Khaing Oo Hlaing - Lawyer

  • Home
  • Khaing Oo Hlaing - Lawyer

Khaing Oo Hlaing - Lawyer Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khaing Oo Hlaing - Lawyer, Lawyer & Law Firm, .

မြန်မာနိုင်ငံတွင် အစုစပ်လုပ်ငန်းအဖြစ် စီးပွားရေးလုပ်ကိုင်ခြင်း (Partnership Act) (Act,9/1932)* စီးပွားရေးလုပ်ငန်းများတွင...
26/05/2025

မြန်မာနိုင်ငံတွင် အစုစပ်လုပ်ငန်းအဖြစ် စီးပွားရေးလုပ်ကိုင်ခြင်း (Partnership Act) (Act,9/1932)

* စီးပွားရေးလုပ်ငန်းများတွင် အခြေခံကျသောလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိသည့် အဖွဲ့အစည်းလုပ်ငန်းများမှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Small and Medium - Size Enterprises) (SME)ပင်ဖြစ်သည်။ သက်ဆိုင်ရာနိုင်ငံများ၏ အစိုးရများနှင့် ကမ္ဘာ့စီးပွားရေးအဖွဲ့အစည်းများကလည်း ထိုအသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များကို ငွေထုတ်ချေးပေးခြင်းနှင့် နည်းပညာပံ့ပိုးပေးခြင်းဖြင့် ကူညီပေးလျက်ရှိပါသည်။ ထိုအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များသည် ကုန်ကျစရိတ်လျော့ချရန်နှင့် ရိုးရှင်းစွာစီးပွားရေး လုပ်ကိုင်နိုင်ရန်အတွက် ကုမ္ပဏီထောင်ခြင်းမပြုဘဲ အစုစပ်လုပ်ငန်းများအဖြစ် လုပ်ကိုင်ကြပါသည်။

* အစုစပ်လုပ်ငန်းဆိုသည်မှာ စီးပွားရေးလုပ်ငန်းတစ်ခုကို အရင်းအနှီးထည့်ဝင်ပြီး ပါဝင်သောအစုဝင်အားလုံး (သို့မဟုတ်) ယင်းပါဝင်သော အစုဝင်အားလုံးအနက်မှ မည်သူမဆိုက လုပ်ကိုင်ဆောင်ရွက်ပေးရာမှ ရရှိလာသောအကျိုး အမြတ်ကို မျှဝေခံစားကြသော စီးပွားရေးလုပ်ငန်းပင်ဖြစ်သည်။

* အစုစပ်လုပ်ငန်းအတွင်းဝင်ရောက်ပါဝင်လာသော လူတစ်ယောက်ချင်းစီကို အစုဝင်များ “partners” ဟုခေါ်ပြီး အစုဝင်အားလုံးပါဝင်သည့် လုပ်ငန်းကို အစုစပ်လုပ်ငန်း “a firm” ဟုခေါ်သည်။

* အစုစပ်လုပ်ငန်းများ၏ အားသာချက်များ-
(က) ထူထောင်ရလွယ်ကူခြင်း
(ခ) လွယ်ကူစွာကိုင်တွယ်အုပ်ချုပ်စီမံခန့်ခွဲနိုင်ခြင်း။
(ဂ) လူနည်းစုက စီမံဆောင်ရွက်နိုင်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာခြင်း။
(ဃ) အစုဝင်အားလုံးက ငွေရေးကြေးရေးကိစ္စများတွင် ပူးတွဲတာဝန်ယူဆောင်ရွက်ခြင်း။
(င) အစိုးရ၏ကြီးကြပ်မှုမှ ကင်းလွတ်သဖြင့် ထိရောက်စွာဆောင်ရွက်နိုင်ခြင်း။
(စ) ကုမ္ပဏီများဖွဲ့စည်းခြင်းထက် ပိုမိုရိုးရှင်းသည့် လုပ်ထုံးလုပ်နည်းရှိခြင်း။


