Daw May Zaw Oo LL.B Advocate

Daw May Zaw Oo LL.B Advocate Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daw May Zaw Oo LL.B Advocate, Legal, ဘုရားလမ်း/ဘုရားကြီးကုန်းကျေးရွာ ပုသိမ်မြို့, Pathein.

"သက်သေ၏ မျက်ကွယ်တွင် ချုပ်ဆိုသော စာချုပ်များ ပျက်ပြယ်ခြင်း"အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ်စာချုပ်၊ အပေါင်စာချုပ်၊ ပေးကမ...
06/11/2024

"သက်သေ၏ မျက်ကွယ်တွင် ချုပ်ဆိုသော စာချုပ်များ
ပျက်ပြယ်ခြင်း"

အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ်စာချုပ်၊ အပေါင်စာချုပ်၊ ပေးကမ်းခြင်းစာချုပ် အပါအဝင် စာချုပ်အမျိုးမျိုး ချုပ်ဆိုကြရာ၌ အနည်းဆုံး အသိသက်သေနှစ်ဦးက သိရှိသူအဖြစ် လက်မှတ်ရေး ထိုးကြရသည်။

တစ်ခါတစ်ရံတွင် စာချုပ် များကို အသိသက်သေများရှေ့၌
ချုပ်ဆိုလက်မှတ်ရေးထိုးကြခြင်း မဟုတ်ဘဲ
နောက်မှ အသိသက်သေ များကို ဖြည့်စွက်လက်မှတ်ရေးထိုး
ကြသည်လည်း ရှိသည်။

* ဥပဒေအရ စာချုပ်ချုပ်ဆိုသူကာယကံရှင်တို့၏ ရှေ့တွင်
မဟုတ်ဘဲ မျက် ကွယ်၌ အသိသက်သေလက်မှတ် ထိုးခြင်း
မှန်ကန်ပါက အဆိုပါ စာ ချုပ်သည်တရားမဝင်ပျက်ပြယ်မည်
ဖြစ်သည်။ *

သက်သေခံဥပဒေပုဒ်မ-၇ဝ တွင်
အသိသက်သေလက်မှတ် ရေးထိုးထားသော
စာတမ်း အမှတ်အသားကို ချုပ်ဆိုသူကိုယ်တိုင်က
ချုပ်ဆိုခဲ့ကြောင်းဝန်ခံချက်သည် သက်သေသာဓကဖြစ်သည်ဟု
ဖော်ပြထားသည်။

ထို့ကြောင့်စာချုပ် ချုပ်ဆိုသူသည် စာချုပ်ချုပ်ဆိုခဲ့ကြောင်း
ဝန်ခံရုံမျှဖြင့်မလုံလောက်ပေ။
အသိသက်သေ လက်မှတ်ရေးထိုးထား သော စာတမ်း
အမှတ်အသားကို ချုပ်ဆိုခဲ့ပါသည်ဟု ဝန်ခံမှသာ
လုံ လောက်သည့် ဝန်ခံချက်ဖြစ်ပေသည်။

''မောင်မိုးကြိုးပါ ၂ဦးနှင့် မောင်မင်းဒင်-၁၉၂၇ ခုနှစ်အတွဲ ၅
ရန်ကုန်စီရင်ထုံး-စာမျက်နှာ ၅၆၁'' တွင်
* ပေါင်နှံသူက စာချုပ် ချုပ်ဆိုကြောင်းဝန်ခံသော်လည်း
အပေါင်စာချုပ်ကို ဥပဒေနှင့်အညီ သက်သေများက
မှန်ကန်ကြောင်း လက်မှတ်ရေးထိုး ထား ခြင်းမရှိလျှင်
သက်သေခံဥပဒေ ပုဒ်မ-၇ဝအရ
ယင်းစာချုပ်သည် တရားဝင်ဖြစ်မလာနိုင်ကြောင်းညွှန်ပြ
ထားသည်ကို တွေ့ရသည်။ သို့ဖြစ်၍ စာချုပ်ချုပ်ဆို ရာတွင်
ချုပ်ဆိုသူများအနေဖြင့်အ သိသက်သေတို့ရှေ့တွင်ချုပ်ဆို
လက်မှတ်ရေး ထိုးကြရန်အထူးလို အပ်ပေသည်။ *

''ဦးစိုးအောင်နှင့်ဒေါ်ခင်ခင်လှပါ ၂ ဦး (ကွယ်လွန်သူ
ဒေါ် ဖွားသက်၏ တရားဝင်ကိုယ်စားလှယ်များ) -
၂ဝဝဝ ခုနှစ် မြန်မာ နိုင်ငံစီရင်ထုံး၊ စာမျက်နှာ ၇၃
အမှုမှာ

- တနင်္သာရီတိုင်းတရားရုံး၌ ဒေါ်ဖွားသက်က
ဦးစိုးအောင် အပေါ် နေအိမ်နှင့် မြေအပိုင်ပေးစာချုပ် အား
ပယ်ဖျက်ပေးစေလိုမှုစွဲဆိုခဲ့ သည်။
- တိုင်းတရားရုံးက ဒေါ်ဖွားသက်စွဲဆိုသောအမှုကို ပလပ်လိုက်
သဖြင့် ဒေါ်ဖွားသက် က တရားရုံးချုပ်သို့ အယူခံဝင်ရောက်
သည့်အခါ တရားရုံးချုပ်က တိုင်း တရားရုံး၏စီရင်ချက်နှင့်
ဒီကရီကို ပယ်ဖျက်ပြီး ဒေါ်ဖွားသက်စွဲဆို သည့်အတိုင်း
အနိုင်ဒီကရီချမှတ် ပေးခဲ့သည်။
- ယင်းအမိန့်ကို မကျေ နပ်၍ ဦးစိုးအောင်က အထူးအယူခံ
ဝင်လာခြင်းဖြစ်သည်။ အထူးအ ယူခံတင်သွင်းထားစဉ်
ဒေါ်ဖွားသက် ကွယ်လွန်သွားသဖြင့် ဒေါ် ခင်ခင်လှ တို့က
ဒေါ်ဖွားသက်၏ တရားဝင် ကိုယ်စားလှယ်အဖြစ်
ပါဝင်လာခြင်းဖြစ်သည်။

အထူးအယူခံရုံးက သုံးသပ်ဆုံးဖြတ်သည်မှာ
ဤအမှု သည်
- ထားဝယ်မြို့၊ မြို့့မရပ်ကွက်၊ အကွက်အမှတ် ၄၁ နှင့်
ယင်းမြေ ပေါ်ရှိအိမ်ကို ဒေါ်ဖွားသက်က တူဖြစ်သူ
ဦးစိုးအောင်အား အပိုင်ပေးကမ်းသည့်နေအိမ်နှင့်
မြေအပိုင် ပေးကမ်းခြင်း စာချုပ်ကို ၂၃.၄.၉ဝ နေ့
စာချုပ်ဆိုခဲ့သည်။
- ဒေါ်ဖွား သက်က ၄င်းအားလိမ်လည်လှည့် ဖြား၍
စာချုပ်လက်မှတ်ရေးထိုးစေခဲ့ခြင်းဖြစ်၍ ထိုစာချုပ်အား
ပယ်ဖျက်ပေးစေလိုမှုကို ဦးစိုးအောင်အ ပေါ်စွဲဆိုခြင်း
ဖြစ်သည်။
- မေတ္တာဖြင့်ပေးသော စာ ချုပ်တွင် အနည်းဆုံး
အသိသက်သေနှစ်ဦးက လက်မှတ်ရေးထိုးမှ သာ
ထိုစာချုပ်သည် တရားဝင် မည်ဖြစ်သည်။
- ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၃ တွင်
* မှန် ကန်ကြောင်းလက်မှတ်ရေးထိုးခြင်း ဆိုသည်မှာ
စာချုပ်စာတမ်း တစ်ခုကို ချုပ်ဆိုခြင်းနှင့်စပ်လျဉ်း၍
သက် သေ ၂ ဦးသို့မဟုတ် အများက
ယင်းစာချုပ်စာတမ်းတွင် ချုပ်ဆို သူ
လက်မှတ်ရေးထိုးသည်ကို
အသီးသီး မြင်တွေ့ပြီးနောက်ဖြစ်စေ၊
စာချုပ်ချုပ်ဆိုသူက မိမိလက်မှတ် သို့မဟုတ် အမှတ်အသား
မှန်ကန် ကြောင်း ဝန်ခံပြောသဖြင့်ဖြစ်စေ၊
ယင်းသက်သေ အသီးသီးတို့က စာ ချုပ် ချုပ်ဆိုသူတို့၏
ရှေ့တွင် မှန် ကြောင်း၊ ဝန်ခံလက်မှတ်ရေး ထိုး ကြခြင်းကို
ဆိုလိုသည်ဟုအဓိပ္ပာယ် ဖွင့်ဆိုထားပေသည်။ *

