15/11/2023
🙂တရားမမှုတစ်မှုအား စစ်ဆေးနေဆဲတွင် တရားလိုသော်လည်းကောင်း၊ တရားပြိုင်သော်လည်းကောင်း ကွယ်လွန်သွားခြင်းမျိုး ကြုံတွေ့ရတတ်ပါသည် ... ။
🙂အချို့သော အမှုများတွင် တရားစွဲဆိုခွင့် (Right to sue) ဆက်လက်ကျန်ရှိနေတတ်ပြီး ကွယ်လွန်သူ အမှုသည်နေရာတွင် ၄င်း၏ တရားဝင်ကိုယ်စားလှယ်အား ကာလစည်းကမ်းသတ်အတွင်း ထည့်သွင်း၍ အမှုအား ဆက်လက်ဆောင်ရွက်နိုင်ပါသည် ... ။
🙂အချို့သော အမှုများတွင်မူ တရားစွဲဆိုခွင့် (Right to sue) ဆက်လက်ကျန်ရှိခြင်း မရှိတော့သဖြင့် အမှုမှာ ရပ်စဲသွားပါသည် ... ။
^*^*^*^*^*^*^
🙂 #ကွယ်လွန်သူ_အမှုသည်_နေရာတွင်_တရားဝင်ကိုယ်စားလှယ်_ထည့်သွင်းခြင်း
~^~^~^~^~^~^~
👉တရားမကျင့်ထုံးဥပဒေ အမိန့် ၂၂၊ နည်းဥပဒေ ၁ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည် ... ။
The death of a plaintiff or defendant shall not cause the suit to abate if the right to sue survives.
👉အဓိပ္ပါယ်မှာ ...
"တရားလိုဖြစ်စေ၊ တရားပြိုင်ဖြစ်စေ သေဆုံးသည့်အခါ တရားစွဲဆိုခွင့် ကျန်ရှိလျှင် အမှုမှာ ရပ်စဲသွားခြင်း မရှိစေရ။"
ဟူ၍ ဖြစ်ပါသည် ... ။
"x x x x x if the right to sue survives."
"x x x x x တရားစွဲဆိုခွင့် ကျန်ရှိလျှင် x x x x x" ဟူသော စကားရပ်အား ဂရုပြုရန် ဖြစ်ပါသည် ... ။
👉တရားစွဲဆိုခွင့် (Right to sue) ဆက်လက်ကျန်ရှိခြင်း မရှိတော့လျှင် အမှုမှာ ရပ်စဲသွားသည်ဖြစ်၍ တရားဝင်ကိုယ်စားလှယ် ထည့်သွင်းရန် အကြောင်းမရှိတော့ပါ ... ။
*^*^*^*^*^*^*^
👉 #တရားစွဲဆိုခွင့်_(Right to sue)_ဆက်လက်ကျန်ရှိခြင်း_ရှိ_မရှိ_စိစစ်ခြင်း
~^~^~^~^~^~^~
ပဋိညာဉ် (Contract) ကို အခြေပြု၍ စွဲဆိုသော အမှုများတွင် ပဋိညာဉ်အက်ဥပဒေ (The Contract Act) ပါ ပြဋ္ဌာန်းချက်များနှင့် ချိန်ထိုးစဉ်းစားရန် ဖြစ်ပါသည် ... ။
✍️ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၃၇ မှ ပုဒ်မ ၆၇ အထိပါ ပြဋ္ဌာန်းချက်များအား လေ့လာသင့်ပါသည် ... ။
👉ပဋိညာဉ်အက်ဥပဒေပါ မြင်လွယ်သည့် ဥပမာ အနည်းငယ်အား ဖော်ပြလိုပါသည် ... ။
ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၃၇ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည် ... ။
The parties to a contract must either perform, or offer to perform, their respective promises, unless such performance is dispensed with or excused under the provisions of this Act, or of any other law.
Promises bind the representatives of the promisors in case of the death of such promisors before performance, unless a contrary intention appears from the contract.
Illustrations.
(a) A promises to deliver goods to B
on a certain day on payment of Rs. 1,000. A dies before that day. A's representatives are bound to deliver the goods to B, and B is bound to pay the Rs. 1,000 to A's representatives.
