Shwe Myanmar Property Real Estate

Shwe Myanmar Property Real Estate Real Estate Service

 #ဗဟန်းမြို့နယ် ရဲ့အချက်အချာကျဆုံးနေရာမှာ ရုံးခန်းဖွင့်ဖို့ နေရာကောင်း ရှာနေပါသလား?အဆင့်မြင့် လူနေထိုင်ရန် သို့မဟုတ် ရုံ...
20/02/2026

#ဗဟန်းမြို့နယ် ရဲ့အချက်အချာကျဆုံးနေရာမှာ ရုံးခန်းဖွင့်ဖို့ နေရာကောင်း ရှာနေပါသလား?

အဆင့်မြင့် လူနေထိုင်ရန် သို့မဟုတ် ရုံးခန်းဖွင့်ရန် အထူးသင့်တော်သော (70' x 70') 2RC လုံးချင်းအိမ်ငှားဖို့ရှိပါတယ်။

💯Location: ဗဟန်း၊ အင်းယားမြိုင် လမ်းသွယ် (သွားလာရလွယ်ကူပြီး တိတ်ဆိတ်အေးချမ်းသောပတ်ဝန်းကျင်)
• Space: (70 x 70)’
• Master Bedroom (1) ခန်းအပြင် Single Bedrooms (5) ခန်းအထိ ပါဝင်ပါတယ်။
• AirCon များ အပြည့်အစုံပါဝင်ခြင်း။
• မီးပျက်ရင် စိတ်မပူရအောင် Generator တပ်ဆင်ထားခြင်း။
• ဧည့်ခန်း၊ မီးဖိုချောင်နှင့် ထမင်းစားခန်းများ သီးသန့်ကျယ်ကျယ်ဝန်းဝန်းရှိခြင်း။
• Maid room သီးသန့်ပါဝင်ခြင်း။
• ကားပါကင် အတွက် နေရာကျယ်ကျယ်ဝန်းဝန်းရှိခြင်း

💰 ငှားရမ်းခ: ၆၅ သိန်း (ညှိနှိုင်း)✨
______________________________________
𝙏𝙤 𝙞𝙣𝙦𝙪𝙞𝙧𝙚 𝙛𝙪𝙧𝙩𝙝𝙚𝙧; #𝙍𝙚𝙖𝙡𝙀𝙨𝙩𝙖𝙩𝙚𝙎𝙚𝙧𝙫𝙞𝙘𝙚:

📲 09 44 999 9909
📲 09 790 459 819
(Viber, WhatsApp, Telegram )
📧 Email: [email protected]

 #စီးပွားရေးလုပ်ငန်းရှင်များအတွက်…ရန်ကုန်မြို့ရဲ့ အချက်အချာကျသော သံလွင်လမ်းမတန်းပေါ်ရှိ လူနေအိမ်နှင့် ရုံးခန်းဖွင့်ရန် အ...
18/02/2026

#စီးပွားရေးလုပ်ငန်းရှင်များအတွက်…
ရန်ကုန်မြို့ရဲ့ အချက်အချာကျသော သံလွင်လမ်းမတန်းပေါ်ရှိ လူနေအိမ်နှင့် ရုံးခန်းဖွင့်ရန် အကောင်းဆုံးနေရာမှ လုံးချင်းအိမ် ငှားရန်ရှိသည်။

သံလွင်လမ်းမတန်းရဲ့ မျက်နှာစာအကျယ် (၄၅) ပေရှိပြီး အဆင့်မြင့်ပြင်ဆင်ထားတဲ့ RC (၃) ထပ် လုံးချင်းအိမ် …လူနေထိုင်ရန်သာမက ကုမ္ပဏီရုံးခန်းဖွင့်ရန်အတွက်ပါ အထူးသင့်လျော်တဲ့ နေရာကောင်းတစ်ခုဖြစ်ပါတယ်။

• အကျယ်အဝန်း: 45' x 135' (မြေကျယ်)
• RC (၃) ထပ် တစ်လုံး + RC (၂) ထပ် တစ်လုံး + အလုပ်သမားတန်းလျား
• Master Bedroom (၅) ခန်း၊ Single Bedroom (၂) ခန်း
• Drawing Room (၃) ခန်း၊ မီးဖိုချောင် (၂) ခု၊ AC အပြည့်အစုံ နှင့် ထိုင်ဝမ်မီးစက်အကြီး (၁) လုံး ပါဝင်ပါသည်။

💰အငှါးစျေးနှုန်း: USD 4000 (ညှိနှိုင်း)✨

လမ်းမတန်းလည်းဖြစ်ရမယ်၊ ခြံဝင်းကလည်း ကျယ်ကျယ်ဝန်းဝန်းရှိရမယ်ဆိုသူတွေအတွက် ..၊
(၃) ထပ်ဆောင်အပြင် (၂) ထပ်ဆောင် တစ်လုံးပါ ပါဝင်တာကြောင့် ရုံးခန်းနဲ့ နေအိမ်ကို တစ်နေရာတည်းမှာ ခွဲခြားအသုံးပြုလို့လည်း အဆင်ပြေပါတယ်။

