LIGHT LAW FIRM

LIGHT LAW FIRM ဒီစာမျက်နှာလေးကနေ ဥပဒေနဲ့ပက်သက်တဲ့ အသိပညာ ဗဟုသုတများ မျှဝေဖို့ရည်ရွယ်ပါတယ်.......

စာချုပ်ချုပ်မည်ဆိုလျှင် အကွက်စေ့စေ့ စည်းနှောင်ထားရှိအောင် ချုပ်ရမည့်ကိစ္စ=========================အရောင်းအဝယ်ပြုလုပ်ရန် ...
07/01/2025

စာချုပ်ချုပ်မည်ဆိုလျှင် အကွက်စေ့စေ့ စည်းနှောင်ထားရှိအောင် ချုပ်ရမည့်ကိစ္စ
=========================

အရောင်းအဝယ်ပြုလုပ်ရန် သဘောတူကြသည်။ စာချုပ်ချုပ်သည့် နေ့ တွင် စရန်ငွေတစ်ဝက်ပေးမည်။ ထိုအချိန် မှ အစပြု၍ ရောင်းသူက မြေကွက်အမည်ပေါက်အောင် ဆောင်ရွက်ရမည်။ ရောင်းသူ၏ အမည်ပေါက်ပြီးပါက ကျန်ငွေ၏ တစ်ဝက်ကို ရောင်းသူသို့ပေးရမည်။ ထို့နောက် ရောင်းသူဘက်က အရောင်းအဝယ်ပြုလုပ်နိုင်ရန် မြေပုံမြေရာဇဝင်ရရှိရေးကို ဆောင်ရွက်ရမည်။ အရောင်းအဝယ်ပြုလုပ်ရန် မြေပုံရာဇဝင်ရရှိပါက ဝယ်ယူသူက ကျန်ငွေအားလုံးကို အပြီးပေးချေရမည်။ ထိုသို့အပြီးပေးချေသောနေ့မှာပင် ရောင်းသူ မှတ်ပုံတင် ရေစ္စ္စရီစာချုပ် ကြီးပြုလုပ် ချုပ်ဆိုပေးရမည်။ တစ်ချိန်တည်းမှာပင် ရောင်းသောမြေနှင့်အိမ်ကို ဝယ်သူလက်သို့ အပြီးလွဲှပြောင်း ပေးအပ်ရမည်။

အထက်ဖော်ပြပါ အချက်အလက်များမှာ အကြမ်းဖျဉ်းနှစ်ဖက် လက်ခံသဘောတူသည့် အချက်အလက်များဖြစ် သည်။ ယင်းအချက်အလက်များကို အခြေခံ၍ စာချုပ်အသွင် ရေးသားရမည်ဖြစ်သည်။

"ပထမစာချုပ်၏စာကိုယ်"

စာချုပ်၏အောက်ဖက် ပစ္စည်းဇယားတွင် အသေးစိတ် ဖော်ပြထားသော မြေနှင့်အိမ်သည် အပိုင်ရောင်းသူ အမွေဆက်ခံ ပိုင်ဆိုင်ထားသော မြေနှင့်အိမ် ဖြစ်ပါသည်။

အဆိုပါမြေနှင့်အိမ်ကို ငွေကျပ် ၆၀၀၀၀၀/ိ - ( ကျပ်ခြောက်သိန်းတိတိ ) ဖြင့်ရောင်းရာ အပိုင်ဝယ်ယူသူ က ဤစာချုပ်ပြုလုပ်သော နေ့တွင် ငွေကျပ် ၃၀၀၀၀၀/ိ -( ကျပ်သုံးသိန်းတိတိ ) ကို စရန်ငွေအဖြစ် ပေးချေ ပါသည်။ ဤစရန်ငွေပေးစာချုပ်ကို ပြုလုပ်ချုပ်ဆိုသည့်နောက်တွင် အပိုင်းရောင်းသူက မြို့ပြမြေယာ စာရင်းတွင် မိမိအမည်ပေါက်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး အပိုင်ရောင်းသူအမည်ပေါက်သောအခါ ဒုတိယ အရစ်အဖြစ် ငွေကျပ် ၁၅၀၀၀၀/ိ - ( ကျပ်တစ်သိန်းငါးသောင်းကျပ်တိတိ ) ကို ဆက်လက်ပေးချေရန် သဘောတူကြသည်။

ထိုသို့ ဒုတိယရစ်ပေးချေပြီးသည့်နောက်ပိုင်းတွင် တတိယရစ် အပြီးအကြေးပေးချေ၍ စာချုပ်ကြီး ပြုလုပ်ချုပ် ဆိုနိုင်ရန် အပိုင်းရောင်းသူဘက်က မြေပုံမြေရာဇဝင်နှင့် အခြားလိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

မှတ်ပုံတင်စာချုပ်ကြီး ချုပ်ဆိုသောနေ့တွင် အပိုင်ဝယ်သူဘက်က ကျပ်ငွေ ၁၅၀၀၀၀ိ/-( ကျပ်တစ်သိန်း ငါးသောင်းတိတိ ) ကို အပြီးပေးချေရန်နှင့် အပိုင်းရောင်းသူဘက်က မြေနှင့်အိမ်ကို လက်ရောက် လွှဲပြောင်းပေး အပ်ရန် နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုကြပါသည်။

ဖော်ပြပါစာချုပ်ရေးနည်းမှာ သာမန် ချုပ်ရိုးချုပ်စဉ်အတိုင်း ရေးသားခြင်းဖြစ်သည်။ အချက်အလက် အစုံအလင် ပါရုံသက်သက်သာရှိပြီး အကွက်စေ့သည်ဟု မဆိုနိုင်ပေ။

အောက်တွင် ဆက်လက်ဖော်ပြမည့် စာချုပ်ရေးပုံရေးနည်းကို ဆက်လက် ရှုစားစေလိုသည်။ ပထမစာချုပ်နှင့် ဒုတိယစာချုပ်နှစ်ရပ်၏ ခြားနားချက်ကိုလည်း ယှဉ်တွဲကြည့်စေလိုသည်။ ခြားနားချက်များနှင့် ယင်းခြားနား ချက်များ၏ အကျိုး သက်ရောက်ပုံများကို မြင်အောင်ကြည့်စေလိုသည်။ စေ့စေ့ငှငှ ဖော်ပြရမည့်နေရာတွင် စေ့စေ့ငှငှ မဖော်ပြမိပါက လစ်ဟာမှုများဖြစ်ပေါ်လာနိုင်သည် ။ စာချုုပ်တစ်ရပ်သည် လစ်ဟာမှုမရှိမှသာ စည်း နှောင်အားကောင်း၍ ခိုင်မာမည်ဖြစ်သည်။

"ဒုတိယစာချုုပ် စာကိုယ်"

စာချုပ်၏ အောက်ဖက် ပစ္စည်းစာရင်းဇယားတွင်အသေးစိတ်ဖော်ပြထားသော မြေနှင့် အိမ်သည် မြို့ပြမြေယာ စာရင်းတွင် ဦးဖြူအမည်ဖြင့် တည်ရှိပါသည်။ဦးဖြူသည် ( ၂၂-၉-၉၈) နေ့က ကွယ်လွန်သွားခဲ့ပါသည်။ ဦးဖြူ ကွယ်လွန်သောအခါ အပိုင်ရောင်းသူသည် တစ်ဦးတည်းသော သားအဖြစ်ကျန်ရှိပြီး မြန်မာဗုဒ္ဓဘာသာ ဓလေ့ ထုံးတမ်း ဥပဒေနှင့်အညီ အမွေဆက်ခံပိုင်ဆိုင်လာခဲ့ပါသည်။ သို့ဖြစ်ပါ၍ ရောင်းသောပစ္စည်းကို ရောင်းပိုင်ခွင့်ရှိ သူဖြစ်ပါသည်။

အပိုင်ရောင်းသူက မိမိရောင်းပိုင်ခွင့်ရှိသော ဖော်ပြပါမြေနှင့် အိမ်ကို ငွေကျပ် ၆၀၀၀၀၀ိ/- (ကျပ်ခြောက်သိန်း တိတိ) ဖြင့် ရောင်းရန် ကမ်းလှမ်းရာ အပိုင်ဝယ်သူက ဝယ်ရန်သဘောတူသည့်အလျောက် ဤရောင်းဝယ်ခြင်း သဘောတူစာချုပ်ကို ပြုလုပ်ချုပ်ဆိုခြင်းဖြစ်သည်။

ဤစာချုပ် ပြုလုပ်ချုပ်ဆိုချိန်တွင် ငွေကျပ် ၃၀၀၀၀၀ိ/( ကျပ် သုံးသိန်းတိတိ) ကို အပိုင်ဝယ်ယူသူက စရန်ငွေ အဖြစ် ပေးချေရာ အပိုင် ရောင်းသူက လက်ခံရရှိပါသည်။