မှန်ကန်ကြောင်းလက် မှတ်ရေးထိုးခြင်းအထမြောက်ရန်မှာ-
၁။ အနည်းဆုံးသက်သေနှစ်ဦးရှိရ မည်။
၂။ သက်သေတိုင်းက စာချုပ်ချုပ်ဆိုသူ
လက်မှတ်ရေးထိုးသည် ကို ဖြစ်စေ၊
အမှတ်အသားပြုသည်ကို ဖြစ်စေ တွေ့မြင်ရမည်။
သို့မဟုတ် စာချုပ်ချုပ်ဆိုသူက မိမိလက်မှတ်သို့မဟုတ်
အမှတ်အသားဖြစ် ကြောင်းဝန်ခံပြောဆိုချက်ကို ကြားသိ၍
ဆောင် ရွက်ခြင်းဖြစ်ရမည်။
၃။ သက်သေတိုင်းက စာချူပ် ချုပ် ဆိုသူ၏ ရှေ့တွင်
လက်မှတ်ရေးထိုး ရမည်ဖြစ်ပေသည်။

- ဒေါ်ဖွားသက်က အချင်းဖြစ် မြေနှင့်အိမ်ကို
ဦးစိုးအောင်အား
ပေးကမ်းသည့် စာချုပ်ချုပ် ဆိုကြောင်းနှင့်
စာချုပ်တွင် ၄င်း လက်မှတ်ရေးထိုးသည်ကို ဝန်ခံ သည်။
သို့ရာတွင်စာချုပ်ပါ သက်သေလူကြီးများမှာ နောက်မှ
၄င်း ၏မျက်ကွယ်တွင် လက်မှတ်ရေး ထိုးခြင်းဖြစ်၍
တရားမဝင်ကြောင်း အဆိုပြုထားသည်။
- သက်သေလူကြီးများက လည်းဒေါ်ဖွားသက်ရှေ့မှောက်တွင်
လက်မှတ်ရေးထိုးခြင်း မဟုတ်ကြောင်း ဝန်ခံကြသည်။
- ထိုအချက်ကို ဦးစိုး အောင်ကိုယ်တိုင်ကလည်း
မငြင်းဆိုပေ။
- စာချုပ်ကို မှတ်ပုံတင်ရာ တွင်လည်း
အသိသက်သေလူကြီး များက မှတ်ပုံတင်ရုံးသို့လိုက်ပါခဲ့ ခြင်း
မရှိပေ။ သက်သေလူကြီးများ လက်မှတ်ရေးထိုးပြီးဖြစ်၍
မှတ်ပုံတင်အရာရှိက တစ်ခါတည်းမှတ်ပုံတင်ပေးလိုက်သည်ဟု
ဦးစိုး အောင်ကထွက်ဆိုသည်။
- သက်သေခံဥပဒေပုဒ်မ ၇ဝတှငြ
အသိသက်သေလက်မှတ် ရေးထိုးထားသော
စာတမ်းအမှတ် အသားကို ချုပ်ဆိုသူကိုယ်တိုင်
ချုပ်ဆိုခဲ့ကြောင်း
ဝန်ခံချက်ဟုဖော် ပြထားရာ၊ ချုပ်ဆိုသူက ချုပ်ဆိုခဲ့ ကြောင်း
ဝန်ခံရုံမျှဖြင့် မလုံလောက် ချေ။ အသိသက်သေတိ့ု ကိုယ်တိုင်
ရှေ့တွင် လက်မှတ်ရေးထိုးထား သော
စာတမ်းအမှတ်အသားကို ချုပ်ဆိုပါသည်ဟု ဝန်ခံမှသာ
လုံလောက်သော ဝန်ခံချက်ဖြစ်သည်။

ယခုအမှုတွင်
- ပေးကမ်း ခြင်းစာချုပ်ကို စာချုပ်ချုပ်ဆိုသူ ဒေါ်ဖွားသက်က
အသိသက်သေများ ၏မျက်ကွယ်တွင် လက်မှတ်ရေး
ထိုးခဲ့သည်။
- ဦးစိုးအောင်က ဒေါ် ဖွားသက် လက်မှတ် ဖြစ်ပါသည် ဟု
ပြောသည်ကို ယုံကြည်၍ သက် သေများက ဒေါ်ဖွားသက်
မျက် ကွယ်တွင် လက်မှတ်ရေးထိုးပေးခဲ့ သည်။
ထို့ကြောင့်
- သက်သေ များသည် ဒေါ်ဖွားသက်က မိမိ လက်မှတ်
မှန်ကန်ကြောင်း၊ ပြောဆိုသဖြင့် လက်မှတ်ရေးထိုးပေးခဲ့ခြင်း
မဟုတ်သည့် အပြင် စာ ချုပ်ချုပ်ဆိုသူ ဒေါ်ဖွားသက်ရှေ့၌
လက်မှတ်ရေးထိုးခြင်းမဟုတ် သ ဖြင့်
ပေးကမ်းခြင်းစာချုပ်သည်
ပစ္စည်း လွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၃ပါ
ပြဋ္ဌာန်းချက်များနှင့် မညီညွှတ်ကြောင်း တွေ့ရသည်။

* စာချုပ်ချုပ်ဆိုသူက စာ ချုပ်ချုပ်ဆိုခြင်းကို ဝန်ခံသော် လည်း၊
စာချုပ်တွင် သက်သေ များက မှန်ကြောင်းနည်းလမ်း တ ကျ
လက်မှတ်ရေးထိုးထားခြင်း မရှိလျှင်
သက်သေခံ ဥပဒေ ပုဒ်မ-၇ဝပါ ပြဋ္ဌာန်းချက်အရ
ယင်း စာ ချုပ် အားတရားဝင် စာချုပ် အ ဖြစ် လက်မခံနိုင်ပေ။ *

သို့ဖြစ်၍
- ဒေါ်ဖွားသက် စွဲဆိုသည့်အတိုင်း နေအိမ်နှင့် မြေ
အပိုင်ပေးကမ်းခြင်း စာချုပ်အား ပယ်ဖျက်စေလိုမှုကို
ခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့ပေသည်။

အထက်ပါ ဥပဒေ အ ချက်အလက်၊ စီရင်ထုံးများ အရ
စာချုပ်စာတမ်းများချုပ်ဆိုရာတွင် သက်သေအစုံအလင်ဖြင့်
စာချုပ် ချုပ်ဆို သူတို့ရှေ့မှောက်၌ အားလုံး ချုပ်ဆို
လက်မှတ်ရေးထိုး၊ လက်ဗွေ နှိပ်ခြင်းတို့ ပြုလုပ်မှသာ
တရားဝင် စာချုပ်ဖြစ်မည်ဖြစ်ကြောင်း
အကြံ ပြုရေးသားလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

cred--
#ဒေါ်မေဇော်ဦးတရားလွှတ်တော်ရှေ့နေပုသိမ်မြို့
#ဧရာဝတီတိုင်းဒေသကြီးဘုရားကြီးကုန်းကျေးရွာ #ဘုရားလမ်းပုသိမ်မြို့

စာချုပ် ချုပ်တာနဲ့ ပတ်သက်လို့ သိထားရမယ်၊ သတိထားရမယ်၊ ဒါမှ ခိုင်မာ ပြည့်စုံမယ်။ စာချုပ်စာတမ်း များကို ဥပဒေနှင့်အညီ ချုပ်တ...
06/11/2024

စာချုပ် ချုပ်တာနဲ့ ပတ်သက်လို့ သိထားရမယ်၊ သတိထားရမယ်၊ ဒါမှ ခိုင်မာ ပြည့်စုံမယ်။ စာချုပ်စာတမ်း များကို ဥပဒေနှင့်အညီ ချုပ်တတ်ဖို့ လိုပါတယ်။ ချုပ်ဆိုပြီးသား စာချုပ် များကိုကြည့်ပြီး ကူးယူချုပ်ဆိုရင်လည်း စာချုပ်တစ်စောင်မှာ ပါဝင်သင့်တဲ့ အချက်များ၊ လုပ်ငန်းသဘာခြင်း မတူညီတဲ့အတွက် ကူးယူချုပ်ဆိုရင် မှန်ကန်တယ်လို့ မဆိုနိုင်ပါဘူး၊ စာချုပ်ချုပ်ဆိုနည်းကို ပိုင်ပိုင်နိုင်နိုင် သိထားဖို့ လိုပါတယ်။ အရေးကြုံလာရင် မပြည့်စုံတဲ့ စာချုပ်များကြောင့် ငွေကြေးမြောက်များစွာ ဆုံးရုံးရတတ် ပါတယ်။ မြေကွက်နဲ့ နေအိမ်များ ဆုံးရှုံးတတ် ပါတယ်။ အချို့လည်း ဘုမသိ ဘမသိနဲ့ ထောင်ကျသွားသူတွေ ရှိပါတယ်။