________________________________
𝙏𝙤 𝙞𝙣𝙦𝙪𝙞𝙧𝙚 𝙛𝙪𝙧𝙩𝙝𝙚𝙧; #𝙍𝙚𝙖𝙡𝙀𝙨𝙩𝙖𝙩𝙚𝙎𝙚𝙧𝙫𝙞𝙘𝙚:

📲 𝟎𝟗 𝟒𝟒 𝟗𝟗𝟗𝟗𝟗𝟎𝟗
📲 𝟎𝟗 𝟕𝟗𝟎 𝟒𝟓𝟗𝟖𝟏𝟗
(Viber, WhatsApp, Telegram )
📧 Email: [email protected]

🏠 မြောက်ဒဂုံ (၄၂) ရပ်ကွက်က  အသင့်နေ လုံးချင်းတိုက်သန့်သန့်လေး ငှားမည် ✨လမ်းကျယ် လမ်းသန့် ပတ်ဝန်းကျင်သန့် _1RC (40x60)'လု...
29/01/2026

🏠 မြောက်ဒဂုံ (၄၂) ရပ်ကွက်က အသင့်နေ လုံးချင်းတိုက်သန့်သန့်လေး ငှားမည် ✨

လမ်းကျယ် လမ်းသန့် ပတ်ဝန်းကျင်သန့် _1RC (40x60)'လုံးချင်းတိုက်အိမ်သန့်သန့်လေး
______________________________________
𝐑𝐞𝐧𝐭𝐚𝐥 𝐏𝐫𝐢𝐜𝐞.. 18 𝐥𝐚𝐤𝐡𝐬
______________________________________
(𝟒𝟎𝐱𝟔𝟎)'
𝟏 𝐑𝐂
𝟮 𝗠𝗮𝘀𝘁𝗲𝗿𝗯𝗲𝗱𝗿𝗼𝗼𝗺
𝟭 𝗦𝗶𝗻𝗴𝗹𝗲𝗕𝗲𝗱𝗿𝗼𝗼𝗺
𝟭 𝗠𝗮𝗶𝗱𝗿𝗼𝗼𝗺 𝘄𝗶𝘁𝗵 𝗕𝗮𝘁𝗵𝗿𝗼𝗼𝗺 𝗔𝘁𝘁𝗮𝗰𝗵𝗲𝗱
𝗙𝘂𝗹𝗹𝘆 𝗙𝘂𝗿𝗻𝗶𝘀𝗵𝗲𝗱 & 𝗙𝘂𝗹𝗹𝘆 𝗥𝗲𝗻𝗼𝘃𝗮𝘁𝗲𝗱
𝗜𝘁'𝘀 𝗮𝗹𝗿𝗲𝗮𝗱𝘆 𝗽𝗿𝗲𝗽𝗮𝗿𝗲𝗱, 𝘀𝗼 𝗷𝘂𝘀𝘁 𝗯𝗲 𝗿𝗲𝗮𝗱𝘆 😍
______________________________________
𝙏𝙤 𝙞𝙣𝙦𝙪𝙞𝙧𝙚 𝙛𝙪𝙧𝙩𝙝𝙚𝙧; #𝙍𝙚𝙖𝙡𝙀𝙨𝙩𝙖𝙩𝙚𝙎𝙚𝙧𝙫𝙞𝙘𝙚:

📲 𝟎𝟗 𝟒𝟒 𝟗𝟗𝟗𝟗𝟗𝟎𝟗
📲 𝟎𝟗 𝟕𝟗𝟎 𝟒𝟓𝟗𝟖𝟏𝟗
(viber ,WhatsApp,Telegram)
Email: [email protected]

#မြောက်ဒဂုံအိမ်ငှား #လုံးချင်းအိမ်ငှား #အသင့်နေအိမ်

𝐑𝐨𝐲𝐚𝐥 𝐌𝐠 𝐁𝐚𝐦𝐚𝐫 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐨𝐧𝐝𝐨 𝐅𝐨𝐫 𝐑𝐞𝐧𝐭*လှိုင်မြို့နယ် ဓမ္မာရုံလမ်းနှင့် ပြည်လမ်းထောင့် … Near ;Bus Stop, Bank , Market Pla...
29/01/2026

𝐑𝐨𝐲𝐚𝐥 𝐌𝐠 𝐁𝐚𝐦𝐚𝐫 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐨𝐧𝐝𝐨 𝐅𝐨𝐫 𝐑𝐞𝐧𝐭*
လှိုင်မြို့နယ် ဓမ္မာရုံလမ်းနှင့် ပြည်လမ်းထောင့် …

Near ;Bus Stop, Bank , Market Place Supermarket , Lotte Hotel , Inya lake…
——————————————————————
✨Rental price : 38 lakh (Negotiable)
——————————————————————
Room Size: 1890 sqft (City View)
2-Master Bedroom
1-Bedroom
𝗙𝘂𝗹𝗹𝘆 𝗙𝘂𝗿𝗻𝗶𝘀𝗵𝗲𝗱 & 𝗙𝘂𝗹𝗹𝘆 𝗥𝗲𝗻𝗼𝘃𝗮𝘁𝗲𝗱
𝗜𝘁'𝘀 𝗮𝗹𝗿𝗲𝗮𝗱𝘆 𝗽𝗿𝗲𝗽𝗮𝗿𝗲𝗱, 𝘀𝗼 𝗷𝘂𝘀𝘁 𝗯𝗲 𝗿𝗲𝗮𝗱𝘆 😍

