ထွန်းလင်းနေ - ဥပဒေအကျိုးဆောင်

  • Home
  • Myanmar
  • Pyinmana
  • ထွန်းလင်းနေ - ဥပဒေအကျိုးဆောင်

ထွန်းလင်းနေ - ဥပဒေအကျိုးဆောင် ဥပဒေပညာသည် လူသားမျိုးနွယ်၏ အကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်သည့် မွန်မြတ်သော ပညာရပ်ဖြစ်သည်။

 #လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများမှတ်ပုံတင်လက်မှတ်ထုတ်ပေးရမည့်သူများစာရင်းထုတ်ပြန်ကြေညာခြင်း
03/11/2025

#လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများမှတ်ပုံတင်လက်မှတ်ထုတ်ပေးရမည့်သူများစာရင်းထုတ်ပြန်ကြေညာခြင်း

 #ကြော်ငြာ #သတင်းစာ #ရှေ့နေ #ကန့်ကွက်
28/10/2025

#ကြော်ငြာ
#သတင်းစာ
#ရှေ့နေ
#ကန့်ကွက်

23-9-2025 ရက်နေ့ရက်စွဲပါမြန်မာ့အလင်းသင်းစာကြော်ငြာ
23/09/2025

23-9-2025 ရက်နေ့ရက်စွဲပါ
မြန်မာ့အလင်းသင်းစာကြော်ငြာ

23-9-2025 ရက်နေ့ မြန်မာ့အလင်းသတင်းစာပါကြော်ငြာ
23/09/2025

23-9-2025 ရက်နေ့ မြန်မာ့အလင်းသတင်းစာပါကြော်ငြာ

17/03/2025

အိမ်၊ခြံ၊မြေ ရောင်းခြင်းဝယ်ခြင်းနှင့် ပတ်သက်၍ သိသင့်သိအပ်သော ဥပဒေများ

တရားဝင်ရောင်းဝယ်ခြင်းလုပ်ထုံး လုပ်နည်း

မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းတရပ်ရပ်ကို ရောင်းချရန် ပိုင်ရှင်နှင့် ဝယ်ယူသူတို့ သဘောတူကြပြီး ဖြစ်လျှင် ရှေးဦးစွာ ပထမအဆင့်အဖြစ် ပုဒ်မ ၅၄ ပြဌာန်းချက်ပါ ပဋိညာဉ် (Contract For Sale) ကို ပြုလုပ်ရမည်ဖြစ်သည်။ ယင်းပဋိညာဉ်မှာ အရောင်းအဝယ်အတည်မဖြစ်သေးဘဲ ရောင်းဝယ်ရန်ကတိ ပြုချက်၊ သို့မဟုတ် သဘောတူချက်အဆင့်သာဖြစ်၍ ယင်းစာချုပ်များကို မှတ်ပုံတင်ရန် မလိုပေ။ ၎င်းစာချုပ်တွင် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းကို အရောင်းအဝယ်ပြုုလုပ်မည်ဖြစ်၍ တဘက်နှင့် တဘက် ကတိမပျက်ကွက်နိုင်ကြရန် စရံငွေများပေး၍ ချုပ်ဆိုရသည့် စာချုပ်မျိုး ဖြစ်သည်။ ဤ ရောင်းရန် ပဋိညာဉ်ကို ချုပ်ဆိုရုံမျှနှင့် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းပေါ်မှ ဝယ်ယူသူသည် မည်သည့် အခွင့်အရေးကိုမျှ ရပိုင်ခွင့်မရှိ။

တရားဝင်ရောင်းဝယ်ခြင်း ပြုလုပ်သည့် အခါတွင်မူ ရောင်းမည့်သူကလည်း ရောင်းရန် သေချာပြီးဖြစ်၍ ဝယ်သူကလည်း အသေအချာ ဝယ်ယူတော့မည့် အဆင့်သို့ ရောက်ပြီဖြစ်သည်။ ဤအဆင့်တွင် (SALE DEED) ခေါ် အရောင်းစာချုပ်ကို ရေးသားချုပ်ဆိုရတော့မည် ဖြစ်သည်။ အရောင်းစာချုပ် ရေးသားရာတွင် ရောင်းချခြင်းထင်ရှားပေါ်လွင်အောင် ရေးသားရန် လိုပေသည်။ ၎င်းစာချုပ်တွင် ရောင်းချသည့် ပစ္စည်းအမျိုးအစားကို သိသာရှင်းလင်းအောင် ဖော်ပြရမည်ဖြစ်သည်။ ဥပမာ - အိမ် မြေ ဆိုပါက၊ ဦးပိုင်နံပါတ်၊ အကွက်နံပါတ်၊ ဘလောက်နံပါတ်၊ အိမ်နံပါတ်၊ အမည်၊ ရပ်ကွက်အမည်၊ တည်နေရာ အရှေ့-အနောက်-တောင်-မြောက် နယ်လေးရပ် သတ်မှတ် တည်ရှိချက်များ စသည်ဖြင့် ပါရမည်ဖြစ်ပြီး၊ လိုအပ်ပါက မြေပုံပါ ပူးတွဲပါရှိရမည်ဖြစ်သည်။ ၎င်းပြင် ထိုပစ္စည်းတန်ဘိုး သည် မှန်ကန်ရန်လိုအပ်ပေသည်။ မမှန်ကန်ပါက တံဆိပ်ခေါင်းခွန်အက်ဥပဒေအရ၊ အရေးယူခြင်း ခံရနိုင်ပေ သည်။ စာချုပ်ကို ရေးသားပြီးသောအခါတွင် ၎င်းပစ္စည်း၏ ကာလတန်ဘိုးကို မူတည်၍ တံဆိပ် ခေါင်းခွန် အက်ဥပဒေဇယား (၁) ပါ ပြဌာန်းချက်နှင့်အညီ၊ သတ်မှတ်သောတံဆိပ်ခေါင်းခွန် ထမ်းဆောင်ရသည်။ ယင်း စာချုပ်တွင် ဝယ်သူ/ရောင်းသူနှင့် အနည်းဆုံး သက်သေ (၂) ယောက်ပါ လက်မှတ်ရေးထိုးရမည်ဖြစ်သည်။ ပစ္စည်းလွှဲစာချုပ်နှင့်ပတ်သက်၍ တံဆိပ်ခေါင်းခွန်အက်ဥပဒေဇယား (၁) အပိုဒ် (၂၃) တွင် ကျသင့်သည့် တံဆိပ်ခွန်နှုန်းထားများကို ဖော်ပြထား၍ ၎င်းတံဆိပ်ခွန်နှုန်းထား အတိုင်း ပေးဆောင်ကြရမည်ဖြစ်သည်။