ဘာကြောင့် စာချုပ်ချုပ်ဆိုကြ တာလဲ၊ အိမ်ခြံမြေ တိုက်ခန်း အရောင်း အဝယ်စာချုပ်၊ လက်ထပ်စာချုပ်၊ ကွာရှင်းစာချုပ်၊ ငွေချေးငှားခြင်းစာချုပ်၊ အစုစပ်စာချုပ်စတဲ့ စာချုပ်များ ချုပ်ဆိုကြပါတယ်။ ဘာကြောင့်လဲ၊ "နှုတ်တစ်ရာ စာတစ်လုံး" ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ စာနဲ့ ရေးသား ထားချက်ကို တန်ဖိုးထားကြောင်း ထင်ဟပ်တဲ့ ဆိုရိုး ဖြစ်ပါတယ်။ စာနဲ့ မှတ်တမ်းတင်ထားတာကို နှုတ်ပြောနဲ့ လွယ်လွယ် မချေဖျက်နိုင်စေဖို့ ဖြစ်ပါတယ်။ ကာယံကံရှင်တို့က မိမိတို့ သဘောတူညီချက်တွေကို တကူးတက ရေးမှတ်ထားကြရင် သူတို့ကြားမှာဖြစ်စေ သူတို့ရဲ့ အခွင့်အရေးကို ဆက်ခံသူတို့ ကြားမှာ ဖြစ်စေ ထိုရေးမှတ်ချက်ဟာ သူတို့ ရည်ရွယ်ရင်းကို ပြည့်ပြည့်စုံစုံ အပြီးသတ်ဖော်ပြချက် အရလည်းကောင်း၊ နောင်တွင် အငြင်းပွားမှု၊ မရိုးမသားပြုလုပ်မှု၊ မေ့မေ့လျော့လျော့ဖြစ်မှုများ ဘေးမှ ကင်းဝေးစေရန် လည်းကောင်း ရည်စူးခြင်း ဖြစ်ပါတယ်။

ဒီလို စာချုပ်ပြုလုပ် ခြင်းအားဖြင့် စာချုပ် မပြုလုပ်မှီဖြစ်စေ ပြုလုပ်ပြီးမှ ဖြစ်စေ ပြုလုပ်ဆဲတွင်ဖြစ်စေ ကာယကံရှင်များ ပြောကြဆိုကြသည့် ကိစ္စနှင့် ပတ်သက်ပြီး နောင်မှာ စာချုပ်ကလွဲပြီး နှုတ်ဖြင့် အမျိုးမျိုးပြောဆိုခြင်းမှ ကာကွယ်ပြီးလည်း ဖြစ်ပါတယ်။ စာချုပ်ပြုလုပ်ထားခြင်းမရှိပဲ နှုတ်ကတိနဲ့သာ ပြုလုပ်ထားရင် နှစ်ကာလ ကြာတဲ့အခါ မေ့လျော့ခြင်းကြောင့် ဖြစ်စေ၊ အကြောင်း တခုခုကြောင့်ဖြစ်စေ ဖြေရှင်းရခက်မှာ ဖြစ်ပြီး စာချုပ်ပြုလုပ်ထားရင် နှုတ်နဲ့ ဖြေရှင်းရန် မလိုတော့ပဲ စာချုပ်ပါ အချက်ကိုသာ ဖြေရှင်းရန် လိုတဲ့အတွက် တိကျခိုင်မာတဲ့ အကြောင်းအရာ ပါဝင်တဲ့ စာချုပ်ဖြစ်တဲ့ အတွက် စာချုပ်ပြုလုပ် ချုပ်ဆိုကြရခြင်း ဖြစ်ပါတယ်။

စာချုပ်နဲ့ ပတ်သက်လို့...
** သက်ဆိုင်သောဥပဒေများ **
၁။ ပဋိညာဉ်ဥပဒေ (၁၈၇၂)
၂။ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ (၁၉၂၂)
၃။ သက်သေခံဥပဒေ (၁၈၇၂)
၄။ ကာလစည်းကမ်းသက်ဥပဒေ (၁၉၀၉)
၅။ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေ (၁၉၀၈)(၂၀၁၈)
၆။ မြန်မာနိုင်ငံ တဆိပ်ခေါင်းဥပဒေ (၁၈၈၉)
၇။ ကုန်စည်ရောင်းချခြင်း ဥပဒေ (၁၈၇၂) အစရှိတဲ့ ဥပဒေများ သိထားရင် ကောင်းပါတယ်။ စာချုပ်စာတမ်း တစ်ခုကို မည်သည့်အချက်အလက်များ ပြည့်စုံစွာ ရေးသားချုပ်ဆိုရမည်လို့ ပြဌာန်းထားခြင်းမရှိပါဘူး၊ လုပ်ငန်း သဘာဝအရ ပြဌာန်းဥပဒေနဲ့ ညီညွတ်အောင်သာ ချုပ်ဆိုရပါတယ်။ နားမလည်နိုင်တော့ရင်လည်း နားလည်သူနဲ့သာ ချုပ်ဆိုကြစေ လိုပါတယ်လို့ အကြံပြုရင်း....။

Credit ... နိုင်သူ (ဟံသာမြေ) နှင့် ဦးကြည်စိုး IC ၏ ပို့ချချက် မှတ်စုများ၊ စာချုပ်စာတမ်း လိမ်လည်အတုပြုသည့် ကိစ္စများအပေါ် စီရင်ထုံးများ ပူးတွဲ တင်ပြလိုက်ပါသည်။
Original Upload Sir Myo Min Tun

စုဆောင်းတင်ပြသူ _

#ဒေါ်မေဇော်ဦးတရားလွှတ်တော်ရှေ့နေပုသိမ်မြို့ #ဧရာဝတီတိုင်းဒေသကြီးဘုရားကြီးကုန်းကျေးရွာ #ဘုရားလမ်းပုသိမ်မြို့

စာချုပ်ကို ရှေ့နေနဲ့ ချုပ်ရင် ရှေ့နေခနှမျောပြီး တချို့က နမူနာကြည့်ပြီး မိမိကိုယ်တိုင် ဆောင်ရွက်လိုက် တတ်ကြတယ် ။ ပညာရှင်မ...
06/11/2024

စာချုပ်ကို ရှေ့နေနဲ့ ချုပ်ရင် ရှေ့နေခနှမျောပြီး တချို့က နမူနာကြည့်ပြီး မိမိကိုယ်တိုင် ဆောင်ရွက်လိုက် တတ်ကြတယ် ။

ပညာရှင်မဟုတ်သူတစ်ယောက်က မိမိမကျွမ်းကျင်တဲ့အရာကို နမူနာကြည့်ပြီး ဆောင်ရွက်လျင် စိတ်ချရပါမည်လား။

ဥပမာအားဖြင့်
ပေးကမ်းစာချုပ် နမူနာ လိုချင်ပါသည်။
စွန့်လွတ်စာချုပ်နမူနာ လိုချင်ပါသည်။
မွေးစားစာချုပ်နမူနာ လိုချင်ပါသည် စသည်ဖြင့်
တောင်းသူကတောင်း၍ စေတနာဖြင့်ပေးသူကပေးသည်။

အကျိုး ရှိပါရဲ့လား။ 😅😅
စာချုပ်နမူနာကြည့်ပြီး ပေးကမ်းစာချုပ် ၊ စွန့်လွတ်စာချုပ် ၊ မွေးစားစာချုပ် ရေးပြီးချုပ်ဆိုသည်ဆိုပါစို့။

အကျိုးရှိပါရဲ့လား ။ 😅😅

စာချုပ်တစ်စောင်သည် နမူနာကြည့်ပြီး အလွယ်ရေးလို့
ရလျင် အချိန်များစွာပေးပြီး ကျောင်းတက်ရန်မလို ၊
ဒုက္ခပေါင်းစုံခံပြီး ဥပဒေပညာသင်ယူရန်ပင် မလိုတော့ပါ။

စာအုပ်များအလွယ်တကူ ဝယ်ယူ၍ရသည့်အနေအထားတွင် အလွယ်တကူ စာအုပ်ဝယ်ပြီး စာချုပ်ရေးလို့ရနေပြီမဟုတ်ပါလား ။

ဒီလိုလွယ်လွယ်တွေးပြီး လွယ်လွယ်ရေးကြလျင် ၊ လွယ်လွယ်လုပ်ကြလျင်တော့ မမှားလျင်ဘာမှ မဖြစ်ပါ ။😅 တစ်စုံတစ်ခုမှားခဲ့လျင်တော့ ကြီးကြီးမှားမှားပေးဆပ်ရမည်မှာ မလွှဲဧကန်ပင်ဖြစ်ပေသည်။

ဥပမာဆိုပါစို့
ပေးကမ်း စာချုပ်နမူနာတောင်း၍ မိမိဘာသာရေးသားချုပ်ဆိုသည်။
တရားဝင်ပြီလား ၊ ခိုင်မာပြီလား ။ 😌😌
စာချုပ်နမူနာဟူသည် စာသားနမူနာသာဖြစ်သည်။😇

စာချုပ်တစ်စောင်တွင် စာသားထက်ပို၍အရေးကြီးသည့် အချက်များစွာ ရှိသည်။
စာချုပ်တစ်စောင်အတွက် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ၊ မှတ်ပုံတင်ရန် လိုမလို စသည်တို့သည် စာချုပ်နမူနာတွင် မပါကြသည်က များသည်။

