Daw May Zaw Oo

Daw May Zaw Oo ဒေါ်မေဇော်ဦး( တရားလွှတ်တော်ရှေ့နေ) ဧရာဝတီတိုင်းဒေသကြီး ဥမ္မာဒန္တီလမ်းမကြီး၁ လမ်းသွယ်၉လမ်း (ပုသိမ်မြို့)Ph-Vider 09783804030
Ph--09689689770

စရန်ငွေပေးကတိစာချုပ်၏အဓိကကျမှု အိမ်ခြံမြေ တိုက်ခန်းအ ရောင်းအဝယ်ပြုကြရာတွင် စရန် ငွေပေးကတိစာချုပ်ကို ချုပ်ဆိုတတ်ကြသည်။ ဤတ...
19/07/2025

စရန်ငွေပေးကတိစာချုပ်၏အဓိကကျမှု

အိမ်ခြံမြေ တိုက်ခန်းအ ရောင်းအဝယ်ပြုကြရာတွင်
စရန် ငွေပေးကတိစာချုပ်ကို ချုပ်ဆိုတတ်ကြသည်။
ဤတွင် သတ်မှတ် သည့်ရက် ၌ ရောင်းသူ သို့မဟုတ်
ဝယ်သူတစ်ဦးဦးဘက်က ပျက်ကွက်လျှင်
ပဋိညာဉ်ဖျက်သိမ်းနိုင် ခြင်း၊ ပဋိညာဉ် ပျက်ပြယ်ခြင်းများ ဖြစ်ပြီး စရန်ငွေဆုံးရှုံးခြင်း၊ ပစ္စည်း လက်မဲ့့ဖြစ်ရခြင်းများနှင့် ကြုံတွေ့ တတ်ကြပေသည်။

"စရန်ငွေပေးကတိစာချုပ်"

ပစ္စည်းအရောင်းအဝယ် ပြုသည်ဆိုလျှင် ရောင်းသူက
အဆိုပါ ပစ္စည်းကို အခြားသူအားမ ရောင်းရန် ဝယ်သူမှ
စရန်ငွေအ ဖြစ် ရောင်း ဖိုးငွေ၏ တစ်စိတ်တစ် ပိုင်းကို
ရောင်းသူအားပေးလေ့ရှိ သည်။
ထိုအတူပစ္စည်းရောင်းသူက လည်း အရောင်းအဝယ်မပျက်စေရန် စရန်ငွေတစ်စိတ်တစ်ပိုင်းကို ရယူထားလေ့ရှိပေသည်။

တစ်နည်းအားဖြင့် စရန် ငွေပေးခြင်းဆိုသည်မှာ -
အာမခံငွေအဖြစ်စိတ်တစ်ပိုင်းပေးထား ခြင်းဖြစ်သည်။
ဥပဒေအရ နှစ်ဖက် သဘော တူ ပဋိညာဉ် (သဘော တူညီချက်)ပြုလုပ်ထား ခြင်းဖြစ် သည်။

"ဥပဒေနှင့်ညီညွတ်သော ကတိ စာချုပ်များ"
=======================

- ဥပဒေအရ သဘောတူညီချက် ပဋိညာဉ်တိုင်းသည်
စာချုပ်စာတမ်းဟု မဆိုနိုင်သော်လည်း စာချုပ်စာတမ်းတိုင်းသည်
ပဋိ ညာဉ်များ သာဖြစ်သည်။
ဥပမာ - ပစ္စည်းအရောင်းအဝယ်စာချုပ်၊ လက်ထပ်စာချုပ်၊
စွန့်လွှတ်စာချုပ် စသည်တို့ဖြစ်သည်။

- ကတိစာချုပ် ချုပ်ဆိုရာတွင် တည်မြဲခိုင်မာသော ပဋိညာဉ်ဖြစ်ရန် လိုအပ်ပေသည်။

- သို့မှသာ ဥပဒေအရ ပိုင်ခွင့်များကို မဆုံးရှုံးနိုင် မည်ဖြစ်သည်။

ပဋိညာဉ်အက်ဥပဒေ အရ တည်မြဲခိုင်မာသော ပဋိညာဉ်ဖြစ်ရန်မှာ-
==================================

(၁) နှစ်ဦးနှစ်ဖက် သဘောတူ ညီချက်ရှိရမည်။
ဆိုလိုသည်မှာ တစ်ဦးက ကမ်းလှမ်းချက် သို့မ ဟုတ်
အဆိုပြုချက်ရှိပြီး ကျန်တစ် ဦးက ယင်းအဆိုပြုချက်၊
ကမ်း လှမ်းချက်ကို လက်ခံသဘောတူညီ မှုရှိရမည်။

(၂) နှစ်ဦးနှစ်ဖက် လိမ်လည် လှည့်ဖြား မတရားသြဇာသုံး၍
သဘောတူညီချက်မျိုးမဟုတ်ဘဲ လွတ်လပ်စွာပေးသည့်
သဘော တူညီချက်ဖြစ်ရမည်။

(၃) ပဋိညာဉ်ပြုလုပ်သူများ သည် ပဋိညာဉ်ပြုလုပ်နိုင်သည့်
အရည်အချင်းရှိသူများဖြစ်ရမည်။
အရွယ်မရောက်သေးသူ၊ ရူးသွပ်သူ များ မဖြစ်စေရပေ။

(၄) ပဋိညာဉ်ပြုလုပ်သည့်အ ကြောင်းအရာတစ်ရပ်တွင်
ပဋိ ညာဉ်ပြုသူ တစ်ဦးနှင့်တစ်ဦး အ ပြန်အလှန် အကျိုးပြုချက်
သို့မ ဟုတ် ကတိနှင့် ညီညွတ်သည့် အ ဖိုးစားနား
ပါရှိရမည်ဖြစ်ပေသည်။