(b) A promises to paint a picture for B by a certain day, at a certain price. A dies before the day. The contract cannot be enforced either by A's representatives or by B.
👉အဓိပ္ပါယ်မှာ ...
"ယခုအက်ဥပဒေပါ ပြဋ္ဌာန်းချက်များအရဖြစ်စေ၊ အခြားတရားဥပဒေ တစ်စုံတစ်ရာအရဖြစ်စေ မဆောင်မရွက်နေခွင့်ရသည် မဟုတ်လျှင် ပဋိညာဉ်ဝင်သူတို့သည် အသီးသီးပြုသော ကတိအတိုင်း ဆောင်ရွက်ကြရမည်၊ သို့မဟုတ် ဆောင်ရွက်မည့်အကြောင်းကို ပြောကြားကြရမည်။
ပဋိညာဉ်တွင် အခြားနည်း ဆန့်ကျင်ကွဲလွဲသည့် ရည်ရွယ်ချက်မရှိလျှင် ကတိအတိုင်း မဆောင်မရွက်ရမီ ကတိပြုသူတို့ သေဆုံးသည့်အချက်တွင် ၄င်းသေသူတို့၏ ကိုယ်စားဖြစ်သူတို့ အပေါ်တွင် ၄င်းကတိ အတည်ဖြစ်သည်။
ဥပမာများ။
(က) နေ့ရက်တစ်စုံတစ်ရာတွင် ငမဲက ငွေဒင်္ဂါးပြားရေ ၁၀၀၀ ပေးကာလ ငဖြူက ကုန်စည်များကို ငမဲသို့ ပေးအပ်မည် ကတိပြုရာတွင် ၄င်းနေ့ရက် မတိုင်မရောက်မီ ငဖြူသေဆုံးလျှင် ၄င်းကုန်စည်များကို ငဖြူ၏ ကိုယ်စားဖြစ်သူတို့က ငမဲသို့ ပေးအပ်ရန် တာဝန်ရှိသည်။ ငမဲကလည်း ငဖြူ၏ ကိုယ်စားဖြစ်သူတို့သို့ ငွေဒင်္ဂါးပြားရေ ၁၀၀၀ ပေးရန် တာဝန်ရှိသည်။
(ခ) နေ့ရက်တစ်စုံတစ်ရာ မလွန်မီအတွင်း ငဖြူက ငမဲသို့ ရုပ်ပုံတစ်ခုကို ဤမည်သော အဖိုးနှင့် ရေးသားဆေးချယ်ပေးမည် ကတိပြုရာ ၄င်းနေ့ရက် မတိုင်မီ ငဖြူသေဆုံးလျှင် ၄င်းပဋိညာဉ်ကို သေသူငဖြူ၏ ကိုယ်စားဖြစ်သူကဖြစ်စေ၊ ငမဲကဖြစ်စေ အတည်ပြုခွင့်မရ။"
ဟူ၍ ဖြစ်ပါသည် ... ။
ဆက်လက်၍ ...
✍️ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၄၀ တွင်လည်း အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည် ... ။
If it appears from the nature of the case that it was the intention of the parties to any contract that any promise contained in it should be performed by the promisor himself, such promise must be performed by the promisor. In other cases, the promisor or his representatives must employ a competent person to perform it.
Illustrations.
(a) A promises to pay B a sum of money. A may perform this promise either by personally paying the money to B or by causing it to be paid to B by another ; and, if A dies before the time appointed for payment, his representatives must perform the promise, or employ some proper person to do so.
(b) A promises to paint a picture for B. A must perform this promise personally.
အဓိပ္ပါယ်မှာ ...
