Lawyer Pyae & Ei

Lawyer Pyae & Ei Legal Service

17.7.2023ရက်နေ့ထုတ်သတင်းစာကြော်ငြာ
21/07/2023

17.7.2023ရက်နေ့ထုတ်သတင်းစာကြော်ငြာ

21/07/2023

စွန့်လွှတ်စာချုပ်နှင့် အပိုင်ပေးစာချုပ် ကွာဟချက်

မိမိ၏ ပိုင်ဆိုင်မှုကိုသူတစ်ပါးကိုစွန့်လွှတ်လိုက်သည်ဆိုတာလည်း ပေးကမ်းခြင်း ပါပဲ။ မိမိ၏ ပိုင်ဆိုင်မှုကိုသူတစ်ပါးကိုပေးလိုက်သည်ဆိုတာလည်း ပေးကမ်းခြင်း ပါပဲ။ ပေးကမ်းခြင်း အတူတူဘာကြောင့် စာချုပ်ချုပ် ဆိုတဲ့ နေရာမှာကွဲပြားသလဲဆိုတာကိုတော့ ရှင်းပြလိုပါတယ်။

စွန့်လွှတ်စာချုပ်

မြေတစ်ကွက်ကို A နှင့် B အမည်နှင့် ဝယ်လိုက်သည် ဆိုပါစို့။

A က B ကို မေတ္တာသက်ဝင်လို့သော် လည်းကောင်း၊ အလျော်ပေးလို၍သော်လည်းကောင်းအကြောင်းအမျိုးမျိုးကြောင့် ပေးကမ်းလိုပါကအပိုင်ပေးစာချုပ် ချုပ်စရာမလိုအပ်ဘဲ A က ယင်းမြေကွက်၏ ပိုင်ဆိုင်မှုကိုစွန့်လွှတ်လိုက်ရုံနှင့် B ကိုပေးကမ်းပြီးသား ဖြစ်သွားပါသည်။

စွန့်လွှတ်စာချုပ် ချုပ်ဆိုရန်အတွက် ပိုင်ရှင်နှစ်ဦးစလုံးဖြစ်သောA နှင့် B က စွန့်လွှတ်လိုသောအိမ်၊ မြေနှင့် ပတ်သက်သည့် ပိုင်ဆိုင်မှုစာရွက်စာတမ်းအထောက်အထားများကိုယူ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနှင့် မြို့ပြမြေယာဌာနတွင် မြေပုံ၊ မြေရာဇဝင်အား ရေးကူးလျှောက်ထားရမည်။ ဌာနမှ လိုအပ်သည်များကိုကွင်းဆင်းစစ်ဆေး၍ ကန့်ကွက်သူမရှိပါက မြေပုံနှင့်မြေရာဇဝင် ထုတ်ပေးပါသည်။

ထိုအခါ မြေကွက် ပိုင်ရှင်များဖြစ်သောA နှင့် B က ရန်ကုန်မြို့တော်စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးသို့ သွား၍ A နှင့် B ပူးတွဲပိုင်ဆိုင်သောမြေကွက်အား A မှ B ကိုစွန့်လွှတ်ကြောင်းစာချုပ်အား ချုပ်ဆို၍ မှတ်ပုံတင်ရပါမည်။ ကပ်နှိပ်ရမည့် တံဆိပ်ခေါင်းခွန်မှာ ၄၀၀၀ိ/- ကျပ် ဖြစ်ပါသည်။

မှတ်ချက်။ ။ ပူးတွဲပိုင်ဆိုင်သောA နှင့် B ကသာအပြန်အလှန်စွန့်လွှတ်ခွင့်ရှိပြီး A နှင့် B မှလွဲ၍ အခြားတစ် ယောက်အားစွန့်လွှတ်ခြင်းမရှိပါ။

ပေးကမ်းစာချုပ်

မြေကွက် တစ်ကွက်ကို “A” နှင့် “B” က ပူးတွဲပိုင်ဆိုင်ထားပြီး“A” က ၎င်း၏ပိုင်ဆိုင်သောအစုအားညီမဖြစ်သူ “C” အားပေးကမ်းလိုပါသည်။ ထိုအခါ စွန့်လွှတ်စာချုပ် မချုပ်ရဘဲမေတ္တာနှင့် အပိုင်ပေးစာချုပ်ကို ချုပ် ဆိုရပါသည်။

အပိုင်ပေးရာတွင် ဆွေမျိုးတော်စပ်သည့် အနေအထားရှိမှသာအပိုင်ပေးကမ်းလို့ရပါသည်။

စာချုပ်ချုပ်ဆိုပုံအဆင့်ဆင့်မှာစွန့်လွှတ်စာချုပ်နှင့်ပုံစံတူဖြစ်ပြီးထမ်းဆောင်ရသည့် တံဆိပ်ခေါင်းဖိုးသာကွာခြားပါသည်။ မိဘကသားသမီးအားပေးကမ်းပါက ၄% နှင့် ညီအစ်ကို၊ မောင်နှမ၊ တူဝရီးတို့ အချင်းချင်းပေးကမ်းပါကတံဆိပ်ခေါင်းခွန် ၇% ထမ်းဆောင်ရပါမည်။

