Thiri Alingyar

Thiri Alingyar welcome

Hellos
06/05/2026

Hellos

06/05/2026

😊

04/05/2026

🤣

01/05/2026

တရားမ နို့တစ်
========

တရားမမှုများ စွဲဆိုရာတွင် တချို့အမှုများမှာ အကြောင်းကြားနို့တစ်စာ ရေးရန်မလိုသော်လည်း တချို့အမှုများမှာ နို့တစ်မပေးက တရားစွဲ၍မရပေ။ တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၈၀ အရ အစိုးရအပေါ်ဖြစ်စေ တာဝန်အရဆောင် ရွက်သည့် အစိုးရအရာရှိအပေါ်တွင် ဖြစ်စေ တရားမကြောင်းအရ တရားစွဲဆိုရန် ရှိလျှင်လည်းကောင်း ၊ အိမ်ရှင် အိမ်ငှား နှင်လိုမှုများတွင် ပစ္စည်းလွဲှပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၀၆၊ ၁၁၁ ၊၁၁၃ နှင့် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂၊ ၂၊ (က) အရ နို့တစ်ပေးရန် ပြဋ္ဌာန်းထားပါသည်။ အစိုးရ (သို့မဟုတ်) တာ ဝန် အရ ဆောင်ရွက်သည့် အစိုးရအရာရှိ အပေါ်နို့်တစ်စာပေး၍ ၂ လ ပြည့်ပြီးမှာ တရားစွဲရန်နှင့် အိမ်ငှားနှင် လိုမှုဖြစ်က (၁၅) ရက်ကြိုတင်၍ အိမ်ငှားလက်ဝယ်ရောက်ဖို့ လိုပါသည်။ ထိုသို့မရောက်ပါက နို့တစ်စာမှ ဥပဒေနှင့် မညီညွှတ်သဖြင့် အမှုတစ်ခုလုံး ပျက်ပြယ်ပါသည်။

သို့ဖြစ်ရာ အမှုအလိုက် စည်းကမ်းချက်နှင့် အညီ နို့တစ်ပေးဖို့လိုပါသည်။ သက်ဆိုင်ရာဥပဒေကိုလည်း ကျေ ညက်စွာ လေ့လာထားရပါမည်။ မြင်းကို သံခွာမရိုက်မိသည်နှင့် စစ်ပွဲကြီးတစ်ခုလုံး ရှုံးရဘိသကဲသို့ မှားယွင်းစွာ နို့တစ်ပေးမိသည့်အတွက် တရားမမှုကြီးတစ်ခုလုံး ရှုံးနိမ့်နိုင်သဖြင့် သတိကြီးစွာ ဆောင်ရွက်ဖို့ လိုပါသည်။

နောက်ထပ်သတိပြုရမည့်အချက်မှာ မိမိ ပေးပို့သည့် နို့တစ်စာအတည်ဖြစ်ရန်အတွက် စာတိုက်မှ မှတ်ပုံတင်၍ ပေးပို့ရပါမည်။ နို့တစ်အတည်မဖြစ်က တရာစွဲဆိုရန် အကြောင်းပေါ်ပေါက်ခြင်း မရှိသဖြင့် အမှုပလခြင်း ခံရပါ မည်။

အချို့က တရားမမှုအစ နို့တစ်က ဟု ဆိုစမှတ်ပြုကြပါသည်။ မှန်ပေသည်။ တရားမမှု စွဲဆိုတောမည်ဆိုလျှင် ရှေးဦးစွာ တစ်ဖက်လူ( တရားပြိုင်) အားနို့တစ်ပေး၍ အသိပေးအကြောင်းကြားရပါသည်။ အပေးခံရသူက နို့ တစ်ကို ပြန်ကြားလျှင်လည်း ရသည်။ မပြန်ကြားဘဲနေလျှင်လည်း ရပါသည်။ နို့တစ်ကို မလွဲမသွေ ပြန်ကြားရ မည်ဟု ဥပဒေပြဋ္ဌာန်းချက် မရှိပါ။ နို့်တစ်ပေးသူအနေဖြင့် နို့တစ်ကို မပြန်ကြားက တောင်းဆိုသည့်ကိစ္စအပေါ် (သက်သာခွင့်) မလိုက်နာဟု မှတ်ယူပြီး တရားစွဲဆိုရန် ဆက်လက်ဆောင်ရွက်ကြပါသည်။

( ဦးမြင့်လွင်-တရားလွှတ်တော်ရှေ့နေ ၊ တရားမ နို့တစ် ၁၀၀၊ စာရေးသူ၏အမှာစာ ) ။ ဓာတ်ပုံ - အင်တာနက် ။