* အစုစပ်လုပ်ငန်း အက်ဥပဒေ (1932)၏ သဘောတရား

(က) နှစ်ဦးထက်မနည်းသူများက စီးပွားကုန်သွယ်ရေးလုပ်ငန်းတစ်ရပ်ကို အကျိုးတူဆောင်ရွက်ခြင်း။
(ခ) ယင်းသို့ဆောင်ရွက်နိုင်ရန် ပဋိညာဉ်တစ်ရပ်ပြုလုပ်ထားခြင်း။
(ဂ) အကျိုးအမြတ်ရရှိလာပါက မျှဝေခံစားရန် ပဋိညာဉ်ပါအတိုင်းသဘောတူညီခြင်း။
(ဃ) အစုစပ်လုပ်ငန်းကို လုပ်ဆောင်ရာတွင် ပါဝင်ဆောင်ရွက်သူအားလုံး (သို့မဟုတ်) အချို့က အစုဝင်များ၏ ကိုယ်စားလုပ်ကိုင်ကြရန် သဘောတူညီခြင်း။
(င) အစုစပ်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ကြသူများသည် တစ်ဦးကိုတစ်ဦးကိုယ်စားပြု၍ ဆောင်ရွက်ကြ ခြင်းဖြစ်သည်။

အစုစပ်လုပ်ငန်းများလုပ်ကိုင်ရာတွင် ဥပဒေအရ စာချုပ်ချုပ်ဆိုရန်မှာ အ‌ရေးကြီးပါသည်။

* အစုစပ်လုပ်ငန်းအက်ဥပဒေပုဒ်မ (၁၁) ၏ပြဌာန်းထားချက်အရ အစုစပ်လုပ်ငန်းတွင် ပါဝင်သောအစုဝင်များ၏ တူညီသောအခွင့်အရေးနှင့် တာဝန်များကို အစုဝင်များကြားတွင် ချုပ်ဆိုထားသော ပဋိညာဉ်ဖြင့် သတ်မှတ်ရပါသည်။ ယင်းပဋိညာဉ်တွင် အစုဝင်များက စီးပွားရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ချက်များကို ဖော်ပြထားရ ပါသည်။

* အစုစပ်လုပ်ငန်းအက်ဥပဒေ ပုဒ်မ ၅ အရ အစုစပ်လုပ်ငန်း၏ အခြေခံသဘောတရားသည် အစုစပ်လုပ်ကိုင် ရန်ချုပ်ဆိုသော ပဋိညာဉ်ဖြင့်သာ ပေါ်ပေါက်လာခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးနှင့် တစ်ဦးကြားဆက်ဆံရေး အရသော်လည်းကောင်း၊ မိသားစုဝင်ဆက်ဆံရေးအရသော်လည်းကောင်း လုပ်ငန်းအတူလုပ်ရာမှသော်လည်းကောင်း အစုစပ်လုပ်ငန်းလုပ်ကိုင်ခြင်းဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ တစ်နည်းအားဖြင့် အစုစပ်စာချုပ်ချုပ် ဆိုခြင်းမရှိဘဲလုပ်ကိုင်သော လုပ်ငန်းများသည် မိသားစုစီးပွားရေးမျှသာဖြစ်နေမည်ဖြစ်ပြီး အစုစပ်လုပ်ငန်းအက်ဥပဒေအရ အကာကွယ်ကို ရရှိမည်မဟုတ်ပေ။ ထို့ကြောင့် အစုစပ်လုပ်ငန်းများ လုပ်ကိုင်ရာတွင် အစုစပ်စာချုပ်အား ခိုင်မာစွာချုပ်ဆိုထားရန်ဥပဒေအရလိုအပ်ကြောင်း သိထားသင့်ပေသည်။

*ဤအက်ဥပဒေအရ အစုစပ်လုပ်ငန်းများကို မှတ်ပုံတင်လိုကတင်နိုင်ပါသည်။ မှတ်ပုံမတင်ဘဲလည်း နေနိုင်ပါသည်။ အစုစပ်လုပ်ငန်းများကို မှတ်ပုံတင်ပါက ဥပဒေအရလုပ်ပိုင်ခွင့်များရရှိမည်ဖြစ်ပါသည်။ ယင်းမှာ တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိသော ဥပဒေအရတရားဝင်အဖွဲ့အစည်းဖြစ်လာမည်ဖြစ်သည်။ (Legal Entity Right to sue and be sued)

