Juris Online Legal Services

Juris Online Legal Services တရားမျှတမှုအတွက် စိတ်ချရတဲ့ အကြံဥာဏ်
ကောင်းတွေ ရယူလိုပါက ယခုဘဲဆက်သွယ်လိုက်ပါ။

ပုဒ်မ ၂၈၅ အကြောင်း Knowledge Sharing မီး သို့မဟုတ် မီးလောင်စေတတ်သော ပစ္စည်းများကို သတိမရှိ၊ ပေါ့ဆစွာ သုံးစွဲခြင်း ကြောင့...
27/02/2026

ပုဒ်မ ၂၈၅ အကြောင်း Knowledge Sharing
မီး သို့မဟုတ် မီးလောင်စေတတ်သော ပစ္စည်းများကို သတိမရှိ၊ ပေါ့ဆစွာ သုံးစွဲခြင်း ကြောင့် လူအန္တရာယ် သို့မဟုတ် ပစ္စည်းပျက်စီးမှု ဖြစ်နိုင်သော အပြုအမူများကို ပြစ်မှုအဖြစ် သတ်မှတ်ထားသည်။

📌 ပြစ်မှု ဖြစ်စေသော အချက်များ
• မီးကို ပေါ့ဆစွာ အသုံးပြုခြင်း
• မီးလောင်စေတတ်သော ပစ္စည်းများ (ဓာတ်ဆီ၊ ဓာတ်ငွေ့ စသည်) ကို သတိမရှိ စီမံခန့်ခွဲခြင်း
• ထိုလုပ်ရပ်ကြောင့် လူများ သို့မဟုတ် ပစ္စည်းများ အန္တရာယ်ရှိနိုင်ခြင်း

⚖️ ပြစ်ဒဏ်
• ထောင်ဒဏ် (၆) လ အထိ သို့မဟုတ် ငွေဒဏ်
သို့မဟုတ် ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်မျိုးစလုံး ချမှတ်နိုင်သည်။



📝 ဥပမာ
• လမ်းဘေးမှာ မီးရှို့ပြီး မီးမငြိမ်းမီ ထားခဲ့ခြင်း
• ဓာတ်ဆီကို လုံခြုံရေးမရှိ သိုလှောင်ထားခြင်း
• မီးဖိုအသုံးပြုပြီး မီးမပိတ်ဘဲ ထားခဲ့ခြင်း

ဒီလို အပြုအမူတွေကြောင့် မီးလောင်မှု ဖြစ်ပေါ်နိုင်ပြီး လူနှင့် ပစ္စည်းအန္တရာယ် ဖြစ်နိုင်ပါက ပုဒ်မ ၂၈၅ အရ အရေးယူနိုင်ပါတယ်။

သင့်တွင် ဥပဒေနှင့်ပတ်သက်၍ အခက်အခဲကြုံနေရပါက ဆက်သွယ်လိုက်ပါ။

Contact Us _ 09955986838

#ပြစ်မှုပုဒ်မ၂၈၅


#ဥပဒေအကြံပေး

🔎 ခါးပိုက်နှိုက်မှုဆိုသည်မှာဘာလဲ?ခါးပိုက်နှိုက်မှု (Pick-pocketing) ဆိုသည်မှာလူတစ်ဦး၏ ကိုယ်ပေါ်တွင် ပါရှိနေသော ပစ္စည်းမျ...
22/01/2026

🔎 ခါးပိုက်နှိုက်မှုဆိုသည်မှာဘာလဲ?
ခါးပိုက်နှိုက်မှု (Pick-pocketing) ဆိုသည်မှာ
လူတစ်ဦး၏ ကိုယ်ပေါ်တွင် ပါရှိနေသော ပစ္စည်းများ (အိတ်၊ ဖုန်း၊ ပိုက်ဆံ စသည်) ကို သတိမထားမိစေဘဲ လျှို့ဝှက်စွာ ခိုးယူခြင်း ဖြစ်ပါသည်။

⚖️ အရေးယူနိုင်သော ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ

📌 (၁) ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၉
ရိုးရိုးခိုးမှု (Theft)
အချက်အလက်များ၊ မည်သူမဆို တစ်စုံတစ်ဦး၏ ပိုင်ဆိုင်မှုကို အခွင့်မရှိဘဲ ခိုးယူပါက

➡️ ခါးပိုက်နှိုက်မှုသည် ပုဒ်မ ၃၇၉ အောက်တွင် အရေးယူနိုင်သော ပြစ်မှု ဖြစ်ပါသည်

အပြစ်ဒဏ်
ထောင်ဒဏ် ၃ နှစ်အထိ သို့မဟုတ် ငွေဒဏ် သို့မဟုတ် နှစ်မျိုးလုံး

📌 အခြေအနေအလိုက် အသုံးချနိုင်သော ပုဒ်မများ

🔹 ပုဒ်မ ၅၁၁ – ပြစ်မှုကျူးလွန်ရန် ကြိုးပမ်းမှု
ခါးပိုက်နှိုက်ရန် ကြိုးစားသော်လည်း မအောင်မြင်ပါက

🔹 ပုဒ်မ ၃၄ / ၁၁၄
လူအများ ပူးပေါင်း ခါးပိုက်နှိုက်ပါက
(Common intention / Abettor present)