သို့မှသာ ဥပဒေအရအတည်ပြုနိုင်သည့် ပဋိညာဉ်
တစ်နည်းအားဖြင့် ဥပဒေနှင့် ညီညွတ်သည့် တည်မြဲခိုင်မာသော
ပဋိညာဉ် စာချုပ်ဖြစ်လာမည်ဖြစ်သည်။

*** ''တံဆိပ်ခေါင်းခွန် ဥပဒေအရ ကတိစာချုပ်များတွင်
အခွန်တံဆိပ်ခေါင်း သုံးရာကျပ်တိတိ ထမ်းဆောင်ရပေသည်။
သို့မှသာ တရားဝင် ကတိစာချုပ်များ ဖြစ် လာပေမည်။" ***

"စရန်ငွေဆုံးရှုံးရခြင်း"

ဥပဒေနှင့်အညီချုပ်ဆို ထားသော ပစ္စည်း၊အိမ်ခြံမြေ
တိုက် ခန်းအရောင်းအဝယ် စရန်ငွေပေး ကတိစာချုပ်ပါ
စည်းကမ်းချက်များ ကို မလိုက်နာပျက်ကွက်ပါက
ပဋိညာဉ်ဥပဒေအရ စရန်ငွေဆုံးရှုံး တတ်ကြပေသည်။
သို့မဟုတ် စရန်ငွေပေးကတိစာချုပ်ပါအတိုင်း အရောင်းအဝယ်
ဆက်လက် ဆောင်ရွက်အတည်ပြုရန် တောင်း ဆိုခွင့်ရှိပေသည်။

စရန်ငွေပေးကတိစာချုပ် ပါအတိုင်း မလိုက်နာခဲ့သဖြင့်
စရန်ငွေဆုံးရှုံးသည် သာမက ပစ္စည်းလက်ရှိမှ လက်လွှတ်
ဆုံးရှုံး ခဲ့ရသည့် မှုခင်းတစ်ရပ်ကို ဗဟုသု တအဖြစ် ဖော်ပြလိုပါသည်။

"ဒေါ်လှနွဲ့ (၄င်း၏အခွင့် ရ ကိုယ်စားလှယ်ဦးထွန်းအောင်) နှင့် ဦးသန်းညွန့် ၂ဝဝ၁ ခုနှစ် မြန်မာနိုငံတရားစီရင်ထုံး စာမျက် နှာ ၄ဝ၃'' အမှုမှာ -

(ရောင်းသူ) ဒေါ်လှနွဲ့က (ဝယ်သူ) ဦးသန်းညွန့်အပေါ်
၈.၃.၉ဝ နေ့ စွဲပါ မြေရောင်းရန်
စရန်ပေးကတိ စာချုပ်ကို ဖျက်သိမ်း၍ ရောင်းရန် ကတိပြုထားသည့်
"မြေကိုလက်ရောက် ပြန်လည်ပေးအပ်စေလိုမှု" စွဲဆိုရာ၊
ရန်ကုန်တိုင်းတရားရုံးက ဦးသန်းညွန့်မှ ဒေါ်လှနွဲ့အား နစ် နာကြေးငွေ
တစ်သောင်းကျပ်ပေး စေရန် အမိန့်ချမှတ်ခဲ့သဖြင့်
ဒေါ်လှနွဲ့မှ တရားမအထူးအယူခံ ရုံး အထိ အယူခံ ဝင်လာသော အမှု
ဖြစ်သည်။

အထူးအယူခံရုံးက သုံးသပ်သည်မှာ -
(ရောင်းသူ) ဒေါ်လှနွဲ့က (ဝယ်သူ) ဦးသန်း ညွန့်သို့
အချင်းဖြစ် မြေကွက်ကို
ငွေ ၈ဝဝဝဝ (ရှစ်သောင်းကျပ်) ဖြင့် ရောင်း ချရန် သဘောတူညီကြပြီး၊
၈.၃.၉ဝ နေ့စွဲပါ မြေရောင်းရန် စရန်ပေးကတိစာချုပ်ကို
ချုပ်ဆိုခဲ့ကြောင်း အငြင်းမပွားပေ။

မြေ ရောင်း ရန်စရန်ပေး ကတိစာချုပ်တွင် ပျက်ကွက်ပါက
ပေးအပ် ထားသည့် စရန်ငွေကို ဝယ်ယူက အရှုံးခံရန်
သဘောတူပါသည်ဟုလည်းကောင်း၊
ငွေရှစ်သောင်းကျပ်တိတိထဲမှ စရန်ငွေအဖြစ် ၈.၃.၉ဝ နေ့တွင် ငွေကျပ်တစ် သောင်းလေးထောင်တိတိ ပေးအပ် ခဲ့ သည်ဟု လည်းကောင်း၊ ပထမအ ရစ်အဖြစ် ငွေကျပ် သုံးသောင်း သုံးထောင်ကျပ်တိတိ (၇.၉.၉ဝ )နေ့တွင်အပြီး အပြတ်ပေးချေပါ မည်ဟု နှစ်ဦး နှစ်ဖက်သဘောတူ အောက်တွင် လက်မှတ်ရေးထိုးကြ ပါသည်ဟု လည်းကောင်း ဖော်ပြ ထားသည်။