အစုစပ်လုပ်ငန်းများကို မှတ်ပုံမတင်ပါက ဆုံးရှုံးမည့်အခွင့်အရေးများကို အစုစပ်လုပ်ငန်းအက်ဥပဒေ (ပုဒ်မ- ၆၉) တွင်ပြဌာန်းထားသည်။ (*အရေးကြီးသည့်အတွက် သေချာဖတ်ထားသင့်ပေသည်)

၁။ အစုဝင်များ၏ တရားစွဲဆိုခွင့်ကို ကန့်သတ်ခြင်း (ပုဒ်မ ၆၉ (၁))
မှတ်ပုံတင်မထားသော အစုစပ်လုပ်ငန်းတွင်ပါဝင်သော အစုဝင်တစ်ဦးသည် ထိုအစုစပ်လုပ်ငန်းကို ဖြစ်စေ၊ အခြားအစုဝင်တစ်ဦးကိုဖြစ်စေ တရားစွဲဆို၍ အစုစပ်စာချုပ်မှ အခွင့်အရေးများ (Contractual rights)နှင့် အစုစပ်လုပ်ငန်းအက်ဥပဒေအရ‌ ပေးအပ်ထားသည့်အခွင့်အရေးများကို မည်သည့်တရားရုံးတွင်မှ တောင်းခံခြင်းအား ဤပုဒ်မအရတားမြစ်ထားပေသည်။

*ဆိုလိုသည်မှာ အစုစပ်လုပ်ငန်းလုပ်ကိုင်ရန်အတွက် မိတ်ဆွေနှင့် အတူပါဝင်မယ့်အဖွဲ့ဝင်များက အစုစပ်စာချုပ်ကိုချုပ်ဆိုထားသော်လည်း ထိုအစုစပ်လုပ်ငန်းကို မှတ်ပုံမတင်ထားသည့်အတွက် အစုစပ်လုပ်ငန်းမှတ်ပုံတင်စာရင်းမှာ မပါဝင်သေး၍ အစုစပ်စာချုပ်ထဲမှာပါတဲ့ မိတ်ဆွေရဲ့ အခွင့်အရေးတွေနဲ့ အစုစပ်လုပ်ငန်းအက်ဥပဒေအရ‌ ပေးအပ်ထားတဲ့ မိတ်ဆွေရဲ့ အခွင့်အရေးတွေကို တရားစွဲဆိုတောင်းခံပိုင်ခွင့်ရှိမှာမဟုတ်ပါဘူး။ (စာချုပ်ချုပ်ထားတာပဲဆိုပြီး အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်လာရင် တရားရုံးတက်ပြီး ဖြေရှင်းခွင့်ကို ဥပဒေအရ ပိတ်ပင်ခံလိုက်ရတာကို ဆိုလိုခြင်းဖြစ်သည်)

၂။ အစုစပ်လုပ်ငန်းမှ ပြင်ပအဖွဲ့အစည်းများကို တရားစွဲဆိုခြင်းကို ကန့်သတ်ခြင်း (ပုဒ်မ ၆၉ (၂))
မှတ်ပုံတင်မထားသော အစုစပ်လုပ်ငန်းသည် စာချုပ်တစ်ခုခုမှဖြစ်ပေါ်လာသော အခွင့်အရေး တစ်စုံတစ်ရာကို တောင်းခံရန်ပြင်ပအဖွဲ့အစည်းများကို တရားစွဲဆိုခွင့်မရှိပေ။ (မှတ်ပုံတင်ထားမှ တရားစွဲဆိုခွင့် ရှိမည်)