📝 ဥပမာ
လူစည်ကားသော ဘတ်စ်ကားအတွင်း
A သည် B ၏ အိတ်ထဲမှ ဖုန်းကို သတိမထားမိစေဘဲ ခိုးယူခဲ့ပါက
➡️ ပုဒ်မ ၃၇၈ အရ ခိုးမှု မြောက်ပြီး
➡️ ပုဒ်မ ၃၇၉ ဖြင့် အရေးယူနိုင်ပါသည်။

သင့်အတွက်အကျိုးရှိပါက တစ်ခြားသူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါ။

ဥပဒေအခက်အခဲများရင်ဆိုင်နေရပါက အမြန်ဆုဲးဆက်သွယ်လိုက်ပါ။

Contact Us _ 09955986838 [Viber]

#ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ379
#ဥပဒေအကြံပေး

12/01/2026

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀ (Theft – ခိုးမှု) အကြောင်း Knowledge Sharing

🔹 ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀ (ခိုးမှု)

(၁) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀ သည် သူတစ်ပါးပိုင်ပစ္စည်းကို ပိုင်ရှင်၏ခွင့်ပြုချက်မရှိဘဲ၊ မိမိအကျိုးအတွက် ရယူသုံးစွဲရန် ရည်ရွယ်ချက်ဖြင့် ယူဆောင်သွားခြင်း ကို “ခိုးမှု (Theft)” ဟု သတ်မှတ်ထားသည်။

(၂) ခိုးမှုဖြစ်စေရန် လိုအပ်သော အချက်များ (Essential Ingredients)

ခိုးမှုဖြစ်ကြောင်း သက်သေပြရန် အောက်ပါအချက် (၅) ချက် အပြည့်အစုံ ပါဝင်ရပါသည်–
1️⃣ ပစ္စည်းဖြစ်ရမည်
– ရွှေ၊ ငွေ၊ ဖုန်း၊ စက်ပစ္စည်း စသည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းဖြစ်ရမည်
– မြေ၊ အိမ်ကဲ့သို့ မရွှေ့ပြောင်းနိုင်သော ပစ္စည်း မပါဝင်
2️⃣ သူတစ်ပါးပိုင်ဆိုင်မှု ဖြစ်ရမည်
– မိမိပိုင်မဟုတ်သော ပစ္စည်းဖြစ်ရမည်
3️⃣ ပိုင်ရှင်၏ သဘောတူခွင့်ပြုချက် မပါ
– ခွင့်မတောင်းဘဲ ယူဆောင်သွားခြင်း
4️⃣ မတရားရယူလိုသော ရည်ရွယ်ချက် (Dishonest Intention) ရှိရမည်
– မိမိအကျိုးအတွက် သုံးစွဲရန် သို့မဟုတ် မပေးပြန်လိုသော စိတ်ရည်ရွယ်ချက်ရှိရမည်
5️⃣ ယူဆောင်ရွှေ့ပြောင်းခြင်း (Moving of Property)
– ပစ္စည်းကို နေရာမှ ဖယ်ရှားခြင်းရှိရမည်
– အနည်းငယ်ရွှေ့ခြင်းသည်လည်း ဖယ်ရှားခြင်းဖြစ်

(၃) ပြစ်ဒဏ် (Punishment)
ပုဒ်မ ၃၈၀ အရ ခိုးမှုကျူးလွန်ပါက–
ထောင်ဒဏ် ၇ နှစ်အထိ အပြင် ဒဏ်ငွေလည်း ချမှတ်နိုင်ပါသည်။

📌 ဥပမာ (၁)
A သည် B ၏ မိုဘိုင်းဖုန်းကို B မသိစေရန် ယူဆောင်သွားပြီး မိမိအသုံးပြုသည်။
👉 ပစ္စည်းဖြစ်သည် ✔
👉 သူတစ်ပါးပိုင်ဆိုင်မှု ✔
👉 ခွင့်ပြုချက်မရှိ ✔
👉 မတရားရယူလိုသော ရည်ရွယ်ချက် ✔
👉 ရွှေ့ပြောင်းခြင်းရှိ ✔
➡️ ပုဒ်မ ၃၈၀ အရ ခိုးမှု ဖြစ်သည်

📌 ဥပမာ (၂)
A သည် မိမိဖုန်းဟု အမှားယူဆပြီး B ၏ ဖုန်းကို ယူသွားသည်။
👉 မတရားရယူလိုသော ရည်ရွယ်ချက် မရှိ
➡️ ခိုးမှု မမြောက်ပေ။

ဥပဒေအခက်အခဲများရင်ဆိုင်ကြုံတွေ့နေရပါက ကျွန်ုပ်တို့ကို အမြန်ဆုံးဆက်သွယ်လိုက်ပါ။

Contact Us _ 09955986838 [Viber]

#ပုဒ်မ၃၈၀
#ဥပဒေအကြံပေး

12/01/2026

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ 406 နဲ့ 409 တို့ရဲ့ ခြားနားချက်
Knowledge Sharing

📌 ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ 406 နဲ့ 409 တို့၏ ခြားနားချက် (Criminal Breach of Trust)

🔹 ပုဒ်မ 406 – ယုံကြည်အပ်နှံထားသော ပစ္စည်းကို လိမ်လည်သုံးစွဲခြင်း

ပစ္စည်းကို ယုံကြည်အပ်နှံခြင်း (Entrustment) ရှိရမည်
အပ်နှံထားသောပစ္စည်းကို ကိုယ်ကျိုးအတွက်သုံးစွဲခြင်း
မပေးသင့်သူအား ပေးအပ်ခြင်း
ဥပဒေ၊ စာချုပ်ကို ဆန့်ကျင်၍ အသုံးချခြင်း
ယုံကြည်မှုဖောက်ဖျက်မှု ရည်ရွယ်ချက် ရှိရမည်။