05/07/2023

"ဝယ်ထားသည့် ပါမစ်မြေကွက်မှာ ဂရန်သစ်
လျှောက်ထားသူရှိနေလျှင် ဘယ်လိုလုပ်ပါ့မလဲ"

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လောကတွင်
အိမ်၊ ခြံ၊ မြေ များ ရောင်းကြ ဝယ်ကြသောအခါ
ရောင်းသူ ဝယ်သူများမှာ မြေကွက်ဖြစ်စေ၊
မြေနှင့် အိမ်ဖြစ်စေ၊
တိုက်ခန်းဖြစ်စေ၊
ယင်းမြေနှင့်အိမ်၊ တိုက်ခန်းတို့နှင့်
ပတ်သက်၍ မှန်ကန်မှု ရှိမရှိ စုံစမ်းကြလေ့ရှိသည်။

အဓိကအားဖြင့် ရောင်းမှား ဝယ်မှား ဖြစ်မှာ စိုးရိမ်သည့်
အတွက် စေ့စပ်သေချာအောင် ဆောင်ရွက်ကြခြင်း
ဖြစ်သည်။

ယင်းသို့ တက်စွမ်းသလောက် လေ့လာသည့်ကြားမှာပင်
မမျှော်လင့်သော အခက်အခဲများနှင့် ကြုံတွေ့ကြလေ့
ရှိကြသည်။

မကြာသေးမီက အိမ် ခြံ မြေ ဝယ်ရောင်း အမျိုးသမီး တစ်ဦး
ကျွန်ုပ်ထံ ရောက်လာသည်။

သူဝယ်ထားသည့် ပါမစ်မြေကွက်မှာ အတု-အစစ် သိလို၍
ရန်ကုန်မြို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသို့
သွားရောက်ကာ တာဝန်ရှိသူများထံတွင် ပြသစစ်ဆေးရာ
မှန်ကန်ကြောင်း သိခဲ့ရသည်။

ထိုမျှနှင့်အားရကျေနပ်မှုမရှိသဖြင့်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနတွင်လည်း
နာမည်ပေါက်မှန်ကန်မှု ရှိ / မရှိ သွားရောက် စစ်ဆေးရာ
အမည်ပေါက်မှန်ကန်ကြောင်း ပြန်ကြားစာ ရရှိခဲ့သည်။

ထို့ကြောင့် ယင်းမြေကွက်ကို ဝယ်ယူပြီး မိမိအမည်ပေါက်
ဖြစ်ရန် နှစ် ၆၀ ဂရန်သစ်ထုတ်ပေးရန် မြေယာဌာနတွင်
လျှောက်ထားခဲ့သည်။

ပါမစ်မှ ဂရန်သစ်လျှောက်ထားပြီး ၁၄ ရက်ခန့် အကြာတွင်
ယခင်က မူလ အမည်ပေါက်ပိုင်ရှင်က ၂၀၁၀ ခုနှစ်က
ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ရှိ၍ ရှင်းလင်းရန်
စည်ပင်မြေယာဌာနမှ အကြောင်းကြားစာ ရောက်လာ
သဖြင့် ဘယ်လိုဆောင်ရွက်ရမည်မသိ၍ ကျွန်ုပ်ထံ
ရောက်လာ မေးမြန်းခြင်း ဖြစ်သည်။

ဒီလို ဂရန်သစ် လျှောက်တဲ့အခါမှာ ပါမစ်တစ်ခုထဲတွင်
ဂရန်လျှောက်သူနှစ်ဦး ပေါ်တတ်ကြောင်း သိရသည်။

ယင်းသို့ဖြစ်ရခြင်းမှာ မူလ ဂရန်သစ်လျှောက်ထားသူ က
လျှောက်ထားသည့် မြေကွက်ပေါ်တွင် တစ်သက်လုံးနေရန်
ရည်ရွယ်၍ ဂရန်သစ်လျှောက်ထားသည်ကို တွေ့ရသည်။

နောက်ပိုင်းတွင် မိသားစု စီးပွားရေး အတွက် ဖြစ်စေ၊
စျေးကောင်းရ၍ပြန်ရောင်းရသည့်အခါမျိုးတွင် ဖြစ်စေ၊
မိမိ ယခင်က ဂရန်သစ် လျှောက်ထားဖူးကြောင်း ပြောဆိုရန်
မေ့နေတက်ကြသည်။

"ဂရန် မထုတ်ရသေးတာပဲ၊ အရေးမကြီးပါဘူးလေ"
ဟူသော အထင်ဖြင့် မေ့မေ့လျော့လျော့ နေတတ်ကြသည်။

ပါမစ်မူရင်းကို အခြားသူ တစ်ဦးဦးသို့ ရောင်းချပြီးသော်လည်း
မိမိလျှောက်ထားခဲ့သည့် ဂရန်အသစ်အမှုတွဲမှာ အရေးမပါဟု
ယူဆကြသဖြင့် မြေကွက်အရောင်းအဝယ်လုပ်သည့် အခါ
မိမိထံမှ ဝယ်ယူသူကို ဂရန်သစ်လျှောက်ထားသည့်
အကြောင်း မပြောဘဲ နေခဲ့မိသည်။

