𝓐𝓻𝓻𝓼𝓱𝓪𝓷

𝓐𝓻𝓻𝓼𝓱𝓪𝓷 အစုံပလုံ

08/02/2026

လှတောသား စကားကပ်တော့ ဆရာတော်က လှည်းကြုံမတင်ချင်ဘူး။ စကားမများပါဘူး ဆိုတဲ့ ကတိနဲ့ လိုက်ခွင့်တော့ ပြုလိုက်သတဲ့။

လမ်းမှာ ဖွတ်တကောင် ဖြတ်ပြေးတာ တွေ့တော့...

ဆရာတော်က ''တွင်းအောင်း သတ္တဝါတွေများ ကျောရိုး တယ်ရှည်သကိုး'' လို့ ပြောတာကို

လှတောသားက ''တွင်းအောင်း သတ္တဝါတိုင်း ကျောရိုးရှည်ရမယ်ဆို ဂဏာန်းတွေဆို ရထားတွဲလိုနေမှာဗျ'' လို့ ကပ်သတဲ့။

ဆရာတော် မျက်စောင်းထိုးတော့ လှတောသား ငြိမ်ပု သွားရော။

တစ်နေရာရောက်တော့ ရေတိုက်စားလို့ ကမ်းပါးပြိုနေတာကို မြင်တော့....

''သံစောင်းထက် ရေစောင်းထက် ဆိုတာ အဲဒါပေါ့'' လို့ ဆိုပြန်သတဲ့။

လှတောသား ပါစပ်ပြင်လိုက်သေးတယ် နောက်မှ ပြန်ထိန်းပီး နေလိုက်တယ်။ မနေလဲ နွားရိုက်တဲ့ ကြိမ်က သူ့ကျောကို ထိမှာကိုး။

လမ်းခုလတ်မှာ လှည်းကိုရပ် ဆရာတော်ကိုလဲ ဆွမ်းကပ်ဖို့နဲ့ နွားတွေလဲ အနားပေးရင်း ဇရပ်တစ်ခုမှာ စခန်းချကြသတဲ့။

''ဟေ့ဒကာ မင်းလဲ အလကားမနေနဲ့ သွား... ရေနွေးတည်ဖို့ ထင်းရှာချေ'' လို့ဆိုတော့ ထွက်သွားတယ်။

တော်တော်နဲ့ ပြန်မရောက်။ ဆရာတော်က
ဆွမ်းဘုဉ်းပြီးလို့ ရေနွေးသောက်ချင်နေပြီ။

လိုက်သွားကြည့်တော့မှ ထင်းတုံးကို ရေနဲ့ လောင်းနေတာ တွေ့ရတယ်။ မေးကြည့်တော့

"ဆရာတော်ပဲ သံစောင်းထက် ရေစောင်းထက်ဆို အာ့ကြောင့် ဓားနဲ့ မခွဲပဲ ရေနဲ့ပက်ခွဲနာ'' လို့ဖြေတယ်။

ဆရာတော်လဲ သူ့စကားနဲ့သူဆိုတော့ အံကျိတ်နေရတယ်။

ရေနွေးမသောက်ရတော့ စိတ်ကမကျေနပ်ဘူး။ ဒါနဲ့ သူ့ဒကာကပ်တဲ့ သင်္ဘေားသီးလေး အချိုတည်းရင်း

''ပင်မှည့်သီးများ တယ်ချိုသကိုးကွယ့်'' လို့ ရေရွတ်သတဲ့။

ဆရာတော် ဆွမ်းကျန်ကို ကပ္ပိယနဲ့ အတူဝါးနေတဲ့ လှတောသားက ကိုက်လက်စ ငရုပ်သီးမှည့်လေး ထောင်ပြသတဲ့။

ဆရာတော် ဒေါသဒီဂရီက မရတော့ဘူး။ နွားရိုက်တဲ့ ကြိမ်ပြေးဆွဲပြီး ကျောကော့အောင် ဆော်တော့တယ်။