⚖️ ပြစ်ဒဏ်
ထောင်ဒဏ် ၃ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် နှစ်မျိုးလုံး
ဥပမာ_
A က B ထံမှ ရောင်းရန်အတွက် ပစ္စည်းယူထားပြီး
ကိုယ်ပိုင်အတွက် ရောင်းစားသုံးစွဲလိုက်ပါက ပုဒ်မ 406 အရ စွဲဆိုနိုင်သည်။

🔹 ပုဒ်မ 409 – တာဝန်အပ်နှံခံရသူများ၏ ယုံကြည်မှုဖောက်ဖျက်မှု (Criminal Breach of Trust by Person in Position of Trust)

ပုဒ်မ 406 ရဲ့ အချက်များအားလုံး ပါဝင်ရမည်။
ထို့အပြင် အစိုးရဝန်ထမ်း၊ ဘဏ်ဝန်ထမ်း၊ ကုန်သည်၊ အေးဂျင့်၊ Broker၊ အလုပ်အပ်နှံခံထားသူ (Employer–Employee Relationship) စသည့် အထူးတာဝန်ရှိသူ ဖြစ်ရမည်။
⚖️ ပြစ်ဒဏ်
ထောင်ဒဏ် ၁၀ နှစ်အထိအပြင် ဒဏ်ငွေလည်းကျခံစေရမည်

ဥပမာ_

ဘဏ်ဝန်ထမ်းတစ်ဦးက ဖောက်သည်ငွေကို ကိုယ်ကျိုးအတွက် လွဲချော်သုံးစွဲပါက ပုဒ်မ 409 အရ စွဲဆိုနိုင်သည်။

👉 ပုဒ်မ 409 သည် ပုဒ်မ 406 ထက် ပိုမိုလေးနက်သော ပြစ်မှု ဖြစ်ပြီး ယုံကြည်စွာ အပ်နှံခင်းခံရသည့်တာဝန်ရှိသူများကိုအထူးအရေးယူရန် ရည်ရွယ်ထားသော ပုဒ်မဖြစ်သည်။

ဥပဒေနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးတိုင်ပင်လိုက ကျွန်ုပ်တို့ထံယုံကြည်စွာ ဆက်သွယ်လိုက်ပါ။

Contact Us _ 09955986838 [Viber]

#ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၄၀၆
#ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၄၀၉

#ဥပဒေအကြံပေး

10/01/2026

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ 406 နဲ့ 420 တို့ရဲ့ ခြားနားချက် Knowledge Sharing post

(Criminal Breach of Trust vs Cheating)

📌 ပုဒ်မ 406 – ယုံကြည်မှုချိုးဖောက်မှု

ယုံကြည်အပ်နှံထားသော ပစ္စည်း/ငွေကို မသမာစွာ ကိုယ်ပိုင်အသုံးပြုခြင်း သို့မဟုတ် မူလရည်ရွယ်ချက်နှင့် မကိုက်ညီစွာ ပြုလုပ်ခြင်း
ထောင်ဒဏ် ၃နှစ်အထိ

📌 ပုဒ်မ 420 – လိမ်လည်မှု

အစမှစ၍ လိမ်လည်ရန် ရည်ရွယ်ချက်ရှိပြီး အခြားသူအား လှည့်ဖြားကာ ငွေ/ပစ္စည်း လက်ခံရယူခြင်း
ထောင် ၇ နှစ်အထိ

🔹 ပုဒ်မ 406 မြောက်တဲ့အမှု နမူနာ

A သည် B ထံမှ “ကုန်ဝယ်ရန်” ဟုဆို၍ ငွေ ယုံကြည်အပ်နှံခံရသည်။
နောက်ပိုင်းတွင် A က ငွေကို ကိုယ်ပိုင်အတွက် သုံးစွဲလိုက်သည်။
➡️ အစမှာ လိမ်မထား
➡️ နောက်ပိုင်းမှာ ယုံကြည်မှုချိုးဖောက်
✅ ထောင်ဒဏ် ၃နှစ်

🔹 ပုဒ်မ 420 ဖြစ်တဲ့အမှု

A သည် အစကတည်းက ကုန်မရောင်းနိုင်သော်လည်း
“ကုန်ရှိတယ်၊ အမြတ်ရမယ်” ဟု လိမ်လည်ပြောပြီး
B ထံမှ ငွေယူလိုက်သည်။
➡️ အစကတည်းက လိမ်ထား
➡️ လှည့်ဖြား၍ ငွေယူ
✅ ထောင်ဒဏ် ၇နှစ်

အမှုရဲ့အတိမ်အနက်အပေါ်မူတည်သောကြောင့် ရှေ့နေဖြင့်သာ အဓိကထားဆွေးနွေးတိုင်ပင်ပါ။ ဗဟုသုတရရုံသာ Sharing လုပ်ပေးခြင်းဖြစ်သည်။

သင့်တွင်ဥပဒေနှင့်ပတ်သက်၍ အခက်အခဲများ ကြုံနေပါက ယခုအပတ် ဆက်သွယ်လိုက်ပါ

Contact Us _ 09955986838 [viber available]

#ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၄၀၆
#ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၄၂၀
#ဥပဒေအကြံပေး

09/01/2026

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၁၇ နှင့် ပုဒ်မ ၄၂၀ တို့၏ ခြားနားချက် _ Knowledge Sharing