ထို့အတူ
"ဂရန်လျှောက်ထားစဉ်က ဂရန်သစ်လျှောက် အမှုတွဲအမှတ်
ပါသည့် ဝန်ဆောင်ခ ပေးသွင်းသည့်ပုံစံလျှောက်လွှာ"
တို့ကိုပါ ပေးအပ်ရန် မေ့တတ်ကြသည်။

"သတိမမူတော့ ဂူမမြင်၊ သတိမူတော့ မြူစင်၍ ဂူမြင်သည်"
ဆိုသော ဆိုရိုးစကားအတိုင်း မူလအမည်ပေါက်ထံ မှ
ထပ်မံဝယ်ယူသူက ဂရန်သစ်လျှောက်သည့်အခါ ယခုလို
ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ကြီး က ပေါ်လာတော့
ဌာနက လာရောက်ရှင်းလင်းချက်ရေးသာတင်ပြပါဆိုပြီး
ခေါ်ယူတော့ စိတ်ညစ်စရာတွေနဲ့ ကြုံရတာပေါ့။

ဒီလို ကြုံရတဲ့အခါ မူလရောင်းသူအမည်ပေါက် သို့မဟုတ်
စာချုပ်အဆက်ဖြင့် ဂရန်လျှောက်ဖူးသူကို ပြန်ပြီးခေါ်၍
မြို့တော်ခန်းမ လက်ထောက်ဌာနမှူးရှေ့မှာ မိမိလျှောက်
ခဲ့သည့် ဂရန်သစ်အမှုတွဲ ပိတ်သိမ်းပေးဖို့
အခြားသူတစ်ဦးဦးအား ရောင်းချထားခြင်းကြောင့်
မိမိလျှောက်ထားချက်ရုတ်သိမ်းကြောင်း
စာတင်ခဲ့ရတယ်။

ကိုယ်တိုင်လာရောက်အမှုပိတ်သိမ်းသူမှန်ကန်ကြောင်း
၎င်းအရာရှိရှေ့မှာ လက်မှတ်ထိုးရတယ်။

အမှုပိတ်သိမ်းတဲ့ အမှုတွဲတင်ပြချက်နှင့် အတူ ပိတ်သိမ်းသူရဲ့
မှတ်ပုံတင်မိတ္တူ၊ ပါမစ်မိတ္တူ တစ်စုံစီကို ပူးတွဲတင်ပြရတယ်။

အဲဒီတင်ပြချက်တွေကို အရာရှိရှေ့မှာ ဒီအတိုင်း ထားခဲ့လို့
မရဘူး။ ဝင်စာလက်ခံတဲ့သူထံမှာ တင်ခဲ့ ရတယ်။
အဲဒီဝင်စာလက်ခံသူက ဝင်စာအမှတ် ( ) နဲ့ နေ့စွဲကို
ပြောပြတယ်။

ဥပမာ ဝင်စာအမှတ် ၉၉၉/ နေ့စွဲ ၂၉-၅-၂၀၁၄ လို့ပြောရင်
မှတ်သားထားရတယ်။ အဲဒီဝင်စာအား ဂရန်သစ်
လျှောက်ထားတဲ့မြေကွက်ပေါ်မှာ ရှိတဲ့ မှတ်ချက်ကို
ဖျက်ပေးလိုက်တယ်။

အဲဒီအခါမှ ဂရန်သစ်လျှောက်ထားသူအတွက်
- ဌာနက မြေတိုင်းကွင်းဆင်းစစ်ဆေးခြင်း
- သတင်းစာကြော်ငြာပေးခြင်း၊
- ဂရန်သစ်ထုတ်ပေးသည့်ဘုတ်အဖွဲ့သို့ တင်ပြခြင်း၊
- ခွင့်ပြုချက်ရလျှင် မြေကွက်တန်းဖိုး ငွေသွင်းခြင်း၊
ယင်းနောက်
- တာဝန်ရှိသူ အဆင့်ဆင့် လက်မှတ်ရေးထိုးပေးပြီး
- ဂရန်သစ်ထုတ်ပေးဖို့ အဆင်သင့်ဖြစ်တဲ့နေ့မှာ
လျှောက်ထားသူထံကို အကြောင်းကြား ပါတယ်။

ရုံးက အကြောင်းကြားစာရောက်မလာမီ မိမိကိုယ်တိုင်
မြို့တော်ခန်းမမှာ မကြာခဏ သွားစုံစမ်းလို့လည်း
ရပါတယ်။

မြတ်ဗုဒ္ဓ ဟောတယ်မဟုတ်လား။
"အတ္တာဟိ..အတ္တနော နာထော" တဲ့လေ။
"ကိုယ့်ကိုယ်ကိုပဲ အားကိုးရာပါ" ဆိုတော့ အမြန်ရအောင်
ခဏခဏ သွားစုံစမ်းပေါ့။

ဤသို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို
ကျွန်ုပ်က ပြောပြလိုက်သည့်အခါ လာရောက်မေးသူ
အမျိုးသမီးမှာလည်း သဘောပေါက်နားလည်ပြီး
ကျေးဇူးတင်ကြောင်း ပြော၍ ပြန်သွားလေတော့သည်။

credit to copy.