"အမှုအခြေအနေ အမျိုးအစားကို ထောက်၍ ပဋိညာဉ်ပါ ကတိတစ်စုံတစ်ရာကို ကတိပြုသူကိုယ်တိုင် ဆောင်ရွက်ရမည် ပဋိညာဉ်ဝင်သူတို့ ရည်ရွယ်ရင်းဖြစ်လျှင် ၄င်းကတိကို ကတိပြုသူက ဆောင်ရွက်ရမည်။ အခြားအမှုများတွင် ကတိပြုသူကဖြစ်စေ၊ ကတိပြုသူ ကိုယ်စားဖြစ်သူတို့ကဖြစ်စေ ၄င်းကတိအတိုင်း ဆောင်ရွက်နိုင်သူကို စေခိုင်းခွင့်ရသည်။
ဥပမာများ။
(က) ငဖြူက ငမဲသို့ ကြေးငွေတစ်စုံတစ်ရာ ပေးမည် ကတိပြုရာတွင် ငမဲသို့ ငဖြူက ကိုယ်တိုင် ကြေးငွေပေး၍သော်လည်းကောင်း၊ သည်ကဲ့သို့ပေးစေရန် အခြားတစ်ဦးသူကို စေခိုင်း၍သော်လည်းကောင်း ၄င်းကတိကို ဆောင်ရွက်ခွင့်ရသည်။ ငွေပေးရန်ချိန်းချက်သည့် နေ့ရက်မတိုင်မီ ငဖြူသေဆုံးခဲ့လျှင် ငဖြူကိုယ်စားပြုလုပ်သူတို့က ၄င်းကတိကို ဆောင်ရွက်ကြရမည်၊ သို့မဟုတ် သည်ကဲ့သို့ ဆောင်ရွက်စေရန် သင့်လျော်သူ တစ်ဦးတစ်ယောက်ကို စေခိုင်းကြရမည်။
(ခ) ငဖြူက ရုပ်ပုံတစ်ခုကို ရေးသားဆေးချယ်၍ ငမဲသို့ပေးမည် ကတိပြုရာတွင် ၄င်းကတိအတိုင်း ငဖြူကိုယ်တိုင် ဆောင်ရွက်ရမည်။"
ဟူ၍ ဖြစ်ပါသည် ... ။
ပဋိညာဉ်အက်ဥပဒေပါ ကျန်ပုဒ်မများအား စာရှည်မည်စိုး၍ မဖော်ပြလိုတော့ပါ ... ။
* ✍️✍️မည်သို့သော အခြေအနေတွင် တရားစွဲဆိုခွင့် (Right to sue) ဆက်လက်ကျန်ရှိကြောင်း ဦးစောလှိုင် နှင့် ဦးရဲထွန်း ပါ (၆) (၁၉၈၀ ခုနှစ်၊ မတစ၊ စာ ၉) အမှုတွင် လမ်းညွှန်ထားသည်ကို လေ့လာသင့်ပါသည် ... ။
^*^*^*^*^*^*^
💥💥အောက်ပါ စီရင်ထုံး လမ်းညွှန်ချက်များအားလည်း လေ့လာသင့်ပါသည် ... ။
* U BA SEIN vs. KO TUN AUNG and two others (၁၉၅၈ ခုနှစ်၊ မတစ၊ စာ ၅၅၃ (တရားလွှတ်တော်)) ...
* ဒေါ်တင့် နှင့် ဒေါ်စိမ်းမိ ပါ ၁၁ (၁၉၆၆ ခုနှစ်၊ မတစ၊ စာ ၁၁၉၁) ...
* ဒေါက်တာမိုးဇော် နှင့် ဒေါက်တာမျိုးသန်း (၁၉၈၂ ခုနှစ်၊ မတစ၊ စာ ၄၈) ...
* ဒေါ်ငွေမြိုင်ပါ (၆) နှင့် ဦးမောင်ကလေးပါ (၂) (၁၉၈၃ ခုနှစ်၊ မတစ၊ စာ ၂၁) ...
* ဒေါ်ကျင်ငွေ (ကွယ်လွန်သူ ဦးကျင်ဟုတ်၏ တရားဝင်ကိုယ်စားလှယ်) နှင့် ဒေါ်ခင်တီ ပါ ၈ (၁၉၈၄ ခုနှစ်၊ မတစ၊ စာ ၁၁၅) ...
