Yangon Hub

Yangon Hub Flatshare, Room share အတူစုနေချင်သူများအတွက် ချိတ်ဆက်ဝန်ဆောင်မှုပေးပါတယ်။

ရန်ကုန်မြို့ဟာ နေထိုင်စရိတ်က အရမ်းကိုအကုန်ကျများလှပါတယ်။ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ များလာတာ၊ စီးပွားရေးအကြပ်အတည်းတွ...
26/12/2025

ရန်ကုန်မြို့ဟာ နေထိုင်စရိတ်က အရမ်းကိုအကုန်ကျများလှပါတယ်။ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ များလာတာ၊ စီးပွားရေးအကြပ်အတည်းတွေကြောင့် ပြီးခဲ့တဲ့နှစ်တွေနဲ့ယှဥ်ရင် အိမ်ခြံမြေဈေးနှုန်းတွေက ၃ ဆ လောက်ကိုခုန်တတ်သွားခဲ့တာအားလုံးအသိပါပဲ။ 📉

အိမ်ငှားဖို့ရှာတဲ့အခါမှာလည်း ကိုယ်နေချင်တဲ့နေရာ၊ လိုချင်တဲ့ facilities ရဖို့က ကိုယ်သုံးနိုင်တဲ့ငွေပမာဏထက်များနေတော့ အဆင်မပြေဘူး။ ဒီကြားထဲ အိမ်ငှားတဲ့အခါ အကျိူးဆောင်ခပေးရတာ၊ လချုပ်ချုပ်ရတာတွေအတွက် အတော်ကိုခေါင်းခဲရပါတယ်။ 🤯

အိမ်ငှားပြီးရင်လည်း အိမ်တွင်းကတခြားအထွေထွေကုန်ကျစရိတ်တွေကမနည်းလှဘူး။ မီတာခ၊ ရေခ၊ အင်တာနက်လစဥ်ကြေးတွေနဲ့ အိမ်တွင်းက အခြေခံကုန်ကျစရိတ်တွေအကုန်လုံးကို တဦးတယောက်တည်းက အကုန်ကျခံဖို့ဆိုတာ လူတိုင်းအတွက်အဆင်မပြေတော့ပါဘူး။

ဒါကြောင့် တချို့က နေထိုင်စရိတ်သက်သာအောင် အဆောင်ငှားနေကြတယ်။ ဒါပေမယ့် အဆောင်တွေဆိုတာကလည်း လူတိုင်းအတွက်အဆင်မပြေပြန်ဘူး။ လူသန့်သန့်လေးနဲ့ Privacy ရှိရှိနေချင်သူတွေ၊ သန့်ရှင်းသပ်ရပ်စွာနေချင်သူတွေ၊ အိမ်မှာ အေးဆေးသက်တောင့်သက်သာအနားယူချင်သူတွေအတွက်တော့ လူအများနဲ့နေရတဲ့ အဆောင်တွေကလည်း အဆင်မပြေပါဘူး။ 🏠❌

ဒီတော့ ကိုယ်နဲ့နီးစပ်ရာ အကြိုက်တူတဲ့လူတွေရှာပြီး စပ်တူငှားနေဖို့ကလည်း အဲ့လူရဲ့နောက်ကြောင်းရာဇဝင်ကိုမသိ၊ ကိုယ်နဲ့အကြိုက်တူ စရိုက်မတူမှာတွေကို စိုးရိမ်နေရပြန်ရော။ 😟

ဒီပြသနာတွေကို ဖြေရှင်းနိုင်ဖို့ "Yangon Hub" က ရှိနေပါပြီ! ✨

ကျွန်တော်တို့ Yangon Hub ကနေ အိမ်စပ်တူငှားချင်သူတွေအချင်းချင်း ဆုံစည်းနိုင်ဖို့ရည်ရွယ်ပြီး ဒီ Page ကို စတင်လိုက်တာပါ။ အိမ်စပ်တူငှားနေချင်သူတွေ ကိုယ်နဲ့အကြိုက်တူ၊ စရိုက်တူ Roommate ကို ရှာနိုင်ဖို့ ကျွန်တော်တို့က အစအဆုံး အကူအညီပေးသွားမှာပါ။

✅ ကိုယ်နေချင်တဲ့ မြို့နယ်၊ Facilities၊ Roommate တွေကို ကိုယ့်စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။
✅ လူမှန်၊ နေရာမှန်ရစေဖို့ ကျွန်တော်တို့က အကောင်းဆုံးဝန်ဆောင်မှုပေးပါမယ်။
✅ Roommate ရှာဖို့ အချက်အလက်တချို့ကို ပေးထားရုံနဲ့ လူကြီးမင်းတို့နဲ့ကိုက်ညီမယ့်သူကို အမြန်ဆုံးရှာဖွေပေးမှာပါ။

ကိုယ်နဲ့ကိုက်ညီတဲ့ Roommate ကိုသာရမယ်ဆိုရင် အိမ်ငှားခ၊ အကျိုးဆောင်ခ၊ အိမ်တွင်းအထွေထွေစရိတ်နဲ့ ကုန်ကျမှုတွေကို အများကြီးလျော့ချနိုင်မှာဖြစ်ပါတယ်။ အဆောင်တွေမှာလို ပစ္စည်းပျောက်မှာစိုးရတာ၊ မတစ်ထောင်သားသမီးတွေနဲ့ စရိုက်ပေါင်းစုံကြောင့် ခေါင်းကိုက်ရတာတွေလည်း မဖြစ်တော့ဘူးပေါ့။ ✨

ဒီအတွက် ဝန်ဆောင်ခကလည်း သောင်းဂဏန်းမပြည့်တဲ့ ထောင်ဂဏန်းလေးပဲမို့ အားလုံးအတွက် အဆင်ပြေမှာပါ။ ခင်ဗျားတို့နဲ့ကိုက်ညီမယ့် Roommate ကို ရှာပေးနိုင်ဖို့ ကျွန်တော်တို့ကို မေးခွန်းတချို့ပဲ ဖြေပေးပါ။ ၂၄ နာရီကနေ ၄၈ နာရီအတွင်း ကိုယ်နဲ့ကိုက်ညီမယ့်သူကို ရှာဖွေဆက်သွယ်ပေးပါ့မယ်။ 📩

အိမ်ဆိုတာ ကိုယ်တနေ့တာပင်ပန်းခဲ့သမျှကနေ သက်တောင့်သက်သာအနားယူနိုင်မယ့် နေရာလေးပါ။ ဒီလိုနေရာလေးဟာ စိတ်ချလုံခြုံမှု၊ သက်တောင့်သက်သာရှိမှုနဲ့ လွတ်လပ်စွာနေနိုင်မှ "အိမ်" လို့ ခေါ်နိုင်တာမို့ အသေအချာကို စိစစ်ရွေးချယ်နိုင်ကြပါစေ။ ❤️

Address

Mingaladon

123456

Telephone

+959899055500

Website

Alerts

Be the first to know and let us send you an email when Yangon Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Law Practice?

Share