ဤသဘောတူစာချုပ် ချုုပ်ဆိုပြီးနောက် ရောင်းသူဘက်က ရောင်းသောမြေနှင့် စပ်လျဉ်း၍ ရောင်းသူအမည် ပေါက်အောင် မိမိစရိတ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံချက်ပြုပါသည်။ အကယ်၍ ထိုသဘောတူ စာ ချုပ်ချုပ်ဆိုသည့်နေ့မှ ၆ လပြည့်သည့်တိုင် ရောင်းသူဘက်က အမည်ပေါက်အောင် ဆောင်ရွက် ချုပ်ဆို နိုင်ခြင်း မရှိပါက စရန်ငွေ၏ ၂ ဆကို အပိုင်ဝယ်ယူသူသို့ ပြန်လည်ပေးလျော်ရမည်ဖြစ်ပြီး အပိုင်ဝယ်ယူသူက ထိုသ ဘော တူစာချုပ်ကို ဖျက်သိမ်းနိုင်ခွင့်ရှိစေရမည်ဆိုသည့် အချက်ကို နှစ်ဖက် လက်ခံသဘောတူပါသည်။

သတ်မှတ်ကာလအတွင်း ရောင်းသောမြေကွက်သည် ရောင်းသူ၏ အမည်ပေါက်လာပြီးရောင်းသူက မြေအ မည်ပေါက်ပိုင်ဆိုင်သော အထောက်အထားကို ပြသည့် ကာလ၊ ထိုသို့ပြသည့်နေ့မှ ၃ ရက်အတွင်း ကျန်ငွေ၏ တစ်ဝြက်ဖစ်သော ငွေကျပ် ၁၅၀၀၀၀ိ/( ကျပ်တစ်သိန်းငါးသောင်းတိတိ) ကိုအပိုင်ဝယ်ယူသူက အပိုင်ရောင်း သူသို့ ပေးချေရမည် ဖြစ်သည်။ အကယ်၍ ၃ ရက်ပြည့်သည့်တိုင် ကျန်ငွေ၏ တစ်ဝက်ဖြစ်သသော ၁၅၀၀၀၀ိ/( ကျပ် တစ်သိန်းငါသောင်းတိတိ) ကို အပိုင်ဝယ်ယူသူဘက်က ပေးချေရန် ပျက်ကွက်ပါက ပေးထားပြီးဖြစ်သော စရန်ငွေအဆုံးဖြစ်သည် ဆိုသည်ကို အပိုင်ဝယ်ယူသူက လက်ခံသဘောတူပါသည်။

ထိုသို့ ဒုတိယအကြိမ် ငွေပေးချေပြီးနောက် ရောင်းသူဘက်က အရောင်းအဝယ်ပြုလုပ်နိုင်ရန်မြေပုံနှင့် မြေရာ ဇဝင် ရရှိအောင် မိမိစရိတ်ဖြင့် ၂လအတွင်း ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ရေစစ္စရီ မှတ်ပုံတင်စာချုပ်ကြီး ချုပ် ဆိုပေးနိုင်ရန် အခြားလိုအပ်သော စာရွက်စာတမ်းများ အပြည့်အစုံရရှိစေရန် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

၂ လပြည့်ပြီးသည့်တိုင် အပိုင်ရောင်းသူဘက်မှ လိုအပ်သော မြေပုံမြေရာဇဝင်နှင့်တကွ အခြားလိုအပ်သော ရက်တိုးသတ်မှတ်ပေးခြင်း သို့မဟုတ် အရောင်းအဝယ်ကို ဆက်လက် မဆောင်ရွက်တော့ဘဲ ပေးထားပြီးဖြစ် သော ငွေအရပ်ရပ်၏ (၂) ဖြစ်သောငွေကို ပြန်လည် တောင်းဆိုခြင်း ယင်းနှစ်ခုအနက် တစ်ခုခုကို ရွေးချယ် ခွင့်ရှိစေရမည် ဆိုသည်ကို နှစ်ဖက်လက်ခံသဘောတူပါသည်။

အကယ်၍ သတ်မှတ်ရက်အတွင်းအပိုင်ရောင်းသူမှ အရောင်းအဝယ်စာချုပ် ပြုလုပ်ချုပ်ဆိုရန် မြေပုံမြေရာဇဝင် နှင့်တကွ အခြား လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံပါက စာချုပ်ကြီး ချုပ်နိုင်ပြီဖြစ်ကြောင်းနှင့် စာရွက် စာတမ်းများ ပြည့်စုံပြီဖြစ်ကြောင်း အပိုင် ဝယ်ယူသူ သို့ ပြောဆိုပြသကာ ထိုသို့ပြောဆိုပြသသည့် နေ့မှ ၇ ရက် အတွင်း ကျန်ငွေ အရပ်ရပ်အားလုံးကို အပိုင် ဝယ်ယူသူမှ အပြီးပေးချေရန် အချက်ကို နှစ်ဖက် လက်ခံ သဘော တူကြပါသည်။

အပိုင်ဝယ်ယူသူက ကျန်ငွေ အပြီးပေးချေသာ နေ့မှာပင် အပိုင်ရောင်းသူက စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး တွင် အပိုင်းရောင်းစာချုပ်ကြီး ကိုသက်ဆိုင်ရာမှတ်ပုံတင်ရုံးတွင် လိုက်ပါချုုပ်ဆိုရမည်ဖြစ်ပြီး တစ်ချိန်တည်း မှာပင် ရောင်းသောပစ္စည်းနှင့်ပက်သက်သည့်စာရွက်စာတမ်းများအပါအဝင် ရောင်းသောပစ္စည်းကိုပါ လူနေ ထိုင်ခြင်းမရှိ လက်ရောက်အပြီလွဲှပြောင်းပေးအပ်ရန် သဘောတူပါသည်။

ရောင်းသောပစ္စည်းနှင့်ပတ်သက်၍ အခြားတွင်ရောင်းချထားခြင်း ငှားရမ်းထားခြင်း ပေါင်နံှထားခြင်း ပေးကမ်း ထားခြင်း အခြားနည်းတရပ်ရပ်အားဖြင့် လွဲှပြောင်းထားခြင်း အာမခံအဖြစ် တင်သွင်းထားခြင်း အလျဉ်းမရှိ ပါကြောင်း အပိုင်ရောင်းသူက ဝန်ခံ ကတိပြုပါသည်။

အရှုပ်အရှင်း ပေါ်ပေါက်သည်ရှိခဲ့သော အပိုင်ရောင်းသူက မိမိ စရိတ်ဖြင့် ပြေလည်သည်အထိ ဖြေရှင်းပေးမည် ဖြစ်ကြောင်းတာဝန်ယူပါသည်။ အကယ်၍ ထိုသိုဖြေရှင်းပါလျက် အပိုင်ဝယ်ယူသူတွင် နစ်နာမှု ဆုံးရှုံးရမှု များ ရှိလာပါက ယင်း ဆုံးရှုံးမှု နစ်နာမှု အရပ်ရပ်အားလုံးနှင့်တကွ ဝယ်သူကုန်ကျသမျှ စရိတ်စက အားလုံးတို့ကို အပိုင်ရောင်းသူက ပေးလျော် မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

အထက်ဖော်ပါအချက်အလက်များ အားလုံးတို့ကို နှစ်ဖက် ဖတ်ရှုပြီးနောက်ကောင်းစွာနားလည် လက်ခံ သဘောတူကြသည့်အလျောက် ကိုယ် ၏ ကျမ်းမာခြင်း၊ စိတ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံစွာဖြင့် မည်သူတစ်ဦး တစ်ယောက်၏ ဖြားယောင်းခင်း သွေးဆောင်ခြင်း ခြိမ်းခြောက်ခြင်း အလျဉ်း မရှိဘဲ မိမိတို့၏ လွတ်လပ်သော သဘောဆန္ဒများအရ အောက်ပါ အသိသက်သေများရှေ့မှောက်တွင် သဘောတူ လက်မှတ်ရေးထိုး ချုပ်ဆိုကြ ပါသည်။

ဖော်ပြပါ စာချုပ်အရေးအသားကို ကြည့်မည်ဆိုက ရောင်းသူ၏ တာဝန်ပိုင်း ၊ ဝယ်ယူသူ၏ တာဝန်ပိုင်းများကို အဆင့်ဆင့် ဖော်ပြထားသည်ကို တွေ့ကြရမည်ဖြစ်သည်။ ထို့အပြင် အရောင်းအဝယ်သဘောသူစာချုပ် ချုပ်ပြီး နောက် ရောင်းဝယ်မှုလုပ်ငန်း ရပ်ဆိုင်းမနေဘဲအချိန်နှင့်အမျှ ဆောင်ရွက်နေမည့် ဇယားများ ယင်းအချိန် ဇယားအတိုင်း ပျက်ကွက်ပါက တာဝန်ယူရမည့်အပိုင်းများကို လစ်ဟာမှု မရှိစေရန် အကွက်စေ့စေ့ ဖော်ပြချုပ် ဆိုထားသည်ကို တွေ့ရမည်ဖြစ်သည်။ တစ်နည်းဆိုသော စည်းနှောင်အား ကောင်းကောင်းဖြင့် ချုပ်ဆိုထား သည့်စာချုပ်ဟု ဆိုရမည်ဖြစ်ပေသည်။