ဤအမှုများတွင် တရားစွဲဆိုခွင့်များသည် ပုဂ္ဂလိကဆန်သည်ဖြစ်၍ ကာယကံရှင်များ ကွယ်လွန်သောအခါ တရားစွဲဆိုခွင့် (Right to sue) ဆက်လက်ကျန်ရှိခြင်း မရှိတော့သဖြင့် အမှုရပ်စဲသွားပါသည်။
^*^*^*^*^*^*^
#မည်သူတို့အား_ကွယ်လွန်သူ_အမှုသည်_နေရာတွင်_တရားဝင်ကိုယ်စားလှယ်အဖြစ်_ထည့်သွင်းရခြင်း
~^~^~^~^~^~^~
တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၂ (၁၁) တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည် ... ။
"legal representative" means a person who in law represents the estate of a deceased person, and includes any person who intermeddles with the estate of the deceased and where a party sues or is sued in a representative character the person on whom the estate devolves on the death of the party so suing or sued;
အဓိပ္ပါယ်မှာ ...
" 'တရားဝင်ကိုယ်စားလှယ်' ဆိုသည်မှာ ကွယ်လွန်သူ အမှုသည် တစ်ဦး၏ အမွေပစ္စည်းအတွက် ဝင်ရောက်စွက်ဖက်သူ ပါဝင်သည့်အပြင် အမှုသည် တစ်ဦးက ကိုယ်စားပြု စွဲဆိုသောအခါ သို့မဟုတ် ကိုယ်စားပြု စွဲဆိုခြင်းခံရသောအခါ ယင်းအမှုသည် ကွယ်လွန်လျှင် ပစ္စည်းကို ဆက်ခံရရှိသူလည်း ပါဝင်သည်။"
ဟူ၍ ဖြစ်ပါသည် ... ။
ယင်းပုဒ်မအရ ...
* ကွယ်လွန်သူ အမှုသည် တစ်ဦး၏ အမွေပစ္စည်းအတွက် ဝင်ရောက်စွက်ဖက်သူ ...
* ကွယ်လွန်သူ အမှုသည် တစ်ဦး၏ ပစ္စည်းကို ဆက်ခံရရှိသူ ...
တို့အား တရားဝင်ကိုယ်စားလှယ်အဖြစ် ထည့်သွင်းနိုင်ပါသည် ... ။
တစ်ဦးဦးသည် သေဆုံးသူ တရားလို သို့မဟုတ် သေဆုံးသူ တရားပြိုင်၏ ကိုယ်စားလှယ် ဟုတ် မဟုတ် နှင့်စပ်လျဉ်း၍ ပြဿနာပေါ်ပေါက်လျှင် တရားရုံးသည် ယင်းပြဿနာကို ဆုံးဖြတ်ရမည် ဖြစ်ပါသည် ... ။ (တရားမကျင့်ထုံးဥပဒေ အမိန့် ၂၂၊ နည်းဥပဒေ ၅)
^*^*^*^*^*^*^
#တရားဝင်ကိုယ်စားလှယ်_ထည့်သွင်းရန်_ပျက်ကွက်ခြင်း၏_အကျိုးသက်ရောက်မှု_နှင့်_ကုစားရန်နည်းလမ်း
~^~^~^~^~^~^~
* တစ်ဦးတည်းသော တရားလိုသော်လည်းကောင်း၊ တစ်ဦးတည်းသော တရားပြိုင်သော်လည်းကောင်း ကွယ်လွန်ရာတွင် တရားစွဲဆိုခွင့် (Right to sue) ဆက်လက်ကျန်ရှိနေပါလျက်နှင့် ကွယ်လွန်သူ အမှုသည်နေရာ၌ ၄င်း၏ တရားဝင်ကိုယ်စားလှယ်အား ကာလစည်းကမ်းသတ်အတွင်း ထည့်သွင်းရန် ပျက်ကွက်ပါက အမှုမှာ ရပ်စဲသွားမည် ဖြစ်ပါသည် ... ။ (တရားမကျင့်ထုံးဥပဒေ အမိန့် ၂၂၊ နည်းဥပဒေ ၃ နှင့် နည်းဥပဒေ ၄)
* နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော တရားလိုများအနက် တစ်ဦးသော်လည်းကောင်း (သို့မဟုတ်) နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော တရားပြိုင်များအနက် တစ်ဦးသော်လည်းကောင်း သေဆုံးရာတွင် တရားစွဲဆိုခွင့် (Right to sue) မှာ ကျန်တရားလို/လိုများ (သို့မဟုတ်) ကျန်တရားပြိုင်/ပြိုင်များ အပေါ်တွင်သာ ကျန်ရှိသည်မဟုတ်လျှင် ကွယ်လွန်သူ အမှုသည်နေရာ၌ ၄င်း၏ တရားဝင်ကိုယ်စားလှယ်အား ကာလစည်းကမ်းသတ်အတွင်း ထည့်သွင်းရန် ပျက်ကွက်ပါက ကွယ်လွန်သူ အမှုသည်နှင့် စပ်လျဉ်းသမျှ အမှုမှာ ရပ်စဲသွားမည် ဖြစ်ပါသည် ... ။ (တရားမကျင့်ထုံးဥပဒေ အမိန့် ၂၂၊ နည်းဥပဒေ ၃ နှင့် နည်းဥပဒေ ၄)
ဒေါ်ရင်ရင်မေ နှင့် ဦးမင်းဒင် (၁၉၈၂ ခုနှစ်၊ မတစ၊ စာ ၈၂) အမှုအား လေ့လာသင့်ပါသည် ... ။
✍️✍️ကာလစည်းကမ်းသတ်အက်ဥပဒေ၊ ပထမဇယား၊ အမှတ်စဉ် ၁၇၆ အရ ရက်ပေါင်း (၉၀) အတွင်း တရားဝင်ကိုယ်စားလှယ် ထည့်သွင်းပေးရန်အတွက် လျှောက်ထားရန် ဖြစ်ပါသည် ... ။
* ခြွင်းချက်ကိုမူ တရားမကျင့်ထုံးဥပဒေ အမိန့် ၂၂၊ နည်းဥပဒေ ၆ တွင် ပြဋ္ဌာန်းထားပါသည် ... ။
အမှုကြားနာခြင်း အဆုံးသတ်ပြီးနောက် စီရင်ချက် မချမှတ်မီအတွင်း တစ်ဘက်ဘက်သော အမှုသည် သေဆုံးခြင်းကြောင့်မူ အမှုရပ်စဲခြင်း မရှိပါ ... ။
✍️ဤသို့သော အမှုများတွင် ကွယ်လွန်သူ အမှုသည်နေရာ၌ ၄င်း၏ တရားဝင်ကိုယ်စားလှယ်အား ထည့်သွင်းခြင်း မပြုဘဲ စီရင်ချက် ချမှတ်နိုင်ပါသည် ... ။
မြန်မာ့စီးပွားရေးဘဏ် (ကိုယ်စား) မန်နေဂျာ၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၊ ပုသိမ်မြို့ နှင့် မောင်ထွန်းဝင်း ပါ (၅) (၁၉၈၆ ခုနှစ်၊ မတစ၊ စာ ၁၂၄) အမှုအား လေ့လာသင့်ပါသည် ... ။
* အမှုရပ်စဲသည့်အခါ တရားစွဲဆိုရန်အကြောင်း (Cause of action) တစ်ရပ်တည်းအပေါ် အမှုသစ် စွဲဆိုခွင့်ကား မရှိတော့ပေ ... ။ (တရားမကျင့်ထုံးဥပဒေ အမိန့် ၂၂၊ နည်းဥပဒေ ၉ (၁))
ဦးအောင်တင် ပါ ၂ နှင့် ဦးမြအောင်
(၁၉၈၃ ခုနှစ်၊ မတစ၊ စာ ၇၉) အမှုတွင် အောက်ပါအတိုင်း လမ်းညွှန်ထားပါသည် ... ။
✍️✍️ဆုံးဖြတ်ချက်။ ။ တရားမမှုတစ်မှုကို စွဲဆိုနေစဉ်အတွင်း အမှုသည်တစ်ဦးဦး ကွယ်လွန်သွားသည်ကို အကြောင်းပြုပြီး အမှုရပ်စဲသွားလျှင် ယင်းအမှုတွင် ပါရှိသော အချင်းဖြစ် အကြောင်းခြင်းရာအရ နောက်ထပ်အမှု စွဲဆိုခြင်း မပြုရဟု တရားမကျင့်ထုံးဥပဒေ အမိန့် ၂၂၊ နည်း ၉ တွင် တားမြစ်ထားသည်။ သို့သော် ဦးမြအောင်သည် ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၂ (ဆ) အရ "အိမ်ငှား" ဖြစ်နေကြောင်း ပေါ်ပေါက်သည်။ ထို့ပြင် အမှုနှစ်မှုတွင် ပေါ်ပေါက်သော အချင်းဖြစ် အကြောင်းခြင်းရာသည် ထပ်တူထပ်မျှ တူညီသည်ဟု မဆိုနိုင်သဖြင့် ဦးအောင်တင်တို့က ဦးမြအောင်အပေါ် နို့တစ် ထပ်မံပေး၍ အသစ်စွဲဆိုသောအမှုကို တရားမကျင့်ထုံးဥပဒေ အမိန့် ၂၂၊ နည်း ၉ က ပိတ်ပင်သည်ဟု ကောက်ယူခြင်း မပြုနိုင်ပေ။"