ဤသို့ အရောင်းအဝယ်ပြုလုပ်သည့်စာချုပ်ကို တံဆိပ်ခေါင်းခွန် ကပ်ပြီးဖြစ်လျှင် ပုဒ်မ ၅၄ ပါ ပြဌာန်းချက်အရ တန်ဘိုးငွေ ၁ဝဝ,ဝဝဝိ/- နှင့် အထက် မရွှေ့ပြောင်းနိုင် သည့်ပစ္စည်းဖြစ်လျှင် မှတ်ပုံတင်ရမည် ဖြစ်၍ မှတ်ပုံတင်ရုံးမှ အခါအားလျော်စွာ ပြဌာန်းညွှန်ကြားချက် များဖြင့် ရောင်းဝယ်ခြင်းဆိုင်ရာ စုံစမ်းမှုများကို ပြုလုပ်မည်ဖြစ်သည်။ ဤသို့ မှတ်ပုံတင်ထားပြီးသည် နှင့် တပြိုင်နက် သက်ဆိုင်ရာ မြေစာရင်းဌာန၌ ယင်းမှတ်ပုံတင်စာချုပ်ကိုပြ၍ ပိုင်ရှင်အမည်ဟောင်းမှ မိမိပိုင်ရှင်အမည်သစ်သို့ ပြောင်းရန် လျှောက်ထားရသည်။ ဤသို့ အမည်ပြောင်းပြီးဖြစ်လျှင် ၎င်းမရွှေ့ပြောင်းနိုင်သည့် ပစ္စည်းကို တရားဝင် လုံးဝပိုင်ဆိုင်သည့်အဆင့်သို့ ရောက်သွားမည် ဖြစ်သည်။

ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၅၄ ပါ ပြဌာန်းချက်တွင် -

(၁) ရောင်းခြင်း၊

(၂) ရောင်းချခြင်းကိုမည်သို့ပြုလုပ်ရခြင်း၊

(၃) ရောင်းရန်ပဋိညာဉ် ဟူ၍ သုံးပိုင်းခွဲ၍ ရှင်းလင်းထားပေသည်။

အထူးအရေးကြီးသည့် အချက်မှာ ပုဒ်မ ၅၄ ပြဌာန်းချက်နှင့်အညီ ဆောင်ရွက်မှ သာ စာချုပ်စာတမ်းသည် တရားဝင်ဖြစ်နိုင်သည်။ ရောင်းချရန် ပဋိညာဉ်တစ်ရပ်ကို စာချုပ်ခြင်းဖြင့် အပြီးအပိုင် ရောင်းချခြင်းမဟုတ်သေးဘဲ
အရောင်းစာချုပ်ကို အဘိုးစားနား သတ်မှတ်ပေးရန်၊ စည်းကမ်းချက်နှင့် ကျသင့်သော တံဆိပ်ခေါင်းများကပ်ပြီး မှတ်ပုံတင်မှသာ တရားဝင်အရောင်းစာချုပ် ဖြစ်၍ မိမိပိုင်အမည်သို့ ပြောင်းလဲခွင့်ရှိမည်ဖြစ်သည်ကို သတိပြုရန်လိုပေသည်။ ဤသို့ နည်းလမ်း တကျ မဟုတ်လျှင် စာချုပ်စာတမ်းများသည် ဟန်ဆောင်စာချုပ်များအဖြစ် ပြဿနာပေါ်စေနိုင်သည်။ ရောင်းရငွေအတွက် တစိတ်တဒေသပေးသွင်းခြင်း၊ စရံငွေပေးသွင်းခြင်း စသည်ဖြင့် ပြဿနာပေါ်စေသည့် ဖြစ်ရပ်များ လည်းရှိရာ အရောင်းစာချုပ်နှင့် ပတ်သက်၍ သတိပြုဆောင်ရွက်ရန် လိုပေသည်။

ကိုးကား - စာချုပ်စာတမ်းဥပဒေ
ဦးမောင်းမောင်လှသောင်း
(မန္တလေး)

ရေးသူ - စာချုပ်စာတမ်းရှေ့နေ
Crd-

PGDL သင်တန်း ဖွင့်မည်
28/02/2025

PGDL သင်တန်း ဖွင့်မည်

27/01/2025

အမွေဆက်ခံခွင့် လက်မှတ်စာ လျှောက်ထားမှုအကြောင်း
(Succession Certificate)
~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ဥပဒေပြဋ္ဌာန်းချက်"
==========

၁။ ကွယ်လွန်သူ၏ ပိုင်ဆိုင်ခွင့် title ကိုဆက်ခံသူသည် ကွယ်လွန်သူရရန်ရှိသော ကြွေးမြီနှင့် စပ်လျဉ်း၍ တရားရုံးတွင် တရားစွဲဆိုတောင်းခံပါက အမွေဆက်ခံခွင့်လက်မှတ်ကို တင်ပြရန် လိုအပ်ကြောင်း အမွေဆက်ခံရေးအက်ဥပဒေ ပုဒ်မ ၂၁၄ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။

ပုဒ်မ ၂၁၄ (၁) မည်သည့်တရားရုံးကမျှ-

က။ ကွယ်လွန်သူ၏ မြီစားအပေါ်တွင် ကွယ်လွန်သူ၏ ကြွေးမြီကို အမွေဆက်ခံခြင်းဖြင့်ရထိုက်သည်ဟု အရေး ဆိုသူအား ပေးဆပ်ရန်အတွက် ဒီကရီ ချမှတ်ခြင်းကိုသော်လည်းကောင်း

ခ။ ထိုသို့ရထိုက်သည်ဟု အရေးဆိုသူ၏ လျှောက်ထားချက်အရ ကွယ်လွန်သူ၏ ကြွေးမြီကို ပေးဆပ်ရန် အတွက် ဒီကရီ သို့မဟုတ် အမိန့်ကို အတည် ပြုရန် ဆက်လက်ဆောင်ရွက်ခြင်းကိုသော်လည်းကောင်း

အောက်ပါတို့ကို တင်ပြခြင်း မပြုနိုင်ပါက ဆောင်ရွက်ခွင့် မပြုရ-

၁။ ကွယ်လွန်သူ၏ အမွေကို စီမံခန့်ခွဲပြုကြောင်း ထင်ရှားစေသော သေတမ်းစာအတည်ပြုသည့် လက်မှတ် သို့မဟုတ် အမွေထိန်းစာကိုဖြစ်စေ

၂။ အမွေထိန်းအက်ဥပဒေ Administrator General Act ပုဒ် ၃၁ နှင့် ပုဒ်မ ၃၂ အရ ထုတ်ပေးထားသော ကွယ်လွန်သူရရန်ရှိသည့် ကြွေးမြီကို ဖော်ပြထားသည့် အမွေဆက်ခံခွင့် လက်မှတ်ကို ဖြစ်စေ။