ပေးကားပေး၏ မရ မဖြစ်ရလေအောင်
မလိုအပ်ပဲ ရှေ့နေခမနှမျောကြပါနဲ့ ။
ပေးရသည့်ရှေ့နေခ သိန်းဂဏာန်းသည် မိမိရမည့်ပစ္စည်း ၏အစွန်းထွက်ပင် မရှိဆိုသည်ကို သတိပြုကြပါ။
ရှေ့နေခ နှမျောသည့်အတွက် မိမိရမည့် သိန်းပေါင်းများစွာကို ဆုံးရှုံးတတ်ပါသည်။
ထိုအခါကြမှ နောင်တရခဲ့လျင် အချိန်မီမည်မဟုတ်ပါ။ 😌

နမူနာသည် ပညာရှင်မဟုတ်သူများအဖို့ အလကားရတိုင်းမကောင်းပါ။ မသုံးတတ်လျင် ဘေးဖြစ်တတ်ပါ သည်။ သတိပြုဆင်ခြင်နိုင်ကြပါစေ။

ဦးအောင်ဇေယျ(တရားလွှတ်တော်ရှေ့နေ)

တချို့ကရှိသေး စာ (နို့တစ်စာ) လေးတစောင်ကို သိန်းချီယူလို့ ဒီစာလေးရေးတာပဲ ဒီလောက်တောင်ပေးရလားတဲ့ ဒီစာတစောင်နဲ့ အမှုစွဲလို့ရသလို ဒီစာတစောင်နဲ့ပဲ အမှုတခုချေပလို့ရတယ်။ အမှုတခုရင်ဆိုင်ရရင် သိန်းဆယ်ချီကုန်တယ်။ ရှေ့နေရေးပေးတဲ့ နို့တစ်စာလေးတစောင် သိန်းဂဏန်းအကုန်ခံလိုက်ရုံနဲ့ သိန်းဆယ်ချီမကုန်နိုင်တော့တာ သိနားလည်ကြဖို့အရေးကြီးပါသည်။

လေးစားမှုဖြင့်
#ဒေါ်မေဇော်ဦးတရားလွှတ်တော်ရှေ့နေပုသိမ်မြို့
#ဧရာဝတီတိုင်းဒေသကြီးဘုရားကြီးကုန်းကျေးရွာ #ဘုရားလမ်းပုသိမ်မြို့

စာချုပ်အကြောင်းသိကောင်းစရာ  အမှန်အားဖြင့် စာချုပ်စာတမ်းတစ်ရပ်ကို မည်သည့် အချက်အလက် အင်္ဂါရပ်များနှင့် ပြည့်စုံစွာ ရေးသား...
06/11/2024

စာချုပ်အကြောင်းသိကောင်းစရာ

အမှန်အားဖြင့် စာချုပ်စာတမ်းတစ်ရပ်ကို မည်သည့် အချက်အလက် အင်္ဂါရပ်များနှင့် ပြည့်စုံစွာ ရေးသားချုပ်ဆိုရမည်ဟု ပြဋ္ဌာန်းထားခြင်းမရှိပါ။ အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုခြင်းသည် ပဋိညာဉ် ဖွဲ့ခြင်းဖြစ်၍ ပဋိညာဉ်အက်ဥပဒေအရ တရားဝင် ပဋိညာဉ်မြောက်ရန် လိုအပ်သော အင်္ဂါရပ်များနှင့် ပြည့်စုံရန်သာ လိုအပ်ပါသည်။

သို့ရာတွင် ဥပဒေအရ အသိသက်သေ လက်မှတ်ရေးထိုးရန် လိုအပ်သည့် စာတမ်းအမှတ်အသားကို ယင်းလိုအပ်ချက်အတိုင်း အသိသက်သေများက လက်မှတ်ရေးထိုးမှသာ တရားဝင်မည်ဖြစ်သည်။

သို့ဖြစ်၍ စာချုပ်စာတမ်းတစ်ခုသည် ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ အသိသက်သေများက လက်မှတ် ရေးထိုးထားခြင်း မရှိက ယင်းစာတမ်းအမှတ်အသားကို ချုပ်ဆိုကြောင်း ဝန်ခံစေကာမူ တရားဝင်သည့် စာတမ်းအမှတ်အသား ဖြစ်မလာနိုင်ပါ။

စာချုပ်များ ရေးသားရန် အကြောင်းကိစ္စများ ပေါ်ပေါက်လာတိုင်း ရပ်ထဲရွာထဲရှိ လူရည်လည်သူများ၊ စာချုပ်ရေးဖူးသူများ၊ ရုံးပြင်ကန္နားရှိ ပုဂ္ဂိုလ်များနှင့် နီးနီးကပ်ကပ်ရှိသူများကို အများအားဖြင့် အကူအညီ တောင်း ဆောင်ရွက်လေ့ရှိကြသည်။

ထိုသို့ဆောင်ရွက်ချုပ်ဆိုသူများရှိသကဲ့သို့ အချို့သော စီးပွားရေးသမားများက စာချုပ် တံဆိပ်တော်ခေါင်း စာရွက်ပေါ်တွင် စရံပေးစာချုပ်၊ အရောင်းအဝယ်စာချုပ်၊ သဘောတူကတိစာချုပ် စသည်ဖြင့် စာချုပ်ပုံစံ အမျိုးမျိုးကို လိုရင်း အကျဉ်းချုပ်ရေးထားပြီး ထိုစာချုပ်ပေါ်တွင် အမည် ၊ မှတ်ပုံတင် ၊ နေရပ်လိပ်စာ ၊ တန်ဖိုး စသည်တို့လောက်သာ ဖြည့်သွင်းရသည့် အသင့်ရိုက်နှိပ်ထားပြီး စာချုပ်များကို စတိုးဆိုင် အတော်များများတွင် ဝယ်ယူချုပ်ဆိုကြသည်လည်း ရှိကြပါသည်။

ပုံစံစာချုပ်များသည် စာချုပ်ရေးသားရန် ခက်ခဲနေသူများ ၊ မည်သို့မည်ပုံ ရေးသားရမည်ကို မသိသူများအတွက် အသုံးတည့်သည့်သဘောရှိသော်လည်း ကိစ္စရပ်တိုင်းအတွက် အသုံးတည့်၊ လုံလောက်မှု မရှိသည်ကို မိမိဉာဏ်ဖြင့် စဉ်းစားဆင်ခြင်ကြစေလိုပါသည်။

အရောင်းအဝယ် စာချုပ်ချုပ်ဆိုကြခြင်းသည် သဘောတူကတိ စာချုပ်ချုပ်ဆိုခြင်းဖြစ်ပြီး သဘောတူ ကတိစာချုပ်၏ သဘောမှာ အရောင်းအဝယ်စာချုပ် ပြုလုပ်ချုပ်ဆိုနိုင်ရန် နှစ်ဦးနှစ်ဖက် သဘောတူကြ သည့် အချက်များကို ကတိပြုချုပ်ဆိုသော စာချုပ်တစ်ရပ်ဖြစ်သည့်အတွက် စည်းကမ်းချက်များ၊ ဝန်ခံချက်များ၊ သဘောတူညီချက်များ သူ့နေရာနှင့်သူ လက်ရှိဆောင်ရွက်မှုများ အတိုင်း အစီစဉ်တကျ ပါဝင်အောင်ချုပ်ဆိုသင့်သည်။

ပြဿနာများမတက်ရန် စာချုပ်များ ချုပ်ဆိုနေကြသည့် ကြားမှာပင် ပြဿနာများတက်နေကြခြင်းမှာ များသောအားဖြင် စာချုပ်ချုပ်ရာတွင် အထက်ကဆိုခဲ့သည့်အတိုင်း မချုပ်ဆိုကြသည့်အတွက်ကြောင့် ဖြစ်ရသည်ကများပေသည်။

အိမ်အပေါင်ခံခြင်းအား အိမ်ရောင်းသည်ဟု စာချုပ်ချုပ်သူကချုပ်၊ ငွေချေးငှါးသည်ကို ငွေအပ်နှံသည် ဟု စာချုပ်ချုပ်သူကချုပ် ၊ အမှန်တကယ် ငွေမပေးပါပဲလျက် စာချုပ်တွင် ငွေချေးသည်ဟု လည်းကောင်း ငွေလက်ခံရရှိပါသည်ဟုလည်းကောင်း အမျိုးမျိုး ချုပ်ဆိုနေကြသည်ကို တွေ့မြင်နေ ကြရသည်။ ပြဿနာ မဖြစ်လျှင်ကိစ္စ မရှိသော်လည်း တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာပါက ဟန်ဆောင်စာချုပ် အဖြစ် ပေါ်လွင်သွားလျှင် ဖွတ်မရ ၊ဓား မဆုံးအဖြစ်သို့ ရောက်ရှိသွားနိုင်သဖြင့် စာချုပ်ချုပ်ဆိုပေးသူ ပညာရှိများက မှန်မှန်ကန်ကန်ချုပ်ဆိုပေးကြရန် အထူးလိုအပ်ကြောင်း တိုက်တွန်းအပ်ပါသည်။