ဒါတောင် လှတောသားက မမှတ်သေးပဲ

''ရတနာ နှစ်ပါးကယ်တော်မူပါ'' လို့ အော်သတဲ့။

''ရတနာဆိုတာ သုံးပါးရှိတာဟ ကဲဟာ ကဲဟာ'' နဲ့ ဆက်တီးတာ။

''ရတနာ တစ်ပါးက ကိုယ့်ဆော်နေတာ ဘယ်လိုလုပ် ကယ်နိုင်မလဲဗျာ'' လို့ ပြန်လျှောက်သတဲ့။
😁😁😅😅

Credit

#လှတောသား #ဗဟုသုတ #ရောက်စမ်း #ဗုဒ္ဓစာပေ

07/02/2026
07/02/2026
07/02/2026

https://www.facebook.com/profile.php?id=61587423546901

(၇)ထပ်တိုက်ပေါ်က ကိလေသာတိုက်ပွဲ

အရှင်ဘုရားလည်း ငယ်သေးတယ်
တပည့်တော်လည်း ငယ်သေးတယ်
တပည့်တော်မနဲ့
လက်ထပ်ပါ စည်းစိမ်ခံစားပါ
အသက်ကြီးလို့ တောင်ဝှေးအားကိုးရတဲ့
အရွက်ကြမှ
အတူတူ ရဟန်းပြုကြတာပေါ့။

ပြည့်တန်ဆာမလေးက မိန်းမတို့၏
မာယာနဲ့ ရဟန်းတော်လေးကို
ဖျားယောင်းနေတာပါ။

ရာဇဂြိုလ်မြို့က
ကုဋေ(၄၀)ချမ်းသာတဲ့ သူဋ္ဌေးသားလေးဟာ
ဘုရားရှင်ဟောတော်မူတဲ့
တရားကို နာယူပြီး
မိဘတွေ အတန်တန် တားတဲ့ကြားက
အစာအငတ်ခံ ဆန္ဒပြပြီး
ရဟန်းပြုခဲ့ပါတယ်။

အိမ်ကိုလည်း မပြန်တော့
နက္ခတ်ပွဲသဘင် နေ့တစ်နေ့မှာ
သူ့သူငယ်ချင်းတွေ ပျော်နေတာကို
မိဘတွေက မြင်တော့
သူ့တို့သားလေးကို
သတိရပြီး ငိုကြတာပေါ့။

ဒါကို ပြည့်တန်ဆာမလေးက
မြင်တော့ အကျိုးအကြောင်းမေးပြီး

အကယ်၍ သင်တို့သား
လူထွက်အောင် လုပ်နိုင်ရင်
ဘာပေးမလဲလို့ မေးပါတယ်။

လူထွက်အောင် လုပ်နိုင်ရင်
သားနဲ့ပေးစားပြီး
အိမ်ရှင်မ ရာထူးပေးမယ်ဆိုတော့

ရိက္ခာ အပြည့်အစုံတောင်းပြီး
ရာဇဂြိုလ်မြို့ထဲက (၇)ထပ်တိုက်ကြီးကို
ဌားလိုက်တယ်။

ထိုရဟန်းလေး ဆွမ်းခံကြွတဲ့အချိန်
စောင့်ပြီး
သူကြိုက်တတ်တဲ့ ဟင်းတွေချက်ပြီး
ဆွမ်းပင့်ကပ်ပါတယ်။

နှစ်ရက် သုံးရက်လောက်ကြာတော့
ပြည့်တန်ဆာမလေးက
ကလေးတွေကို မုန့်ပေးပြီး
ကိုယ်တော်လေး ဆွမ်းဘုန်းပေးချိန်မှာ
ဆော့ခိုင်း ဆူခိုင်းထားတယ်။

အရှင်ဘုရား
ကလေးတွေက ဆူတယ်ဘုရား
ပြောစကားလည်း နားမထောင်ဘူး
အောက်ထပ်မှာ ဆွမ်းကပ်ရတာ
အဆင်မပြေလို့
အပေါ်ထပ်ပဲ ကြွပါဆိုတော့
ရဟန်းတော်လေးလည်း မငြင်းသာပဲ
ကြွရတာပေါ့။

ဒီလိုနဲ့ ပင့်လာလိုက်တာ
နောက်ဆုံးတော့ မိန်းမတို့
ပရိယာယ်ကို မသိတဲ့ ရဟန်းတော်လေး
ရသတဏှာရဲ့ အစွမ်းကြောင့်
အပေါ်ဆုံးအထပ်ထိ ရောက်သွားရှာတယ်။