📘 ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ 417 နှင့် 420 တို့၏ ခြားနားချက်

ပြစ်မှုဆိုင်ရာဥပဒေ (Penal Code) အရ ပုဒ်မ 417 နှင့် ပုဒ်မ 420 တို့သည် လိမ်လည်မှု (Cheating) ကို အခြေခံထားသော ပြစ်မှုများဖြစ်သော်လည်း ပြစ်မှု နှင့် ပြစ်ဒဏ်တို့မှာ ကွာခြားမှုများရှိပါသည်။

🔹 ပုဒ်မ 417 – လိမ်လည်မှု
အဓိပ္ပါယ်
လူတစ်ဦးကို လိမ်လည်ခြင်းကြောင့် လုပ်ရပ်တစ်ခု ပြုလုပ်စေခြင်း သို့မဟုတ် မလုပ်ဘဲ နေရန် လှုံ့ဆော်ခြင်း
ကြောင့် ထိခိုက်နစ်နာမှု ဖြစ်ပေါ်လာပါက ပုဒ်မ 417 အရ အရေးယူနိုင်ပါသည်။

အရေးကြီးသောအချက်

လိမ်လည်မှုရှိရုံ၊ ပစ္စည်း လွှဲပြောင်းပေးရန် မဖြစ်မနေ မလိုအပ်၊ထိခိုက်နစ်နာမှု ဖြစ်ရုံဖြင့် ပြစ်မှုဖြစ်နိုင်၊ ပြစ်ဒဏ်
ထောင်ဒဏ် ၁ နှစ်အထိ သို့မဟုတ် ငွေဒဏ် သို့မဟုတ် နှစ်မျိုးစလုံး

🔹 ပုဒ်မ 420 – ပစ္စည်းလွှဲပြောင်းစေသော လိမ်လည်မှု
အဓိပ္ပါယ်
လိမ်လည်မှုကို အသုံးပြုပြီး ပစ္စည်း၊ ငွေကို လွှဲပြောင်းပေးစေခြင်း သို့မဟုတ် တန်ဖိုးရှိသော အခွင့်အရေးကို ဆုံးရှုံးစေခြင်း ဖြစ်ပါက ပုဒ်မ 420 ဖြင့် အရေးယူနိုင်ပါသည်။

အရေးကြီးသောအချက်

လိမ်လည်မှု + ပစ္စည်းလွှဲပြောင်းမှု မဖြစ်မနေပါဝင်ရမည်
ပြစ်မှုအဆင့် ပိုမိုမြင့်မား၊ လိမ်လည်မှုကြောင့် တိုက်ရိုက် ပစ္စည်းဆုံးရှုံးမှုရှိရမည်၊ ပြစ်ဒဏ် ထောင်ဒဏ် ၇ နှစ်အထိ အပြင် ငွေဒဏ်လည်း ချမှတ်နိုင်

📌 အကျဉ်းချုပ် ခြားနားချက်

👉 လိမ်လည်မှုရှိသော်လည်း ပစ္စည်းမဆုံးရှုံးပါက → ပုဒ်မ 417
👉 လိမ်လည်ပြီး ပစ္စည်း၊ ငွေ ဆုံးရှုံးပါက → 420

ဥပေဒအချက်အလက်သိထားပါက သင့်မိသားစုကို ကာကွယ်နိုင်မှာပါ။

သင့်အတွက်ဗဟုသုတရသလို တစ်ခြားသူတွေလည်း ဗဟုသုတ ရအောင် post ကို share သွားလိုက်ပါနော်

လူကြီးမင်းတို့ရဲ့ဥပဒေနဲ့ပတ်သက်တဲ့အခက်အခဲတွေကို ရင်ဖွင့်တိုင်ပင်အကြံဥာဏ်ရယူလိုပါက ဆက်သွယ်လိုက်ပါ။

Contact Us _ 09955986838


#ပုဒ်မ၄၁၇
#ပုဒ်မ၄၂၀

09/01/2026

ပစ္စည်းအုပ်ထိန်းခွင့် (Property Custody / Management Right) အကြောင်း Knowledge Sharing

📌 ပစ္စည်းအုပ်ထိန်းခွင့် (ပစ္စည်းစီမံခန့်ခွဲခွင့်) အကြောင်း သိထားသင့်သောအချက်များ

ပစ္စည်းအုပ်ထိန်းခွင့်ဆိုသည်မှာ

➡️ မိမိကိုယ်တိုင် ပစ္စည်းကို စီမံခန့်ခွဲနိုင်ခြင်းမရှိသူ (ဥပမာ – ကလေးသူငယ်၊ စိတ်ပိုင်းဆိုင်ရာမပြည့်စုံသူ၊ ဉာဏ်ရည်မပြည့်စုံသူ) ၏ ပစ္စည်းများကို တရားဝင် စီမံခန့်ခွဲပေးနိုင်ရန် ခန့်အပ်ထားသော အခွင့်အရေးဖြစ်ပါသည်။

🔹 ပစ္စည်းအုပ်ထိန်းခွင့် ရရှိနိုင်သူများ

မိဘ (ဖခင်၊ မိခင်)
တရားရုံးမှ ခန့်အပ်ထားသော အုပ်ထိန်းသူ (Guardian)
ဥပဒေအရ အခွင့်ရှိသူများ