02/07/2023

ပါမစ်မြေဝယ်ယူတော့မည်ဆိုပါက ဖတ်ရူ့ထားရန်
=================================

ပါမစ်မြေကွက်ကို ဝယ် လျှင် တရားဝင်ဝယ်ယူပိုင်ဆိုင်ခွင့်ရပါသလား။ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုနိုင်ပါသလားဟု မေးလာသဖြင့် ဤဆောင်းပါးကို ဗဟုသုတအဖြစ် ရေးသားလိုက်ပါ သည်။

ပါမစ်မြေအကြောင်း မတင်ပြမီ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေး ဥပဒေအရ သတ်မှတ် ထားသော မြေအမျိုးအစားများကို သိထား ရန် လိုအပ်ပါသည်။

"မြေအမျိုးအစား"
=======
ဥပဒေနှင့်အညီ သတ်မှတ် ထားသည့် မြေအမျိုးအစားများမှာ-

၁။ ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ)
၂။ မြေငှားဂရန်မြေ
၃။ စကွာတာမြေ
၄။ လိုင်စင်မြေ
၅။ ပါမစ်မြေ
၆။ ဂရန်ရှိမြေပိုင်မြေ
၇။ အခွန်လွတ်သာသနာ့ ဂရန်မြေ
၈။ သိမ်ဂရန်မြေ
၉။ ကျူးကျော်မြေနှင့်
၁ဝ။ စနစ်တကျ ကျူးလွန်ခြင်းမြေ ဟု သတ်မှတ်ခွဲခြားထားပေသည်။

"ပါမစ်မြေဆိုသည်မှာ"
===========
အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ ပါမစ်မြေဆိုသည်မှာ စည်ပင်ပြန့်ပြောမှုမရှိသေးသည့် နေရာများတွင် စည်းကမ်းချက်ဖြင့် သုံးစွဲ ခွင့်ပြုထားသည့် ''အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်''ချပေး ထားသော မြေအမျိုးအစားဖြစ် သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

ထို့ကြောင့် ဘိုးဘွားပိုင်မြေ၊ မြေငှားဂရန်မြေများကဲ့သို့ မြေပိုင်ဆိုင်မှုကို အခြေမတည်ဘဲ အိမ်ရာဆောက်လုပ် နေထိုင်ခွင့်အတွက် ချပေးထားသော မြေအမျိုးအစား ဖြစ်သည်။

"လွှဲပြောင်း ရောင်းချခြင်း"
===========
❖ မြေချပါမစ် (အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်လက်မှတ်) တွင် အိမ်ရာမြေကွက်ရသူသည် မြေကွက်ကို ခွဲစိတ်ခြင်း၊ တစ် ဆင့်လွှဲပြောင်း ရောင်းချ၊ ပေါင်နှံ၊ ပေးကမ်းခြင်း လုံးဝမပြုရဟု ဖော်ပြ ထားပါသည်။
❖ သို့ရာတွင် ငွေအရင်းအနှီး မြှုပ်နှံလိုသူများအနေဖြင့် ဂရန် မြေအဖြစ် အမည်ပေါက်သွားပါက မြေတန်ဖိုးအဆမတန် ကွာ ခြားသွားသဖြင့် ပါမစ်မြေများကိုသာ သင့်တင့်ဈေးပေး၍ အ ရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုကာ လွှဲပြောင်း ရယူထားကြပေသည်။

ထို့အပြင် အရပ်ထဲတွင်ပါမစ် မြေအား အရောင်းအဝယ်ကတိ စာချုပ်ဖြင့် အရောင်းအဝယ် ပြုလုပ်လုပ်လျက်ရှိပြီး

❖ ထို့နောက်မှ မြေငှားဂရန်ကို လျှောက်ထားရယူလေ့ ရှိကြသည်။

YCDC တွင်လည်းအရပ်ကတိ စာချုပ် အဆက်စပ်ဖြင့် သတ်မှ တ်ပုံစံ အတိုင်း အဆင့်ဆင့် စီစစ် ပြီး မြေငှားဂရံ ထုတ်ပေးလေ့ ရှိပေသည်။

ဒေါ်ဝေဝေ နှင့် ဒေါ်ခင်ငြိမ်း
၁၉၉၁. တရားရုံးချုပ်. တရားမ အယူခံမှုအမှတ်၁၂ ထွက်ပြီးသည့်နောက် ရောင်းချ ၊ ပေါင်နှံ ၊ လွှဲပြောင်းခွင့်ရှိကြောင်း သိရှိရသည်။

"မြေငှားဂရန် အသစ်ထုတ်ပေးခြင်း"
================
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြေငှား စာချုပ်အသစ် (မြေငှားဂရန်) ထုတ်ပေးရန်နှင့် ပတ်သက်၍ အောက်ပါ အတိုင်း သတ်မှတ်ထား ပေသည်။

မြေငှားဂရန်ထုတ်ပေး သော မြေအမျိုးအစားများမှာ လိုင်စင် မြေ၊ စကွာတာမြေနှင့် ပါမစ် မြေတို့ဖြစ်ကြောင်း သတ်မှတ်ထား ပေသည်။
ဂရန်မြေထုတ်ပေးရန်အ တွက် အောက်ပါအချက်များကို ပူး တွဲတင်ပြလျှောက်ထားရပေသည်။