(စာညွှန်း- ဦးကျော်ဇေယျ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်နှင့်ရှောင်ရန်များ ၊ စာ- ၂၁၅ )

(Zawgyi)

စာချုပ်ချုပ်မည်ဆိုလျှင် အကွက်စေ့စေ့ စည်းနှောင်ထားရှိအောင် ချုပ်ရမည့်ကိစ္စ
=========================

အရောင်းအဝယ်ပြုလုပ်ရန် သဘောတူကြသည်။ စာချုပ်ချုပ်သည့် နေ့ တွင် စရန်ငွေတစ်ဝက်ပေးမည်။ ထိုအချိန် မှ အစပြု၍ ရောင်းသူက မြေကွက်အမည်ပေါက်အောင် ဆောင်ရွက်ရမည်။ ရောင်းသူ၏ အမည်ပေါက်ပြီးပါက ကျန်ငွေ၏ တစ်ဝက်ကို ရောင်းသူသို့ပေးရမည်။ ထို့နောက် ရောင်းသူဘက်က အရောင်းအဝယ်ပြုလုပ်နိုင်ရန် မြေပုံမြေရာဇဝင်ရရှိရေးကို ဆောင်ရွက်ရမည်။ အရောင်းအဝယ်ပြုလုပ်ရန် မြေပုံရာဇဝင်ရရှိပါက ဝယ်ယူသူက ကျန်ငွေအားလုံးကို အပြီးပေးချေရမည်။ ထိုသို့အပြီးပေးချေသောနေ့မှာပင် ရောင်းသူ မှတ်ပုံတင် ရေစ္စ္စရီစာချုပ် ကြီးပြုလုပ် ချုပ်ဆိုပေးရမည်။ တစ်ချိန်တည်းမှာပင် ရောင်းသောမြေနှင့်အိမ်ကို ဝယ်သူလက်သို့ အပြီးလွှဲပြောင်း ပေးအပ်ရမည်။

အထက်ဖော်ပြပါ အချက်အလက်များမှာ အကြမ်းဖျဉ်းနှစ်ဖက် လက်ခံသဘောတူသည့် အချက်အလက်များဖြစ် သည်။ ယင်းအချက်အလက်များကို အခြေခံ၍ စာချုပ်အသွင် ရေးသားရမည်ဖြစ်သည်။

"ပထမစာချုပ်၏စာကိုယ်"

စာချုပ်၏အောက်ဖက် ပစ္စည်းဇယားတွင် အသေးစိတ် ဖော်ပြထားသော မြေနှင့်အိမ်သည် အပိုင်ရောင်းသူ အမွေဆက်ခံ ပိုင်ဆိုင်ထားသော မြေနှင့်အိမ် ဖြစ်ပါသည်။

အဆိုပါမြေနှင့်အိမ်ကို ငွေကျပ် ၆၀၀၀၀၀/ိ - ( ကျပ်ခြောက်သိန်းတိတိ ) ဖြင့်ရောင်းရာ အပိုင်ဝယ်ယူသူ က ဤစာချုပ်ပြုလုပ်သော နေ့တွင် ငွေကျပ် ၃၀၀၀၀၀/ိ -( ကျပ်သုံးသိန်းတိတိ ) ကို စရန်ငွေအဖြစ် ပေးချေ ပါသည်။ ဤစရန်ငွေပေးစာချုပ်ကို ပြုလုပ်ချုပ်ဆိုသည့်နောက်တွင် အပိုင်းရောင်းသူက မြို့ပြမြေယာ စာရင်းတွင် မိမိအမည်ပေါက်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး အပိုင်ရောင်းသူအမည်ပေါက်သောအခါ ဒုတိယ အရစ်အဖြစ် ငွေကျပ် ၁၅၀၀၀၀/ိ - ( ကျပ်တစ်သိန်းငါးသောင်းကျပ်တိတိ ) ကို ဆက်လက်ပေးချေရန် သဘောတူကြသည်။

ထိုသို့ ဒုတိယရစ်ပေးချေပြီးသည့်နောက်ပိုင်းတွင် တတိယရစ် အပြီးအကြေးပေးချေ၍ စာချုပ်ကြီး ပြုလုပ်ချုပ် ဆိုနိုင်ရန် အပိုင်းရောင်းသူဘက်က မြေပုံမြေရာဇဝင်နှင့် အခြားလိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

မှတ်ပုံတင်စာချုပ်ကြီး ချုပ်ဆိုသောနေ့တွင် အပိုင်ဝယ်သူဘက်က ကျပ်ငွေ ၁၅၀၀၀၀ိ/-( ကျပ်တစ်သိန်း ငါးသောင်းတိတိ ) ကို အပြီးပေးချေရန်နှင့် အပိုင်းရောင်းသူဘက်က မြေနှင့်အိမ်ကို လက်ရောက် လွှဲပြောင်းပေး အပ်ရန် နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုကြပါသည်။

ဖော်ပြပါစာချုပ်ရေးနည်းမှာ သာမန် ချုပ်ရိုးချုပ်စဉ်အတိုင်း ရေးသားခြင်းဖြစ်သည်။ အချက်အလက် အစုံအလင် ပါရုံသက်သက်သာရှိပြီး အကွက်စေ့သည်ဟု မဆိုနိုင်ပေ။

အောက်တွင် ဆက်လက်ဖော်ပြမည့် စာချုပ်ရေးပုံရေးနည်းကို ဆက်လက် ရှုစားစေလိုသည်။ ပထမစာချုပ်နှင့် ဒုတိယစာချုပ်နှစ်ရပ်၏ ခြားနားချက်ကိုလည်း ယှဉ်တွဲကြည့်စေလိုသည်။ ခြားနားချက်များနှင့် ယင်းခြားနား ချက်များ၏ အကျိုး သက်ရောက်ပုံများကို မြင်အောင်ကြည့်စေလိုသည်။ စေ့စေ့ငှငှ ဖော်ပြရမည့်နေရာတွင် စေ့စေ့ငှငှ မဖော်ပြမိပါက လစ်ဟာမှုများဖြစ်ပေါ်လာနိုင်သည် ။ စာချုပ်တစ်ရပ်သည် လစ်ဟာမှုမရှိမှသာ စည်း နှောင်အားကောင်း၍ ခိုင်မာမည်ဖြစ်သည်။

"ဒုတိယစာချုပ် စာကိုယ်"

စာချုပ်၏ အောက်ဖက် ပစ္စည်းစာရင်းဇယားတွင်အသေးစိတ်ဖော်ပြထားသော မြေနှင့် အိမ်သည် မြို့ပြမြေယာ စာရင်းတွင် ဦးဖြူအမည်ဖြင့် တည်ရှိပါသည်။ဦးဖြူသည် ( ၂၂-၉-၉၈) နေ့က ကွယ်လွန်သွားခဲ့ပါသည်။ ဦးဖြူ ကွယ်လွန်သောအခါ အပိုင်ရောင်းသူသည် တစ်ဦးတည်းသော သားအဖြစ်ကျန်ရှိပြီး မြန်မာဗုဒ္ဓဘာသာ ဓလေ့ ထုံးတမ်း ဥပဒေနှင့်အညီ အမွေဆက်ခံပိုင်ဆိုင်လာခဲ့ပါသည်။ သို့ဖြစ်ပါ၍ ရောင်းသောပစ္စည်းကို ရောင်းပိုင်ခွင့်ရှိ သူဖြစ်ပါသည်။

အပိုင်ရောင်းသူက မိမိရောင်းပိုင်ခွင့်ရှိသော ဖော်ပြပါမြေနှင့် အိမ်ကို ငွေကျပ် ၆၀၀၀၀၀ိ/- (ကျပ်ခြောက်သိန်း တိတိ) ဖြင့် ရောင်းရန် ကမ်းလှမ်းရာ အပိုင်ဝယ်သူက ဝယ်ရန်သဘောတူသည့်အလျောက် ဤရောင်းဝယ်ခြင်း သဘောတူစာချုပ်ကို ပြုလုပ်ချုပ်ဆိုခြင်းဖြစ်သည်။

ဤစာချုပ် ပြုလုပ်ချုပ်ဆိုချိန်တွင် ငွေကျပ် ၃၀၀၀၀၀ိ/( ကျပ် သုံးသိန်းတိတိ) ကို အပိုင်ဝယ်ယူသူက စရန်ငွေ အဖြစ် ပေးချေရာ အပိုင် ရောင်းသူက လက်ခံရရှိပါသည်။