🔹 ပစ္စည်းအုပ်ထိန်းသူ၏ တာဝန်များ

ပစ္စည်းများကို အကျိုးရှိအောင် စီမံခန့်ခွဲရမည်
ပစ္စည်းကို ကိုယ်ကျိုးအတွက် မသုံးစွဲရ
အုပ်ထိန်းခံရသူ၏ အကျိုးစီးပွားကို ဦးစားပေးရမည်
လိုအပ်ပါက တရားရုံးသို့ စာရင်းတင်ပြရမည်

🔹 မလုပ်သင့်သောအရာများ

🚫 ပစ္စည်းကို ကိုယ်ပိုင်ပစ္စည်းလို ရောင်းချခြင်း
🚫 အကျိုးမရှိသော လုပ်ငန်းများတွင် အသုံးချခြင်း
🚫 အုပ်ထိန်းခံရသူ၏ အကျိုးကို ထိခိုက်စေသော ဆုံးဖြတ်ချက်များချခြင်း

🔹 ပစ္စည်းအုပ်ထိန်းခွင့် ရပ်စဲသည့်အခြေအနေများ

အုပ်ထိန်းခံရသူ အသက်ပြည့်ပြီး ကိုယ်တိုင် စီမံနိုင်လာသောအခါ
တရားရုံးအမိန့်ဖြင့် အုပ်ထိန်းခွင့် ရုပ်သိမ်းခံရသောအခါ
အုပ်ထိန်းသူ၏ တာဝန်မထမ်းဆောင်နိုင်တော့သောအခါ

📌 သတိပြုရန် ပစ္စည်းအုပ်ထိန်းခွင့်သည် အခွင့်အရေးသာမက တာဝန်ကြီးမားသော ဥပဒေဆိုင်ရာ တာဝန် ဖြစ်ပြီး၊ မလျော်ကန်စွာ အသုံးချပါက ဥပဒေအရ အရေးယူခံရနိုင်ပါသည်။

📚 ဥပဒေသိမြင်မှုရှိခြင်းက မိမိနှင့် မိသားစုအကျိုးစီးပွားကို ကာကွယ်နိုင်ပါသည်။
အသုံးဝင်တယ်လို့ ထင်ရင် Share လုပ်ပေးပါနော် 🤝




08/01/2026

ကလေးအုပ်ထိန်းခွင့် ဥပဒေအကြောင်း Knowledge Sharing တင်ပြလိုက်ပါတယ်။

📌 ကလေးအုပ်ထိန်းခွင့်နှင့်ပတ်သက်သည့် ဥပဒေအကြောင်းအရာ သိထားသင့်သောအချက်များ
ကွာရှင်းခြင်း နှင့် အိမ်ထောင်ရေးပြဿနာများ ဖြစ်ပေါ်လာတဲ့အခါ ကလေးအုပ်ထိန်းခွင့် က အရေးကြီးဆုံးကိစ္စတစ်ရပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကလေးအုပ်ထိန်းခွင့်ကို ဆုံးဖြတ်ရာတွင် ဥပဒေအခြေခံချက်များ ရှိပါတယ်။

🔹 ၁။ ကလေး၏ အကျိုးစီးပွား (Best Interest of the Child)

တရားရုံးက ဆုံးဖြတ်ရာမှာ
➡️ မိဘဘယ်သူကို ပေးရမလဲဆိုတာထက်
➡️ ကလေးအတွက် အကောင်းဆုံးဖြစ်မယ့်အရာ ကို ဦးစားပေးစဉ်းစားပါတယ်။

🔹 ၂။ ကလေးအသက်အရွယ်အလိုက် အုပ်ထိန်းခွင့်

✔️ အသက်ငယ်သေးသောကလေးများ – မိခင်ထံ အုပ်ထိန်းခွင့်ပေးလေ့ရှိ
✔️ အသက်ကြီးလာသောကလေးများ –
▪️ ကလေးရဲ့ ဆန္ဒ
▪️ ပညာရေး
▪️ နေရပ်အခြေအနေ
▪️ မိဘ၏ စောင့်ရှောက်နိုင်မှု
တို့ကို ထည့်သွင်းစဉ်းစားပါတယ်။
🔹 ၃။ အုပ်ထိန်းခွင့်မရသည့် မိဘ၏ အခွင့်အရေး
အုပ်ထိန်းခွင့်မရတဲ့ မိဘက
✔️ ကလေးကို တွေ့ဆုံခွင့်
✔️ ဆက်သွယ်ခွင့်
✔️ ကလေးစရိတ် ထောက်ပံ့ပေးရန်တာဝန်
ရှိနေဆဲဖြစ်ပါတယ်။

🔹 ၄။ မိဘတစ်ဦး၏ မသင့်လျော်သော အပြုအမူ
အောက်ပါအခြေအနေများရှိပါက အုပ်ထိန်းခွင့်မရနိုင်ပါ ❌

▪️ အကြမ်းဖက်မှု
▪️ မူးယစ်ဆေးဝါး သုံးစွဲမှု
▪️ ကလေးကို လျစ်လျူရှုခြင်း
▪️ ကိုယ်ကျင့်တရား မကောင်းမှုများ

🔹 ၅။ အုပ်ထိန်းခွင့် ပြန်လည်တောင်းခံနိုင်ခြင်း
အခြေအနေပြောင်းလဲလာပါက

📌 မိဘတစ်ဦးက အုပ်ထိန်းခွင့် ပြန်လည်လျှောက်ထားနိုင်ပါတယ်
(ဥပမာ – စောင့်ရှောက်နိုင်မှု ပိုမိုကောင်းမွန်လာခြင်း)
⚖️ သတိပြုရန်
ကလေးအုပ်ထိန်းခွင့်ကိစ္စတွေမှာ
👉 တစ်ဦးချင်း၏အမှုအခြေအနေအလိုက် ဆုံးဖြတ်ရခြင်းဖြစ်လို့ ဥပဒေအကြံဉာဏ်ကို ရယူသင့်ပါတယ်။

ကလေးအုပ်ထိန်းခွင့်ဆိုတာ မိဘအခွင့်အရေးထက်
👶 ကလေး၏ ဘဝအနာဂတ်အတွက် အရေးကြီးဆုံးကိစ္စ ဖြစ်ပါတယ်။

လူကြီးမင်းတို့ အနေနဲ့ အခက်အခဲများကြုံတွေ့နေရပါက ဆက်သွယ်လိုက်ပါ..