(Zawgyi)

တရားမ နို့တစ်
=========

တရားမမှုများ စွဲဆိုရာတွင် တချို့အမှုများမှာ အကြောင်းကြားနို့တစ်စာ ရေးရန်မလိုသော်လည်း တချို့အမှုများမှာ နို့တစ်မပေးက တရားစွဲ၍မရပေ။ တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၈၀ အရ အစိုးရအပေါ်ဖြစ်စေ တာဝန်အရဆောင် ရွက်သည့် အစိုးရအရာရှိအပေါ်တွင် ဖြစ်စေ တရားမကြောင်းအရ တရားစွဲဆိုရန် ရှိလျှင်လည်းကောင်း ၊ အိမ်ရှင် အိမ်ငှား နှင်လိုမှုများတွင် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၀၆၊ ၁၁၁ ၊၁၁၃ နှင့် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂၊ ၂၊ (က) အရ နို့တစ်ပေးရန် ပြဋ္ဌာန်းထားပါသည်။ အစိုးရ (သို့မဟုတ်) တာ ဝန် အရ ဆောင်ရွက်သည့် အစိုးရအရာရှိ အပေါ်နို့်တစ်စာပေး၍ ၂ လ ပြည့်ပြီးမှာ တရားစွဲရန်နှင့် အိမ်ငှားနှင် လိုမှုဖြစ်က (၁၅) ရက်ကြိုတင်၍ အိမ်ငှားလက်ဝယ်ရောက်ဖို့ လိုပါသည်။ ထိုသို့မရောက်ပါက နို့တစ်စာမှ ဥပဒေနှင့် မညီညွှတ်သဖြင့် အမှုတစ်ခုလုံး ပျက်ပြယ်ပါသည်။

သို့ဖြစ်ရာ အမှုအလိုက် စည်းကမ်းချက်နှင့် အညီ နို့တစ်ပေးဖို့လိုပါသည်။ သက်ဆိုင်ရာဥပဒေကိုလည်း ကျေ ညက်စွာ လေ့လာထားရပါမည်။ မြင်းကို သံခွာမရိုက်မိသည်နှင့် စစ်ပွဲကြီးတစ်ခုလုံး ရှုံးရဘိသကဲသို့ မှားယွင်းစွာ နို့တစ်ပေးမိသည့်အတွက် တရားမမှုကြီးတစ်ခုလုံး ရှုံးနိမ့်နိုင်သဖြင့် သတိကြီးစွာ ဆောင်ရွက်ဖို့ လိုပါသည်။

နောက်ထပ်သတိပြုရမည့်အချက်မှာ မိမိ ပေးပို့သည့် နို့တစ်စာအတည်ဖြစ်ရန်အတွက် စာတိုက်မှ မှတ်ပုံတင်၍ ပေးပို့ရပါမည်။ နို့တစ်အတည်မဖြစ်က တရာစွဲဆိုရန် အကြောင်းပေါ်ပေါက်ခြင်း မရှိသဖြင့် အမှုပလခြင်း ခံရပါ မည်။

အချို့က တရားမမှုအစ နို့တစ်က ဟု ဆိုစမှတ်ပြုကြပါသည်။ မှန်ပေသည်။ တရားမမှု စွဲဆိုတောမည်ဆိုလျှင် ရှေးဦးစွာ တစ်ဖက်လူ( တရားပြိုင်) အားနို့တစ်ပေး၍ အသိပေးအကြောင်းကြားရပါသည်။ အပေးခံရသူက နို့ တစ်ကို ပြန်ကြားလျှင်လည်း ရသည်။ မပြန်ကြားဘဲနေလျှင်လည်း ရပါသည်။ နို့တစ်ကို မလွဲမသွေ ပြန်ကြားရ မည်ဟု ဥပဒေပြဋ္ဌာန်းချက် မရှိပါ။ နို့်တစ်ပေးသူအနေဖြင့် နို့တစ်ကို မပြန်ကြားက တောင်းဆိုသည့်ကိစ္စအပေါ် (သက်သာခွင့်) မလိုက်နာဟု မှတ်ယူပြီး တရားစွဲဆိုရန် ဆက်လက်ဆောင်ရွက်ကြပါသည်။

( ဦးမြင့်လွင်-တရားလွှတ်တော်ရှေ့နေ ၊ တရားမ နို့တစ် ၁၀၀၊ စာရေးသူ၏အမှာစာ ) ။ ဓာတ်ပုံ - အင်တာနက် ။
Crd

Address

Star City, City Loft
Thanlyin

Website

Alerts

Be the first to know and let us send you an email when Thiri Alingyar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share