ဤသဘောတူစာချုပ် ချုပ်ဆိုပြီးနောက် ရောင်းသူဘက်က ရောင်းသောမြေနှင့် စပ်လျဉ်း၍ ရောင်းသူအမည် ပေါက်အောင် မိမိစရိတ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံချက်ပြုပါသည်။ အကယ်၍ ထိုသဘောတူ စာ ချုပ်ချုပ်ဆိုသည့်နေ့မှ ၆ လပြည့်သည့်တိုင် ရောင်းသူဘက်က အမည်ပေါက်အောင် ဆောင်ရွက် ချုပ်ဆို နိုင်ခြင်း မရှိပါက စရန်ငွေ၏ ၂ ဆကို အပိုင်ဝယ်ယူသူသို့ ပြန်လည်ပေးလျော်ရမည်ဖြစ်ပြီး အပိုင်ဝယ်ယူသူက ထိုသ ဘော တူစာချုပ်ကို ဖျက်သိမ်းနိုင်ခွင့်ရှိစေရမည်ဆိုသည့် အချက်ကို နှစ်ဖက် လက်ခံသဘောတူပါသည်။

သတ်မှတ်ကာလအတွင်း ရောင်းသောမြေကွက်သည် ရောင်းသူ၏ အမည်ပေါက်လာပြီးရောင်းသူက မြေအ မည်ပေါက်ပိုင်ဆိုင်သော အထောက်အထားကို ပြသည့် ကာလ၊ ထိုသို့ပြသည့်နေ့မှ ၃ ရက်အတွင်း ကျန်ငွေ၏ တစ်ဝက်ြဖစ်သော ငွေကျပ် ၁၅၀၀၀၀ိ/( ကျပ်တစ်သိန်းငါးသောင်းတိတိ) ကိုအပိုင်ဝယ်ယူသူက အပိုင်ရောင်း သူသို့ ပေးချေရမည် ဖြစ်သည်။ အကယ်၍ ၃ ရက်ပြည့်သည့်တိုင် ကျန်ငွေ၏ တစ်ဝက်ဖြစ်သသော ၁၅၀၀၀၀ိ/( ကျပ် တစ်သိန်းငါသောင်းတိတိ) ကို အပိုင်ဝယ်ယူသူဘက်က ပေးချေရန် ပျက်ကွက်ပါက ပေးထားပြီးဖြစ်သော စရန်ငွေအဆုံးဖြစ်သည် ဆိုသည်ကို အပိုင်ဝယ်ယူသူက လက်ခံသဘောတူပါသည်။

ထိုသို့ ဒုတိယအကြိမ် ငွေပေးချေပြီးနောက် ရောင်းသူဘက်က အရောင်းအဝယ်ပြုလုပ်နိုင်ရန်မြေပုံနှင့် မြေရာ ဇဝင် ရရှိအောင် မိမိစရိတ်ဖြင့် ၂လအတွင်း ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ရေစစ္စရီ မှတ်ပုံတင်စာချုပ်ကြီး ချုပ် ဆိုပေးနိုင်ရန် အခြားလိုအပ်သော စာရွက်စာတမ်းများ အပြည့်အစုံရရှိစေရန် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

၂ လပြည့်ပြီးသည့်တိုင် အပိုင်ရောင်းသူဘက်မှ လိုအပ်သော မြေပုံမြေရာဇဝင်နှင့်တကွ အခြားလိုအပ်သော ရက်တိုးသတ်မှတ်ပေးခြင်း သို့မဟုတ် အရောင်းအဝယ်ကို ဆက်လက် မဆောင်ရွက်တော့ဘဲ ပေးထားပြီးဖြစ် သော ငွေအရပ်ရပ်၏ (၂) ဖြစ်သောငွေကို ပြန်လည် တောင်းဆိုခြင်း ယင်းနှစ်ခုအနက် တစ်ခုခုကို ရွေးချယ် ခွင့်ရှိစေရမည် ဆိုသည်ကို နှစ်ဖက်လက်ခံသဘောတူပါသည်။

အကယ်၍ သတ်မှတ်ရက်အတွင်းအပိုင်ရောင်းသူမှ အရောင်းအဝယ်စာချုပ် ပြုလုပ်ချုပ်ဆိုရန် မြေပုံမြေရာဇဝင် နှင့်တကွ အခြား လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံပါက စာချုပ်ကြီး ချုပ်နိုင်ပြီဖြစ်ကြောင်းနှင့် စာရွက် စာတမ်းများ ပြည့်စုံပြီဖြစ်ကြောင်း အပိုင် ဝယ်ယူသူ သို့ ပြောဆိုပြသကာ ထိုသို့ပြောဆိုပြသသည့် နေ့မှ ၇ ရက် အတွင်း ကျန်ငွေ အရပ်ရပ်အားလုံးကို အပိုင် ၀ယ်ယူသူမှ အပြီးပေးချေရန် အချက်ကို နှစ်ဖက် လက်ခံ သဘော တူကြပါသည်။

အပိုင်ဝယ်ယူသူက ကျန်ငွေ အပြီးပေးချေသာ နေ့မှာပင် အပိုင်ရောင်းသူက စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး တွင် အပိုင်းရောင်းစာချုပ်ကြီး ကိုသက်ဆိုင်ရာမှတ်ပုံတင်ရုံးတွင် လိုက်ပါချုပ်ဆိုရမည်ဖြစ်ပြီး တစ်ချိန်တည်း မှာပင် ရောင်းသောပစ္စည်းနှင့်ပက်သက်သည့်စာရွက်စာတမ်းများအပါအဝင် ရောင်းသောပစ္စည်းကိုပါ လူနေ ထိုင်ခြင်းမရှိ လက်ရောက်အပြီလွှဲပြောင်းပေးအပ်ရန် သဘောတူပါသည်။

ရောင်းသောပစ္စည်းနှင့်ပတ်သက်၍ အခြားတွင်ရောင်းချထားခြင်း ငှားရမ်းထားခြင်း ပေါင်နှံထားခြင်း ပေးကမ်း ထားခြင်း အခြားနည်းတရပ်ရပ်အားဖြင့် လွှဲပြောင်းထားခြင်း အာမခံအဖြစ် တင်သွင်းထားခြင်း အလျဉ်းမရှိ ပါကြောင်း အပိုင်ရောင်းသူက ဝန်ခံ ကတိပြုပါသည်။

အရှုပ်အရှင်း ပေါ်ပေါက်သည်ရှိခဲ့သော အပိုင်ရောင်းသူက မိမိ စရိတ်ဖြင့် ပြေလည်သည်အထိ ဖြေရှင်းပေးမည် ဖြစ်ကြောင်းတာဝန်ယူပါသည်။ အကယ်၍ ထိုသိုဖြေရှင်းပါလျက် အပိုင်ဝယ်ယူသူတွင် နစ်နာမှု ဆုံးရှုံးရမှု များ ရှိလာပါက ယင်း ဆုံးရှုံးမှု နစ်နာမှု အရပ်ရပ်အားလုံးနှင့်တကွ ဝယ်သူကုန်ကျသမျှ စရိတ်စက အားလုံးတို့ကို အပိုင်ရောင်းသူက ပေးလျော် မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

အထက်ဖော်ပါအချက်အလက်များ အားလုံးတို့ကို နှစ်ဖက် ဖတ်ရှုပြီးနောက်ကောင်းစွာနားလည် လက်ခံ သဘောတူကြသည့်အလျောက် ကိုယ် ၏ ကျမ်းမာခြင်း၊ စိတ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံစွာဖြင့် မည်သူတစ်ဦး တစ်ယောက်၏ ဖြားယောင်းခင်း သွေးဆောင်ခြင်း ခြိမ်းခြောက်ခြင်း အလျဉ်း မရှိဘဲ မိမိတို့၏ လွတ်လပ်သော သဘောဆန္ဒများအရ အောက်ပါ အသိသက်သေများရှေ့မှောက်တွင် သဘောတူ လက်မှတ်ရေးထိုး ချုပ်ဆိုကြ ပါသည်။

ဖော်ပြပါ စာချုပ်အရေးအသားကို ကြည့်မည်ဆိုက ရောင်းသူ၏ တာ၀န်ပိုင်း ၊ ဝယ်ယူသူ၏ တာဝန်ပိုင်းများကို အဆင့်ဆင့် ဖော်ပြထားသည်ကို တွေ့ကြရမည်ဖြစ်သည်။ ထို့အပြင် အရောင်းအဝယ်သဘောသူစာချုပ် ချုပ်ပြီး နောက် ရောင်းဝယ်မှုလုပ်ငန်း ရပ်ဆိုင်းမနေဘဲအချိန်နှင့်အမျှ ဆောင်ရွက်နေမည့် ဇယားများ ယင်းအချိန် ဇယားအတိုင်း ပျက်ကွက်ပါက တာဝန်ယူရမည့်အပိုင်းများကို လစ်ဟာမှု မရှိစေရန် အကွက်စေ့စေ့ ဖော်ပြချုပ် ဆိုထားသည်ကို တွေ့ရမည်ဖြစ်သည်။ တစ်နည်းဆိုသော စည်းနှောင်အား ကောင်းကောင်းဖြင့် ချုပ်ဆိုထား သည့်စာချုပ်ဟု ဆိုရမည်ဖြစ်ပေသည်။