ဦးသန်းညွန့်က အချင်းဖြစ် မြေနှင့်အိမ်ကို ဦးဘမောင်ထံမှ အရပ်စာချုပ်ဖြင့် ဝယ်ယူလက် ရောက်နေထိုင်လျက်ရှိသည် ဆို သော် လည်း ဒေါ်သန်းနွဲ့နှင့် မြေ ရောင်းရန်စရန်ပေး ကတိစာချုပ် ချုပ်ဆိုခဲ့ခြင်း မရှိကြောင်းငြင်းဆို ထားခြင်း မရှိပေ။

ထို့ကြောင့် မြေ ရောင်း ရန် စရန်ပေးကတိစာချုပ် တွင်
ဒေါ်လှနွဲ့နှင့် ဦးသန်းညွန့်တို့သည် စာချုပ်ပါ အချိန်ကို အဓိက ထား၍ စာချုပ်ကို အကောင်အ ထည်ဖော် ရန်
ရည်ရွယ်ခဲ့ကြ ကြောင်းထင်ရှားသည်။

ဦးသန်း ညွန့်သည် ပထမအရစ်ငွေကို သတ်မှတ်ထားသော နေ့တွင်ပေးရန် ပျက်ကွက် သဖြင့် ပဋိညာဉ်ပါ စည်းကမ်းကို ချိုးဖောက်ရာရောက် ပေသည်။

ကတိပြုသူသည် ပဋိညာဉ် သတ်မှတ်ထားသည့် အချိန်ကာလ အတွင်း ဆောင်ရွက်ရန် ပျက်ကွက် သည့်အခါ ကတိရသူက ထိုပဋိ ညာဉ်ကို ပယ်ဖျက်နိုင်ခွင့်၊ ဖျက် သိမ်းခွင့်ရှိကြောင်း ပဋိညာဉ်အက် ဥပဒေ ပုဒ်မ ၅၅ တွင် ပြဋ္ဌာန်းထား ပေသည်။

မြေရောင်းရန် စရန်ပေးကတိစာချုပ်တွင် ဝယ်သူ ဦးသန်း ညွန့်က ရောင်းသူ ဒေါ်လှနွဲ့သို့ စရန်ငွေ တစ်သောင်းလေးထောင် ကျပ် ကို ပေးအပ်ရာလက်ခံရရှိ ကြောင်း ဖော်ပြထားသည်။ ထိုငွေမှာ ရောင်းငွေအတွက် တစ်စိတ်တစ်ပိုင်းပေးခဲ့ခြင်း မဟုတ်ဘဲ အာမခံ သဘောဖြင့် ပေးခြင်းသာဖြစ်၍ ဝယ်သူက ပျက်ကွက်ပါက
ထိုငွေကို ပြန်လည်ရရှိနိုင်မည် မဟုတ်ပေ။
သို့ဖြစ်၍ ၈.၃.၉ဝ နေ့စွဲ ပါ မြေရောင်း ရန်စရန်ပေးကတိစာချုပ်ကို ပယ်ဖျက်ကြောင်း အမိန့်ချမှတ်ခဲ့ပါသည်။

ထို့ကြောင့် အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ်ပြုကြရာတွင် အပြီးအပိုင် အရောင်းအဝယ်စာချုပ်ထက် အရောင်းအဝယ်စရန်ပေး ကတိစာချုပ်ကို ပြီးပြည့်စုံစွာချုပ်ဆိုရန် အထူးလိုအပ်ပါသည်။

အရောင်းအဝယ် စရန်ပေး ကတိစာချုပ်ပါ
စည်းကမ်းချက် များနှင့် အညီအရောင်းအဝယ်ကို
ဆက်လက်ဆောင်ရွက်ရမည်ဖြစ် သဖြင့် စရန်ပေး ကတိစာချုပ်ပါ အချိန်နေ့ရက် အပါအဝင် စည်းကမ်းချက် တစ်ခုခုကို ဖောက်ဖျက်ခဲ့ပါလျှင် ဝယ်သူအနေဖြင့် စရန် ငွေ ဆုံးရှုံး သည့်အပြင် တစ်ခါတစ်ရံ စရန်ငွေပေးပြီး လက်ရောက်ရ ယူထားမှုကိုပါ
ဆုံးရှုံးသွားတတ်သဖြင့် ဝယ်သူများအနေဖြင့်
စရန် ပေးကတိ စာချုပ်ကို အထူးဂရုပြု ချုပ်ဆိုသင့်ကြောင်းအကြံပြုရေးသားလိုက် ပါသည်။
CRD-ထီယု(ဥပဒေ အတိုင်ပင်ခံ)အားလေးစားစွာ
ခရက်ဒစ်ပေးပါသည်။
အိမ်ခြံမြေရောင်းမှား၊ဝယ်မှားကင်းကြပါစေ။

ဒေါ်မေဇော်ဦး တရားလွှတ်တော်ရှေ့နေ ပုသိမ်မြို့
Ph--09783804030--09689689770

Sexual Offence( ကာမနှင့်ပတ်သတ်သော ပြစ်မှုများ)   ရာဇသတ်ကြီး / ပြစ်မှုဆိုင်ရာ ဥပဒေ၏ အခန်း ၁၆ လူကိုယ်တိုင်ကိုထိခိုက်စေခြင်...
15/07/2025

Sexual Offence
( ကာမနှင့်ပတ်သတ်သော ပြစ်မှုများ)

ရာဇသတ်ကြီး / ပြစ်မှုဆိုင်ရာ ဥပဒေ၏ အခန်း ၁၆ လူကိုယ်တိုင်ကိုထိခိုက်စေခြင်း စသည့်ပြဋ္ဌာန်းချက်တွင် Sexual Offence အမျိုးအစား ၂ ရပ် ပြဋ္ဌာန်းထားပါတယ်။

