲ့။ နောက်ထပ်၀ယ်သူတွေ မေးလာရင်တော့ ပေးရတယ် ပြောပေးပါတဲ့။ ဒီတော့ အရောင်းအ၀ယ် ဆက်လုပ်ကြပါတယ်။
ပြောချင်တာက ၀ယ်သူက တိုက်ခန်းရဲ့ အကျိုးခံစားခွင့်အရပ်ရပ်ကို သတ်မှတ်တောင်းဆိုတဲ့ ဈေးပေး၀ယ်ထားတာတောင် လစဉ် အိမ်လခ မြေလခ ဆိုပြီး တောင်းနေတဲ့ လုပ်ရပ်တွေ ကို သ ဘောမတူပါဘူး။
သားစဉ်မြေးဆက် မြေရှင်ကို အိမ်လခ မြေလခ ထာ၀ရပေးအပ်ဖို့ တိုက်ခန်း၀ယ်သူမှာ တာ၀န်မရှိပါဘူး။ ဒါကြောင့် တိုက်ခန်း၀ယ်မယ်ဆိုရင် နောက်ပိုင်း ခေတ်စားလာတဲ့ မြေလခ အိမ်လခကို ပြတ်ပြတ်သားသား မပေးနိုင်ကြောင်း ငြင်းဆိုကြည့်ပါ။
ကြာလာရင် ဓလေ့ထုံးတမ်း ဖြစ်လာနိုင်မှာ စိုးလို့ပါ။
Credit : C/O
ဦးမိုးဟိန်း
တရားလွှတ်တော်ရှေ့နေ

14/02/2022

အိမ်ခြံမြေ ‌အကျိုးဆောင်နှင့် ဥပဒေ ဆိုင်ရာ ဝန်ဆောင်မှု များကို တစ်နေရာတည်းတွင် ပြည့် စုံမှန်ကန်စွာ ပြုလုပ်ပေးမည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။

Address

Building 1, Room 505, Tharyarshwepyi Housing, Tharyarshwepyi Stret, 16 Ward, Yankin Township
Yangon
11082

Alerts

Be the first to know and let us send you an email when NeoSpur posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share