💯Condominium Facilities;
Swimming Pools
GYM
Children playground
Beauty Spa
Internet Cafeteria
Home Theatre
5 Movies & Sky Net System
24 hours Lift/ Security & CCTV System
Open terrace green area directed with skylights☀️

______________________________________
𝙏𝙤 𝙞𝙣𝙦𝙪𝙞𝙧𝙚 𝙛𝙪𝙧𝙩𝙝𝙚𝙧; #𝙍𝙚𝙖𝙡𝙀𝙨𝙩𝙖𝙩𝙚𝙎𝙚𝙧𝙫𝙞𝙘𝙚:

📲 𝟎𝟗 𝟒𝟒 𝟗𝟗𝟗𝟗𝟗𝟎𝟗
📲 𝟎𝟗 𝟕𝟗𝟎 𝟒𝟓𝟗𝟖𝟏𝟗
(viber ,WhatsApp,Telegram)
Email: [email protected]



🏠 မရမ်းကုန်းမြို့နယ် (၈ မိုင်) ပြည်လမ်းမအနီး လုံးချင်းအိမ် အမြန်ငှားမည်။💯 Ocean Super Center အနီး၊ ပြည်လမ်းမနှင့် နီးကပ်...
14/01/2026

🏠 မရမ်းကုန်းမြို့နယ် (၈ မိုင်) ပြည်လမ်းမအနီး လုံးချင်းအိမ် အမြန်ငှားမည်။

💯 Ocean Super Center အနီး၊ ပြည်လမ်းမနှင့် နီးကပ်သောနေရာတွင် တည်ရှိသဖြင့် စီးပွါးရေးလုပ်ငန်းအတွက်အသုံးပြုရန် / ရုံးခန်းဖွင့်ရန် ..အထူးသင့်တော်သော နေရာကောင်း လုံးချင်းအိမ်ဖြစ်ပါသည်။

✨ Property Details:
• Land Size: ( 80’ x 300’ )

• Building: 2-RC (နှစ်ထပ်တိုက်)

• Room Layout: 6 Master Bedrooms, Living Room, Kitchen

• Condition: အဆင့်မြင့်ပြင်ဆင်ပြီး (Already prepared for move-in)

• Parking: ခြံဝန်းကျယ်ဝန်းသဖြင့် ကားအစီးရေများစွာ စိတ်ကြိုက်ရပ်နားနိုင်ပါသည်။

💰 Rental Price: $8,000 / Month (Negotiable)
(မြန်မာငွေဖြင့် ပေးချေလိုပါက နေ့စဉ်ပေါက်စျေးဖြင့် ညှိနှိုင်းနိုင်ပါသည်။)
———————————————————————

𝙏𝙤 𝙞𝙣𝙦𝙪𝙞𝙧𝙚 𝙛𝙪𝙧𝙩𝙝𝙚𝙧; #𝙍𝙚𝙖𝙡𝙀𝙨𝙩𝙖𝙩𝙚𝙎𝙚𝙧𝙫𝙞𝙘𝙚:

📲 𝟎𝟗 𝟒𝟒 𝟗𝟗𝟗𝟗𝟗𝟎𝟗
📲 𝟎𝟗 𝟕𝟗𝟎 𝟒𝟓𝟗𝟖𝟏𝟗
(viber ,WhatsApp,Telegram)
📧 Email: [email protected]

📍 Location: #မရမ်းကုန်းမြို့နယ်၊ (၈) မိုင်၊ #ပြည်လမ်းမအနီး

ရန်ကုန်အင်းစိန်လမ်းမကြီး - သံလမ်း တည့်ပေါက်မယ်ဇီကုန်းလမ်းကျယ်ပေါ် Condo အသစ်ရောင်းရန်ရှိ။_______________________________...
07/01/2026

ရန်ကုန်အင်းစိန်လမ်းမကြီး - သံလမ်း တည့်ပေါက်
မယ်ဇီကုန်းလမ်းကျယ်ပေါ် Condo အသစ်ရောင်းရန်ရှိ။
___________________________________
#အရောင်းစျေးနှုန်း ၄၅၀၀ သိန်း ညှိနှိုင်း
____________________________________
ဗဟိုလမ်း၊ သုခလမ်း၊ ကမာရွတ်ဘူတာရုံလမ်း၊ မယ်ဇီကုန်းလမ်း -(လှသီရိ Condo အသစ် )ရောင်းမည်။

Room Size :1330 sqft
2nd Floor Room 2C
1-Master Bedroom
2-Single Bedroom
4-Unit Air Mattress
(ပါကေးခင်းပြီး ၊ သံပန်း ပတ်လည် တတ်ပြီး ၊လိုက်ကာ ပတ်လည် တတ်ပြီး ၊Main door အဝင်ဝ ဖိနပ်ချွတ် ၄ပေလောက်ရှိ ၊Steel ဘာဂျာ တပ်ဆင်ထားပါသည်။)
“Car parking တစ်စီးစာ အပိုင်”
“ဓာတ်လှေကား ၂စင်း ပါ”
***BCC မကျသေး(သိန်း၁၀၀ကျန်)***
Developer မှ တိုက်ရိုက် ဝယ်ထားသည်။လက်ရှိ နေထိုင်လို့ရပါသည်။