၃။ မြန်မာနိုင်ငံတော်အတွင်း အကျိုးသက်ရောက်မှုရှိသော ကြွေးမြီကို ဖော်ပြထားသည့် အမွေဆက်ခံခွင့် လက် မှတ်ကို တင်ပြလာလျှင်ဖြစ်စေ

- ဆူလူခွန် (ခ) နီလာအန်နီ အရွယ်မရောက်သေးသူ ၏ အနီးစပ်ဆုံးမိတ်ဆွေ ဒေါက်တာဦးဘစန်း နှင့် ဒေါ်စိန်အမှု
( ၁၉၇၀ မတစ စာ-၄) တွင် အောက်ပါအတိုင်းဆုံးဖြတ်ချက်များကို မြင်တွေ့နိုင်ပါသည်။

- ဒီကရီအတည်ပြုနေစဉ် ဇနီးကွယ်လွန်သွားသဖြင့် သမီးက ဇာရီမှုကို ဆက်လက်ဆောင်ရွက်ရန် ခွင့် တောင်းရာ မူလရုံးက ဇာရီပြုလုပ်ရန် ခွင့်ပြုသော်လည်း အမွေဆက်ခံသည့် လက်မှတ် တင်ပြ နိုင်သည့် အခါ ဇာရီမှုကိုဆက်လက်ဆောင်ရွက်မည်ဟု မူလရုံးက အမိန့်ချမှတ်သည်။

- ထိုအမိန့်ကို နိုင်ငံတော်တရားရုံးချုပ်သို့ အယူခံဝင်ရောက်သောအခါ တရားသူကြီး တစ်ဦးက သမီးဖြစ် သူသည် မူလအမှုတွင် အမှုသည် တစ်ဦးအဖြစ် ဒိကရီ ရရှိခဲ့သော ကြောင့် သမီးဖြစ်သူ၏ လျှောက်ထား ချက် သည် အမွေဆက်ခံရေး ဥပဒေ ပုဒ်မ ၂၁၄ (၁)(ခ) တွင် အကျုံးမဝင်ဟု ကောက်ယူဆုံးဖြတ်သည်။

- အခြားတရားရုံး တရားသူကြီးတစ်ဦးက ကွယ်လွန်သူ
တီ အယ် (လ်) ပတ်နိတ်မှာ အူရီးယား ဟိန္ဒူမိ တက္ကရှာရာ ဥပဒေအရ ၏အမွေဆက်ခံခွင့်ကို စဉ်းစားရမည်ဖြစ်ကြောင်း အငြင်းမပွားရကား ထိုမိသား စု၏ ကွယ် လွန်သူတီ အယ် (လ်)ပတ်နိတ်မှာ ဖခင်ဖြစ်သည့်အတိုင်း ဟိန္ဒူ မိသားစု၏ မန်နေဂျာ (ကာ တာ) ဖြစ်သော ကြောင့်ကျန်ရစ်သည့် ပစ္စည်းများကို မိသားစုဝင်များဖြစ်သူ ဇနီးနှင့် သမီးဖြစ်သူ အယူခံ တရားလိုတို့သည် မိသားစုအရသာ ဆက်ခံခဲ့ကြောင်းကို အထက်ဖော်ပြပါ စီရင်ထုံးများအရ ယူဆရ မည်ဖြစ်သည်။ ထို့ပြင် ဟိန္ဒူမိသားစုများသည် ကွယ်လွန်သူ၏ ပစ္စည်းများကို မိသားစုအဖြစ် ဆက်ခံ သဖြင့် (By Survivorship) အမွေဆက်ခံသည့်လက်မှတ်ကို ရယူတောင်းဆိုခွင့်မရှိဟု ဆုံးဖြတ်ထား သောကြောင့် ယခုအမှုနှင့် ပတ်သတ်၍ အယူခံတရားလိုတို့သည် အမွေဆက်ခံရေးအက်ဥပဒေ ပုဒ်မ ၂၁၄အရ အမွေဆက်ခံသည့်လက်မှတ်တင်ပြမှသာ ဇာရီမှုကို ဆက်လက်ဆောင်ရွက်ရန် အမိန့်ချမှတ် ပေး မည်ဆိုသည်မှာ ဥပဒေအရ မှန်ကန်သည့်အမိန့်တစ်ရပ်ဖြစ်သည်ဟု မဆိုနိုင်ပေ။ အဘယ်ကြောင့် ဆိုသော် အယူခံတရားလိုသည် ကွယ်လွန်သူတီ၊ အယ် (လ် )ပတ်နိတ်၏ ပစ္စည်းများကို သီးခြား အမွေဆက်ခံသူမဟုတ်။ ဟိန္ဒူမိသားစုအဖြစ်သာ ဆက်ခံခြင်းဖြစ်သောကြောင့်အမွေဆက်ခံရေး ဥပဒေနှင့် လုံးဝအကျုံးဝင်ခြင်းရှိတော့မည်မဟုတ်ချေ။

ကြွေးမြီ
===
၂။ ပုဒ်မ ၂၁၄ ပုဒ်မခွဲ ၂ ပါ ပြဋ္ဌာန်းချက်အရဆိုပါလျှင် ကြွေးမြီ ဟူသော စကားရပ်တွင် စိုက်ပျိုးရေးအလို့ငှာ အသုံးပြုသော လယ်ယာမြေအတွက် ပေးရန်ရှိသော ငှားရမ်းခ အခွန် သို့မဟုတ် အကျိုးအမြတ်မှတပါး မည် သည့် ကြွေးမြီ (debt)ကို မဆို အကျိုးဝင်ကြောင်းဖော်ပြပါရှိသည်။

ကြွေးမြီ ဆိုရာတွင် တရားရုံးကချမှတ်သော ဒီကရီ သို့မဟုတ် အမိန့်အရ ပေးဆပ်ရမည့် ငွေလည်းပါဝင်သည်ဟု ဆုံးဖြတ်ထားပါသည်။
ဦထွန်တင် နှင့် ဒေါ်ကျင်မြိုင်
၁၉၇၆ ၊တရားမဒုတိယ အယူခံအမှတ် ၁၆၂။

အသက်အာမခံငွေသည် ကွယ်လွန်သူ၏ အမွေ တစ်စိတ်တစ်ဒေသဖြစ်၍ ကွယ်လွန်သူ၏ တရားဝင်ကိုယ်စား လှယ်များအား ပေးရန်ဖြစ်သောကြွေးမြီဖြစ်သည်။ အာမခံသူတို့သည် ကွယ်လွန်သူ၏ တရားဝင်ကိုယ်စား လှယ် များကိုသာပေးချေရန် တာဝန်ရှိသည်။
ဒေါ်ယု နှင့် ကနေဒါဆန်း အသက်အာမခံ ကုမ္ပဏီ
အေအိုင်အာ ၁၉၃၅ ၊ ရန်ကုန်၊ စာ ၂၁၁။