* လေ့လာရမည့်စီရင်ထုံးများ

ဒေါ်ငွေသီး ပါ-၁၁ နှင့် ဦးဖေသင် ပါ-၅ (၁၉၉၆၊ မတစ၊ စာ-၁၁၈၅)
ဟူစိန်ဘတ်(စ်) နှင့် ဒေါ်စန်းတင့် (၁၉၇၈၊မတစ၊ စာ-၁၁၈)

Act 1932
#အစုစပ်လုပ်ငန်း #အစုစပ်လုပ်ငန်းအက်ဥပဒေ

Legal Counsel in Myanmar

မြန်မာနိုင်ငံရဲ့ ဥပဒေတွေမှာပါတဲ့ Act နဲ့ Law တို့ရဲ့အကြောင်း…..ယနေ့ခေတ်ဥပဒေတွေရဲ့နောက်မှာ Law လို့သုံးနှုန်းပြီး တချို့အ...
02/05/2025

မြန်မာနိုင်ငံရဲ့ ဥပဒေတွေမှာပါတဲ့ Act နဲ့ Law တို့ရဲ့အကြောင်း…..

ယနေ့ခေတ်ဥပဒေတွေရဲ့နောက်မှာ Law လို့သုံးနှုန်းပြီး တချို့အရင်ကဥပဒေတွေနောက်မှာဘာလို့ Act လို့သုံးနှုန်းကြတာလည်းဆိုတာ သိချင်ကြမယ်ထင်ပါတယ်။

အရင်တုန်းက ဥပဒေတွေဖြစ်တဲ့ ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှါးရမ်းခ ကြီးကြပ်ရေးအက်ဥပဒေ(The Urban Rent Control Act,1960)၊ The Union Judiciary Act - ၁၉၄၈ ခုနှစ် ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေ၊ ၁၉၅၄ ခုနှစ် ပြည်ထောင်စုယဥ်ကျေးမှုကောင်စီအက်ဥပဒေ၊ Contract Act အစရှိတဲ့ဥပဒေတွေရဲ့အနောက်မှာ Act နဲ့ဆုံးတာသတိထားမိကြမှာပါ။

ယနေ့ခေတ်မှာတော့ Consumer Protection Law ၊ Company Law၊ Labour Law စသဖြင့်ပဲ ဥပဒေတွေရဲ့နောက်မှာ Law ဆိုပြီးပဲသုံးနှုန်းပြဌာန်းပါတော့တယ်။ ဒီလိုပြောင်းလဲသွားတာဘာကြောင့်လဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

အဲ့ဒီအကြောင်းကို သိချင်ရင် ကျနော်တို့ မြန်မာနိုင်ငံရဲ့သမိုင်းကို နောက်ကြောင်းပြန်ကြည့်ရပါမယ်။ မြန်မာနိုင်ငံသည် ၁၈၈၆ ခုနှစ်မှစ၍ ဗြိတိသျှကိုလိုနီ လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ဗြိတိသျှက မြန်မာနိုင်ငံကို အုပ်ချုပ်ရတာပိုမိုလွယ်ကူစေဖို့အတွက် ၁၈၈၆ခုနှစ်မှာပဲ ဗမာပြည်ကို အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအနေနဲ့ အုပ်ချုပ်ခဲ့ပါသည်။

ထို့အတူ ဗြိတိသျှတွေက အိန္ဒိယနိုင်ငံရဲ့ ဥပဒေတွေဖြစ်တဲ့ Indian Penal Code (1860), the Criminal Procedure Code (1862), the Indian Evidence Act (1872) and the Civil Procedure Code (1859) တို့ကို မြန်မာနိုင်ငံထဲယူဆောင်လာပြီး ပြဌာန်းအုပ်ချုပ်စေခဲ့ပါတယ်။

ဗမာပြည်က အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုအဖြစ် ၁၈၈၆ခုနှစ်ကနေ ၁၉၃၇ခုနှစ်ထိကျရောက်ခဲ့သည့်အတွက် အိန္ဒိယက ပြဌာန်းတဲ့ ဥပဒေတွေဟာ ဗမာပြည်မှာ အာဏာသက်ရောက်ခဲ့ပါတယ်။