--------------------------------------------
𝙏𝙤 𝙞𝙣𝙦𝙪𝙞𝙧𝙚 𝙛𝙪𝙧𝙩𝙝𝙚𝙧; #𝙍𝙚𝙖𝙡𝙀𝙨𝙩𝙖𝙩𝙚𝙎𝙚𝙧𝙫𝙞𝙘𝙚:

📲 𝟎𝟗 𝟒𝟒 𝟗𝟗𝟗𝟗𝟗𝟎𝟗
📲 𝟎𝟗 𝟕𝟗𝟎 𝟒𝟓𝟗𝟖𝟏𝟗
(viber ,WhatsApp,Telegram)
Email: [email protected]

“တိုက်ခန်းဝယ်လျှင် ပိုင်ဆိုင်မှုခိုင်မာစေရန်ဘယ်လိုလုပ်ရမလဲဟု မေးမြန်းသူတို့အတွက်”သိမှတ်ဖွယ်ရာတို့ကို ဖော်ပြပေးလိုက်ပါသည်...
05/01/2026

“တိုက်ခန်းဝယ်လျှင် ပိုင်ဆိုင်မှုခိုင်မာစေရန်ဘယ်လိုလုပ်ရမလဲဟု မေးမြန်းသူတို့အတွက်”
သိမှတ်ဖွယ်ရာတို့ကို ဖော်ပြပေးလိုက်ပါသည်။
____________________________________________

* အပျောက်တိုက်ခန်းဝယ်ယူနည်း *

- ပိုင်ဆိုင်မှုသေချစေရန် အတွက် တိုက်သစ်ဆိုက ဘီစီစီ လူနေထိုင်ခွင့် ပြနိုင်မှ တိုက်ခန်းဝယ်ယူရန် အတွက် စရန်ငွေပေးချေပါ။

- စရန်ပေးပြီးလျှင် ချက်ခြင်း အဆိုပါတိုက်ခန်းကို ဝယ်ယူမည်ဖြစ်၍ ကန့်ကွက်ရန် ရှိ မရှိ သတင်းစာတွင် ပွင့်လင်းမြင်သာစွာ ကြေညာပါ။

- ငွေအပြေချေချိန်တွင် တိုက်ခန်းနှင့် အတူ မြေရှင်၏ လက်မှတ်ကိုရဖို့လည်း အရေးကြီးပါသည်။

- တိုက်အဟောင်းမှ တိုက်ခန်းကို ဝယ်ယူခြင်းဖြစ်ပါက ဝယ်ယူသော တိုက်ခန်းနှင့် မြေရှင်၏ လက်မှတ်ရလျှင် လုံလောက်ပါသည်။

- မြေရှင်၏ လက်မှတ်ကို တောင်းရခြင်း အကြောင်းမှာ “ အပျောက်တိုက်ခန်းပိုင်ရှင်သည် ဆောက်လုပ်ထားသော အဆောက် အအုံရှိ တိုက်ခန်းများအပါအဝင် ဥပစာကို အကန့်အသတ်မရှိ လက်ဝယ်ထားပိုင်ခွင့်၊ လွှဲပြောင်းပိုင်ခွင့် များရှိ သော အိမ်ငှားစားသူ ပိုင်ရှင်တစ်ဦးဖြစ်သောကြောင့် ပင်ဖြစ်သည်။
________________________________________________

* တိုက်ခန်း အမျိုးအစားများ *

တိုက်ခန်းအမျိုးအစား အဓိကအားဖြင့် ပုဂ္ဂလိကပိုင် နှင့် ပြည်သူပိုင်/ အစိုးရပိုင်ဟူ၍ အဓိကနှစ်မျိုးနှစ်စားရှိသည်ဟုဆိုရပါမည်။
ပုဂ္ဂလိကပိုင် အမျိုးအစားကို ထပ်မံခွဲခြားမည်ဆိုပါက အောက်ပါအတိုင်းအမျိုးအစား(၄)မျိုးရှိပါသည်။

(၁) ပုဂ္ဂလိကပိုင်တိုက်ခန်းများ
ပုဂ္ဂလိကပိုင်မြေပေါ်တွင် ပုဂ္ဂလိကပိုင်ငွေဖြင့် ဆောက်လုပ်ထားသော အခန်းအမျိုးအစား၊ ကန်ထရိုက်တိုက်ခန်းများ နှင့် ပုဂ္ဂလိကတိုက်ပိုင်ရှင်အား အိမ်လခပေးရသော အခန်းများ ဖြစ်ကြပါသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန( ယခင်အိုးအိမ်ဦးစီးဌာန၊ စည်ပင်သာယာမှ ပုဂ္ဂလိကသို့ အပြီးအပိုင်ရောင်းချထား သော တိုက်ခန်းတို့သည် ပုဂ္ဂလိက တိုက်ခန်း အမျိုးအစားတွင် ပါဝင်ကြပါသည်။ အထက်ဖော်ပြပါဌာနတို့မှ ရောင်းချလိုက်သော တိုက်ခန်းတို့နှင့်ပတ်သက်၍ အိမ်လခကောက်ခံခြင်းမပြုဘဲ၊ ဝယ်ယူသော ပုဂ္ဂလိကပိုင်ရှင်အား ပိုင်ဆိုင်မှုအပြည့်အဝ လွှဲပြောင်းပေးအပ်ထားပါသည်။