၁။ လျှောက်ထားသူသည် နိုင်ငံသားဖြစ်ရပါမည်။ (နိုင်ငံသား ကတ်ပြားမိတ္တူတင်ပြရပါသည်)

၂။ ပါမစ်မြေ (အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်လက်မှတ်)

၃။ ပါမစ်မြေအမည်ပေါက် သို့မဟုတ် ဥပဒေနှင့်အညီ ဆက်ခံ သူမှ တရားရုံးတွင်ပြုလုပ်ခဲ့သော ကျမ်းကျိန်လွှာ

၄။ လွှဲပြောင်းထားခြင်းဖြစ်ပါက ကတိစာချုပ်များ (ဥပမာ-အ ရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်၊ လှူဒါန်းစသော လွှဲပြောင်းခြင်း များ)

၅။ အမှုအခင်းဖြစ်ခဲ့ပါက ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်သည့် တ ရားရုံး၏ အမိန့်ဒီကရီ။

၆။ အဆောက်အအုံရှိကြောင်း အထောက်အထားများ ပါရှိရပေသည်။

ထိုကြောင့် ဤနေရာတွင် ပါမစ်မြေများကို ကတိစာချုပ်များဖြင့် အရောင်းအဝယ် လွှဲပြောင်းခြင်းပြုနိုင်ကြောင်း ကို တွေ့ရှိရမည် ဖြစ်ပေသည်။

သတိထားသင့်သော အချက်များ
===============

ပါမစ်မြေ ဝယ်မည် ဆိုပါက သက်ဆိုင်ရာ ဌာန အသီးသီး ကို အမည်ပေါက် မှန်/မမှန်။ မြေယာ ကန့်ကွက် ချက် ရှိမရှိ ကို သေချာ စီစစ် ရမည် ဖြစ်ပါသည်။

ပိုင်ဆိုင်မှု နှင့် မြေယာအရှုပ်အရှင်း ရှိမရှိ ကို သေချာ စီစစ် ရမည်ဖြစ်သည်။

စာချုပ်ကို သေချာ ခိုင်မာစွာချုပ်ဆိုသင့်ပါသည်။

သတင်းစာ တွင် ကန့်ကွက်ချက် ရှိမရှိ ကြေညာပါ။

မြေကို လက်ရောက် ရယူခြင်းဖြင့် အရောင်းအဝယ် အထမြောက်ပါစေ။

Crd ရေးသားသူ- ဒေါ်မေသဥ္ဇာသိန်း

01/07/2023

" ရွာမြေအကြောင်း သိကောင်းစရာ “

#ရွာမြေ

ရွာမြေ ဆိုသည် မှာ ခေတ်ကာလအဆက်ဆက် တွင်
လူအများနေထိုင်ရန် သီးသန့်သတ်မှတ်ထားသော
မြေအမျိုးအစားများ ထဲ မှ တစ်မျိုးဖြစ်ပါသည်။

ပါမစ်မြေ ၊ ဂရန်မြေ တို့ ကဲသို့ စာရွက်စာတမ်းအနေ နှင့်သီးခြား ပုံသေ သတ်မှတ်ထားခြင်းမရှိသော်လည်း
ရှေးအစဉ်အဆက် က ဘိုးဘွားများ လက်ထက် မှ သတ်မှတ်လာခဲ့သော နယ်နိမိတ်အတိုင်းမျိုးဆက်တဆက်ပြီးတဆက် နေထိုင်လာခဲ့ကြပြီး ရွာလူကြီးရှေ့သက်သေထားကာ စာချုပ်အနေ နှင့် အရောင်းအ၀ယ်ပြုလုပ်လေ့ရှိကြပါသည်။

သတိပြုရန် ❗️
ရွာ နှင့် ဆက်စပ် လျက်ရှိသော ဧရိယာများ မှာ တခါတလေတွင် လယ်မြေများဖြစ်နေတတ်ပြီး ၊ ကျွဲနွားလွှတ်ကျောင်း ရန် ချန်လှပ်ထားသော စားကျက်မြေ များလည်း ဖြစ်နေတတ်ပါသည်။

ဥယျာဉ်ခြံမြေများလည်း
တဆက်တစပ်တည်း တည်ရှိနေသည် ကို တွေ့မြင်ရ ဖူးပါသည်။

‼️ရွာမြေ ကို ၀ယ်ယူရာ တွင် သတိထားစရာအချက်အလက်များမှာ

1️⃣ ရွာမြေဖြစ်ကြောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှုး၊
အနီးအပါးတွင်နေထိုင်သောရွာခံလူကြီးများ၊ ပါတ်၀န်းကျင်ရှိရွာမြေတွင်နေထိုင်လာခဲ့သောနယ်ခံလူထုများ အားသေချာစွာမေးမြန်း စုံစမ်းပြီး နေရာနှင့် တကွ ဟုတ်မဟုတ် သေသေချာချာ သတိပြု၀ယ်ယူသင့်ပါသည်။