(၁) R**e Case (မုဒိန်းမှု)
(၂) Unnatural Offence (ဓမ္မတာ ဆန့်ကျင်၍ ကာမကျူး
လွန်သောအမှု)
စသည်ဖြင့် ခွဲခြား၍ လေ့လာနိုင်ပေ၏။အမှတ်စဉ် ၁ အမျိုးအစားအတွက်မူ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ၌ ပြစ်ဒဏ်များ ပြဋ္ဌာန်းထား၍ ထားပေးထား၏။
ယင်းသို့ပုဒ်မ ၃၇၆ ပြစ်ဒဏ် အကျုံးဝင်နိုင်ရန်အတွက် ရာဇသတ်ကြီး ၃၇၅ ပါ အဂါင်္ရပ်များနှင့် ညှိစွန်းရန်လိုပေသည်။

ရာဇသတ်ကြီးပုဒ်မ ၃၇၅ တွင်-

(၁) ယောက်ျားနှင့် မိန်းမ ကာမစပ်ယှက်ခြင်း၊

(၂) မိန်းမမှ အလိုမတူငြင်းဆန်ခြင်း၊

(၃) မိန်းမမှ အလိုမတူခြင်း/ခွင့်မပြုခြင်း၊

(၄) မိန်းမက ခွင့်ပြုစေသည့်တိုင် ယင်းသို့ ခွင့်ပြုရခြင်းမှာ ထိုမိန်းမအား သေစေမည်။ (သို့မဟုတ်) နာကျင်စေမည်။သို့မဟုတ် ကြောက်ရွံ့အောင်ပြုလုပ်ခြင်းကြောင့် ခွင့်ပြုရခြင်း။

(၅) မိန်းမက ခွင့်ပြုသည့်တိုင် ထိုကျူးလွန်သော ယောက်ျားအနေဖြင့် ထိုမိန်းမ၏လင်မဟုတ်ကြောင်း သိခြင်းနှင့် ထိုမိန်းမအနေဖြင့် ယင်းယောက်ျားသည် မိမိနှင့် တရားဝင်လက်ထပ်ထားသော လင်ဖြစ်သည်ဟု ယုံကြည်သောကြောင့် ခွင့်ပြုခြင်း။

(၆) မိန်းမက ခွင့်ပြုသည်ဖြစ်စေ / ခွင့်မပြုသည်ဖြစ်စေ ထိုမိန်းမ၏အသက်သည် ၁၄ နှစ်အောက်ဖြစ်လျှင် မုဒိန်းမှုကျူးလွန်ရာရောက်၏။
{မှတ်ချက်။ ။ယခုအခါ မိန်းမ၏အသက်အားပြင်ဆင်ထာ၏။}

**ယင်းသို့ဆိုရာတွင် ကျူးလွန်သောယောက်ျား၏ အသက်အရွယ်ကိုမူ ယင်းပုဒ်မတွင် ပြဋ္ဌာန်းထားခြင်းမရှိကြောင်း တွေ့ရပေ၏။သို့သော် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၈၂ / ၈၃ ပါ ပြဋ္ဌာန်းချက်အရ အသက် ၇ နှစ်မှအောက် / အသက် ၁၂ နှစ်မှအောက် အမျှော်အမြင်ဆင်ချင်တုံတရားမရှိသေးသော ကလေးငယ်ဖြစ်လျှင်မူ ပြစ်မှုမြောက်မည်မဟုတ်ပေ။

(၂)ဓမ္မတာနှင့်ဆန့်ကျင်သောပြစ်မှုများ
***************************

ရာဇသတ်ကြီးပုဒ်မ ၃၇၇ ။ ။ဓမ္မတာနှင့် ဆန့်ကျင်သောပြစ်မှုဟူသ ည်မှာ ယောက်ျားအချင်းချင်းဖြစ်စေ၊ မိန်းမအချင်းချင်းဖြစ်စေ၊ ယောက်ျားနှင့် မိန်းမဖြစ်စေ၊ လူနှင့်တိရိစ္ဆာန်ဖြစ်စေ၊ ဓမ္မတာနှင့်ဆန့်ကျင်၍စပ်ယှက်ခြင်းကိုဆိုလိုပေသည်။

အကျုံးဝင်သောအင်္ဂါရပ်များ-

၁။ ကျူးလွန်သူသည် ဆန့်ကျင်ဘက်လိင်နှင့်ဖြစ်စေ လိင်တူခြင်ဖြစ်စေ တိရိစ္ဆာန်ဖြင့်ဖြစ်စေ ကာမစပ်ယှက်ခြင်း။

၂။ ထိုသို့ဆက်ယှက်ရာ၌ ဓမ္မတာနှင့်ဆန့်ကျင်ခြင်း။

၃။ ကျူးလွန်သူသည် မိမိအလိုလျှောက်ပြုမူခြင်း။

၄။ ပြုလုပ်သူ (subject) နှင့် အပြုခံရသူ (object) ၏ အင်္ဂါဇာတ်ချင်း advances ဖြစ်ခြင်း။

# # နံပါတ် ၃ အချက် voluntary(မိမိအလိုလျှောက်ပြုမူခြင်း)အတွက် ရာဇသတ်ကြီးပုဒ်မ ၃၉ ၌ အဓိပ္ပာယ်ဖွင့်ဆိုထား၏။

# # ဆေးဘက်ထင်မြင်ချက် အစီရင်ခံအပေါ် ထောက်ခံပေးမည့် အချက်ဖြစ်သည့် "မိမိအလျှောက်ပြုမူခြင်း" စသော ရာဇသတ်ကြီးပုဒ်မ ၃၉ ပါအဓိပ္ပာယ်ဖွင်ဆိုချက်နှင့် အကျုံးဝင်မှု ရှိ/မရှိ သက်သေထူနိုင်ရန်အရေးကြီး၏။