စာချုပ်များချုပ်ဆိုကြရာတွင် အသိသက်သေသည် မပါမဖြစ်ပါရှိရမည့် ကိစ္စရပ်ဖြစ်ပြီး ကတိပြုသူ၊ ကတိရသူများအပြင် အသိသက်သေများပါ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးကြရာ အဆိုပါ အသိ သက်သေများသည် ကတိပြုသူ၊ ကတိရသူတို့၏ ကတိပြုချက်၊ သဘောတူချက်၊ အာမခံချက်၊ စည်းကမ်းချက် စသည်တို့ကို အမှန်တကယ် သိရှိထားရန်လည်းလိုအပ်သည်။

ကာယကံရှင်များ သဘောတူ ချုပ်ဆိုသည့် အချက်များကို သိရှိသဘောပေါက်ပြီးနောက် လက်ခံသော အခါတွင်မှ အသိသက်သေနေရာတွင် ပါဝင်လက်မှတ်ရေးထိုး စေသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာသောအခါ ကြုံကြိုက်သက်သေတစ်ဦး၏ ထွက်ဆိုချက်သည် လွန်စွာတန်ဖိုး နည်းပါးသောကြောင့်ဖြစ်သည်။

သို့ဖြစ်၍ စာချုပ်ချုပ်ဆိုရာ၌ ချုပ်ရကျိုးနပ်စေရန်နှင့် တိတိကျကျ ထိထိမိမိ ဖြစ်စေရန် ဖြစ်သလို၊ ကြုံသလို မလုပ်မိကြစေရန် မချုပ်မိကြစေရန် ရေးသားရခြင်းဖြစ်ပါသည်။

Credit:


#ဒေါ်မေဇော်ဦးတရားလွှတ်တော်ရှေ့နေပုသိမ်မြို့ #ဧရာဝတီတိုင်းဒေသကြီးဘုရားကြီးကုန်းကျေးရွာ #ဘုရားလမ်းပုသိမ်မြို့

23/10/2024

#ဘာသာကြီးလေးရပ်ကွာရှင်း

စာဖတ်ရမှာ ပျင်းရင်တော့ကျော်သွားပါဗျာ
ဗဟုသုတရစေချင်လို့ တော်တော်ရှာထားရပါတယ်

''ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ ၊ အစ္စလာမ်ဘာသာ ၊ ဟိန္ဒူဘာသာ တို့၏ လင်မယားကွာရှင်းနိုင်သော
အချက်များ '' -
-------------------------------------------------------------

ဗုဒ္ဓဘာသာဝင်များ -
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လင်ခန်းမယားခန်း
ပြတ်စဲရန် အဓိက အကြောင်းအရင်း (၃)မျိုး ရှိပါသည်။ ၎င်းတို့မှာ
၁။ နှစ်ဦးသဘောတူကွာရှင်းခြင်း
၂။ လင်ဖြစ်သူရဟန်းပြုခြင်း
၃။ အိမ်ထောင်ရေးပြစ်မှုကြောင့်ကွာရှင်းခြင်း

(၁) နှစ်ဦးသဘောတူကွာရှင်းခြင်း
ဗုဒ္ဓဘာသာလင်နှင့်မယားတို့သည် နှစ်ဦးသဘောတူညီလျှင် အချိန်မရွေး ကွာရှင်းနိုင်ပါသည်။စာချုပ်စာတမ်းဖြင့်ရေးသား၍ ကွာရှင်းရမည်ဟု ဓလေ့ထုံးတမ်းဥပဒေအရသော်လည်းကောင်း ၊ ယခုခေတ် ဥပဒေများတွင်သော်လည်း ပြငှာန်းချက်မရှိပေ။ သို့သော် စာချုပ်စာတမ်း ပြုလုပ်ထားပါက နောင်တွင် အရူပ်အထွေးပေါ်ပေါက်လာပါက အခိုင်လုံဆုံးသက်သေခံအထောက်အထားဖြစ်နိုင်ပေသည်။

(၂) လင်ဖြစ်သူရဟန်းပြုခြင်း
ရဟန်းပြုသည်ဆိုရာ၌ ရက်အပိုင်းအခြားမျှ ရဟန်းပြုသည့် ဒုလ္လဘရဟန်းပြုခြင်းနှင့် မသက်ဆိုင်ပါ ။

(၃) အိမ်ထောင်ရေးပြစ်မှုကြောင့်ကွာရှင်းခြင်း
အိမ်ထောင်ရေးပြစ်မှုတွင်သာမာန်အိမ်ထောင်ရေးပြစ်မှုနှင့်
ကြီးလေးသောအိမ်ထောင်ရေးပြစ်မှုတို့ ဖြစ်သည်။
သာမာန်အိမ်ထောင်ရေးပြစ်မှု (၅)မျိုး-
(က) ရက်စက်မှု
(ခ) လင်၏ဖောက်ပြန်မှု
(ဂ) ဒုတိယမယားယူမှု
(ဃ) စွန့်ပစ်မှု
(င) လီဆယ်မှု

ကြီးလေးသောအိမ်ထောင်ရေးပြစ်မှု (၂) မျိုး -
(က) မယား၏ဖောက်ပြန်မှု
(ခ) ကြီးလေးသော ရက်စက်မှုတို့ဖြစ်သည်။

အစ္စလာမ်ဘာသာ -
အစ္စလာမ်တရားဥပဒေအရ အောက်ပါကွာရှင်းခြင်းအမျိုးအစားများကိုတရားဝင်အသိမှတ်ပြု လက်ခံထားပေသည်။
(၁) လင်၏ဆန္ဒအရကွာရှင်းခြင်း
(၂) လင်၏လွဲအပ်မှုကြောင့်မယားကကွာရှင်းခြင်း
(၃) နှစ်ဦးသဘောတူကွာရှင်းခြင်း
(၄) အီလာ၊ ဇီဟာရ် နှင့်လီအန်
(၅) တရားရုံးမှ အမိန့်ဒီကရီရယူကွာရှင်းခြင်း
(၆) အစ္စလာမ် ကိုစွန့်လွှတ်သဖြင့် လင်ခန်းမယားခန်း
ပြတ်စဲခြင်းတို့ဖြစ်ပါသည်။