2️⃣အချို့ မြေကွက်ရောင်းချသူများမှာ
လယ်မြေအား ရွာမြေ၊ ဘိုးဘွားပိုင်မြေ သဖွယ် စိတ်ပိုင်းရောင်းချ တတ်ပါသည်။
ထို မြေကွက်များကို ၀ယ်ယူ မိသူများမှာ
⛔️အိမ်ရာဆောက်လုပ်ခွင့်မရ၊
⛔️အမည်ပေါက်လဲပြောင်းလဲမရသဖြင့်
အခက်အခဲကြုံ ၊ငွေလဲဆုံးရူံးခဲ့ကြရသည်ကိုကြားသိခဲ့ဖူးပါသည်။

3️⃣အချို့ကျူးကျော်နေထိုင်သူများမှာ သက်တမ်းရှည်ကြာစွာနေထိုင်ခဲ့သဖြင့် ရွာမြေဖြစ်သယောင် နှင့်ရောင်းချသော်လည်း အမှန်တကယ်မှာ လယ်မြေ တွင်
ဆောက်လုပ်ထားသော အိမ်ကလေးများသာ ဖြစ်နေတတ်ပါသည်။

4️⃣ ရွာမြေရောင်းချရန် ကမ်းလှမ်းလာခြင်း ကို သေချာစွာစီစစ်ရာ မှ ဘုန်းတော်ကြီးကျောင်းနယ်နိမိတ်ဧရိယာတွင်နေထိုင်နေကြသောကျူးးကျော်အိမ်များ ဖြစ်နေသည်ကို ကြုံတွေခဲ့ပါသည်။

5️⃣ရွာမြေ ကို ၀ယ်ယူပြီးပါက
ခြံခတ်ရန်အလွန်အရေးကြီးပါသည်။
ဧရိယာသတ်မှတ်ချက် မှာ ပါမစ် ဂရန် တို့ကဲ့သို့ အတိအကျ မရှိတတ် ပဲ ခန့်မှန်း၍သာ အဆင့်ဆင့်ရောင်းချခဲ့ခြင်း (သို့မဟုတ်)ခန့်မှန်းဖြင့် သာ နေထိုင်ခဲ့ခြင်းတို့ကြောင့် ရွာခံများပင် တိကျစွာသိရန် ခက်ခဲခြင်းများကြုံတွေ့ရတတ်ပါသည်။

6️⃣ ခြံမခတ်ပဲထားမိပါက နောင်နှစ်ပေါင်းများ စွာ မှ
အရှုပ်အရှင်းများ ရင်ဆိုင်ရတတ်ပါသည်။
အချို့သော သူများက သစ်ပင်များစိုက်ပျိုးခြင်း ဝါးပင်များဖြင့်စိုက်ပျိုးပြီးဧရိယာ ကို ပိုမို ကျော်လွန်အောင် ဆောင်ရွက်တတ်ခြင်း တို့ကြောင့် ပိုင်ဆိုင်မှု အငြင်းမပွားရလေအောင် စတင်၀ယ်ယူစဉ်ကတည်းကခြံခတ်ထားသင့်ပါသည်။

(လူတိုင်းမဟုတ်ပါ ရိုးသားသောနယ်ခံများစွာရှိပါသည်)

7️⃣ရွာမြေ များ သည် ဧရိယာအမျိုးမျိုး ဖြင့်ရှိနေနိုင်ပါသည်။
50'x60' / 45'x90'/ 60'x120' စသည် ဖြင့် ပြန်လည် စိတ်ပိုင်းရောင်းချသောသူများ ၏ ဆန္ဒအတိုင်း ဧရိယာ သတ်မှတ်ချက်အတိုင်း၀ယ်ယူရန်သာဖြစ်ပါသည်။

မိမိတနိုင်တပိုင် ဘတ်ဂျက်ဖြင့်၀ယ်ယူလိုသူများအတွက် အနည်းငယ် မျှ အထောက်အကူဖြစ်နိုင်ပါစေဟု ဆန္ဒမွန်ဖြင့်...။

အရောင်းအ၀ယ်အားလုံးအဆင်ပြေချောမွေ့ပါစေ🙏
လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းဝေးကြပါစေ 🙏