**ယေဘုယျအားဖြင့် ဓမ္မတာနှင့် ဆန့်ကျင်စပ်ယှက်သော အမျိုးစား ၁၀ မျိုးရှိ၏။ယင်းတို့မှာ-

၁။Sodomy
***********

ယောက်ျားအချင်းချင်း ကာမစပ်ယှက်သော မေထုန်ပြုသောအမှု။ယင်းသို့သောအမှုမျိုးများ၌ စအိုမှမှ ဒဏ်ရာတစ်ခုတည်းအပေါ်အမှီသဟဲမပြုသင့်ပါ။အပြုခံရသူ၌ လိပ်ခေါင်းရောဂါ စမြင်းခံရောဂါ ရှိ/မရှိ။Annal tagကဲ့သို့ စအိုအတွင်းနံရံစုတ်ပြဲရောဂါ ရှိ/မရှိ စတာတွေပါဂရုဓမ္မပြုစစ်ဆေးသင့်သည်။

၂။Beastiality
************

လူနှင့် တိရိစ္ဆာန်တို့ မထေုနျုပွုသညျ့အမှုမြိုးတှေးပါ။အမှုနာမညျတှတေော့သိက်ခာတရားအလေးထား၍မပွောတော့ပါ။မိမိကွုံခဲ့ဖူးသော cause ၌ ခွေးကို ဇကောအပေါက်ဖောက်တပ်၍ကျင့်ခြင်း(ခွေးမှဇကောခံထား၍ ပြန်မကိုက်နိုင်/မခုခံနိုင်)။နောက် ဝက်ကိုကျင့်ခြင်းပါ။

၃။Tribatism
*************

မိန်းမချင်းမေထုန်ပြုခြင်းမျိုးပါ။ဥပဒေ အကြီးအကျယ်ပြဿနာပေါ်ပေါက်တတ်၏။အကြောင်းမှာကား မိန်းမ၏ထိုးသွင်သောအင်္ဂါစပ်မရှိ၍ အပြုခံရသူ၏အင်္ဂါဇတ်ထဲဝင်/မဝင် စသည့်ဥပဒေပြဿနာရပ်( Question of the law) ပေါ်ပေါက်တတ်၏။

၄။Incest
********

သွေးနီးသူအချင်းချင်း မေထုန်ပြုဆက်စပ်တာမျိုးပါ။လိင်တူသည်ဖြစ်စေ လိင်ကွဲသည်ဖြစ်စေ ဓလေ့ထုံးတမ်းအရဖြစ်စေ ရာဇသတ်ကြီးပါပြဋ္ဌာန်းချက်ဖြစ်သည်မို့ လွှမ်းမိုးပါသည်။
ဥပမာ-တဝမ်းကွဲမောင်နှမ မောင်နှမအရင်း ဖခင်နှင့်သမီး။

ဤသို့သွေးနီးချင်း ဓမ္မတာဆန့်ကျင်ကာစပ်ယှက်လျှင် ယင်းပုဒ်မ မြောက်၏။{ယင်းသို့စပ်ယှက်ရာတွင် အပြုခံရသူ(object)အလိုတူလျှင် ရာဇသတ်ကြီးပုဒ်မ ၃၇၇ မြောက်နိုင်၍ အပြုခံရသူအလိုမတူ သော် ရာဇသတ်ကြီး ၃၇၆ မြောက်နိုင်သည်ဟုယူဆနိုင်သည်။}

၅။Sadism
**********

အပြုခံရသူ၏ ကိုယ်ခန္ဓာအား နာကျင်စေပြီးမှ ကာမစပ်ယှက်မေထုန်ပြုခြင်းမျိုးပါ။ယင်းသို့သောအမျိုးစားများတွင် လက်ရောက်မှုမျိုးပါတတ်သည်မို့ ဥပဒေပြဿနာရပ်ပေါ်ပေါက်နိုင်သည်။တစ်ခုထက်ပိုသော ပုဒ်မများရှိနိုင်သည်။

သတိချပ်သင့်သည်မှာ ကျူးလွန်သူ(object)အနေဖြင့် စိတ်ပေါ့သွပ်ဝေဒနာခံစာမှု ရှိ/မရှိ စသည့်ပြဿနာတစ်ရပ်ပေါ်ပေါက်တတ်သည်။အဘယ့်ကြောင့်ဆိုသော် Maniaဟုခေါ်သည့် စိတ်ကြွဝေဒနာမျိုး၌ Increased Libido စသည့်လိင်စိတ်ပြင်းထန်ထကြွတတ်သောဝေဒနာမျိုးရှိနေတတ်သည်။

၆။Masochism
**************

ဒါကတော့ အထက်ကအမျိုးအစာနှင့် ဆန့်ကျင်ဘက်မျိုးပါ။မိမိကိုယ်မိမိအလိုလျှောက်နာကျင်ရန်လက်ရောက်မှုရှိပြီးမှ နာကျင်ကာမခံစားခြင်းဖြစ်သည်။

၇။Necrophilia
*************

လူသေအလောင်းနှင့် မေထုန်ပြုမူခြင်းမျိုးပါ။ရာဇသတ်ကြီး ပုဒ်မ ၂၉၇နှင့် တူသယောင်ကွဲပါ၏။Question of the fact အကြောင်းခြင်းရာပြဿနာမှနေရာဌာနေအပေါ်မူတည်၍ အငြင်းပွားပြဿနာပေါ်ထွက်နိုင်သည်။