(စာညွှန်း- ဦးကျော်ဇေယျ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်နှင့်ရှောင်ရန်များ ၊ စာ- ၂၁၅ )

08/10/2024

ကျွန်တော့် ကိုယ်ပိုင်ခြံထဲမှာ မနေနိုင်လို့ အခြား လူတစ်ဦးကို အခမဲ့နေထိုင်ခွင့်ပြုထားတာ ၁၅ နှစ်ရှိပါပြီ ။ တချို့သူတွေက ပိုင်ရှင်ဖြစ်သူဟာ သူ့အိမ် ဒါမှမဟုတ် သူ့မြေကွက်ထဲမှာ တစ်စုံတစ်ယောက်ကို အခမဲ့နေထိုင် ခွင့်ပြုထားတာ ၊ ကာလရှည်ငှားရမ်းထားတာ ၁၂ နှစ်ကျော်ရင် ဖယ်ရှားလို့ မရတော့ဘူးဆိုတဲ့ ဥပဒေရှိသလိုလို ၊ စီရင်ထုံး ရှိသလိုလို ပြောဆိုနေကြတာတွေ ရှိပါတယ် ။ ဥပဒေကြောင်းအရ ရှင်းရှင်းလင်းလင်း သိပါရစေ ။
=============================

ဒါကအရပ်ထဲမှာပြောနေကြတာ .. အခုတလောပေါ့နော် ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခြားလူကို သွားပြီးတော့ ကိုယ့်အိမ်မှာပေါ့၊ နှစ်ရှည်မငှားထားနဲ့ နှင်လို့မရဘူးဖြစ်သွားမယ်။ အိမ်ငှားလည်း ကြာကြာမငှားနဲ့ နှင်လို့မရဘူး ဖြစ်သွားမှာ စိုးရိမ်တယ်။ တစ်ချို့ကလည်း နှစ်ကြာသွားရင် ပိုင်သွားတယ်။ အိမ်ငှားက အိမ်ပိုင်ဖြစ်သွားတယ်လို့ ဒီလိုလည်း ပြောကြတယ်။ ဒါနဲ့ပတ်သက်လို့သတိထားစရာတစ်ခုတော့ရှိတာပေါ့ ။ ဘာဖြစ်လို့လဲဆိုတော့ ခွင့်ပြု ချက်နဲ့ထားတဲ့သူက ဘယ်နနှစ်ပဲကြာကြာ ခွင့်ပြုချက်နဲ့ထားတဲ့သူက ခွင့်ပြုချက်နဲ့ထားတာပဲ ၊ သူက အိမ်ပိုင် သွားစရာ အကြောင်းမရှိဘူး။ ငှားထားတဲ့သူလည်း ဒီလိုပဲ အိမ်ငှားဆိုရင်လည်း သူ့ကိုငှားထားတယ်။ ဘယ်နနှစ် ငှားငှား ဆယ်နှစ်ငှားငှား၊ အနှစ် နှစ်ဆယ်ငှားငှား ၊ အိမ်ငှားက အိမ်ပိုင်ဖြစ်မလာနိုင်ဘူး။

ဒါပေမဲ့ အမှားအယွင်းလေးတစ်ခု ဖြစ်သွားရင် စိုးရိမ်စရာလေးတစ်ခု ရှိတယ်။ အဲ့ဒါ ဘာလဲဆိုရင် ဥပမာ ဆိုကြ ပါစို့ ။ ခွင့်ပြုချက်နဲ့ထားတယ် ။ အဲ့ဒီခွင့်ပြုချက်န ဲ့ထားတဲ့သူကို ကိုယ့်က ဖယ်ချင်ပြီဆိုရင် အစ်မဖယ်ပေး ပါလို့ ပြောလိုက်လို့ရှိရင် ပြဿနာမရှိဘူး။ မဖယ်ပေးဘူးဆိုရင် သူက ဘာလုပ်ရသလဲ၊ နို့တစ်ထုတ်ရတာပေါ့ ။ နို့တစ် ထုတ်တယ်ဆိုတဲ့အခါကျတော့ ခွင့်ပြုချက်ထားတဲ့ဟာကို ပြန်ရုပ်သိမ်းလိုက်ပါပြီ ဆိုတာကို သူသိအောင် ပြော ရတာ ၊ အဲ့ဒီလို ခွင့်ပြုချက်နဲ့ထားတာကို ခွင့်ပြုချက်နဲ့ရုပ်သိမ်းပြီးပြီးဆိုမှ တရားက စွဲလို့ရတယ်။ ခွင့်ပြုချက် ကို မရုပ်သိမ်းပဲနဲ့ တရားတဘောင်စွဲလို့မရဘူး။

အဲဒီတော့ တစ်ချို့က ခွင့်ပြုချက်ကို ရုပ်သိမ်းလိုက်တယ်ပေါ့ ။ ရုပ်သိမ်းလိုက်ပြီးတဲ့အခါကျတော့ အမှုစွဲမှ အချိန် ကျတော့မှ မစွဲဖြစ်ဘူးဖြစ်သွားတယ်။ အဲ့ဒီလို မစွဲဖြစ်ဘူး ဖြစ်သွားရင် ။ သူက ကာလစည်းကမ်းသတ် ဥပဒေ ဆိုတာက ရှိသေးတယ်။ ဘယ်အချိန်မှာ အမှုက စွဲရမယ်။ မစွဲလို့ရှိရင် အခွင့်အရေးက ဆုံးရှုံးတယ် စသဖြင့် ကာလစည်းကမ်းသတ်ဥပဒေက လူတိုင်းသိသင့်တာ။ အမှန်က အဲ့ဒါကို သတိမထားမိရင်တော့ သူက အမှား အယွင်းဖြစ်တတ်တယ်။ ဆိုတော့ အဲ့ဒီကာလစည်းကမ်းသတ်ဥပဒေက ဆိုလို့ရှိရင် ခွင့်ပြုချက်နဲ့ထားတာကို ပြန်ရုပ်သိမ်းပြီး ဆိုရင်တဲ့ ၆နှစ်အတွင်း စွဲပါ။ ဒီလိုဆိုထားပါတယ်။ ၆ နှစ်အတွင်း စွဲရမယ်ဆိုတာကတော့ ကာလ စည်းကမ်းသတ်ဥပဒေ၊ ပထမဇယား၊ စာတိုင်မှာ ၁၂၀ မှာ ဒီလိုဆိုထားတာပေါ့ ။ ၆ နှစ်ကျော်သွားပြီးဆိုရင် ဘာဖြစ်လဲ ။ ခွင့်ပြုချက်နဲ့ ထားတဲ့သူကို နှင်လို့ မရတော့ဘူး။ တရားစွဲလို့မရတော့ဘူး။ ဒါက သတိထားရမဲ့ အချက်ပါ။

ဒီလိုပဲ အိမ်ရှင်အိမ်ငှားဆိုတော့လဲ အိမ်ငှားထားတယ်။ သူ့ဘာသာသူ ဆယ်နှစ်လဲ အိမ်ငှားပဲ ၊ အိမ်ပိုင်မဖြစ် လာနိုင်ဘူး။ သို့သော် အိမ်ငှားတစ်ယောက်ကို နှင်တော့မယ်ဆိုလို့ရှိရင် သူက ပထမဆုံး ဘာလုပ်ရလဲ ။ ပစ္စည်း လွှဲပြောင်းခြင်းဥပဒေ ပုဒ်မ ၁၀၆ နဲ့အညီ နို့တစ်စာ ပေးရတာပေါ့ ။ နို့တစ်စာပေးတယ်ဆိုတာကတော့ အိမ်ငှား အဖြစ်ဖြတ်တောက်လိုက်ပြီး ဒီတာမနိတ် လုပ်လိုက်တယ်ဆိုတာ သူသိအောင်လို့ ပြောရတာ။ ဘယ်နေ့၊ ဘယ် ရက်မှာတော့ ဆင်းပေးတော့ဆိုတာ ဒီနို့တစ်စာမှာ ပါရတယ်။ ဘယ်နေ့မှာ ငှားရမ်းခကုန်ဆုံးတယ်။ အဲ့ဒီနေ့ ည ၁၂နာရီကျော်လို့ရှိရင် ဒီဥစ္စာလက်ရောက်ပေးအပ်ပါတော့.. ဒါမျိုးက နို့တစ်စာ ထုတ်လေ့ရှိတယ်။