Credit: ရေးသားသူ

22/06/2023

တိုက်ခန်းဝယ်ယူခြင်း

တိုက်ခန်း (ကန်ထရိုက်တိုက်ခန်း ) ဝယ်ယူချင်တယ် ဘယ်ကစပြီး ဘာတွေ ဆောင်ရွက်ရမလဲ ?
တိုက်ခန်းဝယ်ယူမည်ဆိုရင် တတ်သိနားလည်တဲ့ သူတွေကို တိုင်ပင်ပြီး မှ ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်။ တကယ်လို့ မိမိ ဘာသာဆောင်ရွက်မယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ အောက်ပါအချက်တွေကို အဆင့်ဆင့် လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
အရှုပ်အရှင်းရှိ မရှိ စုံစမ်းရန် ။
အရောင်းအဝယ်ကိစ္စများတွင် အရေးကြီးဆုံးသောအချက်ဖြစ်ပါသည်။ အရေးကြီးဆုံးသော အချက်ကို နောက်မှ ဆောင်ရွက်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါသည်။ ထို့ကြောင့် တိုက်ခန်းဝယ်မည်ဆိုပါက ဈေးစကား မပြောမီ ၊ စရန်ငွေမပေးမီ ဝယ်ယူမည့်တိုက်ခန်းနှင့်ပတ်သက်၍ အရှုပ်အရှင်း ရှိ မရှိကို တိုက်ခန်းပတ်ဝန်းကျင်ရှိ နေထိုင်သူများထံတွင်ဖြစ်စေ ၊ မြေရှင်ထံတွင်ဖြစ်စေ ၊ ရပ်ကွက်ရုံးတွင်ဖြစ်စေ ဦးစွာစုံစမ်းရပါမည်။ ထိုသို့ စုံစမ်းပြီးနောက် အရှုပ်အရှင်းမရှိဟုသိရပါမှ အောက်ပါအချက်ကို ဆက်လက်ဆောင်ရွက်ရပါမည်။
တိုက်ခန်းအား စစ်ဆေးရန် ။
ဒါဆိုရင် တိုက်ခန်းနဲ့ပတ်သက်ပြီး ဘာတွေ စစ်ဆေးရမလဲ?
တိုက်ခန်းနှင့်ပတ်သက်၍ စစ်ဆေးရမည့်အချက်တွေကတော့
1. တိုက်သက်တမ်း မည်မျှ ရှိသည်နှင့် တိုက်၏ကြံ့ခိုင်မှုအနေအထားကို သိရှိထားရန်လိုပါတယ်။
2. တိုက်ခန်းတွင် တပ်ဆင်ထားသော တံခါး ၊ ပြုတင်းပေါက် ၊ ကြမ်းခင်း ၊ ရေချိုးခန်း ၊ ဘေစင် စသည်ဖြင့် တိုက်ခန်းရှိ ပစ္စည်းများနှင့်ပတ်သက်၍ မိမိအနေဖြင့် လက်ခံနိုင်သော အရည်အသွေးရှိ မရှိ စစ်ဆေးသင့်ပါတယ်။
3. အချို့တိုက်ခန်းများတွင် အဲယားကွန်း တပ်ဆင်ခွင့်မပေးသည်များရှိသည့်အတွက် မိမိဝယ်ယူမည့် တိုက်ခန်းတွင် အဲယားကွန်း တပ်ဆင်၍ ရ မရ စုံစမ်းရပါမယ်။
4. တိုက်ခန်းတွင် စီးပွားရေးလုပ်ငန်းတစ်ခုခုဆောင်ရွက်မည်ဆိုပါက မြေရှင်၏သဘောထားကိုကြိုတင် စုံစမ်းမေးမြန်းသင့်ပါတယ်။
5. တိုက်ခန်းတွင် ကိုယ်ပိုင် ရေမီတာ ၊ လျပ်စစ်မီတာ ရှိ မရှိ စစ်ဆေးရန်။
6. မြေရှင်ထံ ပေးရသည့် ရေမီတာခ၊ မြေငှားခ ကျသင့်ငွေကို စုံစမ်းရပါမည်။
7. သော့များ ကောင်းမွန်မှု ရှိ မရှိ၊ မီးခလုပ်များ ကောင်းမွန်မှု ရှိ မရှိ စစ်ဆေးရပါမည်။
8. မိမိ ပြန်လည်ရောင်းချသည့်အခါတွင် မြေရှင်ထံ ပေးရမည့် မြေရှင်လက်မှတ်ထိုးခ ရာခိုင်နှုန်း ကို မြေရှင်ထံ ကြိုတင်စုံစမ်းရန်လိုပါသည်။
9. မိမိဝယ်ယူမည့်တိုက်ခန်း ရဲ့ ပတ်ဝန်းကျင်အနေအထား ၊ ဆူညံမှု ရှိမရှိ ၊ နေထိုင်ရန် သင့်တော်မှုရှိမရှိ စသည်တို့ကိုလဲ စစ်ဆေးရန်လိုအပ်ပါတယ်။
အထက်ပါအချက်များအား စုံစမ်းစစ်ဆေးပြီးနောက် မိမိကျေနပ်လက်ခံနိုင်ပြီဆိုရင်တော့ တိုက်ခန်းနှင့်ပတ်သက်သော စာရွက်စာတမ်းများ ပြည့်စုံမှု ရှိ မရှိ စစ်ဆေးရပါမယ်။
ဒီနေရာမှာ ရောင်းချသူ (မြေရှင်၊ ကန်ထရိုက် ၊ မြေရှင်(သို့)ကန်ထရိုက်ထံမှ ဝယ်ယူထားသူ )အပေါ်မူတည်ပြီး စစ်ဆေးရမဲ့စာရွက်စာတမ်းတွေကွဲပြားနိုင်ပါတယ်။
အထက်ပါ စာရွက်စာတမ်းများအား စရန်ပေးစာချုပ်မချုပ်မီ ကြိုတင်ကြည့်ရှု့စစ်ဆေးရမှာဖြစ်ပါတယ်။ စရန်ပေးစာချုပ်ချုပ်ဆိုသည့်အချိန်မှ ကြည့်ရှု့ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
ရောင်းသူသည် ရောင်းချပိုင်ခွင့်ရှိသူ ဟုတ် မဟုတ် စိစစ်ရန်။
ရောင်းချပိုင်ခွင့်မရှိသူ ဆိုတာ ဘယ်လိုမျိုးလဲ?
မိဘပိုင်တိုက်ခန်းကို သားသမီးက ကိုယ်စားလှယ်လွှဲစာမရပဲ ရောင်းခြင်း ၊ အမဖြစ်သူပိုင်တိုက်ခန်းကို မောင်ဖြစ်သူက ကိုယ်စားလှယ်လွှဲစာမရပဲ ရောင်းခြင်း၊ လင်မယား နှစ်ဦးပိုင်တိုက်ခန်းကို လင် သို့မဟုတ် မယား တစ်ဦးတည်းက ရောင်းခြင်း၊ အမွေဆိုင်တိုက်ခန်းကို အမွေဆိုင်အားလုံး မပါရှိဘဲ တစ်ဦးတည်းက ရောင်းခြင်း စတဲ့သူတွေဟာ ရောင်းပိုင်ခွင့် မရှိပဲ ရောင်းချခြင်းပါတယ်။
ရောင်းသူနှင့် ဘယ်အချက်တွေကြိုတင်သဘောတူညီချက် ရယူထားသင့်လဲ?
အရောင်းအဝယ်နှင့်ပတ်သက်၍ အပြီးသတ်ငွေချေသည့်နေ့တွင် မြေရှင်အသိအမှတ်ပြုလက်မှတ်ရေး ထိုးခြင်းကို ရောင်းသူ၏စရိတ်ဖြင့် ရောင်းသူက ဆောင်ရွက်ပေးရန် ၊ အရောင်းအဝယ်ပြုသည့်တိုက်ခန်းတွင် အိမ်ငှား (သို့) ရောင်းသူက အခမဲ့နေထိုင်ခွင့်ပြုထားသူတို့ ရှိနေပါက အပြီးသတ်ငွေချေသည့်နေ့မတိုင်မှ ဖယ်ရှား ထားပေးရန် နှင့် အပြီးသတ်ငွေချေသည့်နေ့တွင် တိုက်ခန်းအား နေသူမဲ့ဖြင့် လက်ရောက်ပေးအပ်ရန်တို့ကို ရောင်းသူနှင့် ကြိုတင်သဘောတူညီချက် ရယူထားရပါမယ်။