အထက်ပါ စီရင်ထုံး လမ်းညွှန်ချက်အရ ဆိုပါက ရပ်စဲသွားသော အမှုမှ အချင်းဖြစ် အကြောင်းခြင်းရာနှင့် မတူညီသော အချင်းဖြစ် အကြောင်းခြင်းရာ (Cause of action) အတွက်မူ တရားစွဲဆိုခွင့် (Right to sue) ရှိနေဦးမည် ဖြစ်ပါသည် ... ။
* တရားလို သို့မဟုတ် သေဆုံးသူ တရားလို၏ တရားဝင်ကိုယ်စားလှယ်ဖြစ်ကြောင်း အဆိုပြုသူက အမှုရပ်စဲသည့်အမိန့် သို့မဟုတ် ပလပ်သည့်အမိန့်ကို ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်ပါသည် ... ။ (တရားမကျင့်ထုံးဥပဒေ အမိန့် ၂၂၊ နည်းဥပဒေ ၉ (၂))
^*^*^*^*^*^*^
#ဒီကရီအတည်ပြုခြင်း_(Ex*****on)_နှင့်_တရားမကျင့်ထုံးဥပဒေ_အမိန့်_၂၂_ပါ_ပြဋ္ဌာန်းချက်များ_သက်ဆိုင်ခြင်း_ရှိ_မရှိ
~^~^~^~^~^~^~
တရားမကျင့်ထုံးဥပဒေ အမိန့် ၂၂၊ နည်းဥပဒေ ၃၊ နည်းဥပဒေ ၄ နှင့် နည်းဥပဒေ ၈ ပါ ပြဋ္ဌာန်းချက်များသည် ဒီကရီအတည်ပြုခြင်း (Ex*****on) နှင့် သက်ဆိုင်ခြင်း မရှိပါ ... ။ (တရားမကျင့်ထုံးဥပဒေ အမိန့် ၂၂၊ နည်းဥပဒေ ၁၂)
^*^*^*^*^*^*^
#တရားနိုင်_သို့မဟုတ်_တရားရှုံး_သေဆုံးရာတွင်_ဒီကရီအတည်ပြုခြင်း_(Ex*****on)
~^~^~^~^~^~^~
တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၅၀ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည် ... ။
(1) Where a judgment-debtor dies before the decree has been fully satisfied, the holder of the decree may apply to the Court which passed it to execute the same against the legal representative of the deceased.
(2) Where the decree is executed against such representative, he shall be liable only to the extent of the property of the deceased which has come to his hands and has not been duly disposed of; and for the purpose of ascertaining such liability, the Court executing the decree may, of its own motion or on the application of the decree-holder, compel such legal representative to produce such accounts as it thinks fit.
အဓိပ္ပါယ်မှာ ...