အမွေဆက်ခံရေးအက်ဥပဒေ ပုဒ်မ ၂၁၄ သည် ကြေွးမြီသက်သက်ကို ပေးဆပ်စေရန် စွဲဆိုသော အမှုများကိုသာ ရည်ညွှန်းသည်။ အပေါင်ပစ္စည်းကိုရောင်းချရန်စွဲဆိုသော အမှုများသည် ယင်းပုဒ်မနှင့် အကျုံးမဝင်။

သေတမ်းစာ မရေးဘဲ သေဆုံးသွားသော တရုတ်ဗုဒ္ဓဘာသာတစ်ဦး၏ အမွေစားအမွေခံတို့သည် အမွေထိန်းစာဖြစ်စေ အမွေ ဆက်ခံခွင့်လက်မှတ်ဖြစ်စေ တင်ပြခြင်းမပြုဘဲ အပေါင်မှုစွဲဆို၍ ပဏာမဒီကရီနှင့် ပစ္စည်းရောင်းချသည့် အပြီး သတ်ဒီကရီများရထိုင်သည်။ အပေါင်ခံသူတရားနိုင်က ပစ္စည်းရောင်းချပြီး မပြေကျန်ရှိသည့် ငွေအတွက် ပုဂ္ဂလိက ဒီကရီ (Personal Decree) တောင်းဆိုမှသာ အမွေထိန်းစာဖြစ်စေ အမွေဆက်ခံခွင့်လက်မှတ်ဖြစ်စေ တင်ပြရန် လိုအပ်လာသည်ဟု ဆုံးဖြတ်သည်။
မသီးနောင် နှင့် မတုတ်
၁၈၉၆၊ အထက်မြန်မာပြည်၊ စာ ၆၃၉။

အပေါင်ပစ္စည်းကို ရောင်းချရန် ဒီကရီသည် မြီစားအပေါ် လည်းကောင်း ကြွေးမြီကို ပေးဆပ်ရန် ချမှတ်သည့် ဒီကရီ မဟုတ် တရားနိုင်က မပြေကျန်ငွေအတွက် ပုဂ္ဂလိက ဒီကရီတောင်းဆိုမှသာ အမွေထိန်းစာဖြစ်စေ အမွေ ဆက်ခံခွင့်လက် မှတ်ဖြစ်စေ တင်ပြရန်လိုအပ်လာသည်ဟု ဆုံးဖြတ်သည်။
မသီးနောင် နှင့် မတုတ်
၁၈၉၆၊ အထက်မြန်မာပြည်၊ စာ ၆၃၉။

အပေါင်ပစ္စည်းကိုရောင်းချစေရန် ဒီကရီသည် မြီစားအပေါ် ၎င်း၏ကြွမြီကို ပေးဆပ်ရန် ချမှတ်သည့် ဒီကရီ မဟုတ် တရားနိုင်က မပြေကျန်ငွေအတွက် ပုဂ္ဂလိက ဒီရီတောင်းဆိုမှသာ အမွေခံခွင့်လက်မှတ်ဖြစ်စေ တင်ပြရန် လိုအပ်သည်ဟု ဆုံးဖြတ်သည်။
ဦးခင် နှင့် အပ်အက်စ်အေ အလောကပ္ပချစ်တီယား
၁၉၄၉၊ လွှတ်တော်၊ စာ ၃၆

အမွေဆက်ခံခွင့်လက်မှတ်တင်ပြရန်လိုအပ်သောအမှုများ
===============================

၃။ က။ စိုက်ပျိုးရေးအတွက် မဟုတ်သော မြေအတွက် ငှားရမ်းခ ရလိုမှု ။
(ဟာဂီချန်နှင့် တရားချန် အေအိုင် အာ ၁၉၄၃၊ ဖလ်(ရှ)ဝါ၊ စာ-၅၂)

ခ။ ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေ ပုဒ်မ ၈၈ အရ ရောင်းချပေးစေလိုမှု
(အိုင်စီ အတွဲ ၁၄ ၊ စာ - ၅၇၀)

ဂ။ ကြွေးမြီ သက်သက် ရလိုမှု
(ရန်ကုန်အတွဲ ၁၂၊ စာ - ၆၉၀)

ဃ။ တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ လျှောက်ထားရာတွင် ပစ္စည်းပြန်ပေးရန် လျှောက်ထားခြင်းမပြုဘဲ ငွေရရန်လျှောက်ထားမှု
(အေအိုင်အာ ၁၉၄၂ ၊ မဒရပ် ၊ စာ ၄၄၅)

အမွေဆက်ခံခွင့်လက်မှတ်တင်ပြရန် မလိုသောအမှုများ
===============================

၄။ က။ အပေါင်ရွှေးနှုတ်လိုမှု
(မသိန်းမေ နှင့် မသန်းမြ ၊ ဘီအယ်တီ ၊အတွဲ ၅ ၊စာ ၁၀၂)

ခ။ အလုပ်သမားလျော်ကြေးရလိုမှု
(နဘတ်ခန် နှင့် ရာဂျာခန် ၊၁၉၆၃ ၊မတစ ၊ စာ ၁၈၄)

ဂ။ ပေါ်လစီ၏ အကျိုးခံစားခွင့်ကို ဥပဒေနှင့်အညီ လွဲပြောင်းခြင်းခံရသူက အသက် အာမခံရလိုမှု
(မတင်လှ နှင့် ဒေါ်ဂေါက် ပါ ၃ ၊ ၁၉၆၉ ၊မတစ ၊စာ ၁၀၇)

အမွေဆက်ခံခွင့်လက်မှတ်စာ လျှောက်ထားရမည့်တရားရုံး
================================

၅။ အမွေဆက်ခံရေး အက်ဥပဒေ ပုဒ်မ ၃၇၁ ပါပြဋ္ဌာန်းချက်အရ ဆိုလျှင် ကွယ်လွန်သူသေဆုံးသည့် နေရာဒေသ ရှိ ခရိုင်တရားသူကြီးထံတွင်ဖြစ်စေ ကွယ်လွန်သူမှာ အတည်တကျနေထိုင်ခြင်း မရှိသူဖြစ်ရပါက သေဆုံးသူ၏ ပစ္စည်း တစ်စိတ်တစ်ဒေသရှိ ကျန်ရှိသော ဒေသရှိ ခရိုင်တရား သူကြီး အမွေဆက်ခံခွင့် လက်မှတ်စာ ထုတ်ပေး နိုင် သည်။

အမွေဆက်ခံခွင့် လက်မှတ်လျောက်ထားခွင့်ရှိသူ
=========================

၆။ ကွယ်လွန်သူ၏ အမွေစားအမွေခံသာလျင် အမွေဆက်ခံခွင့် လက်မှတ်ရလိုကြောင်း လျှောက်ထားရန်ဖြစ်ပါသည်။ အရွယ်မရောက် သေးသူက မိမိ၏ အနီစပ်ဆုံး မိတ်ဆွေမှတစ်ဆင့် လျောက်ထားချက်အရ အမွေထိန်း စာ ထုတ်ပေနိုင်သည။်
(စီဗ္ပီနယဂန်၏ အမွေကိစ္စ အေအိုင်အာ ၁၉၆၃ ရန်ကုန်စာ ၄၆၆)