ထို့အတူအိန္ဒိယရဲ့ ဥပဒေပြုအဖွဲ့အစည်းကို လေ့လာကြည့်ရင် The Imperial Legislative Council က 1861 to 1947 ထိ ဥပဒေတွေကို ပြဌာန်းခဲ့ပါသည်။ ထို့နောက် ၁၉၅၀ ခုနှစ်မှာ Parliament of India လို့ပြောင်းလဲသတ်မှတ်ပါတယ်။ (အိန္ဒိယရဲ့သမိုင်းအကျဥ်းချုပ်ဖြစ်ပါတယ်)။

အိန္ဒိယနိုင်ငံ ကနေ မြန်မာနိုင်ငံရောက်လာတဲ့ ဥပဒေတွေသည်လည်း အက်ဥပဒေ တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပဋိညာဉ်အက်ဥပဒေကို Contract Act လို့ပဲခေါ်ပါတယ် Contract Law လို့မရေးပါဘူး။

ဗမာပြည်လွတ်လပ်ရေးရပြီးတဲ့ ၁၉၄၈ခုနှစ် ကနေ ၁၉၆၂ ခုနှစ် ထိပြဌာန်းခဲ့တဲ့ ဥပဒေတွေရဲ့ နောက်မှာလည်း Act လို့ပဲသုံးနှုန်းပါတယ်။ ဒါက Parliament of Burmaက ဆက်လက်ပြဌာန်းတဲ့ ဥပဒေတွေဖြစ်တာကြောင့် ထိုဥပဒေတွေမှာလည်း Act လို့ပဲ သုံးနှုန်းပါတယ်။

အဲ့တာကြောင့် အိန္ဒိယပါလီမန်ကနေဖြစ်စေ မြန်မာပါလီမန်ကနေဖြစ်စေ ပြဌာန်းလိုက်တဲ့ ဥပဒေတွေရဲ့ နောက်မှာ Act လို့သုံးနှုန်းပြီး တော်လှန်ရေးကောင်စီ တက်လာတဲ့ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာတော့ ပါလီမန်ကို ဖျက်သိမ်းခဲ့ပြီးနောက် ပြဌာန်းလိုက်တဲ့ ဥပဒေတွေမှာတော့ Law လို့ပဲသုံးနှုန်းပါတော့တယ်။ ထို့အတူပဲ ၁၉၆၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံရဲ့ Parliament Democracy အဆုံးသတ်ခဲ့ရတဲ့နှစ်ဖြစ်ပါတယ်။

ဒါကြောင့် ၁၉၄၈ခုနှစ် ကနေ ၁၉၆၂ခုနှစ်ထိ ပြဌာန်းထားတဲ့ဥပဒေတွေကို Parliamentary Acts (1948-1962) လို့ဖော်ပြတာတွေ့ရမှာပါ။ ၁၉၆၂ခုနှစ်နောက်ပိုင်းထွက်တဲ့ ဥပဒေတွေကတော့ အက်ဥပဒေ(Act) တွေလို့ မသုံးနှုန်းတော့ပဲ Law လို့ပဲသုံးနှုန်းပြဌာန်းပါတော့တယ်။

ဒါကမြန်မာနိုင်ငံရဲ့ အရင်က ဥပဒေတွေ နောက်မှာ Act လို့သုံးနှုန်းပြီး အခုခေတ် ဥပဒေတွေမှာ Law ဆိုပြီးပဲ ပြဌာန်းတော့တဲ့ သမိုင်းကြောင်းဖြစ်ပါတယ်။

(မှတ်ချက်- မြန်မာနိုင်ငံ ဥပဒေတွေမှာသုံးနှုန်းထားတဲ့ Act နှင့်Law ရဲ့သမိုင်းကြောင်းကို ရေးထားတာဖြစ်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတာမဟုတ်ပါဘူး။ ဒါကနိုင်ငံအသီးသီးရဲ့ ပညာရှင်အသီးသီးကအဓိပ္ပာယ်အမျိုးမျိုးနဲ့ ဖွင့်ဆိုပြီး ဖြစ်ပါတယ်။ ပြီးတော့မြန်မာနိုင်ငံရဲ့ ဥပဒေသမိုင်းကိုရေးတာဖြစ်လို့ နိုင်ငံတိုင်းမှာ Parliament ကပြဌာန်းတယ်ဆိုတိုင်း အက်ဥပဒေလို့ ခေါ်ဆိုရေးသားမှာ မဟုတ်ဘူးဆိုတာပါပဲ။)