"(၁) ဒီကရီကို အပြည့်အဝ ကျေအေးပြေငြိမ်းအောင် မပြုရသေးမီ တရားရှုံးသေဆုံးလျှင် ဒီကရီရရှိထားသူသည် သေသူ၏ တရားဝင်ကိုယ်စားလှယ်အပေါ် ယင်းဒီကရီကို အတည်ပြုပေးရန် အလို့ငှာ ဒီကရီ ချမှတ်သည့် တရားရုံးသို့ လျှောက်ထားနိုင်သည်။
(၂) ဒီကရီကို ၄င်းတရားဝင်ကိုယ်စားလှယ်အပေါ် အတည်ပြုလျှင် ၄င်းသည် မိမိလက်ဝယ်သို့ ရောက်ရှိပြီး နည်းလမ်းတကျ စီမံခန့်ခွဲခြင်း မပြုသေးသည့် သေသူပိုင် ပစ္စည်းအတိုင်းအတာ အထိသာ တာဝန်ရှိရမည်။ ထိုတာဝန်ကို စိစစ်ရန်ကိစ္စအလို့ငှာ ဒီကရီကို အတည်ပြုသည့် တရားရုံးသည် အလိုအလျောက်ဖြစ်စေ၊ တရားနိုင်၏ လျှောက်ထားချက်အရဖြစ်စေ သင့်သည်ထင်မြင်သည့် စာရင်းများကို တင်ပြစေရန် ၄င်းတရားဝင်ကိုယ်စားလှယ်ကို အတင်းအကြပ် ဆင့်ဆိုနိုင်သည်။"
ဟူ၍ ဖြစ်ပါသည် ... ။
ဆက်လက်၍ တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၅၂ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည် ... ။
(1) Where a decree is passed against a party as the legal representative of a deceased person, and the decree is for the payment of money out of the property of the deceased, it may be executed by the attachment and sale of any such property.
(2) Where no such property remains in the possession of the judgment-debtor and he fails to satisfy the Court that he has duly applied such property of the deceased as is proved to have come into his possession, the decree may be executed against the judgment-debtor to the extent of the property in respect of which he has failed so to satisfy the Court in the same manner as if the decree had been against him personally.
အဓိပ္ပါယ်မှာ ...
"(က) ဒီကရီကို အမှုသည် တစ်ဦးအပေါ် သေဆုံးသူတစ်ဦး၏ တရားဝင်ကိုယ်စားလှယ်အဖြစ်ဖြင့် ချမှတ်ထားပြီး ဒီကရီမှာ သေသူပိုင်ပစ္စည်းမှ ငွေပေးဆပ်ရန်အတွက်ဖြစ်လျှင် ယင်းပစ္စည်းတစ်ရပ်ရပ်ကို ဝရမ်းကပ်၍ ရောင်းချခြင်း အတည်ပြုနိုင်သည်။
(ခ) တရားရှုံးလက်ဝယ်တွင် ဆိုခဲ့သည့် ပစ္စည်းမျိုး မကျန်ရှိတော့သည့်အပြင် ၄င်းသည် မိမမ လက်ဝယ်သို့ ရောက်ရှိကြောင်း ထင်ရှားသည့် သေသူပိုင်ပစ္စည်းကိုလည်း နည်းလမ်းတကျ အသုံးချခဲ့ကြောင်း တရားရုံး ကျေနပ်လောက်အောင် မပြနိုင်လျှင် ယင်းသို့ တရားရုံး ကျေနပ်လောက်အောင် မပြနိုင်သည့် ပစ္စည်းအတိုင်းအတာအထိ ဒီကရီကို တရားရှုံးအပေါ် ပုဂ္ဂိုလ်အရ ဒီကရီချမှတ်သောအခါ အတည်ပြုသည့် နည်းလမ်းအတိုင်း အတည်ပြုနိုင်သည်။"
ဟူ၍ ဖြစ်ပါသည် ... ။
အထက်ပါ ပုဒ်မ ၅၀ နှင့် ၅၂ ပါ ပြဋ္ဌာန်းချက်များမှာ ...