အမွေဆက်ခံခွင့်လက်မှတ်ရလိုကြောင်း လျှောက်လွှာတွင် ဖော်ပြပါရှိရမည့်အချက်အလက်များ
=======================

၂။ အမွေဆက်ခံခွင့်လက်မှတ် ရလိုကြောင်းလျှောက်လွှာမှာ တရားရာမကျင့်ထုံးဥပဒေအပါ အဆိုလွှာနည်းတူ လျောက်ထားသူသည် လက်မှတ်ရေးထိုးရမည်အပြင် အချက်အလက်များများမှန်ကန်ကြောင်း ဝန်ခံချက်ပြု လုပ်ရမည်ဖြစ် သည်။ အောက်ပါ ဖော်ပြပါ အချက်များ ဖော်ပြပါရှိရမည်။ ပုဒ်မ ၃၇၂ ကိုကြည့်ပါ။

က။ ကွယ်လွန်သူ သေဆုံးသည့်အချိန်

ခ။ ကွယ်လွန်သူသေဆုံးချိန်တွင် နေထိုင်ရာအရပ် အကယ်၍ သေဆုံးရာ အရပ်တွင် နေထိုင်ခြင်းမရှိလျှင် ထိုသူ၏ ပစ္စည်းရှိရာဒေသရှိ စီရင်ပိုင်ခွင့်ရှိသော တရားရုံး

ဂ။ ကွယ်လွန်သူ၏ မိသားစု သို့မဟုတ် အခြားနီးစပ်ရာ ဆွေမျိုးများ အသီးသီးနေထိုင်ရာဒေသ

ဃ။ လျောက်ထားသူက မည်သည့် ရပိုင်ခွင်ရှိကြောင်း

င။ အမွေဆက်ခံရေး အက်ဥပဒေ ပုဒ်မ ၃၇၀ အရ လည်းကောင်း ယင်းဥပဒေ သို့မဟုတ် အခြားဥပဒေ တစ်ရပ် ရပ်ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်အရ လည်း ကောင်း လက်မှတ်ထုတ်ပေးခြင်းကိုဖြစ်စေ အကယ်၍ ထုတ်ပေးခဲ့လျှင် လက်မှတ်အတည်ဖြစ်မှုကိုဖြစ်စေ အဟန့်အတား တစ်စုံတစ်ရာမရှိကြောင်း

စ။ လက်မှတ်လျောက်ထားသည့် ကြွေးမြီနှင့် အာမခံ စာချုပ်များ၊
အမွေဆက်ခံခွင့်လက်မှတ်ရလိုကြောင်း လျှောက်လွှာပါ အချက်အလက်များ မမှန်ကန်ကြောင်း false သိလျက် နှင့်ဖြစ်စေ မှန်ကန်သည်ဟု မယုံကြည်ဘဲနှင့်ဖြစ်စေ ဖော်ပြပါ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉၃ ပါပြစ်မှုကို ကျုး လွန်ရာရောက်ပါမည်။ ပုဒ်မ ၃၇၂ ပုဒ်မခွဲ ၂ကို ကြည့်ပါ။

ကြွေးမြီတစ်ရပ်ရပ်အတွက် သို့မဟုတ် သေသူ၏ မြီရှင်၏ ကြွေးမြီ သို့မဟုတ် ယင်းကြွေးပြီး၏ အစိတ်အပိုင်း အတွက်လျောက်ထားနိုင်သည်။ ပုဒ်မ ၃၇၂ ပုဒ်မခွဲ ၃ ကိုကြည့်ပါ။

ဗုဒ္ဓဘာသာ ၊ ဟိန္ဒူ ၊ မဟာမေဒင၊် မြန်မာ သို့မဟုတ် အိန္ဒိယ ၊ ခရစ်ယာငန် လူမျိုးတို့အတွက် အက်ဥပဒေ ပုဒ် ၃၇၀ ပုဒ်မခွဲ ၁ အရ အမွေဆက်ခံရေး လက်မှတ်လျောက်ထားမှုအတွက် အဟန့်အတားမရှိစေရဟု ပြဋ္ဌာန်း ထား သည်။

အာမခံစာချုပ် Security ဆိုရာတွင် မည်သည့်စာချုပ်များပါဝင်ကြောင်းကို ပုဒ်မ ၃၇၀ ပုဒ်မခွဲ ၂ တွင် ပြဋ္ဌာန်း ထားပါသည်။

အမွေဆက်ခံခွင့် လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်းသည့်
လုပ်ထုံးလုပ်နည်းများ
(Procedure on application)
======================

စ။ ပုဒ်မ ၃၇၃ (၁) အရ တရားရုံးလျှောက်လွှာကိုလက်ခံရန် အကြောင်းရှိကြောင်း ကျေနပ်လက်ခံခွင့် လျှောက် လွှာကို ကြားနာရန် နေ့ရက်သတ်မှတ်၍ လျှောက်ထားသည့်အကြောင်းနှင့် ကြားနာရန်နေ့ရက်ကို နို့တစ်စာကို-

က။ တရားရုံးက လျှောက်လွှာအကြောင်းကို အထူးအကြောင်းကြားသင့်သည်ဟု ထင်မြင်သောသူ တစ်ဦးဦး အားချအပ်၍

ခ။ တရားရုံး၏ မြင်သာသောနေရပ်တွင်ကပ်ထားရမည့် အပြင် တရားရုံးချုပ်က ထိုကိစ္စအလို့ငှာ ပြုလုပ်သော နည်းဥပဒေများကို ထောက်ထား၍ တရားရုံးက သင့်သည်ထင်မြင်သည့်တိုင်းကြော်ငြာရမည်။

ထို့ပြင်သတ်မှတ်သည့်နေ့ရက်တွင်ဖြစ်စေ ။ ထို့နေ့ နောက်ပိုင်းတွင် စောနိုင်သမျှသော နေ့ရက်တွင်ဖြစ်စေ လက်မှတ်ရထိုက်ခွင့်ကို အကျဉ်းနည်းဖြင့်ဆုံးဖြတ်ရန် အလို့ငှာ ဆက်လက်ဆောင်ရွက်ရမည်။

၁။ တရားရုံးက လျှောက်ထားသူသည် အမွေဆက်ခံခွင့်လက်မှတ်ရထိုက်သည်ဟု ဆုံးဖြတ်လျှင် အမွေ ဆက်ခံ ခွင့် လက်မှတ်ကို လျှောက်ထားသူအားထုတ်ပေးရန် အမိန့်ချမှတ်ရမည်။