စရံပေးစာချုပ်ချုပ်ဆိုပြီး ရောင်းသူထံမှဘာစာရွက်စာတမ်းတွေကို ရယူထားရမလဲ?
စရံငွေပေးသည့်နေ့တွင် စရန်ပေးစာချုပ်နှင့်အတူ တိုက်ခန်းနှင့်ပတ်သက်သော စာချုပ်စာတမ်းများအားလုံး၏ မိတ္တူကို ရယူထားရပါမယ်။
အပြီးသတ်စာချုပ်မချုပ်ခင် သေချာအောင်ဘာတွေလုပ်ဖို့လိုအုံးမလဲ?
တိုက်ခန်းနှင့်ပတ်သက်၍ အရှုပ်အရှင်း ရှိ မရှိကို လက်လှမ်းမီသလောက် စုံစမ်းပြီးဖြစ်သော်လည်း လက်လှမ်းမမီသောကိစ္စများကို သိရှိနိုင်ရန်အတွက် သတင်းစာတွင် ကန့်ကွက်နိုင်ကြောင်း ကြော်ငြာကို ထည့်သွင်းကြော်ငြာထားသင့်ပါတယ်။
အပြီးသတ်စာချုပ်ချုပ်ဆိုပြီးနောက် ဆောင်ရန်ရှောင်ရန်တွေက ဘာတွေဖြစ်မလဲ?
အပြီးသတ်စာချုပ်ချုပ်ဆိုသည့်နေ့တွင် တိုက်ခန်းအား နေသူမဲ့ဖြင့် လက်ရောက်ရယူရပါမည်။ ရောင်းသူ က ထားရှိသော အိမ်ငှားအား ဆက်လက်ထားရှိခြင်း ၊ ရောင်းသူအား တိုက်ခန်းတွင် အခမဲ့ခေတ္တနေထိုင်ခွင့် ပေးခြင်း (သို့) အိမ်ငှားခငွေဖြင့် ဆက်လက်ငှားရမ်းခြင်း ၊ ရောင်းသူက အခမဲ့နေခွင့်ပေးထားသူအား ဆက်လက် နေခွင့်ပေးခြင်းတို့ကို ရှောင်ကြဉ်သင့်ပါတယ်။
စာချုပ်ချုပ်မယ်ဆို တံဆိပ်ခေါင်းခွန် ဘယ်လောက်ကပ်ရမလဲ?
သုံးရာကျပ်ထက်မလျော့သော တံဆိပ်ခေါင်းခွန် ကပ်ထားတဲ့ စာချုပ်နဲ့ ချုပ်ဆိုရပါမယ်။
credit to copy

Address

Yangon

Telephone

+959786052890

Website

Alerts

Be the first to know and let us send you an email when Lawyer Pyae & Ei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lawyer Pyae & Ei:

Share

Category