(၂) ပြည်သူပိုင်မှ ပြန်ပေးသော အခန်း
ယခင် တော်လှန်ရေးကောင်စီလက်ထက် ( ဦးနေဝင်းခေတ်) အခါမူဝါဒအရ စီးပွားရေးလုပ်ငန်းကြီးများ၊ ကုမ္ပဏီများအား ပြည်သူပိုင်အဖြစ်သိမ်းဆည်းသော အခါတွင် ၄င်းသိမ်းဆည်းသော စီးပွားရေးလုပ်ငန်းတို့နှင့်ဆက်စပ်သော အခန်းများကိုလည်း ပြည်သူပိုင်သိမ်းယူခြင်းပြုခဲ့သည်။ နောက်ခေတ်ကာလရွေ့လျောလာသော အခါတွင် ပြည်သူပိုင်အဖြစ်သိမ်းဆည်းထားသော အခန်းများ၊ အဆောက် အအုံများကို မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်ခဲ့သည်။ ထိုသို့မူလပိုင်ရှင်များထံသို့ ပေးအပ်ခဲ့ သော တိုက်ခန်းမျိုးကို ပြည်သူပိုင်မှ ပြန်ပေးသော တိုက်ခန်း အမျိုးအစားဟု ဆိုရပါမည်။

(၃) စည်ပင်သာယာရေးကော်မတီတို့မှ ထိန်းသိမ်းထားသော အခန်းများ
ပုဂ္ဂလိကတိုက်ခန်းပိုင်ရှင်တို့သည် စည်ပင်သာယာရေးကော်မတီသို့ အခွန်အခကြေးငွေအရပ်ရပ်ကို ပေးဆပ်ရန်ရှိရာမှ တိုက်ခန်းပိုင်ရှင်များက အခွန်အခကြွေးကျန်များကို မဆပ်နိုင်သောကြောင့် စည်ပင်သာယာမှ အဆိုပါ အကြွေးကျန်များရှိ သော အခန်းများကို ထိန်းသိမ်းထား ခြင်းမျိုးဖြစ်သည်။ ( တိုက်ပိုင်ရှင်က ပေးဆပ်ရန်ရှိသော စည်ပင်ကြွေးကျန်များအား တိုက်ခန်းကို ပိုင်ရှင်ထံမှ အပျောက်စနစ်ဖြင့် ဝယ်ယူထားသူ အိမ်ငှားတို့က စည်ပင်ကြွေးကို အချိုးကျပေးဆပ်ရပြီး တိုက်ပိုင်ရှင်ထံသို့ အိမ်လ ခပေးရန် မလိုဘဲ စည်ပင်ခွန်များကို သာပေးဆောင်ရသော တိုက်ခန်းအမျိုးအစားတို့ကို ဆိုလိုခြင်းဖြစ်သည်။

(၄) ဘာသာရေးအဖွဲ့အစည်းများပိုင်အခန်းများ
ဗလီပိုင်ဝကပ်အခန်းများ၊ ဟိန္ဒူဘုရားကျောင်းပိုင်အခန်းများ၊ တရုပ်ဘုံကျောင်းပိုင်အခန်းများ၊ စသည့် ဘာသာရေးနှင့် ဆက်စပ်သော အခန်းများကို အပျောက်စနစ်ဖြင့် ရောင်းချထားသော အခန်းများဖြစ်သည်။ အဆိုပါ အခန်းများအား ရောင်းခြင်း/ ဝယ်ယူခြင်း၊ အမည်ပြောင်းခြင်း ကိစ္စရပ်များကို သက်ဆိုင်ရာ ဂေါပက အဖွဲ့များမှ စီမံခန့်ခွဲကြပါသည်။
________________________________________________

* ပြည်သူပိုင် သို့မဟုတ် အစိုးရပိုင် တိုက်ခန်းများ *

(၁) မြိုပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် တိုက်ခန်းများ
နိုင်ငံတော်ပိုင်မြေပေါ်တွင် နိုင်ငံတော်ပိုင်ငွေဖြင့် ဆောက်လုပ်ပြီး ဝန်ထမ်းများအား၊ နေထိုင်ခွင့် အငှားချထားပေးသော အခန်း အမျိုးအစားတို့ဖြစ်သည်။ ( ဥပမာ - ဦးဝိစာရအိမ်ရာ။ ရန်ကင်းအိမ်ရာ) ယခင်ရန်ကုန်တိုင်းပြည့်သူ့ကောင်စီမှ ထိန်းသိမ်းထားသော ပြည်သူပိုင်တိုက်ခန်းများကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ လွှဲပြောင်းပေးလိုက်သော အခန်းများလည်း ပါဝင်ပါသည်။
ယခုအချိန်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နှင့် စည်ပင်သာယာရေးကော်မတီ တို့မှ အဆောက်အအုံများ ဆောက်လုပ်၍ အခန်းများရောင်းချပေးပါသည်။ ထိုအခန်းမျိုးသည် စည်ပင်သာယာအခွန်ကိုသာ ပေးဆောင်ရပါသည်။ လတ်တလောတွင် နေပြည်တော်တွင် အငြိမ်းစားဝန်ထမ်းအိမ်ရာ တိုက်ခန်းများကိုလည်း ဝယ်ယူနိုင်ကြပါသည်။