သို့ရာတွင် ဇီဝကမ္မပျက်ယွင်းခဲ့ပြီးသောသူနှင့် ဇီဝကမ္မလက်ရှိဖြစ်သူ မတူပါ။မတူသည်ကိုအကြောင်းပြု၍ ဓမ္မတာကိုဆန့်ကျင်ကာမယှက်လျှင် ရာဇသတ်ကြီး ၃၇၇ မြောက်သည်။ခြွင်းချက်အနေဖြင့်လည်း အလောင်းပိုင်ရှင်ဘက်မှ ဂုဏ်သိက္ခာပိုင်းအရ ဇီဝကမ္မမပျက်ဆီးခင် အလောင်း၏ ဂုဏ်သိက္ခာအလေးပေးကာ အခြားပုဒ်မ မြောက်/မမြောက်လည်း သုံးသပ်နိုင်၏။

၈။Fetichism
************

စိတ်ရောဂါဝေဒနာဘက် နွယ်ပေသည်။ဆန့်ကျင်ဘက်လိင်၏ ကိုယ်အစိတ်အပိုင်းကို ထိတွေ့၍ လိင်စိတ်ဖြေသည်မျိုး ဆန်ကျင်ဘက် လိင်အသုံးအဆောင်ပစ္စည်းထိတွေ့၍ လိင်စိတ်ဖြေသည်မျိုးစသော ဝတ္ထုစွဲကာမစိတ်ဖြေခြင်းမျိုးပါ။ဥပဒေပြဿနာရပ်ပေါ်ပေါက်နိုင်၏။
ဥပမာ-A ယောက်ျားသည် B မိန်းမ၏ အင်္ဂါစပ်လက်ဖြင့် ကိုင်ပွတ်ကာ လိင်စိတ်ဖြေသည်။
ယင်းသို့အကြောင်းချင်းရာမျိုး၌ ၎င်းအင်္ဂါစပ် နာကျင်ရမှုအကြောင်းပြု၍ နာကျင်စေမှု မြောက်/မမြောက်ပါ ထည့်သွင်းစဉ်းစာ၍သုံးသပ်ကာ ဥပဒေပြဿနာရပ်ပေါ်ပေါက်နိုင်ပေ၏။၃၇၆/၅၁၁ ကြံစည်နှင့်မတူတတ်ပါ။အားထုတ်သောအဆင့်သည် မုဒိန်းကျင့်ရန်မဟုတ်။ကာမစိတ် ဖြေဖျောက်သာယာမှု ဟူသောအဆင့်မျိုးပါ။

၉။Travestism
**************

လိင်စိတ်ကို ဆန့်ကျင်ဘက်လိင်၏ အဝတ်အစားခိုးဝှက်ယူ၍ ဝတ်ဆင်ခြင်းမျိုးပါ။ဓမ္မတာကိုဆန့်ကျင်လိင်ဆက်ဆံခြင်းမျိုးဟု သုံးသပ်မိ၏။ရာဇသတ်ကြီး ၃၇၇ အကျုံးဝင်သော စပ်ယှက်ရာ၌ ဓမ္မတာဆန့်ကျင်သော်လည်း အပြုခံရသူမှာသက်ရှိမဟုတ်ဘဲ ဝတ္ထုအင်္ကျိဖြစ်ခြင်းကြောင့် ၃၇၇ မမြောက်တတ်ပေ။

သို့ရာတွင် ၎င်းယူငင်ဝတ်ဆင်သော ဆန့်ကျင်ဘက်လိင်၏အဝတ်အစားမှာ ရာဇသတ်ကြီး ၃၇၈ ပါ ခိုးမှုအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ညီလျှင် ပြစ်မှုမြောက်ကာ ရာဇသတ်ကြီးပုဒ်မ ၃၇၉ မြောက်နိုင်၏။

၁၀။Exhibitionism
*****************

ဒီလို လိင်စိတ်ဖြေသည်ကတော့ ဓမ္မတာဆန့်ကျင်သည်မှန်သော်ငြား ဥပဒေပြဿနာရပ်အငြင်းပွားပြဿနာထွက်နိုင်၏။

မိမိအင်္ဂါစပ်ကို ဆန့်ကျင်ဘက်လိင်အား လှစ်လှပ်ပြကာ ကာမစိတ်ဖြေခြင်းဖြစ်သည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၉ အရ ပြုသူမှာ ကျား/မ ဖြစ်နိုင်သော်လည်း အပြုခံရသူသည် မိန်းမဖြစ်မှသာလျှင် အရေးယူနိုင်ပေ၏။

အကယ်၍သာ အပြုခံရသူ(object)သည် ယောက်ျားဖြစ်ခဲ့လျှင်??

သို့ဖြစ်၍ ယင်းသို့သော လိင်စိတ်ဖြေမှုသည် မနောကံထက် ကာယကံမြောက်ကျူးလွန်တတ်ခြင်းဖြစ်ကာ ကျူးလွန်ရာ၌ ဓမ္မတာနှင့်ဆန့်ကျင်ကာ လိင်စိတ်ဖြေသည်ဟု ယူဆနိုင်သည်။

Credit to original uploader

လေးစားစွာဖြင့်
#ဒေါ်မေဇော်ဦးတရားလွှတ်တော်ရှေ့နေ
ဧရာဝတီတိုင်းဒေသကြီးဘုရားကြီးကုန်းကျေးရွာ
ဘုရားလမ်း ပုသိမ်မြို့ Ph--09783804030

12/07/2025

တိုင်ချင်ရာတိုင်လို့ပြောနေတဲ့ ချေးငွေပြန်မပေးသူကို တရားစွဲလို့ ရ၊မရ
====================================