အနှစ်ချုပ်ပြောရရင် မြန်မာနိုင်ငံက ဥပဒေတွေမှာ ပါလီမန်က ပြဌာန်းထားတဲ့ဥပဒေတွေက အက်ဥပဒေ(Act) တွေ ဖြစ်ပြီး ပါလီမန် ဖျက်သိမ်းပြီးနောက်မှ ပြဌာန်းလိုက်တဲ့ ဥပဒေတွေကတော့ Law ဆိုပြီးပဲသုံးနှုန်းပါတော့တယ်လို့ တင်ပြလိုက်ရပါတယ်။

Legal Counsel in Myanmar
,

AI နဲ့ နိုင်ငံဥပဒေတွေရေးတာ တကယ်ပဲအလုပ်ဖြစ်မှာလား။UAE အစိုးရက ၎င်းတို့နိုင်ငံရဲ့ ဥပဒေတွေကို AI နဲ့အသုံးပြုပြီး ရေးသားဖို့...
30/04/2025

AI နဲ့ နိုင်ငံဥပဒေတွေရေးတာ တကယ်ပဲအလုပ်ဖြစ်မှာလား။

UAE အစိုးရက ၎င်းတို့နိုင်ငံရဲ့ ဥပဒေတွေကို AI နဲ့အသုံးပြုပြီး ရေးသားဖို့တရားဝင် ကြေညာတဲ့ ကမ္ဘာ့ပထမဆုံး နိုင်ငံဖြစ်လာပါတယ်။ ဒါကို UAE အစိုးရက ဧပြီလမှာ ကြေညာခဲ့တာဖြစ်ပြီး Regulatory Intelligence Office ကိုပါပူးတွဲတည်ထောင်ခဲ့ပြီး AI ကို ဥပဒေပြုရေး အခန်းကဏ္ဍမှာ ပေါင်းထည့်ခဲ့ပါတယ်။ UAE အစိုးရရဲ့ ရည်ရွယ် ချက်က ဥပဒေပြုရေးမှာ AI ကိုအသုံးပြုပြီး ကျယ်ပြန့်လှတဲ့ ဥပဒေအချက်လက်များ၊ တရားရုံးဆုံးဖြတ်ချက်များနှင့် အများပြည်သူဆိုင်ရာ အချက်လက်များကို စိစစ်စိတ်ဖြာပြီး ပိုမိုတိကျမြန်ဆန်စွာ ဥပဒေသစ်တွေကိုပြဌာန်းဖို့နှင့် ဥပဒေတွေကိုပြင်ဆင်ဖို့ပဲဖြစ်ပါတယ်။

သာမန်ရှုထောင့်ကနေစဥ်းစားရင်တော့ AIက များပြားလွန်းလှတဲ့ ဥပဒေအချက်လက်တွေကို စိစစ်စိတ်ဖြာနိုင်ခြင်းနှင့် ဥပဒေတွေမှာရှိနိုင်တဲ့ အချို့ယိုပေါက်တွေကိုတောင်ထောက်ပြနိုင်တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ပြန်စဉ်းစားရမယ့် အရေးကြီးတဲ့အချက်ရှိနေပါတယ်။ အဲ့တာက ကျွန်တော်တို့လူ့အဖွဲ့အစည်းကို စီမံအုပ်ချုပ်ဖို့အတွက် ပြဌာန်းမယ့်ဥပဒေတွေကို ဉာဏ်ရည်တုနည်းပညာဆိုတဲ့ စက်ပစ္စည်းတွေလက်ထဲပုံအပ်လို့ ရ/မရ ဆိုတာပါပဲ။