ရဟန်းပျိုနဲ့ မာတုဂါမ
နှစ်ယောက်တည်း ရှိတဲ့အချိန်ကြမှ
မိန်းမတို့ရဲ့ မာယာကို ထုတ်သုံးပြီး
အမျိုးမျိုး ဖျားယောင်းကာ
လူထွက်ဖို့ ပြောတာပေါ့။

ရဟန်းတော်လေး သတိတရားဝင်လာပြီး
အလွန်ပဲ ထိတ်လန့်တုန်လှုပ်သွားတယ်။

ရသတဏှာရဲ့ ဆိုးကျိုးကို
လက်တွေ့ မြင်လိုက်ရတယ်။

အဟော / ဝတ / မေ / ဘာရိယံ
အနုပဓာရေတွာ / ကတကမံ္မ

သြော်---ငါဟာ
မဆင်ခြင် မသုံးသပ်ဘဲ
မေ့မေ့လျော့လျော့နဲ့ ဝန်လေးသောမှုကို
ပြုမိခဲ့ပြီလို့
ထိန့်လန့်တုန်လှုပ်ခြင်း ကြီးစွာဖြစ်ပါတယ်။

ဒါကို သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့ ဘုရားရှင်က
သိတော့ ပြုံးတော်မူပါတယ်။

အရှင်အာနန္ဒာက ဘာကြောင့်
ပြုံးတော်မူရပါသလဲ ဘုရားလို့
မေးလျှောက်တော့

ချစ်သားအာနန္ဒာ
ရာဇဂြိုလ်မြို့က (၇)ထပ်တိုက်ပေါ်မှာ
ငါ့ရဲ့ သားတော်လေးနဲ့
ပြည့်တန်ဆာမလေးတို့ ကိလေသာစစ်ပွဲ
အကျိတ်အနယ် ဆင်နွှဲနေကြတယ် ကွဲ့လို့
မိန့်တော်မူပါတယ်။

ဒီတော့ အရှင်အာနန္ဒာက
မြတ်စွာဘုရား
ရဟန်းလေးနဲ့ ထိုအမျိုးသ္မီး
ကိလေသာတိုက်ပွဲ ဆင်နွှဲနေကြတာ
ဘယ်သူနိုင်ပြီး
ဘယ်သူရှူံးမလဲ ဘုရား။

ငါ၏သားတော် ရဟန်းတော်လေးသည်သာ
အနိုင်ရလိမ့်မည်
ချစ်သားအာနန္ဒာဟု မိန့်တော်မူကာ။

ရဟန်းတော်လေးရဲ့ အောင်ပွဲထင်ရှားအောင်
ဇေတဝန်ကျောင်းတော်ကနေ
ရောင်ခြည်တော်လွှတ်ပြီး
တရားဟောတော်မူပါတယ်။

ဘိက္ခု / ဥဘောပိ / ကာမေ
နိရပေက္ခော / ပဇဟ

ချစ်သားရဟန်း
ဝတ္ထုကာမ ကိလေသာကာမတို့ကို
မငဲ့ကွက်ဘဲ ရဲရဲစွန့်လိုက်ပါလို့
မိန့်တော်မူပြီး
အောက်ပါဂါထာကို ဟောပါတယ်။

ဤလောက၌ အကြင်ပုဂ္ဂိုလ်သည်
ကာမတို့ကို ပယ်၍
အိမ်ရာမထောင်ဘဲ ရဟန်းပြု၏။

ကုန်ပြီးသော ဘဝရှိသော
ထိုပုဂ္ဂိုလ်ကို
ဗြဟ္မဏဟု ငါဘုရားဟော၏။

ဒေသနာအဆုံးမှာ ရဟန်းတော်လေး
ရဟန္တာဖြစ်တော်မူပြီး တန်ခိုးတော်နဲ့
ခေါင်မိုးကနေ ဖောက်ထွက်ကာ
မြတ်စွာဘုရားထံကို ကြွသွားပါတော့တယ်။