အဲ့ဒီလိုထုတ်ပြီးပြီး ငှားရမ်းခဖြတ်တောက်ပြီးပြီးဆိုရင် တရားစွဲရမယ်လေ။ အဲ့ဒီလို တရားမစွဲပဲ သွားရင် ကာ လစည်းကမ်းသတ်ဥပဒေမှာ ပါတာပေါ့ ၊ စောစောကပြောတာ ၁၁၀ အခုဟာက စာတိုင် ၁၃၉ မှာပါတယ်။ အိမ်ငှားတစ်ယောက်ကို ငှားရမ်းမှုဖြတ်တောက်ပြီး ၁၂နှစ်အတွင်း သူက စွဲရတာ။ ၁၂နှစ်အတွင်းမှ မစွဲရင် အဲ့ဒီ အိမ်ငှားကို နောက်တရားစွဲပြီး နှင်ထုတ်ဖို့ ခက်ခဲသွားပြီး ။ ဒါက သတိပြုရမှာပေါ့ ။ အဲ့ဒီမှာသတိပြုဖို့ကတော့ ဥပမာ မစွဲဖြစ်ဘူး ဆိုပါတယ်တော့ကွယ်။ နို့တစ်ထုတ်လိုက်တယ်၊မစွဲဖြစ်ဘူးဆိုရင် အဲ့ဒီထုတ်ထားတဲ့နို့တစ်ကို ပြန်ရုပ်သိမ်းလိုက်လို့ရတယ်။ တရားဝင်ပြန်ရုပ်သိမ်းထားလိုက်နော်။ ဒါဆိုရင် ကာလစည်းကမ်းသတ်နဲ့ အကျုံး မဝင်တော့ဘူး။ သို့သော် အဲ့ဒီလိုရုပ်သိမ်းရာမှာ ပျက်ကွက်သွားရင် တော့ ဒီကာလစည်းကမ်းဥပဒေနဲ့ အကျုံး ဝင်သွားလို့ ဟိုခွင့်ပြုချက်နဲ့ ထားတဲ့သူဆိုရင် ၆နှစ်အတွင်းစွဲ ၊ မစွဲရင်နောက်ထပ်စွဲလို့မရတော့ဘူး။ နှင်လို့ မရတော့ဘူး ။ အိမ်ငှားဆိုလည်း ဒီလိုပဲ နို့တစ်စာ ပေးပြီးပြီးဆိုရင် ၁၂နှစ်အတွင်း စွဲရင် စွဲ နို့တစ်ပေးပြီး ဖြတ် တောက်ပြီးပြီးဆိုရင်စွဲတော့ ။ မစွဲဖြစ်ရင်လဲပြန်ရုပ်သိမ်းလိုက် ။ ဒီနို့တစ်စာကို အဲ့လိုမရုပ်သိမ်းပဲထားရင်တော့ ၁၂ နှစ် ကျော်ရင် တရားစွဲနှင်လို့မရတဲ့အတွက် အဲ့ဒီအချက်ကတော့ အထူးသတိပြုရမယ်လို့ပဲဖြေကြားချင်ပါတယ်။


#ကာလစည်းကမ်းသတ်

Crd

15/07/2024

အိမ်ခြံမြေ တစ်ခုအား Special Power ဖြင့် ဝယ်ယူခဲ့ပြီး ကာလ ၃ နှစ်ကျော် ကြာခဲ့၍ (Sp) Expired ဖြစ်သွားသော အခါ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်ရမည်နည်း
*******************************************
ယခု စာဖတ်သူ သိချင်နေတဲ့မေးခွန်းက ၃နှစ်ကျော်သွားပြီ ….သက်တမ်းကုန်သွားပြီ…လို့ထင်နေကြတာ (မဟုတ်ပါဘူး)လို့ရှေးဦးစွာ ပြောကြားချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ မိတ်ဆွေကိုဘဲစာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ထားပြီးတဲ့..အထူးကိုယ်စားလှယ်လွှဲစာ (speical power) က ၃ နှစ်ကျော်သွားရင် သုံးမရတော့ဘူးလို့ လူအများ နားလည်နေကြပါတယ် ။
ဒီလိုထင်မြင်တာလည်း မှားတယ်လို့ မပြောနိုင်ပါဘူး ။
ဘာကြောင့် အမှတ်မှားကြသလဲလို့ ထင်နေကြသလဲလို့ မေးခွန်းထုတ်ကြည့်ရင်
ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နဲ့မြေစီမံခန့်ခွဲမှု ဌာနက စတင် သတ်မှတ်ခဲ့တယ်လို့ဆိုရင် မှားအံမထင်ပါ ။
အဲဒီ ဌာနမှာ စုံစမ်းမေမြန်း ဖို့ Complane Section ဖွင့်ထားပါတယ် ။ ကြှနျုပျလညျး ၃ နှစ်ကန့်သတ်ချက်နဲ့ပတ်သက်လို့ စောဒကတက်ပြီး မေးမြန်းဖူးပါတယ်။
အဲဒီဌာနက အကြီးအကဲက ရှင်းပြတာကတော့ သက်တမ်း (၅) နှစ် (၁၀ ) နှစ် စသည်ဖြင့် (speical power), (general power ) (SP, GP ) ပေးထားသူတွေမှာ အချို့က သက်ရှိထင်ရှား ရှိမနေကြတော့ပါဘူး။ သေကုန်ကြပါ ပြီ ။ ဒီလို GP,SP power ပေး သူသေရင် GP ,SP Power ကလည်း သူသေရင် သုံးလို့မရတော့ဘူး ။ ပါဝါလည်း လိုက်သေသွားတယ်လို့ ပြောရမှာပေါ့။ ဒါပေမဲ့ GP ,SP ပါဝါ ရထားတဲ့ သူတွေက ပါဝါပေးသူသေသွားကြတာကို ဖုံးကွယ်ထားကြတယ်တဲ့ ။
ကာယကံရှင်ထံက GP,SP ပါဝါ ယူထားသူ အတော်များများဟာ ဝယ်ထား တဲ့ဂရန်မြေကွက် ကို အမည်မပြောင်းချင်ဘဲ အမည်ပေါက်ထံက GP ,SP ပါဝါ ယူထားတက်ကြလို့ဘဲ။
ဂရန် အမည်ပေါက် ထံ က( GP,SP) ပါဝါ ယူထားရင်အခွန်ဆောင်စရာမလို၊ အမည်ပြောင်း စရာမလိုဘူးပေါ့။ မိမိဝယ်ထားတယ်ဆိုတာလည်း အခွန်ဦးစီးဌာနက မသိဘူးပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် အခွန်ရှောင်တာပါပဲ။ အဲဒါပေမဲ့ လူဘဝ ဆိုတာက ကိုယ် ဖြစ်ချင်တာမဖြစ် ၊သူဖြစ်ချင်သလို ဖြစ်တက်တဲ့ အနတ္တ အစိုးမရတဲ့သဘော တရားရှိတယ် မဟုတ်လား။
မမျှော်လင့်ဘဲ ဂရန်အမည်ပေါက်သူက ရုတ်တရက် နှုတ်မဆက်ပဲ သေဆုံးသွားတဲ့အခါ (GP,SP ) ပါဝါ ကိုင်ထားတဲ့သူဟာ မျောက်မီးခဲ ကိုင်မိသလို ဖြစ်တော့တာပါပဲ။ အမည်ပြောင်းဖို့ အမြန်ပြောင်းမှ ဖြစ်မယ်။ နို့မဟုတ်ရင် အမည်ပေါက်ရဲ့ဇနီး၊ ခင်ပွန်း သားသမီးများက ဝင်နှောင့်ယှက်ရင် ဘယ်လိုလုပ်မလဲ ဟုအတွေးဝင်လာတဲ့အခါ၊
GP, SP ပါဝါ ပေးသူမှာ ယနေ့တိုင် အသက် ထင်ရှားရှိပါကြောင်း ၊
သူပေးထားတဲ့power ဟာလည်း ယနေ့တိုင် ပြန် လည်ရုပ်သိမ်းခြင်း မရှိသေးပါဘူးလို့လိမ်လည် ကျမ်းကျိန်ပြီး ရန်ကုန် မြို့တော် ခန်း မမှာ အရောင်းအဝယ်စာချုပ်ရန် ဆိုပြီး မြေပုံ မြေရာဇဝင် လာကူးတော့တာပဲ ။
ဌာနကလည်း အထောက်အထား ခိုင်မာတယ် ဆိုပြီး မြေအရောင်းအဝယ်စာချုပ်ချုပ်ဖို့မြေပုံ/ မြေရာဇဝင်ထုတ်ပေးလိုက်တဲ့အခါ၊ အဲဒီမှာ ပြသာနာပေါ်တော့တာဘဲ၊
အဲဒီလူကြီးဝယ်ထားတဲ့ မြေနှင့်အိမ် အမည်ပေါက်ပိုင်ရှင် ဟာသေသွားတာ က (၅) နှစ် (၁၀) နှစ်ရှိပါပြီဆိုပြီး၊ အသိမိတ်ဆွေကဖြစ်စေ၊ အိမ်နီးနားချင်းကဖြစ်စေ၊ သေသူအမည်ပေါက်ရဲ့သားသမီးတို့ကဖြစ်စေ လာရောက် ကန့်ကွက်တဲ့အခါ လိမ်စဉ်ကြီးပေါ်တော့တာဘဲ။
ဒီတော့မြို့တော်ခန်းမမှာ နှစ်ဖက်ခေါ်ယူညှိနိုင်းဖြေရှင်းပေး ရတာတွေရှိလို့(၃) နှစ်ကျော် ပါဝါတွေလက်မခံဖို့ရုံးတွင် အမိန့်ထုတ်ထားတာဖြစ်တယ်လို့သိရပါတယ် ။
နောက်ထပ်မံသိရတာကတော့ကန်ထရိုက် နဲ့မြေရှင် General Power (အထွေထွေ ကိုယ်စားလှယ် လွှဲစာ) ပေးတဲ့ကိစ္စပါပဲ။
မြေရှင်နဲ့ကန်ထရိုက် တိုက်ဆောက်တဲ့အခါ သက်မှတ်ချိန်ကာလ မပြီးတာတို့၊ ကန်ထရိုက်ဘက် ကအကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းတာတို့ဖြစ်ပေါ်လာရင် ကန်ထရိုက်တာက(GP) ကိုမြေရှင်ထံ ပြန်မပေးကြဘူး။ နှစ်အကြာကြီးကိုင်ထားတက် ကြတယ်။
အဲဒီအခါမှာ မြေရှင် နဲ ကန်ထရိုက်တာ နဲ့အငြင်းအခုံဖြစ်ကြတာ မပြီးနိုင်တော့ဘူး။ သတင်းစာတွေမှာ ရှေ့နေတွေနဲ အပြန်အလှန် ပြောကြတာတွေ အဆွေတော် ဖတ်ဖူးမှာပါ ။
အဲဒီလိုကိစ္စမျိုတွေကြောင့်ပထမ SP/GP ပါဝါ တစ်နှစ်လို့သတ်မှတ်တယ်။
နောက်ပိုင်း သုံးနှစ် ဆိုပြီး သတ်မှတ်လိုက်တယ်။ အခုတော့ အဲဒီ သတ်မှတ် ချက်ကို 2014 နှစ်လယ်ပိုင်း ကစပြီး ရုပ်သိမ်း လိုက်တယ် လို့သိရပါတယ် ။
ဒါကြောင့်အဆွေတော် လက်ထဲမှာရှိတဲ့(SP ဖြစ်စေ ၊GP ဖြစ်စေ )(၃) နှစ်ကျော်သွားပေမယ့်မြို့တော်စည်ပင်သာယာ မြေစီမံခန် ခွဲမှု ဌာန ကလက်ခံပါ တယ်လို့ သတင်းကောင်းပါ လိုက်ပါရစေ ။
သတိပြုရန် ကိုယ်စားလှယ် လွှဲစာ (SP/GP )ကို လွှဲအပ် သူကိုယ်တိုင် ရုပ်သိမ်းပြီး ၊လက်ခံသူကိုယ်တိုင် ကိုယ်စားလှယ် လွှဲစာပြန်အပ်ခြင်း၊ လက်ခံသူပြန်အပ်သူ နှစ်ဦးစလုံးသေခြင်း၊ စိတ်မနှံရူးသွပ်သွားခြင်း၊ လူမွဲ ဖြစ်သွားခဲ့လျှင်တော့ကိုယ်စားလှယ်ရဲ့အခွင့်အရေး ဆုံးရှံးသွားကြောင်း ပဋိညာန် ဥပဒေပုဒ်မ -၂၀၁ နှင့်ကိုယ်စားလှယ် လွှဲအပ်ခြင်း ဥပဒေ (The power of Attorney Act ) ပုဒ်မ-၃ မှာပြဌာန်းထားပါတယ်