၂။ တရားသူကြီးသည် လျှောက်ထားသည့် လျှောက်လွှာတွင် အဆုံး အဖြတ်ပေးရန် သိမ်မွေ့၍ ခက်ခဲနက်နဲ သည် ဟု ထင်မြင်သော ဥပဒေ သို့မဟုတ် အကြောင်းခြင်းရာ ပြဿနာများများ ပေါ်ပေါက်စေကာမှု တွေ့ရှိစေ ကာမူ လျောက်ထားသူသည် အမြင်အားဖြင့် Prima – Facie လက်မှတ်ရထိုက်ခွင့်အရှိဆုံးဖြစ်သူကို လက်မှတ် ထုတ်ပေးနိုင်သည်။

၃။ လျှောက်ထားသူတစ်ဦးထက်ပိုမိုသည့်ကိစ္စတွင် ကွယ်လွန်သူ၏ အမွေတွင် အကျိုးသက်ဆိုင်ခွင့် ရှိဟန်တူ လျှင် တရားရုံးသည် သက်သေခံလက်မှတ်ကို မည်သူအားခွင့်ပြုသင့်သည်ကို ဆုံးဖြတ်ရာ လျှောက်ထားသူတို့၏ အကျိုးသက်ဆိုင်ခွင့် ပမာဏနှင့်အခြားသင်တော်သည့် အချက်များကို ထည့်သွင်းစဉ်းစားနိုင်သည်။

မှတ်ပုံတင်ခြင်း
=======

၉။ လျှောက်လွှာကို တရားမ အထွေထွေ လျှောက်လွှာ မှတ်ပုံတင်တွင် မှတ်ပုံတင်ရမည်။

နို့တစ္စာ
=====

၁၀။ ထုတ်ရမည့် နို့တစ်စာမှာ တရားမ မှတ်ပုံံအမှတ် ၁၄၁ ဖြစ်သည်။ အဆိုပါ နို့တစ်စာ ထုတ်ဆင့်ခြင်း ခံရသူ သည် ကွယ်လွန်သူနှင့် တိုက်ရိုက်ဆွေမျိုးတော် စပ်ခြင်းလည်းမရှိ။ မြီရှင်လည်း မဟုတ်စေကာမူ အမွေဆက်ခံခွင့် လက်မှတ်လျှောက်ထားခြင်းကို ကန့်ကွက်ရန် အခွင့်အရေးရှိသည်။
ဒေါ်အေးကြည် နှင့် ကွယ်လွန်သူ ဦးသာထွန်း၏ ပစ္စည်းများကိစ္စ ၁၉၆၇ ၊ မတစ ၊စာ ၂၂၀။

စုံစမ်းစစ်ဆေးမှု အတိုင်းအတာ
=================

၁၁။ အမွေဆက်ခံခွင့်လက်မှတ်ထုတ်ပေးရာတွင် အဓိကအဆုံးရမည်အချက်မှာ လျှောက်ထားသူသည် သေသူ ၏ ကြွေးမြီကို တောင်းခံသိမ်းဆည်းခွင့်ရှိသူ ဟုတ် မဟုတ် ဆိုခြင်းသာဖြစ်သည်။စုံစမ်းမှုပြု လုပ်ခြင်းမှာ အကျဉ်းနည်းအားဖြင့်သာ ဆောင်ရွက်ခြင်းဖြစ်ပြီး ရှုတ်ထွေးမည့် ဥပဒေအချက် အလက် များကို သုံးသပ်ရန်မဟုတ်ပေ။
၁၉၆၇ ၊မတစ ၊စာ ၂၂၀။

စုံးစမ်းမှုပြုလုပ်ခြင်းမှာ အကျဉ်းနည်းအားဖြင့်သား ဆောင်ရွက်ခြင်းဖြစ်ပြီးရှုတ်ထွေးမည့် ဥပဒေ အချက် အလက် များကို သုံးသပ်ရန် မဟုတ်ပေ။
ဒေါ်အုန်း နှင့် ဒေါ်အုန်းကျင် ၊၁၉၆၆ ၊ မတစ ၊စာ ၁၀၄။

အမွေဆက်ခံခွင့်လက်မှတ်ရခွင့် ရှိသူ
===================

၁၂။ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ အမွေဆက်ခံခွင့်လက်မှတ်ကို သမီးထက် မရီးက ရထိုက်သည် ။ ကိုအေး နှင့် မခင်စောဝင်း ၁၉၆၆ မတစ စာ ၁၃၅၀။

ထိုနည်းတူ ကွယ်လွန်သူ ဟိန္ဒူ၏ ဗုဒ္ဓဘာသာဝင်မယား
(မီးဆူးရီ ယား၏ အမွေကိစ္စ ၁၉၆၅ မတစ စာ ၃၁၀) ကွယ်လွန်သူ မဟာမေဒင်၏ ဗုဒ္ဓဘာသာဝင်မယားသည် (ဒေါ်စော နှင့် ကွယ်လွန်သူ အီးအပ်မက်ထွန်း ပစ္စည်းကိစ္စ ၁၉၆၆ ၊မတစ ၊စာ ၈၁ )
မိမိလင်ယောက်ျား၏ ကြွေးမြီများကို ကောက်ခံရန်အတွက် အမွေဆက်ခံခွင့်လက်မှတ်ရခွင့်ရှိသည်။

၁၃။မွေဆက်ခံရေး အက်ဥပဒေ ပုဒ်မ ၃၇၃ တွင် အပြိုင် အလျှောက်ထားသူတို့အား ပူးတွဲ၍ ထုတ်ပေးခြင်းမပြုရ ဟု ထားမြစ်ထားခြင်းမတွေ့ရှိရ။
တစ်ဦးထက်ပိုသူတို့အား အမွေဆက်ခံခွင့်လက်မှတ်ကိုပူးတွဲထုတ်ပေးခြင်းမှာ ဥပဒေနှင့် မညီဟု မဆိုနိုင် အပြိုင်လျှောက်ထားသူတို့အား ထိုသို့ ထုတ်ပေးရာတွင် ဆင်မပြေမှုရှိစေနိုင်သည်။ သို့ရာတွင် ပုဒ်မ ၃၇၃ (၄) သည်ပူးတွဲထုတ်ပေးခြင်းကို ပိတ်ပင်ခြင်းမပြု ။ ဒေါ်အုန်းဘွင့် နှင့် ဒေါ်စောမေ ၁၉၃၇ ရန်ကုန် စာ ၄၀၃။

ထိုသို့ပူးတွဲထုတ်ပေခြင်းသည် အက်ဥပဒေ၏ ရည်ရွယ်ချက်နှင့် တိတိကျကျ မညီကြောင်း အပြိုင်လျှောက်ထား သူတို့၏ အခွင့်အရေးကို တိတိကျကျ ဆုံးဖြတ်ပေးသင့်ကြောင်းဆုံးဖြတ်သည်။
မောင်ပုံ နှင့် မောင်စံအမှု
၁၈၉၇ -၀၁ ၊အထက်မြန်မာ အတွဲ ၂ ၊စာ ၅၆၃။