ဒါမျိုးကျတော့ငွေလိုချင်တဲ့သူက နည်းနည်းအကင်းပါးရတယ်။ တန်းမစွဲရဘူး ။ ဒါမျိုးကျတော့ သူက ကိုယ့်ဆီက ငွေချေးထားတယ် ပြန်မပေးဘူး။ တောင်းတော့လည်း တိုင်ချင်ရာတိုင် နောက် တရားစွဲရမှာလဲ စာချုပ်မူရင်းက မရှိဘူးဆိုတော့။ ဒါမျိုးကျတော့ ရှေနေ့ ရှေရပ်နဲ့ ငှားရမ်းပြီးတော့ ပထမဦးစွာ သတိပေးစာ (Notice ) ထုတ် လိုက်ရတယ်။ စာချုပ်စာတမ်းနဲ့ အခိုင်အမာသက်သေတွေနဲ့ ချုပ်ထားတယ် ။ဒါကြောင့် ဘယ်နေ့ဘယ်ရက်မှာ အပြီးပြန်ပေးပါ ဆိုပြီး Notice စာထုတ်လိုက်ဖို့ကောင်းပါတယ်။ အဲ့လိုထုတ်လိုက်တဲ့အခါ သူဘာပြန် လာမလဲပေါ့။ သူငြင်းမှာလားပေါ့။ သူက ယူတာကိုဝန်ခံရင်လည်းခံမယ်။ မပေးနိုင်ဘူး လို့လည်းပြောချင် ပြော မယ်။ တစ်ခုခုပေါ့။ သူဝန်ခံလာရင် သူယူထားတာကို ဝန်ခံထားတဲ့အတွက် ကိုယ်မှာ ခိုင်မာတဲ့ သက်သေ လုပ် လို့ရတာပေါ့။ ဒါက တစ်ချက်ပေါ့။

အဲ့ဒီလိုမှ မဟုတ်ရင် ဒီစာချုပ်ကလည်းမိတ္တူ ဖြစ်နေတယ်၊ ပြီးတော့ သူကလည်းဝန်ခံတာမရှိဘူး။ Reply မရှိ ဘူးဆိုရင် လုပ်လို့ရတာတစ်ခုကတော့ ချေးတုန်းက မြင်တဲ့သက်သေခေါ် လို့ရတယ်။ လူ သက်သေရှိရင် လည်းတရားစွဲလို့ရပါတယ်။ စာချုပ်စာတမ်းရှိမှ ရယ်လို့မဟုတ်ပါဘူး။ လူသက်သေအခိုင်အမာလိုက်ပေးနိုင်တဲ့ ပုဂ္ဂိုလ်၊ သူကလည်း ယုံကြည်ထိုက်တဲ့ပုဂ္ဂိုလ်ဆိုရင် အဲ့ဒီလူကို သက်သေပြခြင်း အားဖြင့်တရားစွဲလို့ရပါတယ်။ ချေးတဲ့ငွေ ပြန်ရလိုမူနဲ့လည်း တရားစွဲလို့ရပါတယ်။ သုံးနှစ်အတွင်း စွဲပါ။ အဲ့ဒီလိုပဲဖြေကြားပေးချင်ပါတယ်။

ဒေါ်မေဇော်ဦး
တရားလွှတ်တော်ရှေ့နေ ဧရာဝတီတိုင်းဒေသကြီးဘုရားကြီးကုန်းကျေးရွာဘုရားလမ်း ပုသိမ်မြို့
09783804030---09689689770

#ဥပဒေရေးရာဗဟုသုတများ

#အိမ်ခြံမြေတိုက်ခန်းစာချုပ်စာတမ်းအမျိုးမျိုးနှင့်
ဥပဒေအထွေထွေအကြံပေးရှေ့နေ

စာချုပ်ကို ရှေ့နေနဲ့ ချုပ်ရင် ရှေ့နေခနှမျောပြီး တချို့က နမူနာကြည့်ပြီး မိမိကိုယ်တိုင် ဆောင်ရွက်လိုက် တတ်ကြတယ် ။ ပညာရှင်မ...
10/07/2025

စာချုပ်ကို ရှေ့နေနဲ့ ချုပ်ရင် ရှေ့နေခနှမျောပြီး တချို့က နမူနာကြည့်ပြီး မိမိကိုယ်တိုင် ဆောင်ရွက်လိုက် တတ်ကြတယ် ။

ပညာရှင်မဟုတ်သူတစ်ယောက်က မိမိမကျွမ်းကျင်တဲ့အရာကို နမူနာကြည့်ပြီး ဆောင်ရွက်လျင် စိတ်ချရပါမည်လား။

ဥပမာအားဖြင့်
ပေးကမ်းစာချုပ် နမူနာ လိုချင်ပါသည်။
စွန့်လွတ်စာချုပ်နမူနာ လိုချင်ပါသည်။
မွေးစားစာချုပ်နမူနာ လိုချင်ပါသည် စသည်ဖြင့်
တောင်းသူကတောင်း၍ စေတနာဖြင့်ပေးသူကပေးသည်။

အကျိုး ရှိပါရဲ့လား။ 😅😅
စာချုပ်နမူနာကြည့်ပြီး ပေးကမ်းစာချုပ် ၊ စွန့်လွတ်စာချုပ် ၊ မွေးစားစာချုပ် ရေးပြီးချုပ်ဆိုသည်ဆိုပါစို့။

အကျိုးရှိပါရဲ့လား ။ 😅😅

စာချုပ်တစ်စောင်သည် နမူနာကြည့်ပြီး အလွယ်ရေးလို့
ရလျင် အချိန်များစွာပေးပြီး ကျောင်းတက်ရန်မလို ၊
ဒုက္ခပေါင်းစုံခံပြီး ဥပဒေပညာသင်ယူရန်ပင် မလိုတော့ပါ။