(၇)ထပ်တိုက်ပေါ်က ကိလေသာစစ်ပွဲ
ဘုရားသားတော် အရှင်မြတ်က
အောင်ပွဲဆင်ခဲ့လေပြီ တကား။

(Thitsarlawon sayartaw)
🙏🙏🙏 #တရားတော်မ #ကိလေသာ # #ဗဟုသုတ #ဗဟုသုတ 𝓐𝓻𝓻𝓼𝓱𝓪𝓷

07/02/2026

(၇)ထပ်ပေါ်က ကိလေသာတိုက်ပွဲ

07/02/2026

(၇)ထပ်တိုက်ပေါ်က ကိလေသာတိုက်ပွဲ

အရှင်ဘုရားလည်း ငယ်သေးတယ်
တပည့်တော်လည်း ငယ်သေးတယ်
တပည့်တော်မနဲ့
လက်ထပ်ပါ စည်းစိမ်ခံစားပါ
အသက်ကြီးလို့ တောင်ဝှေးအားကိုးရတဲ့
အရွက်ကြမှ
အတူတူ ရဟန်းပြုကြတာပေါ့။

ပြည့်တန်ဆာမလေးက မိန်းမတို့၏
မာယာနဲ့ ရဟန်းတော်လေးကို
ဖျားယောင်းနေတာပါ။

ရာဇဂြိုလ်မြို့က
ကုဋေ(၄၀)ချမ်းသာတဲ့ သူဋ္ဌေးသားလေးဟာ
ဘုရားရှင်ဟောတော်မူတဲ့
တရားကို နာယူပြီး
မိဘတွေ အတန်တန် တားတဲ့ကြားက
အစာအငတ်ခံ ဆန္ဒပြပြီး
ရဟန်းပြုခဲ့ပါတယ်။

အိမ်ကိုလည်း မပြန်တော့
နက္ခတ်ပွဲသဘင် နေ့တစ်နေ့မှာ
သူ့သူငယ်ချင်းတွေ ပျော်နေတာကို
မိဘတွေက မြင်တော့
သူ့တို့သားလေးကို
သတိရပြီး ငိုကြတာပေါ့။

ဒါကို ပြည့်တန်ဆာမလေးက
မြင်တော့ အကျိုးအကြောင်းမေးပြီး

အကယ်၍ သင်တို့သား
လူထွက်အောင် လုပ်နိုင်ရင်
ဘာပေးမလဲလို့ မေးပါတယ်။

လူထွက်အောင် လုပ်နိုင်ရင်
သားနဲ့ပေးစားပြီး
အိမ်ရှင်မ ရာထူးပေးမယ်ဆိုတော့

ရိက္ခာ အပြည့်အစုံတောင်းပြီး
ရာဇဂြိုလ်မြို့ထဲက (၇)ထပ်တိုက်ကြီးကို
ဌားလိုက်တယ်။

ထိုရဟန်းလေး ဆွမ်းခံကြွတဲ့အချိန်
စောင့်ပြီး
သူကြိုက်တတ်တဲ့ ဟင်းတွေချက်ပြီး
ဆွမ်းပင့်ကပ်ပါတယ်။

နှစ်ရက် သုံးရက်လောက်ကြာတော့
ပြည့်တန်ဆာမလေးက
ကလေးတွေကို မုန့်ပေးပြီး
ကိုယ်တော်လေး ဆွမ်းဘုန်းပေးချိန်မှာ
ဆော့ခိုင်း ဆူခိုင်းထားတယ်။

အရှင်ဘုရား
ကလေးတွေက ဆူတယ်ဘုရား
ပြောစကားလည်း နားမထောင်ဘူး
အောက်ထပ်မှာ ဆွမ်းကပ်ရတာ
အဆင်မပြေလို့
အပေါ်ထပ်ပဲ ကြွပါဆိုတော့
ရဟန်းတော်လေးလည်း မငြင်းသာပဲ
ကြွရတာပေါ့။

ဒီလိုနဲ့ ပင့်လာလိုက်တာ
နောက်ဆုံးတော့ မိန်းမတို့
ပရိယာယ်ကို မသိတဲ့ ရဟန်းတော်လေး
ရသတဏှာရဲ့ အစွမ်းကြောင့်
အပေါ်ဆုံးအထပ်ထိ ရောက်သွားရှာတယ်။

ရဟန်းပျိုနဲ့ မာတုဂါမ
နှစ်ယောက်တည်း ရှိတဲ့အချိန်ကြမှ
မိန်းမတို့ရဲ့ မာယာကို ထုတ်သုံးပြီး
အမျိုးမျိုး ဖျားယောင်းကာ
လူထွက်ဖို့ ပြောတာပေါ့။