အမွေဆက်ခံခွင့်လက်မှတ်ထုတ်ပေးခြင်း
=====================

၁၄။ အမွေဆက်ခံခွင့်လက်မှတ်ကို တရားမပုံစံ ၁၄၃ အရ ထုတ်ပေးရသည်။

အမွေဆက်ခံခွင့် လက်မှတ်ကို တိုးချဲ့ထုတ်ပေးခြင်း
===========================

၁၅။ အမွေဆက်ခံခွင့်လက်မှတ်ရထားသူ၏ လျှောက်ထားချက်အရ ထုတ်ပေးသောလက်မှတ်တွင် ဖော်ပြထား ခြင်းမရှိ သည့် ကြွေးမြီ ဟုတ် မဟုတ် အာခံစာချုပ်အတွက် အမွေဆက်ခံခွင့်လက်မှတ်တိုးချဲ့ထုတ်ပေးနိုင်သည်။ ထိုသို့ ထုတ်ပေးသည့်အခါ အဆိုပါ ကြွေးမြီ သို့မဟုတ် အာမခံစာချုပ်ကို ယခင်လက်မှတ်ထုတ်ပေးစဉ်က ထုတ်ပေးသကဲ့သို့ အကျိုးသက်ရောက်မှုရှိသည်။
ပုဒ်မ ၃၇၆ ကိုကြည့်ပါ။

အမွေဆက်ခံခွင့်လက်မှတ်တွင် ဖော်ပြရမည့်ကိစ္စများ။
========================

၁၆။ အမွေဆက်ခံခွင့် လက်မှတ်ထုတ်ပေးရာတွက် လက်မှတ်ထုတ်ပေးရန် လျှောက်ထားသည့် လျှောက်လွှာ တွင် ဖော်ပြထားသော ကြွေမြီများနှင့် အာမခံစာချုပ်များကို ဖော်ပြရမည့်အပြင် လက်မှတ်ရသူအား-

က။ အတိုးနှင့်အမြတ် ဝေစုများ လက်ခံရယူရန် သို့မဟုတ်

ခ။ ညိုနှိုင်းရန် နှင့် လွှဲပြောင်းနိုင်ရန် သို့မဟုတ်

ဂ။ အတိုးနှင့် အမြတ်ဝေစုများ လက်ခံရယူရန်နှင့် ညှိနှိုင်းရန် နှင့် လွှဲပြောင်းနိုင်ရန် လုပ်ပိုင်ခွင့်များအပ်နှင်း နိုင်ပါသည်။
ပုဒ်မ ၃၇၄ ကိုကြည့်ပါ။

အာမခံတောင်းခံခြင်း
===========

၁၇။ အမွေဆက်ခံခွင့် လက်မှတ်ထုတ်ပေးရန် ရည်ရွယ်လျှင် ထိုသို့ ထုတ်မပေးမီ အမွေဆက်ခံခွင့်လက်မှတ် ထုတ်ပေးခြင်းခံရသူထံမှ ကွယ်လွန်သူ ရရှိသည် ကြွေးမြီနှင့်အာမခံစာချုပ်များကို ရထိုက်သူနစ်နာမှုမရှိစေရန် လိုအပ်သည့်ခံဝန်ချုပ် ချုပ်ဆိုနိုင်သည်။ သို့မဟုတ် လုံလောက်သည့် အာမခံတောင်းရမည်။
ပုဒ်မ ၃၇၅ ကိုကြည့်ပါ။

အာမခံ ခံဝန်ချုပ် ပုံစံမှာ တရားမ ပုံစံအမှတ် ၁၃၇ ဖြစ်သည် ။ ထိုခံဝန်အတွက် တံဆိပ်ခေါင်းခွန်ထမ်းဆောင် ရာတွင် တံဆိပ်ခေါင်းခွန် ဥပဒေကိုပြင်မှုအမှတ် ၇/ ၉၀ ပုဒ်မ ၅ အတိုင်း ထမ်းဆောင်ရမည်။

အမွေဆက်ခံခွင့်လက်မှတ်ကို တိုးချဲ့ပေးလျှင် အလားတူ ခံဝန်ချုပ်ချုပ် ဆိုစေနိုင်သည်။ သို့မဟုတ် အခြား အာမခံ တောင်းနိုင်သည်။
ပုဒ်မ ၃၇၆ ကိုကြည့်ပါ။

အမွေဆက်ခံခွင့်လက်မှတ်ကိုပြင်ဆင်ခြင်း
======================

၁၈။ လက်မှတ်ရသူက လျှောက်လွှာတွင်သွင်း၍ လုံလောက်သောအကြောင်းပြနိုင်လျှင် အမွေဆက်ခံခွင့်လက် မှတ် တွင် ဖော်ပြထာသည့်အာမခံစာချုပ်နှင့် စပ်လျဉ်း၍ လုပ်ပိုင်ခွင့်ကို ပြင်ဆင်ပေးနိုင်သည်။ လုပ်ပိုင်ခွင့်နှင့် အစားထိုးပေးနိုင်သည်။
ပုဒ်မ ၃၇၈ ကိုကြည့်ပါ။

( ဦးဗကြိုင် (B.A , B.L) ၊ အမွေဆက်ခံခွင့် လက်မှတ်စာ လျှောက်ထားမှုအကြောင်း ၊ စာ ၂၇)

Crd-

 #ခရစ်ယာန်ဘာသာဝင်များကွာရှင်းခြင်း **************************           ခရစ်ယာန်ဘာသာဝင်များသည် နှစ်ဦး သဘောတူကွာရှင်းခြင်...
19/01/2025

#ခရစ်ယာန်ဘာသာဝင်များကွာရှင်းခြင်း
**************************

ခရစ်ယာန်ဘာသာဝင်များသည် နှစ်ဦး သဘောတူကွာရှင်းခြင်း ပြုလုပ်ခွင့် မရှိပေ။ ခရစ်ယာန်ဘာသာဝင်များ အတွက်ကွာရှင်းပြတ်စဲလိုလျှင် မြန်မာနိုင်ငံ လင်မယားကွာရှင်းရေး ဥပဒေအရသာကွာရှင်းခွင့်ရခြင်းဖြစ်ပါသည်။
၁။ ထိမ်းမြားမှု ပယ်ဖျက်ခြင်း။
၂။ ထိမ်းမြားမှု ပျက်ပြယ်စေခြင်း။
၃။ တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်း။
- စသည့် အကြောင်းပြချက်များဖြင့်သာ ခရိုင်ရုံး ၊ တိုင်း ဒေသကြီးတရားလွှတ်တော်တို့တွင်သာ တရားစွဲဆိုရမည်ဖြစ်ပါသည်။