Crd

27/05/2024

အရပ်ထဲမှာ ပြောနေကြတဲ့ အိမ် / တိုက်ခန်း မှာ ( ၁၂ ) နှစ်ကျော် နေပြီးသွားရင် အဲ့ဥပစာရဲ့ ပိုင်ရှင်ဖြစ်သွားပြီလား ဆိုတာအတွက် အတိုဆုံးအဖြေကတော့ ဘယ်တော့မှ မဖြစ်လာပါဘူး

နေထိုင်သူအနေဖြင့် ၁၂ နှစ်ကျော် "ပိုင်ရှင်အား ဆန့်ကျင်၍ လက်ရှိနေထိုင်ခြင်း" ဖြစ်တဲ့အတွက် ဆက်လက်နေထိုင်ခွင့် ရနေခြင်းသာဖြစ်ပါတယ်။

အခြေအနေအပေါ်မူတည်ပြီး ပိုင်ရှင်အတွက် ပစ္စည်းအပေါ်အခွင့်အရေး ဆုံးခန်းတိုင်နိုင်ပါတယ် !!!

ဘယ်လိုအခြေအနေပေါ်မူတည်လဲ ဆိုရင်တော့ ဒီမြေပေါ်မှာ “သာမာန်လက်ရှိထားခြင်း” လား “ပိုင်ရှင်အား ဆန့်ကျင်၍ လက်ရှိနေထိုင်ခြင်း” လား ဆိုတာပေါ်မူတည်ပါတယ် ။

ဒါကြောင့် ဒီကိစ္စတွေမှာ ၁၂ နှစ်ကျော် အထိ ပိုင်ရှင်ဆန္ဒ နှင့် ဆန်ကျင်နေထိုင်ပြီး လက်ရှိဖြစ်သူ ဟုတ် / မဟုတ် ကအရေးပါ ပါတယ်။

- ပိုင်ရှင်အား ဆန့်ကျင်၍ လက်ရှိနေထိုင်ခြင်း ဆိုတာ ဘယ်လိုမျိုးလဲ ???

ဥပမာ -
(က) အိမ်ဝယ်ပြီး ပိုင်ရှင်မှ လက်ရောက်ရယူခဲ့ခြင်းလည်းမရှိ ရောင်းသူက မဆင်းပေးပဲ ဆက်လက်နေထိုင်ရင်
(ခ) အိမ်ငှားစာချုပ်သက်တမ်းပြည့်သော်လည်း မဆင်းပေးပဲ ဆက်လက်နေထိုင်ရင်

ထိုကဲ့သို့ ပိုင်ရှင်အား ဆန့်ကျင် နေထိုင်ပြီး ၁၂ နှစ်ကျော်ရင် ပိုင်ရှင်အနေဖြင့် ပစ္စည်းအပေါ်အခွင့်အရေး ဆုံးရှုံးနိုင်ပါတယ်။

ပြန်လည်လက်ရောက် ရလိုမှု တရားစွဲသည့်အခါ ကာလစည်းကမ်းသတ် အက်ဥပဒေ ပထမဇယား အပိုဒ် - ၁၄၂ အရ ဖယ်ရှားခြင်းခံရသည့်နေ့ ၊ သို့တည်းမဟုတ် လက်ရှိစွန့်လွှတ်သည့် နေ့မှ ၁၂ နှစ်အတွင်း တရာစွဲဆိုရမှာ ဖြစ်ပါတယ် ။ သို့မဟုတ် အပိုဒ် - ၁၄၄ အရ သတ်မှတ်ကာလ စည်းကမ်းအတွင်း တရားစွဲဆိုရမည်ဖြစ်ပါတယ်။

ဥပဒေအရ ကန့်သတ်ထားသည့် ကာလအပိုင်းအခြားကုန်ဆုံးသည့်အခါ ပစ္စည်းအပေါ် အခွင့်အရေး ဆုံးခန်းတိုင်သည်။ ကာလစည်းကမ်းသတ်အက် ဥပဒေ ပုဒ်မ - ၂၈

- ၁၂ နှစ်ကျော်သောလည်း မဆုံးအောင်ဘယ်လိုလုပ်ရမလဲ?