Contact Us _ 09955986838



#သားသမိးအုပ်ထိန်းခွင့်

08/01/2026

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၁၇ (ကာမလိမ်လည်မှု) စွဲဆိုနိုင်ရန် လိုအပ်သော အချက်အလက်များ ကို Knowledge Sharing ပုံစံဖြင့် ဖော်ပြပေးလိုက်ပါတယ်
📌 ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၁၇(ကာမလိမ်လည်မှု)
ပုဒ်မ ၄၁၇ သည် လိမ်လည်မှုကြောင့် လူတစ်ဦးအား အကျိုးအမြတ်ဆုံးရှုံးစေခြင်း၊ အခွင့်အရေးဆုံးရှုံးစေခြင်းကို ပြစ်မှုအဖြစ် သတ်မှတ်ထားသော ဥပဒေပုဒ်မ ဖြစ်ပါတယ်။
⚖️ ကာမလိမ်လည်မှု စွဲဆိုရန် လိုအပ်သော အချက်အလက်များ
ကာမလိမ်လည်မှုအဖြစ် အမှုဖွင့်စွဲဆိုနိုင်ရန် အောက်ပါ အခြေခံအချက်များ ပြည့်စုံရပါမည် —

(၁) လိမ်လည်မှုရှိရမည်

👉 တရားခံဘက်မှ မမှန်ကန်သော ကတိပေးခြင်း
👉 မဖြစ်နိုင်သော်လည်း ဖြစ်နိုင်သကဲ့သို့ လိမ်လည်ပြောဆိုခြင်း
👉 လက်ထပ်မည်ဟု ယုံကြည်စေခြင်း
စသည်ဖြင့် အစကတည်းက မမှန်သော ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ရပါမည်။

(၂) လိမ်လည်မှုကြောင့် ယုံကြည်မှုဖြစ်ပေါ်ရမည်

👉 အရေးကြီးဆုံးအချက်မှာတရားခံ၏ လိမ်လည်ပြောဆိုမှုကိုနစ်နာသူဘက်မှ ယုံကြည်ခဲ့ရပါမည်
ယုံကြည်မှုမရှိဘဲ ဖြစ်ခဲ့သော ဆန္ဒအလျောက်ဆက်ဆံမှု ဖြစ်ပါက ပုဒ်မ ၄၁၇ မပြည့်စုံနိုင်ပါ။

(၃️) ယုံကြည်မှုကြောင့် လုပ်ရပ်တစ်ခု ပြုလုပ်ခဲ့ရမည်
👉 ယုံကြည်မှုကြောင့် ကာမဆက်ဆံခဲ့ရခြင်း
👉 ကိုယ်ရေးကိုယ်တာအခွင့်အရေးများ ပေးအပ်ခဲ့ရခြင်း
👉 မလုပ်သင့်သော်လည်း လုပ်ခဲ့ရခြင်းတို့ ဖြစ်ရပါမည်၊

(၄️) နစ်နာမှု ဖြစ်ပေါ်ရမည်

👉 လိမ်လည်မှုကြောင့် ဂုဏ်သိက္ခာ ထိခိုက်မှု၊ စိတ်ပိုင်းဆိုင်ရာ နစ်နာမှု၊ လူမှုရေးအခက်အခဲများဖြစ်ပေါ်ရပါမည်။
(၅) အစကတည်းက လိမ်လည်ရန် ရည်ရွယ်ချက်ရှိရမည်
အရေးအကြီးဆုံး အချက်မှာ
👉 လက်ထပ်ရန် အစစ်အမှန် မရည်ရွယ်ခဲ့ခြင်း
👉 ကာမဆန္ဒသာ ရည်ရွယ်ထားခြင်းကို သက်သေအထောက်အထားများဖြင့် ပြသနိုင်ရပါမည်
(ဥပမာ – စာတိုများ၊ ဖုန်းမှတ်တမ်းများ၊ သက်သေပြောဆိုချက်များ)
⚠️ သတိပြုရန်
❌ လက်ထပ်မည်ဟု ကတိပေးပြီး နောက်ပိုင်း အခြေအနေပြောင်းလဲ၍ မလက်ထပ်နိုင်ခဲ့ခြင်းသာဖြစ်ပါက
➡️ ကာမလိမ်လည်မှု မဖြစ်နိုင်ပါ
✔️ အစကတည်းက လိမ်လည်ရန် ရည်ရွယ်ချက်ရှိကြောင်း သက်သေပြနိုင်မှသာ ပုဒ်မ ၄၁၇ ဖြင့် စွဲဆိုနိုင်ပါသည်။
📝 အကျဉ်းချုပ်
ပုဒ်မ ၄၁၇ လိမ်လည်မှု သည် ကာမကိုဖြစ်စေ ငွေကြေးကိုဖြစ်စေ လိမ်လည်ခြင်းအတွက် အောက်ပါအချက်များရှိရမည်။
👉 လိမ်လည်မှု
👉 ယုံကြည်မှု
👉 ယုံကြည်မှုကြောင့် လုပ်ရပ်
👉 နစ်နာမှု
👉 အစကတည်းက လိမ်လည်ရန် ရည်ရွယ်ချက်
အားလုံး ပြည့်စုံရမှသာ စွဲဆိုနိုင်သော ပြစ်မှုဖြစ်ပါသည်။

