05/06/2026
🐥ကျွန်မ က ကြိုပွိုင့်တိုက်ခန်းဝယ်ထားတာ ငွေအကြေ နီးပါးပေးပြီးပါပြီ။ဒါပေမဲ့ ကန်ထရိုက်က ခုထိ ဖောင်ဒေးရှင်း တူးနေတုန်းရှိသေးတယ် ဘာမှမထူးသေးပါဘူး။ ကန်ထရိုက်ကလဲ ဘာမှဆက်မလုပ်ပေးဘူးဖြစ်နေပါတယ် **** ဆိုတဲ့ စကားကို ကြိုပွိုင့်ဝယ်သူတွေစီက ခနခန ကြားရပါတယ် 🐥
🪼ဒီလိုအဖြစ်မျိုးက
ကန်ထရိုက်စီက ကြိုပွိုင့်ဝယ်ရင် ၁၀ ယောက်မှာ ၇ ယောက်လောက်က ဒီလိုကြုံရတတ်တယ်
🪼စရန်စာချုပ် ဟာ အရမ်းအရေးကြီးတယ်လို့ဘဲ ထပ်ခါထပ်ခါပြောပါရစေ။
ကြိုပွိုင့်ဝယ်တဲ့အခါ ရှေ့နေနဲ့ ချုပ်ကြတာ နည်းတယ် ၊ ကန်ထရိုက်ဘက်ကပြင်ဆင်ပေးတဲ့စာချုပ်နဲ့သာချုပ်ကြတယ်။ ငွေအကြေချေတော့မှသာ ရှေ့နေ ဌားကြတာများတယ်။
🪼ဒီအခါမှာ ဘာဖြစ်လဲဆိုတော့ ကန်ထရိုက်ကို လစဉ်လတိုင်း ကို့ဘက်ကသာ ငွေသွင်းနေရပေမဲ့ တိုက်က တိုးတက်မှုမရှိဘူး။
🪼မြေတူးတဲ့နေရာက နေ တက်မလာတော့ဘူး။
ကို့ဘက်က ငွေကကြေနေပြီ အခန်းအပ်ရမဲ့ကာလ လည်းရောက်နေပေမဲ့ ကန်ထရိုက်ကဘယ်ဆီဘယ်ဝယ်မှန်း မသိဘူး။
🪼ကန်ထရိုက်ဆိုသည်မှာလဲ ငွေသွင်းနေတဲ့အခါဆို ရွှန်းရွှန်းဝေ အောင်ပြောပါလိမ့်မယ်။ BCC မကျတဲ့အခါ၊ အခန်းမအပ်နိုင်တဲ့အခါကျရင် သူ့လုပ်စာထိုင်စားနေရသလို ဆက်ဆံလာပါလိမ့်မယ်။
🪼ဒါ့ကြောင့် အကြံပေးချင်တာကလေ ကန်ထရိုက်ဘက်ကချပြတဲ့ payment ကို
လက်မခံဘဲ ပထမထပ်ပြီးရင်ဘယ်လောက်/ ဒုတိယထပ်ပြီးရင် ဘယ်လောက်ဆိုပြီး တစ်လွှာပြီးမှ တစ်ခါ ငွေချေပေးတာ ဝယ်သူအတွက်ပိုအဆင်ပြေပါလိမ့်မယ်။
🪼နောက်တစ်ခု က BCC အတွက်ဘဲ အသည်းအသန် ငွေချန်ကြပါတယ် ။ ကိုယ်ပိုင်မီတာရရှိအောင် ဆောင်ရွက်ပေးရမယ်ဆိုတဲ့အချက်ကိုထည့်မချုပ်ကြဘူး၊ ကန်ထရိုက်ချုပ်တဲ့စာချုပ်မှာလဲ မပါဘူး။ အခုနောက်ပိုင်းက BCC ကျပြီးမှသာ ကိုယ်ပိုင်မီတာ ချပေးတော့တာမို့ BCC အတွက်ဘဲငွေချန်ရင် BCC အတွက်ဘဲလုပ်ပေးသွားမှာပါ။ ကိုယ်ပိုင်မီတာ ကျဖို့ မြေရှင်နဲ့ နှစ်ပါး ဆက်သွားနေရပါလိမ့်မယ်။
🪼ဒါ့ကြောင့်စရန် စ ချစဉ်ကတည်းက ရှေ့နေခေါ်ပါ။ ကန်ထရိုက်ဘက်က ပြောတဲ့ payment အတိုင်းသွားရင် ပြဿနာတက်ဖို့က ရာခိုင်နှုန်းပိုများပါတယ်။
🪼စရန် စချကတည်းက လိုချင်တာ ကိုယ့်ရှေ့နေနဲ့တိုင်ပင်ပြီး ထည့်သွင်းချုပ်ဆိုကြပါ။ ကန်ထရိုက်ဘက်က တစုံတစ်ရာ ပျက်ကွက်ခဲ့ရင် ရှေ့နေချုပ်ပေးတဲ့စာချုပ်နဲ့ မိမိအခွင့်အရေးကို တောင်းဆိုလို့ရပါမယ်။ ကန်ထရိုက်စာချုပ်အတော်များများကတော့ သူ့တို့ဘက်ကအခွင့်အရေးကိုသာ ထည့်သွင်းချုပ်ဆိုကြတာများပါတယ်။
🪼နောက်တစ်ခု က ကန်ထရိုက်ရဲ့ Image ကိုလည်း သေချာစုံစမ်း လေ့လာပြီးမှ ဝယ်ယူသင့်ပါတယ်။
Card.. ရှေ့နေ ဒေါ်မေသူ