ဟိန္ဒူ ဘာသာ-
ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေအရ ထိမ်းမြားမှုပြီးမြောက်ခဲ့လျှင် ထိုထိမ်းမြားမှုသည် ပျက်ပျယ်ခြင်းမရှိနိုင်ချေ။
ခင်ပွန်းနှင့်ခွဲနေခြင်း ၊ကွာရှင်းခြင်း၊ ဖောက်ပြန်ခြင်းကြောင့် ကွာရှင်းခြင်း ၊ နှိပ်စက်ခြင်းကြောင့်ကွာရှင်းခြင်း ၊ အခြား
အကြောင်းဖြင့်ကွာရှင်းခြင်း ၊။
အမျိုးသမီးတစ်ဦးသည် အမျိုးသားတစ်ဦးနှင့်ထိမ်းမြား လိုက်သည်နှင့်တစ်ပြိုင်နက် မိမိမိသားစု နှင့်အဆက်ပြတ်သွားပြီး လငျယောကြာငျ်းနှင့ျလူရော ဝိညာဉ်ပေါင်းစပ်လိုက်သကဲ့သို့ လငျယောကြာငျ်း၏ တစ်စိတ်တစ်ဒေသဖြစ်သွားသည်ဟု အယူရှိကွသညျ။ထို့ကွောင့ျလငျယောကြာငျ်းအသကျရှငျလြှကျရှိစဉျ မည့်သည့် အကြောင့်နှင့်မျှ ကွာရှင်းခွင့်မရှိဘဲ လင်သေဆုံးသည့်အခါတွင်ပင် လင်၏အနှောင်အဖွဲ့ မှမလွတ်သေးဟုအယူရှိကြသည်။ဓလေ့ထုံးတမ်းအရ နောက်ထပ် ထိမ်းမြားခြင်း ခွင့်ပြုနိုင်သော နယ်ပယ်ဒေသများတွင် ယောက်ျားဖြစ်သူက၎င်းအားစွန့်ပစ်ထားပြီး မည်သည့်အရပ်ဒေသရောက်ရှိကြောင်းမကြားသိရသည်မှာ (၇)နှစ်နှစ်ရှိလျှင် မယားဖြစ်သူသည်နောက်ထပ်အိမ်ထောင်ပြုနိုင်သည်။
နာရက် ကျမ်းအလိုအရ လင်ယောက်ျား အကြောင်း (၈)နှစ်အထိ မကြားသိရလျှင် နောက်ထပ် အိမ်ထောင်ပြုနိုင်သည်။ ဂေါတမ် ကျမ်းအလိုအရ (၆)နှစ် ဗစ်စဟစ် ကျမ်းအလိုအရ (၅) နှစ် ၊ ဟိန္ဒူဥပဒေအရ ယေဘုယျ(၁၂) အထိသတ်မှတ်သည်။ ၎င်းကာလကျော်လွန်လျှင် သေဆုံးပြီဟုယူဆနိုင်သည်။ ယခုအခါတွင်သက်သေခံဥပဒေပုဒ်မ ၁၀၈ အရ (၇)နှစ် အထိ လူတစ်ယောက်အကြောင်း မကြားသိရလျှင် သေဆုံးပြီဟု ယူဆနိုင်သည်။
၁၉၅၅ ခုနှစ်၊ ဟိန္ဒူထိမ်းမြားခြင်းဥပဒေတွင် အမျိုးသမီးများ၏အခွင့်အရေးသည်များစွာ ကောင်မွန်လာသည်။ ယင်းဥပဒေပုဒ်မ ၁၀အရ အမျိုးသမီးသည် လင်ယောကျာ်းက ၂နှစ်ခန့်စွန့်ပစ်ထားခြင်း ၊ သို့မဟုတ် ရက်စက်မှုကျူးလွန်ခြင်း၊ သို့မဟုတ် ပြင်းထန်သော အနာကြီး ရောဂါ စွဲကပ်နေခြင်း၊ သို့မဟုတ် ကာလသားရောဂါစွဲကပ်နေခြင်း ၊စိတ်ပေါ့သွပ်နေခြင်း ၊ သို့မဟုတ် အခြားသူတစ်ယောက်နှင့် ကာမစပ်ယှက်ခဲ့ခြင်းအကြောင်းကြောင့် ခင်ပွန်းနှင့်ခွဲနေထိုင်ခွင့်ပြုရန် ဒီကရီ ချမှတ်ပေးနိုင်သည်။ ထိုနည်းတူ ပုဒ်မ (၁၁) အရလင်ယောကျာ်းတွင် မပြတ်စဲသော အိမ်ထောင်ရှိနေသည်။ သို့မဟုတ် သွေးနှီးတော်စပ်ခြင်းရှိနေသည်ဟူသော အကြောင်းပြချက်ဖြင့် ထိမ်းမြားမှုပျက်ပြယ်သည့် ဒီကရီချမှတ်ပေးရန်လျှောက်ထားနိုင်သည်။ ပုဒ်မ ၁၂ အရလည်းလင်ယောကျာ်းသည် ပန်းသေရောဂါရှိနေသည် သို့မဟုတ် ရူးသွပ်နေသည် သို့မဟုတ် အုပ်ထိန်းသူ၏သဘောတူညီမှုကို အတင်းအဓ္ဓမရယူသည် သို့မဟုတ် လိမ်လည်ရယူသည်ဆိုသော အကြောင်းပြချက်ဖြင့် ထိမ်းမြားမှုကိုပယ်ဖျက်ပေးရန် တရားရုံးသို့ လျှောက်ထားနိုင်သည်။ ထိုနည်းတူပုဒ်မ ၁၃ အရလင်ယောကျာ်းသည် လင်ရှိမယားနှင့်ပေါင်းသင်းနေ သည်သို့မဟုတ် အခြားဘာသာသို့ကူးပြောင်းကိုးကွယ်သည် သို့မဟုတ် စိတ်ပေါသွပ်နေသည်သို့ မဟုတ် ပြင်းထန်သောအနာကြီးရောဂါစွဲကပ်နေသည်သို့မဟုတ် ကူးစပ်တက်သည့်ကာလသားရောဂါ စွဲကပ်နေသည် သို့မဟုတ် လောကကြီးကိုစွန်လွှတ်၍ သာသနာ့ဘောင်သို့ကူးပြောင်းခဲ့သည်၊ သို့မဟုတ် အသက်ရှင်လျက်ရှိကြောင်း မကြားသိရသည်မှာ (၇) နှစ်ကြာကာလရှိပြီးဆိုသော အကြောင်းပြချက်ဖြင့်ကွာရှင်းဒီကရီရထိုက်ခွင့်ရှိသည်။

ခရစ်ယာန်ဘာသာ
------------------------
မြန်မာနိုင်ငံလင်မယားကွာရှင်းရေး ဥပဒေအကြောင်း -
မြန်မာနိုင်ငံလင်မယားကွာရှင်းရေး ဥပဒေဟုခေါ်တွင်
်သော်လည်း မြန်မာနိုင်ငံတွင် နေထိုင်ကြသော လူမျိုး ၊ ဘာသာ အားလုံးနှင့် သက်ဆိုင်သောဥပဒေမျိုး မဟုတ်ဘဲ
ခရစ်ယာန်ဘာသာဝင်များနှင့် ယင်ဘာသာအရ ထိန်းမြား
လက်ထပ် ထားသူများနှင့်သာသက်ဆိုင်သော ဥပဒေ
တစ်ခုဖြစ်ပါသည်။မြန်မာနိုင်ငံ လင်မယားကွာရှင်းရေးဥပဒေအရ နှစ်ဦးသဘောတူ ကွာရှင်းခွင့်ရှိမရှိ -
ခရစ်ယာန်ဘာသာဝင်များသည် လင်နှင့် မယား နှစ်ဦးလုံးက ကွာရှင်းပြတ်စဲကြရန် ဆန္ဒရှိလျှင်ပင် နှစ်ဦးသဘောတူ
ကွာရှင်းခြင်းအား ပြုလုပ်ဆောင်ရွက်ခွင့်မရှိပါ။
သို့သော် အောက်ပါ အချက် (၃)ချက်အား ပြုလုပ်ဆောင
်ရွက်ခွင့်ရှိသည်။
(၁)ထိမ်းမြားမှုအား ပယ်ဖျက်ပေးရန်
(၂)ထိမ်းမြားမှုအား ပျက်ပျယ်စေရန်
(၃)တရားရုံး ဒီကရီဖြင့် ခင်ပွန်းနှင့် ခွဲခွါနေထိုင်စေရန်
တို့ဖြစ်ပါသည်။

ထိမ်းမြားမှု ပယ်ဖျက်ခြင်း -
လင်ယောက်ျားဖြစ်သူမှ လျှောက်ထားခြင်းဖြစ်လျှင် - ၎င်း၏ဇနီးသည် ထိမ်းမြားလက်ထပ်ပြီးနောက် တစ်ပါး
ယောက်ျားနှင့် ဖောက်ပြားကျူးလွန်ပါသည် ဟူသော
အကြောင်းပြချက်ဖြင့်လျှောက်ထားနိုင်သည်။

ဇနီးဖြစ်သူမှ လျှောက်ထားခြင်းဖြစ်လျှင်- ၎င်း၏
လင်ယောက်ျားသည် ထိမ်းမြားလက်ထပ်ပြီးနောက်
ခရစ်ယာန် ဘာသာမှ အခြားဘာသာသို့ ကူးပြောင်းကိုးကွယ်သည့်ပြင် အခြားမိန်းမတစ်ဦးနှင့် ထိမ်းမြားမှုတစ်ရပ် ပြုလုပ်ခဲ့ပါ သည်ဟူသော အကြောင်းပြချက်ဖြင့်လည်းကောင်း ၊
(သို့မဟုတ်) သွေးနီးလွန်းသူနှင့် ဖောက်ပြန်ခြင်း (သို့)
နောက်မယားယူခြင်းနှင့် ဖောက်ပြန်ခြင်း (သို့) နောက်မိန်းမတစ်ဦးနှင့် ထိမ်းမြားခြင်းနှင့် ဖောက်ပြန်ခြင်း (သို့) မုဒိမ်းမှု ၊ ယောက်ျားခြင်းမေထုန်မှီဝဲမှု ၊ တိရစ္ဆာန်နှင့် မေထုန်မှီဝဲမှု ကျူးလွန်သဖြင့်လည်းကောင်း (သို့) မိန်းကလေး တစ်ဦးနှင့် ဖောက်ပြန်ခြင်း ၎င်းအပြင် ကွာရှင်းခွင့်ပြုနိုင်လောက်သောရက်စက်မှုကျူးလွန်ခြင်း (သို့)မိန်းမတစ်ဦးနှင့် ဖောက်ပြန်ခြင်းအပြင် ၎င်းအား ၂နှစ်နှင့် အထက်စွန့်ပစ်ထားခြင်းဟူသော အကြောင်းပြချက်များဖြင့်ထိမ်းမြားမှုကို ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်သည်။

ထိမ်းမြားမှု ပျက်ပျယ်စေခြင်း -
(က) တရားပြိုင်သည် ထိမ်းမြားစဉ်က ပန်းသေရောဂါရှိ
နေကြောင်း နှင့် တရားစွဲဆိုသည့် အချိန်တွင် ပန်းသေ
ရောဂါ ရှိနေကြာင်း ။
(ခ) ထိမ်းမြားကြသူတို့သည် ထိမ်းမြားခြင်းမပြုရန် တားမြစ်ထားသည့် သွေးနီးတော်စပ်သူများဖြစ်ကြောင်း ။
(ဂ) ထိမ်းမြားသူတစ်ဦးဦးသည် ထိမ်းမြားစဉ်က စိတ်မနှံ့
သူဖြစ်ကြောင်း ။
(ဃ) ထိမ်းမြားသူ၏ ယခင်အိမ်ထောင်သည် ထိမ်းမြားစဉ် အသက်ရှင်လျှင်ရှိကြောင်းနှင့် ယခင်အိမ်ထောင်ရေးသည် တည်မြဲလျှက်ရှိကြောင်း ။ ပေါ်ပေါက်လျှင် ထိမ်းမြားမှု
ပျက်ပျယ်ကြောင်း ဒီကရီရရှိနိုင်သည်။