( က ) ခွင့်ပြုချက် ၊ သဘောတူညီချက် ဖြင့်နေထိုင်စေလျှင် စာချုပ်စာတမ်းဖြင့် နေထိုင်ခွင့်ပြုခြင်း။
( ခ ) အငှားစာချုပ်ကို သက်တမ်းပြည့်တိုင်း အမြဲတမ်း စဥ်ဆက်မပြတ် ချုပ်ဆိုခြင်း။

ဒီပစ္စည်း၏ ပိုင်ရှင်ဖြစ်နေကြောင်းအမြဲတမ်းအတည်ပြုနေဖို့ပါတယ် ။ အဲ့တော့ ခွင့်ပြုချက်နဲ့ ပဲထားထား ၊ အိပ်ငှားပဲထားထား စဥ်ဆက်မပြတ် စာချုပ် ချုပ်ဆိုဖို့လိုပါတယ် ။ နှစ် ၂၀ ပဲ ငှားငှား ၊ နှစ် ၆၀ ပဲ ငှားငှား အိမ်ငှားက အိမ်ငှားပဲ ပိုင်ရှင်မဖြစ်နိုင်ပါဘူး ။

- ၁၂ နှစ်ကျော်သွားရင် ဆန့်ကျင်လက်ရှိနေထိုင်သူက တကယ်ပိုင်သွားပြီလား ?

အိမ်ပိုင်ရှင်ကို ဆန့်ကျင်လက်ရှိနေထိုင်သူသည် ပိုင်ဆိုင်ခွင့်နဲ့ မသက်ဆိုင်ပါဘူး ။ မူရင်း ပစ္စည်းပိုင်ရှင်က ပစ္စည်းအပေါ် အခွင့်အရေးဆုံးခန်းတိုင်သည့် အတွက် ဆန့်ကျင်လက်ရှိနေထိုင်သူက နေထိုင်ခွင့် ရနေခြင်းသာဖြစ်ပါတယ် ။ ဒီအကြောင်းကိုလဲ “ဒေါ်ငန်လွယ်ပါ ( ၈ ) နှင့် ဒေါ်တွဲလျန်ပါ ( ၃ ) ” စီရင်ထုံးမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်

“ပိုင်ရှင်ဆိုသူတို့ အနေဖြင့် ကာလစည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ- ၂၈ အရ ပိုင်ဆိုင်ခွင့်ကို ကုန်ဆုံးပြတ်စဲစေကာမှု ဆန့်ကျင်လက်ရှိနေထိုင်သူ တို့သည် ယင်းသို့ ဆန့်ကျင်လက်ရှိထားခြင်းဖြင့် အချင်းဖြစ် မြေနှင့် အိမ်၏ ပိုင်ရှင်အဖြစ်သို့ရောက်စေရမည်ဟု အဆိုပါ ပုဒ်မ- ၂၈ တွင် ပြဌာန်းထားခြင်း မရှိပေ”

24/02/2024

ဘိုးဘွားပိုင်မြေကို အမည်ပြောင်းတဲ့အခါ တရားဝင်ဖို့လုပ်ရမယ့် အချက်များ

ဘိုးဘွားပိုင်မြေဆိုတာဟာ ဘိုးစဉ်ဘောင်ဆက် အမွေ ဓားမဦးချ ဆက်ခံနေထိုင်လာကြတဲ့မြေဖြစ်ပြီး ဥပဒေအရ ပြောရရင်လည်း ဥပဒေပုဒ်မ (၄)၊ ပုဒ်မ ခွဲ (၁၀) အရ ဘိုးဘွားမိဘလက်ထက်ကတည်းက ပိုင်ဆိုင်လာတဲ့၊ လွှဲပြောင်းဆက်ခံခွင့်ရှိတဲ့ မြေအမျိုး အစားဖြစ်ပါတယ်။ ဘိုးဘွားပိုင်မြေတွေဟာ အိမ်ခြံမြေလောကမှာ လူကြိုက်များပြီး ဈေးလည်းကောင်းပါတယ်။

ဒီနေ့ခေတ် အခြေအနေအရ အခြားမြေတွေဖြစ်တဲ့ လယ်မြေ၊ ယာမြေ၊ လိုင်စင်မြေ၊ ပါမစ်မြေ၊ မြေငှားဂရမ်မြေ၊ ကျူးကျော်မြေ၊ မြို့ကွက်မြေပုံ၊ မြို့မြေစာရင်း၊ အခွန်လွတ် သာသနာ့မြေ၊ အခွန်လွတ်ဗဒ္ဓသိမ်မြေ စတဲ့ မြေတွေထက် ဘိုးဘွားပိုင်မြေဟာ ခိုင်မာမှု ရှိနေဆဲပါ။

ဘိုးဘွားပိုင်မြေကို အမွေဆက်ခံရခြင်းကြောင့်ဖြစ်စေ၊ ရောင်းချဝယ်ယူလိုက်ခြင်းကြောင့်ဖြစ်စေ အမည်ပြောင်းလဲမှုတွေ လုပ်ရပါတယ်။ အမည်ပြောင်းလဲမှုအတွက် ဘယ်လိုလျှောက်ထားရမလဲဆိုတာ ဗဟုသုတရစေဖို့ ဖော်ပြလိုက်ပါတယ်။

ဘိုးဘွားပိုင်မြေကို အမည်ပြောင်း လျှောက်ထားတဲ့အခါ အောက်ပါအတိုင်း အမျိုးအစားခွဲပါတယ်။

- အမည်ပြောင်း
- ဦးပိုင်းအမည်ပြောင်း ( ဦးပိုင်တစ်ခုကို ခွဲစိတ်ပြီး အမည်ပြောင်း လျှောက်ထားခြင်း )
- အမည်ဖြည့်စွက်ခြင်း (မူလအမည်ပေါက်အပြင် နောက်ထပ် လူတစ်ဦး၊ နှစ်ဦးကို ပိုင်ဆိုင်သူအဖြစ် ထပ်ထည့်ခြင်း)
- အမည်ပယ်ဖျက်ခြင်း (မူလနှစ်ဦး၊ သုံးဦး အမည်ပေါက်မှ တစ်ဦးဦးကို ပယ်ဖျက်ပေးဖို့ လျှောက်ထားခြင်း)

ဘိုးဘွားပိုင်မြေ အမည်ပြောင်းလျှောက်ထားရာမှာ အောက်ဖော်ပြပါ စာချုပ်စာတမ်းနဲ့ အထောက်အထားများ လိုအပ်ပါတယ်။

- လျှောက်ထားသူရဲ့ မှတ်ပုံတင် မိတ္တူမှန်
- မြေပုံ၊ မြေရာဇဝင်မူရင်း
- အမွေဆက်ခံခြင်း ဖြစ်ပါက အဆင့်ဆင့် အမွေဆက်ခံမှု စာချုပ်စာတမ်း၊ မိတ္တူ
- အရောင်းအဝယ် ဖြစ်ပါက အဆင့်ဆင့် အရောင်းအဝယ်ပြုလုပ်သည့် မှတ်ပုံတင်စာချုပ် မိတ္တူမှန်
- တရားရုံး ဒီဂရီ (သို့မဟုတ်) တရာမပုံစံ (၁၀၆)၊ တရားရုံးမှ အမည်ပြောင်းပေးရန် အကြောင်းကြားစာ
- အမည်ပေါက် သေဆုံးပါက သေစာရင်း မိတ္တူမှန်
- အိမ်ထောင်စုဇယား မိတ္တူမှန်
- အဆောက်အဦး ဓာတ်ပုံ
- ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်

အထက်ဖော်ပြပါ အထောက်အထားတွေနဲ့ အမှုတွဲ တည်ဆောက်ပြီး သတင်းစာမှာ ထည့်ကြော်ငြာရပါမယ်။ ကြောငြာလို့ ကန့်ကွတ်မှု အရှုပ်အရှင်း မရှိရင်တော့ ၁ လ အတွင်း အမည်ပေါက် ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေကတော့ အိမ်ခြံမြေဥပဒေရေးရာ ဖော်ပြချက်များထဲမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်။

စာဖတ်သူ မိတ်ဆွေများအားလုံး အိမ်ကောင်း၊ မြေကောင်းများ ပိုင်ဆိုင်ရပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

16/01/2024

မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ

အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး။
ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဂရန်မြေ
- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

ပါမစ်မြေ
ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ - ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။
အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ပွဲပျက် တာတွေတောင် ရှိတယ်”လို့မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှအမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ - ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

လယ်မြေ
လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်
- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊လယ်ယာမြေမှတ်ပုံတင် စာအုပ်၊စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ - လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။- အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂ ါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။
- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ - မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။
မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ - ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီးစာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရမှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

လန ၃၉ မြေ
- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ - ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါ တယ်။

တိုက်ခန်းဝယ်မယ်ဆိုရင်
တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့
- ဆက်စပ် စာချုပ်၊
- BCC (လူနေထိုင်ခွင့်)
- မြေ ရှင်လက်မှတ်
- ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့သိရပါတယ်။

ဘိုးဘွားပိုင်မြေ
ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။

Credit: The kumudra journal

Address

No-1254, Thiri Str, Myittar Nyunt Qrt
Tamwe Tsp

Telephone

0943050964

Website

Alerts

Be the first to know and let us send you an email when LIGHT LAW FIRM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share