ထိုကိစ္စများနှင့်ပတ်သက်ပြီး နစ်နာမှုဖြစ်ပေါ်နေပါက ကျွန်ုပ်တို့ထံ အမြန်ဆုံးဆက်သွယ်လိုက်ပါ။

Contact Us _ 09955986838




07/01/2026

📚 အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ Knowledge Sharing

မြန်မာနိုင်ငံမှာ အိမ်ထောင်ရေးကို ဥပဒေအရ စီမံခန့်ခွဲထားပြီး ဘာသာရေး၊ လူမျိုး၊ ဓလေ့ထုံးစံ အပေါ်မူတည်ပြီး သက်ဆိုင်ရာ ဥပဒေတွေကွဲပြားပါတယ်။
🔹 (၁) ဗုဒ္ဓဘာသာဝင်များအတွက်
ဗုဒ္ဓဘာသာဝင်များရဲ့ အိမ်ထောင်ရေးကို အများအားဖြင့်
မြန်မာ့ဓလေ့ထုံးစံဥပဒေ (Myanmar Customary Law) အရ စီမံပါတယ်။
🎈အရေးကြီးတဲ့အချက်တွေကတော့ မိန်းမတစ်ယောက်၊ ယောက်ျားတစ်ယောက်သာ လက်ထပ်နိုင်ပါတယ်။ (Monogamy)
🎈လက်ထပ်ရန် အနည်းဆုံး အသက်အရွယ်ပြည့်စုံရပါမယ်။
🎈လင်မယားကွာရှင်းရာမှာလည်း အိမ်ထောင်ရေးပြစ်မှု ရှိမှာ ကွာရှင်းလို့ရမှာဖြစ်ပါတယ်။

🎈လင်မယားပိုင်ဆိုင်မှုကို မြန်မာ့ဓလေ့ထုံးတမ်းနဲ့အညီခွဲဝေကြရပါတယ်။

🔹 (၂) ဗုဒ္ဓဘာသာမဟုတ်သူများအတွက်
ဗုဒ္ဓဘာသာမဟုတ်သူများ (ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူ စသည်) အတွက်Marriage Act သို့မဟုတ် သက်ဆိုင်ရာ ဘာသာရေးဥပဒေများအရ လက်ထပ်နိုင်ပါတယ်။
🔹 (၃) ဘာသာမတူ လက်ထပ်ခြင်း
ဗုဒ္ဓဘာသာဝင်အမျိုးသမီးနှင့် ဘာသာမတူသူ လက်ထပ်ပါကဗုဒ္ဓဘာသာအမျိုးသမီး အထူးထိမ်းမြားလက်ထပ်မှု ဥပဒေ အရ ကာကွယ်မှုများရရှိနိုင်ပါတယ်။
(အိမ်ထောင်ရေး၊ ပိုင်ဆိုင်မှု၊ ကွာရှင်းမှု အခွင့်အရေးများကို ဥပဒေအရ ကာကွယ်ပေးထားပါတယ်)
🔹 (၄) လက်ထပ်မှတ်ပုံတင်ခြင်းသည် ဥပဒေအရ သက်သေချက်ရစေနိုင်သည်။ အမွေဆက်ခံမှု၊ ကွာရှင်းမှု၊ ကလေးအခွင့်အရေးတွေမှာ ထိုအချက်က အရေးကြီး ပါတယ်။
🔹 (၅) ကွာရှင်းခြင်း
နှစ်ဦးသဘောတူ ကွာရှင်းနိုင်သကဲ့သို့
မတရားပြုမှုခြင်း၊ အိမ်ထောင်ဖက်သည် ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုကိုကျူးလွန်မှုရှိခြင်း၊ စောင့်ရှောက်မှုမရှိခြင်း၊ မယား/လင်အဖြစ်မှ စွန့်လွှတ်ထားခြင်း စသည့် အကြောင်းအရင်းများဖြင့် တစ်ဖက်အိမ်ေထာင်ဖက်၏ သဘောတူညီချက်မပါဘဲလည်း သက်ဆိုင်ရာမြို့နယ်တရားရုံးတော်မှာ ကွာရှင်းခွင့်လျှောက်ထားနိုင်ပါတယ်။
⚖️ မှတ်ချက်
ဒီ post က ဗဟုသုတမျှဝေရန်အတွက်သာ ဖြစ်ပြီး
အမှုအတွက် အတိအကျအသေးစိတ်ကိုတော့ ဥပဒေအကြံပေးချက်ရယူပြီးမှ ဆောင်ရွက်သင့်ပါတယ်။
📌 ဥပဒေကို သိထားခြင်းက
ကိုယ့်အခွင့်အရေးကို ကာကွယ်နိုင်ဖို့အတွက် အရေးပါတဲ့အချက်ဖြစ်ပါတယ်။