တရားရုံး ဒီကရီဖြင့် ခင်ပွန်းနှင့် ခွဲနေစေခြင်း -
လင်ယောက်ျား (သို့)မယားဖြစ်သူသည် မိမိအိမ်ထောင်ဖက်
မှ တစ်ပါးသူနှင့် ဖောက်ပြန်ခြင်း ၊ ရက်စက်မှုကျူးလွန်ခြင်း၊ (သို့) လုံလောက်သော အကြောင်းတစ်စုံတစ်ရာမရှိဘဲ ၂
နှစ်(သို့) ၂နှစ်အထက် စွန့်ပစ်ထားခဲ့ခြင်းဟူသော
အကြောင်းပြချက်ဖြင့် ခင်ပွန်းနှင့်ခွဲနေထိုင်ရန် ဒီကရီရရှိ
နိုင်ပါသည်။
သို့ဖြစ်၍ ခရစ်ယာန်ဘာသာဝင် လင်နှင့်မယား (သို့)
ခရစ်ယာန်ဘာသာအရ ထိမ်းမြားလက်ထပ်မင်္ဂလာပြုလုပ် ထားသူများသည် နှစ်ဦးသဘောတူသည်ဆိုယုံမျှဖြင့်
လင်မယားကွာရှင်းခွင့် မရရှိနိုင်ဘဲ လင်ယောက်ျား(သို့) မယားသည်အိမ်ထောင်ရေးပြစ်မှု တစ်ခုခုအားကျူးလွန်မှသာ ကျန်အိမ်ထောင်ဖက်အနေဖြင့် အထက်ပါနည်းလမ်းများ
အတိုင်း လင်မယားကွာရှင်းခွင့်အား တောင်းခံနိုင်မည်ဖြစ်
ကြောင်း လေ့လာတွေ့ရှိရပါသည်။

Crd original writter
သင်ဆရာ မြင်ဆရာ ကြားဆရာများကို လေးစားစွာဖြင့်

ပေးပါတယ်။

#ဒေါ်မေဇော်ဦးတရားလွှတ်တော်ရှေ့နေပုသိမ်မြို့

#ဧရာဝတီတိုင်းဒေသကြီးဘုရားကြီးကုန်းကျေးရွာ

#ဘုရားလမ်းပုသိမ်မြို့

23/10/2024

အရောင်းအဝယ် ၊ ကတိစာချုပ်ချုပ်ဆိုခြင်းသည် ပဋိညာဥ်ဖွဲ့ခြင်းဖြစ်၍ ပဋိညာဥ်အက်ဥပဒေအရ တရားဝင် ပဋိညာဥ်မြောက်ရန် လိုအပ်သော အင်္ဂါရပ်များနှင့် ပြည့်စုံရန်သာလိုခြင်း ။

ဦးရွှေတင် နှင့် ဦးအောင်တင့်
၁၉၉၅ ၊ မ တ စ ၊ ၁၄၄

သမီး လေး နဲ့ လပြည့်ည
17/10/2024

သမီး လေး နဲ့ လပြည့်ည

မနေ့က မြေစာချုပ်လေး ချုပ်ပေးရင်းမြေအမျိုးစားများအကြောင်း ရေးရန်စိတ်ကူးရသဖြင့်ရေးသားဖော်ပြပေးလိုက်ပါတယ်။ ယနေ့ခေတ်မှာ ရင်း...
13/10/2024