ကျွန်တော်တို့တွေသိထားကြတဲ့အတိုင်း ဥပဒေဆိုတာ အချက်လက်တွေ၊ အကြောင်းအရာတွေကြီးပဲ မဟုတ်ဘူဆိုတာပါပဲ။ ဥပဒေဆိုတာ လူကျင့်ဝတ်၊ လူတွေရဲ့တန်ဖိုးသတ်မှတ်ချက်များ၊ စံများနှင့် ဉာဏ်ရည်တုတွေနားလည်နိုင်မှာမဟုတ်တဲ့ ရှုပ်ထွေးလှတဲ့ လူမှုရေးဆိုင်ရာဖြေရှင်းဆောင်ရွက်ချက်များ ပါဝင်နေမည်ဖြစ်ပါသည်။ ဉာဏ်ရည်တုနည်းပညာက ဥပဒေရဲ့ အနှစ်သာများဖြစ်တဲ့ ဥပဒေက ပေးထားတဲ့ မတူညီတဲ့တရားမျှတမှုတွေအကြောင်းနားလည်မယ်လို့တော့ ကျွန်တော်မထင်မိပါဘူး။

AI က ကျွန်တော်တို့လူမှုဘဝမှာများစွာ အသုံးဝင်နေတာမှန်ပေမယ့် AI နဲ့ဥပဒေပြုရာမှာတော့ အငြင်းပွားစရာအများကြီးဖြစ်လာမယ်ထင်ပါတယ်။ ဥပဒေရေးဆွဲရာမှာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုက အရမ်းအရေးကြီးပါသည်။ Ai နဲ့ရေးပါက ထိုအရာများပျောက်ဆုံးသွားမည်ဟု ထင်မြင်မိပါသည်။

ဒူဘိုင်းအစိုးရဖြစ်တဲ့ Mohammed bin Rashid Al Maktoum ကတော့ “ ဉာဏ်ရည်တုနည်းပညာနဲ့ ပံ့ပိုးပေးထားတဲ့ ဥပဒေပြုရေးစနစ်သစ်က ကျွန်ုပ်တို့ ဥပဒေတွေပြဌာန်းတဲ့အခါ ပိုမိုမြန်ဆန် တိကျလာ ပါလိမ့်မယ်” လို့ပြောခဲ့ပါတယ်။

ထို့အပြင်UAEနိုင်ငံရဲ့ ဥပဒေရေးဆွဲရာတွင်ပါဝင်နေတဲ့ ရှေ့နေတစ်ဦးဖြစ်သူ Hesham elrafei က “သမားရိုးကျပါလီမန်စနစ်ရဲ့ ဥပဒေပြု‌ရေးမှာ အဆုံးမရှိတဲ့ နိုင်ငံရေးအငြင်းပွားမှုတွေနဲ့ နှစ်တွေအများကြီး အချိန်ကုန်မယ့်အစား ဒီချဥ်းကပ်မှုက ပိုမြန်စေမယ်၊ ပိုမိုရှင်းလင်းစေပြီး လက်တွေကျတဲ့ ပြဿနာ ဖြေရှင်းနည်းတွေပေါ်အခြေခံစေတယ်” လို့မှတ်ချက်ပြုထားပါတယ်။

သေချာတာတစ်ခုကတော့ ဥပဒေတွေကို လူကရေးရေး AIနဲ့ ရေးရေး ရှေ့နေတွေကတော့ ကိုယ့်အမှုသည်ကို ရတဲ့နည်းနဲ့ ဥပဒေကြောင်းအရ ကာကွယ်မြဲကာကွယ်နေမယ် ဆိုတာပါပဲ။

Legal Counsel in Myanmar

၂၀၂၅ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပြဌာန်းလိုက်ပါတယ်။
23/04/2025

၂၀၂၅ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပြဌာန်းလိုက်ပါတယ်။

Address


Telephone

+959775630088

Website

Alerts

Be the first to know and let us send you an email when Khaing Oo Hlaing - Lawyer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Law Practice?

Share