(၂) ဌာနဆိုင်ရာအခန်းများ
ဝန်ကြီးဌာနနှင့် အစိုးရဌာန အဖွဲ့အစည်းအသီးသီးတို့မှ မိမိတို့ဝန်ထမ်းများနေထိုင်ရေးအတွက် အဆင်ပြေ စေရန် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးထားသော တိုက်ခန်းများ၊ ( ပြည်သူပိုင်ပြုလုပ်ထားသော တိုက်ခန်းများအပါအဝင်) တို့ ဖြစ်သည်။

(၃) တိုင်းချအခန်းများ
ယခင်တိုင်းလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ၊ နောင်တွင် တိုင်းပြည်သူ့ကောင်စီ စသည့် အဖွဲ့အစည်းတို့မှ ချပေးထားသော တိုက်ခန်းများ ဖြစ်သည်။

(၄) နိုင်ငံခြားပြန်အခန်းများ
နိုင်ငံခြားသားပိုင် တိုက်ခန်းများမှ နိုင်ငံခြားသားတို့သည် ဆိုင်ရာနိုင်ငံအသီးသီးသို့ အပြီးအပိုင်ပြန်သွားသည့် အခါတွင် နိုင်ငံတော်သို့အပ်နှံခဲ့သော အခန်း သို့မဟုတ် နိုင်ငံတော်မှ သိမ်းယူခဲ့သော တိုက်ခန်းမျိုးဖြစ်သည်။

(၅) စည်ပင်သာယာကော်မတီမှ ထိန်းချုပ်ထားသော တိုက်ခန်းများ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ စည်းကမ်းချက်များ၊ ဥပဒေပြဌာန်းချက်များနှင့် မကိုက်ညီခြင်း၊ ညွှန်ကြားချက်များ စသည်တို့ကို မလိုက်နာခြင်းကြောင့် ကော်မတီမှ လူနေထိုင်အသုံးပြုခွင့် မပေးဘဲ ယာယီထိန်းသိမ်းထား သော အခန်းများဖြစ်သည်။

"အထက်ဖော်ပြပါ တိုက်ခန်းများကို ရောင်းခြင်း၊ ဝယ်ခြင်း"....
ပုဂ္ဂလိကပိုင်တိုက်ခန်းများနှင့် နိုင်ငံတော်မှ ဆောက်လုပ်ပြီး ပုဂ္ဂလိကများသို့ အပြီးအပိုင်ရောင်းချလျှက်ရှိသော တိုက်ခန်းများကို တစ်ဆင့် လွှဲပြောင်း ရောင်းချခြင်း ပြုနိုင်ပါသည်။ ရောင်းချရာတွင် အရပ်စာချုပ်ဖြင့် ချုပ်ဆိုရောင်းချနိုင်ပါသည်။ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီပိုင် တိုက်ခန်းများကို ထပ်ဆင့်ဝယ်ယူသူသည် ဆက်စပ်စာချုပ်များဖြင့် ဆိုင်ရာဌာနတွင် မိမိ အမည်သို့ပြောင်းလဲ နိုင်ပါသည်။ ကျသင့်သော အခွန်အခများ ပေးဆောင်ခြင်း၊ သတင်းစာတွင် ကန့်ကွက်ရှိ မရှိကြေညာခြင်း တို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ အမည်လွှဲပြောင်းရာတွင် ဂျီပီ လိုအပ်ပါသည်။

* ပုဂ္ဂလိကပိုင်တိုက်ခန်းများဝယ်ယူရာတွင် သတိပြုသင့်သော အချက်များ *

(၁) အပျောက်စနစ်ဖြင့် ရောင်းချသည့်တိုက်ခန်းကို ဝယ်ယူသူကို မြေပိုင်ရှင် အိမ်ရှင်မှ အိမ်ငှားသူအဖြစ် အသိအမျတ်ပြုရန် အထူးလိုအပ်ပါသည်။ ရောင်းချသူက ဝယ်ယူသူကို အိမ်ရှင် မြေရှင်က ဝယ်ယူလိုက်သည့်သူကို အိမ်ငှားအဖြစ် အသိအမှတ်ပြုသည့် အိမ်လခပြေစာထုတ်ပေးရန် ညှိနှိုင်းဆောင်ရွက်ပေးရပါမည်။ ရောင်းချသူက ဝယ်သူ အမည်ပေါက် အိမ်လခပြေစာ ထုတ်ပေးခြင်းကို ဆောင်ရွက်မပေးပါက အဆိုပါ တိုက်ခန်းကို မဝယ်သင့်ပါ။ ရောင်းသူ နှင့် ဝယ်သူတို့ သည် တိုက်ခန်းကို ဝယ်ယူ/ ရောင်းချခြင်း မပြမီ ကြိုတင်ညှိနှိုင်းဆောင်ရွက်သင့်ပါသည်။

(၂) အပျောက်အခန်းပိုင်ရှင်( အိမ်ရှင်) က ဝယ်ယူသူအား အိမ်ငှားအဖြစ် အသိအမှတ်မပြုပါက ဝယ်ယူသူသည် အဆိုပါ တိုက်ခန်းကို ကျူးကျော်ဝင်ရောက်သည်ဟု တရားစွဲဆိုခြင်းခံရနိုင်ပါသည်။