ထိမ်းမြားမှု ပယ်ဖျက်ခြင်းကိစ္စ -

အောက်ပါအကြောင်းပြချက်များဖြင့် ထိမ်းမြားမှုပယ်ဖျက်ပေးရန် ခရိုင်တရားမရုံး သို့မဟုတ် တိုင်းဒေသကြီးတရားလွှတ်တော်သို့လျှောက်ထားနိုင်သည်။
(၁) လင်ယောကျာ်းဖြစ်သူသည် ၄င်း၏ဇနီးသည် ထိမ်းမြားလက်ထပ်ပြီးနောက် တစ်ပါး ယောကျာ်းနှင့်ဖောက်ပြားကျူးလွန်ပါသည်ဟူသောအကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
(၂) ဇနီးဖြစ်သူသည် ၄င်း၏ယောကျာ်းသည် ထိမ်းမြားလက်ထပ်ပြီးနောက် ခရစ်ယာန် ဘာသာမှ အခြားဘာသာသို့ ကူးပြောင်းကိုးကွယ်သည့်ပြင် တခြားမိန်းမတစ်ဦးနှင့် ထိမ်းမြားမှု တစ်ရပ်ပြုလုပ်ခဲ့ပါသည်ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
(၃) သွေးနီးလွန်းသူနှင့်ဖောက်ပြန်ခြင်းအကြောင်းပြချက်ဖြင့်ဖြစ်စေ ၊
(၄) နောက်မယားယူခြင်းနှင့်ဖောက်ပြန်ခြင်း အကြောင်းပြချက်ဖြင့် ဖြစ်စေ၊
(၅) နောက်မိန်းမတစ်ဦးနှင့် ထိမ်းမြားခြင်းနှင့် ဖောက်ပြန်ခြင်းဖြင့် ဖြစ်စေ၊
(၆) မုဒိမ်းမှု၊ ယောက်ျားခြင်းမေထုန်မှီဝဲမှု၊ တိရစ္ဆာန်နှင့် မေထုန်မှီဝဲမှုကျူးလွန်ပါသည် ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ၊
(၇) မိန်းကလေးတစ်ဦးနှင့် ဖောက်ပြန်ခြင်း ၄င်းအပြင် ကွာရှင်းခွင့်ပြုနိုင်လောက်သော ရက်စက်မှုကျူးလွန်ခြင်းဟူသောအကြောင်းပြချက်ဖြင့် ဖြစ်စေ၊
(၈) မိန်းမတစ်ဦးနှင့်ဖောက်ပြန်ခြင်းအပြင် ၄င်းအား (၂) နှစ်နှင့်အထက် စွန့်ပစ်ထားခြင်း ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ၊ စသည့်အကြောင်းပြချက်များဖြင့်သာ ထိမ်းမြားမှု ပယ်ဖျက်ပေးရန်လျှောက်ထားနိုင်ပါသည်။

ထိမ်းမြားမှု ပျက်ပြယ်စေခြင်း -

အောက်ပါအကြောင်းများဖြင့် ထိမ်းမြားမှုပျက်ပြယ်ကြောင်း ကြေညာပေးရန် ခရိုင်တရားမ ရုံး (သို့မဟုတ်) တရားလွှတ်တော်သို့ တင်သွင်းနိုင်သည်။
(၁) တရားပြိုင်သည် ထိမ်းမြားစဉ်က ပန်းသေရောဂါရှိနေကြောင်းနှင့် တရားစွဲဆိုသည့် အချိန်တွင် ပန်းသေရောဂါရှိနေကြောင်း ၊
(၂) ထိမ်းမြားကြသူတို့သည် ထိမ်းမြားခြင်းမပြုရန် တားမြစ်ထားသည့် သွေးနီးတော်စပ် သူများဖြစ်ကြောင်း၊
(၃) ထိမ်းမြားသူတစ်ဦးဦးသည် ထိမ်းမြားစဉ်က စိတ်မနှံံ့ သူဖြစ်ကြောင်း၊
(၄) ထိမ်းမြားသူ၏ ယခင်အိမ်ထောင်သည် ထိမ်းမြားစဉ်အသက်ရှင်လျက်ရှိကြောင်း နှင့် ယခင်အိမ်ထောင်ရေးမှာ တည်မြဲနေလျက်ရှိကြောင်း၊
- စသည့်အကြောင်းပြချက်များဖြင့် တင်သွင်းနိုင်သည်။
ခရိုင်တရားမတရားသူကြီးက ထိမ်းမြားမှုပျက်ပြယ်ကြောင်း ချမှတ်သည့် ဒီကရီသည် တရားလွှတ်တော်၏ အတည်ပြုချက်ရရန် လိုအပ်ပါသည်။

တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်း -

အောက်ပါအကြောင်းများဖြင့် တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်းကို ခရိုင်တရားမရုံး (သို့မဟုတ်) တရားလွှတ်တော်သို့ တင်သွင်းနိုင်သည်။
(၁) လင်ယောကျာ်း(သို့) မယားဖြစ်သူသည် မိမိအိမ်ထောင်ဖက်မှ တစ်ပါးသူနှင့်ဖောက်ပြန်ခြင်း၊
(၂) ရက်စက်မှုကျူးလွန်ခြင်း
(၃) လုံလောက်သောအကြောင်းတစ်စုံတစ်ရာမရှိဘဲ (၂) နှစ်သို့မဟုတ် (၂) နှစ်အထက် စွန့်ပစ်ထားခဲ့ခြင်းဟူသော အကြောင်းပြချက်ဖြင့်ဖြစ်စေ၊ တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်း ကိုလျှောက်ထားနိုင်ပါသည်။

Crd LL.B Group Myanmar Law Firm

၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄)ရက်၊ လွတ်လပ်ရေးနေ့အမိန့်အမှတ် (၁/၂၀၂၅)၊ (၂/၂၀၂၅)၊ (၃/၂၀၂၅)ဖြင့်  #ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမ...
04/01/2025

၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄)ရက်၊ လွတ်လပ်ရေးနေ့
အမိန့်အမှတ် (၁/၂၀၂၅)၊ (၂/၂၀၂၅)၊ (၃/၂၀၂၅)
ဖြင့် #ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့် ထုတ်ပြန်

1-1-2025 ရက်စွဲပါ #ဆိုက်ဘာလုံခြုံရေးဥပဒေ
01/01/2025

1-1-2025 ရက်စွဲပါ
#ဆိုက်ဘာလုံခြုံရေးဥပဒေ

Address

Pyinmana

Alerts

Be the first to know and let us send you an email when ထွန်းလင်းနေ - ဥပဒေအကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ထွန်းလင်းနေ - ဥပဒေအကျိုးဆောင်:

Share

Category