စာအုပ်များအလွယ်တကူ ဝယ်ယူ၍ရသည့်အနေအထားတွင် အလွယ်တကူ စာအုပ်ဝယ်ပြီး စာချုပ်ရေးလို့ရနေပြီမဟုတ်ပါလား ။

ဒီလိုလွယ်လွယ်တွေးပြီး လွယ်လွယ်ရေးကြလျင် ၊ လွယ်လွယ်လုပ်ကြလျင်တော့ မမှားလျင်ဘာမှ မဖြစ်ပါ ။😅 တစ်စုံတစ်ခုမှားခဲ့လျင်တော့ ကြီးကြီးမှားမှားပေးဆပ်ရမည်မှာ မလွှဲဧကန်ပင်ဖြစ်ပေသည်။

ဥပမာဆိုပါစို့
ပေးကမ်း စာချုပ်နမူနာတောင်း၍ မိမိဘာသာရေးသားချုပ်ဆိုသည်။
တရားဝင်ပြီလား ၊ ခိုင်မာပြီလား ။ 😌😌
စာချုပ်နမူနာဟူသည် စာသားနမူနာသာဖြစ်သည်။😇

စာချုပ်တစ်စောင်တွင် စာသားထက်ပို၍အရေးကြီးသည့် အချက်များစွာ ရှိသည်။
စာချုပ်တစ်စောင်အတွက် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ၊ မှတ်ပုံတင်ရန် လိုမလို စသည်တို့သည် စာချုပ်နမူနာတွင် မပါကြသည်က များသည်။

ပေးကားပေး၏ မရ မဖြစ်ရလေအောင်
မလိုအပ်ပဲ ရှေ့နေခမနှမျောကြပါနဲ့ ။
ပေးရသည့်ရှေ့နေခ သိန်းဂဏာန်းသည် မိမိရမည့်ပစ္စည်း ၏အစွန်းထွက်ပင် မရှိဆိုသည်ကို သတိပြုကြပါ။
ရှေ့နေခ နှမျောသည့်အတွက် မိမိရမည့် သိန်းပေါင်းများစွာကို ဆုံးရှုံးတတ်ပါသည်။
ထိုအခါကြမှ နောင်တရခဲ့လျင် အချိန်မီမည်မဟုတ်ပါ။ 😌

နမူနာသည် ပညာရှင်မဟုတ်သူများအဖို့ အလကားရတိုင်းမကောင်းပါ။ မသုံးတတ်လျင် ဘေးဖြစ်တတ်ပါ သည်။ သတိပြုဆင်ခြင်နိုင်ကြပါစေ။

ဦးအောင်ဇေယျ(တရားလွှတ်တော်ရှေ့နေ)

တချို့ကရှိသေး စာ (နို့တစ်စာ) လေးတစောင်ကို သိန်းချီယူလို့ ဒီစာလေးရေးတာပဲ ဒီလောက်တောင်ပေးရလားတဲ့ ဒီစာတစောင်နဲ့ အမှုစွဲလို့ရသလို ဒီစာတစောင်နဲ့ပဲ အမှုတခုချေပလို့ရတယ်။ အမှုတခုရင်ဆိုင်ရရင် သိန်းဆယ်ချီကုန်တယ်။ ရှေ့နေရေးပေးတဲ့ နို့တစ်စာလေးတစောင် သိန်းဂဏန်းအကုန်ခံလိုက်ရုံနဲ့ သိန်းဆယ်ချီမကုန်နိုင်တော့တာ သိနားလည်ကြဖို့အရေးကြီးပါသည်။

လေးစားမှုဖြင့်
#ဒေါ်မေဇော်ဦးတရားလွှတ်တော်ရှေ့နေပုသိမ်မြို့
#ဧရာဝတီတိုင်းဒေသကြီးဘုရားကြီးကုန်းကျေးရွာ #ဘုရားလမ်းပုသိမ်မြို့

29/06/2025

အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးရန် နှင့်
မှတ်ပုံတင်ပေးစေလိုမှု့
==============================

ပဋိညာဥ်ပြုပြီး ၁၂ နှစ် ၊ ၁၃ နှစ်ကြာမှ ပဋိညာဥ်ကိုအတည်ပြုရန် အရေးဆိုလာခြင်း ၊

ထိုသူအား မိမိအခွင့်အရေးကို အရေးမဆိုဘဲ အိပ်ပျော်နေသည်ဟု မဆိုနိုင် ၊

မိဘများက အရွယ်မရောက်သေးသည့် သားသမီးများ၏ ပစ္စည်းများကို ရောင်းချခြင်း ၊ ပေါင်နှံခြင်း ၊ ပြုပါက အဆိုပါလွှဲပြောင်းမှု့သည် တည်မြဲခိုင်မာမှု့ မရှိခြင်း ၊

သီးခြားသက်သာခွင့်အက်ဥပဒေ ပုဒ်မ ၁၄ ၊ ၁၅ ၊ ၁၆ တို့နှင့် အကျုံးမဝင်လျင် ပဋိညာဥ်တစ်ပိုင်းတစ်စကို ဆောင်ရွက်စေရန် ဆင့်ဆိုခြင်း မပြုနိုင် ၊

ဒေါ်သန်းစိန် ၊ ဒေါ်မြမြ ( ခ ) ဒေါ်မြမြချစ်
နှင့်
ဒေါ်အေးအေးကြည် ပါ ၃
၁၉၉၈ ၊ မ တ စ ၊ ၂၆၃

Address

ဘုရားလမ်း
Pathein

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Daw May Zaw Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category