(၃) အိမ်ရှင်ရှိပြီး လစဉ်အိမ်လခပေးရသော အခန်းမျိုးဖြစ်ပါက အိမ်ရှင်က ဝယ်ယူသူကို အိမ်ငှားအဖြစ် အသိအမှတ်ပြုသည့် အိမ်လခပြေစာရရှိပြီးမှ သာလျှင် ဝယ်ယူသူသည် တရားဝင် အိမ်ငှားဖြစ်လာမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဝယ်ယူနေထိုင်စေကာမူ အိမ်ရှင်က အသိအမှတ်မပြုလျှင် ၄င်း အခန်းကို ကျူးကျော်ဝင်ရောက်နေထိုင်သူ အဖြစ်သာ ရှိနေမည်ကို သတိပြုရန်ဖြစ်ပါသည်။

(အထောက်အထား၊ အကိုးအကား ;ဆရာဦးသန်းညွှန့်မောင်၊ တရားလွှတ်တော်ရှေ့နေ ပြုစုသော...
“လက်တွေ့အသုံးချ တိုက်- အိမ်- ခြံ- မြေ အကြောင်း သိမှတ်ဖွယ်ရာ G.P, S.P နှင့် စာချုပ် အမျိုးမျိုးရေးနည်းလက်စွဲ”
ဆရာကြီး မိုးထက်(၂၇.၁၂.၂၀၂၀) ရက်နေ့ မွန်းလွဲ(၁) နာရီ(၅) မိနစ်)

Crd:

 #မရမ်းကုန်းမြို့နယ် 9-mile ၊ ပြည်လမ်းမအနီး  အနီး  (၂-ထပ်တိုက်လုံးချင်းအိမ်) ငှါးရန်ရှိ။——————————————————————— #အငှားဈေ...
05/01/2026

#မရမ်းကုန်းမြို့နယ် 9-mile ၊ ပြည်လမ်းမအနီး အနီး (၂-ထပ်တိုက်လုံးချင်းအိမ်) ငှါးရန်ရှိ။
———————————————————————
#အငှားဈေးနှုန်း : 35 သိန်း(ညှိနှိုင်း )
——————————————————————-
2-RC HOUSE FOR RENT *
Land Size: ( 45’x 80' )
4-Master Bedroom
Living Room ,Dining Room ,Kitchen
Common toilet and bathroom
Aircons
ကျွန်းလျှာထိုးခင်း , ကြွေပြားခင်း
ကားဂိုထောင် နှင် ခြံတွင်း ကားပါကင်
______________________________________
𝙏𝙤 𝙞𝙣𝙦𝙪𝙞𝙧𝙚 𝙛𝙪𝙧𝙩𝙝𝙚𝙧; #𝙍𝙚𝙖𝙡𝙀𝙨𝙩𝙖𝙩𝙚𝙎𝙚𝙧𝙫𝙞𝙘𝙚:
📲 𝟎𝟗 𝟒𝟒 𝟗𝟗𝟗𝟗𝟗𝟎𝟗
📲 𝟎𝟗 𝟕𝟗𝟎 𝟒𝟓𝟗𝟖𝟏𝟗
(viber ,WhatsApp,Telegram)
Email: [email protected]

 #မြောက်ဒဂုံ (၄၀)ရပ်ကွက်  လုံးချင်းအိမ် တစ်ထပ်တိုက်ရောင်းရန်ရှိ။—————————————————————- #အရောင်းစျေးနှုန်း : ၁၄၅၀၀ သိန်း ...
05/01/2026

#မြောက်ဒဂုံ (၄၀)ရပ်ကွက် လုံးချင်းအိမ် တစ်ထပ်တိုက်ရောင်းရန်ရှိ။
—————————————————————-
#အရောင်းစျေးနှုန်း : ၁၄၅၀၀ သိန်း (ညှိနိုုင်း)
—————————————————————-

1-RC House For Sale *
အကျယ်အဝန်း : (40 x 60)’
2- Master bedroom
1-single bedroom
2- Unit Air Conditioner
🌟ဂရန်အမည်ပေါက်🌟
“ပြင်ဆင်ပြီး အသင့်နေရုံ”
--------------------------------------------
𝙏𝙤 𝙞𝙣𝙦𝙪𝙞𝙧𝙚 𝙛𝙪𝙧𝙩𝙝𝙚𝙧; #𝙍𝙚𝙖𝙡𝙀𝙨𝙩𝙖𝙩𝙚𝙎𝙚𝙧𝙫𝙞𝙘𝙚:

📲 𝟎𝟗 𝟒𝟒 𝟗𝟗𝟗𝟗𝟗𝟎𝟗
📲 𝟎𝟗 𝟕𝟗𝟎 𝟒𝟓𝟗𝟖𝟏𝟗
(viber ,WhatsApp,Telegram)
Email: [email protected]

 #ဂရန်အမည်ပေါက်ပိုင်ရှင်လုံးဝရှာမတွေ့တော့လျှင်.    အရပ်အခေါ် ဂရန်ကတုံး (သို့တည်းမဟုတ် ) ဂရန်အမည်ပေါက်သေဆုံး./အဆက်သွယ်မရတ...
30/12/2025

#ဂရန်အမည်ပေါက်ပိုင်ရှင်လုံးဝရှာမတွေ့တော့လျှင်.