ဒီကရီကို အပြည့်အဝ ကျေအေးပြေငြိမ်းအောင် မပြုရသေးမီ တရားရှုံး သေဆုံးလျှင်ဖြစ်စေ၊ သေသူ တရားရှုံး၏ တရားဝင်ကိုယ်စားလှယ်အပေါ်တွင် ဒီကရီချမှတ်ထားလျှင်ဖြစ်စေ အတည်ပြုပုံ နည်းလမ်းများ ဖြစ်ပါသည် ... ။
✍️တရားနိုင် သေဆုံးလျှင် မည်သို့ဆောင်ရွက်နိုင်ကြောင်းကိုမူ ...
ကိုစံညိန်း ပါ ၂ နှင့် မချိုချို (ခ) လော်ရာစိန်ထွန်း (၁၉၇၅ ခုနှစ်၊ မတစ၊ စာ ၁၂) အမှုတွင် အောက်ပါအတိုင်း လမ်းညွှန်ထားသည်ကို လေ့လာတွေ့ရှိရပါသည် ... ။
"ဆုံးဖြတ်ချက်။ ။ တရားမကျင့်ထုံး အမိန့် ၂၂ အရ သေဆုံးခဲ့သည့် အမှုသည်တစ်ဦး၏ နေရာတွင် တရားဝင်ကိုယ်စားလှယ်အဖြစ်ဖြင့် ထည့်သွင်းရန် ကာလစည်းကမ်းသတ်ဥပဒေအချက် (Article) ၁၇၆ အရ ရက်ပေါင်း (၉၀) အတွင်း လျှောက်ထားရမည်ဟု သတ်မှတ်ထားသည်။ ထိုသတ်မှတ်ချက်ကို ကာလစည်းကမ်းသတ်ဥပဒေ ပုဒ်မ ၅ အရ ကုစား၍ မရနိုင်ပါဟု အယူခံတရားလိုတို့ဘက်က တင်ပြသည်။ ဤတင်ပြချက်မှာ ယခုအမှု၏ အခြေအနေဖြင့် စပ်ဟပ်ရန် မဖြစ်နိုင်ပေ။
တရားမကျင့်ထုံး အမိန့် ၂၂၊ နည်းဥပဒေ ၁၂ အရ တရားဝင်ကိုယ်စားလှယ် ထည့်သွင်းခြင်းနှင့် ပတ်သက်၍ အမိန့် ၂၂၊ နည်းဥပဒေ ၃၊ ၄ နှင့် ၈ တို့ပါ ပြဋ္ဌာန်းချက်တို့သည် ဇာရီလျှောက်လွှာနှင့် မသက်ဆိုင်စေရဟု ဆိုထားသည်။ ထို့ကြောင့် အယူခံတရားပြိုင်သည် ဇာရီလျှောက်လွှာတွင် တရားဝင်ကိုယ်စားလှယ်အဖြစ်ဖြင့် ထည့်သွင်းပေးပါဟု လျှောက်ထားရန် မလိုဘဲ ၄င်းကိုယ်တိုင် လျှောက်ထားနိုင်ပါသည်။ သို့ဖြစ်၍ တရားဝင်ကိုယ်စားလှယ် လျှောက်ထားခြင်းနှင့် စည်းကမ်းသတ်ဥပဒေမှာ ဤအမှုနှင့် မသက်ဆိုင်သဖြင့် ထည့်သွင်းစဉ်းစားရန် မလိုပေ။"
အောက်ပါ စီရင်ထုံး လမ်းညွှန်ချက်များအားလည်း လေ့လာသင့်ပါသည် ... ။
* ဦးအေးဖေ နှင့် မောင်ငြိမ်းမောင် (၁၉၇၉ ခုနှစ်၊ မတစ၊ စာ ၁၁၈)
* ဒေါ်သိန်းခင် ပါ (၃) နှင့် ဦးသန်းဖေ ပါ (၂) (၁၉၈၉ ခုနှစ်၊ မတစ၊ စာ ၉၆)
^*^*^*^*^*^*^
အမှားအယွင်းများ တွေ့ရှိပါက ထောက်ပြလမ်းညွှန်ပေးစေလိုပါသည် ... ။
လိုအပ်ချက်များလည်း ရှိနေဦးမည် ဖြစ်ပါသည် ... ။
Credit. . . .
လေး စား စွာ ဖြင့် အား လုံး အ တွက်