မနေ့က မြေစာချုပ်လေး ချုပ်ပေးရင်း
မြေအမျိုးစားများအကြောင်း ရေးရန်စိတ်ကူးရသဖြင့်ရေးသားဖော်ပြပေးလိုက်ပါတယ်။
ယနေ့ခေတ်မှာ ရင်းနှီးမြုပ်နှံသင့်တဲ့ မြေ ရှိသလို၊ လုံးဝ မဝယ်သင့် တဲ့ ခြံမျိုးလည်း ရှိပါသည်။ မြေပိုင်ဆိုင်မှု စာချုပ် စာတန်း
အမျိုးမျိုး နှင့် အရှုပ်ရှင်း အမျိုးမျိုးရှိပါသည်။ ဝယ်ထား
သော ခြံသည် ပိုင်ဆိုင်မှု့ ခိုင်မာ၍ နောင်တစ်ချိန် အချက်ချာ ကျနိုင်သော နေရာဖြစ်ရမည်။ မြေ အရောင်းဝယ်မှာ
မြေကို ဝယ်ခြင်း ဆိုသည်ထက် ၊ မြေ၏ ပိုင်ဆိုင်မှုကို
ဝယ်ယူခြင်း ဖြစ်ပါသည်။
ဂရံမြေ
လူတိုင်း မြေဝယ်မည် ဆုံးဖြတ်ပါက ဂရံမြေကို သာ
ပို သဘောကျ နှစ်သက်ကြသည်။ အရောင်းဝယ် လွယ်ကူသည်၊ လူတိုင်း နှစ်သက်သော မြေ။
သစ်တော ဂရံမြေ
စိုက်ပျိုး ဂရံမြေ
စက်မှုဇုံ ဂရံ မြေ
လူနေထိုင်အိမ်ဂရံမြေ အမျိုးမျိုးရှိသည်
သစ်တော ဂရံမြေ
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေ ဖြစ်ပြီး၊
မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့် မှ အပ
အခြားစီးပွားရေး ပြုလုပ်ရန်(သို့မဟုတ်) ခြံပိုင်း၍
ရောင်းဝယ်ရန် မလွယ်ကူပါ၊ ခွင့်ပြုချက် အဆင့်ဆင့်
လျှောက် တင်ရပါမည်။
စိုက်ပျိုး ဂရံမြေ
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ(စလစ်)
မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့် အရောင်းဝယ်
ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချ ခြင်း လုံးဝ ပြုလုပ်ရန် မသင့်၊ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေး ပြန် သိမ်းနိုင်သည်။
စက်မှုဇုံဂရံမြေ
က-(၃၀) ဖြင့် ခွင့်ပြုချက် ကျပြီး၊ စက်မှုလုပ်ငန်းမှအပ။
(3)ခ ပါရင် လူနေအိမ် ဆောက်လုပ် နေထိုင်၍ ရသည်။
လူနေထိုင်အိမ်ဂရံ
ထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန်
ဥပဒေ အရ သော်၄င်း၊ အရောင်းဝယ်ပြုရန်မှာ
အရှုပ်ရှင်းသော်၄င်း လုံးဝ ကင်းရှင်းသည်။
စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့်။
ဂရံမြေ ဝယ်ယူမည် ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊
မခိုင်မာသော ဂရံ မြေများ လည်း ရှိသည့် နည်းတူ၊
အရောင်းဝယ် ပြုလုပ်ရာ အရှုပ်ရှင်းများသော ဂရံ
မြေ များလည်း ရှိသည်။
မှတ်ချက် - ဂရံမြေများသည် အစိုးရ စီမံကိန်း နှင့်
မလွတ်ကင်းပါက အချိန်မရွေးသိမ်းယူနိုင်ပါသည်။
ပြည်သူရွေးကောက်တင်မြှောက်ထားသော အစိုးရ
ဖြစ်ပါက လျော်ကြေး ပြန်ရနိုင်ပါသည်။
ပါမစ်မြေ
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီး
ခိုင်မာမှု့ ရှိသော မြေ ပါ၊ သို့သော် ပါမစ် မြေ ဝယ်
ယူ မည်ဆိုပါက သတိထားပါ၊ အကောင်းဆုံးရှေ့နေ
ငှားရမ်းပြီး စီစစ်ပါ၊ စရံချပြီး သတင်းစာတွင် ကြေငြာ
ထည့်ပါ။ ပါမစ် မြေသည် အရင် အိုးအိမ်ရုံးမှ ထုတ်ပေး
သော ပိုင်ဆိုင်မှု စာရွက်စာတမ်း/ အိမ်ထောင်စုစာရင်းကဲ့သို့မိသားစုဓါတ်ပုံနှင့် တကွ မြေပိုင်ဆိုင်မှု စာချုပ် တွဲလျက်ပါရှိရပါမည်။
မှတ်ချက် - ပါမစ်မြေသည် အတုပေါများသည်။
ပြေစာ(စလစ်)
ပြေစာ စလစ် ဖြင့် ပြသ နိုင်သော မြေ များသည်
အများအားဖြင့် ပိုင်ဆိုင်မှု ခိုင်မာပါသည်။ သို့သော်
စည်ပင် ဧရိယာ အပြင် ဘက်မှ မြေ မျိုး များဖြစ်ပြီး
မြို့မြေ ဧရိယာ အတွင်း ဖြစ်နေပါက ဂရံ အထိ လျှောက်
နိုင်ပါသည်။
Gပြေစာ(စလစ်)
R/G ပြေစာ(စလစ်)
L ပြေစာ (စလစ်)
စ/ ပြေစာ (စလစ်)
ပုံစံ(5) ပြေစာ (စလစ်)
ရွာမြေ ပြေစာ(စလစ်)
R4 ပြေစာ(စလစ်)
G ပြေစာ(စလစ်)
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟု
ခေါ်ဝေါ် ကြသည်။ အရှုပ်ရှင်း အနည်းငယ် သာ
ရှိမည်( အမွေဆိုင်) အိမ်ဆောက်လုပ်/ လူနေထိုင်
နိုင်သည်။ သို့သော် ဥပဒေ အရ ပိုမိုတရားဝင်လိုလျှင်
သ/အ လျှောက်လွှာ တင်ပြီး အိမ်ဆောက်လုပ် လူနေ
ထိုင် နိုင်ပါသည်။
R/G ပြေစာ(စလစ်)
လယ်မှ ပုံစုံပြောင်းထားသော မြေ ဖြစ်ပြီး စိုက်ပျိုးခွင့်
မိသားစု နေအိမ် အတွက် (လယ်အိမ်) ပြောင်းလျှောက်
ပြီး။ G ပြေစာ(စလစ်) သို့မဟုတ် /က ၃၀ အဖြစ်
ပြောင်း လျှောက်သော နိုင် သော မြေ ဖြစ်သည်။
L ပြေစာ (စလစ်)
သစ်တောမှ မြေအငှား/ ဂရံ (သို့) ယာယီ ခွင့်ပြုချက် ချပေးသော မြေ ဖြစ်ပြီး (အခြား) ပြောင်းလျှောက်ခွင့် မှာ
ရရင်ရ၊ မရရင် မရ ပါ။ ဝယ်မည် ဆိုပါက ဌာန ဆိုင်ရာ
သို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများ၊
ညွန်ကြားချက် အတိုင်း လိုက်နာ၍ ပြောင်း လွဲရ
ပါမည်။အကွက်ရိုက် ရောင်းချ ခွင့် မရှိပါကြောင်း။
စ/ ပြေစာ (စလစ်)
အရောင်းဝယ် မပြုလုပ်လျင် ပိုကောင်းမည်။
အစိုးရမှ တိုက်ရိုက် ချပေးသော စိုက်ပျိုးဂရံ
(သို့မဟုတ်) ပြေစာ စလစ် ဖြစ်ပြီး စိုက်ပျိုးရန်
အတွက် သီးသန့်သာ ဖြစ်ပြီး တစ်မိသားစုမှ အပ
အခြား အိမ်များ ဆောက်လုပ် ခွင့် မရှိပါ၊ အခြား
မြေသို့ ပုံစံ ပြောင်း လျှောက် ၍ မရပါ။ အလွန်
ခက်ခဲမည်။ အရှုပ်ရှင်း ဖြေရှင်းရမည်။ အကွက်ရိုက်
ရောင်းချခြင်းမရှိပါ၊ အစိုးရမှ အလွယ်တကူ ပြန်လည်
သိမ်းယူ နိုင်ပါသည်။
ပုံစံ(5) ပြေစာ
ထိုမြေသည် လယ်ပျက် ဖြစ်ပြီး အခြားမြေသို့
စီးပွားရေး၊ စက်မှု့ဇုံ၊ လူနေအိမ်၊ အကွက်ရိုက်ရောင်း
စသည့် အရာများ ခွင့်ပြုချက် လျှောက် ၍ ပြုလုပ်နိုင်
ပါသည်။ လယ်ပျက် ဖြစ်၍ ရွာတိုးချဲ့ ခြင်း၊ မြို့ဧရိယာ
တိုးချဲ့ ခြင်း စသည့် အရာများ ပြု လုပ်နိုင်သည်။
(အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)
ရွာ မြေ ပြေစာ (စလစ်)
မြေ အမျိုးစားတွင် ခိုင်မာမှု ရှိပြီး Google Map
တွင်လည်း Singnal ပြသမည်။ Singnal မပြသ သော်လည်း R4 (or) G မြေ ဖြစ်နေပါက ရွာမြေ /ခြံမြေ
အမျိုးစားတွင် ထည့်သွင်း နိုင်ပါသည်။ အစိုးရ စီမံကိန်း
ရှိသော်လည်း မပယ်ဖျက်နိုင်၊ စက်မှုဇုံလည်း ဝင်လာ
၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့ မျိုး အရှင်း မရှိ။
R4 ပြေစာ(စလစ်)
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာ
အတွင်း ပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်။
အစိုးရ မဖျက်သိမ်းပါ။ လူနေခွင့် ရှိပါသည်။ အမည်ပေါက် ဖြင့် ပြောင်းလျှောက်၍ အခြား မြေ အမျိုးစား
သို့ ပြောင်းလျှောက်ရန် လွယ်ကူပါသည်။
လယ် ဧရိယာ အတွင်း တွင် မပါဝင်ရန်သာ လိုသည်။
လယ်မြေ
လယ်မြေ ပေမယ့် အရောင်းဝယ် ပြုလုပ်ရာတွင်
လွယ်ကူပါသည်။ (R1)(R2)(R3) လယ်များသာ
အရောင်းဝယ် မပြုလုပ်ရန်သတိထားရပါမည်။
လမ်းမ ဘေးမျိုး ဆိုပါက R3 မြေ မျိုး ဖြစ်နေလည်း
R4(သို့မဟုတ်) ပုံစံ(5) သို့ ပြောင်းလျှောက်နိုင်သည်။
တစ်ခု သိထားရမည်မှာ မြန်မာ နိုင်ငံတွင် လယ်မြေသည်
အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်း လုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံး ဖြစ်ပါသည်။
ဘိုးဘပိုင်မြေ
မျက်မြင်အထောက်ထား တွေ့ရန် အလွန်
ခက်ခဲပါသည်။
ဘိုးဘပိုင်မြေသည် ကတီပါအသားဖြင့် ပိတ်ပေါ် တွင်
စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော စာချုပ်
စာတမ်း အမျိုးစား ဖြစ်သည်။ ခိုင်မာမှု့ တွင် ဂရံ မြေ
ထက် အဆ များစွာ သာသည်။ ခေတ် အဆက်ဆက်
အမွှေ ဆက်ခံ ခွင့်ရှိပြီး၊ အရောင်းဝယ် ပြု လုပ်ရာ ၌
အမွေစား အမွေခံ အရှုပ်ရှင်း ရှိသည်။
အရှုပ်ရှင်းဆိုသည်မှာ
မြေပိုင်ရှင်မှာ အမွေ ဆိုင် ရှိခြင်း၊ ပေါင်နှံထားခြင်း၊
အစိုးရ စီမံကိန်း နှင့် မလွတ်ကင်းခြင်း၊ သစ်တောမြေ
များအား ပိုင်းရောင်းခြင်း၊ အစိုးရမှ တိုက်ရိုက် ချပေး
သော စိုက်ပျိုး မြေ ဂရံ များ ရောင်းချခြင်း၊ ပုံစံ (7)
သာ ထွက်ရှိထားသော လယ်များ ရောင်းချခြင်း များ
ဖြစ်ပါတယ်။ မြေဝယ်ယူ မည် ဆိုပါက ထိုအရာများ
နှင့် မသက်ဆိုင်သော မြေ များ မှာ အရှုပ်ရှင်းကင်း
သည်ဟု ဆိုရပါမည်။
မြေဝယ်ယူမည်ဆိုပါက
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအား စုံစမ်းပါ၊ အမွေဆိုင်များရှိ ပါက ထိုသူ များအားရောင်းရန် သဘောတူကြောင်းအား မိမိ (ရှေ့နေ )အရှေ့တွင် ခံဝန်
လက်မှတ် ရေးထိုးခိုင်းပါ။ ပေါင်နှံထားခြင်း ရှိမရှိအား
စစ်ဆေးပါ၊ ဘဏ်(သို့မဟုတ်) ရပ် ကွက် အုပ်ချုပ်ရေး
မှုးသို့ စစ်ဆေးနိုင်ပါသည်။ သစ်တောမြေ ဟုတ်/မဟုတ်
ကြောင်းကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည်။
သစ်တောမြေ ဆိုပါက မြေဦးပိုင် မှာ (L) စာလုံးပါမည်
( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူ ခံရမည်)
စိုက်ပျိုးမြေ ဆိုပါက ပြေစာ(စလစ်) တွင် (စ) စာလုံး
ပါ မည်။ မဝယ်ပါက ပို၍ ကောင်းမည်။ လယ်မြေ ဝယ်
ယူမည် ဆိုပါက ပုံစံ (105) စစ်ဆေးပါ၊ ပုံစံ(7) တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုးခွင့်သာ ရှိပါသည်။

credit - #ဥပဒေရေးရာ

#ဒေါ်မေဇော်ဦးတရားလွှတ်တော်ရှေ့နေပုသိမ်မြို့

#ဧရာဝတီတိုင်းဒေသကြီးဘုရားကြီးကုန်းကျေးရွာ

#ဘုရားလမ်းပုသိမ်မြို့

Address

ဘုရားလမ်း/ဘုရားကြီးကုန်းကျေးရွာ ပုသိမ်မြို့
Pathein

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959783804030

Website

Alerts

Be the first to know and let us send you an email when Daw May Zaw Oo LL.B Advocate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Daw May Zaw Oo LL.B Advocate:

Share

Category