အရပ်အခေါ် ဂရန်ကတုံး (သို့တည်းမဟုတ် ) ဂရန်အမည်ပေါက်သေဆုံး./အဆက်သွယ်မရတော့သည့်ကိစွရပ်

တွေမှာ မိမိအမည်ပေါက်ဘယ်လိုဆက်ဖောက်ရမလဲဆိုရင် တစ်ဖက်သတ်တရားစွဲရမည်လို့သာ အလွယ်သိထား/အလွယ်ပြောကြပါတယ် ။

ဘာ့ကြောင့်တရားစွဲရသည် ဆိုခြင်းကို သိထားဖို့လိုပါသည်။

အတုအပွားမရှိသော မြေဌားဂရန် နှင့်တကွ မြေကွက်တစ်ကွက် ကိုဝယ်ယူပိုင်ဆိုင်ထားပြီး ဂရန်အမည်ပြောင်းရန်
ပိုင်ရှင်ကို လုံးဝရှာမတွေ့တော့လျှင်" မှတ်ပုံတင်စာချုပ် ချုပ်

ပေးစေလိုမှု" နှင့်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခြင်းဖြင့် အမည်ပြောင်းစာချုပ် ချုပ်ဆိုခြင်းသည်သာ နည်းလမ်းအမှန်ဖြစ်ပါသည်။
(ပစွည်းလွှဲပြောင်ခြင်းဥပဒေပုဒ်မ -၅၅(ဃ)

မှတ်ပုံတင်စာချုပ် ချုပ်ပေးစေလိုမှု "နှင့်တရားစွဲ၍ အနိုင်ဒီဂရီရပြီးလျှင် အရေးကြီးဆုံးအချက်မှာ ထိုအနိုင်ဒီကရီကို( ၄) လအတွင်း စာချုပ် စာတမ်းရုံးတွင် မှတ်ပုံတင်

ရမည့်ကိစွပင်ဖြစ်သည်။ ထိုသို့မှတ်ပုံမတင်မိပါက အနိုင်ရပြီးသားကိစွ ပြန်၍ ပျက်ပြယ်နိုင်ပါသည်။
(စာချုပ်စာတမ်းမှတ်ပုံတင်ရေးဥပဒေပုဒ်မ- ၂၃ ဒုအပိုဒ်)

ဇာရီ မှုဖွင့်တယ် ဆိုသည်မှာ အနိုင်ဒီကရီရထားသော အမိန့် စာရွက်အား လိုက်ပါဆောင်ရွက်ပေး

မည့် လူခန့်ထားတာဝန်ပေး၍ ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု နားလည်သဘောပေါက်ထားလျှင်လုံလောကိပါသည်။

ဇာရီမှုမှ ခန့်ထားသော ဘိလစ် က အနိုင်ဒီကရီ ရထားသည့်အတိုင်း မြေပုံမြေရာဇဝင် ထုတ်ယူခြင်း၊ ရာဖြတ်တင်ခြင်း၊ စာချုပ်မှတ်ပုံတင်ရုံးတွငိလက်မှတ်ရေးထိုးပေးခြင်းမှ

စ၍ အားလုံးအစစအရာရာလိုက်ပါဆောင်ရွက်ပေးခြင်းဖြင့် မိမိအမည်ပေါက် ဂရန်ရရှိမှာဖြစ်ပါတယ်။

Crd.

 #မရမ်းကုန်းမြို့နယ် (7 -mile) ပြည်လမ်းမအနီး2.5-RC လုံးချင်းအိမ် ငှါးမည် ။ရောင်းမည်။—————————————————————အငှါးစျေးနှုန်း...
30/12/2025

#မရမ်းကုန်းမြို့နယ် (7 -mile) ပြည်လမ်းမအနီး
2.5-RC လုံးချင်းအိမ် ငှါးမည် ။ရောင်းမည်။
—————————————————————
အငှါးစျေးနှုန်း : ၃၂ သိန်း (ညှိနှိုင်:)
အရောင်းစျေးနှုန်း : ၂၃၀၀၀ (ညှိနှိုင်း)
—————————————————————
Land Size: 40’x60’
3-Master Bedrooms
1-Bedroom
4-Unit Air Conditioner
𝗜𝘁'𝘀 𝗮𝗹𝗿𝗲𝗮𝗱𝘆 𝗽𝗿𝗲𝗽𝗮𝗿𝗲𝗱, 𝘀𝗼 𝗷𝘂𝘀𝘁 𝗯𝗲 𝗿𝗲𝗮𝗱𝘆 😍
အမည်ပေါက်ကိုယ်တိုင် 🌟
၂-ထပ်ခွဲ တိုက်နှင့်ခြံ-မြောက်ဘက်လှည့်🌟
______________________________________
𝙏𝙤 𝙞𝙣𝙦𝙪𝙞𝙧𝙚 𝙛𝙪𝙧𝙩𝙝𝙚𝙧; #𝙍𝙚𝙖𝙡𝙀𝙨𝙩𝙖𝙩𝙚𝙎𝙚𝙧𝙫𝙞𝙘𝙚:
📲 𝟎𝟗 𝟒𝟒 𝟗𝟗𝟗𝟗𝟗𝟎𝟗
📲 𝟎𝟗 𝟕𝟗𝟎 𝟒𝟓𝟗𝟖𝟏𝟗
(viber ,WhatsApp,Telegram)
Email: [email protected]

Address

Hlaing
Pegu

Telephone

+959790459819

Website

Alerts

Be the first to know and let us send you an email when Shwe Myanmar Property Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Myanmar Property Real Estate:

Share

Category