အထက်ပါအချက်အလက်များနှင့်ပတ်သက်၍ သင့်တွင်အခက်အခဲများကြုံတွေ့နေရပါ အသေးစိတ်ဆွေးနွေးတိုင်ပင်လိုရပါတယ်။

Contact Us _ 09955986838 Or Cb

#မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ
#အိမ်ထောင်ခန်း
#ကွာရှင်းလိုမှု
#လက်ထပ်ထိမ်းမြှား
#အမွေခန်း
#သားသမိးအုပ်ထိန်းခွင့်

LO ခေါ်ပါပြီ...  LL.B ဘွဲ့ရသူ (၃၁-၁၂-၂၀၂၅) ရက်နေ့တွင် အသက် (၂၈) နှစ်ထက် မကျော်သူလျှောက်ထားနိုင်၊ LL.M ဘွဲ့ရသူ (၃၁-၁၂-၂၀၂...
06/01/2026

LO ခေါ်ပါပြီ... LL.B ဘွဲ့ရသူ (၃၁-၁၂-၂၀၂၅) ရက်နေ့တွင် အသက် (၂၈) နှစ်ထက် မကျော်သူလျှောက်ထားနိုင်၊ LL.M ဘွဲ့ရသူ (၃၁-၁၂-၂၀၂၅) ရက်နေ့တွင် အသက် (၃၀) နှစ် ထက် မကျော်လွန်သူများ လျှောက်ထားနိုင်ပါတယ်။ ရာထူးနေရာ (၅၀) အတွက် ခေါ်ယူတာဖြစ်ပါတယ်....

06/01/2026

International Law Knowledge Sharing

“နိုင်ငံကြီးတွေမှာ International Law ချိုးဖောက်ရင် ဘာဖြစ်လဲ?”


International Law အရ

နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံနယ်မြေထဲကို
➡️ စစ်တပ်နဲ့ ဝင်ရောက်တိုက်ခိုက်တာ
➡️ ခေါင်းဆောင်ကို ဖမ်းဆီးတာ
➡️ နယ်မြေသိမ်းတာ

ဒီလိုလုပ်ရင်
UN Charter Article 2(4) အရ
👉 International Law ချိုးဖောက်မှု (Illegal Use of Force) ဖြစ်နိုင်ပါတယ်။

⚠️ “နိုင်ငံကြီးမို့ လုပ်လို့ရတယ်” ဆိုတာ
ဥပဒေအရ မမှန်ပါ။

📌 International Law မှာ
• Consent (သဘောတူညီချက်)

• UN Security Council authorization

• Self-defense

ဒီ ၃ ခုမရှိရင်
➡️ စစ်ရေးအသုံးပြုခြင်းဟာ illegal ဖြစ်ပါတယ်။



🟦 Iraq & American , Panama & American case တွေကိုကြည့်မယ်ဆိုရင်

🔴 ၂၀၀၃ ခုနှစ်မှာ
အမေရိကန်နဲ့ မဟာမိတ်တွေက
➡️ Iraq ကို စစ်တပ်နဲ့ ဝင်တိုက်
➡️ UN approval မရှိ
➡️ WMD မတွေ့
UNSCC က ထူးခြားတဲ့ အရေးယူမှုမပြုလုပ်ခဲ့ပါ။
👉 UN Secretary-General ကိုယ်တိုင်
“Illegal under international law” လို့ ဆိုခဲ့ပါတယ်။



🔴 ၁၉၈၉ ခုနှစ်မှာ အမေရိကန်က
➡️ Panama ထဲ ဝင်
➡️ သမ္မတ Noriega ကို ဖမ်း
➡️ US သို့ ခေါ်ဆောင်

UNSCC က ထူးခြားတဲ့ အရေးယူမှုမပြုလုပ်ခဲ့ပါ။

👉 UN General Assembly
➡️ International law violation လို့ အတည်ပြု

“လူဆိုးကို ဖမ်းချင်တယ်” ဆိုတာ
အခြားနိုင်ငံထဲ စစ်တပ်နဲ့ ဝင်ဖမ်းဖို့
ဥပဒေအရ မလုံလောက်ပါ။

🔴 ၂၀၁၄ နဲ့ ၂၀၂၂ ခုနှစ်မှာ
Russia က Ukraine ရဲ့
➡️ Crimea သိမ်း
➡️ နောက်ပိုင်း စစ်တပ်ကြီးနဲ့ ဝင်တိုက်

👉 UN Charter ချိုးဖောက်
👉 Aggression (ကျူးကျော်စစ်) ဖြစ်တယ်ဆိုပြီး

Russia ကို

• Massive economic sanctions

• Diplomatic isolation

• ICC က Putin ကို arrest warrant ထုတ်တာတွေရှိခဲ့ပါတယ်

⚖️ International Law ဟာ အလုပ်မလုပ်တာ မဟုတ်ပါဘူး
👉 နိုင်ငံရေးအင်အားပေါ် မူတည်ပြီး
အလုပ်လုပ်ပုံက ကွာခြားတတ်ပါတယ်

🎯 ဥပဒေဆိုတာ နိုင်ငံအကြီးအသေးခွဲခြားမှုမရှိပါဘူး
ဒါပေမယ့် အရေးယူနိုင်မှုက နိုင်ငံရေးအင်အားနဲ့ ဆက်နွယ်နေတတ်ပါတယ်။

📩 Legal knowledge တေ့ဖတ်ချင်ရင်တော့ Page ကို follow လုပ်ထားပါ။












Address

Pyinmana

Alerts

Be the first to know and let us send you an email when Juris Online Legal Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share