ရဟန်းတော်လေး သတိတရားဝင်လာပြီး
အလွန်ပဲ ထိတ်လန့်တုန်လှုပ်သွားတယ်။

ရသတဏှာရဲ့ ဆိုးကျိုးကို
လက်တွေ့ မြင်လိုက်ရတယ်။

အဟော / ဝတ / မေ / ဘာရိယံ
အနုပဓာရေတွာ / ကတကမံ္မ

သြော်---ငါဟာ
မဆင်ခြင် မသုံးသပ်ဘဲ
မေ့မေ့လျော့လျော့နဲ့ ဝန်လေးသောမှုကို
ပြုမိခဲ့ပြီလို့
ထိန့်လန့်တုန်လှုပ်ခြင်း ကြီးစွာဖြစ်ပါတယ်။

ဒါကို သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့ ဘုရားရှင်က
သိတော့ ပြုံးတော်မူပါတယ်။

အရှင်အာနန္ဒာက ဘာကြောင့်
ပြုံးတော်မူရပါသလဲ ဘုရားလို့
မေးလျှောက်တော့

ချစ်သားအာနန္ဒာ
ရာဇဂြိုလ်မြို့က (၇)ထပ်တိုက်ပေါ်မှာ
ငါ့ရဲ့ သားတော်လေးနဲ့
ပြည့်တန်ဆာမလေးတို့ ကိလေသာစစ်ပွဲ
အကျိတ်အနယ် ဆင်နွှဲနေကြတယ် ကွဲ့လို့
မိန့်တော်မူပါတယ်။

ဒီတော့ အရှင်အာနန္ဒာက
မြတ်စွာဘုရား
ရဟန်းလေးနဲ့ ထိုအမျိုးသ္မီး
ကိလေသာတိုက်ပွဲ ဆင်နွှဲနေကြတာ
ဘယ်သူနိုင်ပြီး
ဘယ်သူရှူံးမလဲ ဘုရား။

ငါ၏သားတော် ရဟန်းတော်လေးသည်သာ
အနိုင်ရလိမ့်မည်
ချစ်သားအာနန္ဒာဟု မိန့်တော်မူကာ။

ရဟန်းတော်လေးရဲ့ အောင်ပွဲထင်ရှားအောင်
ဇေတဝန်ကျောင်းတော်ကနေ
ရောင်ခြည်တော်လွှတ်ပြီး
တရားဟောတော်မူပါတယ်။

ဘိက္ခု / ဥဘောပိ / ကာမေ
နိရပေက္ခော / ပဇဟ

ချစ်သားရဟန်း
ဝတ္ထုကာမ ကိလေသာကာမတို့ကို
မငဲ့ကွက်ဘဲ ရဲရဲစွန့်လိုက်ပါလို့
မိန့်တော်မူပြီး
အောက်ပါဂါထာကို ဟောပါတယ်။

ဤလောက၌ အကြင်ပုဂ္ဂိုလ်သည်
ကာမတို့ကို ပယ်၍
အိမ်ရာမထောင်ဘဲ ရဟန်းပြု၏။

ကုန်ပြီးသော ဘဝရှိသော
ထိုပုဂ္ဂိုလ်ကို
ဗြဟ္မဏဟု ငါဘုရားဟော၏။

ဒေသနာအဆုံးမှာ ရဟန်းတော်လေး
ရဟန္တာဖြစ်တော်မူပြီး တန်ခိုးတော်နဲ့
ခေါင်မိုးကနေ ဖောက်ထွက်ကာ
မြတ်စွာဘုရားထံကို ကြွသွားပါတော့တယ်။

(၇)ထပ်တိုက်ပေါ်က ကိလေသာစစ်ပွဲ
ဘုရားသားတော် အရှင်မြတ်က
အောင်ပွဲဆင်ခဲ့လေပြီ တကား။

(Thitsarlawon sayartaw)
🙏🙏🙏

Address

Mayan
Myitkyina
01011

Website

Alerts

Be the first to know and let us send you an email when 𝓐𝓻𝓻𝓼𝓱𝓪𝓷 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share